အခန်း ၈၆၂
Vol. 58 Ch. 862
အခန်း ( ၈၆၂ ) ဧကရာဇ် ယာမ ကျဆုံးသွားပြီ၊ ကျွင်းချင်းရန် အန္တရာယ်ကျရောက်ခြင်း။
ရှန်းရွှီကမ္ဘာသို့ ဝင်ရောက်ခါနီးတွင်...
တိုင်းတပါး တော်ဝင်မိသားစုမှ ပါရမီရှင်များ ပေါ်လာသင့်သည်ဟု သူတို့ကို သတိပေးခဲ့ဖူးသည်။
သို့ရာတွင် သူတော်စင်သခင်တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ယောက်က ချက်ချင်းပေါ်လာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူတော်စင်သခင်တစ်ပိုင်းအဆင့်က အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များထက် အဆင့်တစ်ဆင့် ပိုမြင့်သည်။
"ဒါက ချီရှောင်းမျိုးနွယ်ရဲ့ ပါရမီရှင် ချီလင်ခုန်းပဲ"
"ချီရှောင်းမျိုးနွယ်၊ ဒါ မကြာသေးခင်ကမှ အဆင့်တက်လာတဲ့ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်ပဲ။ အရင်က ချီရှောင်းဘုရင်ဟာ နယ်စပ်ကိုတောင် ရောက်လာခဲ့သေးတယ်"
ရောက်လာသူကိုမြင်တော့ တိုင်းတပါးသားများ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
တစ်ဖက်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ စစ်သည်တော်အချို့မှာ မျက်စိမျက်နှာပျက်သွားတော့သည်။
ဧကရာဇ်တစ်ပိုင်း မျိုးနွယ်သည်ပင် ရောက်လာပြီ ဖြစ်သည်။ ယနေ့တော့ သူတို့အတွက် လွယ်ကူတော့မည့်ပုံမရပေ။
ဧကရာဇ်ယာမလည်း မျက်နှာကြီး မည်းမှောင်သွားသည်။ ချီလင်ခုန်းက သူ့အား ပစ်မှတ်ထားကာ တိုက်ခိုက်လာ၏။
အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်း၍ ဧကရာဇ်ယာမလည်း အသည်းအသန် ခုခံလိုက်ရသည်။
ပြင်းထန်သော အမှောင်စွမ်းအင်များက သူ့ခန္ဓာကိုယ်တစ်ဝိုက်ကို လွှမ်းခြုံသွားကာ အတားအဆီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော်၊ ချီလင်ခုန်း၏ နှုတ်ခမ်းများက မထီမဲ့မြင်ဟန်ဖြင့် တွန့်ကွေးသွား၏။
"အနီရောင်မီးလျှံ ကောင်းကင်ကို လောင်ကျွမ်းစေ"
ကြောက်စရာကောင်းသော မီးတောက်များက မီးတောက်ရေတံခွန်ကဲ့သို့ လှိုင်းထလကာ ဟင်းလင်းပြင်ကိုပင် ပြိုကျသွားစေခဲ့သည်။
မီးလျှံတာအိုအမှတ်အသားများကလည်း လေထဲတွင် ပေါ်လာခဲ့၏။
"အား"
ညည်းတွားသံ ထွက်ပေါ်လာကာ ဧကရာဇ်ယာမ အဆက်မပြတ် နောက်ဆုတ်သွားရတော့သည်။
သူ့ပတ်ဝန်းကျင်မှ အမှောင်စွမ်းအင်များလည်း လုံးဝ လောင်ကျွမ်းသွားသည်။
'ချီးပဲ'
ဧကရာဇ်ယာမ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
ချီလင်ခုန်း၏ နယ်ပယ်က သူ့ထက်မြင့်မားနေသည့်အချက်အား ဘေးထားလျှင်ပင်...
ချီရှောင်းမျိုးနွယ်၏ မီးစွမ်းအားက သူ့ကို ထိန်းထားနိုင်လောက်အောင်ပင်။
"အားနည်းလိုက်တာ၊ မျိုးစေ့ ပါရမီရှင်တစ်ယောက်တောင် မရှိဘူးလား"
ယင်းကိုမြင်တော့ ချီလင်ခုန်း မျက်မှောင်ကြုတ်လိုက်သည်။
"တိုင်းတပါးသားကောင်၊ သိပ်ပြီး မမောက်မာနဲ့"
ဧကရာဇ်ယာမ မည်းမှောင်နေသောမျက်နှာဖြင့် ပြောလိုက်သည်။
သူသည် အင်မော်တယ်နယ်မြေကြီးမှ ထိပ်သီး တားမြစ်ပါရမီရှင် ဖြစ်၏။ ဤအခြေအနေမျိုးဖြင့် မည်သို့ အရှုံးပေးနိုင်မည်နည်း။ ဤသတင်းပျံ့သွားပါက သူ မျက်နှာပျက်ရမည် ဖြစ်သည်။
ထိုစကားကိုကြားတော့ ချီလင်ခုန်း၏မျက်နှာက မှုန်ကုပ်သွားခဲ့သည်။
"ဟမ့်၊ အင်မော်တယ်နယ်မြေကြီးရဲ့ ပုရွက်ဆိတ်လို အားနည်းတဲ့ကောင်က ငါ့ကို ထိပါးဝံ့တယ်လား"
ချီလင်ခုန်း၏ နောက်ကျောမှ အတောင်များက လှုပ်ရှားသွားခဲ့သည်။
သူက အနီရောင်လျှပ်စီးကဲ့သို့ လေထုကို ဖောက်ထွက်သွား၏။
တခဏချင်းမှာပင် ဧကရာဇ်ယာမရှေ့သို့ ရောက်လာတော့သည်။
သူ့နောက်ကျောမှ အတောင်ပံများက အနီရောင်ကောင်းကင်ဓားသွားကဲ့သို့ လေထုကို ဖြတ်သန်းသွားခဲ့သည်။
ဧကရာဇ်ယာမလည်း အနည်းငယ်မျှ လျှော့မတွက်ဝံ့ဘဲ သူ့ကိုယ်ပိုင် အဆုံးစွန်နည်းလမ်းကို အသုံးပြုခဲ့၏။
သူက လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ အမှောင်စွမ်းအင် ကမ္ပည်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
၎င်းက အမှောင်ဘုရင်မျိုးနွယ်၏ ကျော်ကြားသော နတ်ဘုရားသိုင်း၊ မရဏကျောက်တိုင် ဖြစ်သည်။
"ဝုန်း"
ဥက္ကာပျံပေါင်း တစ်သောင်း ပေါက်ကွဲသွားသကဲ့သို့၊ ကမ္ပည်း အမျိုးအစားအားလုံးက ကျယ်ပြောသော ကောင်းကင်ကြီးတွင် ဖြတ်သန်းသွားတော့သည်။
ဤပြင်းထန်သော ရင်ဆိုင်ခြင်းတွင် ဧကရာဇ်ယာမ၏ ခန္ဓာကိုယ်က အလွန်တုန်လှုပ်သွားပြီး သွေးအန်ကာ အဆက်မပြတ် ဆုတ်ခွာသွားခဲ့ရသည်။
သို့သော်၊ ချီလင်ခုန်းက သူ့အတောင်များကို ခတ်လိုက်သည်နှင့် အနီရောင် တောင်ပံဓားအလင်းတစ်သိန်း ထွက်ပေါ်လာ၏။
ဧကရာဇ်ယာမက တချို့ကို တားဆီးနိုင်သော်လည်း သူ့ခန္ဓာကိုယ်အနှံ့ ထိုးဖောက်သွားကာ ဒဏ်ရာရရှိကုန်တော့သည်။
"မင်းလွန်သွားပြီ"
ဧကရာဇ် ယာမ ဒေါသပေါက်ကွဲလာပြီး မန္တာန်တစ်ခုကို တိတ်တဆိတ် စတင်ရွတ်ဆိုလိုက်သည်။
ရုတ်တရက် နတ်ဆိုးစွမ်းအင်များက ကောင်းကင်သို့ ပျံ့လွင့်သွားပြီး ပတ်ဝန်းကျင်မှာလည်း မှောင်မိုက်သောငရဲအဖြစ်သို့ ပြောင်းလဲသွား၏။
ဧကရာဇ်ယာမက အမှောင်ကမ္ဘာ၏ အကျော်အမော်တစ်ဦးထံမှ အမွေဆက်ခံခွင့်ရခဲ့သည်။ ယင်းက ကျမ်းတစ်ခုသာဖြစ်သော်လည်း သူ့အတွက်တော့ လုံလောက်ပေသည်။
"ငရဲကျမ်း၊ အမှောင်နတ်ဆိုးနယ်ပယ်"
ဧကရာဇ်ယာမ အော်လိုက်သည်။ သူ့ခြေဖဝါးအောက်မှ အမှောင်စွမ်းအင်များက ဒီရေကဲ့သို့ ထွက်ပေါ်လာ၏။
"ဒါက နည်းနည်းတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမဲ့... ဒီလောက်ပဲ"
ချီလင်ခုန်းက အံ့အားသင့်မှု အရိပ်အမြွက်တို့ကို လှစ်ဟလာသော်လည်း ယေဘုယျအားဖြင့်တော့ အလွန်တည်ငြိမ်သည်။
သူက ချီရှောင်းမျိုးနွယ်၏ နတ်ဘုရားသိုင်းများကို စတင် ပြသလာခဲ့သည်။
သူ့နောက်ကွယ်တွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။
ထောင်ပေါင်းများစွာသော သတ္တဝါတို့ မီးလောင်ပြီး ငိုကြွေးရင်းမှပင် ပြာအဖြစ်သို့ ပြောင်းလဲသွားသည့် မြင်ကွင်းမျိုးဖြင့် အကန့်အသတ်မဲ့ မီးပင်လယ်ကြီး ဖြစ်တော့သည်။
"လောကသုံးပါးရဲ့ စကြာဝဠာက မီးအိမ်၊ ကမ္ဘာကြီးက မီးငရဲ"
ချီလင်ခုန်းက သူ့လက်ကိုမြှောက်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ အကန့်အသတ်မဲ့ မီးပင်လယ်တစ်ခုက ဧကရာဇ်ယာမကို ဖုံးလွှမ်းသွား၏။ ယင်းက နတ်ဘုရားသိုင်းကိုပင် လွှမ်းခြုံသွားခြင်း ဖြစ်သည်။
"သန့်စင်စေ"
စကားသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အဆုံးမရှိသော မီးပင်လယ် မီးဝိုင်းကြီးအဖြစ် ပြောင်းလဲသွားကာ ဧကရာဇ်ယာမကို တံဆိပ်ခတ်ပြီး သန့်စင်ရန် ကြိုးစားတော့သည်။
"မကောင်းတော့ဘူး"
အင်မော်တယ်နယ်မြေကြီးဘက်မှ စစ်သူရဲတစ်ဦး မျက်နှာပျက်သွားသည်။
အားနည်းသော ပါရမီရှင်တချို့ ကျဆုံးခြင်းက မထောင်းတာသော်လည်း...
တားမြစ်ပါရမီရှင်တစ်ယောက် သေဆုံးသွားပါက ဆုံးရှုံးမှု ကြီးမားပေလိမ့်မည်။
ဤစစ်သူရဲများက ကူညီချင်သော်လည်း တိုင်းတပါးသား အဓိပဓိတစ်ပိုင်းက ထိုအခွင့်အရေးမျိုး မပေးသည်မှာ သဘာဝ ဖြစ်သည်။
"အား..."
မီးတောက်အတွင်းမှ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံ ထွက်ပေါ်လာ၏။
ခဏအကြာတွင် မီးများ ငြိမ်းသွားခဲ့သည်။
ထိုအခါမှာတော့ အရိုးမျှပင် မမြင်ရတော့ပေ။
ဧကရာဇ်ယာမ၏ ခန္ဓာကိုယ်ကော စိတ်ဝိညာဉ်ပါ ပြာကျသည်အထိ လောင်ကျွမ်းခံလိုက်ရသည်။
ဤမြင်ကွင်းက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များကို ခေါင်းမှခြေဖျားအထိ အေးစက်သွားစေခဲ့သည်။
တိုင်းတစ်ပါးမှ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၏ ပါရမီရှင်က အစွမ်းထက်လွန်းပေသည်။
ဤအခိုက်တွင် အင်မော်တယ်နယ်မြေကြီးမှ လူများ၏ စိတ်ဓာတ်မှာ လွန်ကဲစွာ ဖိနှိပ်ခံခဲ့ရသည်။
ထိုအချိန်တွင်၊ ချီလင်ခုန်း၏ မျက်လုံးအကြည့်က ကျွင်းချင်းရန်ပေါ်သို့ တစ်ဖန် ကျရောက်လာသည်။
"ကျွင်းမိသားစုရဲ့လူ"
တိုင်းတပါးတွင် ထောက်လှမ်းရေးစာရင်းရှိသောကြောင့် ချီလင်ခုန်းက ကျွင်းချင်းရန်၏ အထောက်အထားကို သဘာဝအတိုင်း သိပေသည်။
ကျွင်းချင်းရန်၏ မျက်နှာကတော့ အေးစက်နေဆဲ ဖြစ်သည်။ သူမက လုံးဝ ကြောက်ရွံ့ဟန်မရှိပေ။
"ဟားဟားဟား၊ ကျွင်းမိသားစုကလူတွေကို ငါ တကယ်တွေ့ချင်နေတာ။ ငါ့ချီရှောင်းမျိုးနွယ်ရဲ့ ချီရှောင်းဘုရင်က မင်းတို့ ကျွင်းမိသားစုရဲ့ ဝတ်ရုံဖြူ သတ်ဖြတ်ခြင်းနတ်ဘုရားကို သတ်လိုက်ပြီးပြီ။ ငါ ချီလင်ခုန်းကလည်း မင်းတို့ ကျွင်းမိသားစုရဲ့ ပါရမီရှင်တွေကို သုတ်သင်ရလိမ့်မယ်"
ချီလင်ခုန်း၏ စကားများက အင်မော်တယ်နယ်မြေကြီးမှ လူများကို တုန်လှုပ်သွားစေခဲ့သည်။
ဝတ်ရုံဖြူနတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ကို ချီရှောင်းဘုရင်က အမှန်တကယ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သလော။
ဤသတင်း ပြန့်သွားပါက မိုးမြေတုန်ခါစေဦးမည်မှာ သေချာသည်။
သို့သော်လည်း သေချာတွေးကြည့်ရလျှင် ချီရှောင်းဘုရင်က အင်မော်တယ်ဘုရင် ဖြစ်သည်။
တိုင်းတစ်ပါးတွင်ရှိသော ကျွင်းဝူဟွေ့ကတော့ ကိုယ်ပွားများထဲမှ တစ်ဦးသာ ဖြစ်၏။
သို့တိုင်၊ ချီရှောင်းဘုရင် ကိုယ်တိုင်လှုပ်ရှားရခြင်းက ကျွင်းဝူဟွေ့ မည်မျှအစွမ်းထက်ကြောင်း သက်သေပြရန် လုံလောက်သည်။
"အရူး၊ တိုင်းတပါးရဲ့ အင်မော်တယ်ဘုရင်လောက်က ဦးလေးဝူဟွေ့ကို ဘယ်လိုသတ်နိုင်မှာလဲ"
ကျွင်းချင်းရန် အေးစက်စက် အော်ဟစ်လိုက်၏။
သူမက လျှို့ဝှက်သွေးကြောမှ ပါရမီရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ဝတ်ရုံဖြူတော်နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို အမြဲကြားခဲ့ဖူးပေသည်။
အဖြူရောင်ဝတ်စုံကို စွဲမြဲစွာဝတ်ဆင်ပြီး အန္တရာယ်နယ်မြေသုံးခုကို တစ်ဦးတည်းဖြင့် ဖိနှိပ်ကာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ခဲ့သည်။
ဤသူရဲကောင်းမျိုးကို ကျွင်းချင်းရန် အလွန် လေးစားသည်။
ထို့ကြောင့် ချီလင်ခုန်း၏ စကားများကို သည်းမခံနိုင်သည်မှာ သဘာဝအတိုင်းပင်။
"ဟားဟားဟား၊ ဒါက အမှန်တရားပဲလေ။ ငြင်းခုန်နေစရာ မလိုပါဘူး။ ဝတ်ရုံဖြူ သတ်ဖြတ်ခြင်း နတ်ဘုရားကို အမြဲတမ်း ရှုံးပွဲမရှိနိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား"
"သူလည်း လူသားတစ်ယောက်ပဲ။ သူ အသတ်ခံရရင် သေနိုင်တယ်"
ချီလင်ခုန်းက ဆက်လက် လှောင်ပြောင်လိုက်သည်။
အင်မော်တယ်နယ်မြေကြီးဘက်မှ စစ်သည်များလည်း ဒေါသထွက်လာကြ၏။
ကျွင်းဝူဟွေ့ကို လူအများ၏ နှလုံးသားထဲမှ သူရဲကောင်းတစ်ယောက်ဟု ဆိုနိုင်သည်။
မိမိ၏ သူရဲကောင်းကို စော်ကားမခံနိုင်ပေ။
"အတင့်ရဲလိုက်တာ"
ကျွင်းချင်းရန် ကြိမ်းမောင်းပြီး တိုက်ခိုက်လိုက်သည်။
ချီလင်ခုန်းကို ရင်ဆိုင်ရန် မသေချာသော်လည်း...
ကျွင်းမိသားစုဝင်တစ်ဦးအနေဖြင့် ဤသည်မှာ သူလုပ်ရမည့်အရာပင်။
"ဟမ့်၊ မင်းက ကိုယ့်ကိုယ်ကိုယ် ပိုတွက်နေတာပဲ။ ဒီလိုဆိုမှတော့ မင်းကိုအရင်သတ်မယ်၊ ပြီးတော့မှ ကျွင်းရှောင်ယောက်ကို သတ်မယ်"
ချီလင်ခုန်းက လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ကောင်းကင်တွင် မီးတောက်များ ပြည့်သွားပြီး လက်ဝါးတစ်ဖက်ကဲ့သို့ ကျွင်းချင်းရန်ကို ဖမ်းဆုပ်လာ၏။
ကျွင်းချင်းရန်က မိန်းကလေးဖြစ်သော်လည်း အမျိုးသားများထက် အားမနည်းပေ။
လျှို့ဝှက်သွေးကြော၏ သူရဲကောင်း နှစ်ယောက်ထဲမှ တစ်ယောက်အနေဖြင့် သူ့ခွန်အားမှာ ကျွင်းရင်ဟွမ်ထက် အားမနည်းပါ။
ကျွင်းချင်းရန်က သူမ၏ လက်ချောင်းကို ဓားတစ်လက်အဖြစ် အသုံးပြုပြီး မီးတောက်လက်ဝါးကြီးကို ပိုင်းဖြတ်လိုက်သည်။
ချီလင်ခုန်းက ဧကရာဇ်ယာမကို သတ်ဖြတ်ခဲ့သော နည်းလမ်းကိုပင် ထပ်မံအသုံးပြုလိုက်၏။ မီးပင်လယ်ကြီးတစ်ခုက နောက်ဆုံးတွင် ကျွင်းချင်းရန်ကို လွှမ်းခြုံထားသော မီးအကျဉ်းထောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"မကောင်းတော့ဘူး"
အင်မော်တယ်နယ်မြေကြီးမှ လူများ မျက်နှာပျက်သွားခဲ့ကြသည်။
ကျွင်းချင်းရန်လည်း ဧကရာဇ်ယာမနောက်ကို လိုက်ရတော့မည်လော။
အင်မော်တယ်နယ်မြေကြီး၏ ဒုတိယမြောက် အဓိပဓိ တားမြစ်ပါရမီရှင် ကျဆုံးတော့မည်လော။
"ဟားဟားဟား၊ ဒါက ကျွင်းမိသားစုရဲ့ ပါရမီရှင်လား"
ချီလင်ခုန်းက မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်လိုက်သည်။
သို့သော် နောက်အခိုက်အတန့်တွင် ဟင်းလင်းပြင်က ရုတ်ချည်း တုန်ခါပြီး ကွဲထွက်သွားသည်။
လူမမြင်ရသေးမီပင် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ နိယာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာ၏။
"ဒုန်း၊ ဂျွတ်"
ဖိချသံ၊ အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့သည်။
နာကျင်စွာ အော်ဟစ်သံနှင့် ချီလင်ခုန်း၏ ခန္ဓာကိုယ်တစ်ဝက်က ကြေမွက သွေးနှင့် အရိုးများ နေရာအနှံ့ လွင့်စဉ်သွားတော့သည်။
အတွင်းအင်္ဂါများလည်း သွေးရည်အဖြစ် အရည်ပျော်သွားခဲ့ကြသည်။
လူတစ်ကိုယ်လုံးက အလွန် သနားစရာကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွား၏။
ကြောက်စရာကောင်းသော မြင်ကွင်းမျိုးပင် ဖြစ်တော့သည်။
"ဒါက ချီရှောင်းမျိုးနွယ်လား"