← Chapters

အခန်း ၈၇၅

Vol. 59 Ch. 875

အခန်း ၈၇၅

Vol. 59 Ch. 875

အခန်း ( ၈၇၅ ) ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးနှင့် ရင်ဆိုင်ခြင်း၊ တိုက်ပွဲကြီးတစ်ခု စတင်သည်။

အမှန်အတိုင်းပြောရလျှင် ကျွင်းရှောင်‌ယောက်နှင့် ကောင်းကင်ကြားမှ ကစားပွဲ စတင်ကတည်းက...

ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးဟာ မည်သူမည်ဝါဖြစ်သည်ကို လူတိုင်း အလွန်တရာ သိချင်နေခဲ့သည်။

နောက်ဆုံးတွင်၊ ကောင်းကင်မှ ရွေးချယ်ခံရသော လူငယ်ခုနစ်ဦးဟာ သာမန်မဟုတ်မှန်း အသိသာကြီးပင်။

"ဒါပေါ့၊ သဘာဝအတိုင်း မင်းသိရလိမ့်မယ်။ တိုက်ခိုက်ကြ"

ကူတိကျစ်က ဦးဆောင်ပြီး တိုက်ခိုက်လိုက်သည်။

"လီကွား၊ ကောင်းကင်မီးတောက် လောင်ကျွမ်းခြင်း"

ကူတိကျစ် လှုပ်ရှားလိုက်သည်နှင့် အနီရောင် မီးလျှံကမ္ပည်းများ ထွက်ပေါ်လာခဲ့သည်။ ယင်းက ကမ္ဘာကို လောင်ကျွမ်းနေသော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွား၏။

ဖူရှီမြင့်မြတ်ခန္ဓာက ရှစ်ထရစ်ဂရမ် အကွက်ရှစ်ခု၏ စွမ်းအားကို ထိန်းချုပ်ထားသည်။ ယင်းက မိုးနှင့်မြေကြားမှ သဘာဝစွမ်းအားရှစ်ခုကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်စွမ်း ရှိ၏။ ယင်းက အလွန်အစွမ်းထက်သည်။

ဤအခိုက်တွင် ကူတိကျစ်က အစွန်းရှစ်ပါးကို ချုပ်ကိုင်ထားသော ဧကရာဇ်မင်းတစ်ပါးကဲ့သို့ပင်။ သူ၏ ကြီးစိုးသော နည်းလမ်းက လူများကို တုန်လှုပ်သွားစေခဲ့သည်။

"ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ ဆက်ခံသူက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

လူများစွာ၏ မျက်လုံးများက အံ့ဩတုန်လှုပ်မှုတို့ လှစ်ဟလာခဲ့သည်။

ကူတိကျစ်နှင့် လင်ယွမ်က အင်မော်တယ်ခုံရုံး၏ အဓိက ပါရမီရှင်များ ဖြစ်ကြသည်။

သို့ရာတွင်၊ ကူတိကျစ်က အဆုံးစွန်ရှေးဟောင်းလမ်းတွင် လှုပ်ရှားခဲသောကြောင့် သူ၏ စစ်မှန်သောအင်အားကို လူအတော်များများ မသိကြပါ။

ယခုတော့ ရေခဲတောင်ကြီးက အစွန်အဖျားကိုသာ ထုတ်ဖော်ရသေးသည့်တိုင် အမှန်တကယ် အံ့မခန်းဖြစ်ခဲ့ရပြီ ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ကျိတောက်ရီက ဆေးတစ်လုံးကို ‌ထုတ်သောက်လိုက်သည်။ သွေးစွမ်းအင်များ တက်လာပြီး အင်မော်တယ် အလင်းများလည်း ပြည့်လာခဲ့သည်။

ကျိတောက်ရီ၏ လူသားအင်မော်တယ်ခန္ဓာက အလွန်လျင်မြန်သောအရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာ၏။ တစ်ချိန်တည်းမှာပင် သူကလည်း ဟိန်းဟောက်ပြီး တိုက်ခိုက်လာတော့သည်။

ထို့နောက်တွင် လုံယောက်အာက သူမ၏ခန္ဓာကိုယ်ကို စိုက်ဝင်နေသော ကြေးလှံကိုနှုတ်လိုက်သည်။ ထိုက်ရွှီရှေးနဂါးသွေးနှင့် အသျှင်ခန္ဓာသွေးများ ထွက်ပေါ်လာ၏။

သူသည်လည်း တိုက်ပွဲအတွင်းသို့ ပါဝင်လာတော့သည်။

ထို့နောက် အနက်ရောင်ဝတ် လူတစ်ယောက်ကလည်း သူ့ဝတ်ရုံကိုချွတ်ကာ ထုတ်ဖော်ပြသလာခဲ့သည်။

သူက သေမင်းတံစဉ်ကောက်ကို ကိုင်ထားသော မိန်းကလေးတစ်ဦး ဖြစ်၏။

သူမက ရွယ်ယွဲ့။

သက်ပြင်းတစ်ချက်က သူမ၏ နှုတ်ခမ်းမှ ခပ်တိုးတိုးထွက်လာခဲ့လေသည်။

သတိပေးထားပြီးဖြစ်သော်လည်း နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က ရှန်းရွှီကမ္ဘာမှ ထွက်မသွားခဲ့ပါ။

ဤအတွက် ရွယ်ယွဲ့လည်း တိုက်ခိုက်ရန်အပြင် ရွေးချယ်စရာ မရှိတော့ပေ။

တခဏအတွင်းမှာပင် ထိပ်တန်း ပါရမီရှင်လေးယောက်က လှုပ်ရှားခဲ့ကြသည်။

"ငါတို့ကို မရှိဘူးလို့ မင်းတကယ်ထင်တာလား"

ကျွင်းလုံခန်း၊ ကျွင်းမိုရှောင်နှင့် အခြားသူများ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သို့သော်လည်း စန်းလီ၊ ယောင်ချင်း၊ ဝေချမ်ချမ်၊ ရှင်းလုနှင့် အင်မော်တယ်ခုံရုံးမှ အခြားမျိုးဆက်များက သူတို့ကို တားဆီးခဲ့၏။

"ဒီနေ့ ဒဏ္ဍာရီတစ်ခု ဆုံးခန်းတိုင်တော့မယ်"

ဤတစ်ကြိမ်တွင် အင်မော်တယ်ခုံရုံးက အမှန်တကယ် ကြိုးစားနေကြကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်သာ မကျဆုံးပါက၊ နောင်တွင် ကျွင်းမိသားစု၏ မဟာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

ယင်းက အင်မော်တယ်ခုံရုံးအတွက် ကောင်းသောကိစ္စ မဟုတ်ပေ။

"ကောင်းတယ်၊ လာကြစမ်း။ ဒီနေ့ ဒီနတ်ဘုရားသားတော်ရဲ့ အသက်ကို ဘယ်သူက ယူနိုင်မလဲဆိုတာ ကြည့်ချင်တယ်"

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ခုနစ်ရောင် ချပ်ဝတ်တန်ဆာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယင်းက ခုနစ်ရောင်နဂါး ချပ်ဝတ်တန်ဆာ ဖြစ်၏။

ထို့နောက် ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကို တုန်လှုပ်သွားစေသည့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာတော့သည်။

ဧကရာဇ်တစ်ပိုင်း လက်နက်၊ မဟာပျက်စီးခြင်းလှံပုဆိန်။

ဤအခိုက်အတန့်တွင်၊ ကျွင်းရှောင်ယောက်က ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားခဲ့သည်။ သူ့လက်ထဲမှာတော့ လှံပုဆိန်တစ်လက်ကို ကိုင်ဆွဲထား၏။ ဤအခိုက်တွင် သူက စစ်နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေတော့သည်။

"သတ်"

ကျွင်းရှောင်ယောက်ထံမှ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် မာန်သွင်းလိုက်သံ ထွက်ပေါ်လာခဲ့သည်။

ပျက်စီးခြင်းလှံပုဆိန်ဖြင့် လွှဲခုတ်လိုက်သည်နှင့်၊ လှံပုဆိန်အလင်းက ကူတိကျစ်နှင့် အခြားသူများ၏ တိုက်ခိုက်မှုအားလုံးကို ချေမှုန်းပစ်လိုက်၏။

"ဟား"

ကူတိကျစ်က အော်ဟစ်လိုက်သည်။ ပါကွားပုံက ဓားစွမ်းရည်များ ထွက်ပေါ်လာသည်။

သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး အင်မော်တယ်စွမ်းအင်ဆယ်ခု ထွက်ပေါ်လာ၏။

ယင်းက အံ့ဩစရာကောင်းသည်။

ကျိတောက်ရီသည် အင်မော်တယ်စွမ်းအင် လေ့ကျင့်ရာတွင် အကောင်းဆုံးဖြစ်သော လူသားအင်မော်တယ်ခန္ဓာပိုင်ရှင်ဖြစ်သောကြောင့် အင်မော်တယ်စွမ်းအင်ဆယ်ခုကို လေ့ကျင့်နိုင်သည်မှာ နားလည်နိုင်သည်။

သို့သော်လည်း ကူတိကျစ်က အင်မော်တယ်စွမ်းအင်ဆယ်ခုကို လေ့ကျင့်ထားသောကြောင့် သူ၏ ထူးကဲသာလွန်သော အရည်အချင်းကို သက်သေပြရန် လုံလောက်ပေသည်။

ကျွင်းရှောင်ယောက်သာ ဤနေရာတွင်မရှိလျှင်၊ သူ့ကို မည်သူမျှ လွှမ်းမိုးနိုင်မည် မဟုတ်ပေ။

"လူသားအင်မော်တယ်လက်သီး"

ကျိတောက်ရီက လက်သီးချက် ထုတ်ဖော်လိုက်သည်။ လူသားအင်မော်တယ်လက်သီးက ကောင်းကင်အားလုံးကို ဖျက်ဆီးနိုင်ပုံရ၏။

"နတ်သဏ္ဍာန်ကိုးခု"

လုံယောက်အာသည်လည်း သူ၏ အဆုံးစွန်နည်းလမ်းကို အသုံးပြုခဲ့သည်။ နတ်ခွန်ပန်၊ မဟာခေါင်းလောင်း၊ အစစ်အမှန်နဂါး၊ ဖီးနစ်အမွေး စသည်ဖြင့် နတ်သဏ္ဍာန်များ ထွက်ပေါ်လာတော့သည်။

ရွယ်ယွဲ့ကလည်း တံစဉ်ကောက်နှင့် ခုတ်လိုက်သည်။

အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်ပင်လျှင် ဤလူလေးဦး၏ တိုက်ခိုက်မှုကို အလေးအနက်ထား ရင်ဆိုင်ရလိမ့်မည်။

ကျွင်းရှောင်ယောက်က နတ်ဘုရားစွမ်းအင်များကို မဟာပျက်စီးခြင်း လှံပုဆိန်အတွင်းသို့ သွန်းလောင်းလိုက်သည်။

ရှေးဦးနတ်ဆိုးနတ်ဘုရားတစ်ပါး နိုးထလာသကဲ့သို့ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။

"ဝုန်း"

နူကလီးယား ဗုံးတစ်ရာ တပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ သို့တည်းမဟုတ် မရေမတွက်နိုင်သော ကြယ်ပွင့်များ တပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ပင်။

ကမ္ဘာတစ်ခုလုံးက အားကောင်းသော အဖျက်စွမ်းအားတို့ ပြည့်သွားခဲ့သည်။

ကမ္ဘာ့သစ်ပင်၏ ဖိနှိပ်မှုကြောင့်သာမဟုတ်လျှင် ဤနေရာ ပြိုကျသွားမှာ သေချာလှပေသည်။

"လင်ယွမ်၊ မင်း မလှုပ်ရှားသေးဘူးလား။ မင်းရဲ့ ဧကရာဇ်ငယ်ရာထူးကို မမေ့နဲ့ဦး"

ကူတိကျစ် လှမ်းအော်လိုက်သည်။

ယခင်က သူဟာ လင်ယွမ်နှင့် သဘောတူညီမှု ရရှိခဲ့သည်။

သူသည် ဧကရာဇ်ငယ်ရာထူးကို စွန့်လွှတ်ခဲ့သော်လည်း၊ အပြန်အလှန်အနေဖြင့် လင်ယွမ်မှ ကျွင်းရှောင်ယောက်ကိုသတ်ရန် ကူညီပေးရမည် ဖြစ်သည်။

လင်ယွမ်လည်း ဤတော့မှ သတိပြန်ဝင်လာခဲ့သည်။ သူ့မျက်လုံးများက ရုန်းကန်မှုအရိပ်အမြွက်တို့ ဖြစ်ပေါ်လာပြီး ကျောက်စိမ်းလက်ကလေးကို တင်းတင်းဆုပ်လိုက်၏။

အရပ်ရပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော အဖြူရောင်ဝတ် လူငယ်ကိုကြည့်ရင်း လင်ယွမ် သူမ၏ အနီရဲရဲ နှုတ်ခမ်းများကို တင်းတင်းကိုက်လိုက်သည်။

ထို့နောက်တော့ သူလည်း တိုက်ခိုက်လာတော့သည်။

ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးတွင် ပဉ္စမမြောက် ဧကရာဇ်က တိုက်ပွဲအတွင်းသို့ ပါဝင်လာခဲ့ပြီ ဖြစ်သည်။

လင်ယွမ် လှုပ်ရှားခြင်းကိုမြင်သော်လည်း ကျွင်းရှောင်ယောက်က မအံ့ဩခဲ့ပေ။

သို့သော်လည်း သူ့မျက်လုံးထဲတွင် အေးစက်မှုအရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

နောက်တော့ တစ်ယောက်ယောက်က ထပ်မံ လှုပ်ရှားလာ၏။

သို့သော်လည်း ဤလူမှာ လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

ကျွင်းရင်ဟွမ်။

"ဘယ်လို... ဒါက ဘယ်လိုဖြစ်ရတာလဲ"

ဤမြင်ကွင်းက ကျွင်းမိုရှောင်နှင့် ကျွင်းလုံခန်းတို့၏ အမူအရာများကို ပြောင်းသွားစေခဲ့သည်။

ဖြစ်ကောင်းဖြစ်နိုင်တာက...

"တောင်းပန်ပါတယ်"

ကျွင်းရင်ဟွမ်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်က သူ့လက်ဖဝါးတွင် ပေါ်လာခဲ့၏။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကျွင်းရင်ဟွမ်မှာ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးအနက် တစ်ဦး ဖြစ်လာသည်။

"ဟူး"

လူတော်တော်များများ အသက်ပြင်းပြင်းရှူလိုက်ကြလေသည်။

ယင်းက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေကြောင်း ထင်ရှားသည်။

"ဟားဟားဟား၊ ကျွင်းရှောင်ယောက်... မင်း ဘယ်လိုထင်လဲ။ အခု ကောင်းကင်က ဟာသတစ်ခုလား"

ကူတိကျစ်က ရယ်မောကာ လှောင်ပြောင်လိုက်သည်။

ဟာသဆိုသည်မှာ အဘယ်နည်း။

ယင်းက ကောင်းကင်၏ ဟာသပြုခြင်း ဖြစ်သည်။

မင်းက အရမ်းထူးချွန်နေတယ်ပေါ့။

ဒါဆိုရင် ကောင်းကင်က မင်းရဲ့မိသားစုထဲက လူတစ်ယောက်ကို ဆန့်ကျင်ခြင်းဧကရာဇ်တစ်ပါးအဖြစ် သတ်မှတ်ပြီး မင်းတို့အချင်းချင်း တိုက်ခိုက်စေမယ်။

ကျွင်းရှောင်ယောက်သာ ကျွင်းရင်ဟွမ်ကို တကယ်သတ်ခဲ့ပါက၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောကို ပင်မသွေးကြောဆီ ပြန်ရောက်စေရန် မဖြစ်နိုင်တော့ပေ။

ကျွင်းရင်ဟွမ်နှင့် ယခင် ကျွင်းရွယ်မင်နှင့် တူညီသောအဆင့်အတန်းတွင် လုံးဝ မရှိပါ။

ကျွင်းရင်ဟွမ်က ကျွင်းမိသားစု လျှို့ဝှက်သွေးကြော၏ ထိပ်သီး ပါရမီရှင်နှစ်ဦးမှ တစ်ဦး ဖြစ်သည်။

ကျွင်းရှောင်ယောက်မှ ကျွင်းရွယ်မင်ကို သတ်ဖြတ်ခြင်းမှာ အရေးမကြီးသော်လည်း ကျွင်းရင်ဟွမ်ကို သတ်လိုက်ပါက သက်ရောက်မှုမှာ ကြီးမားလိမ့်မည်။

ကျွင်းမိသားစု၏ မူလသွေးကြောနှင့် လျှို့ဝှက်သွေးကြောကို လုံးဝ ပြီးပြတ်သွားစေခြင်းပင် ဖြစ်နိုင်သည်။

ထို့ကြောင့်ပင် ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးတို့ စုရုံးသောအခါ ကူတိကျစ်မှာ ထိုအတွေးမျိုး ရှိခဲ့ခြင်း ဖြစ်သည်။

အနက်ရောင်ဝတ် အမျိုးသားက ကျွင်းမိသားစုထဲမှ တစ်ဦးဖြစ်ကြောင်း သူ ယောင်ဝါးဝါး ခံစားမိခဲ့ပေသည်။

ထို့ကြောင့်ပင်၊ ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးတွင် ကျွင်းမိသားစုမှာ တစ်ယောက်ယောက်ရှိနိုင်သည်ဟု ခန့်မှန်းမိခဲ့ခြင်း ဖြစ်သည်။

ယင်းက သူမြင်ချင်သော အခြေအနေတစ်ခုပင်။

ကျွင်းရင်ဟွမ်က မတုံ့ဆိုင်းဘဲ လှုပ်ရှားလိုက်သည်။

ဤမြင်ကွင်းကိုမြင်သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲပေ။

ကူတိကျစ်က လှောင်ပြောင်သည်။

"ကျွင်းရှောင်ယောက်၊ အခု ကောင်းကင်ကို ယှဉ်ကစားရတာ ဘယ်လောက်မိုက်မဲမှန်း မင်းသိသင့်ပြီ မဟုတ်လား"

"မင်း ကောင်းကင်ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်နေဆဲ ဖြစ်၏။

"အနိုင်အရှုံးက မသိနိုင်သေးပါဘူး"

"မင်းက အခုထိ ယုံကြည်မှုရှိနေတုန်းပဲလား"

ကူတိကျစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးသားထဲမှာ စိတ်မသက်မသာ ခံစားချက်များ အမြဲ ရှိနေခဲ့၏။

တစ်စုံတစ်ခုကို မှားယွင်းစွာ တွက်ချက်ထားမိသလိုလည်း ခံစားခဲ့ရသည်။

သို့သော်လည်း ခေါင်းမီးတောက်သည်အထိ စဉ်းစားနေသည့်တိုင် ကျွင်းရှောင်ယောက်၏ တစ်ကျော့ပြန်ဖြစ်နိုင်ခြေကို မတွေးနိုင်ခဲ့ပေ။

ထို့နောက် လူခြောက်ဦးက တပြိုင်နက်တည်း လှုပ်ရှားခဲ့သည်။ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံရန်ပင် လုံလောက်သော စွမ်းအားလှိုင်းတစ်ခု ဖြစ်ပေါ်လာ၏။

ကျွင်းရှောင်ယောက်၏ စွမ်းအင်များက နဂါးကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်ကို ထိုးတက်သွားတော့သည်။

မေယုကမ္ဘာစွမ်းအားနှင့် မဟာပျက်စီးခြင်းလှံပုဆိန်ကို ပေါင်းစပ်ခြင်းက ရှေးဟောင်းကြယ်တစ်ပွင့်ကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်သည်။

ဤသို့ဖြင့် အဆုံးစွန် တိုက်ပွဲကြီး တစ်ဖန် ပြန်စလာတော့သည်။

ထိုစဉ်...

ဧကရာဇ်အရှိန်အဝါများကို သယ်ဆောင်ထားသော အလင်းတန်းတစ်ခုက ကျွင်းရှောင်ယောက်၏ နောက်ကျောကို ရုတ်တရက် ထိုးလိုက်သည်။

လှံတစ်လက်၊ ဤလှံက ပြိုးပြိုးပြက်ပြက် တောက်ပနေပြီး နတ်သံကြိုးများလည်း ရစ်ပတ်ထားပုံရ၏။

ရုတ်ချည်းဆိုသလို ဖြစ်လာခဲ့သော အခြေအနေကြောင့် လူတိုင်း အချိန်မီ မတုံ့ပြန်နိုင်တော့ပေ။

လှံအလင်းက ခုနစ်ရောင်နဂါးချပ်ဝတ်ကို ထိုးဖောက်သွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တုန်လှုပ်သွား၏။ သို့သော်လည်း သူ့အမူအရာက မပြောင်းလဲခဲ့ပေ။

သို့သော်...

နောင်တ အရိပ်အမြွက်တစ်ခုဖြင့် သက်ပြင်းကိုသာ ချလိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ နောက်ဆုံးတော့ သူငယ်ချင်းဆိုတာက ဇိမ်ခံပစ္စည်းပဲ"

ကျွင်းရှောင်ယောက် သူ့ခေါင်းကို ဖြည်းညှင်းစွာလှည့်ကာ သူ့နောက်မှ ချောမောသော ငွေရောင်ဆံပင်နှင့်လူငယ်ကို ကြည့်လိုက်လေသည်။

All Chapters