← Chapters

အခန်း ၈၇၀

Vol. 58 Ch. 870

အခန်း ၈၇၀

Vol. 58 Ch. 870

အခန်း ( ၈၇၀ ) လူတစ်ဦးက လူတစ်သောင်းကို ဆန့်ကျင်နိုင်သည်။

ဒုစရိုက်အတွေးခုနစ်ပါးတွင် လေးခုက အဇူရာဧကရာဇ်ကြယ်သို့ ရောက်နေပြီ ဖြစ်သည်။

သူတို့က အဇူရာဧကရာဇ်ကြယ်အထက် ကောင်းကင်တွင် တင်ပျဉ်ခွေထိုင်ကာ ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်ရင်း အတားအဆီးတံဆိပ်ကိုဖျက်ဆီးရန် ကြိုးစားနေကြ၏။

သို့သော်လည်း ယခုက အချိန်မကျသေးပါ။

ဒုစရိုက် ခုနစ်ပါးစလုံး ရောက်ရှိလာမည်ကို စောင့်မျှော်ရဦးမည် ဖြစ်သည်။

ထို့နောက် ဒုစရိုက်အတွေးများက တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး လွှမ်းမိုးနေသော မိစ္ဆာအတွေးအဖြစ်ပြောင်းလဲ၍ အဇူရာဧကရာဇ်၏ တံဆိပ်ကိုချိုးဖျက်ကာ ကမ္ဘာ့သစ်ပင်ကို သိမ်းပိုက်ကြလိမ့်မည်။

ထို့နောက်တွင်၊ ကမ္ဘာ့သစ်ပင်ကိုရရှိသော ဒုစရိုက်အတွေးက ရှန်းရွှီကမ္ဘာတစ်ခုလုံးကို ဖြတ်သန်းသွားမည် ဖြစ်သည်။

ထိုအချိန်ကိုရောက်လျှင်တော့ နယ်စပ်ကို ချိတ်ပိတ်ရန် အလွန်တရာ ခက်ခဲတော့မည်။

တိုင်းတပါးမှ စစ်အင်အားက အလုံးအရင်းဖြင့် ချီတက်လာနိုင်သည်။

အင်မော်တယ်နယ်မြေကြီးတွင် ဖိနှိပ်ရန် နိယာမများရှိသော်လည်း တိုင်းတပါးမှာ ကိုင်တွယ်ဖြေရှင်းရမယ့် နည်းလမ်းများ ရှိနိုင်၏။

မည်သို့ပင်ဆိုစေကာမူ၊ နယ်စပ် ကျိုးပေါက်သွားသရွေ့ အန္တရာယ်ကြီး တစ်ခု ဖြစ်နိုင်သည်။

ယင်းက မျှော်လင့်ထားသလို ကြီးမားသော အရာတစ်ခု ဖြစ်သည်။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က အလောင်းအစား ကြီးကြီးမားမား ပြုလုပ်နေခြင်း ဖြစ်ချေသည်။

"ငါမအောင်မြင်ရင် နယ်နိမိတ် ကျိုးသွားလိမ့်မယ်၊ ပြီးတော့ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးရဲ့ အပြစ်သားလို့ သတ်မှတ်ခံရလိမ့်မယ်"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

သူသည် ဒုစရိုက်အတွေးများ လွတ်မြောက်ခြင်းမှ တားဆီးနိုင်စွမ်းရှိသော်လည်း ခွင့်မပြုခဲ့ပေ။

အမာရွတ်လေးခုသခင်ကြီးနှင့် အခြားသူများသိပါက၊ သူ့ကို စိတ်ပျက်သွားကြမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အစီအစဉ်အတိုင်း ဖြစ်လာရင်တော့...

ဒုစရိုက်အတွေးများကဲ့သို့ လျှို့ဝှက်အန္တရာယ်ကို လုံးလုံးလျားလျား ဖြေရှင်းနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်ကို သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးကြလိမ့်မည်။

ထိုအရာက လူ့နှလုံးသား ဖြစ်သည်။

မိမိကိုယ်တိုင်က ဘာမျှမလုပ်ပေးသော်လည်း ပျင်းရိခြင်းမရှိဘဲ အတင်းအဖျင်း ထိုင်ပြောတတ်သည့် ရပ်ကွက်အတွင်းမှ စီစီတီဗွီများကဲ့သို့ ဖြစ်ချေသည်။

ထိုသို့ ပတ်ဝန်းကျင်မှ အပ်နှင်းထားသော နာမည်ဂုဏ်သတင်းကို ကျွင်းရှောင်ယောက်ကလည်း ဂရုမစိုက်ပါ။ သူ့အစီအစဉ် အောင်မြင်ရေးကိုသာ ဂရုစိုက်သည်။

"လောလောဆယ်တော့ အဇူရာဧကရာဇ်ကြယ်ကိုဝင်ဖို့ မဖြစ်နိုင်သေးဘူးထင်တယ်"

ကျွင်းရှောင်ယောက်က အနည်းငယ် ချဉ်းကပ်ကြည့်လိုက်သည်။

အဇူရာဧရာဇ်ကြယ်တစ်ဝိုက်မှ တံဆိပ်ခတ်ထားသည့် အတားအဆီးက ဒုစရိုက်လေးပါး ရောက်ရှိလာခြင်းကြောင့် အနည်းငယ် ယိမ်းယိုင်သွားသည်ကို တွေ့လိုက်ရ၏။

သို့သော်လည်း ဝင်ရန်ခက်ခဲနေသေးသည်။

ကျွင်းရှောင်ယောက်က ခဏတာ စောင့်ကြည့်ရန် စိတ်ကူးနေချိန်တွင်...

ဟိုးအဝေး ကြယ်ကောင်းကင်၏ နက်နဲရာအရပ်မှ အရှိန်အဝါများစွာ ထွက်ပေါ်လာခဲ့သည်။

"တိုင်းတပါးက အင်အားတွေလား"

ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

မရေမတွက်နိုင်သော ပုံရိပ်များ အဝေးမှ ပေါ်လာတော့သည်။

တိုင်းတပါးမှ အင်အားစုများ အမှန်တကယ် ဖြစ်သည်။

အဓိပဓိတစ်ပိုင်းနှင့် သူတော်စင်သခင် အရှိန်အဝါများလည်း ရှိ၏။

ယင်းမှာ အလွန်အင်အားကြီးသော အဖွဲ့တစ်ခု ဖြစ်သည်။

'သူတို့လည်း ဒီကမ္ဘာ့သစ်ပင်အတွက် လာကြတာလား'

ကျွင်းရှောင်ယောက် သူ့ဘာသာသူ တွေးလိုက်မိသည်။

သို့ရာတွင်၊ သူက သူ့အသွင်အပြင်ကို ဖုံးကွယ်မထားပါ။

ထို့ကြောင့် တိုင်းတပါးသား အင်အားစုများက ကျွင်းရှောင်ယောက်ကို ချက်ချင်း သတိပြုမိလိုက်သည်။

"အင်မော်တယ်နယ်မြေကြီး ကျင့်ကြံသူပဲ"

"သူက တစ်ယောက်တည်းကို ထွက်မပြေးသေးဘူးလား"

"စိတ်ဝင်စားစရာပဲ၊ သူ့ ကံကြမ္မာကို လက်ခံလိုက်ပုံရတယ်"

လေထဲတွင် ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ရပ်နေသည်။ သူ့အသွင်မှာ သူတို့ရောက်လာခြင်းကို ဂရုမစိုက်သလိုပင်။

တိုင်းတပါးသားများ အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်ကြသည်။

"ကျွင်းသခင်လေး၊ ငါတို့ ပြန်တွေ့ကြပြန်ပြီ"

အသံကိုကြား၍ ကျွင်းရှောင်ယောက် လှမ်းကြည့်လိုက်တော့ ရင်းနှီးသောရုပ်သွင်ကို မြင်လိုက်ရ၏။

တုရှန်ရှောင်ရှောင်း ဖြစ်သည်။

သူမအပြင် ကြွေလွင့်ဖီးနစ်နတ်ဆိုးမျိုးနွယ်မှ ဟွမ်နျဲ့ထျန်းနှင့် မိစ္ဆာနဂါးမျိုးနွယ်မှ မျက်လုံးကိုးလုံး မိစ္ဆာနဂါးတို့လည်း ရှိသေးသည်။

ဖူမော့မျိုးနွယ်မှ ဖူယောင်လည်း ပါဝင်သည်။

သူတို့အားလုံးက ကမ္ဘာသစ်ပင်ကြောင့် လာခဲ့ကြသည်မှာ ထင်ရှားပေသည်။

ဒုစရိုက်အတွေးများ၏ ပေါင်းစပ်မှုနှင့် ရှန်းရွှီကမ္ဘာကို ဖျက်ဆီးခြင်းကိုလည်း သူတို့ကိုယ်တိုင် မျက်မြင်တွေ့နိုင်သည်။

"အိုး၊ ဒီလူက ကျွင်းရှောင်ယောက်လား"

ဖူယောင်က အေးစက်စက် မျက်လုံးများဖြင့် ကျွင်းရှောင်ယောက် ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း ဖူယောင်ကိုကြည့်ကာ မျက်မှောင်ကြုတ်သွား၏။

ဖူယောင်က ငယ်ရွယ်သော်လည်း သူ၏ ကျင့်ကြံခြင်းမှာ၊ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များထက် များစွာ အားကောင်းသည့် အဓိပဓိတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"ငါတို့ တိုင်းတပါးရဲ့ ချီရှောင်းမျိုးနွယ်က ချီလင်ခုန်းကို မင်း သတ်လိုက်တာလား"

မျက်လုံးကိုးလုံး မိစ္ဆာနဂါးက ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်။ သူ့မျက်နှာပေါ်ရှိ မျက်လုံးကိုးလုံးက အေးစက်သော အလင်းရောင်များဖြင့် တောက်ပလာ၏။

ကျွင်းရှောင်ယောက်က တိုင်းတပါးမှ ပါရမီရှင်များစွာကို တစ်ဦးတည်း သတ်ခဲ့သည်။

ထို့ကြောင့်ပင်၊ သူက တိုင်းတစ်ပါး၏ မဖြစ်မ‌နေ သတ်ပစ်ရမည့် စာရင်းတွင် ပါဝင်နေပြီ။

လက်ရှိ တိုင်းတပါး၏ အင်အားများတွင် တော်ဝင်မျိုးရိုး၊ ဧကရာဇ်တစ်ပိုင်းနှင့် အင်မော်တယ်ဧကရာဇ်မျိုးနွယ်တို့ ပါဝင်သည်။

မျိုးဆက်သစ်လူငယ်များအပြင် မျိုးနွယ်အသီးသီးမှ အဓိပဓိတစ်ပိုင်းများလည်း ရှိသေးသည်။

ဤစွမ်းအားက အလွန်ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။

ယခုတော့ ကျွင်းရှောင်ယောက်က ဤအင်အား အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နေပြီ။

လူတစ်ဦးက လူတစ်သောင်းကို ဆန့်ကျင်နိုင်သည်။

ကျွင်းရှောင်ယောက်၏ မျက်နှာက တည်ငြိမ်မှုရှိပေသည်။

သူ ရင်ဆိုင်နေရသည့်အရာက ရက်စက်ကြမ်းကြုတ်သော တိုင်းတပါးတပ်များ မဟုတ်ဘဲ ပုရွက်ဆိတ်အုပ်ဟု သတ်မှတ်ထားပုံရသည်။

"ဒီလူကို ငါ သတ်ပါရစေ"

တိုင်းတစ်ပါးမှ လူတစ်ဦးက တိုက်ရိုက် လှုပ်ရှားခဲ့သည်။

၎င်းက အနက်ရောင်သင်္ကန်းကို ၀တ်ဆင်ထားသည်။ ခေါင်းတုံးပြောင်ဖြစ်ပြီး ခေါင်းပေါ်တွင် အစက်ကလေး ခြောက်ခု ရှိ၏။

သူ့ကိုကြည့်ရသည်မှာ ရဟန်းတစ်ပါးနှင့်ပင် တူသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် နတ်ဆိုးအမှတ်အသားများ ရှိ၏။ အကန့်အသတ်မဲ့ ဆိုးသွမ်းသော ရောင်ဝါဖြင့် အမှောင်စွမ်းအင်များလည်း လွင့်နေသေးသည်။

၎င်းက အမှောင်ရဟန်းမျိုးနွယ်၏ လူငယ်ပါရမီရှင် ဖြစ်သည်။

ဤရဟန်းမျိုးရိုးသည် အင်မော်တယ်နယ်မြေကြီးရှိ ဗုဒ္ဓဝါဒီများမှ ပုန်ကန်ပြီး တိုင်းတပါးကို ဝင်ရောက်သွားခြင်းဖြစ်သည်ဟူသော ကောါဟာလများ ရှိပေသည်။

"ကောင်းကင်ဘုံကဗြဟ္မာနတ်ဆိုး ဟိန်းသံ"

အမှောင်ရဟန်းမျိုးနွယ်မှ ရဟန်းက ဟိန်းဟောက်လိုက်သည်။

ရှုပ်ထွေးပြီး ရှေးကျသော နိယာမများနှင့် အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။

ရှေ့မှ လေဟာပြင်က အက်ကွဲသွားပြီး ကြယ်ပွင့်များလည်း တိုက်ရိုက် ပျက်သုဉ်းသွားတော့သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက် အရိပ်အမြွက်တို့ ပေါ်လာကာ ရှေ့သို့တိုးသွားသည်။

အသံလှိုင်းများက ပျံ့နှံ့လာ‌သော်လည်း သူ့အနီးကိုမကပ်နိုင်ဘဲ ပျောက်ကွယ်သွား၏။

ယင်းက စွမ်းအင်ခုခံကာကွယ်ခြင်း ဖြစ်သည်။

"ဝုန်း"

ကျွင်းရှောင်ယောက်က ကြယ်များနှင့် နဂါးငွေ့တန်းကဲ့သို့ ဧရာမ လက်ဝါးကြီးတစ်ဖက်ကို ထုတ်ဖော်လိုက်သည်။

သူတော်စင်သခင်နယ်ပယ်သို့ ချိုးဖြတ်ပြီးနောက် ကျွင်းရှောင်ယောက်ဟာ အဓိပဓိတစ်ပိုင်းနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိ၏။

ဤပုရွက်ဆိတ်မျိုးကိုတော့ အထူးပြောနေရန်ပင် မလိုပေ။

"အား"

အော်သံတစ်ခု ထွက်ပေါ်လာပြီး အမှောင်ရဟန်းမှာ သွေးမြူများအဖြစ်သို့ တိုက်ရိုက် ကြေမွသွားတော့သည်။

"ငါလာပြီ"

လျှပ်စီးကဲ့သို့ အရိပ်တစ်ခုက ကျွင်းရှောင်ယောက်ဆီသို့ ပြေးလာသည်။

ယင်းမှာ အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါဖြစ်၏။

သူ့ ခန္ဓာကိုယ်က ခြေထောက်တစ်ရာရှိသော ကင်းခြေများကဲ့သို့ ဖြစ်သည်။

ရှေ့ပိုင်းတစ်ခြမ်းကတော့ ရှိခိုးကောင်တစ်ကောင်ကဲ့သို့ဖြစ်ပြီး ထက်သော ကောင်းကင်ဓားပမာ လက်နှစ်ဖက် ရှိ၏။

ဤသည်မှာ ရှိခိုးကောင်နှင့် ကင်းခြေများ ပေါင်းစပ်မှုကဲ့သို့ ထူးခြားဆန်းပြားသော ရှိခိုးကောင် တော်ဝင်မျိုးနွယ် ဖြစ်သည်။

ရှိခိုးကောင် တော်ဝင်မျိုးနွယ်က ထိပ်တန်းတော်ဝင်မျိုးနွယ်ဆယ်စုတွင် မပါဝင်သော်လည်း ထိပ်တန်းတော်ဝင်မျိုးနွယ် တစ်ရာမှာ အဆင့်နှစ်ဆယ်အတွင်း အဆင့်သတ်မှတ်ခံရဆဲဖြစ်သည်။

ရှိခိုးကောင်တော်ဝင်မျိုးနွယ်မှ ဤလူက လျှပ်စီးလက်သကဲ့သို့ မယုံနိုင်လောက်အောင် လျင်မြန်သည်။

"ရွှစ်"

ကောင်းကင်ဓားကဲ့သို့ ချွန်ထက်သော လက်နှစ်ဖက်ဖြင့် ကျွင်းရှောင်ယောက်ကို ခုတ်လိုက်၏။

ဤမျိုးနွယ်စုက မှော်ရတနာများကို အသုံးမပြုပါ။

အကြောင်းမှာ၊ သူတို့၏ ဓားလက်များက ထိပ်တန်းရတနာများနှင့် နှိုင်းယှဉ်နိုင်သော သံမဏိ၊ နတ်ရွှေ အမျိုးမျိုးဖြင့် ပေါင်းစပ်ထားသော အစွမ်းထက်ဆုံးလက်နက် ဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့လက်နှစ်ချောင်းနှင့် ရှိခိုးကောင် တော်ဝင်မျိုးနွယ်၏ ဓားလက်ကို ရင်ဆိုင်လိုက်သည်။

"ထန်..."

သံသံချင်း ထိခတ်သံတစ်ခု ထွက်ပေါ်လာပြီး မီးပွားများ နေရာအနှံ့ ပျံ့လွင့်သွား၏။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ရှိခိုးကောင်မျိုးနွယ်ဝင် လူငယ် တုန်လှုပ်သွားခဲ့သည်။

သူ၏ ဓားသွားလက်နှစ်ဖက်က အတားအဆီးမရှိဘဲ ခုတ်ထစ်လိုက်သရွေ့ ပြိုင်ဘက်ကို အပိုင်းပိုင်းပြတ်သွားစေခဲ့စမြဲ ဖြစ်သည်။

သို့သော်လည်း၊ သူ့ရှေ့မှ အင်မော်တယ်နယ်မြေကြီး၏ လူငယ်ကတော့ လက်ဗလာဖြင့် သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ခဲ့သည်။

"ရွှစ်"

ကျွင်းရှောင်ယောက်၏ လက်ချောင်းက အင်မော်တယ်သတ်ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။ လျှပ်တပြက်အတွင်း ဓားအလင်းက လူငယ်၏ဦးခေါင်းကို တိုက်ရိုက်ထိုးဖောက်ကာ ရှေးဦးဝိညာဉ်ကိုပင် ပျက်သုဉ်းသွားစေခဲ့တော့သည်။

ထို့နောက်တွင် တော်ဝင်မျိုးနွယ်မှ လူတစ်ဒါဇင်ကျော်က ဆက်တိုက် လှုပ်ရှားခဲ့ကြသည်။

အဓိပဓိတစ်ပိုင်း တိုင်းတပါးသားများ ရှိနေသော်လည်း မလှုပ်ရှားကြပါ။

အကြောင်းမှာ သူတို့က မိုက်မဲ၍မဟုတ်ဘဲ တိုင်းတပါးသားများမှာ သန်မာကြခြင်းကြောင့် ဖြစ်သည်။

မျိုးဆက်သစ်များ၏ အရှက်တရား မျိုးဆက်သစ်လူငယ်များသာ ဆေးကြောရမည်။

ထို့ကြောင့် တော်ဝင်မိသားစုမှ အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်များက စောင့်ကြည့်နေခဲ့သည်။ အင်မော်တယ်နယ်မြေကြီးမှ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကို သုတ်သင်ပြီး တိုင်းတစ်ပါးမှ ပါရမီရှင်များ၏ စွမ်းအားကို ပြသရန် မျှော်လင့်ထားပေသည်။

သို့သော်...

ပွဲဆက် တစ်ဒါဇင်ကျော် ဆက်တိုက်လှုပ်ရှားပြီးသည့်တိုင်...

ကျွင်းရှောင်ယောက်ကချည်း တော်ဝင်မျိုးနွယ်မှ ပါရမီရှင် တစ်ဒါဇင်ကျော်ကို သတ်ခဲ့သည်။

အားလုံး တိတ်ဆိတ်သွားခဲ့သည်။

တိုင်းတစ်ပါးမှ အဓိပဓိတစ်ပိုင်းများပင်လျှင် တုန်လှုပ်သွားမိ၏။

ဤမျှကြောက်စရာကောင်းသော မကောင်းဆိုးရွားက အင်မော်တယ်နယ်မြေကြီးမှာ ဘယ်အချိန်က ပေါ်လာခဲ့သနည်း။

"သူသာ ကြီးပြင်းလာရင် ဒုတိယမြောက် အဖြူရောင်ဝတ် သတ်ဖြတ်ခြင်းနတ်ဘုရား ဖြစ်လာမှာကို ငါကြောက်တယ်..."

တိုင်းတပါး၏ အဓိပဓိတစ်ပိုင်း လူတစ်ဦးထံမှ သတ်ဖြတ်လိုစိတ်များ စတင်ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် ကျွင်းဝူဟွေ့တစ်ဦး ပေါ်လာမည်ကို သူ ခွင့်မပြုနိုင်ပေ။

"ငါလုပ်လိုက်မယ်"

မျက်လုံးကိုးလုံး မိစ္ဆာနဂါးက ရှေ့သို့ထွက်လာခဲ့သည်။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၏ ပါရမီရှင်တစ်ဦးအနေဖြင့် မျက်လုံးကိုးလုံး မိစ္ဆာနဂါး၏ အဆင့်အတန်းမှာ ယခင်တော်ဝင်မျိုးနွယ်၏ ပါရမီရှင်များ နှိုင်းယှဉ်ရန် ဝေးကွာလွန်းလှသည်။

"ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုရဲ့ ပါရမီရှင် လှုပ်ရှားပြီဟေ့။ သူကတော့ ကျွင်းရှောင်ယောက်ကို သေချာပေါက် သတ်နိုင်လိမ့်မယ်"

မျက်လုံးကိုးလုံး မိစ္ဆာနဂါး ထွက်လာသည်အား မြင်ရသောအခါ တိုင်းတပါးမှ ပါရမီရှင်များ စိတ်လှုပ်ရှားသွားခဲ့ကြသည်။

ကျွင်းရှောင်ယောက် အသက်ရှင်နေသရွေ့ သူတို့တိုင်းတပါးမှ မျိုးဆက်သစ်လူငယ်များ မျက်နှာပျက်ရလိမ့်မည်။

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက လှောင်ပြောင်သရော်ဟန်ဖြင့် တွန့်ကွေးသွားခဲ့သည်။

ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်ဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။

သူ့အမြင်တွင် အားလုံးက စဉ်းတီတုံးပေါ်မှ ငါးများ ဖြစ်ကြသည်။ ကျွင်းရှောင်ယောက်က တုံးနှင့်ထုသတ်ရန် အဆင်သင့်‌ဖြစ်နေပြီ။

တိုက်ပွဲ စတင်ခါနီးတွင်...

ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုက အဝေးမှ ရုတ်တရက် ထွက်ပေါ်လာသည်

တောက်ပသော ရွှေကြာပန်းက ကောင်းကင်မှ ဖြတ်သန်းလာခဲ့၏။

ပဉ္စမမြောက် ဒုစရိုက်အတွေး ပေါ်လာပြီ။

ဤဒုစရိုက်အတွေး ရောက်ရှိလာသည်နှင့် တပြိုင်နက်၊ အဇူရာဧကရာဇ်ကြယ်၏ အပြင်ဘက်အစွန်းရှိ တံဆိပ်က အမှန်တကယ် တုန်လှုပ်လာခဲ့သည်။

ထို့နောက်မှာတော့ အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။

All Chapters