← Chapters

အခန်း ၈၆၇

Vol. 58 Ch. 867

အခန်း ၈၆၇

Vol. 58 Ch. 867

အခန်း ( ၈၆၇ ) တစ်ဦးတည်း ထွက်ခွာသည်၊ ကျူးရှန်းဓားပြ ရွယ်ယွဲ့နှင့် ထပ်မံတွေ့ဆုံခြင်း။

ကျွင်းရှောင်ယောက်၏ စကားများက အလွန်မောက်မာသည်။

သို့ရာတွင် ထူးဆန်းသည်က ကျွင်းရှောင်ယောက်ကို မာနကြီးသည်ဟု မည်သူမျှ မခံစားရပေ။

ဆန့်ကျင်ဘက်အနေဖြင့် ယင်းကို သာမန်ကိစ္စဟု ခံစားခဲ့ရသည်။

အကြောင်းမူ၊ ကျွင်းရှောင်ယောက်က အံ့ဖွယ်အမှုများကို အလုံအလောက် ဖန်တီးထားခဲ့သောကြောင့်ပင်။

ထို့ကြောင့်ပင်၊ လူတိုင်းက ကျွင်းရှောင်ယောက်နှင့် ကောင်းကင်ကြားမှ အလောင်းအစားတွင် မည်သူအနိုင်ရမည် သို့မဟုတ် ရှုံးမည်ကို စောင့်မျှော်နေခဲ့ကြသည်။

ကျွင်းရှောင်ယောက်၏ ကြီးစိုးသော စကားက လူဝင်စား ဗုဒ္ဓကိုလည်း အနည်းငယ် အံသြသွားစေခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် သူသည် သူ၏ယခင်ဘဝမှ ဉာဏ်ပညာတစ်စိတ်တစ်ပိုင်းကို နိုးကြားလာစေပြီ ဖြစ်သည်။

သို့သော်လည်း သူ့ခေတ်မှာပင် ကျွင်းရှောင်ယောက်ကဲ့သို့ ပြိုင်ဘက်ကင်းသူကို မတွေ့ခဲ့ရပါ။

ကောင်းကင်နှင့် ရင်ဆိုင်ဝံ့သူဆိုလျှင် လုံးဝ မရှိခဲ့ပေ။

"ဒကာတော်ကျွင်းရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်က အထင်ကြီးစရာပါပဲ။ ဒီရဟန်း ပြောနိုင်တာကတော့ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးမှာ ငါ မပါဘူး"

လူဝင်စားဗုဒ္ဓက လက်အုပ်ချီကာ ပြောလိုက်သည်။

သူ၏ ဝန်ခံခြင်းက လူအများ၏ စိတ်ထဲမှာ သံသယများကို ဖယ်ရှားပေးမည်မှာ အသေချာပင်။

လူဝင်စားဗုဒ္ဓကက ယင်းကိုလိမ်မည်ဟု မည်သူမှ မထင်ခဲ့ပါ။

အမှန်တော့ ဘုန်းကြီးများက မလိမ်ကြပေ။

"ကောင်းပါတယ်၊ ငါ ဗုဒ္ဓဝါဒီ ပါရမီရှင်တချို့ကို သတ်ပြီးပြီ၊ နောက်ထပ် လူသတ်မှုတွေ ထပ်မကျူးလွန်ချင်တော့ဘူး"

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

အနောက်ဘက် နိဗ္ဗာန်ဘုံ၏ ဖာဟိုင်၊ ကျောက်စိမ်းဗုဒ္ဓနှင့် အခြားသူများအားလုံး သူ့လက်ထဲတွင် ကျဆုံးခဲ့ရ၏။

ထိုစကားကိုကြားတော့ လူတိုင်း တိတ်ဆိတ်သွားပြန်သည်။

တားမြစ်ပါရမီရှင်များက ကျွင်းရှောင်ယောက်ရှေ့တွင် ကြက်ကလေး၊ ငှက်ကလေးကဲ့သို့ အရေးမပါတော့ပေ။

"နတ်ဘုရားသားတော်၊ မင်းဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

မုန့်ကျန်းက ရှေ့သို့လှမ်းကာ ပြောလိုက်သည်။

လူတိူင်းက ဝေဝါးဝါးဖြင့် ကျွင်းရှောင်ယောက်ကို ခေါင်းဆောင်တစ်ဦးဟု သတ်မှတ်ထားလိုက်ပုံ ရ၏။

"ရှန်းရွှီကမ္ဘာမှာ ကမ္ဘာ့သစ်ပင် ဘယ်မှာလဲ"

ကျွင်းရှောင်ယောက်က မေးသည်။

"အဇူရာဧကရာဇ်ကြယ်လို့ခေါ်တဲ့ ဂြိုလ်တစ်ခုအတွင်းက ရှန်းရွှီကမ္ဘာရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ရှိနေတယ်လို့တော့ ငါကြားပါတယ်"

"ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ အဇူရာဧကရာဇ် ချန်ထားခဲ့တဲ့ တံဆိပ်ကို ဘယ်သူမှ မချိုးဖျက်နိုင်ဘူး"

မုန့်ကျန်း ပြန်ဖြေလိုက်၏။

ကျွင်းရှောင်ယောက်လည်း ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"တံဆိပ်ကို ချိုးဖျက်ခဲ့တဲ့ ဒုစရိုက်အတွေးအားလုံး အဇူရာဧကရာဇ်ကြယ်မှာ စုဝေးသင့်တယ်။ အဲဒါက တိုင်းတပါးနဲ့ ငါတို့ရဲ့ နောက်ဆုံး စစ်မြေပြင်လည်း ဖြစ်လာလိမ့်မယ်"

ကျွင်းရှောင်ယောက်၏ စကားက လေထုကို အနည်းငယ် လေးလံသွားစေခဲ့သည်။

ယခင်က ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများမှာ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များစွာကို စိတ်မတည်မငြိမ် ဖြစ်စေခဲ့သည်။

သူတို့မပြောနှင့်၊ တားမြစ်ပါရမီရှင်များပင် ကျဆုံးရလိမ့်မည်။

ရှန်းရွှီကမ္ဘာကတောင် ဤမျှ ရက်စက်နေလျှင်...

ဝေးလံခေါင်သီသော တိုင်းတပါးပြည်ရှိ တကယ့်စစ်မြေပြင်က သွေးသံတရဲရဲနှင့် မည်မျ ရက်စက်မည်ကို စိတ်ကူးကြည့်ရန် ခက်ခဲသည်။

တိုင်းတစ်ပါးမှ နယ်စပ်ကို ဖြတ်ကျော်နိုင်ပါက မည်သို့သော ကပ်ဆိုးမျိုး ဖြစ်လာမည်ကို မည်သူမျှ တွေးကြည့်နိုင်မည်မဟုတ်ပေ။

"ကောင်းပြီလေ၊ မင်းတို့ အရင်ဆုံး တခြားဒုစရိုက်အတွေးတွေ တံဆိပ်ခတ်ထားတဲ့နေရာကို အရင်သွားရှာနိုင်ပါတယ်။ ငါလုပ်စရာတစ်ခုရှိတယ်"

ကျွင်းရှောင်ယောက် ပြောလိုက်သည်။

သူက အဖွဲ့မှ ထွက်ခွာတော့မည်။

အဖွဲ့တွင် ရှိနေလျှင်ပင် သူက ငါးဖမ်းခြင်းသာ ဖြစ်သည်။ တံဆိပ်ကိုချိုးဖျက်ရန် တိုင်းတပါး၏အစီအစဉ်ကို တားဆီးမည် မဟုတ်ပေ။

"ကောင်းပါပြီ"

မုန့်ကျန်း ခေါင်းညိတ်သည်။

ကျွင်းရှောင်ယောက်၏ ဆုံးဖြတ်ချက်ကို သူတို့ သဘာဝအတိုင်း နာခံလိမ့်မည်။

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ထွက်သွားတော့မည်။

"ရပ်လိုက်"

အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ကျွင်းရှောင်ယောက် ခေတ္တရပ်လိုက်ပြီးနောက် တစ်ချက် စောင်းငဲ့ကြည့်လိုက်၏။

"ဧကရာဇ်ငယ်လင်ယွမ် ဘာကိစ္စရှိလို့လဲ"

လင်ယွမ်က သူမ၏ အနီရောင်နှုတ်ခမ်းများကို တိတ်တဆိတ်ကိုက်လိုက်ပြီး ပြောလိုက်သည်။

"နင် ဘယ်သွားမလို့လဲ"

"ဒီနတ်ဘုရားသားတော် ဘယ်ကိုသွားမယ်၊ ဘယ်ကိုလာမယ်ဆိုတာ မင်း ဧကရာဇ်ငယ်လင်ယွမ်ကို သတင်းပို့ဖို့ လိုသေးလို့လား"

အတန်ငယ်ဝေးကွာပြီး လျစ်လျူရှုသော သဘောထားကြောင့် လင်ယွမ် အနည်းငယ် မပျော်မရွှင်ဖြစ်သွား၏။

ကျွင်းရှောင်ယောက်သည် သူမကို မြင်ဖူးသည့် တစ်ဦးတည်းသောလူဖြစ်ပြီး ယခုအခါ သူမကို ဤကဲ့သို့ ဆက်ဆံနေသည်။

"ငါ့ကို အထင်မမှားနဲ့ဦး။ ဒီဧကရီက နင့်ကို တိုင်းတပါးသားတွေလက်နဲ့ မသေစေချင်ရုံပဲ။ မဟုတ်ရင် ငါ အရမ်စိတ်ပျက်ရလိမ့်မယ်"

"ဟားဟားဟား..."

ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ရယ်ပြီး ဘာမျှမပြောဘဲ ထွက်သွားတော့သည်။

"ကောင်းပြီ၊ ငါတို့လည်း တခြား တံဆိပ်ခတ်ထားတဲ့ နေရာတွေကို သွားကြရအောင်။ တိုင်းတပါးရဲ့ အစီအစဉ်ကို မအောင်မြင်စေရဘူး"

မုန့်ကျန်း လက်သီးဆုပ်ပြီး အော်ပြောလိုက်သည်။

သူတို့အဖွဲ့လည်း တံဆိပ်ခတ်ထားသည့်နေရာကို ရှာဖွေရန် အတူတကွ ချီတက်ခဲ့တော့သည်။

...........

ကျွင်းရှောင်ယောက်ကတော့ ပျင်းရိစွာဖြင့် ကြယ်ကောင်းကင်တွင် လျှောက်သွားနေခဲ့သည်။

သူ့စိတ်ထဲမှာတော့ ဒုစရိုက်အတွေးအားလုံး တံဆိပ်ကိုချိုးဖျက်ပြီး အဇူရာဧကရာဇ်ကြယ်တွင် စုရုံးမည့်အချိန်ကို စောင့်မျှော်နေမိ၏။

ထိုအချိန်က စစ်မှန်သည့် နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မည်။

တိုင်းတစ်ပါးနှင့် အင်မော်တယ်နယ်မြေကြီးကြားမှ ကစားပွဲ။

ကောင်းကင်နှင့် သူ၏ အလောင်းအစား။

အရာအားလုံး ထိုနေရာတွင် ရှိနေကာ နိဂုံးချုပ်ကြလိမ့်မည်။

ထို့နောက် ကျွင်းရှောင်ယောက်ဟာ ရှန်းရွှီ ကမ္ဘာတစ်ဝှမ်းသို့ ဆက်လက် လှည့်လည်ခဲ့သည်။

အကယ်၍ တိုင်းတပါးသတ္တဝါအချို့နှင့် တွေ့လျှင်တော့ ၎င်းတို့ကို ချက်ခြင်းသတ်ခဲ့လိမ့်မည်။

ခုနစ်ရက်၊ ရှစ်ရက်ခန့်ကြာသောအခါ၊ ကျွင်းရှောင်ယောက်က ရှန်းရွှီကမ္ဘာထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ဤအခိုက်တွင် ကျွင်းရှောင်ယောက် ရုတ်တရက်ရပ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ထွက်ခဲ့"

လေဟာပြင်ထဲမှ လှပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။

ယင်းမှာ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ရှုံးမဲ့နေသော မျက်နှာဖုံးကိုဝတ်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။

သူမလက်ထဲမှာလည်း သူ့အရပ်ထက် ပိုရှည်သော သေမင်းတံစဉ်ကောက်ကို ကိုင်ထားသေးသည်။

သူမ၏ သွယ်လျသော ခြေလက်များမှာလည်း အဖြူရောင် ပတ်တီးအချို့ ပတ်စည်းထား၏။

ကျူးရှန်းဓားပြ ရွယ်ယွဲ့ ဖြစ်ချေသည်။

ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော အမူအရာဖြင့် ကြည့်လိုက်သည်။

"မင်း တစ်ယောက်တည်းနဲ့ သေချင်နေတာလား"

ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါး တပြိုင်နက်တည်း လှုပ်ရှားမှသာ အခွင့်အရေးနည်းနည်းရှိမည် ဖြစ်သည်။

ယခုကဲ့သို့ ရွယ်ယွဲ့တစ်ဦးတည်း ပေါ်လာခြင်းက သေချင်နေတာပဲ မဟုတ်လား။

နောက်ဆုံးတစ်ခေါက်က၊ သင်္ချိုင်းဧကရာဇ်ကြယ်မှာပင် ကျန်းလော့လီကို သွားရောက်ရှာဖွေရ‌ခြင်းကြောင့် မဟုတ်ပါက...

ရွယ်ယွဲ့သည် သူ့လက်မှ မလွတ်မြောက်နိုင်ပေ။

ဟုတ်သည်၊ ယခုအခါ ရွယ်ယွဲ့၏ အရှိန်အဝါက အလွန်ကြောက်စရာကောင်းနေပြီ။ တာအိုခန္ဓာများနှင့် သွေးမျိုးဆက်အမျိုးမျိုးတို့ကို သူမ၏ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်ထားသည်။

အရာအားလုံးကို ဝါးမျိုတော့မည့် တွင်းနက်တစ်ခုကဲ့သို့ ကစဉ့်ကလျားနှင့် ကြောက်စရာကောင်းသော ရောင်ဝါကို သယ်ဆောင်လာ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ဂရုမစိုက်သေးပေ။

"ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါး လျှို့ဝှက်တွေ့ဆုံခဲ့ကြတယ်။ ကူတိကျစ်က ဦးဆောင်ပြီး နင့်ကို ကြံစည်လိမ့်မယ်"

ရွယ်ယွဲ့ ပြောလိုက်သည်။

"အဲဒီတော့..."

ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲပေ။

"ငါလည်း အချက်အလက်ကို သတင်းပို့ထားတယ်။ အဲဒီ တော်ဝင်မျိုးနွယ်တွေ၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ် ဒါမှမဟုတ် အင်မော်တယ်ဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်တွေ ပေါ်လာတဲ့အခါ နင်က ပစ်မှတ်ထားပြီး နှိမ်နင်းခံရမဲ့ ပထမဆုံးသူ ဖြစ်လာလိမ့်မယ်"

ရွယ်ယွဲ့က ဆက်ပြောသည်။

"အဲဒီတော့..."

ကျွင်းရှောင်ယောက်က စကားတစ်ခွန်းသာ ပြောနေဆဲပင်။

"ငါတို့ ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးမှာ ပေါင်းစပ်တိုက်ခိုက်ဖို့ အရမ်းကြောက်စရာကောင်းတဲ့ ဝင်္ကပါတစ်ခုရှိတယ်။ နင်... ခုခံဖို့ လုံးဝခက်ခဲလိမ့်မယ်"

ပြောရင်း ရွယ်ယွဲ့၏လေသံမှာ မတည်ငြိမ် ဖြစ်လာသည်။

သူမက အများကြီးပြောနေသော်လည်း ကျွင်းရှောင်ယောက်က အဘယ်ကြောင့် ငြိမ်နေသေးသနည်း။

ဤအဆင့်ကို မည်သူမျှ မခံနိုင်လောက်ပါ။

ကျွင်းရှောင်ယောက်က ဘယ်အတွက် ဤမျှလျစ်လျူရှုထားပါသနည်း။

သူမ မမြင်နိုင်တော့ပေ။

သို့သော်...

သူမ၏မှတ်ဉာဏ်ထဲမှ အစ်ကိုဖြစ်သူနှင့် ခပ်ဝါးဝါး ဆင်တူသည့် မျက်နှာကို ကြည့်လိုက်တော့ သူမစိတ်ထဲတွင် တုံ့ဆိုင်းသွားခဲ့သည်။

"အခု ရှန်းရွှီကမ္ဘာကနေ နင်ထွက်သွားရင် ရှင်သန်ဖို့ နည်းလမ်း ရှိကောင်းရှိလိမ့်မယ်"

ရွယ်ယွဲ့က ခဏလောက် နှုတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း နက်နဲသော မျက်လုံးများဖြင့် သရဲမျက်နှာဖုံးနှင့် မိန်းကလေးကို ကြည့်လိုက်၏။

အချိန်အတော်ကြာပြီးမှ သူ မေးလိုက်သည်။

"ဘာကြောင့်လဲ"

ရွယ်ယွဲ့ပြောသော ပူးပေါင်းကြံစည်မှုနှင့် အကြံအစည်များကို သူ ဂရုမစိုက်ပါ။

သို့ရာတွင် သူ အနည်းငယ် နားမလည်ဘဲ သိချင်နေမိသည်။

ရွယ်ယွဲ့က တိုင်းတစ်ပါးမှ လူတစ်ဦးဖြစ်သလို သွေးမျိုးဆက်များကို စုပ်ယူနိုင်သော ကျူးရှန်းဓားပြလည်း ဖြစ်သည်။

ယုတ္တိဗေဒအရ၊ သူ့ကိုသေစေကာ သူ၏ မြင့်မြတ်ခန္ဓာ၊ သွေးနှင့် အနှိုင်းမဲ့အရိုးတို့ကို ဝါးမြိုချင်နေသင့်ပေသည်။

သို့ရာတွင် ရွယ်ယွဲ့က ဘာကြောင့် ယခုကဲ့သို့ ပေါ်လာပြီး ပြောပြနေသနည်း။

ရွယ်ယွဲ့ တိတ်ဆိတ်သွားသည်။

လေထုက ငြိမ်သက်နေခဲ့၏။

ရွယ်ယွဲ့ အသက်ပြင်းပြင်းမရှူမီ အချိန်မည်မျှကြာသွားမသိတော့ပေ။

သူမကိုကြည့်ရသည်မှာ အတိတ်ကို ပြန်သတိရစေရန် သတ္တိများ စုဆောင်းနေပုံရသည်။

ထို့နောက် သူမ၏ သွယ်လျသော ကျောက်စိမ်းလက်တစ်ဖက်ကို မြှောက်ကာ မျက်နှာပေါ်ရှိ ရှုံ့မဲ့နေသော သရဲမျက်နှာဖုံးကို ချွတ်လိုက်သည်။

ရုတ်တရက် လက်ရာမြောက်သော ပန်းချီလက်ရာကဲ့သို့ မျက်နှာအသွင်အပြင်တစ်ခု ကျွင်းရှောင်ယောက်၏ မျက်လုံးရှေ့တွင် ပေါ်လာခဲ့၏။

ထိုကဲ့သို့ လှပသော မျက်နှာလေးက ချစ်စရာ ကောင်းလွန်းလှသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ အာရုံကို ဖမ်းစားနိုင်ဆုံးက ရွယ်ယွဲ့၏ မျက်လုံးထောင့်မှ သွေးရောင်မှဲ့ ဖြစ်သည်။

ယင်းက သွေးမျက်ရည်တစ်စက်ကဲ့သို့ပင်။

ယင်းက ရွယ်ယွဲ့၏ ချစ်စရာကောင်းသော အလှကို တစ်မျိုးပြောင်းစေခဲ့သည်။

"ငါနင့်ကို ပုံပြင်တစ်ပုဒ် ပြောချင်တယ်။ နင် နားထောင်ချင်ရဲ့လား"

ရွယ်ယွဲ့ တိုးတိတ်စွာ ပြောလိုက်လေသည်။

All Chapters