← Chapters

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း ( ၈၅၀ ) ရှေးဦးကြာပန်းမျိုးစေ့၏ အပြောင်းအလဲ၊ ကောင်းကင်နတ်ဆိုးရှစ်ပါး၊ အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြော။

မုန့်ကျန်းက ရှင်းပြလိုက်သည်။

ယေဘုယျအားဖြင့်၊ တိုင်းတစ်ပါးမှ တော်ဝင်မျိုးနွယ်တစ်ခု၏ ကွပ်ကဲမှုအောက်တွင် စစ်သူကြီးမျိုးနွယ်များစွာ ရှိနိုင်သည်။

အေ့ဘစ်နတ်ဆိုးမျိုးနွယ်နှင့် ယာရှမြွေမျိုးနွယ်က တိုင်းတပါး၏ တော်ဝင်မျိုးနွယ်တစ်ရာထဲမှ တစ်ခုဖြစ်သော ကောင်းကင်နတ်ဆိုး တော်ဝင်မျိုးနွယ်၏ လင်အောက်မှ ဖြစ်ချေသည်။

ဤမျိုးနွယ်စုက ထိပ်တန်း တော်ဝင်မျိုးနွယ်စုဆယ်စုတွင် မပါဝင်သော်လည်း ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်ဆဲ ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်၊ မုန့်ကျန်းနှင့် အခြားသူများက ယာရှမြွေနှင့် ဤသတ္တဝါအုပ်စုကို သတ်လိုက်ပြီ။

ယင်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို သဘာဝအတိုင်း သတိထားစေမည် ဖြစ်သည်။

အကယ်၍ အတိတ်မှာဖြစ်ခဲ့လျှင်တော့ မုန့်ကျန်းဟာ ကောင်းကင်နတ်ဆိုး တော်ဝင်မျိုးနွယ်နှင့် ရင်ဆိုင်ရသည့်အခါ အနည်းငယ်သတိထားမိလိမ့်မည်။

သို့သော်လည်း ယခုတော့ အကြောင်းတစ်ခုခုကြောင့် ကျွင်းရှောင်ယောက်ဘေးတွင် ပို၍ သက်တောင့်သက်သာ ရှိခဲ့သည်။

ထို့နောက် မုန့်ကျန်းနှင့် အခြားသူများလည်း ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြလေသည်။ နတ်ဘုရား၏ မိစ္ဆာအတွေးခုနစ်ခုကို ရှာဖွေရန် သူတို့၏ အဓိကပန်းတိုင်က ရှိနေဆဲ ဖြစ်သည်။

တိုင်းတစ်ပါးသတ္တဝါများကို သတ်ဖြတ်ခြင်းနှင့် နှိုင်းယှဉ်ပါက၊ နတ်ဘုရား၏ မိစ္ဆာအတွေးကို ရှာဖွေရန်မှာ သူတို့၏ အဓိကတာဝန်နှင့် ထိပ်တန်းဦးစားပေး ဖြစ်ချေသည်။

မူလကတည်းက ဤအဖွဲ့ရှိလူတိုင်းဟာ ကျွင်းရှောင်ယောက်ကို အလွန်လေးစားကြသည်။

ဤတိုက်ပွဲအပြီးမှာတော့ သူတို့ဟာ ကျွင်းရှောင်ယောက်ကို ပိုပိုပြီး လေးစားလာကြတော့သည်။

ကျွင်းရှောင်ယောက်၏ ဩဇာအာဏာက ခေါင်းဆောင်မုန့်ကျန်းထက်ပင် အနည်းငယ် မြင့်မားသည်။

လင်ယွမ်သည်ပင် အနည်းငယ် ကျန်ရစ်ခဲ့လေသည်။

သူမ၏ စွမ်းဆောင်ရည်က မကောင်းသောကြောင့် မဟုတ်ဘဲ၊ ကျွင်းရှောင်ယောက်နှင့်နှိုင်းယှဉ်မှ အနည်းငယ် နိမ့်ကျသွားခြင်း ဖြစ်သည်။

ထိုမှသာ လင်ယွမ်လည်း အင်မော်တယ်နယ်မြေကြီးရှိ ရန်ဘက်အင်အားစုများက ကျွင်းရှောင်ယောက်ကို မဖြစ်မနေ သေစေရမည့် လူစာရင်းတွင် ထည့်ထားရ‌ခြင်း အကြောင်းရင်းကို နားလည်သွားခဲ့သည်။

ဂုဏ်သိက္ခာ မြင့်မားလွန်းခြင်း၏ ခံစားချက်က ကောင်း‌သည်၊ မကောင်းပါ။

ဤအပြိုင်ကမ္ဘာကြီးတွင် အလင်းရောင်က ကျွင်းရှောင်ယောက် တစ်ယောက်တည်းအတွက် ဖြစ်ပုံရပြီး ဂုဏ်အသရေ အများစုကလည်း သူ့အပေါ်သို့ ကျရောက်နေခဲ့သည်။

ကျွင်းရှောင်ယောက်၏ ချောမောသောမျက်နှာကလည်း အပြောင်းအလဲမရှိဘဲ အမြဲ တည်ငြိမ်ခဲ့၏။

သို့သော်လည်း လင်ယွမ်ဟာ ကျွင်းရှောင်ယောက်ကို အထီးကျန်ဆန်နေမည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

နောက်ဆုံးတော့ လူတော်တော်များများက သူ့ကို သေစေချင်ကြပေသည်။

ကောင်းကင်တောင်မှ သူ့ကို သေစေချင်သည်။

'ဟင်... ငါ ဘာတွေ တွေးနေမိတာလဲ။ ဒီလောက် မုန်းစရာကောင်းတဲ့ကောင်ကို ငါ တကယ်ကြီး သနားနေမိတာလား'

သတိပြန်ဝင်လာပြီးနောက် လင်ယွမ် တိတ်တိတ်လေး တံတွေးတစ်ချက်ထွေးလိုက်သည်။

ဤအကောင်က အလွန်မုန်းစရာကောင်းပြီး သူမ၏ ပေါင်ပေါ်မှာပင် သူ့ကိုယ်ပိုင်အမှတ်အသားကို ထားခဲ့သေးသည်။ သူ့အပေါ်တွင် အလွန်အကျွံလုပ်ခဲ့သော အရာများက အတော်များသည်။

သူ့ကို မုန်းတီးသင့်၏။

ကျွင်းရှောင်ယောက်က လင်ယွမ်၏ နှလုံးသားထဲတွင် ဘာတွေဖြစ်နေမှန်း မသိပါ။

သူက သူ၏ ကုသိုလ်ကျောက်စိမ်းပြားကို စစ်ကြည့်လိုက်ရာ ကုသိုလ်အမှတ်များစွာ ရနေပြီမှန်း တွေ့လိုက်ရသည်။

အဓိပဓိတစ်ပိုင်း ယာရှမြွေကို သတ်လိုက်ခြင်းက ကုသိုလ်အမှတ်များစွာ ရရှိစေခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

ကျွင်းရှောင်ယောက်က တမင်တကာ အကျိုးရှာခဲ့ခြင်း မဟုတ်ပါ။ သို့သော်လည်း သူမလှုပ်ရှားပါက ယာရှမြွေ လွတ်မြောက်သွားမည်၊ သို့မဟုတ် ပို၍ အချိန်ကြာနေလိမ့်မည်။

"ခေါင်းဆောင်မုန့်ကျန်း၊ နတ်ဘုရားရဲ့မိစ္ဆာအတွေး သီးခြားတံဆိပ်ခတ်ထားတဲ့နေရာကို ငါတို့ မသိရဘူးလား"

ကျွင်းရှောင်ယောက် ရုတ်တရက် မေးလိုက်သည်။

မုန့်ကျန်း ခေါင်းယမ်းလိုက်၏။

"နတ်ဘုရားသားတော် မသိလို့ပါ၊ မိစ္ဆာအတွေးကို တံဆိပ်ခတ်ထားတဲ့နေရာက နေရာပုံသေမရှိဘူး၊ တည်နေရာက အမြဲ ပြောင်းလဲနေတာ"

"ဒါကြောင့်လည်း တိုင်းတပါးသားတွေပါ ရှာဖွေရ ခက်ခဲနေတာပေါ့"

ကျွင်းရှောင်ယောက် ရုတ်တရက် သဘောပေါက်သွားသည်။

အဇူရာဧကရာဇ်က ဤအခြေအနေကို သတိပြုမိပုံရပေသည်။ အနာဂတ်တွင် သူ၏ မိစ္ဆာအတွေးက ဘေးဥပဒ်ဖြစ်လာနိုင်ကြောင်း သူ သိသည်။

ထို့ကြောင့် အပြင်လူများ သတိမပြုမိစေရန် တံဆိပ်၏တည်နေရာကို အမြဲ ပြောင်းလဲစေခဲ့ပေသည်။

သို့သော်လည်း ကံမကောင်းစွာဖြင့်၊ နောက်ဆုံးတွင် တိုင်းတပါးက သတိပြုမိခဲ့သည်။

ကျွင်းရှောင်ယောက်က တံဆိပ်ခတ်ထားသည့်နေရာကို မည်သို့ ရှာရမလဲဟု စဉ်းစားနေချိန်...

သူ့အတွင်းစကြာဝဠာအတွင်းမှ အသက်‌စမ်းရေထဲတွင်...

ကျွင်းရှောင်ယောက် လျစ်လျူရှုထားသော ကြာမျိုးစေ့က အမှန်တကယ်ပင် အနည်းငယ် လှုပ်ရှားသွားသည်။

"ဟင်..."

ကျွင်းရှောင်ယောက်လည်း ချက်ချင်း သတိပြုလိုက်မိ၏။

နောက်အခိုက်မှာတော့ ဤကြယ်နှင့် များစွာမဝေးသော တစ်နေရာမှ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရတော့သည်။

'ဒါက ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် တစ်ခုခုကို တွေးလိုက်မိသည်။

ထိုအရှိန်အဝါက သူတို့နှင့် အနီးဆုံးမှ မိစ္ဆာအတွေး၏ တည်နေရာ ဖြစ်နိုင်ပါမည်လော။

ယင်းက ကျွင်းရှောင်ယောက်ကို အနည်းငယ် အံ့သြသွားစေသည်။

သို့သော်လည်း ခဏချင်း ကျွင်းရှောင်ယောက် ‌နားလည်သွား၏။

ဤရှေးဟောင်းကြာစေ့က အမှန်တကယ်ပင် အဇူရာဧကရာဇ်နှင့် သက်ဆိုင်သည်။

ယခင်ကတော့ ရှေးဟောင်းကြာမျိုးစေ့နှင့် ပတ်သက်၍ ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ကုသိုလ်ခန်းမမှ ပုဂ္ဂိုလ်ကြီးများပင်လျှင် မည်သည့်အရာကိုမျှ မတွေ့နိုင်ခဲ့ပါ။

သို့ရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ အသက်စမ်းရေထဲမှာ စိမ်ပြီးနောက်မှာတော့ စွမ်းရည်တစ်ချို့ တဖြည်းဖြည်း ပေါ်လာပုံရသည်။

ထိုသို့တွေးမိတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားပြီး ပြောလိုက်သည်။

"ခေါင်းဆောင်မုန့်ကျန်း၊ ငါတို့ ဘာဖြစ်လို့ အဲဒီဘက်ကို သွားမကြည့်ကြမှာလဲ"

"ဟင်"

မုန့်ကျန်းနှင့် အခြားသူများ အံ့ဩသွား၏။

ကျွင်းရှောင်ယောက်က ဘာကြောင့် ထိုနေရာဘက်ကို ရုတ်တရက် သွားချင်ပါသနည်း။

"အဇူရာဧကရာဇ်ရဲ့ မိစ္ဆာအတွေးး တံဆိပ်ခတ်ထားတဲ့နေရာကို နင်သိနိုင်တာလား"

ယင်းကိုမြင်တော့ လင်ယွမ်က မပြောချင်ပြောချင်လေသံဖြင့် ပြောလိုက်သည်။

"မပြောချင်ရင် ပါးစပ်ပိတ်နေ"

ကျွင်းရှောင်ယောက် လျစ်လျူရှုစွာ ပြောလိုက်၏။

လင်ယွမ် တစ်ဖန် ဒေါသထွက်သွားသည်။

“ကောင်းပြီ၊ အဲဒီဘက်ကို သွားရအောင်"

မုန့်ကျန်း ခေါင်းညိတ်လိုက်သည်။

မသိလိုက်ခင်မှာပင် ကျွင်းရှောင်ယောက်က အမြင့်ဆုံးအာဏာကိုပိုင်ဆိုင်ထားပြီး ဤအဖွဲ့၏ခေါင်းဆောင် ဖြစ်လာပုံရလေသည်။

ထို့နောက်တော့ ကျွင်းရှောင်ယောက်၏ ဦးဆောင်မှုအောက်တွင် မုန့်မိသားစုအဖွဲ့က အခြားကြယ်စက်ဝိုင်းဆီသို့ ဆက်လာကြတာ့သည်။

နေ့ရက်များ ကုန်လွန်လာခဲ့သည်။

လမ်းတွင် တိုင်းတပါးသား သတ္တဝါတချို့နှင့် တွေ့ရသော်လည်း အလွယ်တကူ သတ်နိုင်ခဲ့ပေသည်။

နောက်ဆုံးတွင်၊ ရှန်းရွှီကမ္ဘာ၏ အခြားကြယ်စက်ဝိုင်းသို့ ရောက်ခဲ့သည်။

ဤကြယ်စက်ဝိုင်းက ဝိညာဉ်စွမ်းအင်များ အလွန်ကြွယ်ဝပေသည်။

စွမ်းအင်အငွေ့အသက်များက လေထဲတွင် ပျံ့လွင့်နေပြီး အင်မော်တယ်နယ်မြေကြီး၏ မြင့်မြတ်နယ်မြေတချို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

"ဒီလောက် ကြွယ်ဝတဲ့ စွမ်းအင်တွေ၊ ဒီမှာ မိုးနဲ့မြေရဲ့ ရတနာတစ်ခုခု ရှိနေတာများလား"

မုန့်ကျန်း အံ့အားသင့်စွာ ပြောလိုက်၏။

ရှန်းရွှီကမ္ဘာသည် ကျယ်ပြောပြီး အကန့်အသတ်မရှိသည့်အပြင် မစူးစမ်းရသေးသော ရတနာနယ်မြေအချို့လည်း ရှိသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ဤကြယ်စက်ဝိုင်း၏ အလယ်ဗဟိုရှိ ဂြိုလ်တစ်ခုပေါ်ကို ကျရောက်လာခဲ့သည်။

သူတို့အဖွဲ့လည်း ဆက်လက် ပျံသန်းသွားကြသည်။

ဤဂြိုဟ်က အလွန်ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များရှိပြီး ကြယ်တစ်ခုလုံးကို ဖုံးအုပ်ထားပေသည်။

"ဒီမှာရှိတဲ့ စွမ်းအင်က ကြွယ်ဝလွန်းတယ်။ ဒါ နည်းနည်းတော့ မူမမှန်ဘူး"

မုန့်မိသားစု၏ စစ်သူရဲတစ်ယောက်က သံသယဖြင့် ပြောလိုက်သည်။

"တိုင်းတပါးသားတွေရဲ့ အငွေ့အသက်ကို ခံစားရတယ်"

မုန့်ကျန်း၏ အသိစိတ်က ပိုထက်မြက်ပြီး တိုင်းတပါးသားများကို ခံစားလိုက်ရ၏။

"ဒီဂြိုလ်ပေါ်မှာ နောက်ထပ် စွမ်းအင်တစ်ခု၊ အရမ်း ကြီးကျယ်ခမ်းနားတဲ့ စွမ်းအင်တစ်ခု ရှိသေးတယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

သူ၏ အသိစိတ်မှ ခံစားနိုင်စွမ်းက မုန့်ကျန်းနှင့် အခြားသူများထက် များစွာပို၍ သန်မာပေသည်။

ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း အရှိန်အဝါများကို ထိန်းချုပ်ပြီး ဂြိုလ်ပေါ်သို့ တိတ်တဆိတ် ဆင်းသက်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင်...

ဤဂြိုလ်ပေါ်ရှိ တိုက်ကြီးတစ်ခုမှာ...

မြောက်များစွာသော တိုင်းတပါးသား သတ္တဝါများက တစ်ခုခုကို တူးဖော်နေကြသည်။

ယင်းက မြေအောက်၌ မြှုပ်နှံထားသော ဧရာမ အင်မော်တယ်ရင်းမြစ် ဝိညာဉ်သွေးကြောတစ်ခု ဖြစ်ချေသည်။

ဤအင်မော်တယ်အရင်းအမြစ် ဝိညာဉ်သွေးကြောက အလွန်ရှည်လျားပြီး မြေကြီးထဲသို့ စိမ့်ဝင်နေသော နဂါးကြီးတစ်ကောင်နှင့်ပင် တူလှသည်။

ဤနေရာတွင် စွမ်းအင်ကလည်း မယုံနိုင်လောက်အောင် ကြွယ်ဝပေသည်။

ဤအင်မော်တယ်အရင်းအမြစ် ဝိညာဉ်သွေးကြောများဘေးမှာတော့ သံမဏိမျှော်စင်နှင့်ကဲ့သို့ ရုပ်သွင်လေးခု ရှိနေသည်။ သူတို့က တိုင်းတစ်ပါးမှ အခြားသတ္တဝါများ အလုပ်လုပ်ပြီး တူးဖော်နေသည်ကို စောင့်ကြည့်နေကြ၏။

ဤလေးယောက်စလုံးက လေးလံသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ စွမ်းအားကြီးသော သားရဲမျိုးစုံကို စီးနင်းထားကြသည်။

သူတို့၏ စီးတော်များကပင် မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းအခြေခံ ရှိပေသည်။

သူတို့က ကောင်းကင်နတ်ဆိုး တော်ဝင်မျိုးနွယ်၏ ကျော်ကြားသော ကောင်းကင်နတ်ဆိုးရှစ်ပါးထဲမှ လေးဦး ဖြစ်သည်။

"နတ်ဘုရားရဲ့မိစ္ဆာအတွေးကို တံဆိပ်ခတ်ထားတဲ့ ဒီနေရာမှာ တကယ်ကြီး အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြော ရှိနေမယ်လို့ မမျှော်လင့်ထားဘူး"

အရိုးရှည်ပုဆိန်ကို ကိုင်ဆောင်ထားသော ချပ်ဝတ်တန်ဆာဝတ် စစ်သူရဲတစ်ယောက်က အက်ရှရှလေသံဖြင့် ပြောလိုက်သည်။

ထိုသူက နတ်ဆိုးရှစ်ပါးတို့တွင် ပဉ္စမနတ်ဆိုး ဖြစ်ချေသည်။

"ကံကောင်းထောက်မစွာလို့၊ ငါတို့ရောက်လာတော့ ဗေဒင်ပညာမှာ ကျွမ်းကျင်တဲ့ အင်မော်တယ်ဆရာတစ်ယောက်ရှိခဲ့တယ်။ သူက တံဆိပ်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တည်နေရာကို အကြမ်းဖျင်း တွက်ချက်နိုင်တယ်လေ။ မဟုတ်ရင် ရှာရခက်လိမ့်မယ်"

ကြက်သွေးရောင်ဓားကို ကိုင်ဆောင်ထားသော ဆဋ္ဌမနတ်ဆိုးက ပြောလိုက်သည်။

"အကြီးဆုံး အစ်ကိုလေးယောက်က တံဆိပ်ခတ်ထားတဲ့မြေကို စူးစမ်းဖို့ အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောရဲ့ နက်နဲရာကို ဝင်သွားပြီ။ အခု ငါတို့လုပ်ရမှာက ဒီအင်မော်တယ်အရင်းအမြစ်တွေကို တူးဖော်ဖို့ပဲ"

သတ္တမနတ်ဆိုးက ပြောလိုက်ခြင်း ဖြစ်၏။

"ဒါပေမဲ့ အရင်က ယာရှမြွေရဲ့ အဖွဲ့က အရှိန်အဝါတွေ ပျောက်ကွယ်သွားခဲ့တယ်။ အင်မော်တယ်နယ်မြေကြီးရဲ့ အင်အားကြီးတဲ့ ရန်သူနဲ့ ကြုံခဲ့ရပုံရတယ်"

အဋ္ဌမနတ်ဆိုးက ပြောလေသည်။

"ဘာကို အင်အားကြီးတဲ့ ရန်သူလဲ၊ ငါတို့ နတ်ဆိုးညီနောင်ရှစ်ပါးရှေ့မှာ သူတို့အားလုံးက အမှိုက်တွေချည်းပဲ"

"ဟုတ်တယ်၊ အင်မော်တယ်နယ်မြေကြီးက ကျင့်ကြံသူတွေကို တစ်ယောက်လာရင် တစ်ယောက်သတ်၊ လာသမျှ အကုန်သတ်မယ်"

ကောင်းကင်နတ်ဆိုးလေးပါးက မာနထောင်လွှားစွာဖြင့် လှောင်ပြောင်ပြောဆိုလိုက်ကြသည်။

သို့သော်၊ သူတို့မသိတာက မဝေးသောနေရာမှ တောင်တန်းတွင် တစ်စုံတစ်ယောက်က သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေပြီ။

All Chapters