← Chapters

အခန်း ၈၄၂

Vol. 57 Ch. 842

အခန်း ၈၄၂

Vol. 57 Ch. 842

အခန်း ( ၈၄၂ ) အကန့်အသတ်မဲ့ ကျယ်ပြောသော နယ်စပ်။

ရင်ပြင်တွင်၊ ပါရမီရှင်များစွာက ကျွင်းရှောင်ယောက်နှင့် နတ်သမီးယွမ်ကို ကြည့်လိုက်ပြီးနောက် ထူးခြားသော အမူအရာဖြင့် ကူတိကျစ်အား ကြည့်လိုက်သည်။

ရုတ်တရက်၊ ကူတိကျစ်လည်း သူ့ဦးခေါင်းက စိမ်းလန်းသွားသလို ခံစားလိုက်ရ၏။

"တော်လောက်ပြီ"

ကူတိကျစ်က ရှေ့သို့ တိုးလိုက်သည်။

သူနှင့် လက်ထပ်လုနီးပါးဖြစ်ခဲ့သည့် အမျိုးသမီးတစ်ယောက်က ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ချစ်မြတ်နိုးသလို ပြုမူနေခြင်းမှာ ဘာသဘောဖြစ်သနည်း။

ယင်းက သူ့ကို ဦးထုပ်စိမ်း‌ ဆောင်းပေးသကဲ့သို့ ခံစားရစေသည်။

လင်ယွမ်သာ တားဆီးမထားပါက ကူတိကျစ်ဟာ လင်ယွမ်ကို အမှန်တကယ် အနိုင်ကျင့်ပြီးပြီ ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ နင်နဲ့ ပြန်တွေ့ရအောင် နတ်သမီးယွမ်ကို ငါ ခေါ်လာခဲ့တာ မဟုတ်ဘူး"

လင်ယွမ် ပြောလိုက်သည်။

သူမ ပြောလိုသည်က၊ ကျွင်းရှောင်ယောက်၏ သေခြင်းတရားကို သက်သေပြုရန် နတ်သမီးယွမ်အား ခေါ်ဆောင်လာသည် ဟူ၍ပင်။

ဤနည်းဖြင့်သာ သူမ၏ နှလုံးသားထဲမှ မကောင်းသော ကံကြမ္မာအား ချေဖျက်နိုင်လိမ့်မည်။

သူမ၏ အတွင်းပိုင်းပေါင်ပေါ်မှ 'ကျွင်း' အမှတ်အသားကိုလည်း ဖယ်ရှားနိုင်သည်။

ကျွင်းရှောင်ယောက်က ဘာမျှပြန်မပြောပါ။

အခွင့်သာလျှင်တော့ နတ်သမီးယွမ်ကို လွတ်မြောက်စေရန် နည်းလမ်းအား သေချာပေါက်ရှာဖွေမည် ဖြစ်သည်။

အင်မော်တယ်ခုံရုံး၏ ဆက်ခံသူများအပြင်၊ အင်မော်တယ်ခုံရုံး၏ ပါရမီရှင်အဖွဲ့လည်း ရှိသေးသည်။

ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

အင်မော်တယ်ခုံရုံး၏ ပါရမီရှင်များကြားတွင် ရင်းနှီးနေသော အရှိန်အဝါတစ်ခုကို ယောင်ဝါးဝါးဖြင့် သတိပြုလိုက်မိ၏။

ကျူးရှန်းဓားပြ ရွယ်ယွဲ့။

ရွယ်ယွဲ့က တိုင်းတစ်ပါးမှဖြစ်ကြောင်း ကျွင်းရှောင်ယောက် သိသည်။

သူသာ ရှေးဦးအင်ပါယာမြို့ကို ဝင်ချင်လျှင် အခက်အခဲတစ်ခုခု ရှိလိမ့်မည်။

ယခုတော့ ရွယ်ယွဲ့က အင်မော်တယ်ခုံရုံး၏ လူများကြားတွင် ပုန်းအောင်းနေသည်။

ယင်းက ကူတိကျစ်နှင့် လင်ယွမ်၏စနက်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

ဤအချက်တစ်ခုတည်းကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်ခုနစ်ပါးက အချင်းချင်းတွေ့ဆုံပြီးလောက်ပြီဟု ကျွင်းရှောင်ယောက် ခန့်မှန်းလိုက်မိသည်။

သူတို့မှာ ပူးပေါင်းမှု အစီအစဉ်တစ်မျိုးမျိုးပင် ရှိလိမ့်မည်။

သို့သော်လည်း ယင်းက ပိုကောင်းသည်။ ဤသည်မှာ ကျွင်းရှောင်ယောက်လိုချင်သည့်အတိုင်း အတိအကျ ဖြစ်၏။

အကြောင်းမူကား၊ သူ၏ အကြံအစည်တွင် ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးတို့က မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ၎င်းကို လူသိရှင်ကြား ထုတ်မပြခဲ့ပါ။

ရှန်းရွှီကမ္ဘာကို ရောက်ပါက ဧကရာဇ်ခုနစ်ပါး တစ်ပြိုင်နက် ပေါ်ထွန်းခြင်းကို သူမြင်နိုင်မည်ဟု ခံစားခဲ့ရသည်။

ထို့နောက်တွင် ယွီဟွာဝမ်၊ ယွီယွင်ရှန့်နှင့် အခြားသူများ ရောက်ရှိလာခဲ့သည်။

လူဝင်စားဗုဒ္ဓ၊ ဧကရာဇ်ယာမ၊ ရဲ့ကူချန်၊ ကျွင်းရင်ဟွမ်၊ ကျွင်းချင်းရန်နှင့် အခြားသူများလည်း ရှိသေးသည်။

လုံယောက်အာ၊ ကျိတောက်ရီ၊ ကျိချင်းရီတို့လည်း ရောက်ရှိလာကြသည်။

သူတို့၏ ရောက်ရှိလာခြင်းက အာရုံစိုက်စရာ ထပ်မံ ဖြစ်ခဲ့သည်။

ကျွင်းရှောင်ယောက်က ကျိတောက်ရီ၊ ကျင်းချင်းရီနှင့် လုံယောက်အာတို့ကို တစ်ချက်ကြည့်လိုက်၏။

လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူ ကျိတောက်ရီအကြောင်းကိုတော့ သူကြားဖူးပြီးသား ဖြစ်သည်။

သို့ရာတွင် လူချင်းတော့ ပထမဆုံး တွေ့ဆုံကြခြင်းပင်။

သို့သော်လည်း ဤမတိုင်ခင်က သူတို့ကြားမှာ ပဋိပက္ခများ ရှိဖူးသည်။

ယခု ပုံစံအရတော့ ကျိတောက်ရီဟာ သူ့အပေါ် ရန်ငြိုးရှိနေပုံရပေသည်။

ကျိတောက်ရီမူကား သူမ၏ မျက်နှာကို ကွယ်ထားသည်။ ထို့ကြောင့် သူ၏ အမူအရာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ ဤအမျိုးသမီးကို အမြဲသတိထားခဲ့သည်။

သူမက အပေါ်ယံ မြင်ရသလောက် ရိုးရှင်းသောသူ မဟုတ်ပေ။

ဤလူများကြားတွင် လုံယောက်အာက လူအများကို အံ့အားသင့်စေသည်ဟု ဆိုရမည်။

သူမတွင် ခရမ်းရောင်ဆံပင်၊ တောက်ပသော ဖီးနစ်မျက်လုံးများ၊ ပြည့်ဖြိုးသော ရင်အစုံ၊ သွယ်လျသောခါးနှင့် ရှည်လျားသော ခြေထောက်တစ်စုံတို့ ရှိသည်။

မူလက ချစ်စရာ လော့လီလေးမှ အံ့မခန်း လှပလာခဲ့ပြီ။

လော့လီလေးမှ မမအဖြစ်သို့ ဤပြောင်းလဲမှုဟာ အမှန်တကယ် အနည်းငယ် တုန်လှုပ်စရာကောင်းသည်။

သို့သော်၊ ကျွင်းရှောင်ယောက်၏ အမူအရာက အပြောင်းအလဲမရှိပေ။

လုံယောက်အာ၏ ခွန်အားက ယခင်ကကဲ့သို့ မဟုတ်တော့ကြောင်း သူ သိသည်။

သို့ရာတွင် ကျွင်းရှောင်ယောက်က သူ့ကို ရှုံးနိမ့်သွားသော စစ်သူကြီးများကို လုံးဝ စိတ်မဝင်စားခဲ့ပေ။

"မင်းကိုကြည့်ရတာ အရင်က ဒီနတ်ဘုရားသားတော်ပေးခဲ့တဲ့ သတိပေးချက်ကို မေ့သွားပုံရတယ်"

ကျွင်းရှောင်ယောက်က လုံယောက်အာကို ကြည့်လိုက်သည်။

လုံယောက်အာသာ သူ့ကို ထပ်မံရန်စဝံ့ပါက စစ်မှန်သော ခွေးတစ်ကောင်ဖြစ်ခြင်း၏ အရာသာကို အမှန်တကယ် မြည်းစမ်းခွင့်ပေးမည်ဟု ပြောခဲ့ဖူးသည်။

ထိုစကားကိုကြားသောအခါ လုံယောက်အာ၏ လှပသော မျက်လုံးများက ကြောက်ရွံ့မှုအရိပ်အမြွက်တို့ အလိုအလျောက် ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှာ အရိပ်မည်းကြီးတစ်ခုပင် ဖြစ်ခဲ့၏။

သို့သော်လည်း သူမ၏ အင်အားတိုးတက်မှုနှင့် ကူတိကျစ်၏ အစီအမံများကို တွေးမိသောအခါ...

သူမ၏ နှလုံးသားက တည်ငြိမ်မှု ပြန်လည်ရရှိလာခဲ့သည်။

"ကျွင်းရှောင်ယောက်၊ ငါ လုံယောက်အာ နင်နဲ့ သေချာပေါက် ထပ်ပြီး ယှဉ်ပြိုင်ရလိမ့်မယ်။ မဟုတ်ရင် ငါ ကျေနပ်မှာ မဟုတ်ဘူး"

လုံယောက်အာက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"မိုက်မဲလိုက်တာ"

ကျွင်းရှောင်ယောက် ခေါင်းကိုခါယမ်းပြီး ဂရုမစိုက်တော့‌ပေ။

အရပ်ပိုရှည်လာပြီး ရင်သားတွေ နည်းနည်း ပိုကြီးလာတာနဲ့ ယုံကြည်မှု ပိုရှိလာတာလား။

"ကောင်းပြီလေ၊ အချိန်နီးနေပြီ။ မရောက်သေးတဲ့ ပါရမီရှင်တွေရှိသေးရင်တောင် နောက်မှ လိုက်လာလို့ရတယ်"

အမာရွတ်လေးခု သခင်ကြီးက လည်ချောင်းတစ်ချက်ရှင်းပြီး ပြောလိုက်သည်။

ရင်ပြင်၏ အလယ်ဗဟိုတွင် အလွန်ရှေးကျသော တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တစ်ခု ရှိ၏။ ယခုအခါ အစီရင်က အလင်းမြူမှုန်များဖြင့် တောက်ပနေပေသည်။

အစီရင်မှ ကမ္ပည်းများက‌ တောက်ပနေပြီး အလွန်ရှေးကျသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ပါရမီရှင်များစွာ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ ဖြစ်ပေါ်လာခဲ့သည်။

အဆုံးစွန်ရှေးဟောင်းလမ်းပေါ်တွင် အခက်အခဲ အတားအဆီးများစွာကို တွေ့ကြုံခဲ့ရသော်လည်း ရှေးဦးအင်ပါယာမြို့တော်အထိ တစ်လှမ်းချင်း သူတို့ လျှောက်လှမ်းနိုင်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့ရင်ဆိုင်ရမည့်အရာက တိုင်းတပါးသား သတ္တဝါများ ဖြစ်၏။

သူတို့က စစ်ပွဲအတွက် မွေးဖွားလာသူများပမာ အလွန်အားကောင်းသော အင်အားမျိုးဖြင့် သတ္တဝါများ ဖြစ်ကြသည်။

အဆင့်တူတွင် အထူးနည်းလမ်း မရှိပါက၊ အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များကို တိုင်းတပါးသတ္တဝါများက ချေမှုန်းနိုင်စွမ်း ရှိကြပေသည်။

ထို့ကြောင့်ပင် တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်မှုတိုင်းက အင်မော်တယ်နယ်မြေကြီးကို ပြန်လည်ပြုပြင်၍မရသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေသည်။

ဟုတ်ပေသည်၊ ပါရမီရှင်အားလုံးကတော့ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့မှုတို့ မဖြစ်ပါ။

အထွတ်အထိပ် တားမြစ် ပါရမီရှင်များက တည်ငြိမ်သော အမူအရာများဖြင့် ရှိနေခဲ့ကြသည်။ ဤသည်မှာ သူတို့ခွန်အားမှ ဆင်းသက်လာခဲ့သော ယုံကြည်မှု ဖြစ်၏။

တိုင်းတပါးမှ တော်ဝင်မိသားစုများ၏ ပါရမီရှင်များနှင့် ရင်ဆိုင်ရလျှင်ပင် အားနည်းချက်မပြဘဲ ရင်ဆိုင်နိုင်မည်ဟု ယုံကြည်မှုရှိသည်။

ကျွင်းရှောင်ယောက်၏ အမူအရာသည်လည်း ရေကဲ့သို့ ငြိမ်သက်နေခဲ့ပေသည်။

တိုင်းတပါးသားများ၏ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်ကို အံတုနေသည်ဆိုလျှင်...

ကျွင်းရှောင်ယောက်၏ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်နှင့် နှိုင်းယှဉ်နိုင်သည့် ထာဝရတားမြစ်ချက် ဖြစ်သည်။

"သွားကြစို့"

အမာရွတ်လေးခု သခင်ကြီးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

အချက်ပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

စူးရှသော အလင်းရောင်များက ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

လေထဲတွင် ဧရာမ ဟင်းလင်းပြင် ဟောင်းလောင်းပေါက်ကြီး ထွက်ပေါ်လာပြီး အရောင်စုံ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရင်ပြင်ရှိလူတိုင်းကို ချက်ခြင်း လွှမ်းခြုံသွား၏။

လူအားလုံး မူးဝေပြီး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားပုံရသည်။

သူတို့က မရေမတွက်နိုင်သော ကြယ်များကို တရိပ်ရိပ်နှင့် ဖြတ်သန်းသွားခဲ့ကြလေသည်။

သူတို့ဟာ အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး အလွန်ရှည်လျားသော အကွာအဝေးကို ဖြတ်သန်းခဲ့ကြပုံရသည်။

အချိန်မည်မျှကြာသွားပြီမသိ၊ ယင်းက တစ်ခဏ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သွားခဲ့သည့်ပုံပင်။

သူတို့ သတိပြန်ဝင်လာတော့ ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီ ဖြစ်သည်။

သူတို့ရှေ့မှနေရာက ရှေးဦးအင်ပါယာမြို့တော် မဟုတ်တော့ပေ။

မျက်စိတစ်ဆုံး မြင်ရသမျှ အရာအားလုံးဟာ အဆုံးမဲ့ အလင်းအမှုန်အမွားလေးများနှင့် စကြာဠာကြီး ဖြစ်သည်။

"ဒါ... ဒါက..."

ပါရမီရှင်တစ်ဦးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောရင်း ရှေ့ကို လှမ်းကြည့်လိုက်သည်။

အခြား ပါရမီရှင်များလည်း လှမ်းကြည့်လိုက်၏။

သူတို့ရှေ့တွင် ကစဉ့်ကလျား စွမ်းအင်များက လှိုင်းထနေသော အလွန်မြင့်မားသော “တံတိုင်းကြီး” ပေါ်လာတော့သည်။

အမြင့်နှင့် အလျားက လုံးဝ မသိနိုင်ပါ။

စကြာဝဠာတံတိုင်းကြီးကဲ့သို့ အဆုံးမဲ့ ကာရံထားပုံ ရသည်။

တံတိုင်းကြီးက သွေးများ စွန်းထင်းနေသည်။ မရေမတွက်နိုင်သော ကမ္ပည်းများနှင့် နိယာမများ ရောယှက်နေသည့် ရှေးဟောင်း အငွေ့အသက်များလည်း ပြည့်နေသေးသည်။

"ဒါ ဘာကြီးလဲ၊ ငါတို့ ကမ္ဘာအဆုံးကို ရောက်လာကြတာလား"

"ဒါ ကမ္ဘာရဲ့အဆုံးက ဂြိုလ်တံတိုင်းပဲလား"

ပါရမီရှင်များစွာက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

ကမ္ဘာ၏အဆုံးတွင် ဂြိုလ်တံတိုင်းရှိသည်ဟူသော ကောလဟာလအချို့ကို သူတို့ ကြားဖူးကြပေသည်။

အမာရွတ်လေးခု သခင်ကြီးက ထိုစကားကိုကြားတော့ ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"မဟုတ်ဘူး၊ ဒါက တံတိုင်းတစ်ခုပါပဲ"

ပတ်ဝန်းကျင်မှ ပါရမီရှင်များ အံ့အားသင့်ပြီး မျက်လုံးအရောင်ပြောင်းသွား၏။

ဂြိုလ်တံတိုင်းကဲ့သို့ အကန့်အသတ်မဲ့ တည်ရှိမှုတစ်ခုက တကယ်ကို တံတိုင်းတစ်ခုပဲလား။

"ဒါက နယ်စပ်၊ အင်မော်တယ်နယ်မြေကြီးရဲ့ နယ်စပ်ပါ"

စစ်သူရဲတစ်ဦးက လေးလေးနက်နက် ဝင်ပြောလိုက်သည်။

ပါရမီရှင်များအားလုံး ထပ်မံ အံ့ဩသွား၏။

ယနေ့တွင်၊ သူတို့၏ ကမ္ဘာ့အသိအမြင်က တစ်ဖန် ပြောင်းလဲလာခဲ့ရပြီ ဖြစ်သည်။

သူတို့ရောက်နေသောနေရာက ကမ္ဘာ၏အဆုံး မဟုတ်သေးပေ။ ကျယ်ပြန့်‌သော နယ်နိမိတ်တစ်ခုမျှသာ ဖြစ်သည်။

ယင်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ အခိုင်မာဆုံး အကာအကွယ်လည်း ဖြစ်တော့သည်။

All Chapters