← Chapters

အခန်း ၈၃၅

Vol. 56 Ch. 835

အခန်း ၈၃၅

Vol. 56 Ch. 835

အခန်း ( ၈၃၅ ) အမာရွတ်လေးခုသခင်ကြီး ရောက်လာပြီ၊ သနားစရာကောင်းသော ချိုင်ကျိ၊ ကျွင်းဝူဟွေ့၏ ကြောက်စရာကောင်းသော ခွန်အားများ။

ရှေးဦးအင်ပါယာမြို့တော်၏ အပြင်ဘက်ဧရိယာ...

ပေါက်ကွဲသံများနှင့် စွမ်းအင်လှိုင်းများက လှိုင်းထနေသည်။

သို့သော်လည်း ဤထိပ်တိုက်ရင်ဆိုင်ခြင်းများက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေ၏။

အဓိပတိတစ်ပိုင်းနှင့် မဟာသူတော်စင်။

ယုတ္တိဗေဒအရ၊ ဤသည်မှာ သည်းထိတ်ရင်ဖိုစရာ မရှိဘဲ အပြတ်ချေမှုန်းခြင်းမျိုး ဖြစ်သင့်သည်။

သို့သော်လည်း လက်ရှိအခြေအနေမှာ ချိုင်မိသားစု၏ အကြီးအကဲက ချိုင်ကျိက ကျွင်းရှောင်ယောက်နှင့် ဆယ်ကွက်ထက်မနည်း ဖလှယ်ခဲ့ပြီးဖြစ်သော်လည်း...

ဖိနှိပ်လို့ မရသေးပေ။

ဟုတ်သည်၊ ချိုင်ကျိက ဝှက်ဖဲများကို မသုံးခဲ့ပါ။

မဟာသူတော်စင်တစ်ပါးနှင့် ဆက်ဆံရန် ဝှက်ဖဲကို အသုံးပြုရသည်ဆိုပါက မျက်နှာထားစရာ လုံးဝ ရှိတော့မည် မဟုတ်ပေ။

ချိုင်ကျိလည်း ရှေးဦးအင်ပါယာမြို့တော်တွင် ဆက်လက်နေရန် မျက်နှာရှိတော့မည် မဟုတ်ပါချေ။

"အဓိပဓိတစ်ပိုင်းရဲ့ တိုက်ခိုက်မှုတစ်ခုက သူတော်စင်သခင်ကိုတောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရစေဖို့ လုံလောက်တယ်။ ဒါပေမဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကိုတော့ ဘာမှ မတတ်နိုင်သေးဘူး"

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ထိခိုက်စေဖို့ နေနေသာသာ၊ သူ့ကို ဖိအားပေးလို့တောင်မှ မရဘဲဟ"

ကျွင်းရှောင်ယောက်က ချိုင်ကျိ၏ တိုက်ခိုက်မှုတိုင်းကို တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။

သူ၏ လက်ရှိအင်အားဖြင့် ချိုင်ကျိကဲ့သို့ အားနည်းသော အဓိပဓိတစ်ပိုင်းကို ကိုင်တွယ်ရန် အားစိုက်ထုတ်စရာမလိုပေ။

ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်က တုန်ခါသွားပြီး ပြင်းထန်သော ဖိအားများ ထွက်ပေါ်နေသည့် ရုပ်သွင်သုံးခု ပေါ်လာခဲ့သည်။

"ရပ်လိုက်စမ်း"

ရှေ့ဆုံးမှ အစိမ်းရောင်ဝတ် အဘိုးအိုက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

ချိုင်မိသားစု၏ ဘိုးဘေး ချိုင်ချုံး ဖြစ်၏။

သူ့အပြင် ဘိုးဘွားနှစ်ဦးဖြစ်သည့် ဖန်းမိသားစုမှ အဘိုးကြီးနှင့် ဟုန်မိသားစုမှ အဘွားကြီးလည်း ရှိသေးသည်။

"ဟင်...၊ ဘိုးဘေး..."

အဘိုးကြီးကိုမြင်တော့ ချိုင်ကျိ ရှက်ရွံ့သွားပြီး အမြန် ရပ်လိုက်သည်။

ရှက်ရွံ့ခြင်းတစ်ခုမှာ သူက ချိုင်ချုံးနှင့် ချိုင်မိသားစုအား မျက်နှာပျက်စေခဲ့ခြင်းကြောင့် ဖြစ်သည်။

နောက်တစ်ခုကတော့ ချိုင်စုန့်၏ လုပ်ရပ်များကို သူသိသော်လည်း နှာစေးနေခဲ့ခြင်းပင်။

ဘိုးဘွားများကိုပင် သတင်းမပို့ခဲ့ပါ။

အကြောင်းမှာ၊ သူ့အမြင်အရ ထိုသခင်၏ ပေါင်ကို ဖက်တွယ်ခြင်းဟာ ချိုင်မိသားစုအတွက် အကျိုးရှိစေမည် ဖြစ်သောကြောင့်ပင်။

အမှန်အတိုင်းပြောရလျှင်၊ နယ်စပ်ကို စောင့်ရတာက ပင်ပန်းလွန်းလှသည်။

သို့ဖြစ်ပေရာ အခြား အင်မော်တယ်အင်အားစုများကဲ့သို့ ကာကွယ်သူမိသားစုများသည်လည်း အင်မော်တယ်နယ်မြေကြီးတွင် အဘယ်ကြောင့် သက်တောင့်သက်သာ မဖြစ်ထွန်းနိုင်သနည်း။

ချိုင်ကျိမှ ချိုင်စုန့်၏လုပ်ရပ်များကို ကာကွယ်ခဲ့ခြင်းမှာ ဤမကျေနပ်မှုနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့် ဖြစ်သည်။

"ဒါက သားကိုရိုက်တော့ အဖေရောက်လာတဲ့ ဇာတ်ကွက်လား"

ကျွင်းရှောင်ယောက်က ခေတ္တရပ်ပြီး အေးစက်စက် ပြုံးလိုက်သည်။

"မင်းက... တကယ်ပဲ သူ့သားလား"

ဘိုးဘေး ချိုင်ချုံး အံ့သြသွား၏။

သူ့ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။

ဒီလောက်ကြီးမားတဲ့ ကျားမြီးကို သွားဆွဲရသလားဟ။

"ကျုပ်အဖေက ကျွင်းဝူဟွေ့ပဲ၊ အဲဒါ ဘာဖြစ်လဲ။ ဒီနေ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘာလုပ်မလဲဆိုတာ မြင်ချင်တယ်"

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်လိုက်သည်။ အဖြူရောင် သူ့အဝတ်အစားများက လေအဝှေ့တွင် တဖျတ်ဖျတ် လှုပ်ရှားသွား၏။

ဘိုးဘေးချိုင်ချုံးလည်း သေချာကြည့်မိလေ၊ ပို၍ တုန်လှုပ်လာလေပင်။

ကျွင်းရှောင်ယောက်၏ စိတ်နေစိတ်ထားနှင့် ရုပ်ပုံက အဖြူရောင်ဝတ် နတ်ဘုရားဘုရင်ကိုကြည့်ပြီး ထွင်းထုထားသည့် ပန်းပုလက်ရာတစ်ခု ဖြစ်လုနီး ဖြစ်သည်။

မဟုတ်သေး...

သူက ပို၍ ထူးချွန်ပုံရ၏။

အနာဂတ်တွင်၊ သူက အဖြူရောင်ဝတ် နတ်ဘုရားဘုရင်ကို သာလွန်သော အနှိိုင်းမဲ့ တည်ရှိမှုတစ်ခု ဖြစ်လာနိုင်သည်။

"သေစမ်း၊ အခု ဘာတွေဖြစ်နေတာလဲ"

ချိုင်ချုံး ဒေါသထွက်လွန်း၍ အသည်း၊ အဆုတ် အကုန်နာသွားသည်။

ဖန်းမိစားစုဘိုးဘေးနှင့် ဟုန်မိသားစုမှ အဘွားကြီးတို့လည်း မျက်နှာမကောင်းလှပေ။

ဖန်းဖေးနှင့် ဟုန်ချမ်တို့ ဤနေရာတွင် သေဆုံးသွားသည်ကို သတိပြုမိသွားပြီ ဖြစ်သည်။

သို့သော်လည်း ချိုင်ကျိက အခြေအနေကို မပြောရသေးမီ....

လေဟာပြင်က ရုတ်တရက် အက်ကွဲသွားပြီး ကစဉ့်ကလျားစွမ်းအင်များ ဖြာထွက်လာသည်။ ပိတ်အင်္ကျီဝတ် အဘိုးအိုတစ်ဦးက ဒေါသအကြီးအကျယ်ထွက်နေသော အမူအရာဖြင့် ထွက်ပေါ်လာ၏။

"ကျေးဇူးရှင်ရဲ့သားမြေးတွေကို အနိုင်ကျင့်ရဲလောက်အောင် ဘယ်ကောင်က သတ္တိကောင်းနေတာလဲ"

ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

အားနည်းသော ပါရမီရှင်အချို့မှာ မခံနိုင်ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

"ပျက်စီးခြင်း တာအိုသခင်"

လူတိုင်း အံ့သြသွား၏။

မျိုးဆက်သစ်လူငယ်များကြား ပြဿနာမှ ဘိုးဘေးကြီးများအထိ ဆွဲဆောင်နိုင်မည်ဟု မည်သူထင်မည်နည်း။

ယခုဆိုလျှင် ပျက်စီးခြင်း တာအိုသခင်သည်ပင် ပေါ်လာပြီ ဖြစ်သည်။

"ဒါက အမာရွတ်လေးခု သခင်ကြီးပဲ"

အဘိုးကြီးကို တွေ့လိုက်သောအခါ ဘိုးဘေးချိုင်ချုံးနှင့် အခြားသူများလည်း မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားကြသည်။

ကာကွယ်သူမိသားစုများတွင် အမာရွတ်လေးခု သခင်ကြီး၏ အဆင့်အတန်းက မေးခွန်းထုတ်စရာမရှိပေ။

ထို့အပြင် အမာရွတ်လေးခုသခင်ကြီး အလေးစားဆုံးသူက ကျွင်းဝူဟွေ့ ဖြစ်သည်။

ကျွင်းဝူဟွေ့က တိုင်းတပါး စစ်မြေပြင်တွင် သူ့အသက်ကို ကယ်တင်ခဲ့ဖူးပေသည်။

"မင်းပဲ"

အမာရွတ်လေးခု သခင်ကြီး၏ အကြည့်က ချိုင်စုန့်ပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။

"မဟုတ်... မဟုတ်ဘူး... အမာရွတ်လေးခု သခင်ကြီး၊ ကျွန်တော်..."

ပျက်စီးခြင်းတာအိုသခင်အဆင့် ပုဂ္ဂိုလ်ကြီးနှင့် ရင်ဆိုင်‌ရသောအခါ ချိုင်စုန့်မှာ လန့်ဖျတ်ပြီး ကတုန်ကယင်ဖြစ်လာတော့သည်။

"ဖြောင်း"

ဘာစကားမျှမပြောဘဲ အမာရွတ်လေးခု သခင်ကြီးက ချိုင်စုန့်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

"ဘုန်း... အုန်း"

ယခင်က အရှိန်အဝါကြီးခဲ့သော ချိုင်ကျိခမျာ၊ ယခုတော့ သဲအိတ်တစ်လုံးကဲ့သို့ ရိုက်နှက်ခံနေရတော့သည်။

"ဖြောင်း... ဖြောင်း"

ရှေးဦးအင်ပါယာမြို့တော်၏ မြေပြင်က အလွန်ခိုင်မာပြီး ရှေးဟောင်း ခံစစ်ကမ္ပည်းများလည်း ရေးထွင်းထားသည်။

သို့သော်လည်း ယခုတော့ ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများ မြေပြင်ပေါ်မှာ ပြည့်နေပြီ။

"သခင်ကြီး... ခဏလေး... ကျေးဇူးပြုပြီး ကျွန်တော်ကို ချမ်းသာပေးပါ။ စကားအရင်ပြောပါရစေ..."

ချိုင်ကျိမှာ လုံးဝမခုခံဝံ့သလို ခုခံနိုင်စွမ်းလည်း မရှိတော့ပေ။ သွေးအလူးလူးဖြင့် အော်ပြောလိုက်သည်။

အလွန်သနားစရာကောင်းသွားသော ချိုင်ကျိကိုကြည့်ရင်း ပါရမီရှင်များအားလုံး မျက်လုံးများ အနည်းငယ်မှိတ်သွားကြလေသည်။

သနားစရာကောင်းလိုက်တဲ့ လူ။

"အမာရွတ်လေးခုသခင်ကြီး၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး။ ဆုံးဖြတ်ချက်မချခင် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြပါစေ"

ချိုင်ချုံးက လက်ယှက်ကာ ပြောလိုက်သည်။

သူက ဘိုးဘေးအဆင့်ဖြစ်သော်လည်း...

အမာရွတ်လေးခု သခင်ကြီး၏ ရှေ့မှောက်မှာတော့ အားနည်းနေသေးသည်။

နောက်ဆုံးတွင်၊ ၎င်းတို့က မိသားစုတစ်ခုစီ၏ ဘိုးဘေးများသာ ဖြစ်သည်။

တစ်ဖက်တွင်၊ အမာရွတ်လေးခုသခင်ကြီးက ကာကွယ်သူမျိုးရိုးတစ်ခုလုံး၌ အလွန်မြင့်မားသော ဂုဏ်သိက္ခာရှိသူ ဖြစ်ချေသည်။

"ဟမ့်"

အမာရွတ်လေးခု သခင်ကြီးက ချိုင်ကျိကို မြေပြင်ပေါ်သို့ ဆောင့်ရိုက်လိုက်သည်။

"ဂျွတ်..."

အရိုးကွဲအက်သံများ ဆက်တိုက်ကြားလိုက်ရ၏။

ချိုင်ကျိသည် ဂုဏ်သိက္ခာရှိသော အဓိပဓိတစ်ပိုင်းဖြစ်သော်လည်း ယခုအခါ နှာခေါင်းသွေးယိုပြီး မျက်နှာတစ်ခုလုံး ဖူးရောင်သွားသည်။

သူ့ခန္ဓာမှာလည်း အရိုးများစွာကျိုးသွားပြီး သွားများပင်လျှင် မရှိတော့ပေ။ ဤအခိုက်တွင် သူ့ပုံစံက သူတောင်းစားများထက် သာလွန်ခြင်းမရှိတော့ပါ။

အမာရွတ်လေးခု သခင်ကြီးက ချိုင်ကျိကို အေးစက်စက် ကြည့်လိုက်ပြီးနောက် လှည့်၍ ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ထိုအခါ ဒေါသတကြီးဖြင့် မည်းမှောင်နေသော သူ့မျက်နှာက ချက်ချင်း နူးညံ့ပျော့ပျောင်းသွားကာ အပြုံးတို့ ဝေဆာနေပြန်တော့သည်။

"တူတယ်...၊ တကယ်တူတယ်"

အမာရွတ်လေးခု သခင်ကြီးက ပြုံးပြီး ပြောလိုက်သည်။

"ကူညီပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ဒါနဲ့ အကြီးအကဲက ဘယ်သူများလဲ"

ကျွင်းရှောင်ယောက်က လက်ယှက်ပြီး ပြောလိုက်သည်။ သူ့မျက်လုံးများမှာတော့ အနည်းငယ် ရှုပ်ထွေးမှုတို့ ပေါ်လွင်နေ၏။

ဤအဘိုးအိုက သူ့အပေါ် မည်မျှ စေတနာထားပြီး ဂရုစိုက်နေကြောင်း မြင်နိုင်သည်။

သို့သော်လည်း အဘိုးအို၏ အမည်ကို မဆိုထားနှင့်၊ နယ်စပ် အခြေအနေကိုပင် သူမသိသေးပေ။

သို့ရာတွင် သူ့ရှေ့မှ အဖိုးအိုက ကျွင်းမိသားစုမှ မဟုတ်တာတော့ သေချာသည်။

"ဟားဟားဟား၊ မင်းက ရှောင်ယောက် မဟုတ်လား။ မင်းနဲ့ ကျေးဇူးရှင်က တကယ်ကို တစ်ရုပ်တည်းပဲ"

အမာရွတ်လေးခု သခင်ကြီးက ပြုံးလိုက်သည်။

'ကျေးဇူးရှင်လား'

ကျွင်းရှောင်ယောက် ဤအချက်ကို သတိပြုမိ၏။

ထိုအခါ ယွီဟွာဝမ်က အနည်းငယ်ပြောပြီး ရှင်းပြလိုက်လေသည်။

"ကျွန်တော်နားလည်ပါပြီ၊ ကျွန်တော်အဖေက အကြီးအကဲကို ကယ်တင်ခဲ့တာပဲ"

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်ပြပြီး နောက်ဆုံးတွင် နားလည်သွားသည်။

"ဟုတ်တယ်၊ ငါမှတ်မိနေသေးတယ်။ အဲဒီတုန်းက တိုင်းတစ်ပါးက စစ်မြေပြင်မှာ တိုင်းတစ်ပါးက မြေခွေးအိုကြီးတချို့ရဲ့ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်"

"ဒီအဘိုးကြီးရဲ့ ခေါင်းက အမာရွတ်လေးခုကလည်း အဲဒီကောင်တွေပဲ ချန်ထားခဲ့တာ"

"အဲဒီအချိန်က တိုင်းတပါးရဲ့ ပျက်စီးခြင်းတာအိုသခင် အများအပြားက ငါ့ကို ဝိုင်းထားခဲ့ကြတယ်"

"ငါ မခုခံနိုင်တော့ချိန်မှာပဲ ကျေးဇူးရှင် ပေါ်လာခဲ့တာ"

"အဲဒီအချိန်က ကျေးဇူးရှင်ရဲ့ပုံစံကို ငါ မ‌မေ့သေးဘူး"

"လေထဲမှာ ရပ်နေရင်း အဖြူရောင် သူ့အဝတ်အစားတွေက တဖျတ်ဖျတ် လှုပ်ရှားနေတယ်။ နောက်တော့ ဖုန်မှုန့်တွေကို ဖယ်ရှားသလို သူ့လက်ကိုဝှေ့ယမ်းလိုက်ရုံနဲ့ ပျက်စီးခြင်း တာအိုသခင် အတော်များများ တစ်ခါတည်း သေသွားတော့တာပဲ"

ထိုသို့ ပြောလိုက်ချိန်တွင် အမာရွတ်လေးခု သခင်ကြီး၏ အိုမင်းသောမျက်နှာက ရိုသေလေးစားမှုတို့ ပေါ်လာခဲ့လေသည်။

အမာရွတ်လေးခု သခင်ကြီးကဲ့သို့ ဝါရင့်ပုဂ္ဂိုလ်တစ်ဦးကို အလွန်လေးစားနိုင်စေခြင်းအား ကြည့်ခြင်းအားဖြင့် ကျွင်းဝူဟွေ့၏ အရှိန်အဝါတို့ကို မြင်နိုင်သည်။

ထိုစကားများကိုကြားတော့ ပတ်ဝန်းကျင်မှ ပါရမီရှင်များစွာလည်း သွေးများ ဆူပွက်လာသလို ခံစားရကာ လက်သီးဆုပ်လိုက်မိကြသည်။

အဖြူရောင်ဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့။

ဤသည်မှာ သူတို့၏ နှလုံးသားထဲမှ စံပြပုဂ္ဂိုလ်၊ ပြီးပြည့်စုံသော သူရဲကောင်း ဖြစ်သည်။

လက်ကိုဝှေ့ယမ်းလိုက်ရုံဖြင့် ပျက်စီးခြင်း တာအိုသခင် အများအပြား ကျဆုံးသွားခဲ့သည်။ ယင်းက အလွန်ကြောက်စရာကောင်းပေသည်။

ကျွင်းရှောင်ယောက်လည်း မျက်လုံး အရောင်ပြောင်းသွားသည်။

အမှန်အတိုင်းပြောရမည်ဆိုလျှင် သူ့အဖေက ဘယ်လိုအခြေအနေရှိသူဖြစ်မှန်း သူ မသိပေ။

သို့သော်လည်း ဤပုံစံအရတော့ အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်သင့်သည်။

ထို့အပြင်၊ ကျွင်းဝူဟွေ့က သူတော်စင်နယ်ပယ်နှင့် အဓိပဓိတစ်ပိုင်းတစ်ပိုင်းကို သတ်ဖြတ်ခဲ့သည့် အံ့ဩစရာ မှတ်တမ်းတစ်ခုလည်း ရှိသေးသည်။

သူ၏ ခွန်အားအမှန်က ဘာလဲဆိုတာကို မည်သူမျှ မခန့်မှန်းနိုင်မှာ ကြောက်ရသည်။

'ဒါဆိုရင် ငါက သန်မာတဲ့ ဒုတိယမျိုးဆက်လို့ သတ်မှတ်လို့ရမလား'

ကျွင်းရှောင်ယောက်လည်း သူ့ဘာသာသူ တွေးလိုက်မိသည်။

All Chapters