← Chapters

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း ( ၈၄၇ ) တိုင်းတပါးသားများကို သတ်ဖြတ်ခြင်း၊ သူတော်စင်သခင်နယ်ပယ် တိုင်းတပါးသား ပစ်မှတ်ထားလာသည်။

ဤတိုင်းတပါးသား သတ္တဝါအားလုံးက မတူညီကြဘဲ ပုံစံအမျိုးမျိုး ရှိကြသည်။

သို့ရာတွင်၊ သူတို့မှာ တူညီသော အရာတစ်ခု ရှိနေ၏။ ယင်းက သူတို့အားလုံး၏ အရှိန်အဝါများမှာ အလွန် အားကောင်းကြခြင်းပင်။

ဤအခိုက်တွင် ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခဲ့သူက ယာရှမြွေ ဖြစ်သည်။

ယာရှမြွေ၏ ခန္ဓာကိုယ်က သံမဏိနှင့် ပြုလုပ်ထားသကဲ့သို့ အလွန်ကြံ့ခိုင်ပြီး အစွမ်းထက်သည်။ သူ့နောက်ကျောမှာလည်း ကြက်သွေးရောင် အတောင်ပံများ ရှိ၏။

သို့သော်လည်း သူ့ဦးခေါင်းမှာ မြွေ၏ဦးခေါင်း ဖြစ်နေသည်။

ယခုအခါ မြွေမျက်လုံးတစ်စုံက ကျွင်းရှောင်ယောက်ကို အလွန်အေးစက်သောအကြည့်ဖြင့် ကြည့်နေသည်။

"မင်းတို့ တိုင်းတပါးက မိစ္ဆာတွေပဲ"

မုန့်ကျန်းနှင့် အခြားသူများ၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ထွက်ပေါ်လာခဲ့သည်။ သူတို့က ယာရှမြွေကို အေးစက်စက်ဖြင့် ကြည့်လိုက်ကြ၏။

အကြောင်းမူကား ယာရှမြွေသည် ဤတိုင်းတပါးသား သတ္တဝါအုပ်စုတွင် အသန်မာဆုံးဖြစ်ပြီး အဓိပဓိတစ်ပိုင်းအဆင့်အထိ ရောက်ရှိသွားခဲ့သောကြောင့်ပင်။

"ကောင်လေး၊ မင်းက ဒီအဓိပဓိရဲ့ လှုပ်ရှားမှုကို တကယ် တားဆီးနိုင်တယ်။ မင်းက အင်မော်တယ်နယ်မြေကြီးရဲ့ ထိပ်တန်း မျိုးနွယ်တစ်ခုက မဟုတ်လား။ မင်းကို သတ်လိုက်ရင် ငါ ဆုလာဘ်ကြီးကြီးရလိမ့်မယ်"

ယာရှမြွေက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြောဆိုပြီး ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။

အင်မော်တယ်နယ်မြေကြီးတွင် တိုင်းတပါးသားများကို သတ်ဖြတ်ခြင်းဖြင့် ကုသိုလ်ရသကဲ့သို့...

တိုင်းတပါးတွင်လည်း သဘာဝအတိုင်း ဆုပေးစနစ် ရှိပေသည်။

ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်ရုံဖြင့် သာမန်မဟုတ်မှန်း သိနိုင်သည်။

အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး အင်မော်တယ်တစ်ပါးကဲ့သို့ သူ့အသွင်က ထူးကဲ၏။

ယခုလေးတင် ယာရှမြွေက ပေါ့ပေါ့ပါးပါး လုပ်ကြံခဲ့ခြင်းဖြစ်သော်လည်း မဟာသူတော်စင်များ တားဆီးနိုင်သောအရာ မဟုတ်သည်မှာ သေချာသည်။

ထို့ကြောင့် ထိုလူငယ်မှာ အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်းမျိုးစေ့ ပါရမီရှင်ဖြစ်မှန်း ယာရှမြွေ ချက်ချင်းသိသွားခဲ့ပေသည်။

ကျွင်းရှောင်ယောက်ကတော့ အမူအရာမပြောင်းဘဲ လျစ်လျူရှုခဲ့သည်။

သို့ရာတွင် မုန့်ကျန်းက အော်ဟစ်လိုက်၏။

"မင်း သေချင်နေတာပဲ"

ရန်သူများ ထိပ်တိုက် တွေ့ဆုံသောအခါ အပိုစကားများ မပြောတော့ပေ။

ချက်ချင်းပင်၊ မုန့်ကျန်းနှင့် အခြား အဓိပဓိတစ်ပိုင်း စစ်သူရဲများက ယာရှမြွေကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။

ကျန်သော ကျင့်ကြံသူများကလည်း တိုင်းတပါးသားများနှင့် စတင် တိုက်ခိုက်လိုက်၏။

"မင်းကိုကြည့်ရတာ အင်မော်တယ် နယ်မြေကြီးရဲ့ အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်လောက်တယ်။ မင်းရဲ့အသားက နူးညံ့ပြီး အရသာရှိမှာပဲ၊ ရှလွတ်..."

တောင်တစ်လုံးနှင့်တူသော နတ်ဆိုးအရိပ်တစ်ခုက နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ လင်ယွမ်အား စိုက်ကြည့်လိုက်သည်။

၎င်းက မျောက်ဝံနှင့်တူသော သတ္တဝါဖြစ်ပြီး တကိုယ်လုံးကို အနက်ရောင်အမွေးများက ဖုံးလွှမ်းထား၏။ သူ့တွင် အနက်ရောင် တံစဉ်ကဲ့သို့ ခြေသည်း လက်သည်းများလည်း ရှိသေးသည်။

ဤသည်မှာ တိုင်းတပါးမှ မျောက်လွှဲကျော် မျိုးနွယ်တစ်မျိုး ဖြစ်သည်။ ၎င်းက တော်ဝင်မျိုးနွယ်မဟုတ်သော်လည်း စစ်သူကြီးမျိုးနွယ်များကြားတွင် သြဇာကြီးမားနေဆဲပင်။

"အင်မော်တယ်နယ်မြေကြီးရဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ဦးထက်မက ငါ စားခဲ့ဖူးတယ်။ သူတို့က အရမ်းနူးညံ့ပြီး အရသာကလည်း မမေ့နိုင်စရာပဲ..."

မျောက်ကြီးက နှုတ်ခမ်းကိုလျှာဖြင့်သပ်ရင်း ဆက်ပြော၏။ သူ၏ သားရဲမျက်လုံးများမှာလည်း ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များဖြင့် လင်းလက်လာလေသည်။

"သေလိုက်တော့"

လင်ယွမ်၏ ကျောက်စိမ်းမျက်နှာက ဒေါသတို့ဖြင့် အေးစက်သွားသည်။ သူက လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် ကြီးမားသော စွမ်းအင်များ ထွက်ပေါ်လာ၏။

မဟာသူတော်စင်နယ်ပယ် မျောက်ကြီး၏ အမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။

"မဟုတ်သေးဘူး မင်းကလည်း မျိုးစေ့အဆင့်လူတစ်ယောက်ပဲ"

မျောက်ကြီး အံ့ဩတကြီး အော်ဟစ်လိုက်သည်။

သူတို့၏အမြင်တွင် အင်မော်တယ်နယ်မြေကြီးက အားနည်းသော်လည်း ထူးချွန်သူတချို့ ရှိသေးသည်။

မျိုးဆက်သစ်လူငယ်များကြားတွင် တိုင်းတပါးမှ အကြောက်ဆုံးသောလူများက အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပုဂ္ဂိုလ်များ ဖြစ်သည်။

"ဝုန်း... ဝုန်း"

တိုက်ပွဲက ချက်ချင်း စတင်ခဲ့သည်။

သဘာဝအတိုင်း ကျွင်းရှောင်ယောက်ကိုလည်း ပစ်မှတ်ထားခဲ့ကြ၏။

မဟာသူတော်စင်နယ်ပယ် တိုင်းတပါးသားသုံးယောက်က ကျွင်းရှောင်ယောက်ကို တပြိုင်နက်တည်း ပစ်မှတ်ထား တိုက်ခိုက်ကြတော့သည်။

ကျွင်းရှောင်ယောက်က တစ်ခုခုဖြစ်မှန်း သိထားကြသောကြောင့် သဘာဝအတိုင်း တစ်ဦးချင်း တိုက်ခိုက်ကြမည် မဟုတ်ပေ။

"မင်းတို့ တိုင်းတပါးသားတွေက ပြိုင်ဆိုင်မှုကြီးမားတယ်လို့ ငါကြားပေမဲ့၊ အခုတော့ လူအင်အားနဲ့ တိုက်ခိုက်ဖို့ပဲ သိကြတဲ့ အရှုံးသမားတွေ ဖြစ်နေကြတာပဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဟမ်၊ မင်းလို မျိုးစေ့အဆင့်ရှိသူကို သတ်လိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ကြီးကျယ်ခမ်းနားတဲ့ တာဝန်တစ်ခုကို ပြီးမြောက်လိမ့်မယ်။ သေစမ်း"

တိုင်းတစ်ပါးမှ သတ္တဝါက အေးစက်စက် ပြန်အော်လိုက်၏။

သူ့တကိုယ်လုံးက မိစ္ဆာကမ္ပည်းများ ရေးထိုးထားသည်။ ထိုကမ္ပည်းများက မျက်လုံးများနှင့်တူပြီး အလွန်ထူးဆန်းကာ အံ့သြစရာဖြစ်ပေသည်။

၎င်းက မိစ္ဆာစွမ်းအားကို အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မျက်လုံးများက အသက်ရှင်နေသကဲ့သို့ အမှန်တကယ် လှုပ်ရှားလာ၏။ ထို့နောက် ပျက်စီးခြင်း၏ အမှောင်အလင်းတန်းများကို ပစ်လွှတ်လာတော့သည်။

"သူ ဘယ်လောက်ပဲ သန်မာနေပါစေ၊ မဟာသူတော်စင်နယ်ပယ်မှာပဲ ရှိသေးတယ်။ ငါတို့အားလုံး အတူတူ တိုက်ခိုက်ရင် ဒီကောင် သေချာပေါက် သေလိမ့်မယ်"

အခြား သတ္တဝါတစ်ကောင်က အော်ပြောလိုက်သည်။

၎င်းမှာ ချီလင်ခန္ဓာနှင့် မြွေအမြီးရှိပြီး ထူးဆန်းသော သတ္တဝါတစ်ကောင် ဖြစ်၏။ သူ့တကိုယ်လုံးက လုံးဝ နက်မှောင်နေပေသည်။

ယင်းက ချီလင်မြွေမျိုးနွယ် ဖြစ်သည်။ ၎င်းက ချီလင်နှင့် နတ်ဆိုးမြွေ သွေးနှောလည်း ဖြစ်ချေသည်။

ချီလင်သားရဲနှင့် ‌နတ်ဆိုးမြွေကြားတွင် မတူညီမှုများရှိသော်လည်း ဤ‌မျိုးစပ် ချီလင်မြွေက အလွန်အစွမ်းထက်သည်။

သူ့ပါးစပ်ကိုဟပြီး ဟိန်းဟောက်လိုက်သည်နှင့် ဟင်းလင်းပြင်က ပြိုပျက်သွားလိမ့်မည်။

ဝိုင်းရံ တိုက်ခိုက်နေသော နောက်ဆုံး တိုင်းတပါးသားကမူ အလွန်လှပသော အမျိုးသမီးတစ်ဦးနှင့် တူသည်။

သို့သော်လည်း ခန္ဓာကိုယ်အောက်ပိုင်းက လင်းယုန်ခြေသည်းနှင့် အမွေးများ ရှိပေသည်။

ဤသည်မှာ အသံလှိုင်းနှင့် စိတ်ဝိညာဥ်စွမ်းအားများကို အထူးပြုသော ထူးခြားဆန်းပြားသည့် ဟာပီနတ်ဆိုးမျိုးနွယ် ဖြစ်သည်။

တချိန်က အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များဟာ ဤဟာပီမျိုးနွယ်များ၏ အသံလှိုင်းဖြင့် ဦးနှောက်ဆေးခံရပြီး အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့ဖူးသည်။

ခြုံပြောရလျှင် ဤမျိုးနွယ်စုသုံးခုက တော်ဝင်မျိုးနွယ်မှ သတ္တဝါများ မဟုတ်ကြသော်လည်း အားလုံးက အလွန်သန်မာကြပေသည်။ ယခုအခါ သူတို့သုံးဦးက ပူးပေါင်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ဤအခြေအနေမှာ မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျင့်ကြံသူများအတွက်ပင် အန္တရာယ်များ၏။

သို့သော်၊ တိုင်းတပါးသား သတ္တဝါသုံးကောင်၏ တိုက်ခိုက်သတ်ဖြတ်နည်းများ အားလုံး ကျရောက်လာသည့်တိုင်...

ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေပြီး မလှုပ်ရှားသေးပေ။

"ဒီကောင် ဦးနှောက်ပျက်သွားပြီလား"

ချီလင်မြွေက ပြောလိုက်သည်။

ယခင်ကလည်း စစ်မြေပြင်မှာ ဤအခြေအနေမျိုး ကြုံဖူးကြပေသည်။ အတွေ့အကြုံမရှိသော လူငယ်တချို့ဟာ စစ်မြေပြင်မှ ရက်စက်ကြမ်းကြုတ်မှုကို မြင်ရပြီးနောက် တာအိုနှလုံးသား ပြိုလဲပြီး အသိစိတ်ပျောက်သွားခဲ့ဖူးသည်။

မုန့်ကျန်းနှင့် အခြားသူများလည်း ဤမြင်ကွင်းကြောင့် ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားသည်။ သို့သော်၊ သူတို့ ဘာမျှမပြောတော့ပါ။

ကျွင်းရှောင်ယောက်က အန္တရာယ်ကို ရင်ဆိုင်ရမှာ ကြောက်လန့်နေမည့်သူမျိုး မဟုတ်မှန်း သူတို့သိသည်။

"ဝုန်း..."

တိုင်းတစ်ပါးသတ္တဝါများ၏ တိုက်ခိုက်မှုများက ကျွင်းရှောင်ယောက်ကို လွှမ်းခြုံသွားသည်။

ချီလင်မြွေနှင့် အခြားသူများ အံ့ဩသွား၏။ ဤမျိုးစေ့အဆင့် ပါရမီရှင်ကတော့ သူ၏ဂုဏ်သတင်းနှင့် မထိုက်တန်ဟု ခံစားခဲ့ရပေသည်။

"ဝှစ်"

ရုတ်တရက်၊ အရိပ်တစ်ခုက အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် တကိုယ်လုံးတွင် မိစ္ဆာကမ္ပည်းများနှင့် တိုင်းတပါးသား သတ္တဝါ၏ဘေးတွင် ပေါ်လာခဲ့သည်။

ထို့နောက် လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။

"ဖောင်း"

တိုင်းတစ်ပါးသား သတ္တဝါ၏ ခန္ဓာကိုယ်က ဖရဲသီးကို ထုခွဲသကဲ့သို့ သွေးနှင့် အသားစများ နေရာအနှံ့ လွင့်စဉ်သွားတော့သည်။

ထိုလက်သီးချက်ကြောင့် ရှေးဦးဝိညာဉ်ပင်လျှင် တိုက်ရိုက် ပျက်သုဉ်းသွားခဲ့သည်။

"ပထမ"

ပေါ့ပေါ့ပါးပါးနှင့် လျစ်လျူရှုထားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုလူရိပ်မှာ အဖြူရောင် အဝတ်အစားများနှင့် ကျွင်းရှောင်ယောက် ဖြစ်၏။ သူ့ပုံစံက အလွန်တည်ငြိမ်ပြီး ချီလင်မြွေကို ဆက်လက် ထိုးကြိတ်လိုက်သည်။

"မင်း၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ချီလင်မြွေနှင့် ဟာပီတို့ မျက်နှာပျက်သွားခဲ့ကြသည်။

အဆင့်တူတွင် တိုင်းတပါးသား သတ္တဝါများက အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများထက် ပိုအစွမ်းထက်ကြောင်း သိထားရလိမ့်မည်။

သူတို့အားလုံးက မဟာသူတော်စင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သုံးဦးက မဟာသူတော်စင်နယ်ပယ် ဤမျိုးစေ့အဆင့် ပါရမီရှင်ကို သတ်ရန် လုံလောက်သည်ဟု ဆိုကြရပေမည်။

သို့ရာတွင် ရလဒ်ကတော့ လူတစ်ဦး ချက်ခြင်း သေဆုံးသွားရပြီ ဖြစ်သည်။

ဟုတ်ပေသည်၊ ထို့ထက် ယခုလေးတင် သူတို့၏ တိုက်ခိုက်မှုများက ကျွင်းရှောင်ယောက်၏ စွမ်းအင်ခုခံကာကွယ်ခြင်း အကာကွယ်ကိုပင် မချိုးဖျက်နိုင်ခဲ့မှန်း သူတို့ မသိကြပါ။

"ကောင်းတယ်"

မုန့်မိသားစုမှ စစ်သူရဲများလည်း ဤမြင်ကွင်းကို မြင်တော့ ဝမ်းသာသွားကြသည်။

ကျွင်းရှောင်ယောက်နှင့်အတူ သူတို့အဖွဲ့က ပိုပြီး လုံခြုံလာလိမ့်မည်။

"ဟမ့်..."

ယင်းကိုမြင်တော့ လင်ယွမ် နှာခေါင်းရှုံ့လိုက်သည်။ ဝါဟွမ်မြင့်မြတ်ခန္ဓာကို အသက်သွင်းပြီးနောက် တိုင်းတပါးသား သတ္တဝါကို တိုက်ခိုက်လိုက်၏။

သူမက ကျွင်းရှောင်ယောက်နှင့်အပြိုင် တိုင်းတပါးသတ္တဝါများကို သတ်ဖြတ်လိုကြောင်း ထင်ရှားသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က လက်ညှိုးညွှန်ပြလိုက်သည်။

မိုးကြိုးဧကရာဇ်၏ လက်ချောင်းကဲ့သို့ ဧရာမ မိုးကြိုးလက်ချောင်းကြီးက ကျဆင်းလာ၏။

ချီလင်မြွေက အော်ဟစ်ပြီး ထူးခြားဆန်းပြားသော နည်းလမ်းများကို ထုတ်ဖော်သော်လည်း တိုက်ရိုက် သတ်ခံလိုက်ရဆဲပင်။

"မကောင်းတော့ဘူး"

ဟာပီမိန်းကလေး၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက ပါးစပ်ကိုဟပြီး စူးရှသော အသံလှိုင်းများ ထုတ်ဖော်လိုက်၏။ တစ်ချိန်တည်းတွင် သူမက လက်နှစ်ဖက်ကိုဆန့်ပြီး အတောင်များအဖြစ်ပြောင်းကာ တဖြန်းဖြန်းခတ်ရင်း ဆုတ်သွားတော့သည်။

ဤမျိုးစေ့အဆင့် တည်ရှိမှုက အလွန်ထူးဆန်းပြီး သူတို့ထင်ထားသည်ထက် ပိုအားကောင်းသည်။

"ထွက်သွားလို့ရမယ်ထင်လား"

ကျွင်းရှောင်ယောက်က အေးစက်စက် ပြောလိုက်သည်။ နတ်ဆိုးအသံက ကျွင်းရှောင်ယောက်ကို လုံးဝ မထိခိုက်စေနိုင်ပေ။

သူက သူ့လက်နှစ်ချောင်းကို ဓားတစ်လက်ကဲ့သို့ သုံးပြီး ညွှန်ပြလိုက်သည်။ ဓားအလင်းတွင် အင်မော်တယ်နှင့် နတ်ဘုရားများ ကျဆုံးနေသကဲ့သို့ မြင်ကွင်းများ ပေါ်လာခဲ့၏။

အင်မော်တယ်သတ်ဓားသိုင်း။

"ရွှမ်း"

ဓားအလင်းက ဟာပီမိန်းကလေး၏ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲသွားကာ ရှေးဦးဝိညာဉ်လည်း ပျက်သုဉ်းသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်စရာကောင်းသော တိုင်းတစ်ပါးမှ မဟာသူတော်စင်နယ်ပယ် သတ္တဝါသုံးကောင်စလုံး သေသွားသည်။

ထိုအချိန်တွင် မုန့်ကျန်း၊ အခြားသူများနှင့် တိုက်ခိုက်နေသော ယာရှမြွေသည်ပင် ရုတ်တရက် တုန်လှုပ်သွားမိသည်။ သူသည် ချက်ချင်း နောက်ဆုတ်သွား၏။

အဆင့်တူတွင် တိုင်းတပါး သတ္တဝါတစ်ဖကာင်က အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူနှစ်ဦးနှင့် ညီမျှသည်။

ယခုတော့ မဟာသူတော်စင်နယ်ပယ် တိုင်းတပါး သတ္တဝါသုံးကောင်ကို ကျွင်းရှောင်ယောက် တစ်ယောက်တည်းက သုတ်သင်ပစ်လိုက်ပြီ။

သို့သော်လည်း အားလုံးကို ကြာရှည် အံ့အားသင့်ပိုင်ခွင့်မပေးဘဲ ကျွင်းရှောင်ယောက်က ထပ်မံတိုက်ခိုက်လာသည်။

သိုးအုပ်ကြားမှ ဝံပုလွေတစ်ကောင်ကဲ့သို့ တိုင်းတပါးမှ သတ္တဝါများကြားကို ပြေးဝင်သွား၏။ သူ လက်ညှိုးညွှန်လိုက်သည်နှင့် အင်မော်တယ်သတ် ဓားအလင်းက တောက်ပစွာ ဖြာထွက်လာတော့သည်။

အဆင့်တူတွင် သူ၏ဓားအလင်းကို မည်သည့် တိုင်းတပါးသားမှ မခံနိုင်ဘူးဟု ဆိုနိုင်သည်။

ရှိလာလျှင်လည်း...

နောက်ထပ် ဓားတစ်ချက် ထပ်ထည့်လိုက်ရုံပင်။

တိုင်းတပါးသားများ သေဆုံးသွားသည်နှင့်အမျှ ကျွင်းရှောင်ယောက်၏ ကုသိုလ်ကျောက်စိမ်းပြားတွင်းရှိ အမှတ်များမှာလည်း တိုးလာခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ထိုကိစ္စကို ဂရုမစိုက်သေးပါ။

'မျှော်လင့်ထားတဲ့အတိုင်း အမှောင်ဒြပ်ပဲ...'

သတ်ဖြတ်နေရင်း ကျွင်းရှောင်ယောက်က စိတ်ထဲမှ တွေးလိုက်သည်။

ဤတိုင်းတပါးသား သတ္တဝါအားလုံး အမှောင်ဒြပ်နှင့် အနည်းနှင့်အများ စွန်းထင်းနေကြ၏။

ဤအမှောင်ဒြပ်က အလွန်ထူးဆန်းပြီး ၎င်း၏ဇာစ်မြစ်ကို မသိရပေ။ သို့ရာတွင် ကောင်းကင်နှင့်မြေပြင်၏ လျှို့ဝှက်ချက်အချို့နှင့် ဆက်စပ်နေပုံရသည်။

အဓိပဓိယွမ်ထျန်းနှင့် မြွေလူမျိုးများကိုးကွယ်သော ဒဏ္ဍာရီလာဧကရာဇ် မီဖေးတို့သည်လည်း ဤအမှောင်နှင့် စွန်းထင်းနေခဲ့ကြပေသည်။

ကျွင်းရှောင်ယောက်လည်း ဤအမှောင်ဒြပ်၏ လျှို့ဝှက်ချက်ကို ပိုသိချင်လျှင် တိုင်းတပါးကို သွားရမည်ဟု ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်က စိတ်ထဲမှ တွေးနေချိန်တွင်...

အေးစက်စက် စကားသံကို ကြားလိုက်ရ၏။

"မင်း ငါတို့ တိုင်းတပါးသားတွေကို ဘယ်လိုတောင် သတ်ဝံ့တာလဲ။ မင်း သေရမယ်"

တိုင်းတပါးမှ သူတော်စင်သခင်နယ်ပယ် သတ္တဝါက ကျွင်းရှောင်ယောက်ကို ဖိနှိပ်သတ်ဖြတ်ရန် ဦးတည်လာတော့သည်။

All Chapters