အခန်း ၈၄၈
Vol. 57 Ch. 848
အခန်း ( ၈၄၈ ) အေ့ဘစ်နတ်ဆိုးမျိုးနွယ်၏ သူတော်စင်သခင်ကို သတ်ဖြတ်ပြီး တိုင်းတပါး၏ အဓိပဓိတစ်ပိုင်းကိုပါ တိုက်ခိုက်သည်။
ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားလာသူ သူတော်စင်သခင်အဆင့် ကျွမ်းကျင်သူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
သို့သော်လည်း သူ့ခေါင်းမှာ သွေးရောင် ဆိတ်ချိုနှစ်ချောင်း ရှိ၏။
စုန်းဒဏ္ဍာရီတချို့တွင် ဆိတ်က မကောင်းဆိုးရွား၏ သင်္ကေတ ဖြစ်သည်။
၎င်းက အေ့ဘစ်နတ်ဆိုးမျိုးနွယ်မှ သူတော်စင်သခင်တစ်ပါး ဖြစ်ချေသည်။
အေ့ဘစ်နတ်ဆိုးမျိုးနွယ်က တော်ဝင်မျိုးနွယ်တစ်ခု မဟုတ်ပေ။ သို့ရာတွင် တော်ဝင်မျိုးနွယ်အောက်မှ ထိပ်တန်း စစ်သူကြီးမျိုးနွယ်များကြားတွင် တစ်ခုအပါအဝင် ဖြစ်သည်။
တိုင်းတပါးတွင် အင်အားစုများနှင့် မျိုးနွယ်များ အဆင့်သတ်မှတ်ပုံ တင်းကြပ်ပြီး ပိရမစ်တစ်ခုကဲ့သို့ တည်ရှိသည်။
ကျွန်မျိုးနွယ်၊ စစ်သူကြီးမျိုးနွယ်၊ တော်ဝင်မျိုးနွယ်၊ ထိပ်တန်း တော်ဝင်မျိုးနွယ်၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်နှင့် အင်မော်တယ်ဧကရာဇ် မျိုးနွယ်စု စသည်ဖြင့်။
သာမန် မျိုးနွယ်စုမှ သတ္တဝါများပင်လျှင် အင်မော်တယ်နယ်မြေကြီးမှ သာမန်ကျင့်ကြံသူများထက် တိုက်ခိုက်ရေး စွမ်းအား မြင့်မားကြပေသည်။
အထက်အဆင့် မျိုးနွယ်များမှ သတ္တဝါများဆိုလျှင်တော့ အထူးပြောနေရန်ပင် မလိုတော့ပေ။
"မျိုးစေ့အဆင့် ပါရမီရှင်၊ သေရမယ်"
အေ့ဘစ်နတ်ဆိုးမျိုးနွယ်၏ သူတော်စင်သခင်က ကျွင်းရှောင်ယောက်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် လူများက မည်မျှကြမ်းတမ်းကြမှန်း သူ ကောင်းစွာသိသည်။
သူတို့ကို ကြီးပျင်းခွင့်ပေးထားပါက အနာဂတ်တွင် အနည်းဆုံး ဧကရာဇ်တစ်ပိုင်း ဖြစ်လာကြလိမ့်မည်။
သူတို့က တိုင်းတစ်ပါးကို ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နိုင်သည်။
"သူ့ကို မြန်မြန်တားဆီးကြ"
ယင်းကိုမြင်တော့ မုန့်ကျန်း အလျင်စလို အော်ဟစ်လိုက်သည်။
ကျွင်းရှောင်ယောက်က ရှေးဦးအင်ပါယာမြို့တော်မှာ အဓိပဓိတစ်ပိုင်းကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော်လည်း...
လူတိုင်း၏အမြင်မှာ ကျွင်းရှောင်ယောက်က အဓိပဓိတစ်ပိုင်းကို အမှန်တကယ် အနိုင်ယူနိုင်မည်ဟု မဆိုလိုပေ။
ကျွင်းရှောင်ယောက်က အဓိပဓိတစ်ပိုင်းကို ရင်ဆိုင်နိုင်ရုံမျှသာဖြစ်မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
ထို့အပြင် တိုင်းတစ်ပါးမှ သူတော်စင်သခင်အဆင့် ကျွမ်းကျင်သူများက အင်မော်တယ်နယ်မြေကြီး၏ အဓိပဓိတစ်ပိုင်းနှင့် များစွာကွာခြားမည်မဟုတ်ပေ။
သို့ဖြစ်ပေရာ မုန့်ကျန်း အလျင်စလိုဖြစ်သွားသည်မှာ သဘာဝ ဖြစ်သည်။
မုန့်မိသားစုမှ သူတော်စင်သခင်များလည်း လှုပ်ရှားရန် ကြိုးပမ်းကြ၏။ သို့သော်လည်း သူတို့ကို တိုင်းတစ်ပါးမှ သူတော်စင်သခင်များက တားဆီးထားတော့သည်။
မုန့်ကျန်းသည်လည်း အဓိပဓိတစ်ပိုင်း ယာရှမြွေ၏ ချည်နှောင်ခံရပြီး တိုက်ပွဲမှ ရုန်းမထွက်နိုင် ဖြစ်နေခဲ့ရသည်။
"ရှုးရှုး... မင်းတို့ အင်မော်တယ်နယ်မြေကြီးရဲ့ ဒီမျိုးစေ့ ကြွေလွင့်ရတော့မယ်"
အဓိပဓိတစ်ပိုင်း ယာရှမြွေက မြွေလျှာကိုထုတ်ပြပြီး လှောင်ပြောင်လိုက်သည်။
မုန့်ကျန်း မျက်နှာက အေးစက်သွား၏။
သို့သော်လည်း ဘာမျှမတတ်နိုင်ဘဲ အကူအညီရောက်လာသည်အထိ ကျွင်းရှောင်ယောက် ထိန်းထားနိုင်စေရန်သာ ဆုတောင်းတော့သည်။
"မင်းကိုကယ်ဖို့ ဘယ်သူမှမရှိဘူးထင်တယ်"
အေ့ဘစ်နတ်ဆိုးမျိုးနွယ်၏ သူတော်စင်သခင်က လှောင်ပြောင်လိုက်သည်။ သူက ကျွင်းရှောင်ယောက်ကို ချက်ချင်းသတ်ရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
"မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ။ မင်းကြည့်တော့ ကြောင်တောင်တောင်ပုံစံနဲ့ အတော် ယုံကြည်မှုရှိနေတယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ အစွမ်းသတ္တိကို သူ့နယ်ပယ်နှင့် အကဲဖြတ်ပါက မိုက်မဲရာကျလိမ့်မည်။
တိုင်းတပါးမှ သူတော်စင်သခင်က အင်မော်တယ်နယ်မြေကြီး၏ သူတော်စင်သခင်ထင် သန်မာသော်လည်း...
ကျွင်းရှောင်ယောက်၏ မျက်လုံးထဲမှာတော့ ထိုမျှသာ ဖြစ်သည်။
သူ၏ လက်ရှိစွမ်းရည်ဖြင့်ပင် သူတော်စင်သခင်ကို မသတ်နိုင်ပါက ကိုယ့်အပြစ်သာ ဖြစ်လိမ့်မည်။
"သေချင်နေတာပဲ"
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်က ကြိမ်းမောင်းပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
သူသည်ကား ဂုဏ်သိက္ခာမြင့်မားသော သူတော်စင်သခင်ပင်တည်း။ သို့ပေမည့် ကျွင်းရှောင်ယောက်က သူ့ကို သာမန်လူဟု ဆိုနေသည်။
ယင်းက စိတ်တိုစရာပင်။
"ကျွင်းရှောင်ယောက်"
လင်ယွမ်က ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်သည်။
ဘာကြောင့်မှန်းမသိရသော်လည်း သူ့နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။
ကူညီချင်သည့် အရိပ်အမြွက်များပင် ရှိသေးသည်။
'ဒါက မျိုးဆက်တစ်ရာ ပြန်လည်ဝင်စားခြင်းရဲ့ အကြောင်းကြောင့်ပဲ'
လင်ယွမ်လည်း သူမ၏အတွေးကို ချက်ချင်း ဖိနှိပ်လိုက်သည်။
ယုတ္တိဗေဒအရ ကျွင်းရှောင်ယောက်၏ အန္တရာယ်ကျရောက်ခြင်းအတွက် သူမ ပျော်နေသင့်ပေသည်။
ကျွင်းရှောင်ယောက်က သူမ၏ နှလုံးသားထဲမှ ဆူးတစ်ချောင်းဖြစ်ပြီး သူမနှင့် လုံးဝ မသင့်မြတ်နိုင်သော ရန်သူတော် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ထိုသို့သော ခံစားချက်မျိုး လုံးဝမရှိပေ။
'သူ တိုင်းတပါးသားတွေရဲ့ လက်ထဲမှာ သေလို့မဖြစ်ဘူး၊ သူက ကူတိကျစ်ရဲ့ လက်ထဲမှာပဲ သေရမှာ'
လင်ယွမ်က သူ့ကိုယ်သူ အကြောင်းပြချက်တစ်ခု ပေးလိုက်လေသည်။
ထို့နောက် သူမ၏ ဝါဟွမ်မြင့်မြတ်ခန္ဓာကို အသက်သွင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ဆံပင်ရှည်များကလည်း အရိုင်းဆန်စွာ လှုပ်ရှားလာကြ၏။ သူမက လှပသော အင်မော်တယ် ဘုရင်မကဲ့သို့ အေ့ဘစ်နတ်ဆိုးမျိုးနွယ်၏ သူတော်စင်သခင်ကိုသတ်ရန် လက်တစ်ဖက်ကို မြှောက်လိုက်တော့သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် လင်ယွမ် ရပ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ခန္ဓာကိုယ်က တုန်ခါသွားပြီး အားကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့၏။
ထာဝရအင်မော်တယ်ခန္ဓာ။
သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက ပြင်းထန်သောစွမ်းအားဖြင့် ပေါက်ကွဲထွက်ပြီး ကမ္ဘာတစ်ခုကဲ့သို့ တုန်ခါနေတော့သည်။
မေယုကမ္ဘာ နှစ်ရာ့ခြောက်ဆယ်၏ စွမ်းအားလည်း အသက်ဝင်လာခဲ့သည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို တဖြည်းဖြည်း မြှောက်လိုက်သည်။ လက်သီးဆုပ်လိုက်ပြီးနောက် ခွန်ပန်နတ်လက်သီးဖြင့် ထုတ်ဖော်လိုက်၏။
လက်သီးက အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်၏ လက်ဝါးကြီးနှင့် ထိပ်တိုက်တွေ့ဆုံသောအခါ...
"ဝုန်း"
ဟင်းလင်းပြင်က ပြိုကျသွားသည်။ ကြမ်းတမ်းသော စွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး ပတ်ဝန်းကျင်ရှိ ကြယ်အချို့သည်ပင် ချက်ချင်း ပြာများအဖြစ်သို့ ပြိုကျသွားတော့သည်။
"ဝုန်း"
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြန်သည်။
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်၏ နာကျင်စွာ အော်ဟစ်လိုက်သံလည်း ထွက်ပေါ်လာ၏။ ဆန့်ထုတ်ထားသော သူ၏လက်တစ်ဖက်က ကျွင်းရှောင်ယောက်၏ လက်သီးချက်အောက်တွင် တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
တိတ်ဆိတ်သည်။
သုသာန်တစပြင်ပမာ တိတ်ဆိတ်သွား၏။
တိုက်ပွဲကြားမှာပင် ဤအခြေအနေကြောင့် တိုက်ခိုက်နေကြသူအားလုံး ကျွင်းရှောင်ယောက်ကို အလန့်တကြား လှမ်းကြည့်လိုက်မိသည်။
အဆင့်တူ တိုင်းတပါး သတ္တဝါများကို ချက်ချင်းသတ်နိုင်ကတည်းက ကျွင်းရှောင်ယောက်၏ စွမ်းအားကို သူတို့ အသိအမှတ်ပြုခဲ့ကြသည်။
နောက်ဆုံးတွင်၊ သူက အင်မော်နယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပုဂ္ဂိုလ်တစ်ဦးပင်။
သို့သော်...
ယခု လှုပ်ရှားနေသူက သူတော်စင်သခင်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
အင်မော်တယ်နယ်မြေကြီးမှ သာမာန် သူတော်စင်သခင်များထက် တန်ခိုးကြီးသော တိုင်းတစ်ပါးမှ သူတော်စင်သခင် ဖြစ်၏။
သို့တိုင် သူ့လက်တစ်ဖက်ကို ကျွင်းရှောင်ယောက်က ဖျက်ဆီးပစ်လိုက်သေးသည်။
"မင်း... မင်းက ဘယ်လို မကောင်းဆိုးရွားလဲ"
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်လည်း မျက်စိမျက်နှာပျက်ပြီး အလွန်ထိတ်လန့်သွားသည်။
သူတို့ တိုင်းတပါး၏ တော်ဝင်မျိုးနွယ်မှ ပါရမီရှင်ဖြစ်လျှင်ပင် ဤမျှ မကြမ်းသင့်ဘူး မဟုတ်လား။
ကျွင်းရှောင်ယောက်က ဓားသွားကဲ့သို့ အေးစက်သော သတ်ဖြတ်ချင်စိတ်ဖြင့် တစ်ဖန် ထပ်မံတိုက်ခိုက်လိုက်သည်။
ပတ်ဝန်းကျင် လေထဲတွင် မြက်ပင်ကလေးများ ထွက်ပေါ်လာ၏။
ဓားသွားကဲ့သို့ သစ်ရွက်များ တုန်ခါလာသည်နှင့်အမျှ ဓားစွမ်းအင်များမှာ ပြင်ပကမ္ဘာမှ ကြယ်များကို ဖြတ်တောက်ပစ်နိုင်သကဲ့သို့ ထွက်ပေါ်လာတော့သည်။
ရွက်လွှာကိုးခုမြက် ဓားသိုင်း။
ဓားအလင်းများက အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်ကို ဝန်းရံထားခဲ့သည်။
မကြုံစဖူး သေခြင်းတရား ခံစားချက်တစ်ခုက သူ့အသိစိတ်ကို ဖုံးလွှမ်းသွား၏။
အင်မော်တယ်နယ်မြေကြီးမှ မဟာသူတော်စင်တစ်ပါးက သူ့အသက်ကို ခြိမ်းခြောက်လာနိုင်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
"ကောင်လေး၊ သိပ်ပြီး မောက်မာမနေနဲ့"
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်က ဒေါသတကြီး ငေါက်လိုက်သည်။
သူ့ခေါင်းပေါ်ရှိ သွေးရောင်ဦးချိုနှစ်ချောင်းက အမှန်တကယ်ပင် တိုက်ရိုက် ကျွတ်ထွက်သွား၏။ သွေးရောင် ဦးချိုနှစ်ချောင်းက သွေးရောင်ကောင်းကင်ဓားနှစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားကာ ဓားအလင်းများဆီသို့ ဖြတ်သန်းသွားတော့သည်။
သွေးရောင် နတ်ဆိုးအလင်းများ တောက်ပလာခဲ့သည်။
"အမှောင်ကျိန်စာ လက်ဝါးတံဆိပ်တော််"
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်လည်း ကျန်သောလက်တစ်ဖက်နှင့် သူ၏ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။
ဤလူငယ်ကို သာမန်အသိအမြင်နှင့် တိုင်းတာ၍မရမှန်း သူ သိ၏။ သူ့ကို တစ်ချက်တည်း သတ်ဖြတ်ချင်ပါက အင်အားအပြည့်ဖြင့် အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်ရလိမ့်မည်။
ကျွင်းရှောင်ယောက်က လက်ဝါးတစ်ဖက်ကိုဖြန့်ပြီး ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်သည်။ ပတ်ဝန်းကျင် လေထဲမှ ဓားအလင်းများက စေ့ပိတ်လာ၏။ ထောင်ပေါင်းများစွာသော ဓားအလင်းများက ချက်ချင်း ဖြတ်တောက်လာတော့သည်။
ဓားအလင်းများအောက်တွင် သွေးရောင် ဆိတ်ဦးချိုများက ချက်ခြင်းကွဲကြေသွားသည်။
ကျွင်းရှောင်ယောက်က လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးကို ထပ်မံ ထုတ်ဖော်လိုက်သည်။ ပြန်လည်ဝင်စားခြင်း လမ်းခြောက်ခုက ရှေးဦးစကြာဝဠာ ခြောက်ခုကဲ့သို့ အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်ထံ တိုးဝင်သွား၏။
မေယုကမ္ဘာ နှစ်ရာ့ခြောက်ဆယ်၏ စွမ်းအားကို ထပ်မံပေါင်းထည့်လိုက်သောအခါ...
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်လည်း သူ့ခန္ဓာကိုယ် ကြေမွလုနီးပါး ခံစားလိုက်ရသည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အမှောင်ကျိန်စာ လက်ဝါးတံဆိပ်တော် ပေါက်ကွဲသွား၏။
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်၏ ခန္ဓာကိုယ်သည်လည်း တစ်စစီ ပေါက်ကွဲသွားတော့သည်။
သို့သော်၊ ထိုအချိန်တွင် လျှပ်စီးလက်သကဲ့သို့ အနက်ရောင်အလင်းတန်းတစ်ခုက ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားသို့ ပြေးဝင်လာသည်။
အမှန်တကယ်၊ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုခြင်း ဖြစ်ပေသည်။
"ကောင်လေး၊ မင်းရဲ့ ခန္ဓာကိုယ်က အတော် ကြောက်စရာကောင်းတယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ရင် ငါ အနာဂတ်မှာ အင်မော်တယ်ဘုရင်အဆင့်အထိ ဖြတ်ကျော်ဖို့တောင် ဖြစ်နိုင်လိမ်မယ်"
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်က အော်ဟစ်လိုက်သည်။ မြှားနက်တစ်စင်းကဲ့သို့ သူက ကျွင်းရှောင်ယောက်၏ မျက်ခုံးနှစ်ခုကြားကို ပစ်ထိုးလိုက်၏။
"နတ်ဘုရားသားတော် သတိထား"
မုန့်ကျန်းနှင့် အခြားသူများက အော်ဟစ်လိုက်ကြသည်။
အဖြစ်အပျက်များမှာ ရုတ်တရက်ဖြစ်၍ ခုခံရန် မမီတော့ပေ။
"သတိထား"
လင်ယွမ်လည်း မသိစိတ်မှ အော်ပြောလိုက်မိသည်။
"ဟမ့်..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများက သရော်သည့် အရိပ်အမြွက်တို့ ပေါ်လာသည်။ သူက မခုခံဘဲ အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်၏ ဝိညာဉ်မြှားကို သူ့မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်ခွင့်ပေးလိုက်၏။
ဤမြင်ကွင်းက မုန့်မိသားစုမှ လူအားလုံးကို ကြက်သေသေသွားစေခဲ့သည်။
လင်ယွမ်လည်း စိတ်ရှုပ်ထွေးသွားပြီး ဘာပြောရမှန်း မသိတော့ပေ။
တစ်ဖက်တွင် အဓိပဓိတစ်ပိုင်း ယာရှမြွေက လှောင်ပြောင်ရယ်မောလိုက်သည်။
အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့တစ်ဦး ကျဆုံးခြင်းက သူတို့အတွက် ကြီးကျယ်သော အောင်မြင်မှုတစ်ခု ဖြစ်ချေသည်။
သို့သော်၊ သူတို့မသိသောအရာတစ်ခု ရှိနေသည်။
ယခုအချိန်၊ ကျွင်းရှောင်ယောက်၏ အသိစိတ်ပင်လယ်ထဲတွင်...
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်၏ ဝိညာဉ် အံ့အားသင့်နေသည်။
အချိန်၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသော သူ့ရှေ့မှ ပန်းသုံးပွင့်ကိုကြည့်ကာ အတော်လေး အံ့ဩသွားမိ၏။
ဤမျှအစွမ်းထက်သော ရှေးဦးဝိညာဉ်ကို သူ တစ်ခါမှ မမြင်ဖူးပေ။
ဤအသိစိတ်ပင်လယ်က နက်ရှိုင်းသော သမုဒ္ဒရာကဲ့သို့ တိုင်းတာ၍မရဘဲ စိတ်စွမ်းအား အတက်အကျများဖြင့် လှိုင်းထနေသည်။
၎င်းက သူကဲ့သို့ သူတော်စင်သခင်၏ ရှေးဦးဝိညာဉ်ထက်ပင် ပို၍ အားကောင်းနေသေးသည်။
"ငါ နတ်ဘုရားသားတော်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြံစည်ဝံ့တယ်။ မင်း ကိုယ့်သေတွင်းကိုယ်တူးတာပဲ"
တာအိုပန်းပွင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
အဆုံးအစမဲ့ ရှေးဦးဝိညာဉ်စွမ်းအား။
မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်။
ထို့အပြင် ရှေးဦးဝိညာဉ်ကို လေ့ကျင့်ရာတွင် အထူးပြုသော မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် အင်မော်တယ်ကျမ်းလည်း ရှိသေးသည်။
ဤအခြေအနေမျိုးတွင် သူ့ခန္ဓာကို သိမ်းပိုက်ရန် ကြံစည်ခြင်းက ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်ခြင်း မဟုတ်လော။
"ဝုန်း"
နတ်ဆိုးနှင့် နတ်ဘုရားသွေးများ စွန်းထင်းနေသော ဖရိုဖရဲနတ်ကြိတ်ဆုံကြီးက အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်၏ ရှေးဦးဝိညာဉ်ကို စတင် နှိပ်စက်လိုက်သည်။
"မဟုတ်ဘူး"
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင် အော်ဟစ်လိုက်၏။
စိတ်ပျက်အားငယ်မှုများပင် ပြည့်နေပြီ။
သူ သေရမည့်အပြင် မသေခင်မှာလည်း သူ့စိတ်ဝိညာဉ်ကို တဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။
ဤအကြောင်းကို ကြိုသိပါက အသာတကြည် လက်ခံပြီး သေမိခဲ့လိမ့်မည်။
ပြင်ပကမ္ဘာတွင်၊ မလှုပ်မယှက် ရပ်နေသော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း...
မုန့်ကျန်း၏မျက်လုံးများ နီရဲလာသည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး အဓိပဓိတစ်ပိုင်း ယာရှမြွေကို ဖိတိုက်လိုက်၏။
"သေစမ်း"
မုန့်မိသားစု၏ အခြားစစ်သူရဲများလည်း ရူးသွပ်သွားသလို အဓိပဓိတစ်ပိုင်း ယာရှမြွေကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
ကျွင်းရှောင်ယောက်၏ သေခြင်းရှင်ခြင်းက သူတို့နှင့် တာဝန်မရှိသော်လည်း...
နယ်စပ်၏ ဒဏ္ဍာရီဖြစ်သော ကျွင်းဝူဟွေ့၏မျိုးဆက်တစ်ဦး ဤသို့ဖြစ်ခြင်းကို သူတို့လက်မခံနိုင်သေးပေ။
"ဟားဟားဟား၊ စိတ်ပျက်နေကြရပြီလား။ ဒါ အစပဲရှိသေးတယ်။ ကောင်းကင်နတ်ဆိုး တော်ဝင်မိသားစုရဲ့ လူတွေရောက်လာရင် မင်းတို့ ပိုပြီး စိတ်ပျက်ရလိမ့်မယ်"
အဓိပဓိတစ်ပိုင်း ယာရှက လှောင်ပြောင်ရယ်မောလိုက်သည်။
အဓိပဓိတစ်ပိုင်းနှင့် တိုက်ခိုက်ရခြင်းကြောင့် သူ ဒဏ်ရာရနေပြီ ဖြစ်သည်။
သို့သော်လည်း ကောင်းကင်နတ်ဆိုး တော်ဝင်မိသားစုမှ ရောက်လာသည်အထိ အချိန်ဆွဲထားနိုင်သရွေ့ အဆင်ပြေလိမ့်မည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ရုတ်တရက် လှုပ်ရှားလာသည်။ သူက ယာရှမြွေနှင့် မုန့်ကျန်းတို့၏ အဓိပဓိတစ်ပိုင်း တိုက်ပွဲကို လျင်မြန်စွာ ပြေးလာခဲ့၏။
အေ့ဘစ်နတ်ဆိုး သူတော်စင်သခင်၏ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းက အောင်မြင်ပြီဟု ထင်လိုက်သောကြောင့် မုန့်ကျန်း၏မျက်နှာ မည်းမှောင်သွားတော့သည်။
ယာရှမြွေက ပြောလိုက်သည်။
"မင်း ဒီအင်မော်တယ်နယ်မြေကြီးရဲ မျိုးစေ့ကို လုယူပြီးပြီဆိုရင် အရင် ထွက်သွားသင့်တယ်"
သို့သော်လည်း ပြောပြီးမှ တစ်ခုခုမှားနေတာကို သတိပြုလိုက်မိသည်။
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက လှောင်ပြောင်သရော်ဟန်ဖြင့် တွန့်ကွေးသွားသည်။ သူ့လက်ထဲတွင် ပျက်စီးခြင်း အငွေ့အသက်များနှင့် ပျက်စီးခြင်းလှံပုဆိန် ပေါ်လာခဲ့၏။
စကားတစ်ခွန်းမှ မပြောဘဲ၊ အင်အားအပြည့်ထည့်ပြီး လှံပုဆိန်နှင့် ဒဏ်ရာရရှိနေသော ယာရှမြွေကို ခုတ်ပိုင်းလိုက်တော့သည်။