← Chapters

အခန်း ၈၅၉

Vol. 58 Ch. 859

အခန်း ၈၅၉

Vol. 58 Ch. 859

အခန်း ( ၈၅၉ ) ကံဆိုးသူ မောင်ကျီးကန်း၊ လျှို့ဝှက်ဆန်းကျယ်သော မျိုးစေ့အဆင့် တည်ရှိမှု။

ရှန်းရွှီကမ္ဘာတစ်ခုလုံး လှိုင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ ပြည့်နေခဲ့သည်။

ဤသည်ကို စစ်ပွဲအသေးစားတစ်ခုဟုပင် ဆို၍ ရ၏။

ဤအတိုင်းအတာက မကြီးမားသော်လည်း ရက်စက်ကြမ်းကြုတ်မှုကတော့ ကမ္ဘာနှစ်ခုကြားရှိ စစ်ပွဲကြီးထက် မနိမ့်ကျပေ။

သို့သော်လည်း ခြုံကြည့်ရလျှင် တိုင်းတပါးက အသာစီးရနေကြသေးသည်။

နောက်ဆုံးတော့ သူတို့နေထိုင်ခဲ့ရသည့် ပတ်ဝန်းကျင်က ထူးခြားပြီး စရိုက်များကလည်း အတော်ပြတ်သားကာ ကြံ့ခိုင်ကြသည်။

အဆင့်တူတွင် တိုင်းတပါးမှ သတ္တဝါများက အင်မော်တယ်နယ်မြေကြီးမှ လူများစွာကို တိုက်ခိုက်နိုင်သည်။

မျိုးနွယ်တစ်ခုက အဆင့်အတန်းမြင့်မားလေလေ၊ အင်အားက ပို၍ အားကောင်းကြလေပင်။

နောက်ထပ် အချက်တစ်ခုလည်း ရှိသည်။ ယခုတစ်ကြိမ်တွင် ရှန်းရွီကမ္ဘာကို အမြဲဖွင့်ထားလိမ့်မည်။

တစ်နည်းဆိုရသော်၊ နောက်ဆုံး ရလဒ်ထွက်လာသည်အထိ နှစ်ဖက်စလုံးမှ လူများကို ဆက်လက်ပေးပို့သွားမည် ဖြစ်သည်။

အကြောင်းမှာ တစ်ဖက်က နတ်ဘုရား၏မိစ္ဆာအတွေးများ လွတ်မြောက်စေရန် ကြိုးစားနေသလို အင်မော်တယ်နယ်မြေကြီးကလည်း တားဆီးရန် ကြိုးစားနေရ၏။

မဟုတ်၍၊ နတ်ဘုရား၏ မိစ္ဆာအတွေးများ လုံးလုံးလျားလျား လွတ်မြောက်သွားလျှင် ရှန်းရွှီကမ္ဘာတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

ထို့ကြောင့် အင်မော်တယ်နယ်မြေကြီးက နတ်ဘုရား၏ မိစ္ဆာအတွေးများကို တံဆိပ်ခတ်ထားခြင်း သို့မဟုတ် အပြီးတိုင် ဖယ်ရှားပစ်ပြီး လျှို့ဝှက်ထားသောအန္တရာယ်ကို လုံးလုံး မဖြေရှင်းရသေးသရွေ့...

စစ်ပွဲက ရပ်တန့်သွားမည် မဟုတ်ပါ။

ဤအချိန်တွင်၊ ရှန်းရွှီကမ္ဘာအပြင်ဘက်...၊ နယ်စပ်၌...

လူငယ်လေးတစ်ယောက် ရောက်လာသည်။

သူ့ထံမှ ထွက်ပေါ်နေသော ဖရိုဖရဲ အငွေ့အသက်များကြောင့် အစောင့်တချို့ပင် အံ့ဩသွား၏။

"ဟင်၊ အဲဒါက... ဖရိုဖရဲခန္ဓာ အရှိန်အဝါပဲ။ အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

"ရှေးဦးဖရိုဖရဲခန္ဓာက မြှုပ်နှံထားတုန်းပဲလေ။ သူက အခု မဖွေးဖွားသင့်သေးဘူး"

"မဟုတ်ဘူး၊ သူက ဖရိုဖရဲခန္ဓာ အရှိန်အဝါရှိပေမဲ့ ဖရိုဖရဲခန္ဓာထက် အဆပေါင်းများစွာ အားနည်းတယ်။ အဲဒါက... ပေါင်းစည်းပြီးမှ ဖြစ်ပေါ်လာတဲ့ ဖရိုဖရဲခန္ဓာပဲ"

"ဒါဆို... နေနတ်ဘုရားတောင်က တကယ်အောင်မြင်ခဲ့တာပေါ့"

နယ်စပ်မှ အကြီးအကဲတချို့၏ ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။

ရှေးဦးဖရိုဖရဲခန္ဓာက မိုးနဲ့မြေကြားမှာ အသန်မာဆုံး ခန္ဓာတစ်ခု ဖြစ်၏။

သူတို့မွေးဖွားလာသရွေ့၊ ကမ္ဘာကြီးကို လွှမ်းမိုးပြီး ခေတ်တစ်ခုလုံးကို စိုးမိုးကြလိမ့်မည်။

အဇူရာဧကရာဇ်က ဖရိုဖရဲခန္ဓာမဟုတ်သော်လည်း ဖရိုဖရဲခန္ဓာကဲ့သို့ တူညီသော စွမ်းရည်ရှိသည်ဟု ကောလဟာလများ ရှိခဲ့သည်။

အကြောင်းမူ၊ အဇူရာဧကရာဇ်က ရှေးဦးကစဉ့်ကလျားမှ ပေါက်လာသော မိုးပြာရောင်ကြာပန်း ဖြစ်နေသောကြောင့်ပင်။

နောက်ဆုံးတွင်၊ အဇူရာဧကရာဇ်က ဒဏ္ဍာရီလာဧကရာဇ် ဖြစ်လာခဲ့သည်။

ထိုမှ ဖရိုဖရဲခန္ဓာ၏ အောင်မြင်မှုက မည်မျှ ကြောက်စရာကောင်းသလဲ တွေ့မြင်နိုင်ပေသည်။

သို့သော်လည်း ယနေ့ခေတ်တွင် ဖရိုဖရဲခန္ဓာ မွေးဖွားခြင်းနှင့်ပတ်သက်၍ သတင်းများမရှိပါ။

သို့ရာတွင် တံဆိပ်ခတ်ထားသော ရှေးဦးဖရိုဖရဲဂိတ်မှ အမြင့်ဆုံးတည်ရှိမှု ရှေးဦးဖရိုဖရဲခန္ဓာမျိုးစေ့အချို့ ရှိနေသည်ဟူသော ကောလဟာလများ ရှိသည်။

ယခုကဲ့သို့ တောက်ပသောခေတ်တွင် သူမွေးဖွားလာရန် အလားအလာ အလွန်များပေသည်။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်ကို မျိုးဆက်သစ်လူငယ်များကြား၌ ယာယီခေါင်းဆောင်သာဖြစ်သည်ဟု လူအများက ယုံကြည်ကြခြင်း ဖြစ်သည်။

အခြားမျိုးစေ့များကို မဆိုထားနှင့်၊ ဖရိုဖရဲခန္ဓာ မွေးဖွားလာရုံဖြင့် လက်ရှိမျိုးဆက်ကို လွှမ်းမိုးနိုင်လိမ့်မည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာသာလျှင် ဖရိုဖရဲခန္ဓာကို တွန်းလှန်နိုင်မည် ဖြစ်သည်။

အနှိုင်းမဲ့အရိုးဖြစ်လျှင်ပင် ပြောရန်မလွယ်ပေ။

"ဒီဖရိုဖရဲခန္ဓာက တကယ့် ဖရိုဖရဲခန္ဓာလောက်တော့ မကောင်းပါဘူး၊ ဒါပေမဲ့လည်း အရမ်းသန်မာတုန်းပဲ။ ဒါပေမဲ့... ဘာဖြစ်လို့ သေခြင်းတရားရဲ့ အငွေ့အသက်တွေ ထုံမွှမ်းနေသလို ခံစားရတာလဲ"

နယ်ခြားစောင့် အကြီးအကဲတချို့က ရွှေကျီးကန်း ဒသမမင်းသားကို သံသယဖြင့် လှမ်းကြည့်လိုက်ကြသည်။

ရွှေကျီးကန်း ဒသမ မင်းသား၏ အရှိန်အဝါက ယခင်ကထက် ပိုမိုအားကောင်းလာသည်။

သို့သော်လည်း သေခြင်းတရား အငွေ့အသက်များလည်း ရောနှောပါဝင်နေသဖြင့် လူများ အံ့ဩကြရ၏။

ရွှေကျီးကန်းဒသမမင်းသားက ဤဖရိုဖရဲခန္ဓာကို ရရှိရန် မည်သို့မည်ပုံ လေ့ကျင့်ခဲ့သည်ကိုတော့ သဘာဝအတိုင်း သူတို့မသိခဲ့ပေ။

ရွှေကျီးကန်းဒသမင်းသားက ဧရာမကြာပန်းကြီး၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။

ဤအခိုက်တွင် သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မရှိ တုန်ခါလျက် ရှိ၏။

ယင်းက ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ...

စိတ်လှုပ်ရှားမှုကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ကိုယ့်လက်နှင့် လက်စားချေနိုင်တော့မည်မို့ စိတ်လှုပ်ရှားနေတော့သည်။

"ကျွင်းရှောင်ယောက်၊ မင်း ငါ့ကို စောင့်နေပါ။ ငါ မင်းကို အနှေးနဲ့အမြန် ရှာတွေ့လိမ့်မယ်။ ဒါပေမဲ့ ငါမင်းကို ချက်ချင်း မသတ်ပါဘူး"

"မင်းနဲ့ ပတ်သက်တဲ့ လူအားလုံးကို မင်းရှေ့မှာတင် သေစေမယ်"

"ဒီမင်းသား နာကျင်ခံစားခဲ့ရတာထက် မင်း အဆတစ်ရာ ပြန်ပြီးခံစားရစေမယ်"

ရွှေကျီးကန်း ဒသမမင်းသား၏ ရွှေရောင် ငွေရောင် မျက်လုံးများက အမုန်းတရားများ ပေါက်ကွဲထွက်လာခဲ့သည်။

တိုင်းတပါးနှင့် အင်မော်တယ်နယ်မြေကြီး၏ အခြေအနေကို သူ ဂရုမစိုက်ပေ။

သူ့စိတ်ထဲတွင် ကျွင်းရှောင်ယောက်ကိုသတ်ရန်သာ ရှိသည်။

ရွှေကျီးကန်း ဒသမမင်းသားက ရှန်းရွှီကမ္ဘာရှေ့တွင်ရပ်ပြီး သူ၏ ခံစားချက်များကို ထုတ်ဖော်နေချိန်တွင်...

အဝေးမှ အားကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မိုးနှင့်မြေကြားတွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုကမ္ပည်းများဖြင့် ပုံဖော်ထားသည် တံတားတစ်စင်းသည် အဝေးမှ ရုတ်တရက် ထွက်ပေါ်လာ၏။

တာအိုတံတားပေါ်သို့ ပုံရိပ်တစ်ခု ဆင်းသက်လာလေသည်။

‌သူတို့က ဝေးကွာနေပုံရသော်လည်း နောက်အခိုက်မှာ သူ့ရှေ့သို့ ရောက်လာခဲ့သည်။

သို့သော်လည်း နတ်တစ်ပါး၏ အငွေ့အသက်များဖြင့် ဖုံးလွှမ်းထားသောကြောင့် သူ၏ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်ရန်မလွယ်ပေ။

ဝေဝါးဖြင့် လေထဲသို့ စိမ့်‌ဝင်နေသည့် အချိန်၏ အငွေ့အသက်များပင် ရှိနေသည်။

ယင်းမှာ အတိတ်မှ ပစ္စုန်ပ္ပန်ကို ရုတ်တရက် ရောက်လာသကဲ့သို့ပင်။

သူ့အရှိန်အဝါကလည်း ရှန်းရွှီကမ္ဘာသို့ဝင်ရောက်ရန် သတ်မှတ်ချက်ပြည့်မီသော အဓိပဓိတစ်ပိုင်း အငွေ့အသက် ဖြစ်သည်။

သို့‌သော်လည်း ထိုရုပ်သွင်မှာ အစစ်အမှန်မဟုတ်သကဲ့သို့ လူများကို ခံစားရစေသည်။

"ဒါက ဘယ်ရှေးဟောင်းတည်ရှိမှုတစ်ခုလဲ"

ရွှေကျီးကန်းဒသမမင်းသားလည်း အနည်းငယ် အံ့အားသင့်သွားသည်။

သူက ထိုလူရိပ်၏လမ်းကို ပိတ်ရပ်နေမိသည်ကိုပင် သတိမထားမိတော့ပေ။

ထိုလူက လျစ်လျူရှုသောအကြည့်ဖြင့် ရွှေကျီးကန်း ဒသမမင်းသားကို ငုံ့ကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။

"ယုတ်ညံ့တဲ့ ဖရိုဖရဲခန္ဓာ၊ လမ်းဖယ်စမ်း"

ရုပ်သွင်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။

"ဝုန်း"

ရွှေကျီးကန်း ဒသမမင်းသား တိုက်ရိုက်လွင့်စဉ်သွားကာ သွေးများ ပွက်ပွက်ဆူသွားသည်။ သူ့ပါးစပ်မှလည်း သွေးများ အန်ထွက်လာတော့သည်။

သူ့မျက်နှာတွင် ကြောက်ရွံ့မှုနှင့် တုန်လှုပ်ခြင်းများ ပြည့်သွားသည်။

သူ့ကို ထိတ်လန့်စေသည်က ထိုလူ၏ အင်အားမျှသာမဟုတ်ပေ။

ဝေဝါးဝါး အလင်းများကြားမှ အလွန်ငယ်ရွယ်ပုံရသော ထိုလူ၏မျက်နှာကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ထိုလူသာ ရုပ်ရည်ကို ပြန်လည်နုပျိုစေသော ဘီလူးအိုကြီးမဟုတ်ပါက...

သေချာပေါက် လူငယ်တစ်ဦးဖြစ်လိမ့်မည်။

သို့သော်လည်း လူငယ်တစ်ဦးက ဤမျှကြောက်စရာကောင်းသော ခွန်အားကို မည်သို့ ပိုင်ဆိုင်ထားနိုင်ပါမည်နည်း။

ချက်ချင်းဆိုသလိုပင် ရွှေကျီးကန်း ဒသမမင်းသား၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

မျိုးစေ့အဆင့် ပါရမီရှင်။

ထို့အပြင် အချိန်၏ အငွေ့အသက်များလည်း ဝန်းရံထားသေးသည်။

ဤသည်မှာ ရှေးသမိုင်းတွင် မြှုပ်နှံထားရာမှ နိုးထပြီး ရှန်းရွှီကမ္ဘာသို့ ဝင်ရောက်လာသော မျိုးစေ့အဆင့် ပါရမီရှင်ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုတော့ပေ။

ရွှေကျီးကန်း ဒသမမင်းသားသာမကဘဲ နယ်ခြားစောင့် အကြီးအကဲအချို့လည်း အလွန်အံ့သြသွားကြသည်။

"ဟင်၊ အဲဒါက တကယ့်မျိုးစေ့ပဲ၊ ဒါပေမယ့် ကိုယ်ပွားတစ်ခုပဲ။ မူလခန္ဓာကိုယ်က လုံးလုံးလျားလျား မမွေးရသေးဘူးလို့ ထင်တယ်"

"ကိုယ်ပွားကတောင် အဓိပဓိတစ်ပိုင်း အင်အားကို ပိုင်ဆိုင်ထားနိုင်တယ်။ ရှေးသမိုင်းမှာ မြှုပ်နှံထားတဲ့ ဒီမျိုးစေ့တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ"

"သူတို့က ငယ်ရွယ်သေးပြီး အသက် ရာစုနှစ်လောက်ပဲ ရှိတာ"

"ဟုတ်တယ်၊ ငါတို့ဆိုရင် အဓိပဓိအဆင့်ကို မတက်လှမ်းနိုင်ခင် ထောင်စုနှစ်များစွာ လေ့ကျင့်ခဲ့ရတာ"

ကျင့်ကြံသူများ၏ သက်တမ်းက အလွန်ရှည်လျားကြပေသည်။ ထို့ကြောင့် ရာစုနှစ်သက်တမ်းမှာ မျိုးဆက်သစ်လူငယ်များ ဖြစ်နေဆဲ ဖြစ်သည်။

အသက်နှစ်ဆယ်ကျော်ဖြင့် မဟာသူတော်စင်ဖြစ်လာသော ကျွင်းရှောင်ယောက်ကဝော့ တကယ့် ဘီလူးကြီးတစ်ကောင်ပင်။ မျိုးစေ့အဆင့် ပါရမီရှင်ပင်လျှင် သူနှင့် မနှိုင်းယှဉ်နိုင်ပါ။

"အစေ့တွေ ပေါက်ဖို့အချိန်ရောက်လာပြီ။ ကျွင်းရှောင်ယောက်၊ ဒီအခြေအနေကို ထိန်းချုပ်နိုင်ပါ့မလားလို့ တွေးမိတယ်"

အမာရွတ်လေးခု သခင်ကြီးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မြှုပ်နှံထားသော မျိုးစေ့များ အညှောက်ပေါက်လာသောအခါ...

ပထမဆုံးလုပ်သောအရာက သူတို့၏အာဏာကို တည်ဆောက်ရန် ဖြစ်သည်။

အာဏာကိုတည်ဆောက်ရန် အကောင်းဆုံး နည်းလမ်းကတော့ လက်ရှိမျိုးဆက်၏ အသန်မာဆုံး လူငယ်များနှင့် တိုက်ခိုက်ရန်ပင်။

ဤတွင် မျိုးဆက်သစ်လူငယ်များကြားမှာ နံပါတ်တစ်အဖြစ် အသိအမှတ်ပြုခံရလုနီးဖြစ်သော ကျွင်းရှောင်ယောက်က သဘာဝအတိုင်း အကြီးမားဆုံးသက်ရောက်မှုရှိကာ စမ်းသပ်မှုများနှင့် စိန်ခေါ်မှူများ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ဝေဝါးဝါး နတ်အလင်းများဖြင့် ဖုံးလွှမ်းထားသော မျိုးစေ့အဆင့် ထိုရုပ်သွင်ဟာ ရှန်းရွှီကမ္ဘာအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။

ရွှေကျီးကန်း ဒသမမင်းသားလည်း တုန်လှုပ်ခြောက်ခြားပြီး လက်မခံလိုသော အကြည့်တို့ဖြင့် ကျန်ရစ်ခဲ့လေသည်။

နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်လိုက်ရင်း စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

ယခင်ကတော့ ကျွင်းရှောင်ယောက်ကို အနိုင်ယူပြီး ဤမျိုးဆက်၏ မျိုးဆက်သစ် နံပါတ်တစ်ဖြစ်လာရန် စိတ်ကူးနေခဲ့ပေသည်။

ရလဒ်အနေဖြင့် မျိုးစေ့အဆင့် ပါရမီရှင်က ခုန်ထွက်လာပြီး ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ဒဏ်ရာရသွားစေခဲ့သည်။

ဤသည်က ကြေကွဲစရာဟူသော စကားတစ်ခွန်းထက် ပိုပေသည်။

"အဲဒီ မျိုးစေ့အဆင့် ပါရမီရှင်ရဲ့ လက္ခဏာက ဘာလဲ၊ သူက ဘယ်ကနေ လာတာလဲ"

ရွှေကျီးကန်းမင်းသား မျက်မှောင်ကြုတ်လိုက်သည်။

"မေ့လိုက်ပါ၊ ကလဲ့စားချေဖို့က အဓိကပဲ။ ကျွင်းရှောင်ယောက်ကို အနိုင်ယူပြီးရင် ခဏလောက် တိတ်တဆိတ် လေ့ကျင့်ရမယ်။ နောက်ဆုံးကျရင် ငါကလည်း ဒီမျိုးစေ့အဆင့် ပါရမီရှင်တွေထက် ပိုအားနည်းမှာ မဟုတ်ဘူး"

ထိုမျိုးစေ့အဆင့် ပါရမီရှင်က သူ့ကို ယုတ်ညံ့သော ဖရိုဖရဲခန္ဓာဟု အမှန်တကယ် ဆိုဝံ့သည်။

ရွှေကျီးကန်းဒသမမင်းသားက ဤအာဃာတကို သူ့နှလုံးသားတွင် မှတ်တမ်းတင်ထားပြီးပြီ။

All Chapters