← Chapters

အခန်း ၈၈၁

Vol. 59 Ch. 881

အခန်း ၈၈၁

Vol. 59 Ch. 881

အခန်း ( ၈၈၁ ) နောက်ဆုံး ဝှက်ဖဲ၊ ဧကရာဇ်ခုနစ်ပါး သတ်ဖြတ်ခြင်း ဝင်္ကပါ။

ဖရိုဖရဲလှိုင်းလုံးများကြားတွင် ငြိမ်သက်စွာရပ်နေသော အဖြူရောင် ဝတ်စုံဝတ် လူငယ်ကိုကြည့်ရင်း...

မြင်ကွင်းတစ်ခုလုံး ငြိမ်ကျသွားခဲ့သည်။

ဤသည်က ကျွင်းရှောင်ယောက်၏ ဆွဲဆောင်မှုပင်လော။

ထိုကဲ့သို့ ထူးချွန်သော မိန်းကလေးသည်ပင် သူ့အတွက် အသက်ကိုစွန့်၍ မီးနှင့်ရေကို ဖြတ်သန်းသွားလိုစိတ်ရှိသည်။

အမှန်တော့ နတ်သမီးယွမ်ကို လုံးဝ သေဆုံးသွားခဲ့ပြီဟု အချို့က မထင်ပါ။

နောက်ဆုံးတွင်၊ သူမ၏ ဝိညာဉ်က လင်ယွမ်နှင့် ပေါင်းစပ်သွားခဲ့သည်။

သူမက အခြားနည်းဖြင့် ဆက်လက်ရှင်သန်ခဲ့ပေသည်။

သို့သော်လည်း လူတိုင်းကို အံ့သြတုန်လှုပ်စေသည့် နောက်ထပ်အရာတစ်ခု ရှိနေသည်။

ယင်းမှာ၊ ဖရိုဖရဲခန္ဓာနှင့် ဧကရာဇ်တစ်ပိုင်းလက်နက်က တပြိုင်နက်တည်း ဖောက်ခွဲသွားကြသည့်တိုင် ကျွင်းရှောင်ယောက်ကို လုံးဝ မထိခိုက်စေခြင်းပင်။

သို့ရာတွင်၊ သူတို့ မသိခဲ့သည်မှာ ကျွင်းရှောင်ယောက်၏ခန္ဓာကိုယ်အတွင်းမှ ကျန်သော မေယုကမ္ဘာတစ်ရာကျော်ဟာ ဤအဖျက်စွမ်းအားအောက်တွင် လုံးဝ ပြိုကျသွားခဲ့ပြီ ဖြစ်သည်။

တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက်၏ မေယုကမ္ဘာနှစ်ရာခြောက်ဆယ်က ယခုအချိန်တွင် လုံးဝ ပြိုကွဲသွားခဲ့ပြီ။

ယင်းတို့ကို ပြန်လည်ကောင်းမွန်စေရန် အချိန်အနည်းငယ်ကြာမြင့်မည် ဖြစ်သည်။

ဟုတ်ပေသည်၊ ဤသည်က ကျွင်းရှောင်ယောက်အပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမားတော့ မရှိပေ။

နောက်ဆုံးတွင်၊ မေယုကမ္ဘာက သူ၏ ဝှက်ဖဲများစွာထဲမှ တစ်ခုထက် မပိုပါ။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ကို ပြိုင်ဘက်ကင်းတာလား"

ထိုအတွေးက ပါမီရှင်များစွာ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်က ရှုံးပွဲမရှိသော စစ်ပွဲနတ်ဘုရားကဲ့သို့ပင်။

တရားမျှတသည့် တစ်ဦးချင်းတိုက်ပွဲကို မဆိုထားနှင့်...

ဧကရာဇ်ခုနစ်ပါးတို့ ပေါင်းစည်းထားလျှင်ပင် ကျွင်းရှောင်ယောက်ကို မဖိနှိနိုင်ပါ။

ကျွင်းရှောင်ယောက်၏ ခွန်အားက ကြောက်စရာကောင်းလွန်းသည်။

လက်ရှိ တိုင်းတစ်ပါး၏ အမြင့်မားဆုံးနှင့် အသန်မာဆုံးဖြစ်သော ပါရမီရှင် ဖူယောင်ပင်လျှင် အလွန်လေးနက်သော အမူအရာများ ပေါ်လွင်နေတော့သည်။

အစကတော့ သူဟာ ကျွင်းရှောင်ယောက်ကို သူနှင့် အဆင့်တူဟု သဘောမထားခဲ့ပါ။

သို့ရာတွင်၊ ယခု ပြင်းထန်သော တိုက်ခိုက်မှုများကို မြင်ရပြီးနောက်...

ကျွင်းရှောင်ယောက်၏ ကြောက်စရာကောင်းသော အင်အားများက သူ့ကို သတိကြီးကြီးထားရန် ဖိအားပေးနေပြီ ဖြစ်သည်။

'ဒီလိုလူမျိုးက အရမ်းအန္တရာယ်များတယ်။ ဆက်ပြီးလွှတ်ထားလို့ မဖြစ်တော့ဘူး'

ဖူယောင်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်ဖြင့် တောက်ပလာခဲ့သည်။

ကျွင်းရှောင်ယောက်ကို သတ်ခြင်းက ကမ္ဘာ့သစ်ပင်ကို ရယူခြင်းထက်ပင် ပိုအရေးကြီးသည်။

ကျွင်းရှောင်ယောက်ကို နောက်ထပ် နှစ်အနည်းငယ်ကြာအောင် ကြီးပြင်းခွင့် ပေးထားခဲ့လျှင် မည်သို့မည်ပုံ ဖြစ်လာမည်ကို ဖူယောင် စိတ်ကူးမယဉ်နိုင်တော့ပေ။

တိုင်းတစ်ပါးမှ ဧကရာဇ်ခုနစ်ပါးပင်လျှင် သူ့ကို မထိပါးနိုင်တော့မှာ ကြောက်ရသည်။

"အခြားနည်းလမ်းမရှိဘူး၊ လူတိုင်းပဲ။ စလိုက်ကြရအောင်"

ကူတိကျစ်က သက်ပြင်းအနည်းငယ်ချလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ကျွင်းရှောင်ယောက်၏အင်အားက သူ့မျှော်လင့်ချက်ထက် လုံးဝ ကျော်လွန်သွားပြီ။

ကူတိကျစ်သာ နည်းလမ်းတချို့ ကြိုတင်ပြင်ဆင်မထားပါက ကျွင်းရှောင်ယောက်ကို အနိုင်ယူရန် စိတ်ကူးနိုင်မည် မဟုတ်ပါ။

သို့ရာတွင် အခုအချိန်မှာတော့ ကူတိကျစ် ယုံကြည်မှုရှိနေဆဲ ဖြစ်သည်။

"ဒါက တစ်ခုတည်းသော လမ်းပဲ။ မင်း အသက်ရှင်နေမှသာ ဒဏ္ဍာရီဖြစ်လာဖို့ အခွင့်အလမ်းရှိတယ်။ မဟုတ်ရင်တော့ လူသေတစ်ယောက်ရဲ့ ဂုဏ်ကျက်သရေကို ဘယ်သူမှ မှတ်မိမှာမဟုတ်ဘူး"

ကျိတောက်ရီ၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။

လူတစ်ယောက်က မည်မျှ ထူးချွန်ပါစေ၊ သေဆုံးသွားပါက အသုံးဝင်တော့မည် မဟုတ်ပါ။

ကျွင်းရှောင်ယောက် သေဆုံး‌သွားသရွေ့ သူ့ဂုဏ်ကျက်သရေကို တဖြည်းဖြည်း မေ့လျော့သွားလိမ့်မည် ဖြစ်သည်။

ကူတိကျစ်က ဧကရာဇ်တံဆိပ်ကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်တာအိုကဲ့သို့ ကျယ်ပြောပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ကျိတောက်ရီနှင့် အခြားသူများကလည်း တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်များကို စတင် အသက်သွင်းလိုက်၏။

ကြီးကျယ်ခမ်းနားသော အရှိန်အဝါများက တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်လာတော့သည်။

သရဲမျက်နှာဖုံးအောက်မှ ရွယ်ယွဲ့၏ မျက်လုံးများမှာ ရုန်းကန်ခြင်း အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

သို့သော်လည်း အခုအချိန်မှာတော့ သူမမှာ ရွေးချယ်စရာမရှိတော့ပါ။ နောက်ဆုံးတွင် တိုင်းတပါးသတ္တဝါများက ဤနေရာတွင် ရှိနေဆဲ ဖြစ်သည်။

ပိအန်းအဖွဲ့အစည်းမှ ရွယ်ယွဲ့၏အထောက်အထားကို သူတို့ သိကြ၏။

ထို့ကြောင့် သူမ လှုပ်ရှားရဦးမည် ဖြစ်သည်။

'နင် နောင်တရမှာလား'

ရွယ်ယွဲ့လည်း သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။

တစ်ဖက်တွင် လင်ယွမ်မှာ ပို၍ စိတ်ရှုပ်ထွေးသွား၏။

သူမကိုယ်တိုင်က ကျွင်းရှောင်ယောက်နှင့် မရှင်းလင်းသော ဆက်ဆံရေးတစ်ခု ရှိနေပြီး ဖြစ်သည်။

ယခုတော့ နတ်သမီးယွမ်၏ ဝိညာဉ်က သူမနှင့် ပေါင်းစည်းသွားခဲ့ပြီ။

လောလောဆယ်တွင်၊ ယင်းက သိသာထင်ရှားသော သက်ရောက်မှုမရှိသော်လည်း လင်ယွမ်မှာ ရှင်းရှင်းလင်းလင်း ခံစားနေရဆဲ ဖြစ်သည်။

ယင်းမှာ ယခင် သူမနှင့် အနည်းငယ် ကွာခြားသွားပုံရလေသည်။

"လင်ယွမ်..."

ကူတိကျစ် အော်လိုက်သည်။

ဤတော့မှသာ လင်ယွမ် သတိပြန်ဝင်လာ၏။ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ရင်း သူမ၏ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ကို ထုတ်ယူလိုက်တော့သည်။

တာအို သက်သေပြခြင်း ဧကရာဇ်တံဆိပ်ခုနစ်ခု၏ အရှိန်အဝါများ ပေါင်းစည်းမိသောအခါ၊ ရှုပ်ထွေးသော ကောင်းကင်တာအိုအမှတ်အသားများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်အမှတ်အသားများ ပျံ့နှံ့သွားသည်နှင့်အမျှ မိုးနှင့်မြေကို တုန်လှုပ်သွားစေနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

ကောင်းကင်တာအို ဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီ။

"ဟင်၊ အဲဒါ ဘာလဲ"

ဤအခိုက်တွင် ပတ်ဝန်းကျင်ရှိ ပါရမီရှင်အားလုံး သူတို့၏ စိတ်ဝိညာဉ်များက‌ သွေးပျက်လာသလို ခံစားလိုက်ရသည်။

"ဒါ ဘာနည်းလမ်းလဲ"

တိုင်းတပါးမှ သတ္တဝါများလည်း ဤကောင်းကင်စွမ်းအားအောက်တွင် တုန်လှုပ်သွား၏။

"ဘာကိုဆိုလိုတာလဲ..."

ဖူယောင်ကဲ့သို့ အားကောင်းသူတစ်ဦးပင်လျှင် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလာရတော့သည်။

အကယ်၍ ဤတိုက်ခိုက်မှုသာ သူ့အား ပစ်မှတ်ထားပါက သေချာသည်။

သူ့တွင် ရှင်သန်နိုင်ရန် နည်းလမ်း မရှိပေ။

လူအားလုံး၏ အာရုံစိုက်မှုအလယ်တွင်၊ ဧရာမ ကောင်းကင်တာအိုဝင်္ကပါမှ တောက်ပသော အဆုံးမဲ့ အင်မော်တယ်စွမ်းအင်တို့ဖြင့် အင်မော်တယ်ဓားအရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အင်မော်တယ်ဓားအရိပ်က အလွန်ကြီးမားပြီး အင်မော်တယ်နှင့် နတ်ဆိုးအားလုံးကို သုတ်သင်ပယ်ရှားနိုင်ပုံရ၏။

အနီးတဝိုက်မှာလည်း အင်မော်တယ်များ ကျဆုံးခြင်း၊ နတ်ဘုရားနှင့် နတ်ဆိုး အော်ညည်းသံများ ထွက်ပေါ်နေသေးသည်။

ဤအင်မော်တယ်ဓားက မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်စေပုံရသည်။

ဧကရာဇ်ခုနစ်ပါးကို ကောင်းကင်ဘုံမှ ပေးအပ်ထားသော အဆုံးစွန်ဝှက်ဖဲဖြစ်သည့် ဧကရာဇ်ခုနစ်ပါး ကွပ်မျက်ခြင်း အင်မော်တယ်ဝင်္ကပါ ထွက်ပေါ်လာခဲ့ပြီ။

"ဒါက... အင်မော်တယ်သတ်ဓားပဲ။ ဒါက မင်းတို့ရဲ့ နောက်ဆုံးဝှက်ဖဲလား"

ဤပြင်းထန်သောဖိအားအောက်တွင် ကျွင်းရှောင်ယောက်၏ အဖြူရောင်အဝတ်အစားများက တဖျပ်ဖျပ်ခတ်လာခဲ့သည်။

သူ့မျက်လုံးထဲတွင် ရှားရှားပါးပါး လေးနက်သော အရိပ်အယောင်တစ်ခုပင် ပေါ်လွင်နေ၏။

သူက မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။

အင်မော်တယ်သတ်ဓား။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် အကျော်ကြားဆုံး၊ သတ်ဖြတ်ခြင်း အင်မော်တယ်လက်နက်။

ထိုအင်မော်တယ်သတ်ဓားသည် တစ်ချိန်က စစ်မှန်သော အင်မော်တယ်သွေးများဖြင့် စွန်းထင်းခဲ့ကြောင်း ကောလဟာလများ ရှိခဲ့သည်။

ဤအင်မော်တယ်လက်နက် ပေါ်လာသည်နှင့် တပြိုင်နက် လှိုင်းလုံးကြီးများစွာ ဖြစ်ပေါ်လာလိမ့်မည်။

ဧကရာဇ်များပင်လျှင် သတိမပေါ့ဝံ့ဘဲ အင်အားအပြည့်ဖြင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။

ဟုတ်သည်၊ ယခုပေါ်လာသော အရာကတော့ စစ်မှန်သော အင်မော်တယ်သတ်ဓား မဟုတ်ပါ။

၎င်းက အင်မော်တယ်သတ်ဓားမှ ဓားစွမ်းအင်တစ်ခုသာ ဖြစ်သည်။

သို့တိုင်၊ ဤဓားစွမ်းအင်က အလွန်ကြောက်မက်ဖွယ်ကောင်းသေးသည်။ အဓိပဓိတစ်ပိုင်းများပင်လျှင် ဤဓားစွမ်းအင်အောက်မှာ အသက်ရှင်ရန် နည်းလမ်းမရှိပါ။

ယင်းက စစ်မှန်သော အဓိပဓိကိုပင် သတ်နိုင်သည်။

ဤသည်မှာ ဧကရာဇ်ခုနစ်ပါးကို ကောင်းကင်မှ ပေးအပ်ထားသော ဝှက်ဖဲ ဖြစ်သည်။

"ဧကရာဇ်ခုနစ်ပါး ပူးပေါင်းတဲ့အခါ အင်မော်တယ်ကိုတောင် သတ်နိုင်တယ်။ ကျွင်းရှောင်ယောက်၊ ဒါက မင်းအတွက် ကောင်းကင်က ပြင်ဆင်ပေးထားတဲ့ နောက်ဆုံးလက်ဆောင်ပဲ"

ကူတိကျစ်၏ မျက်လုံးများက အထင်မြင်သေးမှူ အရိပ်အမြွက်တို့ လင်းလက်သွားသည်။

သူ့အမြင်အရတော့ ကောင်းကင်ကို တိုက်ခိုက်ခြင်းမှာ အလွန်မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်သည်။

အခြေအနေနှင့် လိုက်လျောညီထွေရှိမှသာ ဤကမ္ဘာကြီး၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်လိမ့်မည်။

ကျွင်းရှောင်ယောက်ကတော့ အလွန်ရက်စက်ကြမ်းကြုတ်သောကြောင့် သေလမ်းရှာနေသည်မှာ ထင်ရှားသည်။

"ဖြတ်တောက်လော့"

ဧကရာဇ်ခုနစ်ပါးက ဟိန်းဟောက်ပြီး ဧကရာဇ်တံဆိပ်များကို တပြိုင်နက်တည်း အသက်သွင်းလိုက်သည်။

အင်မော်တယ်သတ်ဓားလည်း စွမ်းအင် စုဆောင်းပြီး စတင် လှုပ်ရှားလာ၏။

ရုတ်တရက်၊ မိုးနှင့်မြေပြိုကျပြီး ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားတော့သည်။

ဓားစွမ်းအင်တစ်စွန်းတစ်စက ကမ္ဘာကြီးကို ဖြိုခွင်းနိုင်သည်။

နောက်ဆုံးတွင်၊ အဇူရာဧကရာဇ်ကြယ်က ထိုဖျက်ဆီးမှုကို ဆက်လက် မထိန်းနိုင်တော့ပါ။ ကမ္ဘာ့သစ်ပင်တည်ရှိနေသော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်းလှိုင်းကို ဖိနှိပ်ထားရန် ခက်ခဲသည်။

"အုန်း"

ပေါက်ကွဲသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

အဇူရာဧကရာဇ်ကြယ်တစ်ခုလုံး တုန်ခါပြီး အက်ကွဲကာ ပြိုကျလာ၏။

အဇူရာဧကရာဇ်ကြယ်၏ အပြင်ဘက် ကြယ်ကောင်းကင်တွင် တိုက်ခိုက်နေသော နယ်မြေကြီးနှစ်ဖက်မှ ကျွမ်းကျင်သူများလည်း အဖျက်စွမ်းအင်လှိုင်းများကို ခံစားခဲ့ရသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဒီအတက်အကျလှိုင်းလုံးတွေက ရှန်းရွှီကမ္ဘာမှာ ဘယ်လိုပေါ်လာနိုင်မှာလဲ"

မုန့်ကျန်း အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။

ထိုကြောက်မက်ဖွယ်ကောင်းသော အတက်အကျက အဓိပဓိတစ်ပိုင်းဖြစ်သော သူ့ကိုပင် စိတ်ပျက်အားငယ်မှု ခံစားရစေသည်။

ထိုအင်အားမျိုးက အဓိပဓိတစ်ပိုင်း၏ စွမ်းအားထက် သာလွန်နေခဲ့ပြီ။

နောက်အခိုက်အတန့်တွင်...

အင်မော်တယ်သတ်ဓားအရိပ်က အဇူရာဧကရာဇ်ကြယ်တစ်ခုလုံးကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။

ကြီးမားသော ကြယ်တစ်ခုလုံးကို ဓားစွမ်းအင်က တိုက်ရိုက် ခွဲခြမ်းလိုက်၏။

ဤအခိုက်တွင် ကမ္ဘာတစ်ခုလုံး တုန်လှုပ်နေတော့သည်။

All Chapters