အခန်း ၈၅၃
Vol. 57 Ch. 853
အခန်း ( ၈၅၃ ) ကောင်းကင်နတ်ဆိုးလေးပါးနှင့် နောက်ထပ်တိုက်ပွဲတစ်ခု၊ မဟာနတ်ဘုရားသိုင်းကြီး ငါးပါးထဲမှ အင်မော်တယ်ကပ်ဘေးဓားသိုင်း။
ကျွင်းရှောင်ယောက်သည် ယခင်ကပင် အခြေအနေတချို့ကို ခန့်မှန်းထားပြီးပြီ ဖြစ်သည်။
နတ်ဘုရား၏ မိစ္ဆာအတွေးခုနစ်ခုက မူလ ဒုစရိုက်ခုနစ်ပါးဟု ဆိုနိုင်ပေသည်။
လောဘ၊ ပျင်းရိခြင်း၊ မာန၊ မနာလိုခြင်း၊ ဒေါသ၊ တပ်မက်ခြင်း၊ မောဟ။
အဇူရာဧကရာဇ်ကိုယ်တိုင်က ဤအပြစ်ခုနစ်ပါး ရှိနေတာတော့ မဟုတ်ပေ။
အကြောင်းမှာ အဇူရာဧကရာဇ်၏ ခန္ဓာကိုယ်က လူသားမဟုတ်ဘဲ ကစဉ့်ကလျားကြာပန်း ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ယုတ္တိဗေဒအရ လူသားများနှင့် သက်ဆိုင်သော ဒုစရိုက်ခုနစ်ပါး မရှိသင့်ပေ။
သို့သော်လည်း သူ၏ စွဲလမ်းမှုအချို့က မကောင်းဘက်သို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင် နတ်ဘုရား၏ မိစ္ဆာအတွေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ယခုတော့ ကျွင်းရှောင်ယောက်ဟာ ချိုင့်ဝှမ်းတစ်လျှောက်တွင် ပွင့်လန်းနေသော ချစ်ခြင်းမေတ္တာပန်းများကို အခြေခံ၍ ဤနေရာတွင် တံဆိပ်ခတ်ထားသော နတ်ဘုရား၏ မိစ္ဆာအတွေးကို ကောက်ချက်ချခဲ့ပေသည်။
ယင်းက သေစေနိုင်သော ဒုစရိုက် ခုနစ်ပါးတို့မှ တပ်မက်ခြင်း ဖြစ်သင့်သည်။
နောက်ဆုံးတွင်၊ ဤဒုစရိုက်က ချစ်ခြင်းမေတ္တာပန်းနှင့် ပို၍ သဟဇာတဖြစ်သည့် တစ်ခုတည်းသော စွမ်းရည် မဟုတ်လော။
"ဒီနေရာမှာ တံဆိပ်ခတ်ထားတာဖြစ်မှန်း နင် ဘယ်လိုလုပ်ပြီးသိတာလဲ"
လင်ယွမ်က ကျွင်းရှောင်ယောက်ကို သံသယနှင့် စိုက်ကြည့်လိုက်သည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က သူတို့ကို ဤဂြိုလ်ဆီ ခေါ်ဆောင်လာခဲ့သူ ဖြစ်၏။
ကျွင်းရှောင်ယောက်က နတ်ဘုရား၏ မိစ္ဆာအတွေး တံဆိပ်ခတ်ထားသောနေရာကို ရှာတွေ့ရန် နည်းလမ်းရှိခြင်း ဖြစ်နိုင်ပါသလော။
"ငါက မင်းနဲ့ ရင်းနှီးလို့လား"
ကျွင်းရှောင်ယောက် အေးစက်စက် မေးလိုက်သည်။
ရှေးဦးကြာပန်းမျိုးစေ့၏ လျှို့ဝှက်ချက်ကို လင်းယွမ်အား ပြောပြရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။
"ကျွင်းရှောင်ယောက်၊ နင်..."
စိတ်ဆိုးသွားပြီး အသက်ပြင်းပြင်းရှူလိုက်သောကြောင့် လင်ယွမ်၏ ရွှေရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။
ကျွင်းရှောင်ယောက်ကို သူမ အမှန်တကယ် စိတ်ဆိုးသွားမိ၏။
"သွားရအောင်၊ တံဆိပ်က ချိုင့်ဝှမ်းထဲမှာရှိရမယ်"
ကျွင်းရှောင်ယောက်က လင်ယွမ်ကို လျစ်လျူရှုလိုက်ပြီး ချိုင့်ဝှမ်းထဲသို့ ဆက်လျှောက်သွားသည်။
လင်ယွမ်လည်း ကျွင်းရှောင်ယောက်၏ နောက်ကျောကိုကြည့်ကာ ခြေတစ်ချက်ဆောင့်ပြီး နောက်မှ လိုက်သွားတော့သည်။
ကူတိကျစ်သာ ဤမြင်ကွင်းကို မြင်လိုက်ပါက သူ အတော်လေး အံ့ဩသွားမိမည် ဖြစ်သည်။
လင်ယွမ်ကဲ့သို့ ဧကရီတစ်ပါးနှယ် မြင့်မြတ်ပြီး အေးစက်စက် နေတတ်သူက စိတ်ဆိုးစိတ်ကောက်လွယ်သော မိန်းမငယ်လေးတစ်ယောက်လို ပြုမူနေသည်မှာ တွေးကြည့်ရန်ပင် မလွယ်ပေ။
ချိုင့်ဝှမ်းတစ်ခုလုံးက ချစ်ခြင်းမေတ္တာပန်းများ ပြည့်နေခဲ့သည်။ သို့သော်လည်း ဤအခိုက်မှာတော့ မပွင့်ကြသေးပါ။
ချိုင့်ဝှမ်းထဲသို့ ပိုမိုနက်ရှိုင်းလေလေ၊ အသက်စမ်းရေတွင်းရှိ ရှေးဦးကြာပန်းမျိုးစေ့က တစ်ခုခုနှင့် ပဲ့တင်ထပ်နေသကဲ့သို့ ကျွင်းရှောင်ယောက် ပို၍ ခံစားလာရလေလေဖြစ်သည်။
'ဒီမျိုးစေ့က အဇူရာဧကရာဇ်ရဲ့ ဘယ်လိုပတ်သက်နေတာလဲ။ ဒါက သူချန်ထားခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုများလား'
ကျွင်းရှောင်ယောက်က စိတ်ထဲမှ မှန်းဆလိုက်သည်။
အဇူရာဧကရာဇ်က တံတိုင်းကို ပိတ်ဆို့ရန် ထာဝရ အတားအဆီးတစ်ခု ဖန်တီးပေးခဲ့သည်။
သို့သော်လည်း သူအသွင်ပြောင်းပြီးနောက် ကျန်ရစ်ခဲ့သော ဒုစရိုက်ခုနစ်ပါးက ဖရိုဖရဲဖြစ်စေနိုင်မည်ဟု အဇူရာဧကရာဇ်က ကြိုတင် မျှော်လင့်ထားခဲ့ပုံရပေသည်။
သို့ပေသော်ငြား ကျွင်းရှောင်ယောက်ဟာ ဤကြာမျိုးစေ့၏ တကယ့်စွမ်းရည်က ဘာဖြစ်မှန်း မသိရသေးပါ။
ယခုထိ သူသိသည်မှာ၊ ယင်းက နတ်ဘုရား၏မိစ္ဆာအတွေးများ တံဆိပ်ခတ်ထားသောနေရာကို ခံစားနိုင်ခြင်း ဖြစ်သည်။
တွေးရင်း လျှောက်လှမ်းနေရာမှ ကျွင်းရှောင်ယောက် ရုတ်တရက် ရပ်သွားသည်။
အရှေ့ပိုင်းတွင် ချိုင့်ဝှမ်း အနက်ရှိုင်းဆုံးအပိုင်း ဖြစ်၏။
ထိုနေရာတွင် ကြာပန်းသဏ္ဍာန် ကျောက်ပန်းပုရုပ်တစ်ခု ရှိပေသည်။
အလွန်ရှေးကျသော ကမ္ပည်းအမျိုးမျိုးကိုလည်း ကြာပန်းကျောက်ပန်းပုပတ်လည်တွင် ထွင်းထုထားသည်။
ကြာပန်းကျောက်ရုပ်တု၏ ပတ်ပတ်လည်မှာလည်း အနက်ရောင် သံမဏိမျှော်စင်ကဲ့သို့ လူရိပ်လေးခု ရှိသေးသည်။
ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့ ရောက်ရှိလာသည်ကို သတိပြုမိဟန်ဖြင့် အေးစက်စက် အကြည့်လေးခုက တပြိုင်နက်တည်း ကျရောက်လာခဲ့သည်။
"မင်းက ငါ့ညီလေးယောက်ကို သတ်ခဲ့တဲ့သူပဲ"
လေးယောက်ထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသူက ပြောလိုက်သည်။
သူက ကောင်းကင်နတ်ဆိုးရှစ်ပါးတွင် ခေါင်းဆောင် ဖြစ်၏။ သူ့အောက်မှာတော့ ဦးခေါင်းတွင် ဦးချိုရှိပြီး အမြီးငါးချောင်းပါသော သွေးနီရောင်ကျားသစ်လိုလို သားရဲတစ်ကောင်ကို စီးနင်းထားပေသည်။
ဤသည်မှာ ရှေးကျပြီး ထူးဆန်းသော သားရဲကြီး ဟီးဒီးယပ်စ်ဖြစ်သည်။
ဟုတ်ပေသည်၊ ဤသည်မှာ သွေးသန့်စင်သော သားရဲကြီးတော့ မဟုတ်ပေ။ သွေးမျိုးစက်ပါရုံမျှသာ ဖြစ်သည်။
သို့သော်လည်း ဤသည်ကပင် ကြမ်းကြုတ်ပြရန် လုံလောက်နေပြီ။
ဤသားရဲကြီး တစ်ကောင်တည်းကပင် မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူကို ချေမှုန်းပစ်ရန် လုံလောက်သည်။ သာမန် သူတော်စင်သခင်များနှင့်ပင် တိုက်ခိုက်နိုင်သေးသည်။
စီးတော်ကပင် အလွန်သန်မာခြင်းက၊ ကောင်းကင်နတ်ဆိုးရှစ်ပါး၏ ခေါင်းဆောင်မှာ မည်မျှသန်မာကြောင်း ဖော်ပြနေသလိုပင် ဖြစ်သည်။
ကျန်သော ဒုတိယ ၊ တတိယနှင့် စတုတ္ထနတ်ဆိုးများ၏ အရှိန်အဝါများကလည်း အလွန်အားကောင်းလှပေသည်။
သူတို့က ငွေရောင်ဝံပုလွေ၊ ရွှေမျက်လုံးခြင်္သေ့ အစရှိသော သားရဲများကို စီးနင်းထားကြသည်။
ဤလေးယောက်က ယခင် ပဉ္စမနှင့် ဆဋ္ဌမနတ်ဆိုးတို့ လေးယောက်ထက် များစွာအားကောင်းကြချေသည်။
"မင်းရဲ့ ညီလေးယောက်က အားနည်းလွန်းတယ်။ မင်းကတော့ ငါ့ကို နည်းနည်းလောက် အံ့အားသင့်စရာ ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"
ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"သေချင်နေတာပဲ"
နတ်ဆိုးလေးယောက် ဒေါသတကြီး ဖြစ်သွား၏။
သူတို့ထဲမှ သုံးဦးက ကျွင်းရှောင်ယောက်နှင့် လင်ယွမ်ကို ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။
နတ်ဆိုးခေါင်းဆောင်ကတော့ မလှုပ်ရှားပေ။
သူက နတ်ဆိုးစွမ်းအင်များကို ကျောက်စိမ်းကမ္ပည်းထဲသို့ အဆက်မပြတ် သွန်းလောင်းနေသည်။
ဤကျောက်စိမ်းကမ္ပည်းက ကြာပန်းကျောက်ပန်းပုပေါ်တွင် ဆိုင်းငံ့ထားကာ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်နှင့် ရှေးကျသော ကမ္ပည်းများ ထုတ်လွှတ်နေပေသည်။
ယင်းက အင်မော်တယ်နယ်မြေကြီးမှမဟုတ်ဘဲ တိုင်းတပါးမှ ရှေးခေတ်စာလုံးများ ဖြစ်သည်။
ထိုအရာက ပိတ်လှောင်ခြင်း တံဆိပ်တော်ကို ချိုးဖျက်သည့် ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
"နတ်ဘုရားရဲ့ မိစ္ဆာအတွေးတွေ တစ်ခုပြီးတစ်ခု လွတ်သွားတဲ့အချိန်က မင်းတို့ အဆုံးသတ်မဲ့အချိန်ပဲ"
နတ်ဆိုးရှစ်ပါး၏ ခေါင်းဆောင်က ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ကြည့်လိုက်သည်။
"ဝုန်း"
စတုတ္ထနတ်ဆိုးက အနက်ရောင် သံမဏိတင်းပုတ်ကြီးနှင့် ကျွင်းရှောင်ယောက်၏ခေါင်းကို ရိုက်ခွဲလိုက်သည်။
တင်းပုတ်ရိုက်ချက်ကြောင့် လေထဲတွင် ကျယ်လောင်သော အသံများ ထွက်ပေါ်လာ၏။
ဤရိုက်ချက်သာ ကျရောက်လာပါက ပေတစ်သောင်းမြင့်သော တောင်ကြီးတစ်လုံးသည်ပင် အပိုင်းပိုင်း ပြိုကွဲသွားလိမ့်မည်။
ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး ရိုးရိုးရှင်းရှင်း ရိုက်ထုတ်လိုက်သည်။ နတ်ကနုတ်အမျိုးမျိုးက သူ့လက်ဝါးတွင် တောက်ပလာ၏။
"မင်းသေချင်နေတာပဲ"
စတုတ္ထနတ်ဆိုး ဒေါသတကြီး ဖြစ်သွားသည်။ ဤလူသား သူ့ကို အထင်သေးနေသည်ဟုလည်း ခံစားလိုက်ရ၏။
"ထန်"
နှစ်ဖက် ထိပ်တိုက်တွေ့ဆုံသောအခါ သံသံချင်း ပွတ်တိုက်မိသကဲ့သို့ အသံများနှင့် မီးပွားများ ထွက်ပေါ်လာတော့သည်။
ကျွင်းရှောင်ယောက်က လက်ဗလာနှင့် သံမဏိတင်းပုတ်ကို ရိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။
စတုတ္ထနတ်ဆိုးလည်း ဤစွမ်းအားကြောင့် ထိတ်လန့်သွားပြီး ပါးစပ်ထဲမှပင် သွေးအနည်ငယ် အန်ထွက်လာခဲ့သည်။
"ဘယ်လို ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုးလဲ"
စတုတ္ထနတ်ဆိုး မယုံနိုင်အောင် ဖြစ်သွားသည်။
သူတော်စင်သခင်တစ်ပါးပင်လျှင် သူ၏တင်းပုတ်ကို လက်ဗလာဖြင့် ခုခံနိုင်မည် မဟုတ်ချေ။
"ငါလုပ်မယ်"
တတိယနတ်ဆိုးက ရွှမ်ယွမ်ကောင်းကင်ရွှေမှ ပြုလုပ်ထားသည့် တူကြီးတစ်လက်ကိုကိုင်ပြီး လှုပ်ရှားလာခဲ့သည်။
တစ်လက်မအရွယ် ရွှမ်ယွမ်ကောင်းကင်ရွှေကတောင် ပေါင်တစ်သောင်း လေးလံနေပြီ။ ရွှမ်ယွမ်ကောင်းကင်ရွှေသက်သက်ဖြင့် ပြုလုပ်ထားသည့် ဤတူတစ်ခုလုံးဆိုပါက အလေးချိန်မှာ မဖော်ပြနိုင်အောင် ကြီးမားသည်။
မည်မျှပင် ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်ဖြစ်ပါစေ၊ တစ်ချက်တည်းဖြင့် အသားပြားအဖြစ် ထုချေခံလိုက်ရလိမ့်မည်။
အလွန်ကြီးမားသော အင်အားမျိုးဖြင့် မွေးဖွားလာသည့် တတိယနတ်ဆိုးသာ ရွှမ်ယွမ်ကောင်းကင်ရွှေဖြင့် ပြုလုပ်ထားသောတူကို ကိုင်တွယ်အသုံးပြုနိုင်သည်။
"ဝုန်း"
တူထုချက်က ကျရောက်မလာသေးသော်လည်း ရှေ့မြေပြင်မှာ တုန်ခါနေခဲ့ပြီ။
ဤနေရာတွင် အထူးတံဆိပ်ခတ်ထားသော ကမ္ပည်းများ မရှိပါက ချိုင့်ဝှမ်းတစ်ခုလုံး ပြိုကျသွားနိုင်သည်။
"မင်းက ငါနဲ့ ခန္ဓာကိုယ်အင်အားချင်း နှိုင်းယှဉ်ချင်တာလား"
ကျွင်းရှောင်ယောက်က အေးစက်စက် ပြောလိုက်သည်။
အင်မော်တယ်နယ်မြေကြီးရှိ မျိုးဆက်သစ်လူငယ်များကြားတွင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဒုတိယဖြစ်သည်ဟုပြောလျှင် မည်သူမျှ ပထမဖြစ်ဝံ့မည် မဟုတ်ချေ။
အားကောင်းသော သွေးစွမ်းအင်က နဂါးကြီးတစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ ပြေးထွက်လာခဲ့သည်။
မေယုကမ္ဘာစွမ်းအားကို အသက်မသွင်းလျှင်ပင်၊ ထာဝရအင်မော်တယ်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာက အလွန်ကြောက်စရာကောင်းနေပြီ။
"ဝုန်း"
ကျွင်းရှောင်ယောက်က လက်သီးနှင့်ထိုးပြီး တတိယနတ်ဆိုးကို လွင့်စဉ်သွားစေခဲ့သည်။
ဤအခိုက်တွင်...
မြှားတစ်စင်းက လေထုကိုထိုးဖောက်ပြီး အလွန်လျင်မြန်သောနှုန်းဖြင့် ကျွင်းရှောင်ယောက်၏ ဦးခေါင်းကို ပစ်ခွင်းလာသည်။
သို့သော် ...
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။
နတ်ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး မြှားကို ချေဖျက်သွားတော့သည်။
ယင်းမှာ၊ အင်မော်တယ် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့် ဓားတစ်လက်ကို ကိုင်ဆွဲထားသော လင်ယွမ် ဖြစ်သည်။ ဤအခိုက်တွင် သူမက ထက်မြက်ပြီး လှပသော ဓားနတ်သမီးတစ်ဦးကဲ့သို့ပင်။
"နင်တို့ ငါ့ကို လျစ်လျူရှုထားဝံ့တယ်ပေါ့"
လင်ယွမ် အေးစက်စက်ဖြင့်ပြောပြီး ဓားကို လွှဲခုတ်လိုက်သည်။ ကြောက်စရာကောင်းသော စွမ်းအားများဖြင့် ဓားအလင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
"မဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲက တစ်ခု၊ အင်မော်တယ်ကပ်ဘေးဓားသိုင်း"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
မဟာနတ်ဘုရားသိုင်းကြီးငါးခုမှာ အင်မော်တယ်သတ်ဓားသိုင်း၊ မူလတာအိုအုပ်ချုပ်သူဓား၊ အင်မော်တယ်ကပ်ဘေးဓားသိုင်း၊ ရွက်လွှာကိုးခုမြက်ဓားသိုင်းနှင့် ကောင်းကင်သုတ်သင်ဓားသိုင်းတို့ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကတော့ မဟာနတ်ဘုရားသိုင်းကြီး ငါးခုအနက် သုံးခုကို သင်ယူထားပြီးပြီ။
မဟာနတ်ဘုရားသိုင်းငါးခုကို စုစည်းပြီး ပေါင်းစပ်နိုင်ပါက အမြင့်မြတ်ဆုံး ဓားသိုင်းအဖြစ် ပြောင်းလဲပြီး ဓားတာအို၏ အနှစ်သာရကို နားလည်နိုင်မည်ဟူသော ကောလဟာလများပင် ရှိသည်။
ဤအခိုက်အတန့်တွင် အင်မော်တယ်ကပ်ဘေးဓားသိုင်းကို အသုံးပြုနေသော လင်ယွမ်က ပြတ်သားပြီး သူရဲကောင်းဆန်သော အမျိုးသမီး ဓားသမားတစ်ဦးကဲ့သို့ပင်။
ကျွင်းရှောင်ယောက်လည်း အချိန်မဆွဲလိုသောကြောင့် မဟာပျက်စီးခြင်းလှံပုဆိန်ကို ဆွဲကိုင်လိုက်သည်။
ကျွင်းရှောင်ယောက်နှင့် လင်ယွမ်။
အင်မော်တယ်နယ်မြေကြီးတွင် အမြင့်ဆုံးသော အဆင့်အတန်းနှင့် အသန်မာဆုံးသော ဤလူငယ်နှစ်ဦးက ယခုအခါ ကိုယ်ပိုင်အထူးနည်းလမ်းများကိုသုံးပြီး ရန်သူများကို ပူးပေါင်းတိုက်ခိုက်နေကြပြီ။
ထိုကဲ့သို့သော စွမ်းအားမျိုးက စိတ်ကူးကြည့်ရန် ခက်ခဲသည်။
တိုင်းတစ်ပါးမှ နာမည်ကျော် ကောင်းကင်နတ်ဆိုး လေးယောက်ပင်လျှင် မခံနိုင်ကြတော့ပေ။
"မျိုးစေ့တွေ၊ မင်းတို့နှစ်ယောက်စလုံးက မျိုးစေ့တွေပဲ"
စတုတ္ထနတ်ဆိုး မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။