← Chapters

အခန်း ၈၆၅

Vol. 58 Ch. 865

အခန်း ၈၆၅

Vol. 58 Ch. 865

အခန်း ( ၈၆၅ ) တုရှန်ရှောင်ရှောင်း၏ စိတ်ကူး၊ ကမ္မကြိုးနီ။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျွင်းရှောင်ယောက်က လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။

ဖီးနစ်ငိုကြွေးချီတောင်တောင်တန်းက သူ့ဒူးနှစ်လုံးကြားတွင် နေရာယူထား၏။

ဝါးတောထဲမှ အနုပညာရှင်တစ်ဦးကဲ့သို့ သူ့အသွင်မှာ အလွန်ပြေပြစ်မှုရှိလေသည်။

"တတိယမင်းသမီးက ဆန္ဒရှိမှတော့ ငါ ကျွင်းလည်း သီချင်းတစ်ပုဒ် တီးခတ်ပါရစေ"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများမှာတော့ အေးစက်မှု အရိပ်အယောင်များ ရှိ၏။

အားကျိုး၏ လေ့ကျင့်ပေးမှုနှင့် သူ၏ ကိုယ်ပိုင်အရည်အချင်းကို ပေါင်းစပ်လိုက်သောအခါ...

ကျွင်းရှောင်ယောက်၏ ကုချင်းပညာက မျိုးဆက်သစ်များကြားတွင် တုနှိုင်းမယှဉ်သာပေ။

ကုချင်းပညာတွင် သူနှင့် ယှဉ်ပြိုင်ခြင်းက ကျောက်တုံးကို ကြက်ဥနှင့် ပေါက်နေသကဲ့သို့ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ လက်ချောင်းများက ကုချင်းကြိုးကို ထိလိုက်သည်နှင့် သံစဉ်များ စတင် ထွက်ပေါ်လာခဲ့သည်။

‌တစ်ခါတရံ စီးဆင်းနေသောရေပမာ ငြိမ့်ငြောင်းပြီး တစ်ခါတလေတော့လည်း လှိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ ပြင်းထန်လေ၏။

အနိမ့်အမြင့်၊ အတက်အကျများနှင့် ကုချင်းသံက လူတို့ကို အရာအားလုံး မေ့လျော့သွားသည်အထိ နစ်မျောသွားစေ‌‌နိုင်ပေသည်။

ယင်မှာ ကုချင်း၏ ပြီးပြည့်စုံသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုဖြစ်သည်။

တုရှန်ရှောင်ရှောင်း၏ ကုချင်းစွမ်းရည်က အမှန်တကယ် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်လျှင်တော့ ခြေတစ်လှမ်း နောက်ကျနေသေးသည်။

ပထမတော့ တုရှန်ရှောင်ရှောင်းမှာ လိုက်မီအောင် ကြိုးစားခဲ့သည်။

သို့သော်လည်း နောက်ပိုင်းမှာတော့ မလိုက်နိုင်တော့ပေ။

သူမ၏ ကုချင်းသံစဉ်က နိမ့်ပါးပြီး ချိုသာသည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်၏ ကုချင်းသံက လှိုင်းလုံးများကဲ့သို့ ရှေ့ကို တစ်လုံးပြီးတစ်လုံး လှိမ့်တက်လာ၏။

တုရှန်ရှောင်ရှောင်း၏ ကုချင်းသံက အဆုံးတွင်မ မညီညာတော့ဘဲ ရပ်တန့်သွားခဲ့ရသည်။

ဤအရာက တုရှန်ရှောင်ရှောင်းကို အံ့အားသင့်စေခဲ့ပေသည်။

သူမ၏ သိမ်မွေ့သော မျက်နှာလေးမှာလည်း နီရဲနေခဲ့သည်။

သူမ၏ ဂီတစွမ်းရည်က တိုင်းတပါးမှ မျိုးဆက်သစ်လူငယ်များကြားတွင် အလွန်မြင့်မားသောအဆင့် ရှိ၏။

ယခုတော့ ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်သွားခဲ့ပြီ။

မနှိုင်းယှဉ်သာသော ဂုဏ်ကျက်သရေနှင့် လေထဲတွင် တင်ပျဉ်ခွေထိုင်နေသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို ကြည့်ရင်း...

တုရှန်ရှောင်ရှောင်း၏ လှပသော မျက်လုံးများတွင် သူမ၏ စိတ်နေစိတ်ထားနှင့် ဆန့်ကျင်ဘက်ဖြစ်သော စွဲလန်းမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"မင်း ရှုံးသွားပြီ"

ကျွင်းရှောင်ယောက်က ကုချင်းတီးခတ်ခြင်းကို ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ဒီမိန်းကလေး ရှုံးသွားပြီ..."

မိန်းကလေးက ခပ်တိုးတိုး ပြောလိုက်၏။

ထို့နောက် သူမ၏ နှုတ်ခမ်းပေါ်တွင် ကြည်လင်ပြီး ဆွဲဆောင်မှုရှိး

သော အပြုံးတစ်ခု ပေါ်လာလေသည်။

သူမက မပွင့်တပွင့် ပြောလိုက်သည်။

"ကျွင်းသခင်လေးကတော့ သိမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီမိန်းကလေး အရင်က ကျိန်ဆိုခဲ့ဖူးတယ်။ ဂီတမှာ ဒီမိန်းကလေးကို အနိုင်ယူနိုင်သူက ဒီမိန်းကလေးရဲ့ ခင်ပွန်းဖြစ်ဖို့ အရည်အချင်းပြည့်မီလိမ့်မယ်"

ထို့နောက် ကျွင်းရှောင်ယောက်၏ အမူအရာကို မသိမသာ လှမ်းကြည့်လိုက်၏။

သို့သော်လည်း အပြောင်းအလဲမရှိသော ကျွင်းရှောင်ယောက်၏ အမူအရာကြောင့် တုရှန်ရှောင်ရှောင်း အနည်းငယ် အံ့ဩသွားမိသည်။

တိုင်းတစ်ပါးတွင် သူမကို ပိုးပန်းနေသူများ မရေမတွက်နိုင်အောင် ရှိသည်။

ဥပမာအားဖြင့် ချီလင်ခုန်း၏အစ်ကို၊ ချီဟုန်ယွိ။

သူက သူမကို ပွင့်ပွင့်လင်းလင်းမပြောသော်လည်း တုရှန်မိန်းမလှလေး ငါးဦးထဲမှ လက်တွဲဖော်ကို ရှာချင်သည်။

ဆိုရလျှင် ချီဟုန်ယွိကဲ့သို့ ထိပ်သီးပါရမီရှင်ကတောင် လျှာတစ်လစ်နှင့် ခွေးတစ်ကောင်ကဲ့သို့ သူမကို ပိုးပန်းရလေသည်။

ဤမှ၊ တုရှန်မျိုးနွယ်၏ မိန်းမလှငါးဦးမှာ တိုင်းတပါးတွင် မည်မျှ ဂုဏ်သတင်းကျော်ကြားကြောင်း တွေ့မြင်နိုင်သည်။

သို့တိုင်၊ အင်မော်တယ်နယ်မြေကြီးမှ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကတော့ တုံ့ပြန်မှုမပြခဲ့ပေ။

ယင်းက တုရှန်ရှောင်ရှောင်း မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

"ဒီနတ်ဘုရားသားတော်ကို ရိုးသားလွန်းပြီး သိပ်နုံအတယ်လို့ မင်းတကယ်ထင်နေတာလား"

ကျွင်းရှောင်ယောက်က ပြံးနေသော်လည်း ထူးခြားမှုမရှိသော လေသံဖြင့် ပြောလိုက်သည်။

သဘာဝအတိုင်း၊ သူ ပထမဆုံး တွေ့ရသော တိုင်းတပါးမှ တုရှန်ဧကရာဇ်မျိုးနွယ်၏ မင်းသမီးလေးက သူ့ကို သူမ၏ခင်ပွန်းအဖြစ် သိမ်းသွင်းချင်လိမ့်မည်ဟုတော့ မထင်ထားမိပါ။

ကျွင်းရှောင်ယောက်၏ ကျက်သရေက မြင့်မားပြီး ဆွဲဆောင်မှုအားကောင်းလျှင်ပင်...

သူ၏ ကုချင်းသံစဉ်က တစ်ဖက်မိန်းကလေးကို အနိုင်ယူနိုင်ခဲ့သောသောကြောင့် စိတ်လှုပ်ရှားစေခဲ့ခြင်း ဖြစ်လျှင်ပင်...

ဤမျှ ပွင့်လင်းစွာ ပြောလာမည်ဟု မထင်ပါ။

အနှီတုရှန်ရှောင်ရှောင်းတွင် အကြံဥာဏ်များနှင့် အစီအစဉ်အချို့ ရှိရမည်။

"ကျွင်းသခင်လေးက ငါ့ကို မယုံဘူးလား"

တုရှန်ရှောင်ရှောင်း၏ လှပသော မျက်လုံးလေးများက မှုန်ရီဝေသွားသည်။

သူမ၏ မြေခွေးနားရွက်နှစ်ခုကလည်း အမှန်တကယ်ပင် အနည်းငယ် ကုပ်ကျသွားလေသည်။

သူမ၏အသွင်မှာ အလွန်ချစ်စရာကောင်းသည့်အပြင် သနားစရာလည်း ဖြစ်သည်။

ဤအခြေအနေတွင် တော်ရုံသမာဓိရှိသူများ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ကြမည် မဟုတ်ပေ။

"အပိုတွေမပြောပါနဲ့။ တိုင်းတပါးရဲ့ အင်မော်တယ်ဧကရာဇ်မျိုးနွယ်က ပါရမီရှင်တွေ ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ ဒီနတ်ဘုရားသားတော် မြင်ချင်တယ်"

ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကိုမြှောက်ပြီး ကြီးမားသော နတ်ဘုရားစွမ်းအင်များနှင့် ပြင်းပြင်းထန်ထန် ဖိချလိုက်သည်။

ယင်းကိုမြင်တော့ တုရှန်ရှောင်ရှောင်းက ကျောက်စိမ်းလက်ချောင်းကလေးများနှင့် ကုချင်းကြိုးကို တီးခတ်လိုက်၏။ ကုချင်း အသံလှိုင်းများက ဒီရေကဲ့သို့ ထွက်ပေါ်လာတော့သည်။

"ကျွင်းသခင်လေး၊ နင် ငါ့ကို ဘာဖြစ်လို့ မယုံတာလဲ။ ငါ တကယ် မလိမ်ပါဘူး"

တုရှန်ရှောင်ရှောင်းက တိုက်ခိုက်ရင်း အော်ပြောလိုက်သည်။

"ငါ နတ်ဘုရားသားတော်အတွက် ဇနီးမလိုပါဘူး။ ဒါပေမဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မွေးမြူရတာတော့ တကယ် သဘောကျတယ်။ မင်းက အမြီးကိုးချောင်းမြေခွေး မဟုတ်လား။ မင်း ဘာဖြစ်လို့ ငါ့ရဲ့ အိမ်မွေးသားရဲ ဖြစ်မလာရမှာလဲ"

ကျွင်းရှောင်ယောက်က ပြောဆိုရင်း လက်ဝါးတစ်ဖက် ဖိချလိုက်၏။

ထိုစကားကိုကြားတော့ တုရှန်ရှောင်ရှောင်း အံ့အားသင့်သွားသည်။ ခဏလောက် စိတ်ငြိမ်ငြိမ်မထားနိုင်တော့ပေ။

အကယ်၍ တိုင်းတပါးတွင်သာ တစ်စုံတစ်ယောက်မှ ထိုစကားမျိုး ပြောဝံ့ပါက...

တုရှန်မျိုးနွယ်မှ မလှုပ်ရှားလျှင်ပင်၊ အခြားသော လျှာတစ်လစ်ခွေးများ၏ သေသည်အထိ ရိုက်သတ်ခံလိုက်ရမည် ဖြစ်သည်။

"ကျွင်းသခင်လေး နောက်နေတာလား။ ဒီမိန်းကလေးက သခင်မလိုချင်ပါဘူး၊ ခင်ပွန်းရွေးနေတာ"

တုရှန်ရှောင်ရှောင်း ပြန်ပြောလိုက်သည်။

"ဒါဆို စိတ်မကောင်းပါဘူး။ ငါက အိမ်မွေးတိရစ္ဆာန်ပဲ လိုချင်တယ်။ ငါ့မိန်းမဖြစ်ဖို့ကတော့ မင်းနဲ့ မထိုက်တန်ဘူး"

ကျွင်းရှောင်ယောက် ပြင်းပြင်းထန်ထန် ပြောလိုက်သည်။

တုရှန်ရှောင်ရှောင်း တိတ်ဆိတ်သွား၏။

အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ အခြား ပါရမီရှင်များပင်လျှင် သူတို့အား ကြယ်များကြားမှ လမင်းပမာ သဘောထားပြီး ဆက်ဆံကြလေသည်။

တုရှန်ရှောင်ရှောင်း၏ ဘဝတွင် ဤသဘောထားမျိုးဖြင့် သူမကိုဆက်ဆံသူအား ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ယင်းက သူမကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့လေသည်။

"မင်း အရှုံးပေးလိုက်တာ ပိုကောင်းမယ်"

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တုနှိုင်းမယှဉ်သာဘဲ အနီးကပ်တိုက်ခိုက်မှုမှာ ပို၍ ကြောက်စရာကောင်းသည်။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က တုရှန်ရှောင်ရှောင်း၏ အားနည်းချက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်လေသည်။

ကျွင်းရှောင်ယောက်က တုရှန်ရှောင်ရှောင်း၏ မြေခွေးအမြီးကို ဖမ်းဆီးဆုပ်ကိုင်လိုက်သည်။

နူးညံ့ပျော့ပျောင်းပြီး အထိအတွေ့မှာ အလွန်ကောင်း၏။

တုရှန်ရှောင်ရှောင်း၏ ခန္ဓာကိုယ်ကလေးက ဆတ်ခနဲ ဆတ်ခနဲ တုန်သွားသည်။ သူမ၏ နှင်းဖြူအသားအရေ‌တွင် ကြက်သီးဖုကလေးများ ထလာခဲ့၏။

သူမ၏ မျက်နှာလေးမှာလည်း နီမြန်းသွားလေသည်။

မြေခွေးမျိုးနွယ်အတွက် အမြီးမှာ ထိလွယ်ရှလွယ်သော အညှာများထဲမှ တစ်ခုဖြစ်သည်။ ယင်းမှာ ထူးခြားသော အဓိပ္ပာယ် ရှိ၏။

"ကျွင်းသခင်လေး၊ နင် အရမ်းလွန်သွားပြီ"

တုရှန်ရှောင်ရှောင်းက စိုစွတ်နေသော အနီရောင် နှုတ်ခမ်းကိုကိုက်လိုက်သည်။

ဤသည်မှာ ဆန့်ကျင်ဘက်လိင်နှင့် တစ်ခါဖူးမှ မထိတွေ့ဖူးသော သန့်စင်သည့် မြေခွေးအမြီးလေး ဖြစ်ချေသည်။

"ဝှစ်"

မြေခွေးအမြီးမှ အလင်းရောင်ကိုးခု ထွက်ပေါ်လာခဲ့သည်။ သတ်ဖြတ်မှု အငွေ့အသက်များကို သယ်ဆောင်ထားပြီး ဓားတစ်လက်ကဲ့သို့ ကျွင်းရှောင်ယောက်ကို ခုတ်လိုက်၏။

ကျွင်းရှောင်ယောက် ချက်ချင်း ဆုတ်ခွာသွားသည်။

ဤသည်မှာ အမြီးကိုးချောင်း မြေခွေးမျိုးနွယ်၏ မူလနတ်ဘုရားစွမ်းရည်ဖြစ်ပြီး အလွန်အစွမ်းထက်ပေသည်။

ကျွင်းရှောင်ယောက် နောက်ဆုတ်သွားချိန်တွင်...

တုရှန်ရှောင်ရှောင်း၏ နှင်းဖြူလက်ကောက်ဝတ်မှ အနီရောင်ကြိုးက ရုတ်တရက် လှုပ်ရှားသွားသည်။

အလွန်သေးသွယ်သော အနီရောင်ကြိုးတစ်ချောင်းကဲ့သို့ ကျွင်းရှောင်ယောက်၏ လက်ကောက်ဝတ်တွင် ပေါ်လာပြီး ရစ်ပတ်သွား၏။

"ဒါက..."

ကျွင်းရှောင်ယောက်၏ အားကောင်းသော အသိစိတ်က ယင်းကို ချက်ချင်း သတိပြုမိခဲ့သည်။

သို့သော် ဤအနီရောင်လိုင်းက ဝိုးတဝါးဖြစ်ပြီး ရှိသည်ဟုပင် မထင်ရပေ။

ယင်းက ကမ္မကြိုးကဲ့သို့ ကျွင်းရှောင်ယောက်အပေါ်မှာ မည်သည့်မကောင်းသောသက်ရောက်မှုမှ မရှိပါ။

"ကျွင်းသခင်လေး၊ နောင်မှ ငါတို့ပြန်တွေ့ကြတာပေါ့"

တုရှန်ရှောင်ရှောင်းက လှပသောမျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ ထို့နောက်တော့ ခါးကိုလှုပ်ကာ လေထဲတွင် ခဏချင်း ပျောက်ကွယ်သွားတော့သည်။

ကျွင်းရှောင်ယောက်လည်း မလိုက်တော့ဘဲ နေခဲ့သည်။

တိုင်းတစ်ပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ ပါရမီရှင်ကို ချီလင်ခုန်းကဲ့သို့ သတ်ရမလွယ်ကြောင်း သူ သိ၏။

ထို့အပြင် ဒုစရိုက်အတွေးခုနစ်ပါး၊ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါး စသည်တို့ကို ကိုင်တွယ်ဖြေရှင်းရန် အားဖြည့်ထားရဦးမည်။

တုရှန်တတိယမင်းသမီးနှင့် ဆက်ဆံရန် သူ့တွင် အပိုစွမ်းအင်မရှိပေ။

"ဒါက တကယ်ပဲ ဘာလဲ"

သူ့လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်လိုင်းကို ကြည့်ရင်း ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ဤအနီရောင်လိုင်းက သူ့အပေါ် သက်ရောက်မှုသိပ်မရှိပေ။

"တုရှန်မျိုးနွယ်မှာလည်း လျှို့ဝှက်ချက်တွေ ရှိနေပုံရတယ်။ ဒါပေမဲ့ ဒီနတ်ဘုရားသားတော်ကို လာထိချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးမလောင်ကျွမ်းအောင် သတိထားသင့်တယ်"

အကြံအစည်နှင့် အကွက်ချမှုများကို ပြောရမည်ဆိုလျှင်၊ ကျွင်းရှောင်ယောက်က မည်သူ့ကိုမျှ မကြောက်ပါ။

တုရှန်ရှောင်ရှောင်းသာ သူ့ကို ဂရုမစိုက်ဘဲနေဝံ့ပါက နောင်တဆိုတာ ဘာမှန်းသိအောင် ပြလိုက်မည် ဖြစ်သည်။

.............

အခြားတစ်ဖက်၊ ကြယ်ကောင်းကင်တွင် တုရှန်ရှောင်ရှောင်း၏ လှပသောရုပ်သွင် ပေါ်လာသည်။

အပြစ်ကင်းစင်ပြီး လှပသော သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာ၏။

"ဘယ်လိုတောင် ပြီးပြည့်စုံတဲ့သူလဲ။ သူ့မှာ အပြစ်အနာအဆာတွေ မတွေ့နိုင်ဘူး"

"သူ့ပါးစပ်က နည်းနည်းအဆိပ်ပြင်းတာတစ်ခုပဲ ဆိုးနေတာ။ ဒါပေမဲ့ ဒုတိယအစ်မကတော့ ဒီလေသံကို သဘောကျနိုင်တယ်"

"ဒီလူက အင်မော်တယ်နယ်မြေကြီးကနေ ဆင်းသက်လာတာ စိတ်မကောင်းစရာပဲ။ ငါတို့ ညီအစ်မတွေအတွက် တိုင်းတစ်ပါးမှာ သင့်တော်တဲ့ လက်တွဲဖော်ကို ရှာမတွေ့ဘဲ ငါတို့ရဲ့ ကိုယ်ပိုင် နူးညံ့မှုကို သဘောမပေါက်နိုင်တာ အံ့ဩစရာမဟုတ်တော့ပါဘူး"

All Chapters