အခန်း ၈၅၆
Vol. 58 Ch. 856
အခန်း ( ၈၅၆ ) ငရဲဝိညာဉ်နတ်ဆိုးပန်းကို သန့်စင်ခြင်း၊ ဝိညာဉ်စွမ်းအား ကြီးကြီးမားမား တိုးတက်လာသည်၊ လင်ယွမ်၏ အရှက်နှင့် ဒေါသ။
ဤအခိုက်တွင် လင်ယွမ်၏ ဖြူနုသော အသားရေက ပန်းနုရောင် အလွှာတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။
အေးစက်ပြီး လှပသော မျက်လုံးများမှာလည်း ဤအခိုက်မှု ရီဝေလျက်ရှိ၏။
သူ၏ နီရဲစိုစွတ်နေသော နှုတ်ခမ်းဖူးဖူးက အနည်းငယ် ပွင့်နေကာ အသက်ပြင်းပြင်းရှူသံ ထွက်ပေါ်နေလေသည်။
မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်နှင့် ရှေးဦးကြာပန်းမျိုးစေ့ကြောင့် ကျွင်းရှောင်ယောက်က ထိုချစ်ခြင်းမေတ္တာပန်း၏ တိုက်စားမှုကို ယာယီခုခံနိုင်သည်။
သို့သော်၊ လင်ယွမ်ကတော့ မတူပေ။
သူမ၏ ရှေးဦးဝိညာဉ်က ကျွင်းရှောင်ယောက်ထက် များစွာ အားမနည်းပါ။
သို့ရာတွင်၊ သူမမှာ ရှေးဦးကြာပန်းမျိုးစေ့ မရှိပေ။
ထို့အပြင် ယခင်က ပြန်လည်ဝင်စားခြင်းပင်လယ်တွင် ကျွင်းရှောင်ယောက်နှင့် ဘဝတစ်ရာ ချစ်ခြင်းမေတ္တာကို တွေ့ကြုံခံစားခဲ့ရသည်။
ယင်းက ဒိုင်းနမိုက်များကဲ့သို့ ပေါက်ကွဲထွက်ရန် မီးပွားတစ်ခုသာ လိုပေသည်။
ယခုတော့ ဤချစ်ခြင်းမေတ္တာပန်းအမှုန်များက မီးပွားများထက် ပိုကြီးမားနေပြီ ဖြစ်သည်။
ပြန်လည်ဝင်စားခြင်းပင်လယ်တွင် ကျွင်းရှောင်ယောက်နှင့် ခံစားခဲ့ရသော ဘဝတစ်ရာ ချစ်ခြင်းမေတ္တာက...
ဤအခိုက်အတန့်တွင် လင်ယွမ်၏နှလုံးသားကို ပြင်းထန်စွာ တိုက်ခတ်လာစေတော့သည်။
ထို့အပြင်၊ သူမက နတ်သမီးယွမ်၏ သြဇာလွှမ်းမိုးမှုအချို့ကိုလည်း ခံစားရသောကြောင့် ခုခံရန် ပို၍ ခက်ခဲစေခဲ့သည်။
"မဟုတ်ဘူး... ငါမလုပ်ဘူး..."
လင်ယွမ် ရုန်းကန်ပြီး သူမ၏ အပြုအမူကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သူမ၏ ဖြူနုကာ လှပသော မျက်နှာက စိတ်ခံစားချက်တို့ ရှုပ်ထွေးနေသော အရိပ်အမြွက်တို့ ပေါ်နေလေသည်။
"ငါ နင်နဲ့ ဘယ်တော့မှ အတူရှိမှာ မဟုတ်ဘူး..."
လင်ယွမ် ရီဝေနေသော မျက်လုံးများနှင့် သူမရှေ့ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အဖြူရောင်ဝတ် ရုပ်သွင်ကို စိုက်ကြည့်နေသည်။
ယခုအခါ ကျွင်းရှောင်ယောက်က သူ၏ အသိစိတ်ကြည်လင်မှုကို ထိန်းချုပ်ထားပြီး ချောက်နက်ကြီးထဲသို့ ကျမသွားစေရန် ထိန်းချုပ်နေရလေသည်။ ထို့ကြောင့် လင်ယွမ်ကို ဂရုမစိုက်အားသေးပေ။
သို့ရာတွင် လင်ယွမ်၏ မျက်လုံးထဲမှ လှည့်စားမှုများက ပို၍ သန်မာလာပြီ ဖြစ်သည်။
ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဘဝတစ်ခုတွင် သူမက ကျိန်စာကြယ်တစ်ပွင့် ဖြစ်ခဲ့သည်။
ကျွင်းရှောင်ယောက်ကတော့ အဖြူရောင်ဝတ်စုံဖြင့် အင်မော်တယ်သခင် ဖြစ်၏။
သူတို့နှစ်ဦး တွေ့ဆုံသောအခါ လင်ယွမ် သူ့ကို သဘောကျနှစ်သက်ခဲ့လေသည်။
ကျွင်းရှောင်ယောက်က သူ့ကို တပည့်အဖြစ် လက်ခံခဲ့ပြီး ထိုအချိန်မှ စ၍ သူမ၏ နှလုံးသားထဲမှ အဖြူရောင် လအလင်းတစ်ခု ဖြစ်လာခဲ့သည်။
သို့သော်လည်း နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်က ကမ္ဘာပေါ်မှ သာမန်လူများနှင့် သူမတွင် သာမန်လူများကို ရွေးချယ်ခဲ့သည်။
ထိုဘဝတွင် သူမက သူ့ကို အလွန်မုန်းတီးသော်လည်း အလွန်ချစ်မိခဲ့ပေသည်။
ဘဝတစ်ခုတွင် သူမက ၀တ်လုံဖြူ စစ်သူကြီး၏ ပြန်အလာကို စောင့်ဆိုင်းနေသော မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။
ဘဝတစ်ခုမှာကျတော့ သူမက မက်မွန်နတ်ဆိုးလေးဖြစ်ပြီး ကျွင်းရှောင်ယောက်မူကား နတ်ဆိုးသတ်ဖြတ်သော မိသားစုတစ်ခု၏ လူတစ်ယောက်ပင်။
ထောင်ပေါင်းများစွာသော တောင်များနှင့် မြစ်များကို အတူတကွ သွားကြည့်ရန် သဘောတူခဲ့ကြသော်လည်း နောက်ဆုံးတွင် ကျွင်းရှောင်ယောက်၏ဓားချက်ဖြင့် သူမ သေဆုံးခဲ့ရသည်။
ဘဝတိုင်းက အဆုံးသတ်မလှပသော်လည်း လုံးဝ မမေ့နိုင်စရာပင်။
တစ်ကြိမ်တစ်ခါ ပတ်သက်ခဲ့လျှင်ပင် တစ်ဘဝလုံး အမှတ်ရစေရန် လုံလောက်သည်။
ယခုကဲ့သို့ ဘဝတစ်ရာ ချစ်ခြင်းမေတ္တာကတော့ ပြောနေရန်ပင် မလိုတော့ပေ။
ယင်းမှာ သူ့နှလုံးသားကို ဓားနှင့်ထိုးလိုက်သကဲ့သို့ ဖြစ်သည်။
ထို့အပြင် မရေတွက်နိုင်သော ချစ်ခြင်းမေတ္တာပန်းများကလည်း ဆွဲဆောင်နေသည့် ပန်းဝတ်မှုန်များ ထုတ်လွှတ်နေသေးပေရာ...
လင်ယွမ် လုံးဝ မခံနိုင်တော့ပေ။
သူ့စိတ်ကို ကြည်လင်စေရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း စတင် ငိုက်မျဉ်းလာခဲ့သည်။
ချစ်ခြင်းမေတ္တာပန်းတစ်ပွင့်ကတောင် လူများကို စွဲလန်းသွားစေနိုင်သည်။
ဤနေရာမှတော့ ချစ်ခြင်းမေတ္တာပန်းပွင့်ပေါင်း သောင်းနှင့်ချီ ရှိ၏။
ဤပန်းများအားလုံး တပြိုင်နက်တည်း ပွင့်လာသောအခါ သီလရှင်များပင်လျှင် လောကီလူ့ဘောင်သို့ ပြန်ဝင်လာရလောက်သည်။
အဆုံးတွင် လင်းယွမ်မှာ ကျွင်းရှောင်ယောက်ကိုကြည့်ရင်း သူမ၏ မှုန်ရီဝေနေသော မျက်လုံးများကို မထိန်းနိုင်တော့ပေ။
သူမက ကျွင်းရှောင်ယောက်ဆီသို့ တဖြည်းဖြည်း လျှောက်လာခဲ့သည်။
ပြီးပြည့်စုံသော ရုပ်ပုံလွှာကို စတင်ပြသလာ၏။
သူမ၏ ကြွက်သားများနှင့် ညှပ်ရိုးများကလည်း ကြွေထည်ကဲ့သို့ ကြည်လင်ပြီး အပြစ်အနာအဆာကင်းကာ နှင်းကဲ့သို့ ဖြူနုချောမွတ်နေလေသည်။
နှင်းဖြူဖွေးဖွေးတောင်ပေါ်မှ 'ကျွင်း'ဟူသော စာလုံးအမှတ်အသားကလည်း ပို၍ တောက်ပနေပုံရသည်။
ကျွင်းရှောင်ယောက် သူမကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေတွင် လူအပေါင်းတို့ လေးစားရသည့် အဓိပဓိအင်မော်တယ်ခုံရုံး၏ ဧကရီတစ်ပါး...
ဤအခိုက်မှာတော့ အလွန် တက်ကြွနေတော့သည်။ လင်ယွမ်က သူမ၏ အဝတ်အစားများကို စတင် ချွတ်လိုက်သည်။
သူမ အမှောင်ထဲသို့ လုံးဝ ကျရောက်သွားခဲ့ပြီ။
ကျွင်းရှောင်ယောက်လည်း အံကိုတင်းတင်းကြိတ်ပြီး ပိုခက်ခဲလာသည်။
နောက်ဆုံးတွင် သူ့အသိစိတ်က ကြည်လင်နေရမည်။
မဟုတ်ပါက အမှောင်ထဲတွင် လုံးလုံးလျားလျား နစ်မြုပ်သွားတော့မည် ဖြစ်သည်။
ထိုအခါကျလျှင်တော့ သူနှင့် လင်ယွမ်တို့ ဤနေရာမှ ထွက်ခွာရန် စဉ်းစား၍ပင် ရတော့မည် မဟုတ်ပါ။
အပြင်ဘက်မှ မုန့်ကျန်းနှင့် အခြားသူများကိုလည်း အားကိုး၍မရပေ။
ယခုအခါ အပြင်မှာ ဘာတွေဖြစ်နေပြီမှန်းပင် မသိနိုင်သေးချေ။
ထို့ကြောင့် ကျွင်းရှောင်ယောက်လည်း ငရဲဝိညာဉ်နတ်ဆိုးပန်းကို ဆက်လက်သန့်စင်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း လင်ယွမ်က သူ့ကို ဆက်လက် နှောင့်ယှက်နေတော့သည်။
"ငါ့ကို မနှောင့်ယှက်နဲ့"
ကျွင်းရှောင်ယောက် အော်ဟစ်ပြီး ဖြန်းခနဲ တစ်ချက်ရိုက်ထုတ်လိုက်သည်။
သူက ကိုယ်ကျင့်တရားကောင်းမွန်သော သူတော်စင်မဟုတ်သလို မိန်းမများနှင့် မပတ်သက်သော ပုဂ္ဂိုလ်ထူးလည်း မဟုတ်ပေ။
သို့သော်လည်း လက်ရှိအခြေအနေအရ၊ ဤဧကရီသမီးတော်က သူ၏ရန်သူဖြစ်နေခြင်းကို ထည့်မတွက်လျှင်ပင် တော်ဝင်မင်းသမီးလေးကို သက်ညှာနေရန် စိတ်ကူးမရှိတော့ပါ။
အနည်းငယ် အားပါသော လက်ဝါးရိုက်ချက်ကြောင့် ဖြူနုသော အသားပေါ်မှာ အနီရောင် လက်ဝါးပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
သို့သော်လည်း လင်ယွမ်က ပျော်ရွှင်သွားသလို နှုတ်ခမ်းကိုပင် ခပ်ဖွဖွ ကိုက်လိုက်သေးသည်။
"ဟာ..."
ကျွင်းရှောင်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။
အေးစက်ပြီး မြင့်မားသော ဧကရီ၏ အခြားတစ်ဖက်ကို ရှာတွေ့ခဲ့ရသလိုပင်။
လင်ယွမ်က သူ့ကို ဆက်လက် နှောင့်ယှက်ပြန်သည်။ ကျွင်းရှောင်ယောက်လည်း သူမကို သတိလစ်သွားစေရန်မှတပါး အခြား ရွေးချယ်စရာမရှိတော့ပေ။
ဤတော့မှ ကျွင်းရှောင်ယောက်လည်း နောက်ဆုံးတွင် ငရဲဝိညာဉ်နတ်ဆိုးပန်းကို အေးချမ်းချမ်း သန့်စင်ခွင့်ရခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်...
ပြင်းထန်သော ဝိညာဉ်စွမ်းအင် အတက်အကျများနှင့်အတူ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ရှေးဦးဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်လာသလို ခံစားလိုက်ရသည်။
သူ၏ ရှေးဦးဝိညာဉ်က ပိုမို အားကောင်းလာ၏။
သူ၏ရှေးဦးဝိညာဉ်သည် ထာဝရသဲအဆင့်သို့ မရောက်သေးသော်လည်း ယခင်ကထက် များစွာအားကောင်းနေပြီ ဖြစ်သည်။
ယင်းကို ဖော်ပြရမည်ဆိုလျှင် အနန္တအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ။
ထို့အပြင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ရှိ ရှေးဦးကြာမျိုးစေ့က လတ်ဆတ်သော စွမ်းအင်များစွာဖြင့် ပြည့်လျှံနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် ဤနေရာမှ လှည့်စားမှုများက ကျွင်းရှောင်ယောက်ကို မထိခိုက်စေနိုင်တော့ပါ။
ထို့နောက် ကျွင်းရှောင်ယောက်က မြေပြင်ပေါ်တွင် လဲလျောင်းနေသော လင်ယွမ်ကို ကြည့်လိုက်သည်။
လင်ယွမ်တစ်ယောက် သူ့အိပ်မက်ထဲမှာ ဘယ်လိုထူးဆန်းသော အိပ်မက်မျိုး မက်နေမှန်းတော့ မသိပေ။ သို့ရာတွင် သူ့မျက်နှာက နီရဲနေပြီး ပါးစပ်မှလည်း ကျွင်းရှောင်ယောက်၏နာမည်ကို ငြီးတွားရေရွတ်နေသည်။
သူမ၏ အသွင်အပြင်ကို ကြည့်လျှင်တော့ လင်ယွမ်ဟာ သူ့အိပ်မက်ထဲမှာ ကျွင်းရှောင်ယောက်နှင့် ပွင့်လင်းပြီး လျှို့ဝှက်သော ဆက်ဆံရေးမျိုး ရှိနေသင့်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အတွေးများစွာကို လှစ်ဟလာလေသည်။
အမှန်အတိုင်းပြောရလျှင်၊ လင်ယွမ်ကို ချန်ထားခဲ့ပြီး ဤနေရာတွင် နစ်မြုပ်သွားစေနိုင်သည်။
သို့သော်လည်း ယင်းက နတ်သမီးယွမ်အပေါ်တွင် သက်ရောက်မှုရှိမည်ဖြစ်ကာ သူမသည် စစ်မှန်သောလွတ်လပ်မှုကို ရရှိနိုင်မည် မဟုတ်ပေ။
ထို့အပြင်၊ ကျွင်းရှောင်ယောက်၏ အကြံအစည်က ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကို လိုအပ်သည်။
ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးတွင် လင်ယွမ်က အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်၏။ ထို့ကြောင့် ယခုလောလောဆယ်တော့ သူမကို ဘာမျှမဖြစ်စေရပေ။
"မင်း ကံကောင်းသွားတယ်"
ကျွင်းရှောင်ယောက် ခေါင်းကိုခါယမ်းပြီး လင်ယွမ်၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညိုးညွှန်လိုက်သည်။
ရှေးဦးဝိညာဉ်စွမ်းအားကို ပို့လွှတ်ကာ လင်ယွမ် ခန္ဓာကိုယ်အတွင်းမှ ချစ်ခြင်းမေတ္တာပန်းအမှုန်များကို ဖယ်ရှားလိုက်၏။
တစ်ချိန်တည်းမှာပင် ရှေးဦးကြာပန်းမျိုးစေ့မှ ထွက်လာသော သန့်စင်သောလေက လင်ယွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။
လင်ယွမ်၏ ပန်းရောင်သန်းနေသော အသားရေက တဖြည်းဖြည်း ကြည်လင်လာလေသည်။
တစ်နာရီခန့်ကြာပြီးနောက် လင်ယွမ်၏ မျက်တောင်ကော့ကြီးများက လှုပ်ရှားပြီး သူမ၏ ဖီးနစ်မျက်လုံးများကို ဖွင့်လိုက်သည်။
ဤအခါ ပထမတုံ့ပြန်မှုမှာ စိတ်ရှုပ်ထွေးမှု ဖြစ်ချေသည်။
ဒုတိယ တုံ့ပြန်မှုကတော့ အိပ်မက်ထဲမှ မြင်ကွင်းများကို ပြန်လည်သတိရမိခြင်း ဖြစ်သည်။
ယင်းက ကြည်နူးစရာကောင်းသော အိပ်မက်တစ်ခုဆိုတာ သိသာထင်ရှားလှပေသည်။ သို့ရာတွင် အိပ်ရာမှ နိုးလာပြီးနောက် ဘာကြောင့် အိပ်မက်ဆိုးများ ဖြစ်လာခဲ့ရသနည်း။
တတိယတုံ့ပြန်မှုသည်ကား သူမ မိမွေးတိုင်း ဖမွေးတိုင်း လှချင်တိုင်းလှနေပြီဖြစ်ကြောင်း သိရှိလိုက်ရခြင်း ဖြစ်သည်။
ထို့ထက် အဆိုးဆုံးက စတုတ္ထတုံ့ပြန်မှုတွင် ကျွင်းရှောင်ယောက်က ငြိမ်သက်စွာ ရပ်နေပြီး သူမအား တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေခြင်း ဖြစ်တော့သည်။
"ဝုန်း"
ရုတ်တရက်၊ လင်ယွမ်ဟာ သူ့စိတ်ထဲမှာ မိုးကြိုးအစင်းပေါင်းများစွာ ပစ်ခွင်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူမ အနည်းငယ် မူးဝေသွားပြီး မည်သို့တုံ့ပြန်ရမည်မှန်း မသိတော့ပေ။
ဘယ်လို အိပ်မက်ဆိုးကို သူ ကြုံနေရတာလဲ။
"နင်အခုထိကြည့်နေသေးတာလား"
လင်ယွမ် သိုလှောင်ခြင်း ရတနာထဲမှ ဝတ်ရုံရှည်တစ်ခုကို အမြန်ထုတ်ကာ လွှမ်းခြုံလိုက်သည်။
သို့သော် သူမ၏ နူးညံ့သော တင်ပါးများမှ အနည်းငယ် ပူလောင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
နီရဲပြီး အထင်းသားဖြစ်သော လက်ဝါးရာတစ်ခု ရှိ၏။
လင်ယွမ် အသိစိတ်လွတ်သွားပြန်တော့သည်။
သူ ရိုက်ခံလိုက်ရတာလား။
"ဂုဏ်သိက္ခာကြီးမားတဲ့ အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ဧကရီမှာ ဒီလို အထူးဝါသနာ ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
ကျွင်းရှောင်ယောက်က သရော်မှုတို့ ပြည့်နေသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျွင်းရှောင်ယောက်၊ ငါ နင့်ကို သတ်မယ်"
လင်ယွမ် သူမ၏စကတ်ရှည်ကို ကပိုကရိုဖြင့် အမြန်ဝတ်ရင်း အံကိုတင်းတင်းကြိတ်လိုက်သည်။ ထို့နောက်မှာတော့ ကြီးစွာသော ရှက်ရွံ့မှု၊ ဒေါသစိတ်တို့ဖြင့် ကျွင်းရှောင်ယောက်ကို ဓားနှင့်ထိုးလိုက်လေတော့သည်။