အခန်း ၈၆၆
Vol. 58 Ch. 866
အခန်း ( ၈၆၆ ) တုရှန်မြေခွေးမျိုးနွယ်၏ ငါးမြွှာပူး မိန်းမလှလေးများ၊ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါး၏ အထောက်အထား၊ ကြီးစိုးသော ကျွင်းရှောင်ယောက်။
တုရှန်ရှောင်ရှောင်း၏ အမြင်တွင် ချူဟုန်ယွိနှင့် ကျွင်းရှောင်ယောက်က လုံးဝ နှိုင်းယှဉ်စရာမရှိပါ။
ကျွင်းရှောင်ယောက်၏ အသွင်အပြင်၊ အရည်အချင်းနှင့် ခွန်အားတို့က ပြီးပြည့်စုံပြီး ပြိုင်ဘက်ကင်းသည်။ ထို့အပြင် ကုချင်းပညာမှာပင် သူမကို အလွယ်တကူ အနိုင်ယူခဲ့သေးသည်။
သူ့အမြင်မှာတော့ ဤလူဟာ အပြောနည်းနည်းဆိုးသည်ကလွဲလျှင် ချို့ယွင်းချက်မရှိသလောက် ဖြစ်သည်။
"ငါ သူ့ကိုယူရမယ်။ အဲဒါက ငါနဲ့ ငါ့ညီအစ်မတွေအတွက် အထောက်အကူကြီးကြီး ဖြစ်လိမ့်မယ်"
တုရှန်ရှောင်ရှောင်လည်း မသိစိတ်မှ သူမ၏ ကျောက်စိမ်းလက်ကိုမြှောက်ကာ လက်ကောက်ဝတ်ပေါ်မှ ကမ္မကြိုးနီကို ကြည့်လိုက်သည်။
သူမ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသူ ပေါ်လာသောအခါမှသာ အနီရောင်ကြိုးက ကမ္မကြိုးနီကို ထုတ်လွှတ်ကာ ချည်နှောင်ထားလိမ့်မည်။
ယင်းက တုရှန်မျိုးနွယ်၏ ဘိုးဘေးများထံမှ ဆင်းသက်လာသော အင်မော်တယ်ကျမ်းနှင့် ဆက်စပ်နေပြီး သူတို့အတွက် အလွန်အရေးကြီးသည်။
ယင်းက သူတို့၏ အနာဂတ် အဆုံးစွန်နယ်ပယ် တက်ကြွမှုနှင့်ပင် ဆက်စပ်နေပြီး သူတို့၏အရည်အချင်းများနှင့် အနာဂတ်ကို ထိခိုက်စေနိုင်ပေသည်။
'အရင်ကတော့ ငါတို့ ညီအစ်မငါးယောက်စလုံးရဲ့ ကမ္မကြိုးဟာ တစ်ခါမှ လှုပ်ရှားမှုမရှိခဲ့ဖူးဘူး'
'ဒါပေမဲ့ အခု ငါ့ရဲ့ကြိုးက တုံ့ပြန်လာခဲ့ပြီ။ ငါ့ညီအစ်မတွေလည်း ဒီလိုပဲ ဖြစ်နိုင်တယ်'
တုရှန်ရှောင်ရှောင်းက တစ်ယောက်တည်း တွေးနေသည်။
သို့သော်လည်း သူစဉ်းစားလိုက်သည်နှင့် တပြိုင်နက်၊ မရေရာသော အပြုံးတစ်ခုက တုရှန်ရှောင်ရှောင်း၏ လက်ရာမြောက်သော မျက်နှာပေါ်တွင် ပေါ်လာသည်။
'ဒါပေမဲ့ ငါတို့က ညီအစ်မငါးယောက်တောင်ရှိတာ...'
'ကျွင်းရှောင်ယောက်က သန်မာတဲ့အင်အားနဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြစ်ပေမဲ့... သူ ခံနိုင်ရည် ရှိပါ့မလား'
ထိုသို့တွေးမိသောအခါ တုရှန်ရှောင်ရှောင်း၏ မျက်နှာလေးက ပို၍ နီရဲလာတော့သည်။
မျက်မှောက်ခေတ်၏ တုရှန်မျိုးနွယ်တွင် မိန်းမလှလေးငါးဦး ရှိသည်။ သူတို့က ငါးမြွှာပူး ညီအစ်မများ ဖြစ်၏။
တစ်ယောက်ချင်းစီက မတူညီသော စရိုက်များနှင့် လှပကြသောကြောင့် တိုင်းတပါးမှ မရေမတွက်နိုင်သော ပါရမီရှင်များ ပိုးပန်းခြင်းကို ခံကြရလေသည်။
အကယ်၍ တုရှန်ရှောင်ရှောင်း တွေးထင်ထားသည့်အတိုင်း အမှန်တကယ်ဖြစ်လျှင်တော့ သူတို့ဟာ ကမ္မကြိုးနီကို အောင်မြင်စွာချိတ်ဆက်နိုင်ပြီ ဖြစ်သည်။
သို့ရာတွင် မိချောငါးယောက် ကိုယ်တစ်ယောက်ကို မည်သူခံနိုင်ပါမည်နည်း။
တုရှန်ရှောင်ရှောင်းလည်း နောက်ထပ်အစီအစဥ်များကို စဉ်းစားရင်း ထွက်ခွာသွားတော့သည်။
.............
တစ်ဖက်တွင်...
ကျွင်းရှောင်ယောက်လည်း နောက်ပြန်လှည့်ပြီး အင်မော်တယ်နယ်မြေကြီးမှ အဖွဲ့ဆီသို့ ပြန်ခဲ့သည်။
သဘာဝအတိုင်း၊ သူက တုရှန်ရှောင်ရှောင်းကို ဂရုမစိုက်သလို ကမ္မကြိုးနီကိုလည်း ဂရုမစိုက်ပေ။
သို့သော်လည်း၊ သူ့ခန္ဓာကိုယ်ကို လောဘကြီးသည့် မြေခွေးငါးကောင်မှ ပစ်မှတ်ထားနေပြီဟုတော့ သူ လုံးဝ မတွေးမိခဲ့ပါ။
အနာဂတ်မှာ တွေ့ဆုံကြလျှင် မည်သို့သောမြင်ကွင်းမျိုး ပေါ်ပေါက်လာမလဲဆိုတာ တွေးကြည့်နိုင်သည်။
ကျွင်းရှောင်ယောက်လည်း အချိန်အတော်ကြာပြီးနောက် အင်မော်တယ်နယ်မြေကြီးမှ အဖွဲ့ကို ရှာတွေ့ခဲ့လေသည်။
"အစ်ကိုရှောင်ယောက်"
"နတ်ဘုရားသားတော် ပြန်လာပြီ"
ကျွင်းရှောင်ယောက်ကိုမြင်တော့ ကျွင်းချင်းရန်၊ မုန့်ကျန်းနှင့် အခြားသူများ ဝမ်းသာသွားကြ၏။
လင်ယွမ်တစ်ဦးတည်းသာ လက်ပိုက်ပြီး မြင့်မြတ်သော နတ်သမီးတစ်ပါးကဲ့သို့ အဝေးတွင် ရပ်နေခဲ့သည်။
သူမ၏ ဖီးနစ်မျက်လုံးများဖြင့် ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်ပြီးနောက် မျက်ခုံးပင့်ကာ တီးတိုးပြောလိုက်၏။
"မတော်တဆ ဘယ်ဖြစ်ပါ့မလဲ၊ သူက ဗေဒင်ဆရာလိုပဲ"
ထိုသို့ ပြောလိုက်သော်လည်း...
အစောပိုင်းက ကျွင်းရှောင်ယောက်ကို မမြင်ရသောအခါ ဝန်မခံလိုသည့်တိုင် အနည်းငယ် စိတ်ပူမိခဲ့သေးသည်။
ကျွင်းရှောင်ယောက်ကတော့ သဘာဝအတိုင်း လင်ယွမ်ကို ဂရုမစိုက်ပါ။
"မျိုးနွယ်တူအစ်ကို၊ ချီရှောင်းမျိုးနွယ်ရဲ့ အဲဒီ ပါရမီရှင်..."
ကျွင်းချင်းရန်က မေးလိုက်သည်။
"သေပြီ"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
"အစ်ကိုရှောင်ယောက်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ"
ကျွင်းချင်းရန်၏ မျက်လုံးများက ပို၍ လေးစားမှုတို့ ပေါ်လာခဲ့လေသည်။
ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စု၏ ပါရမီရှင်ကို ကျွင်းရှောင်ယောက်က သူအလိုရှိသည့်အတိုင်း သတ်ပစ်လိုက်သည်။
အင်မော်တယ်နယ်မြေကြီးမှ အခြားသူများလည်း အံ့အားသင့်ခဲ့ကြလေသည်။
"ဒါပေမယ့် လမ်းမှာ မတော်တဆမှုလေးတစ်ခု ဖြစ်ခဲ့တယ်။ တိုင်းတစ်ပါးက အင်မော်တယ်ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်ကို တွေ့ခဲ့တယ်လေ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ဘာ"
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက်၊ အင်မော်တယ်နယ်မြေကြီးမှ လူတိုင်း တုန်လှုပ်သွားကြသည်။
အင်မော်တယ်နယ်မြေကြီးမှ တစ်စုံတစ်ယောက် အမှန်တကယ် ပေါ်လာပါသလော။
ထို့အပြင် ထိုလူက ကျွင်းရှောင်ယောက်နှင့်ပင် တွေ့ခဲ့ရသည်။
ထိုကဲ့သို့သော သတင်းကြီးက ကျွင်းရှောင်ယောက်ပါးစပ်မှ ထွက်ပေါ်လာသောအခါမှာတော့ အရေးမကြီးသည့် သာမန်အရာတစ်ခုလို ပေါ့ပေါ့ပါးပါးပင်။
"ဒါပေမဲ့၊ စိတ်မကောင်းစရာက သူ ထွက်ပြေးသွားတယ်"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ဝှား"
အရပ်ရပ်မှ မောဟိုက်ကာ ပင့်သက်ရှိုက်သံများ ပေါ်လာခဲ့၏။
ပြင်းပြင်းထန်ထန် ပင့်သက်ရှိုက်လိုက်ကြသောကြောင့် လေများပင် ကုန်သွားပြီဟု ထင်လိုက်ရသည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ အေးမြမှုကို စုပ်ယူလုနီးပါးဖြစ်သည်။
အံ့ဖွယ်ကောင်းလွန်းလှပေသည်။
ယင်းမှာ အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင် ဖြစ်သည်။ သူတို့က တားမြစ်ပါရမီရှင်များဖြစ်လျှင်ပင် ချက်ချင်း အသတ်ခံရလိမ့်မည်။
"သခင်လေး နတ်ဘုရားသားတော်က တကယ်ကို ရိုးရှင်းလွန်းတယ်..."
မုန့်ကျန်းနှင့် အခြားသူများ ဆွံ့အသွားကြသည်။
ကျွင်းရှောင်ယောက်က တိုင်းတစ်ပါးမှ တော်ဝင်မျိုးနွယ်၏ ပါရမီရှင် ဆယ်ဦးကို သတ်ခဲ့သည်။ ထို့နောက် ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ချီလင်ခုန်းကို သတ်ခဲ့၏။
အဆုံးတွင်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ ပါရမီရှင်ကိုပင် ဆုတ်ခွာစေခဲ့သည်။
ဤစွမ်းဆောင်မှု တစ်ခုစီတိုင်းက အံ့ဖွယ်ကောင်းလွန်းလှပေသည်။
"အမိတ္တဘ၊ ဒကာတော်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ ဒကာတော်က ဘယ်ကောင်းကင်ဧကရာဇ်ရဲ့ လူဝင်စားလဲဆိုတာ ဒီရဟန်းလေး သိချင်မိတယ်"
လူဝင်စားဗုဒ္ဓက ဗုဒ္ဓအမည်ကိုရေရွတ်ကာ လျှောက်လာခဲ့သည်။
အခြားသူများလည်း သိလိုစိတ်ဖြင့် သူ့ကို စူးစိုက်ကြည့်လိုက်ကြ၏။
အကြောင်းမူကား၊ လူဝင်စားဗုဒ္ဓသည် ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးတွင် တစ်ပါးဖြစ်သည်ဟူသော ကောလဟာလများ ရှိနေသောကြောင့်ပင်။
ထိုစကားသံကြောင့် လင်ယွမ်လည်း စိတ်ဝင်စားသွားကာ အနည်းငယ် မျက်ခုံးပင့်ပြီး လှမ်းကြည့်လိုက်သည်။
ဧကရာဇ်ခုနစ်ပါး၏ လျှို့ဝှက်အစည်းအဝေးတွင် သူမလည်း ပါဝင်ခဲ့သဖြင့် အကြောင်းများစွာသိခဲ့သည်။
ဆန့်ကျင်ခြင်း ဧကရာဇ် ခုနစ်ပါးအနက်မှ ငါးပါးမှာ ယခုအချိန်တွင် ၎င်းတို့၏ အထောက်အထားများကို ထုတ်ဖော်ပြသခဲ့ကြပြီး ဖြစ်သည်။ သူမအပြင် ကူတိကျစ်၊ ရွယ်ယွဲ့၊ လုံယောက်အာနှင့် ကျိတောက်ရီတို့ ဖြစ်၏။
ကျန်နှစ်ဦးကတော့ အနက်ရောင် ၀တ်ရုံကြီးများက ၀တ်ဆင်ထားကာ မည်သူမည်ဝါ မသိကြရပေ။
သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ကိုယ်ပွားကိုသာ လွှတ်လိုက်သည်။
ဆန့်ကျင်ခြင်း ဧကရာဇ် ခုနစ်ပါးအနက် နောက်ဆုံးနှစ်ပါး၏ လက္ခဏာများမှာ တွေးတောဆင်ခြင်သင့်ပေသည်။
ယင်းက မည်သူဖြစ်နိုင်ပါမည်နည်း။
သူတို့ထဲမှတစ်ယောက်က အမှန်တကယ်ပင် လူဝင်စားဗုဒ္ဓ ဖြစ်နေပါသလော။
ကျွင်းရှောင်ယောက်လည်း ကြည့်လိုက်သည်။
သူ့မျက်လုံးများက နက်နဲသွား၏။
ယခင်က တိုက်ပွဲကို သူ မြင်ခဲ့ရသည်။
လူဝင်စား ဗုဒ္ဓနှင့် ဧကရာဇ်ယာမတို့က အဓိပဓိ တားမြစ်ပါရမီရှင်များ ဖြစ်ပုံရသော်လည်း...
စစ်မှန်သည့်ခွန်အားက လုံးဝ မတူညီပေ။
ဤလူဝင်စားဗုဒ္ဓက အလွန်နက်နဲစွာ ဖုံးကွယ်ထားပြီး သူ၏ စစ်မှန်သော အစွမ်းသတ္တိကို လုံးဝ မပြသခဲ့ပါ။
ချီလင်ခုန်းသာ သူ့ကို ပစ်မှတ်ထားခဲ့ပါက၊ ကံဆိုးသူမှာ ချီလင်ခုန်းဖြစ်နိုင်သည်။
"ဟား... ငါက သာမန်လူတစ်ယောက်ပါပဲ၊ ဘယ်ပုဂ္ဂိုလ်ကြီးရဲ့ လူဝင်စားတာမှ မဟုတ်ဘူး"
ကျွင်းရှောင်ယောက် အနည်းငယ်ပြုံးရင်း ပြောလိုက်သည်။
သူသည် အချိန်ခရီးသွားတစ်ဦး ဖြစ်၏။ သူက အခြားသူတစ်ဦး၏လူဝင်စားသူ မည်သို့ဖြစ်နိုင်ပါမည်နည်း။
ကျွင်းရှောင်ယောက်၏စကားကို ကြားရပြီးနောက် လူတိုင်း တိတ်ဆိတ်သွားခဲ့သည်။
"သာမန်လူ"ဟူသော အသုံးအနှုန်းက ကျွင်းရှောင်ယောက်ထံမှ ထွက်ပေါ်လာသောအခါ အတော် ဂွကျပေသည်။
ယင်းက သူတို့ကို လှောင်ပြောင်နေသကဲ့သို့ ဖြစ်သည်။
"ဟားဟားဟား၊ ဒကာတော်ကျွင်းက တကယ်ကို နှိမ့်ချတာပဲ၊ ဒါပေမဲ့... ဒကာတော်ကျွင်း မသိချင်ဘူးလား။ ဒီရဟန်းက မင်းကို ဆန့်ကျင်မဲ့ ဧကရာဇ် ခုနစ်ပါးထဲက တစ်ယောက်ဟုတ်မဟုတ် ဆိုတာ"
ထိုစကားက လေထုကို ချက်ချင်း အေးခဲလာစေခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် ကောင်းကင်ဘုံ၏ ကစားပွဲက မပြီးသေးမှန်း လူတိုင်းလိုလို သိပေသည်။
နောင်တွင် ထိတ်လန့်ဖွယ်ရာ အခြေအနေတစ်ခု ပေါ်ပေါက်လာဖွယ်ရှိသည်။
လင်ယွမ်လည်း လက်သီးဆုပ်လိုက်မိ၏။
အကြောင်းတစ်ခုခုကြောင့် အစီအစဉ်က နီးကပ်လာလေလေ၊ သူမ၏ စိတ်ခံစားချက်များ ပိုမိုရှုပ်ထွေးလာလေလေပင်။
ကျွင်းရှောင်ယောက်၏ အမူအရာမပြောင်းလဲဘဲ အနည်းငယ် ပြုံးလိုက်သည်။
"တကယ်တော့ ငါဂရုမစိုက်ဘူး"
“အိုး"
လူဝင်စားဗုဒ္ဓ၏ မျက်လုံးများက အရောင်လက်သွားသည်။
"မင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီနတ်ဘုရားသားတော်အတွက် ထူးခြားမှုမရှိဘူးလေ"
"မြေပြင်ပေါ်က ပုရွက်ဆိတ် ခုနစ်ကောင်လိုပဲ။ လမ်းသွားရင်း သေနိုင်တဲ့ ပုရွက်ဆိတ်တွေကိူ အဖြူလား အမည်းလားဆိုတာ ဘယ်သူက ကြည့်နေမှာလဲ"
ကျွင်းရှောင်ယောက်၏ စကားကြောင့် အားလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
အားလုံး၏မျက်နှာက အံ့အားသင့်မှုတို့ ပြည့်နေပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်၏။
ကောင်းကင်ဘုံမှ ခန့်အပ်ထားသော ဆန့်ကျင်ခြင်းဧကရာဇ် ခုနစ်ပါးတွင် တစ်ဦးစီက ကူတိကျစ်နှင့် လင်ယွမ်ကဲ့သို့ မကောင်းဆိုးရွားများ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ပါးစပ်ထဲမှာတော့ ပုရွက်ဆိတ် ခုနစ်ကောင်သာ ဖြစ်လာပြီ။
တစ်ဖက်လူများ၏ အထောက်အထားကို ရှာဖွေရန်ပင် မလိုပါ။
သူလမ်း၌ ရပ်နေပါက မည်သူဖြစ်ပါစေ နင်းသတ်ခံရမည်။
ယင်းက မည်သို့သောမာနမျိုး ဖြစ်သနည်း။
ဘယ်လောက်တောင် မာနကြီးသနည်း။
ခေတ်ကာလတစ်လျှောက်လုံးတွင် ကျွင်းရှောင်ယောက်က ဤကဲ့သို့ ကောင်းကင်ဘုံကို မထီမဲ့မြင်ပြုဝံ့သော တစ်ဦးတည်းသောသူ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ရန်ဘက် အနေအထားတွင်ရှိနေသည့် လင်ယွမ်ပင်လျှင် ကျွင်းရှောင်ယောက်၏ လွှမ်းမိုးချုပ်ကိုင်ထားသောသဘောထားကြောင့် တုန်လှုပ်သွားခဲ့သည်။
'ငါမနိုင်ဘူး...'
လင်ယွမ် သူမ၏ နှလုံးသားထဲမှ အလိုလို ညည်းညူလိုက်မိသည်။
ထိုသို့သောလူက အရှုံးပေးမှသာ ရှုံးနိုင်သည်။
မဟုတ်ပါက မည်သူ့ကိုမျှ မရှုံးနိမ့်ပေ။