← Chapters

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း ၈၆၀

Vol. 58 Ch. 860

အခန်း ( ၈၆၀ ) ကူတိကျစ်၏ အဆုံးစွန် သတ်ဖြတ်မှုနည်းလမ်း၊ သူတော်စင်သခင်နယ်ပယ်။

ရွှေကျီးကန်းဒသမင်းသားနှင့် လျှို့ဝှက်ဆန်းကြယ်သော မျိုးစေ့အဆင့် ရုပ်သွင်လည်း ရှန်းရွှီကမ္ဘာသို့ ဝင်ရောက်လာခဲ့သည်။

သို့သော်လည်း ယင်းမှာ ရှန်းရွှီကမ္ဘာတစ်ခုလုံး၏ အခြေအနေအား အခြေခံအားဖြင့် ပြောင်းလဲခြင်းမရှိပေ။

နယ်မြေကြီးနှစ်ခုကြားမှ အင်အား ကွာဟမှုက ကြီးမားသည်။

ထိုသူက အင်မော်တယ်နယ်မြေကြီးမှ စစ်မှန်သော မွန်းစတားတစ်ကောင် မဟုတ်လျှင်...

သာမာန်အခြေအနေအရ တစ်ဦးချင်းတိုက်ပွဲမှာ အင်မော်တယ်နယ်မြေကြီးမှ လူများက တိုင်းတပါးသား သတ္တဝါများထက် အားနည်းနေမည်မှာ သေချာသည်။

နတ်ဘုရား၏မိစ္ဆာအတွေးကို တံဆိပ်ခတ်ထားသော ဒေသတစ်ခုတွင်... တိုက်ပွဲတစ်ခု ပြီးဆုံးသွားပြီ ဖြစ်သည်။

အင်မော်တယ်နယ်မြေကြီးမှ လူများနှင့် တိုင်းတပါး သတ္တဝါများအားလုံး သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည်။

တံဆိပ်ကလည်း ကျိုးပေါက်နေပြီ။

ကမ္မမီးလျှံများကလည်း ကောင်းကင်တခွင်လုံး တောက်လောင်နေသည်။

တဟုန်းဟုန်းတောက်လောင်နေသော ကမ္မမီးလျှံများအလယ်တွင် ကြီးကျယ်ခမ်းနားပြီး တောက်ပသော ကြာပန်းတစ်ပွင့် ထွက်ပေါ်လာ၏။

ကြာပန်းပေါ်မှာတော့ ကောင်းကင်ကို ဖျက်ဆီးနိုင်သကဲ့သို့ ကြီးစိုးသော ရုပ်သွင်တစ်ခု ရပ်လျက် ပေါ်လာတော့သည်။

သို့သော်လည်း ရှန်းရွှီကမ္ဘာ၏ နိယာမများအတိုင်း လိုက်နာရဆဲ ဖြစ်သည်။

လောကနိယာမများက လူရိပ်ကို ချည်နှောင်ကာ အဓိပဓိတစ်ပိုင်းအဆင့်အထိ ဆွဲချသွားလေသည်။

သို့တိုင် သူ့အင်အားက အလွန်ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက တိတ်တဆိတ် ပေါ်လာသည်။

လူရိပ်က ချောမောခန့်ငြားပြီး ပါကွားဝတ်စုံကို ဝတ်ဆင်ထား၏။

သူ့တစ်ကိုယ်လုံးကို ပါကွားကမ္ပည်းများဖြင့် ဝန်းရံထားပြီး၊ အမျိုးမျိုးသော ရူပါရုံများလည်း ‌ထွက်ပေါ်နေလေသည်။

ကူတိကျစ် ဖြစ်သည်။

ယခုလေးတင်၊ သူက အကြောင်းပြချက်တစ်ခုပေးပြီး အဖွဲ့ထဲမှ လျှို့ဝှက်စွာ ထွက်ခွာခဲ့သည်။

သူ့ရည်ရွယ်ချက်ကတော့ မူလအစီအစဉ်ကို အဆုံးစွန်ထိ အကောင်အထည်ဖော်ရန် ဖြစ်၏။

ယခုတော့ သူ့ဆန္ဒက ပြည့်စုံသွားပြီ။ သူပါဝင်သော အဖွဲ့မှာ တိုင်းတပါးသား သတ္တဝါများနှင့် ရင်ဆိုင်ရပြီး အတော်များများ သေဆုံးခဲ့ရသည်။

လူအနည်းငယ် ကျန်ခဲ့သော်လည်း ယခုအခါ နတ်ဘုရား၏မိစ္ဆာအတွေး၏ ဖိအားအောက်တွင် ပြာကျသွားခဲ့ပြီ။

ဤနည်းဖြင့်သာလျှင် ကူတိကျစ် သူ့အကြံအစည်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

သူ၏အကြံအစည်က နတ်ဘုရား၏မိစ္ဆာအတွေး တံဆိပ်ခတ်ထားခြင်းကို ချိုးဖျက်ရန် ဖြစ်ချေသည်။

သူ့ရှေ့မှ ကြာနီမီးလျှံပေါ်တွင်ရပ်နေသော မှုန်ဝါးဝါးရုပ်သွင်ကိုကြည့်ရင်း ကူတိကျစ်က လုံးဝ မကြောက်ရွံ့သည့်အပြင် ကျေနပ်စွာ ပြုံးလိုက်သည်။

"နတ်ဘုရားရဲ့ ဒုစရိုက်ခုနစ်ပါးထဲက တစ်ခုဖြစ်တဲ့ ဒေါသကို ကိုယ်စားပြုတဲ့ ကမ္မ အနီရောင်ကြာပန်းပဲ"

"သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ အင်အားက ဒုစရိုက်ခုနစ်ပါးထဲမှာ အသန်မာဆုံးပဲ"

မတူညီသော အရောင်များဖြင့် ကြာပန်းခုနစ်ပွင့်က ဒုစရိုက်ခုနစ်ပါးကို ကိုယ်စားပြုသည်။

ဥပမာအားဖြင့်၊ ရွှင်လန်းခြင်း ပန်းနုရောင်ကြာပန်းက တပ်မက်မှုနှင့် ဆန္ဒကို ကိုယ်စားပြုပေသည်။

ဤအနီရောင်ကြာပန်းကတော့ ဒေါသကို ကိုယ်စားပြုသည်။

အနီရောင်ကြာပန်းပေါ်မှ ရုပ်သွင်က ကူတိကျစ်ကို စိုက်ကြည့်လိုက်သည်။

သူ့အကြည့်က သေးနုပ်သော ပုရွက်ဆိတ်ကို ကြည့်နေသကဲ့သို့ ဖြစ်၏။

သူ၏ လက်တစ်ချောင်းက ကောင်းကင်ထောက်တိုင်ကဲ့သို့ အရာအားလုံးကို ချေမှုန်းပစ်ရန် လုံလောက်သည်။

အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်တစ်ဦး ဤနေရာတွင်ရှိလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုဆဲဆဲပင် ဖြစ်လိမ့်မည်။

ယင်းကိုမြင်သောအခါ ကူတိကျစ်က ယုံကြည်မှုရှိရှိ သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ရိုးရှင်းသော ကမ္ပည်းအမှတ်အသားများနှင့် လိပ်ခွံတစ်ခု ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ကူတိကျစ်က လက်နှစ်ဖက်ဖြင့် သင်္ကေတအမျိုးမျိုးကိုပြုလုပ်ရင်း ရှေးဟောင်း စကာလုံးလား၊ မန္တန်လားမသိသော်လည်း တီးတိုး ရွတ်ဖတ်လိုက်သည်။

သူရွတ်ဖတ်နေစဉ်တွင် လိပ်ခွံက ပို၍ တောက်ပလာသည်။

ရှေးဟောင်းစာလုံးများက ချည်နှောင်နိုင်သော ကြိုးများကဲ့သို့ ဒေါသဒုစရိုက်ထံ ကျရောက်သွား၏။

ဤသည်မှာ ဝိညာဉ်နတ်ဘုရားသိမ်းယူခြင်း နည်းလမ်းတစ်ခုကဲ့သို့ နည်းလမ်းဖြစ်ပြီး ကူတိကျစ်၏ အဆုံးစွန်သတ်ဖြတ်နည်းလမ်းလည်း ဖြစ်တော့သည်။

ယင်းက အလွန်ရှေးကျသော ကျမ်းတစ်ခုဖြစ်သည်။

ဖူရှီအင်မော်တယ်မျိုးရိုးမှာပင် အစိတ်အပိုင်းတစ်ခုသာ ကျန်တော့သည်။

ယင်းက မိစ္ဆာအတွေး၏ အတွေးအမြင်များကို ပြောင်းလဲရန် ဖြစ်သည်။

စိတ်မတည်မငြိမ်ဖြစ်ပါက ဧကရာဇ်နှင့် နတ်ဘုရားများ၏ စိတ်အတွေးများကိုပင် ထိန်းချုပ်နိုင်မည်ဟူသော ကောလဟာလများ ရှိသည်။

ဟုတ်ပေသည်၊ ဖူရှီအင်မော်တယ်မျိုးရိုး၏ ဤကျမ်းက မပြည့်စုံပါ။

အမှန်တော့၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးမှာပင် ဤကျမ်းအပြည့်အစုံကို ရှာတွေ့ရန် ခက်ခဲသည်။

ထို့ကြောင့်၊ တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးပြီဖြစ်သော မိစ္ဆာအတွေးကို ထိန်းချုပ်ရန်မှာ ဤမပြည့်စုံသောကျမ်းနှင့် အလုပ်မဖြစ်နိုင်ပေ။

သို့သော်လည်း ဒုစရိုက်တစ်ခုတည်းကိုတော့ ထိန်းချုပ်၍ရသည်။

ဟုတ်ပေသည်၊ ကူတိကျစ်၏ ကျင့်ကြံခြင်းအခြေခံဖြင့် တစ်ချိန်လုံး ထိန်းချုပ်ထားရန် မဖြစ်နိုင်ပါ။

အချိန်အနည်းငယ်သာ ကြာနိုင်သည်။

ကူတိကျစ်က ပါးစပ်မှ မန္တန်များရွတ်ဆိုကာ လိပ်ခွံကို ဆက်လက်ထောက်ပံ့လိုက်လေသည်။

ယင်းမှာ ဖူရှီအင်မော်တယ်မျိုးရိုးမှ လက်ဆင့်ကမ်းလာသော ရှေးဟောင်းပစ္စည်းဖြစ်သည်။ ပါကွားကို ဆင့်ကဲပြောင်းလဲစေသော အင်မော်တယ်နှင့် ပတ်သက်သည်ဟူသည့် ကောလဟာလများပင် ရှိသည်။

ယင်းက အလွန်အဖိုးတန်သော ရတနာတစ်ခုပင်။

ကျွင်းရှောင်ယောက်ကိုဆန့်ကျင်ပြီး ကောင်းကင်သရဖူ ရယူရန်အတွက် ကူတိကျစ်က အကောင်းဆုံး ရင်းနှီးထားကြောင်း ထင်ရှားသည်။

အဆုံးတွင် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ... ဤလိပ်ခွံက လုံးဝပျက်စီးသွားလိမ့်မည်။

'ဒါက ငါ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ၊ ငါအောင်မြင်သရွေ့ အရာအားလုံး ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်'

ကူတိကျစ်၏ မျက်လုံးအကြည့်များက ပြတ်သားလာသည်။ သူ အစွမ်းကုန်ထုတ်ဖော်ရင်း ဖူရှီမြင့်မြတ်ခန္ဓာကိုပင် အသက်သွင်းလိုက်၏။ ရှေးကျသော ပါကွားသဏ္ဍာန်ကလည်း ကောင်းကင်တွင် ပေါ်လာတော့သည်။

အဆုံးစွန်ရှေးဟောင်းလမ်းတွင် ကူတိကျစ်က အင်အားမပြခဲ့သော်လည်း သူ့အင်အားကို မည်သူမျှ လျှော့မတွက်နိုင်ပါ။

အဆုံးတွင်၊ ကူတိကျစ် အစွမ်းကုန်ကြိုးစားပြီး ဒုစရိုက်အတွေးကို သန့်စင်နိုင်ခဲ့သည်။

ဟုတ်ပေသည်၊ ယင်းက ယာယီသာ ဖြစ်သည်။

"ငါ သိပ်ကြာကြာ မထိန်းနိုင်ပေမဲ့ ဒါက ကျွင်းရှောင်ယောက်နဲ့ ဆက်ဆံဖို့ လုံလောက်တယ်"

"အချိန်ကျရင် ငါ ကူတိကျစ်က ဒုစရိုက်အတွေးရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ်။ ဒီအင်အားရှေ့မှာ ကျွင်းရှောင်ယောက်က ဘာလဲ"

ကူတိကျစ် လှောင်ပြောင်ပြောဆိုလိုက်သည်။

ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါး ပူးပေါင်းခြင်းက ပထမအစီအစဉ် ဖြစ်သည်။

ဒုတိယက ဧကရာဇ်ခုနစ်ပါး သတ်ဖြတ်ခြင်း အင်မော်တယ်အစီရင် ဖြစ်၏။

တတိယသတ်ဖြတ်ခြင်းကား သူ၊ လင်ယွမ်နှင့် ရွယ်ယွဲ့သာ သိ၏။

အဓိကကျသည့် စတုတ္ထသတ်ဖြတ်ခြင်းက ဒုစရိုက်အတွေး၏အကူအညီဖြင့် ကျွင်းရှောင်ယောက်ကို သူ့လက်နှင့်သတ်ရန် ဖြစ်တော့သည်။

ဤသည်မှာ ကူတိကျစ်၏ ပြီးပြည့်စုံသော အစီအစဉ် ဖြစ်သည်။

ပထမဆုံး သတ်ဖြတ်ခြင်း နှစ်ခုကို ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးစလုံး သိကြသည်။

တတိယမြောက် သတ်ဖြတ်မှုကိုတော့ လင်ယွမ်နှင့် ရွယ်ယွဲ့သာ သိရှိခဲ့၏။

ဤစတုတ္ထအဆင့် သတ်ခြင်းမူကား လင်ယွမ်တောင်မှ မသိတော့ပါ။ သူ ကူတိကျစ် တစ်ဦးတည်းသာ သိသည်။

ဤမျှနက်နဲသော အစီအစဉ်များကြောင့်ပင် ကူတိကျစ်က ယုံကြည်မှုရှိနေခြင်း ဖြစ်ချေတော့သည်။

"ကျွင်းရှောင်ယောက်၊ ကစားပွဲက စခဲ့ပြီ။ ဒီကစားပွဲကို မင်း ဘယ်လိုချိုးဖျက်ဦးမှာလဲ"

ကူတိကျစ် ပြုံးလိုက်သည်။

အရာအားလုံးကို ချုပ်ကိုင်ထားနိုင်ပြီဟု သူ ယုံကြည်‌ထား၏။ ယခု သူလုပ်ရမည်က ဤသေမင်းထောင်ချောက်အတွင်းသို့ ကျွင်းရှောင်ယောက် ရောက်လာမည့်အချိန်ကို စောင့်နေရန်သာ ဖြစ်တော့သည်။

............

ကျွင်းရှောင်ယောက်ကတော့ ရွှေကျီးကန်း ဒသမမင်းသားနှင့် လျှို့ဝှက်ဆန်းကြယ်သော မျိုးစေ့ပါရမီရှင်အကြောင်း မသိခဲ့ပါ။

ကူတိကျစ်၏ အကြံအစည်ကိုလည်း မသိခဲ့ပေ။

သို့သော်လည်း သိခဲ့လျှင်ပင် သိပ်အံ့ဩမှာတော့ မဟုတ်ပါ။

အကြောင်းမှာ ဤသည်က သူ့တွက်ချက်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

တိုင်းတပါးသား သတ္တဝါများက သူတို့ကိုယ်ကို ဒုတိယအဆင့်တွင် ရှိနေသည်ဟု ယူဆကြသည်။

အခြားသော ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကမူ ၎င်းတို့သည် တတိယအဆင့်တွင် ရှိနေသည်ဟု ယူဆကြ၏။

ကူတိကျစ်ဆိုပါက သူ့ကိုယ်သူ စတုတ္ထအဆင့်တွင် ရှိနေသည်ဟုပင် ထင်ခဲ့သည်။

ကျွင်းရှောင်ယောက်အတွက်က...

ကျွင်းရှောင်ယောက်ကတော့ အဆင့်မသိနိုင်တော့ပေ။

အချိန်များ ကုန်လွန်သွားခဲ့သည်။

တိတ်တဆိတ်လေ့ကျင့်နေသော ကျွင်းရှောင်ယောက် တစ်ယောက် အောင်မြင်မှု ထပ်မံရရှိခဲ့ပေသည်။

"နောက်ဆုံးတော့ သူတော်စင်သခင်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီ"

ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။

မဟာသူတော်စင်နယ်ပယ်မှ သူတော်စင်နယ်ပယ်သို့ တက်လှမ်းရာတွင် ကြီးမားသော အတားအဆီးတစ်ခု ရှိသည်။

မကောင်းဆိုးရွား ပါရမီရှင်များပင်လျှင် အတွေ့အကြုံများစွာ စုဆောင်းရန် လိုအပ်နေသေးသည်။

ကျွင်းရှောင်ယောက်ကတော့ အင်မော်တယ်အရင်းအမြစ် ဘိုး‌ဘေးသွေးကြော၏ စွမ်းအားဖြင့် တစ်ရှိန်ထိုး ဖောက်ထွက်ခဲ့သည်။

သူတော်စင်သခင်နယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ ကျွင်းရှောင်ယောက်သည် မိုးနှင့်မြေ၏ တာအိုကို ပို၍ရှင်းလင်းစွာ နားလည်သဘောပေါက်လာသည်ဟု ခံစားလိုက်ရသည်။

ရှန်းရွှီကမ္ဘာ၏ နိယာမများကို နားလည်ခြင်းပင် ပို၍နက်နဲလာတော့သည်။

ယခင်က တာအိုများကို နားလည်ရန်မှာ နှင်းမြူများဖုံးထားသော မှန်သားပြင်မှ ကြည့်နေရသလို ဖြစ်သည်။

ယခုတော့ ဖောက်ထွင်းမြင်ရသော ဖန်ခွက်ပမာ ဖြစ်လာပြီ။

'နယ်ပယ်ခုနစ်ခု အဓိပဓိအဆင့်ကို ဖြတ်ကျော်သွားရင် ဒီဖန်ခွက်က လုံးလုံးလျားလျား ကွဲကြေသွားပြီး တာအိုနိယာမတွေကို အမှန်တကယ် နားလည်နိုင်လိမ့်မယ်'

ကျွင်းရှောင်ယောက် စဉ်းစားလိုက်သည်။

အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောက သူတော်စင်သခင်နယ်ပယ်သို့ ဖြတ်ကျော်ရန် အခြေခံအုတ်မြစ် သူ့ကို ပေးခဲ့သည်။

သို့ရာတွင်၊ အဓိပဓိအဆင့်ကို ဖြတ်ကျော်ချင်လျှင်တော့ ကမ္ဘာ့သစ်ပင် လိုအပ်နေသေးသည်။

ထိုအချိန်တွင် အတွင်းစကြာဝဠာကို ပြီးပြည့်စုံစေရန်နှင့် အောင်မြင်မှုတစ်ခုရရှိရန် ကမ္ဘာ့သစ်ပင်၏ ကမ္ဘာ့စွမ်းအားကို အသုံးပြုနိုင်သည်။

ကျွင်းရှောင်ယောက်လည်း စံချိန်သစ်တင်ပြီး သမိုင်းတွင် အသက်အငယ်ဆုံး နယ်ပယ်ခုနစ်ခုကို တက်လှမ်းနိုင်သူ ဖြစ်လာလိမ့်မည်။

"လေ့ကျင့်တာကနေ ထွက်ဖို့ အချိန်တန်ပြီ။ အခြား ဒုစရိုက်အတွေးတွေ တံဆိပ်ကို ချိုးဖျက်နိုင်ပြီလားဆိုတာ ကြည့်ရအောင်"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

အမာရွတ်လေးခု သခင်ကြီးပင်လျှင် ယင်းကို ဘယ်တုန်းကမှ မစဉ်းစားမိမှာ ကြောက်ရသည်။

သူက တိုင်းတပါးကို တားဆီးရန်အတွက် ရပ်တန့်ရန် သူ၏ မျှော်လင့်ချက်အားလုံးကို ကျွင်းရှောင်ယောက်အပေါ် ပုံအောထားပေသည်။

ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်က ငါးစာချနေခဲ့သည်။

All Chapters