အခန်း ၈၇၃
Vol. 59 Ch. 873
အခန်း ( ၈၇၃ ) လုံယောက်အာ ထပ်မံဖြုတ်ခံရခြင်း၊ ကျိတောက်ရီ လှုပ်ရှားခြင်း။
ကူတိကျစ်၏ စကားက လေထုကို လုံးဝ တင်းမာသွားစေခဲ့သည်။
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များစွာလည်း ထူးဆန်းသောအမူအရာများ ရှိနေကြပြီး အချို့ အံ့သြသွား၏။
ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်မှာ ကူတိကျစ်က ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ပါမည်လော။
တိုင်းတစ်ပါးသား သတ္တဝါများသည်ပင် အနည်းငယ် ကြောင်အသွားကြသည်။
ပုံမှန်ဆိုလျှင်၊ ဤသည်က အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတပါးကြားမှ တိုက်ပွဲဖြစ်သင့်သည် မဟုတ်လား။
ယခုတော့ အင်မော်တယ်နယ်မြေကြီးတွင် အတွင်းရေးပဋိပက္ခများ ရှိနေပုံရသည်။
"စိတ်ဝင်စားစရာပဲ..."
ဖူယောင်၏ မျက်လုံးများက ကျေနပ်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
သူက အလျင်စလို မပြုမူတော့ပါ။
ဤအခြေအနေဟာ သူ လုံးဝမမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သည်။
"ကူတိကျစ်၊ မင်း တကယ်မိုက်မဲတာပဲ"
ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်၏ မျက်လုံးများလည်း အေးစက်သွားကြသည်။
ဤအချိန်မျိုးတွင် ကူတိကျစ်က ကျွင်းရှောင်ယောက်ကို အမှန်တကယ် ပစ်မှတ်ထားခဲ့၏။
အခြားသူများက အခြေအနေကိုသုံးသပ်ပြီး အရေးကြီးတာကို ဦးစွာလုပ်ရန် ဆန္ဒရှိကြသည်။
ယခုတော့ ကူတိကျစ်က အခြေအနေကို လုံးဝ မသိသလိုပင်။
"ဟားဟားဟား၊ ကျွင်းရှောင်ယောက်က ထဝရကွဲလွဲမှုပဲ။ သူက ကောင်းကင်ကို အံတုပြီး အင်မော်တယ်နယ်မြေကြီးရဲ့ အလိုတော်တောင်မှ သည်းမခံနိုင်တော့ဘူး။ သူ့ကိုသတ်ဖို့ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကိုတောင် စေလွှတ်လိုက်တယ်"
"ငါ ကူတိကျစ်က ကောင်းကင်အလိုအတိုင်း ဧကရာဇ်ရာထူးတစ်ခုကို လက်ခံခဲ့သူပဲလေ။ ငါ သူ့ကိုသတ်ချင်တာက သဘာဝပဲ မဟုတ်လား"
"ကျွင်းရှောင်ယောက် သေဆုံးပြီးနောက် ကောင်းကင်ဘုံက ကောင်းကင်သရဖူကို ပေးအပ်လိမ့်မယ်။ အဲဒီအချိန်မှာ အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ဖို့ အင်မော်တယ်နယ်မြေကြီးရဲ့ ခေါင်းဆောင်အသစ်ကို သဘာဝအတိုင်း ရွေးချယ်ခံရလိမ့်မယ်"
ကူတိကျစ်က မျက်နှာကို မိုးမော့ကာ ရင်ကော့ပြီး ပြောလိုက်သည်။ သူပြောသည့် စကားတိုင်းက လေးနက်ပြီး ငြင်းခုန်ရန် ခက်ခဲလှပေသည်။
"ဟားဟားဟား၊ အင်မော်တယ်နယ်မြေကြီးက ခေါင်းဆောင်အဖြစ် မင်းကို မလိုချင်မှာ ငါကြောက်တယ်"
ကျွင်းရှောင်ယောက် လှောင်ပြောင်လိုက်သည်။ ကူတိကျစ်၏ သဘောထားကြောင့် သူက လုံးဝ မအံ့ဩပေ။
ထိုအစား ဤသည်မှာ သူ၏အစီအစဉ်အတွင်း၌ လုံးဝ ရှိနေခဲ့သည်။
ကူတိကျစ်က အလွန်မာနကြီးပြီး ရည်မှန်းချက်ကြီးသူဖြစ်သောကြောင့် သဘာဝအတိုင်း အကြာကြီးထိုင်နေမည် မဟုတ်ပေ။
ထို့ကြောင့် သူ တိုက်ခိုက်ချင်သည်။
ပေးဆပ်ရသည့်တန်ကြေးက မည်မျှ ကြီးမားပါစေ၊ ကံကြမ္မာအတွက် ကြိုးစားလိမ့်မည်။
"ငါ အရင်သွားမယ်"
ထိုစဉ်၊ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။
သူမက နှင်းဖြူ၀တ်စုံကို ၀တ်ဆင်ထားပြီး သွယ်လျသော ပေါင်တံရှည်များက ဝင်းပနေလေသည်။
ရှည်လျားသော ခရမ်းရောင်ဆံပင်များကလည်း ဖဲသားကဲ့သို့ ချောမွေ့တောက်ပြောင်နေသည်။
ချစ်စရာကောင်းသော မျက်နှာလေးကတော့ အလွန်ပြတ်သားပုံရ၏။ မြင့်မြတ်သော ရွှေခရမ်းရောင် ဖီးနစ်မျက်လုံးများမှာလည်း ပြင်းထန်သော တိုက်ခိုက်ချင်စိတ်များဖြင့် ပြည့်နှက်နေသေးသည်။
အသွင်ပြောင်းပြီးနောက် လုံယောက်အာ ဖြစ်သည်။
လုံယောက်အာမှာ ပုံပန်းသဏ္ဍာန် ပြောင်းလဲလာသလို အင်အားကလည်း အလွန်ကြီးမားလာပေသည်။
သူမက ကျွင်းရှောင်ယောက်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် အမြဲ ဆန္ဒရှိခဲ့သည်။
ဤသည်ကား အသျှင်တစ်ဦး၏ စွဲလမ်းမှုပင် ဖြစ်ချေသည်။
"ငါ့ကိုရှုံးနိမ့်ခဲ့တဲ့ စစ်သူကြီးပဲ။ မင်းရဲ့ သင်ခန်းစာကို မမှတ်မိတော့ဘူးထင်တယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အတိတ်က အတိတ်မှာကျန်ခဲ့ပြီ။ ဒီနေ့ အရာအားလုံးကို ငါ အသစ်ပြန်ရေးမယ်"
လုံယောက်အာက အများကြီး မပြောတော့ဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
သူမက လက်သီးဆုပ်ပြီး ကောင်းကင်ကို တုန်ခါစေနိုင်သော စွမ်းအားမျိုးဖြင့် ထိုးနှက်လိုက်၏။
အားကောင်းသော အသျှင်ခန္ဓာသွေးစွမ်းအင်များက ဒီရေကဲ့သို့ တဟုန်ထိုး တက်လာတော့သည်။
ကျွင်းရှောင်ယောက်က နတ်ဘုရင်တစ်ပါးကဲ့သို့ ခြေလှမ်းလိုက်သည်။ သူ ခြေတစ်ချက်လှမ်းလိုက်တိုင်း ဟင်းလင်းပြင်က တုန်ခါနေရ၏။
ကောင်းကင်ကိုလွှမ်းခြုံပြီး နေကို ဖုံးကွယ်ထားနိုင်ပုံရသည့် လက်ဝါးကိုဖြန့်လိုက်သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာစွမ်းအားနှင့် ထာဝရအင်မော်တယ်ခန္ဓာကို နတ်ဆင်တစ်သိန်းအင်အားက ထပ်မံ ထောက်ပံ့ပေးလိုက်သည်။ ထိုအခါ စွမ်းအားက နှစ်ဆပိုကြီးမားလာ၏။
"ဝုန်း"
လက်သီးတစ်ချက်ဖြင့် လုံယောက်အာ နောက်ဆုတ်သွားရသည်။ သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် မခံနိုင်လောက်သည့် အင်အားကိုလည်း ခံစားလိုက်ရလေသည်။
"ဘယ်လိုဖြစ်ရတာလဲ"
လုံယောက်အာ အံ့ဩသွားသည်။
သို့သော်၊ ကျွင်းရှောင်ယောက်က သူ့ကို တုံ့ပြန်ရန် အခွင့်အရေးမပေးပါ။
သူက လက်သီးချက် ထပ်မံထုတ်ဖော်လိုက်ရာ အဆုံးမဲ့ကမ္ပည်းများဖြင့် ခွန်ပန်တစ်ကောင် ဖြစ်ပေါ်လာခဲ့သည်။
"ဝုန်း"
လုံယောက်အာ သွေးတစ်ပွက်အန်ပြီး နောက်တစ်ကြိမ် လွင့်စဉ်သွား၏။
ဤတွင် သူမ၏ ဆံပင်များက အရိုင်းဆန်စွာ ကခုန်နေပြီး အားကြီးသည့် နဂါးအရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
သူ့နောက်တွင် ထိုက်ရွှီရှေးနဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ရွှေရောင် ရွှေနဂါး သွေးမျိုးဆက်စွမ်းအားက အနှိုင်းမဲ့စွမ်းအားကို ပေးစွမ်း၏။
"အနှိုင်းမဲ့ နဂါးဧကရာဇ်"
ဤအခိုက်အတန့်တွင်၊ လုံယောက်အာက ထောင်ပေါင်းများစွာသော နဂါးများကို လွှမ်းခြုံထားသည့် နဂါးဘုရင်မတစ်ပါးကဲ့သို့ ဖြစ်သည်။ သူမ၏ အရှိန်အဝါက အလွန်မြင့်မားပြီး ကြောက်စရာကောင်း၏။
ဤဖိအားအောက်တွင် ပါရမီရှင်များစွာတို့ အသက်ရှူရခက်သလို ခံစားလိုက်ကြရသည်။
"ဒါက ရွှေရောင် ရှေးနဂါး သွေးမျိုးဆက်ပါလား။ လုံယောက်အာက တကယ်ကို အံ့မခန်းပဲ"
ပါရမီရှင်တချို့ အော်ဟစ်လိုက်ကြသည်။
ကောင်းကင်အသျှင်ခန္ဓာနှင့် ရွှေရောင်ရှေးနဂါး သွေးမျိုးဆက်...
ဤအရည်အချင်းနှင့် ပါရမီက တကယ်ကို မယုံနိုင်လောက်အောင်ပင်။
ယင်းက မည်သည့် ပြိုင်ဘက်ကိုမဆို ကြောက်ရွံ့သွားစေနိုင်သည်။
သို့ရာတွင် ကျွင်းရှောင်ယောက်၏ မျက်လုံးများက တည်ငြိမ်နေဆဲ ဖြစ်၏။
သူ အချိန်မဆွဲလိုတော့ပါ။
သူက ခြေလှမ်းလိုက်ရာ သူ့နောက်မှာ ကြီးကျယ်ခမ်းနားပြီး အရှိန်အဝါကြီးသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
မြင့်မြတ်ခန္ဓာ ရူပါရုံ၊ အင်မော်တယ်ဘုရင်လင်းကျိုးထျန်း။
တစ်ဖက်တွင် ရှေးနဂါးမင်း၏ ရူပါရုံဖြစ်ပြီး အခြာတစ်ဖက်က အင်မော်တယ်ဘုရင် ရူပါရုံ ဖြစ်သည်။
အကယ်၍ ကမ္ဘာ့သစ်ပင်ကသာ ဟင်းလင်းပြင်ကို တည်ငြိမ်အောင် ထိန်းမထားနိုင်ပါက နေရာပြိုကျသွားလိမ့်မည်။
ကျွင်းရှောင်ယောက်က သူ့လက်နှစ်ချောင်းနှင့် အင်မော်တယ်သတ်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
အင်မော်တယ်ဘုရင် လင်းကျိုးထျန်း၏ ကောင်းချီးနှင့်အတူ၊ ဤဓားသိုင်း၏ စွမ်းအားက နှစ်ဆတိုးလာသည်။
တောင်လုံးတမျှ ဓားအလင်းက ကမ္ဘာ့နိယာမများကိုပင် ဖြတ်တောက်သွား၏။
"ဝုန်း"
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။
အဆုံးမရှိသော မီးခိုးနှင့် ဖုန်မှုန့်များတွင်...
အလင်းတန်းတစ်ခုက လှစ်ခနဲ ထွက်ပေါ်လာသည်။
ရွှေရောင်သွေးများဖြင့် စွန်းထင်းနေသော လှံတစ်လက် ဖြစ်၏။
ဤအရာမှာ အသျှင်ခန္ဓာဘိုးဘွားများ လက်ထက်က အသုံးပြုခဲ့သော ရှေးဟောင်း ရတနာဖြစ်ပြီး တစ်ချိန်က ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ထွင်းဖောက်ဝင်ရောက်ခဲ့ဖူးသည်။
ကြေးလှံက လျှပ်စီးကဲ့သို့ ကျွင်းရှောင်ယောက်၏ရင်ဘတ်ကို ထိုးချလိုက်၏။
ဤသည်မှာ လူများ သတိမထားမိသော သတ်ဖြတ်မှုတစ်ခုဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး ကြေးလှံကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်သည်။
ကြေးလှံက ပြင်းထန်စွာ တုန်ခါသွားပြီး အားကောင်းသော အင်အားများ ပေါက်ကွဲထွက်လာခဲ့၏။ ယင်းက ကျွင်းရှောင်ယောက်၏လက်ဈါးကို အနည်းငယ် ထုံကျဉ်သွားစေသော်လည်း ထို့ထက်မပိုခဲ့ပေ။
ကျွင်းရှောင်ယောက်က သူ့လက်ဝါးသို့ နတ်ဘုရားစွမ်းအင်များ ပို့လွှတ်ကာ ကြေးလှံဖြင့် လုံယောက်အာဆီသို့ ပစ်ထိုးလိုက်သည်။
"စွပ်"
ချွန်ထက်သော အရာတစ်ခုက အသားကို ထိုးဖောက်သွားသံ ကြားလိုက်ရ၏။
လူတိုင်း၏ တုန်လှုပ်နေသော မျက်လုံးများအောက်တွင် ကြေးလှံက လုံယောက်အာကို ထိုးဖောက်ကာ အဝေးမှ တောင်ပေါ်တွင် စိုက်ဝင်သွားတော့သည်။
တိုက်ခိုက်မှုက သေကွင်းသေကွက်ကို မထိသော်လည်း အတွင်းအင်္ဂါအစိတ်အပိုင်းများ ရောနှောနေသော သွေးများကို လုံယောက်အာ အန်ထုတ်လိုက်ရသေးသည်။
ဤအခိုက်တွင် သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်ပြီး မယုံနိုင်သလို ဖြစ်နေခဲ့သည်။
"ဒီနတ်ဘုရားသားတော် ပြောလိုက်မယ်၊ တစ်ရက် ခွေးဖြစ်ဖူးရင် တစ်သက်လုံး ခွေးပဲ"
ကျွင်းရှောင်ယောက် အေးစက်စက် ပြောလိုက်သည်။
ကြမ်းတမ်းသော ထိုစကားများက အပ်ချွန်များကဲ့သို့ လုံယောက်အာ၏နှလုံးသားကို နက်နဲစွာ ထိုးဖောက်ဝင်ရောက်သွား၏။
သူမ၏ အသိစိတ်များ ပျောက်ကွယ်ပြီး တာအိုနှလုံးသား ပြိုလဲတော့မည်။
ပထမအကြိမ် ရှုံးနိမ့်ခြင်းက လက်သင့်ခံနိုင်သည်။
သို့ရာတွင် ယခုက သွေးမျိုးဆက်နိုးထလာပြီး သူ့အင်အားများ ပို၍ အားကောင်းနေပြီ ဖြစ်၏။
သို့တိုင် ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်နေဆဲပင်။
ထို့အပြင် ဤနည်းလမ်းများက ပြတ်သားပြီး အရှက်စရာကောင်းသည်။
"သေခါနီးတာတောင် မာနကြီးသေးတာပဲ။ ကျွင်းရှောင်ယောက်၊ မင်းရဲ့ခွန်အားကို ငါခံစားကြည့်ပါရစေ"
ကျိတောက်ရီက ရှေ့သို့လှမ်းလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။
လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူ၊ တားမြစ်မိသားစု နောက်ခံများဖြင့်...
သူ၏ ခွန်အားမှာလည်း နားမလည်နိုင်အောင် ဖြစ်သည်။
"တော်လောက်ပြီ။ မင်းတို့ တကယ် တိုက်ခိုက်ချင်ရင် ငါတို့ရဲ့ သဘောထားကို အရင်မေးရမယ်"
ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်က ရှေ့ကိုလှမ်းလိုက်သည်။
ကျွင်းချင်းရန်၊ ကျွင်းရင်ဟွမ်နှင့် ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ လူများကတော့ ရှေ့သို့ ခြေလှမ်းမလှမ်းခဲ့ကြပေ။
အထူးသဖြင့်၊ ကျွင်းချင်းရန်၏ လှပသော မျက်လုံးများက ရှုပ်ထွေးသော အရိပ်အယောင်များ ရှိနေသည်။
သူသည် ကျွင်းရှောင်ယောက်ကို အလွန်ကျေးဇူးတင်ခဲ့သော်လည်း နောက်ဘာဖြစ်လာနိုင်သည်အား ကောင်းစွာသိပေသည်။
"ညီနောင်ကျွင်းက တစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ဘူး"
ယွီဟွာဝမိသည်လည်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းခဲ့သည်။
"ဟားဟားဟား၊ ဒါက ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးနဲ့ ကျွင်းရှောင်ယောက်ကြားက ကိစ္စပဲ။ တခြားသူတွေ ဝင်မစွက်ဖက်သင့်ဘူး"
အဓိပဓိ အင်မော်တယ်ခုံရုံးဘက်တွင် စန်းလီ၊ ယောင်ချင်း၊ ရှင်းလုနှင့် အင်မော်တယ်ခုံရုံး၏ အခြားပါရမီရှင်များက ကျွင်းလုံခန်းနှင့် အခြားသူများကို ရင်ဆိုင်လိုက်ကြသည်။
"ဟုတ်ပါတယ်၊ ငါလည်း ဒီပွဲမျိုးကို ကြည့်ချင်တယ်"
ဖူယောင်လည်း အနည်းငယ်ပြုံးလိုက်၏။
ဤပွဲမျိုးကို သူ ပထမဆုံး တွေ့ဖူးခြင်းဖြစ်၍ ရလဒ်ကို သဘာဝအတိုင်း မြင်လိုသည်။
ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်တို့၏ အမူအရာများ ပြောင်းသွားသည်။
ဤသို့ဆိုလျှင် အခြေအနေက ကျွင်းရှောင်ယောက်အတွက် အဆင်မပြေပေ။
"ကျွင်းရှောင်ယောက်၊ မင်း ဒီလောက်နာမည်ကြီးနေရတဲ့ အကြောင်းရင်းက တကယ်တမ်း ငါ မမွေးဖွားသေးလို့ဆိုတာ သိထားပါ"
ကျိတောက်ရီ၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။ အင်မော်တယ်စွမ်းအင်ဆယ်ခုက တပြိုင်နက်တည်း ထွက်ပေါ်လာ၏။
လူအတော်များများ အံ့အားသင့်ကာ တုန်လှုပ်သွားတော့သည်။
အင်မော်တယ်စွမ်းအင်ဆယ်ခု၊ သူက လူရောဟုတ်ရဲ့လား။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ဤမြင်ကွင်းကို မြင်သောအခါတွင် မတုန်လှုပ်သည့်အပြင်၊ သူ့မျက်လုံးများမှာ လှောင်ပြောင်သရော်မှု အရိပ်အမြွက်တို့ပင် ထွက်ပေါ်လာခဲ့သည်။