အခန်း ၈၄၀
Vol. 56 Ch. 840
အခန်း ( ၈၄၀ ) လျှို့ဝှက်သွေးကြော၏ ရည်ရွယ်ချက်၊ မဖြစ်နိုင်သောအခြေအနေများ၊ ညအခါတွင် လင်ယွမ် လာရောက်လည်ပတ်ခြင်း။
ကုသိုလ်ခန်းမရှေ့မှာ ဘယ်သူမှ မရှိတော့ပါ။
အသန်မာဆုံး အင်အားစု နှစ်ခု၏ မျိုးဆက်သစ် လူငယ်များက ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်၊ နောက်ဆုံးစမ်းသပ်မှု စတင်တော့မည်ဖြစ်သောကြောင့် နှစ်ဖက်စလုံးဟာ မိမိတို့ကိုယ်ကို ချုပ်နှောင်ထားပြီး ရှေးဦးအင်ပါယာမြို့၌ လှုပ်ရှားခြင်း မပြုခဲ့ပေ။
သို့သော်လည်း အချိန်တန်လျှင် ဖြစ်လိမ့်မည်သာ ဖြစ်သည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က လူတစ်စုကို စံအိမ်တော်သို့ ပြန်ခေါ်သွားခဲ့သည်။
ယွိချန်ကျွမ့်နှင့် ထိုက်ယင်ကျောက်စိမ်းယုန်က လိမ်မာပါးနပ်စွာ ဆုတ်သွးကြ၏။
ကျွင်းရှောင်ယောက်က ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်ကို တစ်ချက်ကြည့်လိုက်သည်။
"ကြည့်ရတာ သံသယကို ငါတို့ရှောင်ဖို့ လိုပုံရတယ်"
ကျွင်းလုံခန်းက ပုံမှန်အတိုင်း ပြောလိုက်သည်။
သူတို့ နှစ်ယောက်လည်း ထွက်သွားကြလေသည်။
အိမ်တော်၏ ခန်းမထဲတွင် ကျွင်းရှောင်ယောက်၊ ကျွင်းရင်ဟွမ်နှင့် ကျွင်းချင်းရန်တို့သာ ကျန်တော့သည်။
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ရှေ့ခုံတွင် တိုက်ရိုက်ထိုင်လိုက်သည်။ သူက ယဉ်ကျေးရန် လုံးဝ ရည်ရွယ်ချက်မရှိပေ။
"မင်းတို့ လာရတဲ့ ရည်ရွယ်ချက်ကို ပြောနိုင်ပြီ"
ကျွင်းရှောင်ယောက်၏ သဘောထားကြောင့် ကျွင်းရင်ဟွမ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ကျွင်းရွယ်မင် သေဆုံးမှုအတွက် ဖြေရှင်းချက်တစ်ခု ရှိသင့်တယ် မဟုတ်လား"
ကျွင်းရွင်ဟွမ် ပြောလိုက်၏။
ကျွင်းရွယ်မင်က သူတို့၏ မိသားစုဝင်တစ်ဦး ဖြစ်ချေသည်။
ဘေးမှ ကျွင်းချင်းရန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ကျွင်းရှောင်ယောက်မှ ကျွင်းရွယ်မင်ကို သတ်လိုက်ခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။
သို့သော်လည်း သူမ၏မျိုးရိုးမှ ကျွင်းလန်ရှီ၏စကားအရ ကျွင်းရွယ်မင် တရားလွန်ခဲ့ခြင်း ဖြစ်သည်။
"မင်းရဲ့ ရည်ရွယ်ချက်အမှန်ကို ပြောလိုက်ပါ။ ဒီနတ်ဘုရားသားတော်က ပျင်းစရာကောင်းတဲ့ အရာတွေအတွက် အချိန်မဖြုန်းချင်ဘူး"
ကျွင်းရှောင်ယောက်က ထိုင်ခုံလက်ရန်းကို လက်ညိုးဖြင့် တောက်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"အဟက်... မူလသွေးကြောရဲ့ နတ်ဘုရားသားတော်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ တကယ် မာနကြီးတယ်"
ကျွင်းရွင်ဟွမ်က လှောင်ပြောင်လိုက်သည်။
ထို့နောက် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်၏။
ကျွင်းရှောင်ယောက် ဖမ်းယူပြီးနောက် ဝိညာဉ်အသိကို ပို့လွှတ်ကြည့်လိုက်သည်။
ရုတ်တရက်၊ သူ့မျက်လုံးများ အရိပ်အယောင် အနည်းငယ် ပြောင်းလဲသွား၏။
ခဏကြာပြီးနောက် ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"မင်းတို့ ဒီအကြောင်းကို သိပြီးကြပြီလား"
"မသိဘူး၊ ဒါပေမဲ့ ငါ့ လျှို့ဝှက်သွေးကြောတွေကို ပြန်ရချင်ရင် အရမ်းခက်ခဲမယ်ဆိုတာ ငါပြောနိုင်တယ်"
ကျွင်းရွင်ဟွမ်က ပြောလိုက်၏။
"ဒါက တကယ်ကို ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ..."
"အရမ်းခက်ခဲလွန်းလို့ ပြီးအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်ဖြင့် လင်းလက်သွားသည်။
ကျောက်စိမ်းတံဆိပ်ပြားအတွင်းမှ အချက်အလက်များမှာ အခြေအနေတစ်ခု ဖြစ်သည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများကို ပြန်လည်ရရှိရန် အခြေအနေတစ်ခု ဖြစ်၏။
ဤအခြေအနေက အနည်းငယ် လွန်ကဲပြီး အောင်မြင်ရန် မဖြစ်နိုင်လုနီးပါးဟုပင် ဆိုနိုင်သည်။
"ခွပ်"
ကျွင်းရှောင်ယောက်က လက်သီးဆုပ်လိုက်သည်နှင့် ကျောက်စိမ်းတံဆိပ်ပြားက အမှုန့်ဖြစ်ပြီး သူ့လက်ချောင်းများကြားမှ ကျဆင်းသွားတော့သည်။
"ပြန်ပြောလိုက်ပါ၊ ဒီနတ်ဘုရားသားတော် လက်ခံတယ်"
ကျွင်းရှောင်ယောက်၏ စကားကြောင့် ကျွင်းရွင်ဟွမ်နှင့် ကျွင်းချင်းရန်တို့ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ကျောက်စိမ်းတံဆိပ်ပြားအတွင်း၌ မည်သည့်အချက်အလက်များ ပါရှိသည်ကို မသိသော်လည်း...
အလွန်ဆိုးရွားသော အခြေအနေတစ်ခုဆိုတာ သိသာထင်ရှားလှပေသည်။
ဤအခြေအနေများ ပြည့်စုံမှသာလျှင် မိသားစုကို လျှို့ဝှက်သွေးကြောများ ပြန်လာမည် ဖြစ်သည်။
"မင်းမှာ ဒီလိုအရည်အချင်းရှိမလား ငါသိချင်တယ်"
ကျွင်းရွင်ဟွမ်က ကျွင်းရှောင်ယောက်ကို လေးလေးနက်နက်ကြည့်ကာ လှည့်ထွက်သွားသည်။
ကျွင်းချင်းရန်ကတော့ ခဏရပ်ပြီး ကျွင်းရှောင်ယောက်ကို ကြည့်ကာ ပြော၏။
"လန်ရှီရဲ့ အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် မျိုးနွယ်တူအစ်ကို"
"မပြောပလောက်ပါဘူး"
ကျွင်းရှောင်ယောက် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"မျိုးနွယ်တူအစ်ကို၊ တစ်ယောက်ယောက်က လျှို့ဝှက်သွေးကြောတွေကို ပြန်ပေးနိုင်မယ်ဆိုရင် ဒါက အစ်ကိုဖြစ်သင့်တယ်"
ကျွင်းချင်းရန်က သက်ပြင်းချလိုက်သည်။
လျှို့ဝှက်သွေးကြောများ ပြန်သွားကြရန် သူမ အမှန်တကယ် မျှော်လင့်မိပေသည်။
နောက်ဆုံးတွင်၊ သူတို့၏ မျိုးရိုးက ကြာရှည်စွာ တိတ်ဆိတ်နေခဲ့သောကြောင့် အတိတ်မှ ဂုဏ်အသရေကို အားလုံးမေ့နေပြီ ဖြစ်သည်။
နောက်တော့ ကျွင်းချင်းရန်လည်း ထွက်သွားတော့သည်။
ကျွင်းရှောင်ယောက် တစ်ယောက်တည်းသာ ကျန်ခဲ့သည်။
သူ့မျက်လုံးများ အရောင်ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူ့နှုတ်ခမ်းထောင့်မှ အပြုံးခပ်သဲ့သဲ့ ပေါ်လာခဲ့သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်ကို စိတ်ဝင်စားစရာပဲ။ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုလား"
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
ဤအခြေအနေများမှာ ခက်ခဲလွန်း၍ အခြား မည်သူမျှ အောင်မြင်ရန် မဖြစ်နိုင်ဟု ဆိုနိုင်သည်။
တွေးတောင်တွေးဝံ့မည် မဟုတ်ပေ။
ကျွင်းရှောင်ယောက်က ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သူ့မျက်လုံးအကြည့်များက အမိုးခုံးကို ဖောက်ပြီး ကောင်းကင်ကို မြင်နေရဟန် ရှိ၏။
"မင်းရဲ့ အစီအစဉ်က ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ၊ ဒီနတ်ဘုရားသားတော်ကို မမီနိုင်ဘူး"
"ကောင်းကင်... မင်းက ဒီကစားပွဲကို ငါ မနိုင်ဘူးဆိုတာ သက်သေပြချင်နေတာလား"
"ဒါဆိုရင် နောက်ဆုံးမှာ ဘယ်သူရယ်နိုင်မလဲ ကြည့်ရအောင်"
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ဆတ်ခနဲ ခါယမ်းလိုက်သည်။ သူ့မျက်လုံးများက အရောင်လက်သွား၏။
သူက အစီအစဉ်တစ်ခုကို စဉ်းစားထားပြီးသား ဖြစ်သည်။
ပြီးပြည့်စုံသော အစီအစဉ်တစ်ခု။
'ကူတိကျစ်၊ မင်းရဲ့ အစီအစဉ်က ငါ့ကို အံ့အားသင့်စေမယ်လို့ ငါ မျှော်လင့်ပါတယ်။ မင်းမပါဘဲ ဒီအစီအစဥ်ကို ငါ မပြီးမြောက်နိုင်ဘူး'
ကျွင်းရှောင်ယောက် လေးလေးနက်နက် တွေးလိုက်သည်။
အရာများကို အင်အားဖြင့် ဖြေရှင်းနိုင်ခြင်းကြောင့်သာ ကျွင်းရှောင်ယောက်က ဉာဏ်မထုတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကောင်းကင်ဘုံနှင့် ဤကစားပွဲမှာတော့ အစီအစဉ်ဆွဲရန် လိုအပ်နေသေးသည်။
ကျွင်းရှောင်ယောက်က အဆုံးစွန်စမ်းသမ်မှုနေရာဖြစ်သည့် ရှန်းရွှီကမ္ဘာကို ကောင်းကင်နှင့် ကစားပွဲ၏ နောက်ဆုံးပွဲအဖြစ် မှတ်ယူထားလိုက်သည်။
တစ်ကြိမ်တည်းဖြင့် ရလဒ်ကို ဆုံးဖြတ်ရလိမ့်မည်။
သူ့စိတ်ထဲတွင် အစီအစဥ်ကို စဉ်းစားပြီးနောက် ကျွင်းရှောင်ယောက် အပူအပင်မရှိတော့ဘဲ စိတ်အေးလက်အေး ဖြစ်သွားသည်။
ကုသိုလ်ခန်းမမှရရှိသော ကြာမျိုးစေ့များကို အတွင်းစကြာဝဠာအတွင်းသို့ သွင်းကာ အသက်စမ်းရေထဲသို့ နစ်မြုပ်သွားစေလိုက်၏။
ကြာမျိုးစေ့က အသက်စမ်းရေထဲသို့ နစ်မြုပ်သွားပြီးသော်လည်း လှုပ်ရှားမှု သိပ်မရှိသေးပေ။
ကျွင်းရှောင်ယောက်က အလျင်မလိုပဲ ထားခဲ့လိုက်သည်။
ထို့နောက်၊ ကျွင်းရှောင်ယောက်က နောက်ဆုံးစမ်းသပ်မှုအတွက် သူ့ကိုယ်သူ အကောင်းဆုံးအနေအထားသို့ ပြင်ဆင်လိုက်သည်။
ညဥ့်နက်လာသည်နှင့်အမျှ ရှေးဦးအင်ပါယာမြို့ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီ။
တန်ခိုးရှင်တစ်ဦးက လကို ဆွဲယူကာ မြို့တော်အထက် ကြယ်ကောင်းကင်တွင် ချိတ်ဆွဲထား၍ လရောင်က ဖြာကျနေသည်။
ထိုအချိန်တွင်၊ အိမ်တော်ထဲမှာ တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း ဒီကိုရောက်လာမှတော့ ထွက်ခဲ့ပါ"
စကားသံအဆုံးတွင် အရပ်မြင့်မြင့်နှင့် အေးစက်ပြီး လှပသော ရုပ်သွင်တစ်ခု ပေါ်လာခဲ့၏။
ကျွင်းရှောင်ယောက်က မျက်ခုံးပင့်ပြီး စကပ်အောက်မှ သေးသွယ်သော နှင်းဖြူဖွေးဖွေး ခြေထောက်များကို တိုက်ရိုက် ကြည့်လိုက်လေသည်။
နောက်ဆုံးမှ သူ့အကြည့်က ကမ္ဘာပေါ်တွင် အလှဆုံးဖြစ်ပြီး အေးစက်စက်နိုင်သော မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဂုဏ်သိက္ခာကြီးမားတဲ့ ဧကရီက ညကြီးအချိန်မတော် လာလည်တာပဲ၊ ဒါက လူတွေကို အထင်လွဲစေနိုင်တယ်"
ကျွင်းရှောင်ယောက်က တင်ပျဉ်ခွေထိုင်နေရင်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
ရောက်လာသူက သဘာဝအတိုင်း လင်ယွမ် ဖြစ်ချေသည်။
သူမက အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
"ငါဒီကို ဘာဖြစ်လို့ ရောက်နေလဲဆိုတာ နင်သိတယ် မဟုတ်လား"
"ဘာလို့လဲ"
ကျွင်းရှောင်ယောက် မသိဟန်ဆောင်ကာ မေးလိုက်၏။
"နင်..."
လင်ယွမ် အံကြိတ်သွားပြီး အသက်ပြင်းပြင်းရှူလိုက်သောကြောင့် သူမ၏ ဖွံ့ဖြိုးသော ကျောက်စိမ်းတောင်ထွတ်နှစ်ခုက အနည်းငယ် အတက်အကျ ဖြစ်သွားခဲ့လေသည်။
အကြောင်းတစ်ခုခုကြောင့် ကျွင်းရှောင်ယောက်ရှေ့ကိုရောက်လျှင် သူမ၏ မြင့်မားပြီး ဝေးကွာ သဘောထားကို မထိန်းနိုင်တော့ပေ။
ကျွင်းရှောင်ယောက်၏ အဆင့်အတန်းက သူ့ထက် မနိမ့်ကျသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့မဟုတ်ပါက၊ ပြန်လည်ဝင်စားခြင်း ပင်လယ်ထဲမှ မျိုးဆက်တစ်ရာ ကံကြမ္မာက သူမအပေါ် သက်ရောက်မှုရှိနေတုန်းပဲ ဖြစ်လိမ့်မည်။
"နင်ချန်ထားခဲ့တာတွေကို ဖယ်လိုက်ပါ”
လင်ယွမ်က အေးစက်စက် ပြောလိုက်သည်။
သူမ ရည်ညွှန်းသည့်အရာမှာ သဘာဝအတိုင်း သူ့ခြေထောက်များကြားတွင် ကျွင်းရှောင်ယောက် ချန်ထားခဲ့သည့် အမှတ်အသား ဖြစ်သည်။
ယင်းကိုတွေးမိတိုင်း မျိုးဆက်တစ်ရာ ကံကြမ္မာကိုလည်းသတိရကာ သူမ၏ တာအိုနှလုံးသားကို တည်ငြိမ်စေရန် ခက်ခဲလှပေသည်။
"ဒါက သေးငယ်တဲ့ ပြစ်ဒဏ်လေးတစ်ခုပါပဲ။ မင်း ငါ့ကို ခြိမ်းခြောက်ဖို့ နတ်သမီးယွမ်ကို သုံးသုံးနေတာ မကြိုက်ဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ဒါဆို ငါ သူ့ကိုသတ်လိုက်မှာကို နင်မစိုးရိမ်ဘူးလား"
"မင်း သူ့ကို သတ်လို့ရပါတယ်။ ဒါပေမဲ့... ဒီလိုလုပ်ရင် သူနဲ့အတူ မင်းကို မြှုပ်နှံရလိမ့်မယ်"
ကျွင်းရှောင်ယောက်က လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ညင်သာစွာ မှုတ်ကာ တစ်ငုံသောက်လိုက်သည်။
တည်ငြိမ်သောလေသံဖြင့် ရက်စက်သော စကားလုံးများကို သုံးခဲ့၏။
ယခုအခါ လင်ယွမ်၏ အထောက်အထားက အဘယ်နည်း။
အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ် ဖြစ်သည်။
ကျွင်းရှောင်ယောက်က လင်ယွမ်ကို ထိုသို့သော လေသံဖြင့် ဆက်ဆံနိုင်သော တစ်ဦးတည်းသောသူ ဖြစ်လိမ့်မည်။
လင်ယွမ်လည်း သူမ၏ ကျောက်စိမ်းလက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ဤနေရာသာ ရှေးဦးအင်ပါယာမြို့တော် မဟုတ်ပါက၊ သူမအနေနဲ့ အမှန်တကယ် မထိန်းနိုင်တော့ဘဲ တိုက်ခိုက်မိလိမ့်မည်။
"ဘယ်လိုလုပ်မှ နင် ဖယ်ရှားဖို့ ဆန္ဒရှိမှာလဲ"
လင်ယွမ် အေးစက်စက် ပြောလိုက်သည်။
ကျွင်းရှောင်ယောက် ခဏလောက် စဉ်းစားပြီးနောက် မလှမ်းမကမ်းမှာ စစ်တုရင်ခုံတစ်ခုကို တွေ့လိုက်ရ၏။
သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ စစ်တုရင်ခုံက သူတို့နှစ်ဦးကြားတွင် ကျလာတော့သည်။
"ကစားကြရအောင်။ မင်းအနိုင်ရရင် အမှတ်အသားကို ဖျက်ပစ်ပေးမယ်။ ဒါ့အပြင် ငါ ဦးညွှတ်ပြီး တောင်းပန်ဦးမယ်"
"မင်းရှုံးရင်တော့... ငါ နောက်ထပ် အမှတ်အသားတွေ လုပ်ရလိမ့်မယ်"
"လာစမ်းပါ၊ ငါက နင့်ကို ကြောက်မယ်ထင်လို့လား"
လင်ယွမ်က ခြေတစ်ဖက်ချိတ်ပြီး ကျွင်းရှောင်ယောက်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
စစ်တုရင်ကစားမည်ဟု ပြောကြသော်လည်း စစ်တုရင်ချည်းသက်သက် မဟုတ်ပါ။
တာအိုနှင့် နိယာမတရားများ ပါဝင်သည်။
ထို့အပြင် ယင်းက ကစားပွဲကြီးတစ်ခုအဖြစ် ရှိ၏။
လင်ယွမ်ဘက်မှ အရုပ်များက အင်မော်တယ်ခုံရုံးနှင့် တူသည်။
ကျွင်းရှောင်ယောက်ဘက်ကတော့ သဘာဝအတိုင်း ကျွင်းမိသားစုပင်။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်နှင့် အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်။
ကစားပွဲက စတင်ခဲ့ချေပြီ။
..........
လင်ယွမ်၏ သိမ်မွေ့သော ခန္ဓာကိုယ်ကလေးက အနည်းငယ် တုန်ခါနေသည်။ သူမ၏ လှပသော မျက်နှာလေးမှာလည်း ပုံမှန်မဟုတ်ဘဲ နီမြန်းလျက်ရှိ၏။
ကြီးစွာသော အရှက်တရားနှင့် ဒေါသ၏ လက္ခဏာများ ဖြစ်သည်။
တစ်ညတည်းဖြင့် သူမ ခြောက်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေသည်။
သူမ၏ ပေါင်အတွင်းဘက်တွင် နောက်ထပ် အမှတ်အသားခြောက်ခု ပေါ်လာခဲ့သည်။
သူမကို ပိုရှက်ရွံ့ပြီး ဒေါသဖြစ်စေခဲ့သည်က ထိုခြောက်ချက်စလုံးကို ယခင်တစ်ကြိမ်မှာ ထပ်မံထည့်လိုက်ခြင်းပင်။
အမှတ်အသားခုနစ်ခု စုံညီသောအခါ 'ကျွင်း'စာလုံးတစ်ခု ပေါ်လာခဲ့သည်။
သူမ၏ အတွင်းပိုင်း ပေါင်ပေါ်တွင် ဤအမှတ်အသားမျိုး ရေးထားခြင်းမှာ အလွန်အဆင်မပြေပေ။
ယင်းက ဘယ်အဓိပ္ပာယ်နည်း။
သူမကို ကျွင်းရှောင်ယောက်၏လူအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သလော။
နောက်ဆုံးတွင်၊ အချို့ ကျွန်မိန်းမများက သူတို့၏ ခန္ဓာကိုယ်တွင် သူတို့သခင်၏နာမည်ကို ကနုတ်ထိုးခံကြရသည်။
မကြုံစဖူး အရှက်တရားတစ်ခုက လင်ယွမ်၏ နှလုံးသားမှာ ပြည့်နှက်သွားသည်။
သူသည် အဓိပဓိအင်မော်တယ်ခုံရုံး၏ ဂုဏ်သိက္ခာရှိသော ဧကရာဇ်ငယ်တစ်ဦးဖြစ်သော်လည်း နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်၏လူ အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဤအကြောင်းကိုသာ လူအများ သိကြပါက အုတ်အော်သောင်းတင်း ဖြစ်လိမ့်မည်။
ကူတိကျစ်သည်လည်း ဒေါသထွက်လွန်း၍ သွေးအန်ပြီး သေဆုံးသွားနိုင်သည်။
"ကျွင်းရှောင်ယောက်၊ ရှန်းရွှီကမ္ဘာကျရင်လည်း နင် ဒီလိုပဲ တည်ငြိမ်နေနိုင်ဖို့ ငါမျှော်လင့်ပါတယ်"
ကူတိကျစ်၏ အကြံအစည်ကသာ ကျွင်းရှောင်ယောက်ကို အမှန်တကယ် ချေမှုန်းနိုင်မည်မှန်း သူမ သိပေသည်။
လင်ယွမ် အေးစက်သော မျက်နှာဖြင့် လှည့်ထွက်လိုက်သည်။ တစ်စုံတစ်ဦးမှ သတိပြုမိမည်ကို စိုးရိမ်သောကြောင့် ခြေဆောင့်၍ပင် မလျှောက်ဝံ့ပေ။ သူ့ခမျာ တစ်ကိုယ်လုံး အဆင်မပြေ ဖြစ်ခဲ့ရသည်။
ထွက်ခွာသွားသော လင်ယွမ်၏ နောက်ကျောကိုကြည့်ရင်း ကျွင်းရှောင်ယောက်က စစ်တုရင်ရုပ်တစ်ခုကို သူ့လက်ချောင်းများကြားမှာ လှည့်ပတ် ဆော့ကစားလိုက်လေသည်။
"ကောင်းကင်ဘုံ... အခုချိန်ထိ မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ နေနေသာသာ အဝေးကြီးမှာ ရှိသေးတယ်"