← Chapters

အခန်း ၈၆၁

Vol. 58 Ch. 861

အခန်း ၈၆၁

Vol. 58 Ch. 861

အခန်း ( ၈၆၁ ) သိမ်မွေ့စွာ ပြောင်းလဲလာသော လင်ယွမ်၊ တံဆိပ်ခတ်ထားသောနေရာတွင် ပါရမီရှင်များ အားပြိုင်ခြင်း။

သူတော်စင်သခင်နယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် ကျွင်းရှောင်ယောက်၏ အင်အားဟာ ယခင်ကထက် အဆများစွာ တိုးလာသည်ဟု ခံစားခဲ့ရသည်။

ယင်းက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုမဟုတ်သော်လည်း ယခင်ထက် ပို၍ အားကောင်းနေဆဲပင်။

ဤနည်းအားဖြင့် ကျွင်းရှောင်ယောက်လည်း သူ့အစီအစဉ်ကို ပို၍ ယုံကြည်လာခဲ့သည်။

'ကူတိကျစ်နဲ့ တခြားသူတွေ၊ မင်းတို့ အစီအစဉ် ကောင်းကောင်းလေးတွေ ရေးဆွဲထားသင့်တယ်။ ရှန်းရွှီကမ္ဘာ စတင်လာပြီ'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်ရှိုင်းမှုတို့ ပေါ်လာခဲ့သည်။

မသိလျှင်တော့ ကျွင်းရှောင်ယောက်က ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကို ကြံစည်နေပုံရသည်။

အမှန်တော့ သူဟာ အရာအားလုံးကို စီစဉ်နေခြင်း ဖြစ်၏။

ကျွင်းရှောင်ယောက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက်...

မုန့်ကျန်းနှင့် အခြားသူများမှာ ကျွင်းရှောင်ယောက်၏အရှိန်အဝါကို ခံစားမိသောကြောင့် ပြေးလာခဲ့ကြသည်။

ယခုအခါ သူတို့အားလုံး၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်နေပြီ။

လင်ယွမ်၏ မျက်နှာကတော့ အေးစက်နေဆဲ ဖြစ်သည်။

ယခင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိတိုင်း ရှက်စိတ်၊ ဒေါသနှင့် မကျေမနပ် ဖြစ်မိ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို ဘာမျှ မလုပ်နိုင်ခဲ့ပေ။

သို့ရာတွင်၊ လင်ယွမ်ကို စိတ်အနှောင့်အယှက်ဖြစ်စေဆုံး အရာက ကျွင်းရှောင်ယောက်မှ သူမကို အရှက်ရစေခြင်း မဟုတ်ပါ။

ထိုအစား၊ သူဟာ ဤအခြေအနေနှင့် တဖြည်းဖြည်း လိုက်လျောညီထွေရှိလာခဲ့ခြင်း ဖြစ်သည်။

ယင်းက ကြောက်စရာအ‌ကောင်းဆုံးပင်။

ဤသိမ်မွေ့သော ပြောင်းလဲမှုများက အဆိုးဆုံး ဖြစ်သည်။

"မဟုတ်သေးဘူး၊ နင့်ရဲ့ အရှိန်အဝါက..."

ကျွင်းရှောင်ယောက်ကိုကြည့်ရင်း လင်ယွမ်၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။

သူ တိတ်တဆိတ်ကျင့်ကြံတာက မကြာသေးသော်လည်း ကျွင်းရှောင်ယောက်၏ အရှိန်အဝါမှာ ပို၍ နားမလည်နိုင်အောင် ဖြစ်လာပြီ။

"သူတော်စင်သခင်နယ်ပယ်ကို ဖြတ်ကျော်သွားတဲ့အတွက် ဂုဏ်ယူပါတယ် နတ်ဘုရားသားတော်"

မုန့်ကျန်းနှင့် အခြားသူများက လက်ယှက်ပြီး ပြုံးလျက် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က သူ့အရှိန်အဝါကို ဖုံးကွယ်မထားသောကြောင့် မုန့်ကျန်းနှင့် အခြားသူများ ချက်ချင်း ခံစားခဲ့ကြရပေသည်။

'သူတော်စင်သခင်နယ်ပယ်...'

လင်ယွမ်လည်း တိတ်တဆိတ် တုန်လှုပ်သွားသည်။

ရက်အနည်းငယ်သာ ကြာသေးသော်လည်း ကျွင်းရှောင်ယောက်က သူတော်စင်သခင်နယ်ပယ်သို့ ဖြတ်ကျော်သွားပြီ။

'အဲဒါက အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောင့် ဖြစ်သင့်တယ်။ ဒါပေမဲ့ အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောဆိုရင်တောင် ဒီလောက်မြန်ဖို့ မဖြစ်နိုင်ဘူး'

လင်ယွမ် တစ်ယောက်တည်းတွေးရင်း ငြိမ်သက်ရန် အသက်ပြင်းပြင်းရှူလိုက်သည်။

ကျွင်းရှောင်ယောက်က ခေတ်ပြိုင်ပါရမီရှင်များ၏ရှေ့ကို တစ်ဖန် ရောက်သွားပြီ ဖြစ်သည်။

ယခုအခါ၊ ကူတိကျစ်၏ အစီအစဉ်က ကြီးမားသော အားနည်းချက်များ ရှိနေသည်ဟု သူမ ပိုပိုပြီး ခံစားလာရ၏။

ကျွင်းရှောင်ယောက်၏ အင်အားကို နယ်ပယ်နှင့် တိုင်းတား၍မရပေ။ ယခုကဲ့သို့ အဆင့်တက်သွားပြီးနောက် သူ့အင်အားက မည်မျှ အားကောင်းလာမည်နည်း။

ကူတိကျစ်ကို သတင်းပို့ရမည်။

လင်ယွမ် စိတ်ထဲမှတွေးရင်း မော့ကြည့်လိုက်တော့ ပြုံးစစဖြင့် သူ့ကိုကြည့်နေသော ကျွင်းရှောင်ယောက်ကို မြင်လိုက်ရသည်။

ရုတ်တရက်၊ လင်ယွမ်၏ နှလုံးသားတွင် အပြစ်ရှိသလို ခံစားရသောကြောင့် ကျွင်းရှောင်ယောက်နှင့် အကြည့်ချင်းမဆုံမိစေရန် မျက်နှာလွှဲလိုက်လေသည်။

'မဟုတ်ဘူး၊ ငါနဲ့သူက သေခြင်းရှင်ခြင်း ရန်သူတွေပဲ။ ငါက ဘာဖြစ်လို့ အပြစ်ရှိရမှာလဲ'

လင်ယွမ် ချက်ချင်း တုံ့ပြန်လိုက်သည်။

ကျွင်းရှောင်ယောက်ကို သစ္စာဖောက်သလို သူ ခံစားရ၏။

သို့သော်လည်း သူမက ကျွင်းရှောင်ယောက်၏ အကြီးမားဆုံး ရန်သူဖြစ်မည်မှာ သေချာသည်။

ကျွင်းရှောင်ယောက်က ဘာမျှမပြောဘဲ အကြည့်ပြန်လွှဲလိုက်၏။

ကူတိကျစ်ကို သတင်းပို့မည်အား ဂရုမစိုက်သောကြောင့် သူ့နယ်ပယ်ကို တမင်တကာ မဖုံးကွယ်ခဲ့ခြင်း ဖြစ်ချေသည်။

"နတ်ဘုရားသားတော်၊ ငါတို့ ဘာဆက်လုပ်ကြမလဲ"

မုန့်ကျန်း မေးလိုက်သည်။

ယခုအခါ အဖွဲ့တစ်ဖွဲ့လုံးက ကျွင်းရှောင်ယောက်၏ ဦးဆောင်မှုကို အပြည့်အဝ လိုက်နာနေကြပြီ။

"နောက်ထပ်တံဆိပ်ခတ်ထားတဲ့နေရာကို ရှာကြမယ်"

ကျွင်းရှောင်ယောက်ဟာ ကြာပန်းမျိုးစေ့မှ အခြား တံဆိပ်ခတ်ထားသော နေရာတစ်ခုကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။

သို့သော်လည်း ဒုစရိုက်အတွေးမှ တံဆိပ်ကိုချိုးဖျက်ခြင်းကို တားဆီးရန် သူသွားရောက်ခြင်း မဟုတ်ပါ။

ထိုအစား တိုင်းတပါးမှ မျိုးဆက်သစ်လူငယ်များ၏ ခွန်အားကို မြင်ချင်သည်။

သူတို့အားလုံးက ကောင်းကင် နတ်ဆိုးရှစ်ပါးလို ဖြစ်ကြလျှင်တော့ ကျွင်းရှောင်ယောက် စိတ်ပျက်သွားလိမ့်မယ်။

"ငါတို့အားလုံး နတ်ဘုရားသားတော်ရဲ့ အမိန့်ကို နာခံပါမယ်"

မုန့်ကျန်း ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကျွင်းရှောင်ယောက်နှင့်အတူ ဆက်လက်ထွက်ခွာခဲ့ကြသည်။

လင်ယွမ်ကတော့ အဖွဲ့၏ နောက်ဆုံးတွင် ရှိနေခဲ့ပေသည်။ သူမက အင်္ကျီလက်အတွင်းမှ ဆက်သွယ်ရေးကျောက်တစ်ခုကို လျှို့ဝှက်ထုတ်ယူလိုက်သည်။

လင်ယွမ်သည် ဤသည်က သူမ လုပ်သင့်သောအရာဖြစ်မှန်း သိသော်လည်း...

အကြောင်းတစ်ခုခုကြောင့် တုံ့ဆိုင်းမှု အရိပ်အယောင်များ ရှိသေးသည်။

'ဘာဖြစ်လို့ ဒီကောင်စုတ်ကို ဂရုစိုက်ရမှာလဲ။ သူက ကူတိကျစ်သတ်လို့ သေရမဲ့သူပဲ'

လင်ယွမ် တိတ်တဆိတ် အံကြိတ်လိုက်သည်။ ထို့နောက်တော့ ဆုံးဖြတ်ကာ စာပို့လိုက်တော့သည်။

သို့သော်၊ လင်ယွမ်ကို အံ့အားသင့်စေအောင် ကူတိကျစ်၏ တုံ့ပြန်မှုက အလွန်ရိုးရှင်းပြီး ဂရုမစိုက်ရန် မလိုဘူးဟု ဆိုခဲ့သည်။

'ဒီကူတိကျစ်က တည်ငြိမ်‌လွန်းနေတယ်။ သူက ဧကရာဇ်ခုနစ်ပါး သတ်ဖြတ်ခြင်းဝင်္ကပါကို ယုံကြည်လွန်းတာလား၊ ဒါမှမဟုတ် သူ့မှာ အခြား လှည့်ကွက်တွေ ရှိနေသေးတာလား'

လင်ယွမ်က အလွန်ထက်မြက်သော မိန်းကလေးတစ်ယောက် ဖြစ်ချေသည်။

ကူတိကျစ်တွင် ဖုံးကွယ်ထားသောအရာတစ်ခုခု ရှိကောင်းရှိနိုင်မည်ဟု သူမ ချက်ချင်း တွေးလိုက်မိသည်။

'ဒီကူတိကျစ်၊ သူသာ ကောင်းကင်သရဖူကိုရရင် ငါ့ကို လက်ထပ်နိုင်ဖို့ ထပ်ပြီးကြိုးစားလာမှာ သေချာတယ်'

လင်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့်၊ ယခုအခါ သူမကို လိုက်နေခြင်းအတွက် ကူတိကျစ်ကို ပို၍ပင် ရွံ့ရှာနေမိပြီ။

သူမကို လိုက်နေသော အမျိုးသားအားလုံးကို ငြင်းပယ်ထားသည်ဟု ဆိုရမည်။

သို့သော်...

လင်ယွမ်၏ မသိစိတ်မှ ခေါင်းကိုမော့ကာ ရှေ့ဆုံးတွင် လျှောက်လှမ်းနေသော အဖြူရောင်ဝတ် ပုံရိပ်အား ကြည့်လိုက်မိသည်။

သူမ ခဏတာ တိတ်ဆိတ်သွား၏။

ကြာပန်းမျိုးစေ့ကြောင့် ကျွင်းရှောင်ယောက်ဟာ တံဆိပ်ခတ်ထားသောနေရာကို ပို၍ ခံစားနိုင်စွမ်း ရှိခဲ့သည်။

သူက အဖွဲ့ကို တိုက်ရိုက် ဦးဆောင်ခဲ့ပေသည်။

လမ်းတစ်လျှောက်တွင် တိုင်းတပါးသား အဖွဲ့အချို့ကိုလည်း တွေ့ခဲ့ရသည်။ ထိုတံဆိပ်ခတ်ထား နေရာတွင် ယခု တိုက်ပွဲပြင်းထန်နေပြီဟူသော သတင်းကိုလည်း သိလိုက်ရတော့သည်။

............

ဤအခိုက်တွင်၊ ရှန်းရွှီကမ္ဘာ၏ ကြယ်စက်ဝိုင်းတစ်ခုမှာ...

ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေသည်။ ဤကြယ်ပွင့်အထက် ကောင်းကင်ယံမှာလည်း လူရိပ်များစွာ ရှိနေကြ၏။ အော်ဟစ်ကြိမ်းမောင်းသံ၊ နာကျင်စွာ ညည်းသူများကလည်း ထွက်ပေါ်နေတော့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်း အတက်အကျများကလည်း အရပ်ရပ်သို့ ပျံ့လွင့်နေခဲ့သည်။

ကြယ်မျိုးစုံနှင့် ရှေး‌ဟောင်းကြယ်များ ကွဲကြေသွားကာ အခြားကြယ်များတွင် စွမ်းအင်လှိုင်းများနှင့်အတူ လွင့်မျောသွားကြ၏။

ပတ်ဝန်းကျင် လေထဲ၌ ခြေလက်အင်္ဂါ အစိတ်အပိုင်းများပင် လွင့်မျောနေကြသေးသည်။

"သတ်၊ ငါတို့ အဲဒီတံဆိပ်ခတ်ထားတဲ့နေရာကို ချိုးဖောက်ရမယ်။ အဲဒီထဲက အဓိပဓိတစ်ပိုင်း တိုင်းတပါးသားကိုသတ်ပြီး ဒုစရိုက်အတွေးကို ဝားဆီးရမယ်"

အင်မော်တယ်နယ်မြေကြီး၏ အဓိပဓိတစ်ပိုင်းပုဂ္ဂိုလ်က ဟိန်းဟောက်လိုက်သည်။

"ဟားဟားဟား၊ အဲဒါကို စဉ်းတောင် မစဉ်းစားနဲ့။ အခု မင်းတို့မှာ ကိုယ့်ကိုကိုယ်တောင် ကာကွယ်နိုင်ရဲ့လား"

တိုင်းတပါးသား အဓိပဓိတစ်ပိုင်းက လှောင်ပြောင်လိုက်၏။

စစ်သည်နှင့် စစ်သည်၊ စစ်သူကြီးနှင့် စစ်သူကြီး။

အင်မော်တယ်နယ်မြေကြီး၏ အဓိပဓိတစ်ပိုင်းက တိုင်းတပါးသား အဓိပဓိတစ်ပိုင်းနှင့် တိုက်ခိုက်နေသည်။

အင်မော်တယ််နယ်မြေကြီးမှ ပါရမီရှင်များနှင့် သူ့လက်အောက်ရှိ စစ်သည်များသည်လည်း တိုင်းတပါးသား သတ္တဝါများနှင့် တိုက်ခိုက်နေကြ၏။

“အမိတ္တဘ၊ အမှောင်ထုမှာ စွန်းထင်းနေတဲ့ သတ္တဝါတို့ကို ကယ်တင်ဖို့လိုတယ်"

ကျောက်စိမ်းဖြူ နဂါးဆင်ပေါ်တွင် ရဟန်းငယ်တစ်ပါး တင်ပျဉ်ခွေထိုင်နေသည်။

သူ့တစ်ကိုယ်လုံးက ပြန်လည်ဝင်စားခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ရှေးခေတ်မှ ဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်၏။

လူဝင်စားဗုဒ္ဓ ဖြစ်သည်။

သူ့ပတ်ဝန်းကျင်မှာလည်း သူ့အတွက် တိုက်ခိုက်နေသော တိုင်းတပါးသား သတ္တဝါတချို့ ရှိသေးသည်။

ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏ ထူးခြားသော ကယ်တင်ခြင်းနည်းလမ်းဖြစ်သည်။

တစ်ဖက်မှာတော့ အမှောင်စွမ်းအင်များ ပျံ့လွင့်နေ၏။

နတ်ဆိုးတစ်‌ကောင်ကဲ့သို့ အနက်ရောင်ဝတ်ရုံဝတ် ရုပ်သွင်တစ်ခုလည်း ရှိသေးသည်။ သူဟာ လမ်းကြောင်းအားလုံးကို ထိန်းချုပ်နိုင်သော နတ်ဆိုးလက်ဝါးရိုက်ချက်များ ထုတ်ဖော်နေခဲ့သည်။

ထိုလူငယ်ကား အမှောင်ဘုရင်မျိုးရိုး၏ ယာမဧကရာဇ်မှတပါး အခြားမဟုတ်ပေ။

"မင်းတို့အားလုံးက ငါ့ရဲ့ ကုသိုလ်ရမှတ်တွေပဲ"

ယာမဧကရာဇ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ထို့အပြင် ချောမောလှပပြီး အပြစ်ကင်းစင်သော အသွင်အပြင်ဖြင့် မိန်းကလေးတစ်ဦးလည်း ရှိသေးသည်။

သူမ၏ ပတ်ဝန်းကျင်မှာတော့ မဟာတာအို ပန်းမိုး ရွာသွန်းနေပုံရသည်။

တိုက်ပွဲအတွင်းမှာပင် သူမက လှပသော နတ်ဘုရားမတစ်ပါးကဲ့သို့ ရှိသေးသည်။

ကျွင်းမိသားစု လျှို့ဝှက်သွေးကြော၏ ပါရမီရှင်နှစ်ဦးမှ တစ်ဦးဖြစ်သော ကျွင်းချင်းရန် ဖြစ်သည်။

သူသည်လည်း အဓိပဓိတားမြစ်ပါရမီရှင်တစ်ဦးဖြစ်ပြီး လူဝင်စားဗုဒ္ဓ၊ ယာမဧကရာဇ်တို့နှင့်အတူ အဖွဲ့အတစ်ခုတည်းတွင် တာဝန်ပေးအပ်ခံရသည်။

သို့သော်လည်း လက်ရှိအခြေအနေမှာ အင်မော်တယ်နယ်မြေကြီးအတွက် အလွန် အဆင်မပြေပေ။

"အား"

အော်သံနှင့် လူတစ်ဦး လဲကျသွားခဲ့သည်။

"ရှေးဟောင်းစုန့်မိသားစုရဲ့ သခင်လေး ကျဆုံးသွားပြီ"

ထိုအချိန်တွင် အဝါရောင်ဝတ်လူငယ်တစ်ဦး ထပ်မံ သေဆုံးသွား၏။ ၎င်းက ရှမင်းဆက်မှ မင်းသားတစ်ပါး ဖြစ်ချေသည်။ သူ့ကို တိုင်းတစ်ပါးမှ သတ္တဝါများက အပိုင်းပိုင်း ကိုက်ဖြတ်ခဲ့သည်။

ကောင်းကင်တောင်တန်းဓားပင်လယ်မှ ပါရမီရှင်တစ်ဦးလည်း ကျဆုံးသွားပြန်ပြီ။

အခြေအနေတစ်ခုလုံးက အလွန်ရက်စက်ကြမ်းကြုတ်လှသည်။

"အင်မော်တယ်နယ်မြေကြီးက ပါရမီရှင်တွေ၊ မင်းတို့ကို သတ်ဖြတ်ခြင်းအတွက် ငါတို့ ဆုလာဘ်တွေရလိမ့်မယ်"

မျက်ခုံးနှစ်ခုကြားတွင် ဒေါင်လိုက် အမှတ်အသားရှိသော တိုင်းတပါး တော်ဝင်မိသားစုမှ ပါရမီရှင်တစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်သည်။

သူက တစ္ဆေမျက်လုံး တော်ဝင်မျိုးနွယ်၏ ပါရမီရှင် ဖြစ်သည်။ သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်ပါက ကမ္ဘာတစ်ခုလုံးကိုပင် သရဲတစ္ဆေများအဖြစ် ပြောင်းလဲသွားစေသည်ဟု ပြောစကားရှိပေသည်။

"ဒါပေမဲ့ မကြာခင် အင်အားကြီးတဲ့ စစ်ကူတွေ ရောက်လာတော့မယ်။ ဒါကြောင့် ဒီကောင်တွေကို မြန်မြန်သတ်ရမယ်။ မဟုတ်ရင် ပါးစပ်နားရောင်နေတဲ့ အဆီတုံးကို လက်လွှတ်ရလိမ့်မယ်"

အခြား ပါရမီရှင်တစ်ဦးက ပြောလိုက်သည်။ ၎င်းက အရိပ်တော်မျိုးနွယ်မှ ပါရမီရှင် တစ်ဦးပင်။

"မင်းတို့ သေချင်နေတာပဲ"

ဧကရာဇ် ယာမ ဒေါသပေါက်ကွဲသွားသည်။

အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်းပါရမီရှင်တစ်ဦးအနေဖြင့် ဤကဲ့သို့ ကဲ့ရဲ့ရှုတ်ချခြင်းခံရမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

“အိုး၊ ဘယ်သူက သေချင်နေတာပဲ"

လှောင်ပြောင်သရော်သော စကားသံ ထွက်ပေါ်လာ၏။

ကြက်သွေးရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက အနီရောင် လျှပ်စီးကဲ့သို့တိုက်ပွဲအတွင်းကို ရောက်လာတော့သည်။

သူက ဧကရာဇ်ယာမကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ့ထံမှ သူတော်စင်သခင်တစ်ပိုင်းအဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။

"ဒါက ဘယ်လိုဖြစ်နိုင်လဲ၊ မင်းက ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုရဲ့ ပါရမီရှင်ပဲ"

ဧကရာဇ်ယာမ အသက်ပြင်းပြင်းရှူရင်း မျက်လုံးများ တုန်လှုပ်သွားတော့သည်။

All Chapters