အခန်း ၈၇၁
Vol. 59 Ch. 871
အခန်း ( ၈၇၁ ) အဇူရာဧကရာဇ်ကြယ်ထဲသို့ နက်နက်နဲနဲ ဝင်ခြင်း၊ နောက်ဆုံးတော့ ကမ္ဘာ့သစ်ပင် ပေါ်လာပြီ။
တောက်ပသော ရွှေကြာပန်းက အဇူရာဧကရာဇ်ကြယ်အထက် ကောင်းကင်ယံ၌ ပေါ်လာခဲ့သည်။
သူက အခြား ဒုစရိုက်အတွေး လေးခုနှင့်အတူ တင်ပျဉ်ခွေထိုင်လိုက်၏။
ဤဒုစရိုက်အတွေးက ဒုစရိုက်ခုနစ်ပါးတွင် မောက်မာခြင်းကို ကိုယ်စားပြုသော နေမင်း ရွှေကြာပန်း ဖြစ်သည်။
ပဉ္စမမြောက် ဒုစရိုက်အတွေး ရောက်လာပြီ။
အဇူရာဧကရာဇ်ကြယ်တစ်ခုလုံးလည်း တုန်လှုပ်စပြုလာခဲ့သည်။
ဘေးပတ်ပတ်လည်ရှိ လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်သည်လည်း လှိုင်းလုံးများနှင့် လှုပ်ခတ်လာ၏။
ထို့နောက်တော့ အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။
ဤမြင်ကွင်းက အခြေအနေကို ချက်ချင်းပြောင်းသွားစေခဲ့သည်။
ယခင်က အမြဲတည်ငြိမ်မှုရှိခဲ့သော ဖူယောင်လည်း ဤအချိန်တွင် အေးအေးဆေးဆေး မနေနိုင်တော့ပေ။
အက်ကြောင်းတစ်ခု ပွင့်သွားသည်။ ဆိုလိုသည်မှာ သူတို့က ကြိုတင်ဝင်၍ ကမ္ဘာ့သစ်ပင်ကို သိမ်းပိုက်ရန် ကြိုးပမ်းခွင့်ရှိနေပြီ။
"ဒီကောင့်ကို အရင်သတ်ပြီးမှ အဇူရာဧကရာဇ်ကြယ်ထဲကို ဝင်မယ်"
တိုင်းတပါးမှ အဓိပတိတချို့ကတော့ သတ်ဖြတ်ချင်စိတ်များ ရှိနေဆဲ ဖြစ်သည်။
မူလက သူတို့သည် တိုင်းတပါးမှ မျိုးဆက်သစ်လူငယ်များအတွက် ကျွင်းရှောင်ယောက်ကို ခြေနင်းကျောက်အဖြစ် အသုံးပြုလိုခဲ့သည်။
ယခုတော့ အဇူရာဧကရာဇ်ကြယ်ကို ဝင်ရောက်ခြင်းက အခြားအရာများထက် အရေးကြီးဆုံး ဖြစ်နေပြီ။
ကမ္ဘာသစ်ပင်အပြင်၊ အဇူရာဧကရာဇ်ကြယ်တွင် ဝှက်ထားသော အခြားရတနာများပင် ရှိကောင်းရှိနိုင်သည်။
"ဝုန်း"
တိုင်းတပါးမှ အဓိပဓိတစ်ပိုင်း လူတစ်ယောက်က ကောင်းကင်ကို အက်ကွဲသွားစေနိုင်သော စွမ်းအားမျိုးဖြင့် ကျွင်းရှောင်ယောက်ဆီကို လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။
"ဟမ့်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများ အေးစက်သွားသည်။
သူ့လက်ကို မြှောက်လိုက်သည်နှင့် သူ၏ ရွှေရောင်သွေးနှင့် စွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွားပြီး ရွှေရောင်နဂါးကြီး ဖြစ်လာ၏။
လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာ လက်သီးသိုင်း။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။
ကမ္ဘာမြေကို လှုပ်ခါပြီး ကွဲအက်စေနိုင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
ထိုအဓိပဓိ၏ လက်တစ်ဖက်မှာ သွေးမြူများအဖြစ်သို့ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
"ဘယ်လိုလုပ်ပြီး..."
တိုင်းတစ်ပါးမှ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ကျွင်းရှောင်ယောက်က တော်ဝင်မျိုးနွယ်များမှ ပါရမီရှင်များကို ချေမှုန်းခြင်းအား သူတို့ နားလည်ပေးနိုင်သည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က ကျွင်းဝူဟွေ့၏ မျိုးဆက်ဖြစ်ပြီး ကျားဖခင်တွင် ကြွက် သား မရှိပါ။
ယခုမူ၊ လှုပ်ရှားခဲ့သူက အဓိပဓိတစ်ပိုင်း ဖြစ်သည်။
"ဒါ…"
ဟွမ်နျဲ့ထျန်းနှင့် မျက်လုံးကိုးလုံး မိစ္ဆာနဂါးတို့လည်း သူတို့၏ နှလုံးသားထဲတွင် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။
ဖူယောင်၏ အကြည့်များလည်း ရုတ်တရက် စူးရှလာပြီး ယခင်က တည်ငြိမ်သော အကြည့်မျိုး မရှိတော့ပေ။
ကောင်းကင်ဘုရင်ဆယ်ပါးထဲမှ တစ်ပါး သူ့အဆင့်အတန်းနှင့် အဓိပဓိတစ်ပိုင်း ကျင့်ကြံခြင်းအခြေခံအရ...
အမှန်အတိုင်းဆိုရလျှင် ဖူယောင်က ကျွင်းရှောင်ယောက်ကို သူနှင့် အဆင့်တူဟု လုံးဝ မသတ်မှတ်ခဲ့ပေ။
ယခုတော့ သူဟာ အင်မော်တယ်နယ်မြေကြီးမှ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကို လျှော့တွက်လိုက်မိပုံရသည်။
တုရှန်ရှောင်ရှောင်း၏ လှပသော မျက်လုံးများဆိုလျှင် ပို၍ပင် လင်းလက်တောက်ပလာတော့သည်။
ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် ပြီးပြည့်စုံသော လူတစ်ယောက်ဖြစ်သည်။
သူမ၏ စိတ်ထဲတွင် သူ့ကို တိုင်းတစ်ပါးသို့ ပြန်ပေးဆွဲသွားရန်ပင် စီစဉ်နေပြီ။
"ချီးပဲ..."
ဒဏ်ရာရသွားသော အဓိပဓိတစ်ပိုင်းမှာ ဒေါသတကြီး ဖြစ်သွားသည်။
တိုင်းတပါးမှ အခြား အဓိပဓိတစ်ပိုင်း ကျွမ်းကျင်သူများလည်း ယခင်ကထက် မျက်လုံးများ အေးစက်လာတော့သည်။
ကျွင်းရှောင်ယောက် ပြသနေသော အင်အားနှင့် အရည်အချင်းအရ အနာဂတ်တွင် တိုင်းတပါးအတွက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်ကြောင်း သက်သေပြနေပြီ။
"သတ်"
အဓိပတိတစ်ပိုင်း ကျွမ်းကျင်သူအားလုံး ဟိန်းဟောက်ပြီး တပြိုင်နက်တည်း လှုပ်ရှားခဲ့ကြသည်။
ဤခြိမ်းခြောက်မှုကို ကြီးထွားမလာခင် တိုက်ရိုက် ချေမှုန်းပစ်ချင်သည်။
ကျွင်းရှောင်ယောက်၏ အမူအရာကတော့ အစမှ အဆုံးထိ မပြောင်းလဲပေ။
ဤအခိုက်အတန့်တွင် ဟိုးအဝေး ကောင်းကင်ယံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
"မင်းတို့ တိုင်းတစ်ပါးက လူယုတ်မာတွေ နတ်ဘုရားသားတော်ကို တိုက်ခိုက်ဝံ့တယ်။ စေချင်နေကြပြီလား"
ဒေါသတကြီး ကြိမ်းမောင်းသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာ၏။
တစ်ဖက်မှ လူအုပ်ကြီးက သူတို့ဆီသို့ ပြေးလာခဲ့သည်။
ယင်းက အင်မော်တယ်နယ်မြေကြီးမှ အဖွဲ့များပင်။
မုန့်ကျန်းနှင့် အခြား အဓိပဓိတစ်ပိုင်း စစ်သူရဲများက တိုင်းတစ်ပါး၏ အဓိပဓိတစ်ပိုင်းများကို ချက်ချင်း ရင်ဆိုင်တိုက်ခိုက်လိုက်ကြသည်။
ကျွင်းရှောင်ယောက် လှည့်ကြည့်လိုက်တော့ အဖွဲ့များစွာ စုပေါင်းလာခြင်းဖြစ်ကြောင်း မြင်လိုက်ရ၏။
ကူတိကျစ်၊ လင်ယွမ်၊ လုံယောက်အာ၊ ကျိတောက်ရီ၊ ကျိချင်းရီ၊ ယွီဟွာဝမ်၊ ယွီယွင်ရှန့်...
အဖွဲ့အများစု စုဝေးခဲ့ကြသည်။
အင်မော်တယ်နယ်မြေကြီးမှ လူများကလည်း ဒုစရိုက်အတွေးများ တံဆိပ်ကို ချိုးဖျက်နိုင်ကြောင်း ခန့်မှန်းပြီးသည်မှာ ထင်ရှားသည်။
ယခုတော့၊ သူတို့က အဇူရာဧကရာဇ်ကြယ်သို့ လာရောက်ပြီး ဒုစရိုက်အတွေးများ ပေါင်းစည်းကာ ကမ္ဘာ့သစ်ပင် မရရှိစေရန် အစွမ်းကုန်ကြိုးစားကြရန်သာ တတ်နိုင်တော့သည်။
သို့သော်လည်း ဒုစရိုက်အတွေးများနှင့် မဆက်ဆံမီ၊ တိုင်းတစ်ပါးသားများနှင့် ကိုင်တွယ်ရန် လိုအပ်နေဆဲ ဖြစ်သည်။
ကျွင်းရှောင်ယောက်က တုံ့ဆိုင်းမနေဘဲ အဇူရာဧကရာဇ်ကြယ်၏ တံဆိပ်ခတ်ထားသောနေရာမှ အက်ကြောင်းဆီသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။
သူက ကမ္ဘာ့သစ်ပင်ကို အရယူရန် ရည်မှန်းထားပေသည်။
တိုင်းတစ်ပါးမှ ဖူယောင်၊ တုရှန်ရှောင်ရှောင်း၊ မျက်လုံးကိုးလုံး မိစ္ဆာနဂါး၊ ဟွမ်နျဲ့ထျန်းနှင့် အခြားပါရမီရှင်များလည်း ယင်းကိုမြင်သောအခါ ပြေးသွားခဲ့ကြသည်။
"သွားကြစို့"
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များကလည်း အက်ကွဲကြောင်းကို သဘာဝအတိုင်း သတိပြုမိ၏။ သူတို့အားလုံး အလင်းတန်းများကဲ့သို့ အက်ကြောင်းဆီကို ပြေးသွားကြတော့သည်။
နှစ်ဖက်စလုံးမှ ကျန်ရှိသော ကျွမ်းကျင်သူများကတော့ တစ်ဖက်နှင့်တစ်ဖက် တားဆီးရန် စတင်တိုက်ခိုက်လိုက်ကြသည်။
ခဏချင်းမှာပင် အဇူရာဧကရာဇ်ကြယ် ပတ်ဝန်းကျင်မှာ ပြင်းထန်သော ပေါက်ကွဲသံများနှင့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။
တိုက်ပွဲကြီးတစ်ခု စတင်ခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဟင်းလင်းပြင်ခုန်ကျော်သကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။
ခဏချင်းပင်၊ အဇူရာဧကရာဇ်ကြယ်သို့ ရောက်လာခဲ့၏။
ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အပင်မျိုးစုံကို မြင်လိုက်ရသည်။
ရှေးဟောင်းသစ်ပင်ကြီးများကလည်း ထူထဲစွာ ပေါက်ရောက်နေ၏။
နှစ်သောင်းချီ သက်တမ်းရှိသော ဆေးပင်များကလည်း ချောက်ကမ်းပါးများကြားတွင် ပေါက်ရောက်နေသေးသည်။ တောက်ပသော နတ်ပန်းပွင့်များနှင့် မွှေးကြိုင်သော ရနံ့တို့က လူများကို လန်းဆန်းသွားစေခဲ့သည်။
ဤဆေးပင်များက အလွန် အဖိုးတန်ပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ တိုက်ရိုက် လျစ်လျူရှုခဲ့သည်။
လက်ရှိမှာတော့ သူ့မှာ ကမ္ဘာ့သစ်ပင်ကို ရယူရန် ပန်းတိုင်တစ်ခုသာ ရှိတော့သည်။
ကျွင်းရှောင်ယောက်က ပထမဆုံး လှုပ်ရှားသူဖြစ်ပြီး အဇူရာဧကရာဇ်ကြယ်သို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
သူ့နောက်မှာတော့ အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတပါးမှ ပါရမီရှင်များက အနီးကပ် လိုက်လာကြ၏။
ကျွင်းရှောင်ယောက်၏ အမြန်နှုန်းဖြင့် မိနစ်ပိုင်းအတွင်းမှာပင် အဇူရာဧကရာဇ်၏ နက်နဲရာသို့ ရောက်ခဲ့သည်။
ထိုနေရာတွင် ကြီးမားသော အက်ကြောင်းတစ်ခု ရှိသည်။ အတွင်းမှ ထူးခြားသော အငွေ့အသက်များလည်း ထွက်ပေါ်လျက်ရှိ၏။
ကျွင်းရှောင်ယောက်လည်း ကမ္ဘာ၏ လျှို့ဝှက်စွမ်းအားကို ခံစားလိုက်ကြရသည်။
"ကမ္ဘာ့သစ်ပင်ရဲ့တည်နေရာ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာကာ ရှေ့သို့လှမ်းလိုက်သည်။
"ဝှစ်"
ရုတ်တရက်၊ နှင်တံများကဲ့သို့ နွယ်ပင်များက ကျွင်းရှောင်ယောက်ထံ တိုးဝင်လာ၏။
အဓိပဓိတစ်ပိုင်း ကျွမ်းကျင်သူပင်လျှင် သတိမထားမိပါ ဒဏ်ရာရရှိသွားနိုင်သည်။
ကျွင်းရှောင်ယောက်က သူ့လက်နှစ်ချောင်းကို ဓားအဖြစ်သုံးကာ မြက်သဏ္ဍာန်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
ထက်မြက်ကာ တောက်ပသော ဓားအလင်းများ ထွက်ပေါ်လာ၏။
ဓားအလင်းက နွယ်ပင်ကို အပိုင်းပိုင်း ဖြတ်တောက်သွားတော့သည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က အက်ကြောင်းအတွင်းသို့ လျင်မြန်စွာ ဆင်းသက်သွားခဲ့သည်။
ယခုလေးတင် တိုက်ခိုက်ခဲ့သည်က သူတော်စင်သခင်နယ်ပယ် အငွေ့အသက်များရှိသော နွယ်ပင်တစ်ပင် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ မြင်နိုင်စွမ်းဖြင့် ယင်းမှာ သာမန်နွယ်ပင်တစ်ခုဖြစ်ကြောင်း သဘာဝအတိုင်း မြင်နိုင်ပေသည်။
သို့သော်လည်း ကမ္ဘာ့သစ်ပင်၏ အငွေ့အသက်များဖြင့် စိမ့်ဝင်သွားပြီးနောက်မှာ အလွန်အားကောင်းလာခဲ့သည်။
ယင်းမှ ကမ္ဘာ့သစ်ပင်၏ ဖန်တီးမှုစွမ်းအားကို မြင်နိုင်သည်။
ကျွင်းရှောင်ယောက် အချိန်မဖြုန်းတော့ပါ။ သူဝောာ်စင်သခင်နယ်ပယ် နတ်ဆိုးနွယ်ပင် ချက်ချင်း သတ်လိုက်သည်။
ထို့နောက်တော့ ကျွင်းရှောင်ယောက်ဟာ ပို၍ နက်နဲစွာ ဝင်သွားတော့သည်။
ဤအက်ကြောင်း ချိုင့်ဝှမ်းအောက်တွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်နိယာမ ချို့ယွင်းချက်များနှင့် မပြည့်စုံသော ရှေးဟောင်းပုံစံများ ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။
အကယ်၍ သတိမထားမိပါက ချက်ချင်း အသတ်ခံရခြင်း သို့မဟုတ် အခြားနေရာသို့ ပို့ဆောင်ခံလိုက်ရလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့်၊ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်အသိက အလွန်အစွမ်းထက်သည်။ ဤအတားအဆီးများက သူ့အတွက် ဘာမှမဟုတ်ပေ။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က အက်ကြောင်း ချိုင့်ဝှမ်းအောက်ခြေသို့ အရောက်လှမ်းခဲ့သည်။
အတွင်းပိုင်းကို ပို၍ နက်ရှိုင်းလာသည်နှင့်အမျှ ကမ္ဘာ့စွမ်းအားက ဒီရေကဲ့သို့ တိုးလာသည်။
ဤချိင့်ဝှမ်း အောက်ခြေသည် အဇူရာဧရာဇ်ကြယ် မြေအောက် အတွင်းပိုင်းအတွင်းသို့ပင် ရောက်လုလုနီးပါးရှိ၏။ ဤတွင် မြေအောက်ကမ္ဘာကြီးကဲ့သို့ လှိုဏ်ဂူတစ်ခု ရှိပေသည်။
ကမ္ဘာ့စွမ်းအား ဆင်းသက်လာသော အရင်းအမြစ်မှာတော့ ဖော်မပြနိုင်အောင် ခမ်းနားထည်ဝါသော သစ်ပင်ကြီးတစ်ပင် တည်ရှိခဲ့သည်။
နဂါးငွေ့တန်းက ၎င်းကို ဝန်းရံထားကာ ကြယ်များကတော့ စိန်ပွင့်များကဲ့သို့ မျက်နှာပြင်ပေါ်တွင် အလှဆင်ထားလေသည်။
ကစဉ့်ကလျား အငွေ့အသက်များကလည်း ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသည်။
၎င်းကို ဗဟိုပြုပြီး အားကောင်းသည့် ကမ္ဘာ့စွမ်းအားက အရပ်ရပ်သို့ တဟုန်ထိုး ထွက်ပေါ်နေခြင်း ဖြစ်ချေသည်။
ဤရှေးဟောင်းသစ်ပင်က စကြဝဠာကြီး၏ ဗဟိုမှ မွေးဖွားလာပုံရသည်။
သစ်ရွက်တစ်ရွက်က ကမ္ဘာတစ်ခု ဖြစ်၏။
"ကမ္ဘာ့သစ်ပင်၊ ငါ တွေ့ပြီ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ယခင်ကထက် ပိုမိုတောက်ပလာတော့သည်။