အခန်း ၈၇၄
Vol. 59 Ch. 874
အခန်း ( ၈၇၄ ) အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခု၊ ကျိတောက်ရီကို တစ်ချက်တည်းဖြင့် အနိုင်ယူခြင်း။
ယခုအချိန်တွင် ကျိတောက်ရီကို နဂါးများကဲ့သို့ အင်မော်တယ်စွမ်းအင်ဆယ်ခုက ဝန်းရံထားသည်။
ယင်းက အလွန် တောက်ပကာ ဖမ်းစားနိုင်စွမ်းရှိ၏။
"ကျိတောက်ရီက ကိုးခု ကန့်ကန့်သတ်ချက်ကို တကယ်ချိုးဖျက်လိုက်တာပဲ"
အင်မော်တယ်နယ်မြေကြီးဘက်မှ ပါရမီရှင်အချို့ အံ့သြသွားကြသည်။
ထိုကဲ့သို့သော ဘီလူးမျိုးက ခေတ်အဆက်ဆက်တွင် များစွာမရှိပေ။
“တကယ်ကို ဒါက လူ့သားအင်မော်တယ်ခန္ဓာ ဖြစ်ထိုက်ပါပေတယ်”
လူအချို့ကလည်း သက်ပြင်းချလိုက်ကြလေသည်။
လူသားအင်မော်တယ်ခန္ဓာက အလွန် အစွမ်းထက်သော တာအိုခန္ဓာတစ်ခု ဖြစ်သည်။ လူသားအင်မော်တယ်ခန္ဓာက အင်မော်တယ်စွမ်းအင်ကို လေ့ကျင့်ပြီး အင်မော်တယ်ခန္ဓာကို ဖော်ဆောင်နိုင်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ပတ်သက်လာလျှင် လူသားအင်မော်တယ်ခန္ဓာက ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာထက် များစွာ အားမနည်းပေ။
အင်မော်တယ်နယ်မြေကြီးမှ လူများအပြင်၊ တိုင်းတပါးသားများလည်း အံ့ဩတုန်လှုပ်သွားကြသည်။
"ဒီခေတ်ရဲ့ အပြိုင်ကမ္ဘာကြီးမှာ အင်မော်တယ်နယ်မြေကြီးက အထူးတည်ရှိမှု အတော်များများ မွေးထုတ်ခဲ့တာပဲ"
ဖူယောင် ရေရွတ်လိုက်သည်။
သို့ရာတွင်၊ အဓိပဓိတစ်ပိုင်းနယ်ပယ် သူ၏ ကျင့်ကြံခြင်းအခြေခံက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်အများစုထက် သာလွန်သည်။ ထို့ကြောင့် သူ့အမူအရာက အမြဲတမ်း မပြောင်းလဲခဲ့ပေ။
"ဒါက မင်းအားကိုးတဲ့အရာလား"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
သူ့အမြင်တွင် ကျိတောက်ရီက နောက်ဆုံးသူဌေးကြီးကို လှောင်ပြောင်နေသည့် အတွေ့အကြုံမရှိသေးသော ကစားသမားတစ်ယောက်ကဲ့သို့ပင်။
"ငါ့မှာလည်း ရှိတယ်"
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က လှုပ်ခါသွားသည်။
ရုပ်ခန္ဓာ အင်မော်တယ်စွမ်းအင်၊ အရာအားလုံး၏မိခင်ချီ အင်မော်တယ်စွမ်းအင်၊ ဆမ်ဆာရာ အင်မော်တယ်စွမ်းအင်၊ အပြစ်သား အင်မော်တယ်စွမ်းအင်၊ ကောင်းကင် အင်မော်တယ်စွမ်းအင်၊ မဟာတာအို အင်မော်တယ်စွမ်းအင်၊ ဝါးမျိုခြင်း အင်မော်တယ်စွမ်းအင်၊ သေခြင်းရှင်ခြင်း အင်မော်တယ်စွမ်းအင်၊ ဖန်ဆင်းခြင်း အင်မော်တယ်စွမ်းအင်၊ ကမ္ဘာ့အင်မော်တယ်စွမ်းအင်၊ သံလိုက်ဓာတ် အင်မော်တယ်စွမ်းအင်။
အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုက တပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့သည်။
အင်မော်တယ်နဂါး ဆယ့်နှစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်အနီးတွင် ပေါ်လာခဲ့၏။
ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်က ရှေးသမိုင်းမှ ထွက်ပေါ်လာသော အဖြူရောင်ဝတ် နတ်တစ်ပါးကဲ့သို့ပင်။
ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ဘယ်သူမှ အသံမထွက်နိုင်တော့ပေ။
အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုက လူအားလုံး၏ အသိအမြင် ဗဟုသုတကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။
အင်မော်တယ်စွမ်းအင်ဆယ်ခုက မိုးနှင့်မြေ၏ ကန့်သတ်ချက်များကို ချိုးဖျက်ခဲ့သည်ဟုဆိုလျှင်
ထိုအင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုကား အဘယ်နည်း။
မကောင်းဆိုးရွားလား။
ဘီလူးလား။
ယုတ္တိမတန်သူလား။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်၏ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကို ဖော်ပြရန် မည်သည့်စကားမျှ မရှိတော့သလို ခံစားလိုက်မိသည်။
အင်မော်တယ်နယ်မြေကြီးဖြစ်ဖြစ်၊ တိုင်းတပါးမှဖြစ်စေ... လူတိုင်း၏ စိတ်ထဲမှာ မိုးကြိုးထစ်ချူန်းသကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲနေခဲ့ပေသည်။
ဤခံစားချက်က သက်ရှိဒဏ္ဍာရီကို ရင်ဆိုင်ရသလိုမျိုး အစစ်အမှန်မဟုတ်သကဲ့သို့ ဖြစ်သည်။
အခြားသူများ မဆိုထားဘိ၊ ဖူယောင်၏ မျက်နှာမှာပင် အံ့အားသင့်မှုတို့ ပေါ်နေတော့သည်။
တိုင်းတပါးမှာပင် ကျွင်းရှောင်ယောက်လောက် သန်မာသူ များစွာမရှိပေ။
တုရှန်ရှောင်ရှောင်း၏ လှပသော မျက်လုံးများမှာလည်း ပို၍ပင် တောက်ပလာခဲ့သည်။
ထိုကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော အရည်အချင်းများက သူတို့ညီအစ်မငါးယောက်ကို အဆုံးစွန်အဆင့်အထိ မြှင့်တင်ပေးနိုင်မည်မှာ သေချာလှပေသည်။
"မဟုတ်ဘူး၊ ဒါ မဖြစ်နိုင်ဘူး။ ငါက လူသားအင်မော်တယ်ခန္ဓာ၊ ငါက အင်မော်တယ်စွမ်းအင်ကို လေ့ကျင့်ဖို့ အကောင်းဆုံးဖြစ်တဲ့ လူသားအင်မော်တယ်ခန္ဓာပဲ"
ကျိတောက်ရီ ချောက်ချားသွားသည်။
သူဟာ ကမ္ဘာကို တုန်လှုပ်စေရန်အတွက် အချိန်အတော်ကြာအောင် တံခါးပိတ်လေ့ကျင့်နေခဲ့သည်။
အမှန်လည်း သူ လုပ်နိုင်ခဲ့၏။
သူ မွေးဖွားလာပြီးနောက် အင်မော်တယ်စွမ်းအင်ဆယ်ခုဖြင့် ရှေးဟောင်းလမ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သူ့ကိုယ်သူ ခေတ်ပြိုင် ပါရမီရှင်ရေစီးကြောင်းကို ပြောင်းလဲစေပြီး အကြွင်းမဲ့ ဇာတ်ဆောင် ဖြစ်လာလိမ့်မည်ဟုပင် တွေးထင်ခဲ့သေးသည်။
ယခုမူကား...
ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်မှ အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုကိုကြည့်ကာ...
ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးသွားပြီး ကိုယ့်ကိုယ်ကိုပင် သံသယစိတ် ဝင်လာခဲ့သည်။
နောက်ဆုံးတော့ ကျွင်းရှောင်ယောက်က လူမဆန်လွန်းပေ။
သို့တည်းမဟုတ် သူက အသုံးမကျမလွန်းတာလား။
"မဟုတ်ဘူး၊ အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုက ဆယ့်နှစ်ခုပဲ။ မင်း အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုရဲ့ စွမ်းအားကို အပြည့်အဝ သုံးနိုင်မှာမဟုတ်ဘူး"
ကျိတောက်ရီလည်း သူ့ကိုယ်သူ နှစ်သိမ့်မှုရရန် ပြောလိုက်သည်။
အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုကို လေ့ကျင့်ထားနိုင်သော်လည်း ၎င်း၏စွမ်းအားကို အပြည့်အဝ သုံးနိုင်မည်ဟု မဆိုလိုပေ။
လူသားအင်မော်တယ်ခန္ဓာနေဖြင့် သူကတော့ အင်မော်တယ်စွမ်းအင်ဆယ်ခု၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်သည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်မှုတို့ ပေါ်လာခဲ့သည်။
အားနည်းသူများက ကိုယ့်အတွက် အကြောင်းပြချက်ကို အမြဲရှာကြသည်။
သန်မာသူကတော့ အရာရာကို လျစ်လျူရှုထား၏။
"မင်းကို ရင်ဆိုင်ဖို့က တစ်ချက်ဆိုရင် လုံလောက်တယ်"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ့လက်ငါးချောင်းကို အနည်းငယ်ကွေးလိုက်ပြီး အင်အား စုစည်းလိုက်၏။
"ဝမ်"
အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုစွမ်းအားက ကျွင်းရှောင်ယောက်၏ လက်ဝါးတွင် စုစည်း ရောက်ရှိလာတော့သည်။
ပြိုးပြိုးပြက်ပြက် တောက်ပသော နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများလည်း ပေါက်ဖွားလာခဲ့သည်။
အင်မော်တယ်စွမ်းအင်မုန်တိုင်း သို့မဟုတ် ရေပိုက်မှ ရေများကဲ့သို့၊ အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုက ကျွင်းရှောင်ယောက်၏လက်ဖဝါးတွင် စုရုံးရောက်ရှိလာတော့သည်။
"မကောင်းတော့ဘူး..."
ကျိတောက်ရီလည်း ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်က အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခု၏ စွမ်းအားကိုလည်း အပြည့်အဝ အသုံးပြုနိုင်ပေသည်။
"ကောင်းကင်တာအိုကျမ်း"
ကျိတောက်ရီ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ တားမြစ်နည်းလမ်းကို အသုံးပြုခဲ့သည်။
အင်မော်တယ်စွမ်းအင်ဆယ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်၏။ အင်မော်တယ်စွမ်းအင်များက တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါး၏ ပုံရိပ်ပင်လျှင် ယောင်ဝါးဝါး ပေါ်လာတော့သည်။
မဟာတာအိုအလင်းက တောက်ပနေပြီး မရေမတွက်နိုင်သော နတ်သံကြိုးများ ပေါ်လာခဲ့သည်။
ဤတားမြစ်နည်းလမ်းက အလွန်အစွမ်းထက်ပေသည်။
သို့သော်...
ကျွင်းရှောင်ယောက်က လက်သီးနှင့်ထိုးလိုက်သည်။
အင်မော်တယ်စွမ်းအင် ဆယ့်နှစ်ခုက နဂါးများကဲ့သို့ သူ့လက်ကို ရစ်ပတ်ထား၏။
တောက်ပသော နတ်အလင်းများကလည်း ကမ္ဘာကြီးကို လွှမ်းခြုံသွားတော့သည်။
"ဝုန်း"
အဆုံးတွင်၊ ပေါက်ကွဲသံနှင့် ကွဲအက်သံများကို ကြားလိုက်ရသည်။
သွေးများ ဖြာရဲပြီး အရိုးကျိုးသံများလည်း ထွက်ပေါ်လာ၏။
ကြိုးပြတ်သွားသော စွန်ကဲ့သို့ ကျိတောက်ရီ လွင့်စဉ်သွားကာ ပါးစပ်ထဲမှလည်း သွေးများ အန်ထွက်လာတော့သည်။
သူ့တကိုယ်လုံးက ကြွေအိုးတစ်လုံးကို ရိုက်ခွဲလိုက်သလို ကွဲအက်ကာ သွေးများ စိမ့်ထွက်နေခဲ့သည်။
ရုပ်ပျက်ဆင်းပျက် ဖြစ်ချေသည်။
ကိုယ့်မျက်စိနှင့် မမြင်လျှင်၊ ဘယ်သူမှ ယုံနိုင်ကြမည် မဟုတ်ပါ။
လူသားအင်မော်တယ်ဂိုဏ်း၏ ဆက်ခံသူမှာ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ရသည်။
"ဒါက..."
လူသားအင်မော်တယ်ဂိုဏ်း၏ သူတော်စင် ကျိချင်းရီလည်း အံ့ဩသွားခဲ့သည်။
သူမ၏ ကြည်လင်သော မျက်လုံးများမှာလည်း အံ့အားသင့်မှုတို့ ဖြစ်ပေါ်လာ၏။
သူမ၏စိတ်ထဲတွင် ကျိတောက်ရီကို အထင်မသေးသော်လည်း ကျွင်းရှောင်ယောက်ကို အနိုင်ယူနိုင်မည်ဟု မထင်ပါ။
သို့ရာတွင်၊ ကျိတောက်ရီက ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုတစ်ခုကိုပင် မခံနိုင်ဖြစ်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ယင်းက အနည်းငယ် ရယ်စရာကောင်းသည်။
ထိုမြင်ကွင်းကြောင့် ကူတိကျစ်၏ မျက်လုံးများလည်း ရုတ်တရက် ကျဉ်းမြောင်းသွားကာ သူ့အမူအရာက ပို၍ လေးနက်လာတော့သည်။
သို့သော်လည်း သူ၏ ဝှက်ဖဲများအကြောင်း တွေးမိသောအခါ ကူတိကျစ် တည်ငြိမ်သွားခဲ့သည်။
"အဟွတ်... အဟွတ်...၊ မင်း..."
ကျိတောက်ရီ မင်သက်သွားသည်။
သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကြောင့်သာ မဟုတ်လျှင် အိပ်မက်မက်နေတယ်ဟုပင် ထင်ကောင်းထင်နိုင်သည်။
တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အနိုင်ယူခြင်း။
ယင်းက ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်ပါသနည်း။
ကျိတောက်ရီ၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။
သူက ကျွင်းရှောင်ယောက်၏ ခြေနင်းကျောက်တစ်ခုနှင့် မခြားပေ။
မဟုတ်သေး...
သူက ခြေနင်းကျောက်ပင် မဟုတ်ပါ။
အကြောင်းမှာ ကျွင်းရှောင်ယောက်က သူ့ကို ခြေနင်းကျောက်အဖြစ်ပင် မမှတ်ယူဘဲ လျစ်လျူရှုထားခဲ့ခြင်းကြောင့် ဖြစ်သည်။
အစမှအဆုံးထိ သူက ကျွင်းရှောင်ယောက်၏ ပါးကိုရိုက်ရန် အစပြုခဲ့သူ ဖြစ်သည်။
ယင်းက ကိုယ့်အရှက်ကို ခွဲနေခြင်းနှင့် မခြားပေ။
"ဖူး..."
ထိုသို့တွေးမိတော့ ကျိတောက်ရီ ဒေါသအလွန်ထွက်ကာ ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်မိသည်။
ကျွင်းရှောင်ယောက်က ကျိတောက်ရီကို မဆိုထားနှင့်၊ သူ့နောက်ခံကိုပင် ဂရုမစိုက်ပါ။
သူက ကူတိကျစ်ကိုကြည့်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"ကူတိကျစ်၊ မင်းလည်း လှုပ်ရှားချင်နေတာ မဟုတ်လား။ လာပါ"
မမျှော်လင့်ဘဲ ကူတိကျစ်က ပြုံးပြီး ပြောလိုက်၏။
"ကျွင်းရှောင်ယောက်၊ မင်းက ဒီဧကရာဇ်ကို သိပ်နုံချာတယ်ထင်တာလား"
"ကောင်းကင်ဘုံက ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကို ခန့်အပ်ထားတာကြောင့် ဧကရာဇ်ခုနစ်ပါးက မင်းနဲ့ဆက်ဆံဖို့ အတူတကွလုပ်ဆောင်သင့်တာ သဘာဝပါပဲ။ ငါ ဧကရာဇ်က မင်းကို တစ်ယောက်တည်း တိုက်ခိုက်မှာမဟုတ်ဘူး"
ကူတိကျစ်၏ စကားက လူအများကို အံ့အားသင့်စေခဲ့သည်။
မူလက ကူတိကျစ်ကို မာနကြီးပြီး ကျွင်းရှောင်ယောက်ကို စိန်ခေါ်မည်ဟု သူတို့ထင်ခဲ့ကြသည်။
ယခုတော့ ကူတိကျစ်၏ အကြံအစည်က ပိုမိုနက်နဲလာပုံပင်။
အမှန်လည်း ကူတိကျစ်က ထိုသို့ဖြစ်သည်။ သူ့အမြင်တွင် မျက်နှာက ရလဒ်လောက် အရေးမကြီးပါ။
အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်သူက သူပုန် ဖြစ်သည်။ ဤသဘောတရားက ယခုလည်း တည်မြဲသလို နောင်ကိုလည်း ပြောင်းလဲသွားမည် မဟုတ်ပေ။
ထိုကဲ့သို့သောလူများက အန္တရာယ်အရှိဆုံး ဖြစ်သည်။
အကြောင်းမှာ၊ ထိုလူမျိုးက ယုတ္တိမရှိဘဲ သူ၏ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန်၊ တွက်ချက်မှု အမျိုးမျိုးကို အသုံးပြုနိုင်သည်။
"အိုး၊ မင်းဆိုလိုတာက ဧကရာဇ်ခုနစ်ပါးစလုံး ဒီကိုရောက်နေပြီပေါ့"
ကျွင်းရှောင်ယောက်က ပတ်ဝန်းကို တစ်ချက်ကြည့်လိုက်သည်။
ယနေ့တွင် ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးစလုံး လုံးလုံးလျားလျား ပေါ်လာတော့မည့်ပုံရပင်။