← Chapters

အခန်း ၈၅၄

Vol. 57 Ch. 854

အခန်း ၈၅၄

Vol. 57 Ch. 854

အခန်း ( ၈၅၄ ) ထောင်နှင့်ချီသော တပ်မဟာများလည်း အဖြူရောင်ဝတ်ရုံရှင်များကို ရှောင်ရှားသင့်သည်။ နတ်ဘုရား၏ မိစ္ဆာအတွေး လွတ်လာပြီ။

ကျွင်းရှောင်ယောက်နှင့် လင်ယွမ်က သူတို့၏ စစ်မှန်သောအင်အားကို ပြသလိုက်သောအခါမှ...

ကောင်းကင်နတ်ဆိုးလေးပါးဟာ သူတို့က တကယ်တမ်း မည်သူမည်ဝါဖြစ်မှန်း သိသွားခဲ့ကြသည်။

သေချာကတော့ သူတို့ဟာ အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပါရမီရှင်များပင်။

ဤတည်ရှိမှုမျိုးက အလွန်ကြောက်စရာကောင်းကြသည်။

တိုင်းတစ်ပါးမှ ထိပ်တန်း တော်ဝင်မျိုးနွယ်များ သို့မဟုတ် မျိုးဆက်သစ် လူငယ်များ၏ ထိပ်တန်း ဘုရင်ဆယ်ပါးသာလျှင် ဤတည်ရှိမှုကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။

“မျိုးစေ့အဆင့် တည်ရှိမှုတစ်ခု ရုတ်တရက်ပေါ်လာတာပဲ"

စတုတ္ထနတ်ဆိုး မျက်နှာ မည်းမှောင်သွားသည်။

အကယ်၍ ကောင်းနတ်ဆိုးရှစ်ပါးစလုံး ဤနေရာတွင် ရှိနေလျှင်တော့ အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးကို အတင်းအကြပ် တွန်းလှန်ရန် ဖြစ်နိုင်သေးသည်။

ယခုမူကား၊ ကောင်းကင်နတ်ဆိုး ရှစ်ဦးအနက် လေးဦးက ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က မဟာပျက်စီးခြင်းလှံပုဆိန်ကို ကိုင်မြှောက်လိုက်သည်။ လှံပုဆိန်မှ စူးရှသော အလင်းများနှင့် သတ်ဖြတ်ခြင်းစွမ်းအားက စတုတ္ထနတ်ဆိုးထံ ဖြတ်သန်းသွား၏။

ယင်းကိုမြင်တော့ လင်ယွမ်ကလည်း အင်မော်တယ်ဝိညာဉ်ဓားနှင့် ခုတ်ပိုင်း တိုက်ခိုက်လိုက်သည်။

ဓားအလင်းများက ပတ်ဝန်းကျင်များကို လွှမ်းခြုံသွားကာ ချိုင့်ဝှမ်းတစ်ခုလုံး တောက်ပသောဓားအလင်းများဖြင့် ပြည့်နှက်နေတော့သည်။

ရှေးသမိုင်းတွင် မြှုပ်နှံထားသော မျိုးစေ့အဆင့် ပါရမီရှင်များ မမွေးဖွားမီတွင်...

ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့က အင်မော်တယ်နယ်မြေကြီးမှ ထိပ်တန်း ပါရမီရှင်များ၏ ကိုယ်စားလှယ်များနီးပါး ဖြစ်သည်။

ဤအခိုက်တွင် သူတိုနှစ်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှုစွမ်းအားက ပြောနေရန်ပင် မလိုပေ။

"သတ်"

စတုတ္ထနတ်ဆိုး ဟိန်းဟောက်လိုက်သည်။

ငွေရောင်ဝံပုလွေ၊ ရွှေမျက်လုံးခြင်္သေ့နှင့် ၎င်းတို့အောက်ရှိ အခြားသော သားရဲများသည်လည်း ဟိန်းဟောက်ပြီး ကျွင်းရှောင်ယောက်နှင့် လင်ယွမ်ဆီသို့ ပြေးသွားကြ၏။

မြင်ကွင်းက ဖရိုဖရဲ ဖြစ်သွားသည်။

ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲပေ။ သူ့ထံမှ သွေးစွမ်းအင်များက ကောင်းကင်သို့ ဖြာထွက်နေပြီး နတ်ဘုရားသိုင်းများဖြင့် ပေါက်ကွဲနေခဲ့သည်။

သူက အကြွင်းမဲ့ခွန်ပန်အမြန်နှုန်းနှင့် စတုတ္ထနတ်ဆိုးရှေ့ကို ပြေးသွားသည်။ မြင့်မြတ်ခန္ဓာစွမ်းအားကို အသက်သွင်းပြီး ပျက်စီးခြင်းလှံပုဆိန်နှင့် ထိုးခုတ်လိုက်၏။

"ကမ္ဘာနတ်ဆိုး ဟန်းဟောက်ခြင်း"

စတုတ္ထနတ်ဆိုးက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်ရာ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ သတ်ဖြတ်ခြင်း ကျိန်စာအမျိုးမျိုး ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်ကို ရင်ဆိုင်လိုက်၏။

"ဝုန်း"

သို့သော်လည်း ဤတစ်ကြိမ်တွင်၊ စတုတ္ထနတ်ဆိုး၏ လက်နက်ဖြစ်သော သံတုတ်ကို အပိုင်းပိုင်းချိုးဖြတ်ခဲ့သည်။

လက်နက်အပိုင်းအစများက လွင့်စဉ်လာပြီး စတုတ္ထနတ်ဆိုး၏ ချပ်ဝတ်တန်ဆာကိုပင် ဖောက်ထွက်သွား၏။

ကျွင်းရှောင်ယောက်က လှံပုဆိန်ဖြင့် ထပ်မံခုတ်ပိုင်းလိုက်ရာ စတုတ္ထနတ်ဆိုး၏ ဦးခေါင်းက လည်ပင်းမှ တိတိရိရိပြတ်ပြီး လွင့်ထွက်သွားတော့သည်။

လှံပုဆိန်မှ ပျက်စီးခြင်းစွမ်းအားက သူ၏ ရှေးဦးဝိညာဉ်ကိုပါ အမှုန့်ဖြစ်သွားစေခဲ့သည်။

“စတုတ္ထ"

ကျန်သုံးယောက်၏ မျက်လုံးများ နီရဲသွားသည်။

နတ်ဆိုးခေါင်းဆောင်လည်း မနေနိုင်တော့ပေ။

သူဟာ ကျောက်စိမ်းကမ္ပည်းထဲသို့ နတ်ဆိုးစွမ်းအင် သွန်းလောင်းနေပြီးနောက် သားရဲကြီးကိုစီးပြီး ကျွင်းရှောင်ယောက်ကို ပြေးဝင်တိုက်ခိုက်လိုက်သည်။

သူ့လက်ထဲမှာလည်း ဧကရာဇ်တစ်ပိုင်း အငွေ့အသက်များ ထွက်ပေါ်နေသော သုံးခွမှိန်းတစ်လက်ကို ကိုင်ထား၏။

"ငါ့ညီတွေရဲ့ အသက်အတွက် ပြန်ပေးဆပ်စမ်း"

ပထမနတ်ဆိုးက မိုးကြိုးထစ်ချူန်းသကဲ့သို့ အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။

သူက သားရဲနှင့်လူ တစ်သားတည်း ပေါင်းစပ်သွားဟန်ဖြင့် ကျွင်းရှောင်ယောက်ကို တိုက်ခိုက်လိုက်၏။

ဤသည်မှာ စီးတော်သားရဲ၏စွမ်းအားကို မိမိကိုယ်တွင်းသို့ အမှန်တကယ် ပေါင်းစပ်ပေးနိုင်သော အထူးလျှို့ဝှက်နည်းလမ်း ဖြစ်သည်။

မိစ္ဆာသားရဲကြီး၏ စွမ်းအားကို ပေါင်းစပ်ထားသောကြောင့် နတ်ဆိုးခေါင်းဆောင်၏ တိုက်ခိုက်မှုမှာ ပို၍ ကြောက်စရာကောင်းနေတော့သည်။

သုံးခွမှိန်းက မိုးကြိုးမုန်တိုင်းကဲ့သို့ ကမ္ဘာပျက်စေမည့် စွမ်းအားကို သယ်ဆောင်ရင်း လေထုကိုဖြတ်သန်းလာခဲ့သည်။

ဤတိုက်ခိုက်မှုက သူတော်စင်သခင်ကိုပင် ပြင်းထန်စွာ ထိခိုက်စေနိုင်စွမ်းရှိ၏။

ကျွင်းရှောင်ယောက်က မေယုကမ္ဘာစွမ်းအားကို အသက်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက ကမ္ဘာငယ်လေးများကဲ့သို့ အားကောင်းလာတော့သည်။

ကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

မဟာပျက်စီးခြင်းလှံပုဆိန်က ပို၍ စွမ်းအားကြီးမားလာပြီး လမ်းတစ်လျှောက်မှ အရာအားလုံးကို ဖျက်ဆီးသွား၏။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့် စွမ်းအင်လှိုင်းများက အရပ်ရပ်သို့ ဖြာထွက်လာတော့သည်။

ဤထိပ်တိုက်ရင်ဆိုင်ခြင်းက နတ်ဆိုးခေါင်းဆောင်၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

ရှေးဦးနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသလို သူ ခံစားရ၏။ အကန့်အသတ်မဲ့သော စွမ်းအားများကလည်း ကမ္ဘာတစ်ခုပြီးတစ်ခု သူ့အပေါ် ကျရောက်လာနေသကဲ့သို့ပင်။

"ဖြောင်း"

နတ်ဆိုးခေါင်းဆောင်၏ လက်မှ ကျယ်လောင်သောအသံနှင့် အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်က ကျွင်းရှောင်ယောက်၏ ဖိအားကို အမှန်တကယ် မခံနိုင်ပေ။

"ဝုန်း"

ကောင်းကင်နတ်ဆိုးခေါင်းဆောင်၏ သုံးခွမှိန်းကိုင်ထားသော လက်က သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားသည်။

"ခေါင်းဆောင်"

ဒုတိယနှင့် တတိယနတ်ဆိုးတို့ တုန်လှုပ်ချောက်ချားသွားကြသည်။

ပထမနတ်ဆိုးက သူတို့ထဲတွင် အသန်မာဆုံး ဖြစ်၏။ တိုင်းတပါးမှာပင် သူက ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

ယခုတော့ အဖြူရောင်ဝတ်လူငယ်၏ လက်ထဲတွင် တစ်ချက်တောင်မှ မခံနိုင်တော့ပေ။

သူက မျိုးစေ့အဆင့် တည်ရှိမှုဖြစ်လျှင်ပင် အလွန်ကြောက်စရာကောင်းသည်။

"မင်း...မင်း ဘယ်သူလဲ"

နတ်ဆိုးခေါင်းဆောင် မျက်လုံးများ ပြူးကျယ်ပြီး အလွန်တုန်လှုပ်သွားသည်။

တိုင်းတစ်ပါးရှိ မျိုးဆက်သစ်လူငယ်များကြားတွင် သူက ထိပ်တန်းအဆင့်ဟု မဆိုနိုင်သော်လည်း သူ၏ခွန်အားမှာ အထက်တန်းစား လူလတ်တန်းစားများထဲတွင် ရှိနေဆဲ ဖြစ်သည်။

"မှတ်ထားပါ၊ မင်းကို ငရဲပြည်ကို ပို့လိုက်တဲ့သူက ကျွင်းရှောင်ယောက်တဲ့"

ကျွင်းရှောင်ယောက်က အေးစက်စက် ပြောပြီး ပျက်စီးခြင်းလှံပုဆိန်နှင့် ထပ်မံခုတ်လိုက်သည်။

ကျွင်းရှောင်ယောက်၏စကားကို ကြားရပြီးနောက် ကျန်နတ်ဆိုးသုံးဦးစလုံး ခေါင်းနပန်းကြီးသွားသည်။

"ကျွင်းရှောင်ယောက်...၊ မင်းက အင်မော်တယ်နယ်မြေကြီးရဲ့ ကျွင်းမိသားစုက လာတာပဲ"

သူတို့ သုံးယောက်စလုံး မထိန်းနိုင်ဘဲ ထိတ်လန့်တကြား အော်လိုက်ကြ၏။

တိုင်းတပါးတွင် ကျွင်းမိသားစုက နာမည်ကြီးလွန်းသည်။

ယနေ့တိုင် တိုင်းတစ်ပါးတွင် ပျံ့နှံ့နေသော ကဗျာတစ်ပုဒ်ပင် ရှိသေးသည်။

ထောင်နှင့်ချီသော တပ်မဟာများလည်း အဖြူရောင်ဝတ်ရုံရှင်များကို ရှောင်ရှားသင့်သည်။

ဤအဖြူရောင်ဝတ်ရုံရှင်က ဝတ်ရုံဖြူနတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ကို ရည်ညွှန်းပေသည်။

ကျွင်းဝူဟွေ့အပြင် သူ့စစ်သည်များနှင့် ကျွင်းမိသားစုမှ အခြားပုဂ္ဂိုလ်အများအပြားက တိုင်းတပါးတွင် နာမည်ကျော်ကြားသည်။

ကျွင်းမိသားစု၏ နာမည်ကို ကြားရရုံမျှဖြင့် တိုင်းတပါးသားများ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရပေသည်။

ဤအခိုက်တွင် နတ်ဆိုး သုံးယောက်စလုံး ရူးချင်သွားသည်။

ကျွင်းမိသားစုမှ တစ်ယောက်ယောက်နှင့် တွေ့ရသည်အထိ ကံဆိုးရန် သူတို့ မမျှော်လင့်ထားပေ။

ထို့အပြင် သူတို့ရှေ့မှ ဤအဖြူရောင်ဝတ်ရုံရှင်ဟာ အဖြူရောင်ဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့နှင့် ယှဉ်မကြည့်မိရန် ခက်ခဲသည်။

"ဒါဆို... အဖြူရောင်‌ဝတ် လူသတ်နတ်ဘုရားနဲ့ မင်းက..."

တတိယနတ်ဆိုး၏ မျက်လုံးများက အလွန်အမင်း ကြောက်ရွံ့မှုတို့ ပေါ်လာခဲ့သည်။

"ကြည့်ရတာ ငါ့အဖေက မင်းတို့ တိုင်းတပါးမှာ တော်တော်နာမည်ကြီးနေပုံပဲ"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

ရက်စက်တော့မည့် အပြုံး ဖြစ်၏။

"သေစမ်း..."

နတ်ဆိုး သုံးယောက်က တိတ်တဆိတ် ကျိန်ဆဲရင်း တိုက်ခိုက်ချင်စိတ်များ ပြိုလဲလုနီး ဖြစ်သွားသည်။

ဤလူငယ်က အဖြူရောင်ဝတ် လူသတ်နတ်ဘုရားမှ ဆင်းသက်လာသူ ဖြစ်ပုံပင်။

နတ်ဆိုးသုံးယောက်ဟာ လုံးဝ မတိုက်ခိုက်ချင်တော့ဘဲ မည်သို့ ဆုတ်ခွာရမည်ကို စဉ်းစားနေပြီ ဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်က သူတို့ကို ဤအခွင့်အရေးမျိုး မည်သို့ပေးမည်နည်း။

မဟာပျက်စီးခြင်းလှံပုဆိန်က လေထုကို ဖြတ်သန်းသွားခဲ့သည်။ ထက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

"ရွှပ်"

သွေးများ ပက်ဝန်းကျင်ကို ဖြန်းပက်သွားခဲ့သည်။ တတိယနတ်ဆိုး၏ ခန္ဓာကိုယ်ကို လှံပုဆိန်က ထက်ခြမ်းခွဲထုတ်လိုက်တော့သည်။

တစ်ဖက်တွင် လင်ယွမ်က ဧကရာဇ်တစ်ပိုင်းလက်နက် အင်မော်တယ်ဝိညာဉ်ဓားနှင့် ဓားချက် ထုတ်ဖော်လိုက်သည်။

သူ့ဘဝတွင် တစ်နေ့မှာ ကျွင်းရှောင်ယောက်နှင့် လက်တွဲတိုက်ခိုက်ရ‌မည့် နေ့ရက်များ ရှိလာမည်ဟု မထင်ထားခဲ့ပေ။

ထို့အပြင် တွဲဖက်လည်း ညီသည်။

ကျွင်းရှောင်ယောက်က ကမ္ဘာကို အောင်နိုင်ခဲ့သော ဧကရာဇ်ဖြစ်ပြီး သူမက ကမ္ဘာကို လွှမ်းမိုးထားသော ဧကရီ ဖြစ်သည်။

ဩဇာအကြီးမားဆုံး ယောက်ျားက အမြင့်မြတ်ဆုံး မိန်းမနှင့်သာ ထိုက်တန်ပေသည်။

အမှန်တကယ် ပြီးပြည့်စုံသည်။

'ငါဘာတွေတွေးနေတာပါလိမ့်'

သတိပြန်ဝင်လာပြီးနောက် လင်ယွမ် တစ်ယောက်တည်း ကြိတ်ရှက်သွား၏။

အာရုံလွှဲချင်သကဲ့သို့ အင်မော်တယ်ဝိညာဉ်ဓားနှင့် ထပ်မံ တိုက်ခိုက်လိုက်လေသည်။

ခဏအတွင်းမှာပင် သူတို့၏ စီးတော်သားရဲများ အပါအဝင် ကျန်နတ်ဆိုးသုံးယောက်စလုံးကို ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့က အတူတကွ သတ်ဖြတ်ခဲ့ကြသည်။

သူတို့ကဲ့သို့ ထိပ်တန်း ပါရမီရှင်နှစ်ပါးနှင့် ရင်ဆိုင်မိသည့် နတ်ဆိုးရှစ်ပါး၏ကံက ဆိုးလွန်းသည်ဟုသာ ဆိုနိုင်သည်။

သို့သော်၊ ဤအခိုက်တွင်...

တစ်ခုခု ကျိုးပဲ့သွားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မကောင်းတော့ဘူး..."

ကျွင်းရှောင်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ကျောက်စိမ်းကမ္ပည်းက စူးစူးရှရှ‌ အလင်းတန်းများဖြင့် တောက်ပလာ၏။

ကြာပန်း ကျောက်ရုပ်တု၏ မျက်နှာပြင်မှာလည်း အက်ကြောင်းများ ဖြစ်ပေါ်လာကာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားတော့သည်။

ခွမ်းခနဲ အသံတစ်ချက်နှင့် ကြာပန်းကျောက်ရုပ်တုက လုံးဝ ပြိုကျသွားခဲ့သည်။

အဓိပဓိကမ္ပည်းများနှင့် လှပသော ပန်းနုရောင် ကြာပန်းတစ်ပွင့်က အရှိန်အဝါကြီးမားစွာဖြင့် ထွက်ပေါ်လာ၏။

ယင်းမှာ ဒုစရိုက်ခုနစ်ပါးအနက် တစ်ခုကို ကိုယ်စားပြုသော တပ်မက်ခြင်း ပန်းနုရောင်ကြာပန်း ဖြစ်တော့သည်။

"နတ်ဘုရားရဲ့ မိစ္ဆာအတွေး လွတ်သွားပြီ"

ကျွင်းရှောင်ယောက်နှင့် လင်ယွမ်၏ နှလုံးသားများ လေးလံသွားခဲ့သည်။

All Chapters