← Chapters

အခန်း ၈၄၆

Vol. 57 Ch. 846

အခန်း ၈၄၆

Vol. 57 Ch. 846

အခန်း ( ၈၄၆ ) တိုင်းတပါးမှ ထိပ်တန်းမျိုးရိုးများ၊ အရိုးစု နဂါးငွေ့တန်းဂလက်ဆီ၊ ငရဲဝိညာဉ်နတ်ဆိုးပန်း။

ကမ္ဘာ့သစ်ပင်ကို သူ ရအောင်ယူရမည်။

မည်သို့သော တန်ကြေးကို ပေးဆပ်ရသည်ဖြစ်စေ၊ ရအောင်ယူရမည်။

ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက နောက်တစ်ကြိမ်မှာ ဘယ်တော့မှ ပြန်ရောက်လာမည်မှန်း မသိနိုင်ပေ။

ထို့ကြောင့် ပိုသေချာစေရန် ထိုနည်းလမ်းကို သေသေချာချာ စဉ်းစားရန် လိုသည်။

"ကမ္ဘာ့သစ်ပင်ကို ဘယ်လိုရအောင် ယူရမလဲဆိုတာ နင် စဉ်းစားနေတယ် မဟုတ်လား။ အခု နင်စဉ်းစားရမှာက ရှန်းရွှီကမ္ဘာမှာ ဘယ်လိုရှင်သန်ရမယ်ဆိုတာပဲ"

လင်ယွမ်က ကျွင်းရှောင်ယောက်ကို စိုက်ကြည့်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဆူညံလိုက်တာ"

ကျွင်းရှောင်ယောက်က သူ့ကို လျစ်လျူရှုလိုက်၏။

"နင်..."

လင်ယွမ် ဒေါသတကြီး ဖြစ်သွားသည်။

ဤမြင်ကွင်းကိုမြင်တော့ မုန့်ကျန်းက မချိပြုံးသာ ပြုံးလိုက်လေသည်။

ဤလူနှစ်ဦးစလုံးက သူ ထိပါး၍မရသော တည်ရှိမှုများ ဖြစ်သည်။ ထို့ကြောင့် သူတို့ဘာသာ စကားနိုင်လုလု မသိကျိုးကျွံပြုနေလိုက်ရုံပင်။

"သွားရအောင်"

မုန့်ကျန်းက လက်ပြလိုက်သည်။

ကျန်သော ပါရမီရှင်များလည်း လူစုခွဲကာ ထွက်သွားကြ၏။ တစ်ယောက်ချင်းစီမှာ သူတို့၏ ကိုယ်ပိုင်အလုပ်နှင့် ရွေးချယ်မှုများ ရှိကြသည်။

ကူတိကျစ်၊ ကျိတောက်ရီ၊ လုံယောက်အာနှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သူတို့တွင် ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ရန် အစီအစဉ်များရှိသော်လည်း အခုက အချိန်ကောင်းမဟုတ်ပေ။

"ရှောင်ယောက်၊ သတိထားပါ"

ကျွင်းလုံခန်း၊ ကျွင်းမိုရှောင်နှင့် အခြားသူများက သတိပေးလိုက်သည်။

သူတို့က အခြားအဖွဲ့တွင် ဖြစ်ချေသည်။

"ညီနောင်ကျွင်း၊ အစစအရာရာ သတိထားပါ"

ယွီဟွာဝမ်ကလည်း ပြောလိုက်သည်။

ကျွင်းရှောင်ယောက် ခေါင်းညိတ်ပြလိုက်၏။

သူက နတ်သမီးယွမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမက အဖွဲ့ထဲတွင် သီးခြားတာဝန် မရှိပေ။

ကျွင်းရှောင်ယောက်၏ အဖွဲ့မှာတော့ တာဝန်တစ်ခုရှိသောကြောင့် သူမကို မခေါ်သွားနိုင်ခဲ့ပေ။

"ဂရုစိုက်ပါ ကျွင်းသခင်လေး"

နတ်သမီးယွမ်က ပြုံးပြပြီး ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားတော့သည်။

လှည့်ထွက်သွားသော ကျွင်းရှောင်ယောက်၏ ရုပ်သွင်ကိုကြည့်ရင်း နတ်သမီးယွမ် လက်သီးကိုဆုပ်ကာ ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျွင်းသခင်လေးကို အန္တရာယ်ပြုမဲ့ သူတို့ရဲ့အစီအစဉ်တွေ မအောင်မြင်စေရဘူးလို့ ယွမ်ကျိန်ဆိုတယ်"

နတ်သမီးယွမ်၏ စိတ်ထဲတွင်လည်း အစီအစဉ်နှင့် ဆုံးဖြတ်ချက် တစ်မျိုးမျိုး ရှိနေပြီ။

.........

အင်မော်တယ်နယ်မြေကြီးမှ အဖွဲ့များက ရှန်းရွှီကမ္ဘာထဲသို့ နက်နဲစွာ ထိုးဖောက်ဝင်ရောက်လာသောအခါတွင်...

နယ်စပ် အခြားတစ်ဖက်တွင်ရှိသော ရှန်းရွှီကမ္ဘာ၏ အဆုံးမှာ...

မြူခိုးများ တလိပ်လိပ်တက်ပြီး ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။

တချို့က လူပုံသဏ္ဍာန်ဖြစ်ပြီး တချို့က တိရစ္ဆာန်ပုံသဏ္ဍာန် ရှိ၏။ ဖော်ပြရန်ခက်ခဲသော ပုံစံများပင် ရှိသေးသည်။

၎င်းတို့က တိုင်းတစ်ပါးမှ သတ္တဝါများဖြစ်သည်။

ဤအခိုက်တွင် တိုင်းတပါးမှ သတ္တဝါများကြားတွင် အံ့အားသင့်နေသော အသံများ ထွက်ပေါ်နေသည်။

"ဘယ်လို၊ ဒီစစ်ဆင်ရေးကို တော်ဝင်မိသားစု မျိုးရိုး တစ်ခုထက်မက လာခဲ့တယ်လား"

"အင်မော်တယ်ဘုရင်အသစ်ရဲ့ ဧကရာဇ်တစ်ပိုင်းမျိုးရိုးတောင်မှ လာခဲ့တယ်"

"အမှန်ပဲ၊ ချီရှောင်းမျိုးရိုးရဲ့ ချီရှောင်းဘုရင်က အင်မော်တယ်နယ်မြေကြီးရဲ့ နယ်နိမိတ်ကို တံခါးခေါက်ပြီး ကျွင်းမိသားစုရဲ့ သတ်ဖြတ်သူ အဖြူရောင်ဝတ် နတ်ဘုရားဘုရင်ကိုတောင် တိုက်ခိုက်ခဲ့တယ်လို့ ကြားတယ်"

"ဒီတစ်ခေါက် ချီရှောင်းမျိုးရိုးရဲ့ ဘုရင်ငယ်လည်း ထွက်လာခဲ့တယ်လေ။ ချီရှောင်းဘုရင်ငယ်က ကျွင်းမိသားစုရဲ့ ပါရမီရှင်တွေကိုသတ်ပြီး ငါတို့တိုင်းတပါးအတွက် ဂုဏ်သိက္ခာတွေ ဆောင်ကျဉ်းပေးမယ်လို့ ကြားတယ်"

"သူ့အပြင် ဧကရာဇ်မျိုးရိုးတွေက အခြားသူတွေလည်း ရှိသေးတယ်"

"အင်မော်တယ်နယ်မြေကြီးရဲ့ ပုရွက်ဆိတ်တွေ အံ့ဩသွားရလိမ့်မယ်"

"ဟားဟားဟား၊ ဟုတ်တယ်။ ရှန်းရွှီကမ္ဘာကို ငါတို့ ဖြိုချလိုက်တဲ့အချိန်က ငါတို့ရဲ့တပ်တွေ ချီတက်ကြမဲ့ အချိန်ပဲ"

ဤသို့ဖြင့် တိုင်းတပါးမှ အင်အားစုအများအပြားလည်း ရှန်းရွှီကမ္ဘာကို ဝင်ရောက်ခဲ့ကြသည်။

သူတို့၏ အရှိန်အဟုန်နှင့် သတ်ဖြတ်ချင်စိတ်များက အင်မော်တယ်နယ်မြေကြီးဘက်မှာထက် အဆပေါင်းများစွာ ပို၍ အားကောင်းကြပေသည်။

..........

ရှန်းရွှီကမ္ဘာက အလွန်ကျယ်ပြောသည်။ ဤသည်မှာ စကြာဝဠာအသေးစားတစ်ခုနှင့်ပင် ညီမျှ၏။

အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်ပင်လျှင် ရှန်းရွှီကမ္ဘာ၏ ထောင့်တိုင်းကို အချိန်တိုအတွင်း သွားရောက်နိုင်မည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်က မုန့်မိသားစု၏ အဖွဲ့နှင့်အတူ ကြယ်ကောင်းကင်တွင် ရှေ့သို့ ခရီးဆက်ခဲ့သည်။

ရှေ့တွင် အလင်းရောင်များ တောက်ပလွန်းသော ကြယ်တစ်စင်းကို လှမ်းမြင်ရ၏။

ယင်းက နေတစ်စင်းကဲ့သို့ ပူပြင်းပြီး တောက်ပသော အလင်းများကို ထုတ်လွှတ်နေပေသည်။

"ရှေးဦး ရွှေကျီးကန်းအလောင်း"

ကျွင်းရှောင်ယောက်က လှမ်းကြည့်လိုက်ရာ အလင်းထဲတွင် သေဆုံးနေသော ရွှေကျီးကန်းတစ်ကောင်ကို တွေ့လိုက်ရသည်။

ယင်းက ရွှေကျီးကန်းဒသမမင်းကိုပင် သတိရသွားစေခဲ့လေသည်။ ယခုအခါ ထိုသနားစရာကောင်းသော ရွှေကျီးကန်းဒသမမင်းသားလေး ဘယ်လိုနေမှန်း သူ တွေးလိုက်မိသည်။

"ခဏလေး"

ဤအချိန်တွင် မုန့်ကျန်းက တစ်ခုခုကို သတိထားမိဟန်ဖြင့် လက်ထောင်ပြလိုက်သည်။

အဖွဲ့တစ်ဖွဲ့လုံး ချက်ချင်းရပ်သွားပြီး သတိထားလာကြ၏။

ရှေ့မှ ကြယ်ကောင်းကင်တွင် စီးဆင်းနေသော အဖြူရောင်မြစ်တစ်စင်း ရှိနေသည်။

"မဟုတ်ဘူး၊ အဲဒါ မြစ်မဟုတ်ဘူးပဲ၊ အဲဒါ..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ယင်းမှာ အရိုးဖြူဖြူများ ဖြစ်၏။

အဆုံးမရှိသော အဖြူရောင်အရိုးများက နဂါးငွေ့တန်းဂလက်ဆီကဲ့သို့ စုရုံးကာ ကြယ်ကောင်းကင်တွင် စီးဆင်းနေခြင်း ဖြစ်ချေသည်။

ဤမျှရှည်လျားပြီး မြစ်တစ်စင်းကဲ့သို့ ဖြစ်လာသောကြောင့် အသက်ပေါင်း မည်မျှ သေဆုံးခဲ့သည်ကို မှန်းဆ၍ပင် မရတော့ပေ။

လင်ယွမ်လည်း အနည်းငယ် တုန်လှုပ်သွားမိသည်။ မအော်မိစေရန် လက်နှင့် သူမ၏ပါးစပ်ကို အုပ်လိုက်၏။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စစ်မြေပြင်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

"ဒီလောက်များတဲ့ အလောင်းတွေ... မကောင်းတဲ့ အရာတစ်ခုခုကို ဖြစ်လာမှာကို ကြောက်ရတယ်"

မုန့်ကျန်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

စစ်မြေပြင်တွင် ကျင်လည်ခဲ့သူများအနေဖြင့် ဤအခြေအနေကြောင့် သူတို့ မအံ့သြကြပေ။

သို့ရာတွင် ကျွင်းရှောင်ယောက်က အလွန်တည်ငြိမ်နေသည်။ သူ၏ တုံ့ပြန်မှုက မုန့်ကျန်းနှင့် အခြားသူများ တိတ်တဆိတ် ခေါင်းညိတ်စေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ မုန့်ကျန်း၏ မှန်းဆချက်က တကယ်ဖြစ်လာသည်။

သူတို့အရှေ့ မဝေးတော့သောနေရာမှာ အရိုးဖြူဂလက်ဆီ၏ အရင်းအမြစ် ဖြစ်၏။

၎င်းက မှောင်မိုက်နေသော စကြာဝဠာတွင် ဆိုင်းငံ့ထားသော သွေးစွန်းနေသည့် ကြယ်တစ်စင်း ဖြစ်သည်။

ကြယ်တစ်ခုလုံးက သင်္ချိုင်းနေရာတစ်ခုကဲ့သို့ သွေးနှင့် အရိုးများ ရောယှက်နေပေသည်။

"တိုင်းတပါးက စစ်မက်ကို ခုံမင်ပြီး ရက်စက်ကြမ်းကြုတ်တယ်။ တစ်ခါတလေ၊ သူတို့က ငါတို့ကမ္ဘာမှာရှိတဲ့ သတ္တဝါအားလုံးကို တစ်နေရာတည်းမှာ စုစည်းပြိီး သုတ်သင်တတ်တယ်"

"ဒီလိုနဲ့ နောက်ပိုင်းမှာတော့ အစုလိုက်အပြုံလိုက် သတ်ပစ်တဲ့နေရာမှာ အမုန်းတရားနဲ့ ဒေါသစိတ်တွေ ပြည့်နှက်လာပြီး နတ်ဆိုးပြည် ဖြစ်လာရတော့တာပဲ"

မုန့်ကျန်းက ဒေါသမျက်လုံးများနှင့် မျှော်ကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။

"တိုင်းတပါးက ဒီသတ္တဝါတွေ တကယ်သေသင့်တယ်"

လင်ယွမ်၏ ဖီးနစ်မျက်လုံးများမှာလည်း အေးစက်သော အလင်းရောင်ဖြင့် တောက်ပလာသည်။

ဤသည်က ရှန်းရွှီကမ္ဘာသာ ရှိသေးသည်။

နယ်စပ်မှ စစ်မှန်သော စစ်ပွဲဖြစ်ပါက မည်မျှ ရက်စက်ကြမ်းကြုတ်ပါမည်နည်း။ အလောင်းများ သန်းရာချီပြီး ရှိနေလျှင်ပင် ပုံမှန်ဟုဆိုရမည်။

"ဟင်၊ ဟိုမှာ..."

ရုတ်တရက်၊ အဖွဲ့ထဲမှ လူတစ်ယောက်က တစ်စုံတစ်ခုကို တွေ့မြင်သွားကာ အော်ဟစ်လိုက်သည်။

သွေးစွန်းနေသော နတ်ဆိုးကြယ်ပေါ်တွင် ထူးဆန်းစွာ အနီရောင်နှင့် အနက်ရောင်ရောယှက်နေသော ပန်းပွင့်တစ်ပွင့်ကို သူမြင်လိုက်ရ၏။

ပတ်ဝန်းကျင်မှာလည်း အသည်းထဲထိ တုန်လှုပ်စေနိုင်သော ဝိညာဉ်ငိုကြွေးသံများနှင့် ပြင်းထန်သော ဝိညာဉ်စွမ်းအား အတက်အကျများ ရှိနေသေးသည်။

"အဲဒါက... သေသူရဲ့ ငရဲဝိညာဉ်ဝိညာဉ်နတ်ဆိုးပန်းပဲ"

မုန့်ကျန်းလည်း အံ့ဩသွားသည်။

ယင်းက မကောင်းသော အရာတစ်ခု ဖြစ်၏။

သူတို့က ရှန်းရွှီကမ္ဘာကို ယခုမှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ဤကဲ့သို့သော အရာမျိုးနှင့် ကြုံတွေ့ခဲ့ရသည်မှာ သေချာပေါက် ကောင်းသောလက္ခဏာ မဟုတ်ပေ။

"ဟင်"

ကျွင်းရှောင်ယောက်လည်း လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ အရောင်လက်သွားသည်။

ဤငရဲဝိညာဉ်နတ်ဆိုးပန်းက သေလွန်ပြီး မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ၏ နာကြည်းမှုကို စားသုံးပြီး ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ ယင်းက အဆုံးမဲ့ ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထား၏။

စိတ်စွမ်းအားအတွက် အထောက်အကူဖြစ်စေသည့် ဤထူးဆန်း‌သော အရာမျိုးကို သူ အတော်ကလေး စိတ်ဝင်စားမိသည်။

နောက်ဆုံးတွင်၊ သူ၏ ရှေးဦးဝိညာဉ်အဆင့်က အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိသွား၍ ရှေ့ဆက်သွားရန် အနည်းငယ် ခက်ခဲနေပြီ။

ငရဲဝိညာဉ်နတ်ဆိုးပန်းကို သန့်စင်လိုက်ပါက သူ၏ စိတ်ဝိညာဉ်ကို ပို၍မြန်မြန် တိုးတက်စေနိုင်သည်။

ကျွင်းရှောင်ယောက်လည်း တစ်လှမ်းချင်းလျှောက်ပြီး နတ်ဆိုးကြယ်အနားကို ချဉ်းကပ်သွားလေသည်။

"နတ်ဘုရားသားတော်၊ သတိထားပါ"

မုန့်ကျန်းက လှမ်းသတိပေးလိုက်သည်။

သူသည် ခေါင်းဆောင်ဖြစ်သော်လည်း ကျွင်းရှောင်ယောက်၏ လုပ်ရပ်များကို ကန့်သတ်ရန်တော့ မရည်အချင်းမပြည့်မီပေ။

"ဝုန်း"

နတ်ဆိုးကြယ်အနီးကို ချဉ်းကပ်လိုက်သည်နှင့် တပြိုင်နက် နာကြည်းမှုများ၊ သရဲတစ္ဆေ အော်သံများက စိတ်ဝိညာဉ်ရေစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ကျွင်းရှောင်ယောက်ဆီသို့ စီးဝင်လာခဲ့သည်။

"ပြာမှုန်က ပြာမှုန်အဖြစ် ပြန်သွားတယ်၊ မြေမှုန့်က မြေမှုန့်အဖြစ် ပြန်ရမယ်။ မင်းတို့ လက်စားချေချင်ရင် ငါ မင်းတို့အတွက် လက်စားချေပါ့မယ်"

ကျွင်းရှောင်ယောက်က ရှေးဦးဝိညာဉ်ကို အသက်သွင်းလိုက်ရာ ရွှေရောင်အလင်းတန်း ထွန်းတောက်လာခဲ့သည်။

မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် အင်မော်တယ်ကျမ်းက ပစ္စုပ္ပန်ကျမ်းကို အသက်သွင်းလိုက်၏။

မဟာနေမင်း သထ္ထကထာ၏ ရုပ်သွင်က ထွက်ပေါ်လာပြီး ဝိညာဉ်အားလုံးကို ကယ်တင်ကာ မိစ္ဆာဝိညာဉ်များကို ဖိနှိပ်လာတော့သည်။

ဝိညာဉ်လှိုင်းလုံးကြီးက ချက်ချင်း ငြိမ်သက်သွားခဲ့သည်။

ငရဲဝိညာဉ်နတ်ဆိုးပန်းသည်လည်း မဟာနေမင်း သထ္ထကထာ၏ ဖိနှိပ်ခံရသဖြင့် တုန်ခါကာ အော်ဟစ်မြည်တမ်းသံခပ်တိုးတိုး ထွက်လာခဲ့လေသည်။

မိစ္ဆာစွမ်းအားများ သန့်စင်ခံရပြီး အနက်ရောင် အခိုးအငွေ့များ ထွက်လာခဲ့သည်။

"နတ်ဘုရားသားတော်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

ဤမြင်ကွင်းကိုမြင်လိုက်ရတော့ မုန့်ကျန်းနှင့် အခြားသူများ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုတို့ ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကလည်း သာမန်မဟုတ်ပေ။

သို့သော်...

ကျွင်းရှောင်ယောက်က ငရဲဝိညာဉ်နတ်ဆိုးပန်းပွင့်ကို သန့်စင်ပြီးတော့မည့်အချိန်တွင်...

"ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်ထားသည့် မှိန်းတစ်လက်က လေထုကိုဖြတ်သန်းကာ ကျွင်းရှောင်ယောက်အား ထိုးဖောက်လာခဲ့သည်။

ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်ပြီး သူ့လက်ကို မြှောက်လိုက်၏။ သူ့လက်ဝါးကို တောက်ပသော နတ်ကနုတ်များက ချက်ချင်း ဖုံးအုပ်သွားတော့သည်။

ခွန်ပန်မဟာနတ်ဘုရားသိုင်းကို အသုံးပြုပြီး ခွန်ပန် အမြီးလွှဲရိုက်သကဲ့သို့ သူ့လက်ဝါးနှင့် လွှဲရိုက်လိုက်၏။

ပေါက်ကွဲသံနှင့်အတူ မှိန်းက လွင့်စဉ်သွားတော့သည်။

"အဟက်၊ ဒီကောင်လေးမှာ စွမ်းရည်နည်းနည်းရှိသားပဲ"

မနီးမဝေး ကြယ်ကောင်းကင်မှ ပုံရိပ်များစွာတို့ ထွက်ပေါ်လာခဲ့သည်။

"နောက်ဆုံးတော့ တိုင်းတပါးက သတ္တဝါတွေ ပေါ်လာခဲ့ပြီပေါ့"

ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲပေ။ သို့ရာတွင်၊ သူ့မျက်လုံးများက အေးစက်မှု အရိပ်အယောင်များ ပေါ်လာခဲ့ပြီ ဖြစ်သည်။

All Chapters