အခန်း ၈၃၈
Vol. 56 Ch. 838
အခန်း ( ၈၃၈ ) ရိုးရှင်းသော ကြာပန်းမျိုးစေ့၊ အင်မော်တယ်ခုံရုံး၏ ဆက်ခံသူကိုးဦးနှင့် ကျွင်းမိသားစုမှ ဘီလူးကြီးသုံးကောင်။
ရှေးဦးဝိညာဉ်ကို အရည်အသွေးနှင့် သန်စွမ်းမှုအရ အဆင့် ရှစ်ဆင့် ခွဲထားသည်။
ယင်းက သာမန်အဆင့်၊ သာလွန်အဆင့်၊ ထူးကဲအဆင့်၊ အနန္တအဆင့်၊ ထာဝရသဲအဆင့်၊ လေကပ်ဘေးအဆင့်၊ အင်မော်တယ်အဆင့်နှင့် လွတ်မြောက်ခြင်း အဆင့်တို့ ဖြစ်ချေသည်။
ပုံမှန်အားဖြင့် သာမန်အဓိပဓိများ၏ ရှေးဦးဝိညာဉ်ဟာ ထူးကဲအဆင့်သို့သာ ရောက်နိုင်သည်။
အနန္တအဆင့်ကို ရောက်နိုင်သူက များများမရှိပေ။
သို့သော်လည်း ယခုအခါ မဟာသူတော်စင်နယ်ပယ်သာရှိသေးသော ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကာ အနန္တအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သူ၏ ရှေးဦးဝိညာဉ်က ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်းပြီး အတိုင်းအဆမရှိ ကြီးမားလှပေသည်။
ဤသည်မှာ အလွန်အံ့သြစရာကောင်းသည်။ သူက ရှေးဦးဝိညာဉ်ကို အထူးပြုသော အဓိပတိထက် မနိမ့်ကျတော့ပေ။
သို့ရာတွင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း အလွန်အားကောင်းသည်။ ခန္ဓာဧကရာဇ်ဖြစ်လာရန်ပင် အလားအလာ ရှိ၏။
ရုပ်ခန္ဓာကော ရှေးဦးဝိညာဉ်က မိမိမျိုးဆက်ထက် အဆပေါင်းများစွာ သာလွန်သည်။ သူက တကယ်ကို ထာဝရတားမြစ်ချက်တစ်ခု ဖြစ်ထိုက်ပေသည်။
"ဟင်း၊ ဒီရှေးဦးဝိညာဉ်စွမ်းအားကြောင့် အဓိပဓိတစ်ပါး ရောက်လာတယ်လို့ထင်တာ၊ လက်စသတ်တော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဖြစ်နေတာပဲ"
ကုသိုလ်ခန်းမ၏ နက်နဲသောအရပ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုဂ္ဂိုလ်ကြီးများ ရှိနေသည်။
ဤအခိုက်တွင် အံ့အားသင့်မှုတို့က သူတို့မျက်လုံးများမှာ ပြည့်နေခဲ့၏။
ကျွင်းရှောင်ယောက်၏ ရှေးဦးညာဉ်စွမ်းအားက ရတနာအားလုံးကို လွှမ်းခြုံသွားသည်။
ရိုးရိုးသားသား ပြောရလျှင် သူ့အား စိတ်လှုပ်ရှားစေနိုင်သော အရာများစွာ မရှိပါ။
ဤနေရာတွင် မပြည့်စုံသော အင်မော်တယ်ကျမ်းများ၊ ရှေးဟောင်းကျမ်းများ၊ ခွန်ပန်၊ မိုးကြိုးဧကရာဇ်တို့နှင့် ယှဉ်နိုင်သော မဟာနတ်ဘုရားသိုင်းများလည်း ရှိသည်။
တိုင်းတစ်ပါးမှ ရတနာများပင် ရှိ၏။
ဥပမာအားဖြင့် မိစ္ဆာနဂါးမျိုးနွယ်၏ နဂါးဦးချိုများ၊ ကောင်းကင်နက်မျိုးရိုး၏ အမှောင်အင်မော်တယ်ကျမ်းစသည်ဖြင့်...
ရတနာက အများကြီးရှိပြီး ရွေးချယ်စရာမှာ များပြားလွန်းလို့ ရွေးရခက်လှသည်။
"ကောင်းကင်ကျမ်း မရှိဘူးပဲ"
ကျွင်းရှောင်ယောက် ခေါင်းကိုခါယမ်းလိုက်သည်။
ဤနေရာ၌သာ ကောင်းကင်ကျမ်းတစ်အုပ်ရှိပါက တိုက်ရိုက်ရွေးယူမည်ဖြစ်သည်။
ဟုတ်ပေသည်၊ ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။
ဤနေရာတွင် ကောင်းကင်ကျမ်း ပေါ်လာလျှင်လည်း သူ့အလှည့်ရောက်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က ၎င်းကို ရွေးနှုတ်ပြီး ဖြစ်နိုင်သည်။
"ဟင်"
ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
သူ့အသိစိတ်က ထူးဆန်းသော အတက်အကျတစ်ခုကို တွေ့ရှိခဲ့၏။
ချက်ခြင်းပင် ကုသိုလ်ခန်းမ၏ တစ်နေရာသို့ ရောက်လာခဲ့သည်။
ဤနေရာက မပြည့်စုံသော ရှေးဟောင်းပစ္စည်းအချို့ ထားရှိရာနေရာ ဖြစ်ချေသည်။
၎င်းတို့တွင် အလွန်ရှေးကျသော အရာများရှိပြီး အားလုံးက အချိန်၏ အငွေ့အသက်တို့ ပြည့်နေသည်။
ထို့အပြင် ဤအရာများက ဧကရာဇ်လက်နက်များ၊ အင်မော်တယ်ကျမ်းများကဲ့သို့ ဈေးမကြီးပေ။
အတော်လေး စျေးပေါသည်။
အရာအတော်များများက ဟောင်းနွမ်းပြီး မပြည့်စုံသောကြောင့် ၎င်းတို့တွင် မည်သည့်အရာများ ရှိသည်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်ပေ။
ဟုတ်သည်၊ ရံဖန်ရံခါ ကျင့်ကြံသူတချိုက ဤအထဲမှ အသုံးဝင်သော အရာများကို ရှာတွေ့တတ်ပေသည်။
သို့သော်လည်း လူအနည်းစုသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး တစ်ခုခုကို ကောက်ယူလိုက်သည်။
ယင်းမှာ ရိုးရှင်းသော ကြာစေ့တစ်ခု ဖြစ်၏။
ကြာစေ့၏ မျက်နှာပြင်က ၎င်း၏တက်ကြွမှုတို့ မရှိတော့သလို အငွေ့အသက်များပင် အလွန် ဖျော့နေပြီ။
ထို့ပြင် ထူးထူးခြားခြား ဘာမျှ မရှိပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အသိစိတ်က ထူးဆန်းသော အတက်အကျတစ်ခုကို သတိပြုမိသည်။
ကျွင်းရှောင်ယောက်လည်း ကြာစေ့ကို ကောက်ယူလိုက်သည်။ ယင်းက နွေးထွေးနေသော်လည်း ဘာမျှမထူးခြားပေ။
ထိုအချိန်တွင် ကုသိုလ်ခန်းမမှ အဖိုးအိုတစ်ဦး ရောက်ရှိလာပြီး ပြောလိုက်သည်။
"နတ်ဘုရားသားတော်ကို ရွေးချယ်ပြီးပြီလား"
"ပြီးပါပြီ၊ ဒါပဲ"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။
“ဒါ…”
အဘိုးအိုလည်း ယင်းကိုမြင်တော့ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
“နတ်ဘုရားသားတော်၊ ဒီကြာမျိုးစေ့ကို အရင်က တစ်ယောက် စမ်းသပ်ပြီးသွားပြီ၊ အဲဒါနဲ့ ပတ်သက်လို့ ထူးခြားတာ ဘာမှ မရှိပါဘူး”
“ဒါက ရှေးကျတဲ့ မျိုးစိတ်တစ်ခု ဖြစ်နိုင်ပေမဲ့ သူ့ရဲ့ တက်ကြွမှုတွေ ဆုံးရှုံးသွားပြီ"
အဘိုးအို၏ အမြင်တွင် ကျွင်းရှောင်ယောက်က အခွင့်အရေး တစ်ကြိမ်သာ ရရှိသောကြောင့် ကောင်းကောင်း ဆုပ်ကိုင်ထားသင့်သည်။
ဤနေရာတွင် မည်သူ့ကိုမဆို ဆွဲဆောင်နိုင်သော ဧကရာဇ်လက်နက်များ၊ အင်မော်တယ်ကျမ်းများနှင့် ဆေးပင်များ ရှိ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ဤကြာမျိုးစေ့ကိုသာ ကြည့်နေသည်။
"အမှန်အတိုင်း ပြောရရင် ကျွန်တော်က ဧကရာဇ်လက်နက်တွေ၊ အင်မော်တယ်ကျမ်းနဲ့ အင်မော်တယ်ဆေးတွေ လိုအပ်နေတာ မဟုတ်ဘူးလေ။ ဒါကြောင့် ပေါ့ပေါ့ပါးပါး ရွေးလိုက်တာပါ"
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်သည်။
အဘိုးအိုလည်း ဤစကားကိုကြားသောအခါ ဘာပြောရမည်မှန်း မသိတော့ပေ။
သို့သော်လည်း၊ ကျွင်းရှောင်ယောက်၏ အဆင့်အတန်းကို တွေးကြည့်ပါက ဤနေရာမှ အလွန်အဖိုးတန်သောအရာများမှာ သူ့အတွက် အထူးဆွဲဆောင်မှုမရှိပေ။
အဘိုးအို ခေါင်းညိတ်လိုက်သည်။
ကျွင်းရှောင်ယောက်လည်း ဤကြာစေ့ကို သိမ်းဆည်းလိုက်လေသည်။
'ဒီကြာမျိုးစေ့က ဘာတွေ ထူးခြားနေမှန်းမသိပေမဲ့ ငါ့မှာ အသက်စမ်းရေရှိတယ်'
ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်သည်။
သူက ဤအခွင့်အရေးကို အလကားမဖြုန်းတီးပေ။
အခြားသူများက ဤကြာစေ့ကို ယူငင်ခဲ့သော်လည်း ထူးခြားမှုမရှိခြင်းမှာ အသက်ဓာတ် ပြန်မကောင်းလာခြင်းကြောင့် ဖြစ်နိုင်သည်။
သို့သော်လည်း သူ၏ အသက်စမ်းရေက ဤကြာမျိုးစေ့ကို အဟာရဖြစ်စေနိုင်ပေသည်။
နောက်ဆုံးအကျိုးသက်ရောက်မှုက ဘယ်လိုဖြစ်မလဲ ဆိုတာကတော့ ကံတရားကိုသာ ကြည့်ရမည်။
ကျွင်းရှောင်ယောက်လည်း ကြာမျိုးစေ့ကို လဲလှယ်ပြီးနောက် ယွိချန်ကျွမ့်နှင့် ထိုက်ယင်ကျောက်စိမ်းယုန်ကို ခေါ်ကာ အိမ်တော်သို့ ပြန်သွားရန် ပြင်ဆင်ခဲ့သည်။
သူတို့သုံးယောက် ကုသိုလ်ခန်းမမှ ဆင်းလာသောအခါတွင်...
အလွန်အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ရန်သူတွေအတွက် လမ်းကျဉ်းတယ်ဆိုတာ တကယ်မှန်တာပဲ"
အေးစက်စက် အသံကိုကြား၍ ကျွင်းရှောင်ယောက် လှည့်ကြည့်လိုက်တော့ လူတစ်စုက ဤနေရာသို့ ရောက်လာသည်ကို တွေ့လိုက်ရ၏။
ယခုလေးတင် စကားပြောလိုက်သူက အသိအကျွမ်းဟောင်းတစ်ဦး ဖြစ်သည်။
ကူတိကျစ်။
သူ့ဘေးမှာတော့ လှပကာ မြင့်မြတ်ပြီး အေးစက်သော ဖီးနစ်မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသော ပုံရိပ်ခု ရှိ၏။
လင်ယွမ်။
သူတို့အပြင် ဝေချမ်ချမ်၊ စန်းလီ၊ ယောင်ချင်း၊ ရှင်းလုနှင့် အင်မော်တယ်မျိုးရိုး၏ အခြား မျိုးဆက်များလည်း ရှိနေကြပေသည်။
ချီယိုအင်မော်တယ်မျိုးရိုးမှ ချီလေ့က ကျွင်းရှောင်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သို့သော်လည်း ချီလုံက သူ့ကို အစားထိုးပြီး ချီယို အင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ ဖြစ်လာခဲ့ပေသည်။
အင်မော်တယ်မျိုးရိုးကြီး ကိုးခု၏ ဆက်ခံသူအားလုံး ဤနေရာတွင် ရှိခဲ့သည်။
ဤအခိုက်တွင် ကုသိုလ်ခန်းမပတ်လည်ရှိ လမ်းမပေါ်မှ ကျင့်ကြံသူများလည်း သူတို့ကို ကြည့်လိုက်ကြသည်။
လေထုက ရုတ်တရက် အေးခဲသွားပုံရ၏
အင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစုကြားမှ ပဋိပက္ခအကြောင်းက အသေးစိတ်ပြောရန် မလိုပါ။
တောင်တစ်လုံးထဲတွင် ကျားနှစ်ကောင် မထိုင်နိုင်ပေ။
တစ်ခုမှာ တစ်ချိန်က အင်မော်တယ်နယ်မြေကြီးကို လွှမ်းမိုးထားခဲ့သော အမြင့်ဆုံးအင်အားစု ဖြစ်သည်။
ကျန်တစ်ခုကတော့ အလွန်တရာ ရှေးကျပြီး စွမ်းအားကြီးသော မိသားစုကြီးတစ်ခု ဖြစ်၏။
ကြီးမားသော အပြိုင်ကမ္ဘာကြီးတွင် ဤအင်အားစုကြီးနှစ်ခုက သေချာပေါက် ထိပ်တိုက်ရင်ဆိုင်ကြရလိမ့်မည်။
"ဘာဖြစ်လဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
ကူတိကျစ်နှင့် အခြားသူများကို တွေ့ရသောကြောင့် သူ မအံ့ဩပေ။
အင်မော်တယ်ခုံရုံး၏ ဆက်ခံသူများအနေဖြင့် သူတို့ကလည်း ဤအဆုံးစွန်စမ်းသပ်မှုတွင် သဘာဝအတိုင်း ပါဝင်မည် ဖြစ်သည်။
ကူတိကျစ်နှင့် အခြား ဧကရာဇ်ခုနစ်ပါးတို့က သူ့ကိုဆန့်ကျင်ပြီး အမြစ်ပြတ်ချေမှုန်းရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည်ကို မပြောလျှင်ပင်...
ရှန်းရွှီကမ္ဘာက သဘာဝအတိုင်း အကောင်းဆုံး အခွင့်အလမ်း ဖြစ်သည်။
"ဒီတစ်ခေါက်တော့ မင်းက ဓမ္မခန္ဓာ မဟုတ်ဘူး မဟုတ်လား"
ကူတိကျစ်က အရှိန်အဝါကြီးမားစွာဖြင့် ရပ်နေသည်။ သူ့မျက်လုံးများမှာတော့ ဒေါသတို့ ပြည့်နေ၏။
ဓမ္မခန္ဓာဖြင့် သူ့မင်္ဂလာပွဲသို့လာပြီး သူ၏ သတို့သမီးကို ခေါ်ဆောင်သွားသည့် ကျွင်းရှောင်ယောက်၏မြင်ကွင်းက သူ့စိတ်ထဲမှာ အထင်အရှား ရှိသေးသည်။
ယင်းကို သူ့နှလုံးသားထဲမှ အမာရွတ်တစ်ခုဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက် သေဆုံးမှသာ ဤအမာရွတ်ကို ဖယ်ရှားနိုင်လိမ့်မည်။
"မင်္ဂလာဆောင်မှာ ဓမ္မခန္ဓာနဲ့ ငါရောက်လာတာ မင်း ကံကောင်းတယ်မှတ်ပါ။ မဟုတ်လို့ ငါ့ရဲ့ မူလခန္ဓာဆိုရင် မင်း ဒီမှာ ရပ်နေနိုင်တော့မှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးခြားမှုမရှိပေ။
စကားတစ်ခွန်းဖြင့် ကူတိကျစ်၏ မျက်နှာကို အေးစက်သွားစေခဲ့သည်။
ကျွင်းရှောင်ယောက်က စကားအများကြီး မပြောသော်လည်း စကားလုံးတိုင်းက အရှိုက်ကို အောင့်သွားစေနိုင်သည်။
အနီးနားရှိ ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြလေသည်။
ကျွင်းရှောင်ယောက်က အင်မော်တယ် မျိုးရိုးကြီးကိုးခု၏ ဆက်ခံသူများနှင့် ရင်ဆိုင်နေရသော်လည်း ကြီးစိုးနေဆဲ ဖြစ်သည်။
"ကျွင်းရှောင်ယောက်၊ နင်နဲ့ငါ့ကြားမှာ ဖြေရှင်းစရာ အကြွေးတွေရှိသေးတယ်"
လင်ယွမ်က မျက်နှာကို အနည်းငယ်ချီပြီး ပြောလိုက်သည်။
ပြန်လည်ဝင်စားခြင်း ပင်လယ်ထဲတွင်...
အခွင့်အရေးကို ကျွင်းရှောင်ယောက်က လုယူသွားခဲ့သည်။ ထို့အပြင် ယနေ့အထိ မဖယ်ရှားရသေးသော ရှက်စရာ အမှတ်အသားကို ချန်ထားခဲ့၏။
ကျွင်းရှောင်ယောက်က လင်ယွမ်၏ သွယ်လျသော ပေါင်သားများကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကျွင်းရှောင်ယောက်၊ နင် နတ်သမီးယွမ်ရဲ့ နေရာကို မသချင်ဘူးလား"
လင်ယွမ်လည်း အကြောင်းအရာ ချက်ချင်း ကြည့်လိုက်သည်။
"သူက မင်းနဲ့ရှိသင့်တယ် မဟုတ်လား"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ ဒီတစ်ခေါက် ငါနဲ့အတူ သူ့ကို ခေါ်လာခဲ့တယ်။ နင့်ရဲ့ ရှုံးနိမ့်မှုကို သူ သက်သေခံရလိမ့်မယ်"
လင်ယွမ်က ပြောလိုက်သည်။
သူ ပြောပြီးသည်နှင့် အင်မော်တယ်ခုံရုံး၏ ဆက်ခံသူများက လခြမ်းကွေးသဏ္ဍာန် ကျွင်းရှောင်ယောက်ကို ဝိုင်းလိုက်ကြသည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ အံ့ဩသွား၏။
အင်မော်တယ်ခုံရုံး၏ သားမြေးများ မစောင့်နိုင်တော့ဘဲ လှုပ်ရှားတော့မည်လော။
အင်မော်တယ်ခုံရုံး၏ ဆက်ခံသူကိုးဦးစလုံး တပြိုင်နက်တည်း လှုပ်ရှားပါက ကျွင်းရှောင်ယောက် အန္တရာယ်များလိမ့်မည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက်အလင်းများ လက်သွားပြီး အနည်းငယ်မျက်ခုံးပင့်လိုက်သည်။
ဤအခိုက်တွင် မထီမဲ့မြင်ပြုပြီး အေးစက်သော အသံတစ်ခုက အဝေးမှ ပျံ့လွင့်လာသည်။
"ဘာလဲ၊ အင်မော်တယ်ခုံရုံးက ငါ့ ကျွင်းမိသားစုမှာ တစ်ယောက်မှမရှိဘူးလို့ ထင်နေတာလား"
ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး လေထဲမှ လျှောက်လာသည်။
သူ ခြေတစ်ချက်လှမ်းလိုက်တိုင်း အောက်ကမ္ဘာသို့ ဆင်းသက်လာသော နတ်ဘုရင်တစ်ပါးလို ခံစားရ၏။
သူ၏ မျက်လုံးများက စကြာဝဠာကြီးကဲ့သို့ နက်ရှိုင်းပြီး နေ၊ လနှင့် ကြယ်များ ပျက်စီးနေသော အံ့မခန်းမြင်ကွင်းများ ထင်ဟပ်နေပေသည်။
ကျွင်းမိသားစု၏ ပထမစီကွမ်၊ နှစ်သွယ်မျက်လုံး ကျွင်းလုံခန်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်မှ...
ခါးတွင် ဘူးသီးခြောက်အရက်အိုးတစ်လုံးကို ချိတ်ဆွဲထားပြီး လက်တစ်ဖက်က ကောင်းကင်ထီးကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦး ပေါ်လာပြန်သည်။ သူ့ခေါင်းပေါ်တွင် သရဖူဆောင်းထားပြီး အရှိန်အဝါကြီးကာ ခန့်ညား၏။
ကျွင်းမိုရှောင် ဖြစ်သည်။
"သူတို့က ကျွင်းမိသားစုရဲ့ ရှေးဟောင်းလူထူးဆန်းနဲ့ ပထမစီကွမ်ပဲ။ တစ်ယောက်က မယုံနိုင်စရာ မျက်လုံးရှိပြီး နောက်တစ်ဦးက ကမ္ဘာကို အောင်နိုင်ခဲ့တဲ့ ဧကရာဇ်ခန္ဓာပဲ"
"ဒီလူနှစ်ယောက်ရဲ့ တောက်ပမှုက ကျွင်းရှောင်ယောက်ထက် သိပ်အားနည်းတာ မဟုတ်ဘူး"
ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်က ကျွင်းရှောင်ယောက်အနားသို့ ရောက်လာခဲ့သည်။ သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြ၏။
ဤအခိုက်အတန့်မှာ ပရိသတ်အားလုံး အသက်ပြင်းပြင်းရှူလိုက်ကြသည်။
တစ်ဖက်က အင်မော်တယ်ခုံရုံး၏ ဆက်ခံသူကိုးဦး...
တစ်ဖက်မှာတော့ ကျွင်းမိသားစု၏ ဘီလူးကြီး သုံးကောင်...
ထိပ်တန်း အင်အားစုကြီး နှစ်ခု၏ အင်အားအကောင်းဆုံး လူငယ်များက ယခုအချိန်တွင် အချင်းချင်း ရင်ဆိုင်နေပြီ ဖြစ်သည်။