← Chapters

အခန်း ၈၃၉

Vol. 56 Ch. 839

အခန်း ၈၃၉

Vol. 56 Ch. 839

အခန်း ( ၈၃၉ ) လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များ ရောက်ရှိလာခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။

လေထုက အလွန် တင်းမာလာသည်။

ဤသို့သော ထိပ်တိုက်ရင်ဆိုင်မှုမျိုးက တကယ်ကို ရှားပါးလွန်း၏။

အဓိပဓိအင်မော်တယ်ခုံရုံး၏ အင်မော်တယ်မျိုးရိုးကြီးကိုးခုမှ ဆက်ခံသူကိုးဦးတွင် တစ်ဦးစီက ထူးကဲသည်။ အားလုံးက မျိုးဆက်သစ်လူငယ်များကြား၌ အထွတ်အထိပ် ပါရမီရှင်များ ဖြစ်သည်။

ထို့အပြင် လင်ယွမ်က အင်မော််တယ်ခုံရုံး၏ ဧကရာဇ်ငယ် ဖြစ်လာခဲ့၏။ ယခုအခါ သူမ၏ အဆင့်အတန်းက ယခင်ကနှင့်ယှဉ်လျှင် များစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။

ကျွင်းမိသားစုမှာတော့... ဤဘီလူးကြီးသုံးကောင်က ရှေးဟောင်းလမ်းတွင် အလွန်တရာ ကျော်ကြားသည်။

ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်က ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် အနည်းငယ် အားနည်းပုံရသော်လည်း...

သူတို့က ဆွေးမျိုးများဖြစ်၍သာ ဖြစ်သည်။

အခြား တားမြစ်ပါရမီရှင်များနှင့် နှိင်းယှဉ်ပါက၊ သိသိသာသာ ပို၍ အားကောင်းကြပေသည်။

ထို့ကြောင့် ဤကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုးက အရပ်ရပ်မှ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

"အင်မော်တယ်ခုံရုံး၊ မင်းတို့က လူများတာနဲ့ လူနည်းစုကို အနိုင်ကျင့်တာ ပုံမှန်လိုဖြစ်နေပြီထင်တယ်။ ငါ မင်းတို့နဲ့ အဖော်ပြုပေးမယ်ဆိုရင် ဘယ်လိုလဲ"

ကျွင်းလုံခန်းက သူ့လက်တစ်ဖက်ကို နောက်ပစ်ပြီး ရပ်လိုက်သည်။

ယခုအခါ သူ၏ နှစ်သွယ်မျက်လုံးကို အနက်ရောင်ပုဝါနှင့် ကွယ်ထားရန် မလိုတော့သဖြင့် အမှတ်တမဲ့ကြည့်လျှင် သာမန်လူတစ်ယောက်နှင့် မခြားတော့ပေ။

သို့ရာတွင် အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ဆက်ခံသူများကို ကြည့်လိုက်သောအခါ သူ၏ နှစ်သွယ်မျက်လုံးက အလင်းရောင်လက်လာခဲ့သည်။

သူ့အရှိန်အဝါက ကြောက်စရာကောင်းလွန်းသဖြင့် မိုးနှင့်မြေကို ခွဲထုတ်နိုင်ပုံရ၏။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

'ငါ့ဝမ်းကွဲလည်း အတော် တိုးတက်လာပုံရတယ်'

ကျွင်းရှောင်ယောက် သူ့ဘာသာသူ တွေးလိုက်မိသည်။

ကျွင်းလုံခန်းသည် ရှေးကျသော နှစ်သွယ်မျက်လုံးပိုင်ရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးထံမှ အမွေကို ရရှိခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ မှန်ကန်ပုံရပေသည်။

"မင်းတို့မှာ လူများနေပေမဲ့ ဒါက ငါတို့ကို အောင်နိုင်မယ်လို့ မဆိုလိုဘူး။ တကယ်ဆိုရင် ရှောင်ယောက် တစ်ယောက်တည်းက မင်းတို့အားလုံးကို လွှမ်းမိုးထားဖို့ လုံလောက်တယ်။ လုံခန်းနဲ့ငါက အချိုပေါ်ကို သကာလောင်းပေးရုံပါပဲ"

ကျွင်းမိုရှောင်က ပေါ့ပေါ့ပါးပါး ပြောဆိုပြီး ခါးမှ ဘူးသီးခြောက်အရက်အိုးကို အဖုံးဖွင့်ကာ မော့သောက်လိုက်သည်။

သူ့ရှေ့မှ အင်မော်တယ်မျိုးရိုးကြီး ကိုးခု၏ ဆက်ခံသူများကိုတော့ လုံးဝဂရုမစိုက်ပေ။

"မင်း လှုပ်ရှားလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်၊ ဒါပေမဲ့ အရင်ကလို ငါ့ကိုစိတ်မပျက်စေနဲ့"

ကျွင်းရှောင်ယောက်လည်း သူ့အင်္ကျီလက်များကို ခါယမ်းပြီး တည်ငြိမ်စွာပြောလိုက်သည်။

ကျွင်းမိသားစုမှ ဘီလူးကြီး သုံးယောက်၏ သဘောထားကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်မှ လူများအားလုံး အံ့အားသင့်သွားကြသည်။

သူတို့က အင်မော်တယ်ခုံရုံး၏ ဆက်ခံသူများရှေ့မှာပင် ထိုသို့သောသဘောထားကို ပြသဝံ့ပေသည်။

"သူတို့က မိသားစုတစ်ခုတည်းကလို့ မပြောရဘူး၊ လေသံတွေတောင်မှ တစ်ပုံစံတည်းပဲ"

ကျင့်ကြံသူတချို့ ဆွံ့အသွားကြသည်။

"ကျွင်းမိသားစုက လူတွေအကုန်လုံး အရူးတွေပဲလား။ သူတို့အားလုံးက အရမ်း လွတ်လပ်ပြီး ထိန်းချုပ်မှုဘာမှမရှိဘူး၊ အားလုံးကို အလေးအနက်မထားဘူး"

"သူတို့အားလုံး အတူတူပဲ။ အားလုံးက တကယ့်ကို ရွံမုန်းစရာကောင်းတဲ့ စရိုက်တူကြတယ်"

ကူတိကျစ် မျက်မှောင်ကြုတ်လိုက်သည်။

ဤအချိန်တွင်...

အဝေးမှ ကောင်းကင်ယံတွင် အလင်းတန်းနှစ်ခု ရုတ်တရက် ထွက်ပေါ်လာပြန်သည်။

ယင်းက လူတော်တော်များများကို အံ့အားသင့်စေပြီး ချက်ချင်း လှမ်းကြည့်လိုက်၏။

ဤနေရာမှ ပျော်ပွဲတွင် ပါဝင်လိုသော အခြားတစ်ယောက်ရှိပါသလော။

ထိုအရှိန်အဝါကို ခံစားမိတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

အခြားတစ်ဖက်တွင်မူ၊ ကူတိကျစ်၏ မျက်လုံးများတွင် နားမလည်နိုင်သောအကြည့်များ ရှိနေပေသည်။

အရှိန်အဝါနှစ်ခုစလုံးက အလွန် အစွမ်းထက်ပြီး တားမြစ်ပါရမီရှင်များအဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။

အလင်းထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။

လူငယ်က ပိန်ပိန်ပါးပါးဖြစ်ပြီး နဂါးနှင့်ဖီးနစ် ရုပ်ပုံများဖြင့် ရွှေရောင်‌ တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

မိန်းကလေး‌ကမူ ချောမောလှပပြီး ရိုးရာဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ မျက်နှာက အပြစ်ကင်းစင်လေသည်။ သူမ ခြေတစ်ချက်လှမ်းလိုက်တိုင်း မဟာတာအို ပန်းပွင့်များနှင့် မိုးရေစက်များ ဝန်းရံနေကာ နတ်သမီးတစ်ပါးဟု ထင်ရစေသည်။

"အဲဒါ... သူတို့က ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောထဲက ကျွင်းရင်ဟွမ်နဲ့ ကျွင်းချင်းရန်ပဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးဆန်းသော အရောင်တစ်ခု တောက်ပလာခဲ့သည်။

ဤအခိုက်တွင် သူ့ကို လက်ဝှေ့ယမ်းပြနေသော အပြာရောင်ဝတ်စုံဖြင့် ကျွင်းလန်ရှီကိုပါ လှမ်းမြင်လို့က်ရ၏။

"မင်းတို့က တကယ်ကို လျှို့ဝှက်သွေးကြောက ပါရမီရှင်တွေပဲ"

ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်တို့သည်လည်း စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောကလည်း ပင်မသွေးပြန်ကြောများထက် များစွာ အားမနည်းဘဲ သန်မာကြပေသည်။

သူတို့က အမြဲတမ်း နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းထားသောကြောင့်သာ အပြင်လူများက အခြေအနေး သိပ်မသိကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ လျှို့ဝှက်သွေးကြောမှ ပါရမီရှင်နှစ်ဦး ရောက်ရှိလာခြင်းက အခြေအနေကို ပို၍ရှုပ်ထွေးစေခဲ့သည်။

အချို့ ကျင့်ကြံသူများကတော့ အခြေအနေကို ယောင်ဝါးဝါးဖြင့် သိကြ၏။

လျှို့ဝှက်သွေးကြောက ကျွင်းမိသားစုမှ ခွဲထွက်သွားသော်လည်း လူအများ စိတ်ကူးထားသည့်အတိုင်း ဆန့်ကျင်ဘက် ကွဲသွားခြင်းမျိုး မဟုတ်ပေ။

အယူအဆ မတူညီခြင်းကြောင့် လမ်းခွဲခဲ့ရုံသာ ဖြစ်သည်။

သို့ဖြစ်ပေရာ၊ ယခုကဲ့သို့ လျှို့ဝှက်သွေးကြောမှ ပါရမီရှင်နှစ်ဦး ရောက်လာခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

လျှို့ဝှက်သွေးကြောက ကျွင်းမိသားစုဆီ ပြန်ရောက်နေပြီလော။

ထိုသို့ တွေးမိသောအခါ အားလုံး တုန်လှုပ်သွားကြသည်။

ကျွင်းမိသားစု၏ မူလသွေးကြော တစ်ခုတည်းကပင် ခိုင်မာပြီးသားဖြစ်ပြီး အဓိပဓိအင်မော်တယ်ခုံရုံးကို ကြောက်ရွံ့စေနိုင်သည်။

အကယ်၍ လျှို့ဝှက်သွေးကြော ပြန်ပေါ်လာပါက ကမ္ဘာကြီးကို အုပ်စိုးရန် မဖြစ်နိုင်ဘူးလား။

ကျွင်းရင်ဟွမ်က နားလည်ရခက်သော မျက်လုံးများနှင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ကျွင်းချင်းရန်ကတော့ ချိုသာစွာပြုံးရင်း ပြောလိုက်၏။

"ချင်းရန်၊ အရင်က မျိုးနွယ်တူ မောင်နှမ သုံးယောက်ရဲ့ နာမည်တွေကို ကြားဖူးခဲ့တာတော့ ကြာပါပြီ။ ဒီနေ့ မြင်ရတော့ တကယ့်ကို သာမန်မဟုတ်ဘူး"

ကျွင်းရှောင်ယောက်နှင့် အခြားသူများက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

ကျွင်းရင်ဟွမ်နှင့် အခြားသူများကိုကြည့်ရင်း ကူတိကျစ်၏ မျက်လုံးများက စဉ်းစားတွေးခေါ်နေသော အရိပ်အမြွက်တို့ ပေါ်လာသည်။

ယခုအခါ၊ အင်မော်တယ်ခုံရုံးဘက်တွင် အင်မော်တယ်မျိုးရိုးကိုးခု၏ ဆက်ခံသူကိုးဦး ရှိသည်။

ကျွင်းမိသားစုဘက်မှတော့ ဘီလူးကြီသုံးကောင်နှင့် လျှို့ဝှက်သွေးကြောမှ ပါရမီရှင်နှစ်ဦး ရှိ၏။

ဤနည်းအားဖြင့် ကျွင်းသားစုကို လွှမ်းမိုးရန် သူတို့အတွက် ပို၍ ခက်ခဲသွားပြီ ဖြစ်သည်။

တကယ်တော့ ကျွင်းရှောင်ယောက်တစ်ဦးတည်း ဖြစ်နေလျှင်ပင် အင်မော်တယ်ခုံရုံးက ကျွင်းမိသားစုကို အရှိန်အဟုန်နှင့်လွှမ်းမိုးရန် မျှော်လင့်ချက်မရှိပေ။

"လူတိုင်းပဲ…”

ထိုအချိန်တွင် အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကုသိုလ်ခန်းမ အတွင်းပိုင်းမှ ပေါ်လာခြင်း ဖြစ်၏။

"ကုသိုလ်ခန်းမရှေ့မှာ ပဋိပက္ခဖြစ်တာ မသင့်ပါဘူး"

"နောက်ဆုံး စမ်းသပ်မှုက စတော့မယ်။ မင်းတို့က တိုင်းတစ်ပါးရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရကြမှာ၊ မလိုအပ်ရင် ကိုယ့်အချင်းချင်း တိုက်ခိုက်တာကို ရပ်လိုက်တာ ပိုကောင်းပါတယ်"

အိုမင်းသော အသံရှင်၏ စကားများက လေထုကို ငြိမ်သက်သွားစေခဲ့သည်။

ကူတိကျစ်၏ မျက်နှာပေါ်ရှိ အေးစက်သောအကြည့်များ ပျောက်ကွယ်သွားပြီး နားမလည်နိုင်သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သူက ပြောလိုက်သည်။

"အကြီးအကဲ ပြောလာမှတော့ ဒီနေ့‌ မေ့လိုက်ပါ။ ကျွင်းရှောင်ယောက်... ရှန်းရွှီကမ္ဘာမှာလည်း ဒီလိုသဘောထားကို မင်း ဆက်ပြီး ထိန်းသိမ်းထားနိုင်မယ်လို့ ငါ မျှော်လင့်တယ်"

ယင်းကို‌မြင်တော့ ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်၏။

"မင်းကိုကြည့်ရတာ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခု ပြုလုပ်ထားပြီးပုံရတယ်။ ဒါပေမဲ့ မင်း သတိထားရမယ်"

"အကြွင်းမဲ့ ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အခါ အကြံအစည်တိုင်းက မိုက်မဲပြီး ရယ်စရာကောင်းတယ်"

"ဒါဆိုရင် ငါတို့ တွေးကြသေးတာပေါ့။ ရေနစ်ဖူးသူမှ ရေကူးတတ်တာ"

ကူတိကျစ် ပြုံးလိုက်သည်။

သူကိုယ်တိုင်က အစွမ်းထက်သည့်အပြင် ဝှက်ဖဲများလည်း ရှိပေသည်။

သူဟာ ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ရန် သတ်ဖြတ်ခြင်း အဆင့်လေးဆင့်ကိုပင် ပြင်ဆင်ခဲ့သည်။

ယင်းကမှ ကျွင်းရှောင်ယောက်ကို မသတ်နိုင်လျှင်တော့ သူ ရှုံးနိမ့်ကြောင်း ဝန်ခံရတော့မည်။

ကူတိကျစ် လှည့်ထွက်သွားသည်။

ကူတိကျစ်ကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်လာ၏။

ယင်းက တကယ်ကို သူရဲကောင်းဆန်သော ရုပ်သွင် ဖြစ်သည်။

သူဟာ အလွန် စွမ်းအားကြီးသည့်အပြင် ဉာဏ်ပညာလည်း ရှိပြီး ပေါ့ပေါ့ဆဆ ပြုမူလိမ့်မည် မဟုတ်ပေ။

အကယ်၍ သူသာ အခြားခေတ်များတွင် မွေးဖွားလာပါက၊ အရာအားလုံးကို ပြောင်းလဲနိုင်ပြီး ထိပ်တန်းသို့ ရောက်နိုင်သူဖြစ်မည်မှာ သေချာသည်။

ကံမကောင်းစွာဖြင့်၊ ယခုတော့ ကျွင်းရှောင်ယောက်နှင့် တွေ့ခဲ့ရပေသည်။

ကျွင်းရှောင်ယောက်နှင့် ခေတ်ပြိုင် မွေးဖွားမိသည့်အတွက် ဝမ်းနည်းရတော့မည်ဟု ဆိုရမည်။

လင်ယွမ်ကတော့ ကျွင်းရှောင်ယောက်ကိုကြည့်ကာ တစ်ခုခုပြောချင်နေပုံရသည်။ သို့သော်လည်း ဤကိစ္စက လူသိရှင်ကြားပြောရန် အဆင်မပြေပေ။

ထို့နောက် သူလည်း လှည့်ထွက်သွားသည်။

သို့သော်လည်း လင်ယွမ်က သူမ၏ပေါင်အတွင်းပိုင်းရှိ အမှတ်အသားအတွက် စိတ်ပူနေကြောင်း ကျွင်းရှောင်ယောက် သိပေသည်။

ဝေချမ်ချမ်က ကျွင်းရှောင်ယောက်ကိုကြည့်ကာ ခေါင်းယမ်းလိုက်သည်။

ရိုးရိုးသားသား ပြောရလျှင် ကျွင်းရှောင်ယောက်၏ ရုပ်ရည်က တကယ်ကို သူမ၏အကြိုက်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ဆန့်ကျင်ဘက်တွင် ရပ်နေခဲ့ရသည်။

ယောင်ချင်း၊ စန်းလီနှင့် အခြားသူများ၏ အမူအရာများကတော့ ပြောင်းလဲခြင်း မရှိပါ။

ဆန့်ကျင်ဘက်တွင် ချီယိုအင်မော်တယ်မျိုးရိုးမှ ချီလုံက ကျွင်းရှောင်ယောက်ကို မုန်းတီးမှုအမူအရာ၊ ရှုပ်ထွေးသောအရိပ်အမြွက်တို့ဖြင့် ကြည့်ခဲ့သည်။

ကျွင်းရှောင်ယောက်က ချီလေ့ကို သတ်ခဲ့သူ ဖြစ်၏။

သို့သော်လည်း၊ ကျွင်းရှောင်ယောက်က ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်ဟူသော ခံစားချက်ကို ခဏတာ ပေးခဲ့သည်။

ဤခံစားချက်က ရှုပ်ထွေးလှပေသည်။

အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ဆက်ခံသူများ ထွက်ခွာသွားသောအခါ လေထုက လုံးလုံးလျားလျား ငြိမ်သက်သွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးအကြည့်များက ကျွင်းရင်ဟွမ်နှင့် ကျွင်းချင်းရန်ဆီသို့ လှည့်သွား၏။

"ငါ့အိမ်ကိုသွားရအောင်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

ထိုလျှို့ဝှက်မျိုးရိုးမှ ဆင်းသက်လာသူနှစ်ဦး ပေါ်လာရခြင်း အကြောင်းရင်း သူသိ၏။

သူတို့၏ တကယ့်ရည်ရွယ်ချက်က ကျွင်းမိသားစု၏ အရှိန်အဟုန်ကို ကူညီပေးရန် မဖြစ်သင့်ပေ။

ရည်ရွယ်ချက်တစ်ခုနှင့် လာရောက်ခြင်း ဖြစ်မည်။

All Chapters