အခန်း ၈၆၃
Vol. 58 Ch. 863
အခန်း ( ၈၆၃ ) ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ကင်း စွမ်းအား၊ တော်ဝင်မျိုးနွယ်မှ ပါရမီရှင်ဆယ်ဦးကို ဆက်တိုက် သတ်ဖြတ်ခြင်း၊ ဒုစရိုက်အတွေးမှ တံဆိပ်ကို ထပ်မံချိုးဖျက်လိုက်ပြီ။
ဤထေ့ငေါ့သော စကားသံမှာ ချီလင်ခုန်း၏ မာနကြီးသော စကားများနှင့် လိုက်လျောညီထွေစွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကြယ်တစ်စင်းလုံးသည် ခဏတာမျှ တိတ်ဆိတ်သွား၏။
လူအများလည်း တိုက်ခိုက်နေကြခြင်းမှ အလိုအလျောက် ရပ်လိုက်မိကြသည်။
အထူးသဖြင့် တိုင်းတစ်ပါးသတ္တဝါများ၏ မျက်နှာများမှာ မယုံနိုင်မှုနှင့် အံ့အားသင့်ခြင်းများ ပေါ်လွင်နေတော့သည်။
သူတို့ ဘာမြင်ခဲ့ရသနည်း။
အင်မော်တယ်ဘုရင်မျိုးနွယ်၏ ပါရမီရှင်မှာ တစ်ချက်တည်းဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သည်။
ချီလင်ခုန်းက သူ့အစ်ကို ချီဟုန်ယွိလောက် မထူးချွန်သော်လည် တိုင်းတပါးမှ မျိုးဆက်သစ်လူငယ်များကြားမှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်အဖြစ် ရှိသေးသည်။
ထိုသို့မဟုတ်ပါက အဓိပဓိ တားမြစ်ပါရမီရှင် ဧကရာဇ်ယာမကို သတ်နိုင်မည် မဟုတ်ပေ။
ယခုတော့ တစ်ချက်တည်းဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီ ဖြစ်သည်။
လူတိုင်း၏ မျက်လုံးအကြည့်က ဟင်းလင်းပြင်အက်ကြောင်းကို တပြိုင်နက်တည်းနီးပါး ကြည့်လိုက်ကြသည်။
ဟင်းလင်းပြင်က လှုပ်ရှားသွားပြီးနောက် အဖြူရောင်ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော လူရိပ်တစ်ခု ထွက်ပေါ်လာ၏။
ကျွင်းရှောင်ယောက် ဖြစ်သည်။
သူ့နောက်မှာတော့ လင်ယွမ်၊ မုန့်ကျန်းနှင့် တခြားသူများက အနီးကပ်လိုက်လာကြပေသည်။
"ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"
"နတ်ဘုရားသားတော် ရောက်လာပြီ"
"မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဆိုတာ ငါသိတယ်။ သူ့မှာပဲ ဒီလိုစွမ်းရည်မျိုး ရှိနိုင်တာ"
ကျွင်းရှောင်ယောက်ကို မြင်လိုက်ရပြီးနောက် အင်မော်တယ်နယ်မြေကြီးမှ လူများ စိတ်ဓာတ်တက်ကြွလာခဲ့သည်။
ကျင့်ကြံသူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာကြ၏။
နောက်ဆုံးမှာတော့ သူတို့ဟာ ယခင်က ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရသည်။
တားမြစ်ပါရမီရှင်တစ်ဦးပင်လျှင် ကျဆုံးသွားခဲ့ပြီ။
ယခုတော့ ကျွင်းရှောင်ယောက်၏ ရောက်ရှိလာခြင်းနှင့်အတူ သူတို့၏စိတ်ဓာတ်များ ပြန်လည်မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
"မင်းက ကျွင်းရှောင်ယောက်ပေါ့"
ချီလင်ခုန်းက မျက်နှာကြီး မည်းမှောင်ကာ ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
သူ့မျက်လုံးများမှာလည်း ဒေါသကြောင့် အခိုးအငွေ့များပင် ထွက်လာတော့မလို ထင်ရ၏။
သူက ဆေးတစ်လုံးကို အလျင်အမြန်ထုတ်ပြီး သောက်လိုက်သည်။ ကြွယ်ဝသောစွမ်းအင်များ တဟုန်ထိုးတက်လာ၏။ ကြေမွသွားသော သူ့ခန္ဓာကိုယ်တစ်ပိုင်းက သာမန်မျက်စိနှင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာတော့သည်။
ကျွင်းရှောင်ယောက်က မီးလှောင်အိမ်ကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
တဟုန်းဟုန်းတောက်နေသော ရွှေရောင်သွေးနှင့် စွမ်းအင်များက ဒီရေကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာ၏။
မီးလှောင်အိမ်က တိုက်ရိုက် ချေမှုန်းခံရကာ ချက်ချင်း ပြိုကျသွားတော့သည်။
ကျွင်းချင်းရန်၏ လှပသော ရုပ်သွင်လေးလည်း ပြန်ပေါ်လာခဲ့သည်။ သူမ၏ နှင်းဖြူအသားအရေက အနည်းငယ် အက်ကွဲနေပြီး နှုတ်ခမ်းထောင့်မှ သွေးစတချို့ကို မြင်ရသော်လည်း ယေဘုယျအားဖြင့်တော့ အသက်အန္တရာယ် မရှိတော့ပါ။
ယင်းမှာလည်း ပိတ်မိနေသည့်အချိန်က တိုတောင်းနေသေးသောကြောင့် ဖြစ်သည်။ ထို့ထက်ပိုကြာလျှင်တော့ ပြောရန် ခက်ခဲပေလိမ့်မည်။
"ငါ့ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မျိုးနွယ်တူ အစ်ကိုရှောင်ယောက်"
ကျွင်းရှောင်ယောက်က လက်ပြန်ရုတ်လိုက်သည်ကိုတော့ ကျွင်းချင်းရန် လေးလေးနက်နက် လက်ယှက်ကာ ဦးညွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ လှပသော မျက်လုံးများက ရှုပ်ထွေးမှု အရိပ်အရောင်များ ပေါ်လွင်နေ၏။
ကျွင်းရှောင်ယောက်က သူတို့ လျှို့ဝှက်သွေးကြောများအပေါ် မုန်းတီးခြင်းမရှိသည်မှာ ထင်ရှားသည်။
သို့ရာတွင်၊ လျှို့ဝှက်သွေးကြောကတော့ ကျွင်းရှောင်ယောက်အတွက် ခက်ခဲသော လိုအပ်ချက်များ ချမှတ်ထား၏။
ကျွင်းချင်းရန်လည်း ကျွင်းရှောင်ယောက်အတွက် အနည်းငယ် မတရားသလို ခံစားလိုက်ရလေသည်။
"ကိစ္စမရှိပါဘူး၊ ဒီကနေ ငါဆက်ပြီးတော့ တာဝန်ယူလိုက်ပါရစေ"
ကျွင်းရှောင်ယောက်က ချီလင်ခုန်းကို လှည့်ကြည့်လိုက်သည်။
ချီလင်ခုန်း၏မျက်နှာက မှုန်ကုပ်သွားသည်။
"သတ်ဖြတ်ခြင်းနတ်ဘုရားရဲ့သား ကျွင်းရှောင်ယောက်၊ မင်း သိပ်ပြီး ဘဝင်မြင့်နေစရာမလိုဘူး။ မင်းမပြောနဲ့၊ မင်းအဖေတောင်မှ ချီရှောင်းဘုရင်ရဲ့လက်ထဲမှာ ကျဆုံးခဲ့ရတာ"
ချီလင်ခုန်း အေးစက်စက် ပြောလိုက်သည်။ သူ့ထံမှ အားကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်လာ၏။ အနက်ရောင် စွမ်းအင် အငွေ့အသက်အနည်းငယ်ပင် ရှိသေးသည်။
ယင်းက အမှောင်စွမ်းအား ဖြစ်သည်။
ချီလင်ခုန်း၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသော်လည်း...
ကျွင်းရှောင်ယောက်၏ အေးစက်စက် မျက်လုံးများက လျစ်လျူရှုထားကာ မထူးခြားပေ။
"တိုင်းတပါးကို စောင့်ရှောက်နေတာက ငါ့အဖေရဲ့ ကိုယ်ပွားသုံးခုထဲက တစ်ခုပဲလေ။ ဒါက ကိုယ်ပွားတစ်ခုပဲဆိုရင်တောင် ချီရှောင်းဘုရင်ချည်း ဒီလိုမျိုး အနိုင်ယူနိုင်မယ်လို့ ငါမထင်ဘူး"
"အတင့်ရဲလိုက်တာ"
ချီလင်ခုန်း ဒေါသတကြီး ဖြစ်သွားသည်။
ကျွင်းမိသားစုမှ ကျွင်းဝူဟွေ့၏ ဂုဏ်သိက္ခာကဲ့သို့ပင်...
ချီရှောင်းဘုရင်က ချီရှောင်းမျိုးနွယ်၏ ဘုရင် ဖြစ်သည်။ သူက အသက်ဝိညာဉ်၏ သင်္ကေတဖြစ်ပြီး သူ့ကို စော်ကားမခံနိုင်ပေ။
"ဝှစ်"
ချီလင်ခုန်းက ထပ်မံတိုက်ခိုက်လိုက်သည်။ သူ့နောက်ကျောမှ အနီရောင်အတောင်ပံများ တုန်ခါသွားပြီးနောက် ဓားငှက်မွေးတစ်သိန်းက ကျွင်းရှောင်ယောက်ဆီကို တိုးဝင်လာခဲ့သည်။
ဓားငှက်မွှေးတိုင်းက ကြယ်တစ်စင်းကို ဖျက်ဆီးနိုင်စွမ်း ရှိ၏။
ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်ပြီး ရွက်လွှာကိုးခု မြက်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
ဓားသစ်ရွက်များ တုန်ခါလာသည်နှင့်အမျှ ဓားအလင်းများက အလျားလိုက်၊ ဒေါင်လိုက် ထွက်ပေါ်လာ၏။ ဓားအလင်းက မိုးနှင့်မြေကို လင်းထိန်ကာ မှောင်မိုက်နေသောကြယ်များကိုပင် လင်းလက်စေခဲ့သည်။
ကျွင်းရှောင်ယောက် တိုက်ခိုက်တော့မှ သူ့အရှိန်အဝါကို လူတိုင်း သတိပြုမိသွားသည်။
"ဒါ... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သူတော်စင်သခင်နယ်ပယ်ကို တကယ်ကြီး ဖြတ်ကျော်သွားခဲ့ပြီပဲ"
အင်မော်တယ်နယ်မြေကြီးမှ လူများအားလုံး အနည်းငယ် အေးခဲသွား၏။
ကျွင်းရှောင်ယောက် အဆင့်တက်ခဲ့သည်မှာ ဘယ်လောက်ကြာသေးပါသနည်း။
"မျိုးနွယ်တူ အစ်ကိုရှောင်ယောက်က သူတော်စင်သခင်နယ်ပယ်ကို တကယ် ဖြတ်ကျော်သွားခဲ့တာပဲ"
ကျွင်းချင်းရန်လည်း အံ့သြပြီးနောက် ဝမ်းသာသွားလေသည်။
ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစု၏ မျက်နှာဟု ဆိုနိုင်သည်။
"သူတော်စင်သခင်..."
လူဝင်စားဗုဒ္ဓက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင်လည်း လှိုင်းလုံးများ ပေါ်လာခဲ့၏။
သူကိုယ်တိုင်က ရှေးခေတ် အကျော်အမော်တစ်ဦး လူပြန်ဝင်စားသူ ဖြစ်သည်။ တစ်ခါတလေတော့လည်း ကျွင်းရှောင်ယောက်ကို ကောင်းကင်ဧကရာဇ်တစ်ပါး၏ လူဝင်စားသူဖြစ်မည်ဟု တွေးမိလေသည်။
နောက်ဆုံးတွင် ဤကျင့်ကြံခြင်းအရှိန်က မယုံနိုင်စရာပင်။
အင်မော်တယ်နယ်မြေကြီးမှ လူများ၏ အံ့အားသင့်မှုနှင့်ယှဉ်လျှင်၊ တိုင်းတပါးမှ သတ္တဝါများမှာ မျက်နှာမသာမယာ ဖြစ်ခဲ့သည်။
အထူးသဖြင့် ချီလင်ခုန်းမှာ သူ့အပေါ် ကျရောက်လာသည့် ကြီးကျယ်ခမ်းနားသော ဓားတာအို ဖိအားတစ်ခုကိုသာ ခံစားလိုက်ရသည်။
သွေးများ ဖြာခနဲ ဖြစ်သွား၏။
သူ၏ အနီရောင်တောင်ပံတစ်ဖက်ကို ဖြတ်ပစ်လိုက်တော့သည်။
"ကမ္ဘာလောင်ကျွမ်း မီးအကျဉ်းထောင်"
ချီလင်ခုန်းက ဟိန်းဟောက်ပြီး သူ၏ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။ သူ့နောက်တွင် မီးပင်လယ်တစ်ခု ပျံ့နှံ့သွားပြီး ကြောက်စရာကောင်းသော သတ္တဝါအားလုံး ငိုကြွေးသံများ ထွက်ပေါ်လာ၏။
အဆုံးမရှိသော မီးပင်လယ်က ကျွင်းရှောင်ယောက်ကို ဝိုင်းရံထားတော့သည်။
"မျိုးနွယ်တူအစ်ကိုရှောင်ယောက် သတိထား"
ကျွင်းချင်းရန် အော်ဟစ်လိုက်သည်။
သူကိုယ်တိုင် ဤတိုက်ကွက်ကို ရင်ဆိုင်ဖူးသောကြောင့် ယင်း၏ ကြောက်စရာကောင်းပုံကို သိပေသည်။
ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက လက်ညှိုးတစ်ချောင်းကိုဆန့်ထုတ်ပြီး လက်ဝါးကပ်တိုင်သဏ္ဍာန် ရေးဆွဲလိုက်၏။
တခဏချင်းမှာပင်၊ ဟင်းလင်းပြင်က အက်ကွဲပြီး လက်ဝါးကပ်တိုင်သဏ္ဍာန် ဖြစ်ပေါ်လာတော့သည်။
လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်၊ ကြယ်ကောင်းကင်ဆုံမှတ် ဖြတ်ကျော်ခြင်း။
ဆုပ်ပြဲလွယ်သော စက္ကူကဲ့သို့ မီးပင်လယ်က ပျက်စီးသွားခဲ့သည်။
တည်နေရာရွှေ့ပြောင်းသကဲ့သို့၊ ကျွင်းရှောင်ယောက်က ချီလင်ခုန်းရှေ့တွင်ပေါ်လာပြီး ရိုးရှင်းသော လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်၏။
ချီလင်ခုန်း နောက်တစ်ဖန် လွင့်စဉ်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော အရိုးများ ကျိုးသွားပြန်တော့သည်။
"ရပ်လိုက်စမ်း"
ချီရှောင်းမျိုးနွယ်မှ အဓိပဓိတစ်ပိုင်းက အော်ဟစ်ပြီး ကျွင်းရှောင်ယောက်ကိုဖိနှိပ်ရန် လက်လှမ်းလိုက်သည်။
"ငါတို့ကို မရှိဘူးလို့ မင်းတကယ် သဘောထားနေတာလား"
မုန့်ကျန်း ကြိမ်းမောင်းကာ တိုက်ခိုက်လိုက်၏။
"သူတို့အားလုံးကိုသတ်ကြ"
ချီလင်ခုန်းမှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားသည်။
ယင်းကိုမြင်တော့ တစ္ဆေမျက်လုံး တော်ဝင်မိသားစုနှင့် အရိပ်တော်ဝင်မိသားစုကဲ့သို့ မိသားစုများမှ ပါရမီရှင်များလည်း ချက်ချင်း လှုပ်ရှားလာကြတော့သည်။
တစ္ဆေမျက်လုံးတော်ဝင်မိသားစု၏ ပါရမီရှင်က သူ့မျက်ခုံးနှစ်ခုကြားမှ တတိယမျက်လုံးကို ဖွင့်လိုက်သည်။ အနက်ရောင်အလင်းတန်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မရဏအလင်းကဲ့သို့ ဟင်းလင်းပြင်ကို ဖောက်ထွက်သွား၏။
အရိပ်တော်ဝင်မိသားစု၏ ပါရမီရှင်ကတော့ အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ မီတာတစ်ထောင်ရှည်သော အရိပ်ဓားအဖြစ် ခုတ်ပိုင်း တိုက်ခိုက်လာတော့သည်။
တိုင်းတပါး တော်ဝင်မိသားစုများမှ ပါရမီရှင်များက အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ရှေ့မှာတော့ သူတို့ဟာ ပုရွက်ဆိတ်များထက် မပိုသေးပေ။
ကျွင်းရှောင်ယောက်၏ ရင်ဝမှ အလွန်တောက်ပသော အလင်းရောင်များ တောက်ပလာခဲ့သည်။
ကောင်းကင်ကပ်ဘေးအလင်းက တစ္ဆေမျက်လုံးတော်ဝင်မိသားစုမှ ပါရမီရှင်၏ မရဏအလင်းနှင့် တိုက်မိသွား၏။
နာကျင်စွာ အော်ဟစ်လိုက်သံနှင့်အတူ၊ တစ္ဆေမျက်လုံး တော်ဝင်မိသားစု၏ ပါရမီရှင်မှာ တောက်ပသောအလင်းရောင်တွင် ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် အရိပ်တော်ဝင်မိသားစု၏ ပါရမီရှင်က ကျွင်းရှောင်ယောက်ကို အရိပ်ဓားဖြင့် ခုတ်လိုက်သည်။
သို့သော်၊ အံ့ဖွယ်ကောင်းအောင် အရိပ်ဓားက ကျွင်းရှောင်ယောက်အနီးသို့ ရောက်လာသည်နှင့် ဘယ်တုန်းကမှ မရှိခဲ့သလို တိုက်ရိုက် ပျက်သုဉ်းသွားတော့သည်။
စွမ်းအင် ခုခံကာကွယ်ခြင်း။
ကျွင်းရှောင်ယောက်က လူသေတစ်ဦးကို ကြည့်နေသကဲ့သို့ အကြည့်မျိုးဖြင့်ကြည့်ပြီး လက်သီးနှင့်ထိုးလိုက်သည်။
"ဒုန်း"
သွေးများ ဖြန်းပက်သွားပြီး အရိပ်တော်ဝင်မိသားစုမှ ပါရမီရှင်လည်း သေဆုံးသွားတော့သည်။
ဤကဲ့သို့ ရိုးရှင်းသောနည်းလမ်းမျိုးက တိုင်းတစ်ပါး သတ္တဝါများအားလုံးကို တကိုယ်လုံး အေးစက်သွားစေခဲ့သည်။
"ဒါ... ဒါက..."
ချီလင်ခုန်းလည်း ထုံထိုင်းသွားကာ မတုံ့ပြန်နိုင်တော့ပေ။
သူ့ခန္ဓာကိုယ် ဒဏ်ရာရသွားသလို တိုက်ခိုက်ချင်စိတ်လည်း ပျောက်ကွယ်သွားသည်။
ထို့နောက်တော့ ကျွင်းရှောင်ယောက်က တော်ဝင်မိသားစုများမှ ပါရမီရှင်အားလုံးကို ဆက်တိုက်သတ်ဖြတ်တော့သည်။
အချိန်တိုအတွင်း တော်ဝင်မိသားစုမှ ပါရမီရှင် ဆယ်ဦးစလုံး ကျွင်းရှောင်ယောက်၏လက်တွင် ကျဆုံးသွားခဲ့သည်။
"ဒီနေ့ မင်းသေရလိမ့်မယ်"
ကျွင်းရှောင်ယောက်က ချီလင်ခုန်းကို စူးစိုက်ကြည့်လိုက်သည်။
ကျွင်းဝူဟွေ့ကို အော်ဟစ်ကြိမ်းမောင်းကတည်းက သူ့ကို သေမိန့်ချပြီးပြီ။
"သေစမ်း"
ချီလင်ခုန်း ချက်ချင်း လှည့်ထွက်ပြေးသွားသည်။
ချီရှောင်းမျိုးနွယ်မှ သူတော်စင်သခင် အများအပြားလည်း သူ့ကို ကာကွယ်ပေးခဲ့၏။
အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်ကတော့ အင်မော်တယ်နယ်မြေကြီးမှ စစ်သူရဲကြီးများကို တိုက်ခိုက်လိုက်တော့သည်။
ကျွင်းရှောင်ယောက်က တိုက်ခိုက်ပြီး သတ်ဖြတ်ရန် ဟန်ပြင်လိုက်ချိန်တွင်...
"ဝုန်း"
အံ့မခန်း အရှိန်အဝါတစ်ခု ထွက်လာသည်။
ထိုအရှိန်အဝါက ကောင်းကင်နှင့် ကမ္ဘာအားလုံးကို ရိုးရှင်းစွာ ဖျက်ဆီးနိုင်ပုံရ၏။
နောက်ထပ် ဒုစရိုက်အတွေးတစ်ခု တံဆိပ်ကို ချိုးဖျက်လာခဲ့ပြီ။