← Chapters

အခန်း ၈၄၁

Vol. 57 Ch. 841

အခန်း ၈၄၁

Vol. 57 Ch. 841

အခန်း ( ၈၄၁ ) အဆုံးစွန်စမ်းသပ်မှု စတင်ခြင်း၊ နတ်သမီးယွမ်နှင့် ပြန်တွေ့ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ရှေးဦးအင်ပါယာမြို့တော်တွင် ပါရမီရှင်များ ပိုများလာခဲ့သည်။

အမှန်တော့ ဤပါရမီရှင် အရေအတွက်က အဆုံးစွန်ရှေးဟောင်းလမ်းကို ခြေချခဲ့သည့် ပါရမီရှင်များနှင့်ယှဉ်လျှင် တစ်သောင်းပုံ တစ်ပုံသာ ရှိသည်။ လူအရေအတွက်က အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်ချေသည်။

အခြားတစ်ဖက်တွင်၊ ရှေးဟောင်းကြယ်တစ်စင်းမှာ...

ဤရှေးဟောင်းကြယ်ကို မူလက နေမင်း သန့်စင်သောစွမ်းအားနှင့် လမင်း သန့်စင်သောစွမ်းအားက ဖုံးလွှမ်းထားခဲ့သည်။

သို့သော်လည်း ယခုတော့ ကစဉ့်ကလျားအဖြစ် ပြောင်းသွားပြီ။

ယောင်ဝါးဝါးဖြင့် ကြောက်မက်ဖွယ်ကောင်းသော ကစဉ့်ကလျားစွမ်းအင်များလည်း အသက်ဝင်လာပုံရသည်။

"အရှင်မင်းသား အောင်မြင်တော့မှာလား"

ရှေးဟောင်းကြယ်အပြင်ဘက်၊ ကြယ်ကောင်းကင်တွင် အကြီးအကဲတချို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ အားလုံး၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပေါ်လာတော့သည်။

လအတော်ကြာပြီးနောက်၊ ရွှေကျီးကန်း ဒသမမင်းသားဟာ နောက်ဆုံးတွင် လှုပ်ရှားမှုအချို့ ရှိလာပြီ ဖြစ်သည်။

"ဝုန်း..."

တစ်ချိန်တည်းမှာပင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ရှေးဟောင်းကြယ်တစ်ခုလုံး တုန်ခါပြီး ပေါက်ကွဲသွားတော့မည်။

ကစဉ့်ကလျားစွမ်းအင်များ ထွက်ပေါ်လာပြီး ရှေးဟောင်းကြယ်၏ မျက်နှာပြင်က ပျက်စီးသွားခဲ့သည်။

အဆုံးတွင်၊ ရှေးဟောင်းကြယ်တစ်လုံး ပြည့်နှက်နေသော ကစဉ့်ကလျား စွမ်းအင်များက ရုတ်တရက် စုစည်းလာကာ နောက်ဆုံးတွင် ရုပ်သွင်တစ်ခု၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားတော့သည်။

ထိုလူရိပ်မှာ၊ အမှန်တကယ် အတားအဆီးကို ဖြတ်ကျော်ခဲ့သော ရွှေကျီးကန်း ဒသမမင်းသား ဖြစ်သည်။

သို့သော်လည်း ဤအခိုက်တွင် ရွှေကျီးကန်း ဒသမမင်းသား၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများကလည်း အရောင်ပြောင်းသွားသည်။ မျက်လုံးတစ်ဖက်က ရွှေရောင်ဖြစ်ပြီး နောက်တစ်ဖက်ကတော့ ငွေရောင် ဖြစ်၏။

တစ်ချိန်တည်းမှာပင်၊ သူ့နောက်ဘက်မှ အတောင်များကလည်း ကောင်းကင်ကို ဖြတ်တောက်နိုင်သော ကောင်းကင်အတောင်ပံများကဲ့သို့ ရွှေရောင်တစ်ဖက်နှင့် ငွေရောင်တစ်ဖက် ဖြစ်တော့သည်။

ရွှေကျီးကန်းဒသမမင်းသား၏ လက်တစ်ဖက်ကို လမင်းစွမ်းအင်က ရစ်ပတ်ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ နေမင်း စွမ်းအင်က ရစ်ပတ်ထားသည်။ နောက်ဆုံးတွင် ပေါင်းစည်းပြီး အဆုံးမရှိ ကစဉ့်ကလျားလှိုင်းအဖြစ်သို့ ပြောင်းလဲသွား၏။

ထိုအရှိန်အဝါက တကယ်ကို အံ့မခန်း ဖြစ်သည်။

"တံခါးပိတ်လေ့ကျင့်တာကနေ ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ် အရှင်မင်းသား၊ ဂုဏ်ယူပါတယ်"

နေနတ်ဘုရားတောင်၏ အကြီးအကဲများက ဝမ်းမြောက်ဝမ်းသာ ပြောဆိုလိုက်ကြသည်။

ရွှေကျီးကန်းဒသမမင်းသားက ယခင်အတိုင်း ချောမောနေဆဲပင်။ သို့သော်လည်း သူ့မျက်နှာမှာ အနည်းငယ်ပို၍ မိန်းမဆန်လာပုံရသည်။

သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဖရိုဖရဲခန္ဓာကိုရပြီ၊ ဒါပေမဲ့... ချို့ယွင်းချက်တွေ ရှိနေတယ် "

အကြီးအကဲအားလုံး အံ့အားသင့်သွားကြ၏။ သို့သော်လည်း မကြာမီ နားလည်ခဲ့ကြသည်။

နေနှင့်လ၏ ပေါင်းစပ်မှုက ပြီးပြည့်စုံသော ဖရိုဖရဲခန္ဓာကို ဖြစ်စေသည်။

သို့သော်လည်း ပြဿနာမှာ ရွှေကျီးကန်းဒသမမင်းသား၏ ပေါင်းစပ်မှုက ရှင်သန်သူနှင့် မဟုတ်ပါ။

နောက်တစ်ခုက ချို့ယွင်းချက်တချို့လည်း ရှိနေသည်။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အခု ကျုပ်ရဲ့ခွန်အားနဲ့ လက်စားချေဖို့ လုံလောက်ပြီ"

ရွှေကျီးကန်းဒသမမင်းသားက ဒေါသကို ထိန်းချုပ်ထားဟန်ဖြင့် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

အကြီးအကဲများ၏ အမူအရာလည်း အနည်းငယ် ထူးဆန်းသွား၏။

ရွှေကျီးကန်း ဒသမမင်းသားက ယခင်ကနှင့် အနည်းငယ်ကွာခြားလာသလို သူတို့ ခံစားခဲ့ရသည်။

"ကျွင်းရှောင်ယောက်၊ ဒီမင်းသား မင်းကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ပြမယ်"

ရွှေကျီးကန်း ဒသမမင်းသား၏ မျက်လုံးများက နာကြည်းခြင်းနှင့် မုန်းတီးမှုတို့ ပြည့်‌နှက်နေပေသည်။

အကြောင်းမှာ၊ သူ ဖြတ်သန်းခဲ့ရသော ဤအဖြစ်အပျက်များက အရိပ်မည်းကြီးအဖြစ် ရှိနေပြီဖြစ်သောကြောင့်ပင်။ ထိုအကြောင်းက တွေးကြည့်ရုံမျှဖြင့် တကိုယ်လုံး တုန်ယင်သွားစေသည်။

ထို့ကြောင့်...

ကောင်းကောင်း မရပ်နိုင်ဘဲ နွမ်းလျသွားခဲ့ရပေသည်။

ရွှေကျီးကန်း ဒသမမင်းသား တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်းက လှုပ်ခတ်မှုများစွာ မဖြစ်စေခဲ့ပါ။

အကြောင်းမှာ၊ ယခု ရှေးဟောင်းလမ်းတစ်ခုလုံး၏ အာရုံက ရှေးဦးအင်ပါယာမြို့တော်ကို စူးစိုက်နေကြသောကြောင့် ဖြစ်သည်။

ယခင်ကတော့ တိုင်းတပါးနှင့် အင်မော်တယ်နယ်မြေကြီးကြားမှ ပဋိပက္ခများဟာ အသေးအဖွဲ တိုက်ပွဲများသာ ဖြစ်ချေသည်။

သို့သော်လည်း မကြာသေးခင်ကမှ တိုင်းတပါး၏ ဧကရာဇ်အသစ်သည် နယ်မြေကြီးနှစ်ခုကြားမှ ပထမဆုံး တိုက်ပွဲခေါ်သံကဲ့သို့ နယ်စပ်ကို တံခါးခေါက်ခဲ့သည်။

အဆုံးစွန်စမ်းသပ်မှုနေရာဖြစ်သော ရှန်းရွှီကမ္ဘာက ကမ္ဘာနှစ်ခုကြားမှ အစပျိုး ထိပ်တိုက်ရင်ဆိုင်ခြင်းတစ်ခု ဖြစ်လာလိမ့်မည်။ ယင်းက မျိုးဆက်သစ်ဘုရင်များကြားမှ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။

ဤတိုက်ပွဲက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ စိတ်ဓာတ်နှင့်သာ သက်ဆိုင်သည်သာမက အလွန်အရေးကြီးသည်။

ယင်းမှာ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၏။

တစ်လခန့်အကြာတွင် သတင်းတစ်ခုက ရှေးဦးအင်ပါယာမြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အဆုံးစွန်စမ်းသပ်မှုကို နောက်ဆုံးတွင် ဖွင့်တော့မည်။

ရှေးဦးအင်ပါယာမြို့တော်ရှိ အိမ်တော်တစ်ခုတွင်...

တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်က သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။

"နောက်ဆုံးတော့ စတင်ဖို့ အချိန်ကျပြီပေါ့"

ကျွင်းရှောင်ယောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။

ဤတိုက်ပွဲက သူ့အတွက် လွန်စွာ အရေးကြီးသည်။

ယင်းက ကစားပွဲ...

ကောင်းကင်နှင့် ကစားပွဲ ဖြစ်သည်။

"သခင်လေး၊ လူစုဖို့အတွက် အမာရွတ်လေးခု သခင်ကြီးက လူလွှတ်လိုက်ပါတယ်"

ယွိချန်ကျွမ့်က အကြောင်းကြားလာသည်။

ကျွင်းရှောင်ယောက်လည်း မတ်တပ်ထရပ်ပြီး ယွိချန်ကျွမ့်နှင့်အတူ ထွက်လာခဲ့၏။

ထိုက်ယင်ကျောက်စိမ်းယုန်ကတော့ ရှန်းရွှီကမ္ဘာကို ဝင်‌ရောက်မည် မဟုတ်ပါ။ နောက်ဆုံးတွင် ‌ထိုနေရာက အန္တရာယ်များလွန်းသည်။

သူမက ချစ်စရာကောင်းသော ယုန်ငယ်လေးသာ ဖြစ်၏။

စစ်မြေပြင်ကို သွားရောက်ပါက တိုင်းတပါးမှ သတ္တဝါများထံ တစ်နပ်စာ ပေးလှူသကဲ့သို့သာ ဖြစ်သွားနိုင်သည်။

"ရှောင်ယောက်၊ ဒါကမှ တကယ့်စိန်ခေါ်မှုပဲ"

ကျွင်းမိုရှောင်လည်း ထွက်လာသည်။

"ကူတိကျစ်နဲ့ အခြားသူတွေက အလွယ်တကူ အလျှော့ပေးမှာ မဟုတ်ဘူး။ ဆန့်ကျင်ခြင်းဧကရာဇ် ခုနစ်ပါးလည်း ရှိသေးတယ်။ တိုင်းတပါးက ရန်သူပြိုင်ဘက်တွေ ရှေ့မှာ ရှိနေရင်တောင် ငါတို့ကို အဓိကထား ချွန်ပေးလိမ့်မယ်"

ကျွင်းလုံခန်းလည်း ရောက်လာပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

ကူတိကျစ်တို့ ခုနစ်ဦး၏ အခြေအနေများကို ဘေးဖယ်ထားလျှင်ပင်...

အင်မော်တယ်ခုံရုံးအတွက် ကျွင်းရှောင်ယောက်က လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်သည်။

နောက်ဆုံးတွင်၊ သူ၏ တိုးတက်မှုက အလွန်လျင်မြန်၏။ အနာဂတ်တွင် မယုံနိုင်စရာအဆင့်အထိ တိုးတက်လာပါက အင်မော်တယ်ခုံရုံး၏ အခွင့်အာဏာကို ကိုင်လှုပ်လာလိမ့်မည်။

"ငါ့အတွက် စိတ်မပူပါနဲ့၊ အရာအားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ"

ကျွင်းရှောင်ယောက်က အောင်ပွဲအတွက် သေချာသလို ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

"မင်း ဒီလိုပြောရင် ငါ စိတ်ချနိုင်ပါပြီ။ ကျွင်းမိသားစုက ငါနဲ့ မိုရှောင်မရှိဘဲ လုပ်နိုင်တယ်။ ဒါပေမဲ့ မင်းမရှိရင် ငါတို့မလုပ်နိုင်ဘူး"

ကျွင်းလုံခန်းက အနည်းငယ် ပြုံးလိုက်သည်။

နယ်စပ်မှ အဖိုးအိုတစ်ဦးက ကျွင်းရှောင်ယောက်နှင့် အခြားသူများကို‌ ရှေးဦးအင်ပါယာမြို့တော်ရှိ ရင်ပြင်တစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။

ဤရင်ပြင်က အလွန်ကြီးမားပြီး လူထောင်ပေါင်းများစွာကို နေရာချထားနိုင်ပေသည်။

ယခုအချိန်တွင် ရင်ပြင်ပေါ်မှာ အသင်းများစွာ ခွဲထားသည်။

အသင်းတိုင်းတွင် တိုင်ပွဲပေါင်း ရာချီကို ရင်ဆိုင်ခဲ့ဖူးသော စစ်သည်များ ရှိ၏။

သူတို့၏ ကျင့်ကြံခြင်းအခြေခံက ရှေးဦးအင်ပါယာမြို့တော်တွင် အမြင့်ဆုံးမဟုတ်ပေ။

သို့ရာတွင် တိုင်းတပါးမှ သတတ္တဝါများနှင့် ပတ်သက်လာပါက အလွန် အတွေ့အကြုံကြွယ်ဝသည်။

အသင်းတစ်သင်းစီ၏ ခေါင်းဆောင်တိုင်းက အဓိပဓိတစ်ပိုင်းနယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိပေသည်။ သူတို့က ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ရက်စက်ကြမ်းကြုတ်သော စစ်သားရဲမျိုးစုံအပေါ်တွင် ထိုင်နေကြသည်။

သူတို့က ကာကွယ်သူမျိုးရိုး၏ စစ်သူရဲများဖြစ်ပြီး တိုင်းတပါးကို တိုက်ထုတ်ရာ၌ ကျောရိုးများ ဖြစ်သည်။

ဤနေရာသို့ ရောက်လာသော ပါရမီရှင်များလည်း ကြမ်းကြုတ်သည့် အရှိန်အဝါများနှင့် အသင်းများကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားသည်။

ဤသည်က ပါရမီရှင်များအတွက် အဆုံးစွန်စမ်းသပ်မှု မဟုတ်လော။

ကြီးမြတ်သော စစ်သူရဲများနှင့် ကာကွယ်သူအဖွဲ့များက အဘယ်ကြောင့် ပါဝင်သနည်း။

ပါရမီရှင်တချို့ဟာ ဤစမ်းသပ်မှုက ဤမျှငြိမ်းချမ်းမည်မဟုတ်ဟု ယောင်ဝါးဝါး ခံစားမိခဲ့သည်။

ကောင်းကင်ထက်မှာတော့ အမာရွတ်လေးခု သခင်ကြီးက ငြိမ်သက်စွာ ရပ်နေလေသည်။

အောက်ဘက်မှ ရင်ပြင်တွင် ပြည့်နေသော လူများကိုကြည့်ရင်း သူ့စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ဤတစ်ခေါက်တွင် လူဘယ်နှစ်ယောက် ဘေးကင်းကင်း ပြန်လာနိုင်မလဲ မသိပေ။

ထိုအချိန်တွင် တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် အမာရွတ်လေးခု သခင်ကြီးက အဝေးကို လှမ်းကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်နှင့် တခြားသူများ ရောက်လာပြီ။

သူတို့၏ ရောက်ရှိလာမှုက သဘာဝအတိုင်း ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သည်။

လူအများကတော့ ကျွင်းရှောင်ယောက်ကို သဘောကျစွာ ကြည့်ကြ၏။

ကျွင်းရှောင်ယောက် ရှိနေသရွေ့ ဤတစ်ခေါက် ရှန်းရွှီကမ္ဘာဟာ တည်ငြိမ်လိမ့်မည်ဟု သူတို့ ခံစားရသည်။

တိုင်းတစ်ပါးမှာ ကျွင်းရှောင်ယောက်ကဲ့သို့ မကောင်းဆိုးရွား ပါရမီရှင်တစ်ယောက် ရှိလိမ့်မည်ဟု သူတို့ မယုံပေ။

ကျွင်းရှောင်ယောက်က အခြေအနေကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

ဤနောက်ဆုံးစမ်းသပ်မှုတွင် အထူးတာဝန်များရှိကြောင်း သူသိလိုက်၏။

ထိုသို့မဟုတ်ပါက ဤစစ်သူရဲများကိုပါ စေလွှတ်လိမ့်မည် မဟုတ်ပေ။

မကြာမီ၊ အင်မော်တယ်ခုံရုံးမှ လူများ ရောက်လာခဲ့သည်။

သူတို့လူစုကလည်း သဘာဝအတိုင်း လူအများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခဲ့ပေသည်။

အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်အနေဖြင့် လင်ယွမ်က သဘာဝအတိုင်း ဖမ်းစားနိုင်ဆုံးသော တည်ရှိမှု ဖြစ်သည်။

သို့သော်လည်း အာရုံစူးစိုက်မှုကို စွဲဆောင်ထားနိုင်သူက သူတစ်ဦးတည်း မဟုတ်ပါ။ သူ့ဘေးနားမှာလည်း လှပသော မိန်းကလေးတစ်ယောက် ရှိနေသည်။

သူမ၏ မျက်ခုံးများက ငှက်တောင်မွေးလေးကဲ့သို့ဖြစ်ပြီး အသားအရေက ကြည်လင်သည်။ ပုလဲညီ ကြိုးနှင့်သီသကဲ့သို့ ဖြူစင်သော သွားများ လည်း ရှိ၏။

သွယ်လျပြီး ဖြောင့်စင်းသော ခြေထောက်တစ်စုံမှာတော့ နှင်းကျောက်စိမ်းပိုးထည်ဖြင့် ပြုလုပ်ထားသော အဖြူရောင်ခြေအိတ်ကို ၀တ်ဆင်ထားသည်။

လူတကိုယ်လုံးက အပြစ်ကင်းစင်ကာ ထူးကဲပြီး အိပ်မက်နတ်သမီးကဲ့သို့ လှပသည်။

သူမက နတ်သမီးယွမ်သည်ပင်။

ဤအခိုက်တွင် နတ်သမီးယွမ်၏ လှပသော မျက်လုံးအကြည့်က အဖြူရောင်ဝတ်စုံနှင့် လူရိပ်တစ်ခုပေါ်သို့ ကျရောက်နေခဲ့သည်။

"သခင်လေး..."

ရုတ်တရက်၊ နတ်သမီးယွမ်၏ မျက်လုံးများက အနည်းငယ် နီရဲလာခဲ့သည်။

ကျွင်းရှောင်ယောက်မှ သူမကို မင်္ဂလာပွဲမှ ခေါ်ပြေးသွားခဲ့သည့် အချိန်ကာလက တိုတောင်းသော်လည်း သူမဘဝတွင် အလွတ်လပ်ဆုံးနှင့် အပျော်ရွှင်ရဆုံး ကာလတစ်ခု ဖြစ်သည်။

ယခင်ကတော့ သူဟာ ကံကြမ္မာမြစ်ထဲမှ ငါးတစ်ကောင်မျှသာဖြစ်ပြီး ကံကြမ္မာ၏ ချည်နှောင်မှုမှ ဘယ်တော့မှ မလွတ်မြောက်နိုင်ခဲ့ပေ။

သူမက လင်ယွမ်၏ အရိပ်ဖြစ်သည့် သက်ရှိကိရိယာတစ်ခုသာ ဖြစ်ခဲ့သည်။

သို့သော်...

ကျွင်းရှောင်ယောက်၏ အသွင်အပြင်က အမှောင်ယံညမှ လပြည့်ဝန်းကဲ့သို့ သူမ၏ မှောင်မိုက်နေသော ကံကြမ္မာကို အသက်ဝင်လာစေခဲ့သည်။

ထိုအခါမှ၊ နတ်သမီးယွမ်ဟာ ချစ်ခြင်း‌မေတ္တာက ပျော်ရွှင်စရာကောင်းသည့် အရာဖြစ်ကြောင်း နတ်သမီးယွမ် နားလည်ခဲ့ပေသည်။

သူမက ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှ တစ်ဦးတည်းသောသူ မဟုတ်သလို အရေးအကြီးဆုံးလည်း မဟုတ်ပါ။

သို့သော် ကိစ္စ‌မရှိပေ။ နတ်သမီးယွမ်က ဂရုမစိုက်ပါချေ။

အကြည့်တစ်ချက်သာ ဖြစ်လျှင်ပင်...

ကျွင်းရှောင်ယောက်မှ ကြည့်နေသရွေ့ သူမ ကျေနပ်သည်။

"နတ်သမီးယွမ်..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ရှုပ်ထွေးသောအရိပ်အယောင်များ ပေါ်လာလေသည်။

မင်္ဂလာပွဲမှ ခေါ်ပြေးခဲ့စဉ်တွင် နတ်သမီးယွမ်ကို ကယ်တင်နိုင်ပြီဟု သူထင်ခဲ့သည်။

နောက်တော့၊ သူမကို လင်ယွမ်က ချုပ်ကိုင်ထားကြောင်း သိခဲ့ရပေသည်။

လင်ယွမ်က သူမ၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ထိန်းချုပ်ထားသည်။

လင်ယွမ်က သေစေချင်လျှင် သူမ သေလိမ့်မည်။

လင်ယွမ်၏ ချုပ်ကိုင်ခြင်းမှ သူမ မလွတ်မြောက်နိုင်ပေ။

ယင်းက ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ။

"စိတ်ချပါ၊ ငါမင်းကိုကယ်တင်မယ်။ ဒါက မင်းကို ငါပေးထားတဲ့ ကတိပဲ"

ကျွင်းရှောင်ယောက် ထူးထူးခြားခြား လေးနက်စွာပြောလိုက်သည်။

သူက တော်ရုံသဖြင့် ကတိ မပေးပေ။

ကတိပေးပြီးလျှင်လည်း အမြဲ တည်စေသည်။

နတ်သမီးယွမ် ပြုံးလိုက်သည်။

ထိုအပြုံးသည် လှပပြီး အပြစ်ကင်းစင်၏။

ကျွင်းရှောင်ယောက်မှ ပြောနေသရွေ့ လုံလောက်သည်။

အခွင့်အရေး မရှိနိုင်လျှင်ပင်...

သူမ ကျေနပ်နိုင်ပေသည်။

All Chapters