← Chapters

အခန်း ၈၅၂

Vol. 57 Ch. 852

အခန်း ၈၅၂

Vol. 57 Ch. 852

အခန်း ( ၈၅၂ ) ဘိုးဘွားသွေးကြော၏ နက်နဲရာဆီသို့၊ နတ်ဘုရား၏ မိစ္ဆာအတွေးတစ်ခုကို တံဆိပ်ခတ်ထားသော နေရာ။

ကျွင်းရှောင်ယောက်က ကောင်းကင်နတ်ဆိုး ရှစ်ယောက်ထဲမှ လေးယောက်ကို ခက်ခဲခြင်းမရှိဘဲ အလွယ်တကူ သတ်ဖြတ်ခဲ့သည်။

လင်ယွမ်လည်း ယင်းကိုကြည့်ရင်း အနည်းငယ် ကြောင်အသွား၏။

နင်က ငါ့ကို နည်းနည်းတောင် စွမ်းအားပြဖို့ အခွင့်အရေး နည်းနည်းမှတောင် မပေးဘူးလား။

"ခေါင်းဆောင်မုန့်ကျန်း၊ အထဲကို ဝင်ကြရအောင်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

မုန့်ကျန်းလည်း အနည်းငယ် ခေါင်းညိတ်ပြပြီး ဒဏ်ရာရနေသော အဓိပဓိတစ်ပိုင်းနတ်ဆိုးကို အခြား စစ်သူရဲကြီးထံ လွှဲအပ်လိုက်သည်။

ထို့နောက် ကျွင်းရှောင်ယောက်နှင့်အတူ အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြော၏ နက်နဲရာဆီသို့ ဆက်လက် ဝင်ရောက်ခဲ့လေသည်။

ယင်းကိုမြင်တော့ လင်ယွမ်လည်း သူမ၏ ပတ္တမြားသဖွယ် အနီရဲရဲ နှုတ်ခမ်းကိုကိုက်ပြီး နောက်မှလိုက်သွားသည်။

ဘိုးဘေးသွေးကြော အပြင်ပန်းမှာတော့ မုန့်မိသားစုအဖွဲ့က တိုင်းတစ်ပါးသား သတ္တဝါအုပ်စုနှင့် တိုက်ခိုက်ရင်း ကျန်ရစ်ခဲ့လေသည်။

မုန့်ကျန်း၊ ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့က ဘိုးဘေးသွေးကြော အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ကြသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်မည်ဆိုပါက ဤဘိုးဘေးသွေးကြောဟာ မြေအောက်ကို နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားသည့် ရှည်လျားသော နဂါးကြီးတစ်ကောင်ကဲ့သို့ပင်။

ဤနေရာတွင် လမ်းကြောင်တစ်ခုလည်း ရှိနေသည်။ ယင်းမှာ ရှေးယခင်ကတည်းက တိုင်းတပါးသားများ ရှာတွေ့ပြီး တူးဖော်ခဲ့ခြင်း ဖြစ်လိမ့်မည်။

"ဒီအင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောက အတော်ကြီးတာပဲ။ ငါတို့ ဝါဟွမ်အင်မော်တယ်မျိုးရိုးမှာ တစ်ခုရှိပေမဲ့ ဒီထက် နည်းနည်းသေးတယ်"

လင်ယွမ် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က လင်ယွမ်ကို တစ်ချက်ကြည့်လိုက်၏။

အဓိပဓိ အင်မော်တယ်ခုံရုံး၏ အခြေခံအုတ်မြစ်က တကယ်ကို လျှော့တွက်လို့မရပေ။

အနှီလင်ယွမ်ကလည်း ချမ်းသာသော မိန်းမတစ်ယောက် ဖြစ်သည်။

"နင် ငါ့ကို ဘာဖြစ်လို့ ဒီလိုကြည့်နေတာလဲ"

လင်ယွမ် ပက်ခနဲ ပြောလိုက်၏။ သူမက ကျွင်းရှောင်ယောက်၏ အကြည့်နှင့် ပတ်သက်ပြီး အတော်ကလေး အကဲဆတ်ပုံရသည်။

ကျွင်းရှောင်ယောက်လည်း အကြည့်ပြန်လွှဲလိုက်ပြီး ဘာမျှမပြောတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ဤအင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောကို သူ ယူရမည်။

ကျွင်းရှောင်ယောက်တို့၏ အမြန်နှုန်းဖြင့်ပင် ဘိုးဘေးသွေးကြော၏ နက်နဲရာဆီသို့ မရောက်ရှိမီ ဆယ့်ငါးမိခန့် အချိန်ယူခဲ့ရသည်။

ရှေ့တွင်၊ နတ်အလင်းများ တောက်ပပြီး ဝိညာဉ်မြူခိုးများ ထူထဲလာသည်။

ပတ်ဝန်းကျင်မှာလည်း မရေမတွက်နိုင်သော အရိပ်များ ပေါ်လာ၏။

ကျွင်းရှောင်ယောက်က အာရုံစိုက်ပြီး မြူခိုးများကို ထိုးဖောက်ကာ လှမ်းကြည့်လိုက်သည်။

ယင်းက ရိုးရှင်းသော ပလ္လင်တစ်ခုကို စောင့်ကြပ်နေသည့် တိုင်းတပါးသား သတ္တဝါများဖြစ်ကြောင်း တွေ့ရှိခဲ့ရလေသည်။

ထိုအထဲတွင် ကောင်းကင်နတ်ဆိုး တော်ဝင်မျိုးနွယ်မှ အခြား အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်တစ်ဦးလည်း ရှိသည်။

ထိုအဓိပဓိတစ်ပိုင်းက အတော် သတိရှိပုံရ၏။ ဓားသွားကဲ့သို့ စူးရှသော သူ့မျက်လုံးအကြည့်က ကျွင်းရှောင်ယောက်ဆီသို့ ချက်ချင်း ကျရောက်လာတော့သည်။

"ထွက်ခဲ့စမ်း"

အပြင်ဘက်မှ အဓိပဓိတစ်ပိုင်းက ၎င်းတို့ကို ကြိုတင်သတင်းပို့ထားပြီးပြီဖြစ်ကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်၊ မုန့်ကျန်းနှင့် လင်ယွမ်လည်း ပုန်းကွယ်မနေတော့ဘဲ တည်ငြိမ်စွာ ထွက်ခဲ့သည်။

အသစ်ရောက်လာသူများကိုမြင်မှ ထိုအဓိပဓိတစ်ပိုင်းနတ်ဆိုးက စိတ်ကို အနည်းငယ်လျှော့ချလိုက်လေသည်။ သူက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။

"အဓိပဓိတစ်ပိုင်းတစ်ဦးနဲ့ ပုရွက်ဆိတ်နှစ်ကောင်က ဒီနေရာကို ရောက်လာဝံ့တယ်လား"

ထိုအဓိပဓိတစ်ပိုင်း၏အမြင်တွင် ကျွင်းရှောင်ယောက်တို့ သုံးယောက်က လူရွှင်တော်များ ဖြစ်ကြ၏။

မုန့်ကျန်းက သူ့ကို တားဆီးထားနိုင်လျှင်ပင်...

သူ့အနားမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ သူတော်စင်သခင် များစွာရှိသည်။

မဟာသူတော်စင်များက တစ်ဒါဇင်ကျော် ရှိ၏။

သူ့အမြင်မှာတော့ ကျွင်းရှောင်ယောက်နှင့် အခြားသူများဟာ ကိုယ့်သေတွင်း ကိုယ်လာတူးခြင်း ဖြစ်တော့သည်။

ကျွင်းရှောင်ယောက်က အဓိပဓိတစ်ပိုင်းနတ်ဆိုး၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့သည်။

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ သို့သော်လည်း ကောင်းကင်နတ်ဆိုးရှစ်ပါးမှ ကျန်လေးဦးကို မတွေ့ခဲ့ပေ။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာအတွင်းရှိ အသက်စမ်းရေတွင်းမှ ရှေးဦးကြာမျိုးစေ့ဟာ အနည်းငယ် ထပ်မံတုန်လှုပ်သွားသည်။

'ဟင်'

ကျွင်းရှောင်ယောက်၏ မျက်လုံးအကြည့်က နောက်ဆုံးတွင် ပလ္လင်ပေါ်သို့ ကျသွားသည်။

ထိုပလ္လင်မှ သေးငယ်သော ဟင်းလင်းပြင် အတက်အကျကို ခံစားလိုက်ရ၏။

ထိုပလ္လင်က လျှို့ဝှက်နေရာအချို့ဆီသို့ တည်နေရာရွှေ့ပြောင်းခြင်း ဖြစ်မည်။

ယင်းက နတ်ဘုရား၏မိစ္ဆာအတွေးကို တံဆိပ်ခတ်ထားသော နေရာတစ်ခုပင် ဖြစ်ကောင်းဖြစ်လိမ့်မည်။

"ခေါင်းဆောင်၊ လုပ်တော့"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

"ကောင်းပြီ"

ကျွင်းရှောင်ယောက်ကို အပြည့်အဝ ယုံကြည်သောကြောင့် မုန့်ကျန်းလည်း လုံးဝ မတွန့်ဆုတ်တော့ပေ။

သူက အဓိပဓိတစ်ပိုင်း နတ်ဆိုးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ကျွင်းရှောင်ယောက်က လင်ယွမ်ကို ထပ်မံ ကြည့်လိုက်၏။

လင်ယွမ်က အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ အခြေအနေကို ကောင်းကောင်း နားလည်တယ်"

သူမ ပြောလိုသည်က၊ ယခုလောလောဆယ်တွင် ကျွင်းရှောင်ယောက်နှင့် ပူးပေါင်းရန်ပင်။

ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကိုမြှောက်ပြီး ရိုက်ချလိုက်သည်။

လင်ယွမ်လည်း လှုပ်ရှားလိုက်၏။

"ဟားဟားဟား၊ အခုခေတ် အင်မော်တယ်နယ်မြေကြီးရဲ့ လူတွေက အတော် သတ္တိကောင်းလာကြတာပဲ"

ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ သူတော်စင်သခင်တစ်ပါးက ကျွင်းရှောင်ယောက်ကိုကြည့်ကာ လှောင်ပြောင်လိုက်သည်။

သူက ကျွင်းရှောင်ယောက်ကိုသတ်ရန် ရည်ရွယ်ကာ နတ်ဆိုးတံဆိပ်တော်တစ်ခုကို ဖန်တီးလိုက်၏။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က နဂါးကြီးတစ်ကောင် နိုးထလာသကဲ့သို့ ရွှေရောင်သွေးစွမ်းအင်များ ဖြာတက်လာခဲ့သည်။

သူ၏ လက်သီးတစ်ချက်က မေယုကမ္ဘာ နှစ်ရာ့ခြောက်ဆယ်အင်အားကို သယ်ဆောင်ရင်း ထွက်ပေါ်လာတော့သည်။

"ဒုန်း"

လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ သူတော်စင်သခင်မှာ သွေးသံတရဲရဲနှင့် အရိုးများ ကျိုးပဲ့လွင့်စဉ်သွားခဲ့သည်။ သူ တုန်လှုပ်ချောက်ချားသွား၏။

ဒါက ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ။

ကျွင်းရှောင်ယောက်က အချိန်မဆွဲလိုသောကြောင့် ပျက်စီးခြင်းလှံပုဆိန်ကို ထုတ်ယူလိုက်သည်။

ရှေးဦးပျက်စီးခြင်း အငွေ့အသက်များဖြင့် လှံပုဆိန်က ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ သူတော်စင်သခင်ကို ခုတ်ပိုင်းလိုက်၏။

ကြမ်းတမ်းသော ပျက်စီးခြင်းစွမ်းအားက ထိုသူတော်စင်သခင်၏ ရှေးဦးဝိညာဉ်ကိုပါ အမှုန့်ဖြစ်သွားစေတော့သည်။

သူတော်စင်သခင်တစ်ပါး သေပြီ။

"ဒီလူသား..."

မုန့်ကျန်းနှင့် တိုက်ခိုက်နေသော အဓိပဓိတစ်ပိုင်း နတ်ဆိုးလည်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

"မျိုးစေ့၊ အဲဒါ အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးစေ့အဆင့် ပါရမီရှင်ပဲ။ သူ့ကို အတူတူပူးပေါင်းပြီး သတ်ကြ"

ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အဓိပဓိတစ်ပိုင်းက ဒေါသတကြီး အော်လိုက်သည်။

အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် တည်ရှိမှုများကို အသက်ရှင်ခွင့်မပြုနိုင်ပေ။

ဤသည်မှာ တိုင်းတပါး၏ စည်းမျဉ်းတစ်ခု ဖြစ်သည်။

အခြား တိုင်းတပါးမှ သတ္တဝါများလည်း ချက်ချင်း ဝိုင်းပြုံလာတော့သည်။

တစ်ဖက်တွင် လင်းယွမ်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ သူသည်လည်း နောက်ကောက်ကျမကျန်လိုဟန်ဖြင့် အထူးနည်းလမ်းများကို ထုတ်ဖော်လိုက်၏။

"ဝါဧကရီ အင်မော်တယ်လက်ဝါး"

လင်ယွမ်က လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် အင်မော်တယ်စွမ်းအင်များ လှိုင်းထလာခဲ့သည်။ သူ့အနောက်မှာလည်း နတ်ဘုရားမ ပုံရိပ်တစ်ခု ပေါ်လာပုံရ၏။

ဤသည်မှာ သူမ၏ ဝါဟွမ်မြင့်မြတ်ခန္ဓာအတွက် သီးသန့်နည်းလမ်းတစ်ခု ဖြစ်သည်။

"ဝုန်း"

ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ သူတော်စင်တစ်ပါးမှာ ခန္ဓာကိုယ်တစ်ပိုင်း ပေါက်ကွဲသွားပြီး သွေးများ ပက်ဖြန်းသွားတော့သည်။

"နောက်ထပ် မျိုးစေ့တစ်ဦး"

တိုင်းတပါး သတ္တဝါအားလုံး အံ့သြသွားကြသည်။

မ‌မျှော်လင့်ဘဲ၊ ဤနေရာတွင် အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့နှစ်ခု ရုတ်တရက် ပေါ်လာပေသည်။

"သေစမ်း၊ ထွက်သွား"

ကျွင်းရှောင်ယောက်နှင့် လင်ယွမ်က တိုင်းတစ်ပါးသတ္တဝါများကို သတ်ဖြတ်နေကြောင်း မြင်ရသောအခါ၊ အဓိပဓိတစ်ပိုင်း နတ်ဆိုး အလွန်ဒေါသထွက်လာပြီး မုန့်ကျန်းကိုဖယ်ရှားရန် ကြိုးစားလိုက်သည်။

သို့ရာတွင်၊ မုန့်ကျန်းက တိုက်ပွဲအတွေ့အကြုံက အလွန်ကြွယ်ဝ၏။ တိုင်းတစ်ပါး၏ အဓိပဓိတစ်ပိုင်းက သူ့ထက် ပိုအစွမ်းထက်လျှင်ပင် သူ့ကို ဖယ်ရှားရန်တော့ မဖြစ်နိုင်ပေ။

နောက်ဆုံးတွင်၊ ကောင်းကင်နတ်ဆိုး တော်ဝင်မျိုးနွယ်၏ အဓိပဓိတစ်ပိုင်း နတ်ဆိုးလည်း တိုင်းတပါးသားအားလုံး သေဆုံးသွားသည်ကို ရင်နာနာဖြင့် ကြည့်နေရုံမှတပါး အခြား မတတ်နိုင်တော့ပါချေ။

"ခေါင်းဆောင်မုန့်ကျန်း၊ ဒီမှာ ခ‌ဏလောက်နေခဲ့ပါဦး"

ကျွင်းရှောင်ယောက်က မုန့်ကျန်းကို တစ်ချက်ကြည့်လိုက်သည်။

ယခုအချိန်တွင် ကျန်သော ကောင်းကင်နတ်ဆိုးလေးပါးက တံဆိပ်ကို ချိုးဖျက်ရန် ကြိုးစားနေပြီဖြစ်၍ တားဆီးရဦးမည်ဖြစ်ဂာ မုန့်ကျန်းကို ကူညီရန် အချိန်မရှိတော့ပေ။

"နတ်ဘုရားသားတော် စိတ်မပူပါနဲ့၊ ငါရတယ်"

မုန့်ကျန်း ပြုံးပြလိုက်သည်။

ကျွင်းရှောင်ယောက် ခေါင်းညိတ်ပြပြီး ပလ္လင်ပေါ်သို့ တက်သွားသည်။

လင်ယွမ်လည်း ပလ္လင်ပေါ်သို့ တက်လာ၏။

ကျွင်းရှောင်ယောက်က တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောတော့ပေ။

ပလ္လင်ပေါ်တွင် ဟင်းလင်းပြင်အတက်အကျများ ပိုမြင့်မားလာသည်။

နောက်အခိုက်အတန့်မှာ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားရပြီး အခြား နေရာတစ်ခုကို ရောက်သွားတော့သည်။

ဤသည်မှာ ရောင်စုံပန်းပွင့်များနှင့် လှပသော ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။

ဤမျှလှပသောနေရာက နတ်ဘုရား၏ မိစ္ဆာအတွေးကို တံဆိပ်ခတ်ထားရာ နေရာဖြစ်မည်ဟု တွေးကြည့်ရန်ပင် မလွယ်ပေ။

"လှလိုက်တာ..."

ပုံမှန်အားဖြင့် မြတ်ပြီး အေးစက်သော လင်ယွမ်သည်ပင်၊ ဤအခိုက်မှာ အနည်းငယ် ငေးမောသွားမိသည်။

ဤသို့သော လှပသည့် မြင်ကွင်းမျိုးက မိန်းကလေးတိုင်းကို ငေးမောသွားစေနိုင်လေသည်။

ကျွင်းရှောင်ယောက်က မြေပြင်ပေါ်ရှိ ပန်းတစ်ပွင့်ကို ကောက်ယူပြီး သေသေချာချာ ကြည့်လိုက်သည်။

"ဒါက..."

လင်ယွမ်က စူးစမ်းဟန်ဖြင့် လှမ်းကြည့်သည်။

"ချစ်ခြင်းမေတ္တာပန်း"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်၏။

ထိုစကားကိုကြားတော့ လင်ယွမ်၏ အမူအရာက မဲ့ရွဲ့သွားကာ တံတွေးတစ်ချက်ထွေးလိုက်သည်။

ဤပန်းမျိုးကို သူမ ကြားဖူး၏။

တစ်နေ့တာ ချစ်ခြင်းမေတ္တာက အနှစ်တစ်ထောင်ကြာသည်အထိ မပျောက်ကွယ်နိုင်ပေ။

ဤပန်းမျိုးက အတော်ဆိုးရွားသော အကျိုးသက်ရောက်မှုရှိသည်။

အချို့ အပြာရောင် ဆေးများဆိုလျှင် ဤပန်းမျိုးဖြင့် ရောနှောဖော်စပ်ရလေသည်။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ချစ်ခြင်းမေတ္တညပန်းက နေရာတိုင်းမှာ မပေါက်ရောက်သေးပါ။

"ဘာဖြစ်လို့ ဒီနေရာကို ရောက်လာရတာပါလိမ့်"

ဤအခိုက်တွင် လင်ယွမ်၏ ကြည်လင်ဖြူနုသော ကျောက်စိမ်းမျက်နှာလေးက ပန်းနုရောင်သန်းလာသည်။

ချစ်ခြင်းမေတ္တာပန်းများ ပြည့်နှက်နေသော နေရာတွင် ကျွင်းရှောင်ယောက်နှင့် နှစ်ဦးတည်း ရှိနေခြင်းက သူမကို တစ်မျိုးတစ်မည် ထူးဆန်းသလို ခံစားရစေသည်။

"ငါ့အထင် ဒီနေရာမှာ နတ်ဘုရားရဲ့ မိစ္ဆာအတွေးတွေက တစ်ခုကို တံဆိပ်ခတ်ထားတယ်လို့ ထင်တယ်"

ကျွင်းရှောင်ယောက် စဉ်းစဉ်းစားစား ပြောလိုက်သည်။

"အဲဒါက ဘယ်တစ်ခုလဲ နင်သိလား"

လင်ယွမ်က မေး၏။

"ငါအထင်မမှားရင် ဒါက မိစ္ဆာအတွေး ခုနစ်ခုထဲက တပ်မက်မှု ဖြစ်လိမ့်မယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

All Chapters