← Chapters

အခန်း ၈၃၆

Vol. 56 Ch. 836

အခန်း ၈၃၆

Vol. 56 Ch. 836

အခန်း ( ၈၃၆ ) ကုသိုလ်ခန်းမမှ ရတနာတစ်ခု အလကား ရွေးယူခွင့်၊ ယွိချန်ကျွမ့်နှင့် ပြန်ဆုံခြင်း၊ ခက်ခဲသော အလုပ်။

"ဒီမှာဘာတွေဖြစ်နေတာလဲ၊ မင်း မြန်မြန်ရှင်းပြရင် ပိုကောင်းမယ်"

အမာရွတ်လေးခု သခင်ကြီးက ကာကွယ်သူမိသားစုသုံးခုမှ လူများကို မျက်နှာထား ခပ်တင်းတင်းဖြင့် လှည့်ကြည့်လိုက်သည်။

ကာကွယ်သူမိသားစုဟူသော အထူးအဆင့်အတန်းကြောင့်သာ မဟုတ်ပါက ချိုင်ကျိကို သေသည်အထိ ချက်ချင်း ရိုက်သတ်မိလိမ့်မည်။

"ချိုင်ကျိ၊ ဘာတွေဖြစ်နေတာလဲ။ မြန်မြန် ပြန်ဖြေလိုက်စမ်း"

ချိုင်ချုံး အေးစက်စက် အော်ဟစ်လိုက်၏။

ဤဘိုးဘေးများသည် အင်ပါယာမြို့တော်၏ နက်ရှိုင်းသောနေရာများတွင်နေပြီး နယ်စပ် အခြေအနေကို အမြဲစောင့်ကြည့်နေခဲ့သည်။

ထို့ကြောင့် မိသားစုအခြေနေများကို သိပ်မသိပေ။

"ဒါ... ဒါက..."

ချိုင်ကျိက ပြောချင်သော်လည်း တွန့်ဆုတ်နေသည်။

"မင်းကတော့ ထောင်ထဲမှာ ပိတ်‌လှောင်ခံချင်ပြီ ထင််တယ်"

အမာရွတ်လေးခုသခင်က အေးစက်စက် ပြောလိုက်၏။

ချိုင်ကျိလည်း ထိုစကားကိုကြားပြီးနောက် တကိုယ်လုံး တဆတ်ဆတ်တုန်သွားသည်။

‌အဆိုပါ ထောင်က အဘယ်နည်း။

ထိုနေရာမှာ တိုင်းတစ်ပါးမှ ဒုစရိုက်သမားများကို ထောင်ချရာနေရာဖြစ်ပြီး ထောင်သွင်းအကျဉ်းချခံရပြီးနောက် သေခြင်းတရားထက် ပိုဆိုးပေလိမ့်မည်။

"ကျုပ်ပြောမယ်၊ ကျုပ် ပြောပါမယ်"

ချိုင်ကျိလည်း အံကြိတ်ပြီး သူသိသမျှ ပြောလိုက်တော့သည်။

စကားအဆုံးတွင် ဘိုးဘေးချိုင်ချုံး၏ အမူအရာက ချက်ချင်း မည်းမှောင်သွားသည်။

ရှက်စရာကောင်းသည်။

လုံးဝ အရှက်ကွဲရ၏။

သူရဲကောင်း ကာကွယ်သူမိသားစု၏ မျိုးဆက်များဖြစ်ပြီး...

ဤမျိုးဆက်များမှာ အမှန်တကယ် ဒူးထောက်ပြီး အခြားသူများ၏ပေါင်ကိုဖက်ကာ နယ်စပ်မှ ထွက်သွားချင်နေသည်။

ယင်းက ဘိုးဘေးများ၏ ဂုဏ်သိက္ခကို ညှိုးနွမ်းစေရုံမကဘဲ...

ကာကွယ်သူမျိုးရိုး၏ ယုံကြည်မှုကို သစ္စာဖောက်ခြင်းပင် ဖြစ်သည်။

ကာကွယ်သူမျိုးရိုး၏ ယုံကြည်ချက်က အင်မော်တယ်နယ်မြေကြီးအတွက် သူတို့၏ အသက်နှင့် သွေးကို စွန့်လွှတ်ရန်နှင့် နယ်စပ်ကို ထာဝရစောင့်ရှောက်ရန် ဖြစ်သည်။

ထို့ကြောင့်ပင် အားလုံးက လေးစားပြီး မျက်နှာသာပေးထားကြခြင်း ဖြစ်ချေသည်။

"မိုက်မဲလိုက်တာ"

ဘိုးဘေးချိုင်ချုံးလည်း သက်ပြင်းချလိုက်သည်။

အင်မော်တယ်နယ်မြေကြီးက ငြိမ်းချမ်းနေသည်မှာ ကြာမြင့်ခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

စစ်မဖြစ်သည်မှာ ကြာခဲ့ပြီမို့ ဤမျိုးဆက်သစ်လူငယ်များက အခြေအနေကို မေ့ကုန်ပြီ။

အတိတ်မှ ဘိုးဘေးများသာ သွေးသွန်းလောင်းခြင်း မပြုခဲ့လျှင်၊ ယခုကဲ့သို့ အားလုံး၏ လေးစားမှုကို မည်သို့ ရရှိနိုင်မည်နည်း။

အမာရွတ်လေးခုသခင်ကြီး၏ မျက်နှာမှာလည်း အလွန်အေးစက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"မင်းတို့အားလုံးက မင်းဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေကို ခံစားချင်ပေမဲ့ မင်းတို့ဘိုးဘေးတွေလို စတေးခံလိုစိတ် ရှိပုံမရဘူး"

"မဟုတ်... မဟုတ်ပါဘူး၊ ကျုပ်..."

ချိုင်ကျိ၏ မျက်နှာက နီရဲသွားသည်။

"ဟင်း၊ ဒီတစ်ခါက ငါတို့အပြစ်ပါဘဲ ရှောင်ယောက်၊ ငါ တောင်းပန်ပါတယ်"

ဘိုးဘေး ချိုင်ချုံးနှင့် အခြားသူများက ကျွင်းရှောင်ယောက်ကို လက်ယှက်လိုက်ကြသည်။

ယခုပုံစံအရ သူတို့ မှားပေသည်။

ဘိုးဘေးသုံးယောက်၏ သဘောထားကို မြင်တော့ ကျွင်းရှောင်ယောက်၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။

ဤမိသားစုများထဲတွင် ဆွမ်းဆန်ထဲမှ ကြွက်ချေးကဲ့သို့ အမှိုက်များရှိသော်လည်း...

လူကြီးများကတော့ ယုံကြည်မှုရှိနေကြသေးသည်။

မဟုတ်ပါက၊ နယ်စပ်မှာ ဤမျှခိုင်မာနေမှာမဟုတ်ပေ။

ကျွင်းရှောင်ယောက်လည်း သူ့လက်ကို အနည်းငယ် မြှောက်ပြပြီး ပြောလိုက်သည်။

"အကြီးအကဲတို့ ဒီလိုလုပ်စရာ မလိုပါဘူး။ အဓိကတရားခံ သေသွားပြီမို့ ကျုပ်လူတွေကို လွှဲပေးပြီး ဒီကိစ္စကို မေ့လိုက်ကြရအောင်"

"ဟုတ်တာပေါ့၊ ဒါက ဖြစ်သင့်ပါတယ်"

ချိုင်ချုံး ကမန်းကတန်း ခေါင်းညိတ်လိုက်လေသည်။

ချက်ချင်းပင် ယွိချန်ကျွမ့်နှင့် ထိုက်ယင်ကျောက်စိမ်းယုန်ကို ခေါ်ဆောင်ရန် လူများကို စေလွှတ်လိုက်သည်။

"ဒါပေမဲ့ အားလုံးကို လွှတ်ထားလို့ မရဘူး။ ဆုကြေးနဲ့ ပြစ်ဒဏ်တွေကို ရှင်းရှင်းလင်းလင်း ထားရမယ်"

"တိုင်းတပါး စစ်မြေပြင်မှာ နောက်တစ်ကြိမ် စစ်ဖြစ်ရင် မင်းတို့ သုံးယောက် ရှေ့ကသွးရမယ်"

အမာရွတ်လေးခု သခင်ကြီးက လေးလေးနက်နက် ပြောလိုက်သည်။

"ကောင်းပါပြီ"

ဘိုးဘေးချိုင်ချုံးနှင့် အခြားသူများလည်း မကန့်ကွက်တော့ပေ။

ချိုင်ကျိကတော့ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ မပြောဖြစ်ခဲ့ပါ။

တိုင်းတစ်ပါးစစ်မြေပြင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အရပ်၌...

အဓိပတိကဲ့သို့ အားကောင်းသူများပင် ကျဆုံးရန် အလားအလာ မြင့်မားသည်။

သို့သော်လည်း မငြင်းဆန်ဝံ့တော့ဘဲ သူ့ကံကြမ္မာကို လက်ခံရုံသာ တတ်နိုင်တော့သည်။

"မိတ်ဆွေလေးရှောင်ယောက်၊ ငါတောင်းပန်ပါတယ်၊ မင်းက အင်ပါယာမြို့တော်ကို ပထမဆုံးရောက်တာဖြစ်ပေမဲ့ ဒီလို အဆင်မပြေမှုမျိုးကြုံခဲ့ရတယ်"

အမာရွတ်လေးခု သခင်ကြီးက ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။

နောက်ဆုံးတော့ ဤနေရာမှာ သူ၏နယ်မြေဖြစ်သည့်တိုင် သူ့ကျေးဇူးရှင်၏သားက ယခုကဲ့သို့ ဆက်ဆံခံရသည်။

"အကြီးအကဲ ဒီလိုမပြောပါနဲ့၊ ကျွန်တော်ကတောင် အကူအညီအတွက် ကျေးဇူးတင်နေတာပါ"

ကျွင်းရှောင်ယောက်လည်း ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

ကျွင်းရှောင်ယောက်ကိုကြည့်ရင်း အမာရွတ်လေးခုသခင်လည်း ကျေနပ်မှု အရိပ်အယောင်တို့ ပေါ်လာလေသည်။

ကျားဖခင်မှာ ခွေးလိုသားမရှိဘူး။

လှုပ်ရှားရမည့်အချိန်ရောက်သောအခါ ပြတ်သားပြီး တွန့်ဆုတ်မနေပေ။

သို့သော်လည်း နှိမ့်ချသင့်သောအခါမှာတော့ လူကြီးလူကောင်းကဲ့သို့ နူးညံ့သည်။

ဤသို့သော စရိုက်မျိုး၊ အရည်အချင်းနှင့် ခွန်အားများအရ...

ကျွင်းရှောင်ယောက်ဟာ သမိုင်းမှာ အကြမ်းဆုံး ဘီလူးဖြစ်ထိုက်သည်။

"ဒါနဲ့ ရှောင်ယောက်၊ မင်းကို တောင်းပန်တဲ့အနေနဲ့ ကုသိုလ်ခန်းမကိုသွားပြီး တစ်ခုခုကို အခမဲ့ ရွေးချယ်နိုင်ပါတယ်"

အမာရွတ်လေးခု သခင်ကြီးက ပြုံးပြီး ပြောလိုက်သည်။

“ကုသိုလ်ခန်းမ” ဟူသော စကားကို ကြားသောအခါ ရှေးဦးအင်ပါယာမြို့တော်ရှိ ကျင့်ကြံသူတချို့၏ မျက်လုံးများက ချက်ချင်း နီရဲသွားကြသည်။

စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်သော အရိပ်အမြွက်တို့ ပေါ်လာခဲ့၏။

ထိုနေရာဟာ နယ်စပ်မှ ကျင့်ကြံသူအားလုံး သွားရောက်ချင်နေသော အိပ်မက်နေရာတစ်ခု ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က နားလည်ပုံမရသောကြောင့် အမာရွတ်လေးခုသခင်မှ ရှင်းပြလိုက်လေသည်။

"တိုင်းတပါးက အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီး တိုက်ပွဲကြီးတွေ မပြုလုပ်နိုင်ပေမဲ့ ပဋိပက္ခလေးတွေနဲ့ အသေးစား တိုက်ပွဲလေးတွေကတော့ တခါတရံဖြစ်နေတုန်းပါပဲ"

"ကုသိုလ်ခန်းမကိုတော့ ရှေးကတည်းက တည်ဆောက်ခဲ့တာလေ။ အဲဒီမှာ အင်မော်တယ်အင်အားစုတွေ၊ နတ်မင်းဆက်တွေနဲ့ မိသားစုကြီးတွေက ဆင်းသက်လာတဲ့ နတ်ဘုရားသိုင်းနဲ့ ကျင့်ကြံနည်းတွေလည်း ရှိတယ်"

"တိုင်းတပါး စစ်မြေပြင်တွေကရရှိတဲ့ ရတနာတွေ ဒါမှမဟုတ် နတ်ဘုရားအပျက်အစီးများ ကမ္ဘာ၊ တိုင်းတပါးရဲ့ အင်မော်တယ်ကျမ်း၊ ရှေးဟောင်း လက်နက်တွေနဲ့ တိုင်းတပါးမှာပဲ တွေ့ရနိုင်တဲ့ ရတနာတွေလည်း ရှိတယ်"

"ဒါပေမဲ့ အဲဒါတွေအားလုံးကို ကုသိုလ်ရမှတ်တွေနဲ့ပဲ လဲလှယ်လို့ရတယ်"

"တိုင်းတပါးက သတ္တဝါတွေကို သတ်ဖြတ်ခြင်းနဲ့ ကုသိုလ်အမှတ်တွေကို ရှာဖွေနိုင်ပါတယ်"

ကျွင်းရှောင်ယောက် နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

"အခုတော့ မိတ်ဆွေလေးအတွက် လျော်ကြေးအနေနဲ့ တစ်ခုခုကို အလကားရွေးလို့ရတယ်"

အမာရွတ်လေးခု သခင်ကြီးက ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျွင်းရှောင်ယောက်လည်း မယဉ်ကျေးဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။

ကိုယ့်အရှေ့ကိုရောက်လာသော အခွင့်အရေးကို မဆုပ်ကိုင်ပါက ဖြုန်းတီးရာကျလိမ့်မည်။

ကျွင်းရှောင်ယောက်လည်း ‌အင်ပါယာမြို့တော်တွင် ယာယီ နေထိုင်ပြီးနောက် ကုသိုလ်ခန်းမသို့သွားရန် တွေးလိုက်သည်။

မကြာမီ ချိုင်မိသားစုမှလူများက အကြီးနှင့်အငယ် အလှလေးနှစ်ယောက်နှင့် ရောက်လာကြလေသည်။

"သခင်လေး"

ကျွင်းရှောင်ယောက်ကိုမြင်တော့ ထိုက်ယင်ကျောက်စိမ်းယုန်၏ တောက်ပသော ပတ္တမြားသဖွယ် မျက်လုံးလေးများက မျက်ရည်များဝဲလာခဲ့သည်။

သူမက ယုန်လေးတစ်ကောင်ကဲ့သို့ လျင်မြန်စွာပြေးလာပြီး ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲကို ခုန်ဝင်လိုက်တော့သည်။

"အီးဟီး... နောက်ဆုံးတော့ သခင်လေးကို‌ တွေ့ရပြီ"

"သခင်လေးနဲ့ ခွဲခွာခဲ့ရပြီးနောက် ရှောင်ယွိမှာ မုန်လာဥနီစားချင်စိတ်တောင် မရှိတော့ဘူး"

ထိုင်ယင်ကျောက်စိမ်းယုန်က ငိုသံပါလေးနှင့် ပြောလိုက်သည်။

"တကယ်ပဲလား၊ ဒါဆို ငါ တကယ်ပဲ အပြစ်ရှိပါတယ်"

ကျွင်းရှောင်ယောက် ပြုံးပြီး ထိုက်ယင်ကျောက်စိမ်းယုန်၏ ငွေရောင်ဆံပင်နှင့် ယုန်နားရွက်ကို ပွတ်သပ်လိုက်လေသည်။

"သေချာတာပေါ့၊ ဒါကြောင့် သခင်လေးက ရှောင်ယွိကို လျော်ကြေးပေးရမယ်"

ထိုက်ယင်ကျောက်စိမ်းယုန်က ဖြောင့်မတ်ဟန်ဖြင့် ပြောလိုက်သည်။

"ဘယ်လို လျော်ကြေးပေးရမှာလဲ"

"နေ့တိုင်း ငါ့ကို အိမ်မွေးသားရဲလေးလို ပွတ်သပ်ပေး၊ ပြီးတော့... ရှောင်ယွိစားဖို့ မုန်လာဥနီ၊ မုန်လာဥဖြူ၊ မုန်လာဥစိမ်း၊ မုန်လာဥတွေ အများကြီး ကျွေးရမယ်..."

ထိုက်ယင်ကျောက်စိမ်းယုန်က သူ့လက်ချောင်းလေးများကိုချိုးပြီး ရေတွက်ရင်း ပြောလိုက်သည်။

ကျွင်းရှောင်ယောက် သဘောကျစွာ ပြုံးလိုက်လေသည်။

ဤချစ်စရာ အိမ်မွေးကောင်မလေးကို သူ တကယ်နှစ်သက်သည်။

"သခင်၊ ငါ နင့်ကို ထပ်ပြီး နှောင့်ယှက်မိပြန်ပြီ"

ယွိချန်ကျွမ့်က ရှေ့သို့တိုးလာသည်။ သူမ၏ မျက်နှာက နီမြန်းပြီး အနည်းငယ် ရှက်ရွံ့သွား၏။

နောက်ဆုံးတော့ ကျွင်းရှောင်ယောက်က သူမကို ရွှေကျီးကန်း ဒသမမင်းသားလက်မှ ပထမဆုံး ကယ်တင်ခဲ့သည်။

ယခုလည်း သူမကို ကယ်တင်ရန် ကျွင်းရှောင်ယောက်ကို အားကိုးရပြန်လေသည်။

သူမ အနည်းငယ်ရှက်သွားသည်။

"ကိစ္စမရှိပါဘူး၊ နည်းနည်းလောက် အားစိုက်ထုတ်ရုံပဲ"

ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဤသည်က တကယ်ကို သူ့အတွက် အခက်အခဲမရှိပေ။

"ဒါပေမဲ့ ဒီပြဿနာတွေက ရပ်သွားဦးမှာ မဟုတ်ဘူး။ ချိုင်စုန့်ကို လျှို့ဝှက်ဆန်းကြယ် လူတစ်ယောက်က ကျောထောက်နောက်ခံပြုထားတယ်လို့ ကြားတယ်"

ယွိချန်ကျွမ့်က အနည်းငယ် အပြစ်ရှိသလို ခံစားနေရဆဲပင်။

သူမကြောင့် ကျွင်းရှောင်ယောက်ကို ဒီထက်ပိုပြီး ဒုက္ခမရောက်စေချင်တော့ပါ။

"ငါ့မှာ ရန်သူအများကြီး ရှိပါတယ်။ နောက်ထပ် တစ်ခုပိုလာတာ၊ လျော့သွားတာက အရေးမကြီးဘူး"

ကျွင်းရှောင်ယောက်က ဂရုမစိုက်ဘဲ ပုံမှန်အတိုင်း ပြောလိုက်သည်။

တစ်စုံတစ်ယောက်၏ ခွန်အားက လုံလောက်အောင် အားကောင်းနေသရွေ့ ရန်သူတစ်ယောက်နှင့် တစ်ရာကြားတွင် ကွာခြားချက် သိပ်မရှိပေ။

ကျွင်းရှောင်ယောက်၏ တည်ငြိမ်ပြီး လျစ်လျူရှုထားသော ကိုယ်ဟန်အနေအထားကိုကြည့်ရင်း ယွိချန်ကျွမ့်၏ လှပသော မျက်လုံးများက မြတ်နိုးမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းကလည်း ဆွဲဆောင်မှုတစ်မျိုးပင်။

"ချန်ကျွမ့်မှာ သခင်လေးကို ဘာမှ ပြန်ပေးဆပ်စရာမရှိပါဘူး၊ ဒါကြောင့် သခင်လေးနောက်ကိုလိုက်ပြီး ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ဖို့၊ သခင်လေးကို အမှုထမ်းဖို့ ဆန္ဒရှိပါတယ်"

ယွိချန်ကျွမ့်က ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ဦးညွှတ်လိုက်ပါတယ်။

အောက်သို့ အနည်းငယ် ငုံ့လိုက်သောအခါ အလှအပများက ပိုထင်ရှားလာ၏။

ဖြူဖွေးဖွေးဖွေး...

လုံးလုံးဝန်းဝန်းနှင့်...

အင်မတန် ပြီးပြည့်စုံပေသည်။

နောက်ဆုံးတွင်၊ ယွိချန်ကျွမ့်၏ ခန္ဓာကိုယ်ကို အဘယ်ကြောင့် အမျိုးသားတိုင်းက တောင့်တနေကြသည်အား ကျွင်းရှောင်ယောက် နားလည်သွားသည်။

ထိုက်ယင်မြင့်မြတ်ခန္ဓာက တကယ်ကို အချိုးအစားကျနပြီး လှပလွန်းပေသည်။

ကိစ္စဝိစ္စက ပြီးပြတ်သွားပြီ ဖြစ်သည်။

အမာရွတ်လေးခုသခင်ကြီးက ကျွင်းရှောင်ယောက်ကိုကြည့်ကာ ပြောလိုက်လေသည်။

"မိတ်ဆွေလေးရှောင်ယောက်၊ အင်ပါယာမြို့တော်မှာ ခဏလောက် နားနေလိုက်ပါဦး။ အဆုံးစွန် စမ်းသပ်မှုနေရာဖြစ်တဲ့ ရှန်းရွှီကမ္ဘာက မဖွင့်သေးခင် နည်းနည်းလိုသေးတယ်"

"အချိန်ကျရင် ငါမင်းကို ခေါ်သွားပေးမယ်။ အဲဒီအခါကျရင် မင်းအတွက် ခက်ခဲတဲ့ အလုပ်တစ်ခုလည်း ရှိလိမ့်မယ်"

"ခက်ခဲတဲ့အလုပ်တစ်ခုလား"

ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးသွား၏။

"ဟုတ်တယ်၊ ဒါက နယ်စပ်ရဲ့ သေခြင်းရှင်ခြင်း အကြောင်းနဲ့တောင် သက်ဆိုင်တယ်"

အမာရွတ်လေးခု သခင်ကြီး၏ စကားက ကျွင်းရှောင်ယောက်၏ အမူအရာကို ပို၍ လေးနက်စေခဲ့သည်။

ဤအဆုံးစွန်က စမ်းသပ်မှုက ရိုးရှင်းပုံမရပေ။ ယင်းမှာ ယခင်ခေတ်များထက် အဆများစွာ ပို၍ ရက်စက်ကြမ်းကြုတ်မည့်ပုံ ရသည်။

All Chapters