အခန်း ၈၈၂
Vol. 59 Ch. 882
အခန်း ( ၈၈၂ ) နယ်မြေကြီးနှစ်ခုမှ ပါရမီရှင်များကို တစ်ဦးတည်း တိုက်ခိုက်ခြင်း။
ပေါက်ကွဲထွက်လာတဲ့ ဓားစွမ်းအင်က ကမ္ဘာကြီးကို တုန်ခါသွားစေပြီး ကောင်းကင်ကြီးကိုပင် ဖျက်ဆီးပစ်လိုက်သည်။
ကြီးမားကျယ်ပြန့်သော အဇူရာဧကရာဇ်ကြယ်တစ်ခုလုံးကို ဤဓားစွမ်းအင်က ထက်ခြမ်းခွဲသွား၏။
ကမ္ဘာကြီးကို တုန်လှုပ်စေသည်။
ကောင်းကင်ကြီးလည်း တုန်ခါနေတော့သည်။
"အဲဒါဘာကြီးလဲ……"
ဤအခိုက်တွင် အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတပါး နှစ်ဘက်စလုံးရှိ ကျင့်ကြံသူများ၊ သတ္တဝါများအားလုံး ရပ်တန့်သွးကြသည်။
သူတို့ရှေ့မှ မြင်ကွင်းက တကယ်ကို ထိတ်လန့်စရာကောင်း၏။
ဤနေရာတွင် အဇူရာဧကရာဇ်၏ နိယာမများ ကျန်ခဲ့သော်လည်း ဓားစွမ်းအင်က အဇူရာဧကရာဇ်ကြယ်ကို အမှန်တကယ် ထက်ခြမ်းခွဲခဲ့သေးသည်။
ယင်းက ကြောက်စရာကောင်းလွန်းသည်။
အဇူရာဧကရာဇ်ကြယ် ကွဲသွားသောအခါ ကမ္ဘာ့သစ်ပင်က သဘာဝအတိုင်း ပေါ်ထွန်းလာခဲ့သည်။
သူ့အတွင်းပိုင်းမှ အခြေအနေများကိုလည်း မြင်လာရ၏။
ဧကရာဇ်ခုနစ်ပါးတို့က အင်မော်တယ်သတ်ဓားကို အသက်သွင်းကာ ကျွင်းရှောင်ယောက်အား ခုတ်ပိုင်းလာတော့သည်။
"မိုက်မဲလိုက်တာ"
ဤမြင်ကွင်းကိုမြင်တော့ မုန့်ကျန်းနှင့် တခြား အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများ ရုတ်တရက် အံ့ဩသွားပြီး ဒေါသတကြီး အော်လိုက်ကြသည်။
ဤမျှပြင်းထန်သော တိုက်ပွဲအခြေအနေအောက်တွင်ပင်၊ ကူတိကျစ်နှင့် အခြားသူများက အမှန်တကယ် သွေးကွဲကာ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခဲ့သေးသည်။
သူတို့က အခြေအနေကို လုံးဝ ဂရုမစိုက်ဘဲ တစ်ကိုယ်ကောင်းဆန်လွန်းသည်။
"ဝုန်း"
အင်မော်တယ်သတ်ဓားက ကျွင်းရှောင်ယောက်ထံ ကျရောက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်က အရာရာတိုင်းနီးပါးကို ဖြတ်ကျော်သွားနိုင်စွမ်းရှိ၏။
ကျွင်းရှောင်ယောက်၏ အမူအရာက လေးနက်နေသော်လည်း သူက လုံးဝမကြောက်ပါ။
သူ့ရင်ဘတ်တွင် တောက်လောင်နေသည့် နေတစ်စင်း ရှိနေပုံရသည်။
နတ်ဘုရားစွမ်းအင်များက ကျွင်းရှောင်ယောက်၏ရင်ဘတ်ရှိ အနှိုင်းမဲ့အရိုးထဲသို့ တဟုန်ထိုး စီးဝင်သွား၏။
ကျွင်းရှောင်ယောက်က အနှိုင်းမဲ့အရိုးကို ထုတ်ဖော်လိုက်ပြီ။
ယခင်က အသုံးမပြုခဲ့ခြင်းမှာ အနှိုင်းမဲ့အရိုးက မသန်မာသောကြောင့်မဟုတ်ဘဲ လုံးဝသုံးစရာမလိုသောကြောင့် ဖြစ်သည်။
ယခုတော့ ကျွင်းရှောင်ယောက်သည်ပင် အလေးအနက်ထားပြီး အကောင်းဆုံးလုပ်ဆောင်နေရပြီ။
တောက်ပသော အလင်းများက စုစည်းပြီး ကောင်းကင်၏လက်ဝါးအဖြစ် စုစည်းသွားခဲ့သည်။
ထို့နောက် ဆမ်ဆာရာအလင်းက တောက်ပလာပြီး ပြန်လည်ဝင်စားခြင်း စွမ်းအားဖြင့် ကစားပွဲလှည့်ဘီးတစ်ခု ထွက်ပေါ်လာ၏။
ထို့နောက်မှာတော့ အပြစ်သားစွမ်းအင်တို့ ပြည့်နှက်နေသော အဆုံးမဲ့ ကြာနီကမ္မမီးက တောက်လောင်လာတော့သည်။
အနှိုင်းမဲ့အရိုး၏ မဟာနတ်ဘုရားသိုင်းကြီးသုံးခုကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
ကောင်းကင်၏လက်ဝါး။
ဆမ်ဆာရာတာအိုချပ်ပြား။
အပြစ်သားကမ္မမီးလျှံ။
အားကောင်းသော နည်းလမ်းသုံးခုက တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
ထိုသို့သော စွမ်းအားမျိုးက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းရှိ၏။
"ဝုန်း"
အင်မော်တယ်သတ်ဓားအလင်းက ကောင်းကင်၏လက်ဝါး၊ ဆမ်ဆာရာတာအိုချပ်ပြား၊ အပြစ်သားကမ္မမီးလျှံတို့ကို ဖြတ်သန်းသွားခဲ့သည်။
ပြင်းထန်သော ပေါက်ကွဲသံနှင့် ဖရိုဖရဲ စွမ်းအင်လှိုင်းတစ်ခုက ကမ္ဘာကြီးကို လွှမ်းခြုံသွား၏။
အင်မော်တယ်သတ်ဓားအလင်းမှ ထုတ်လွှတ်သော စွမ်းအင်လှိုင်းများက အလွန်ပြင်းထန်ကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာကိုပင် သေဆုံးသွားစေတော့သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။
အနှိုင်းမဲ့အရိုး၏ နတ်ဘုရားစွမ်းရည်သုံးခုက အင်မော်တယ်သတ်ဓားအလင်း၏ စွမ်းအားကို အားနည်းသွားစေသော်လည်း...
အင်မော်တယ်သတ်ဓားအလင်းက အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူ့ကို ခုတ်ပိုင်းနေဆဲပင်။
ကျွင်းရှောင်ယောက်က ပျက်စီးခြင်းလှံပုဆိန်ကိုမြှောက်ကာ အလင်းတန်းတစ်ထောင်ဖြင့် ပင့်ခုတ်လိုက်သည်။
"ဝုန်း"
နောက်ဆုံးတွင် နေတစ်စင်း ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အားကောင်းသော နောက်ဆက်လှိုင်းများက အရပ်ရပ်ကို ပျံ့လွင့်သွား၏။
အခိုးအငွေ့များကလည်း လေထဲမှာ ပြည့်နေတော့သည်။
ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားသည်။
ထို့နောက်တွင်...
တနေရာလုံး ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်သွား၏။
နှစ်ဘက်ကြားမှ တိုက်ပွဲများပင်လျှင် ခေတ္တရပ်သွားပြီ။
"အောင်မြင်သွားပြီလား"
ကူတိကျစ်နှင့် အခြားသူများ၏ မျက်နှာများက အနည်းငယ် ဖြူဖျော့နေခဲ့သည်။
ဧကရာဇ်ခုနစ်ပါး ကွပ်မျက်ခြင်း အင်မော်တယ်ဝင်္ကပါကို အသက်သွင်းလိုပါက စွမ်းအင်အများအပြား သုံးစွဲရန်လိုသည်။ သူတို့၏ လက်ရှိအင်အားဖြင့် ယင်းကို အကြိမ်များစွာ အသုံးမပြုနိုင်ပေ။
ဤအခိုက်တွင် လူတိုင်း၏ မျက်လုံးများက မီးခိုးများပြည့်နေသော ကွက်လပ်ကို စိုက်ကြည့်လိုက်ကြသည်။
"အဟွတ်၊ အဟွတ်..."
ချောင်းဆိုးသံ ထွက်ပေါ်လာသည်။
"ဘာ၊ သူ မသေသေးဘူးလား"
မရေမတွက်နိုင်သောလူများ တုန်လှုပ်သွား၏။ အေးစက်စက်လေကို ရှူရှိုက်ရင်း သူတို့၏မျက်လုံးများမှာလည်း မယုံနိုင်ခြင်းများ ပြည့်နှက်နေတော့သည်။
ကမ္ဘာကြီးကို ဖျက်ဆီးပြီး အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်တောက်ပစ်သော အင်မော်တယ်သတ်ဓားရှေ့တွင်...
အဓိပဓိများပင်လျှင် မခံနိုင်ဘဲ အသတ်ခံရမည် ဖြစ်သည်။
ယခုတော့ ကျွင်းရှောင်ယောက်က အမှန်တကယ် အသက်ရှင်နေသေးသလော။
လူတိုင်း၏ တုန်လှုပ်နေသော အကြည့်အောက်တွင်...
ကျွင်းရှောင်ယောက်၏ ရုပ်သွင် ပေါ်လာခဲ့သည်။
သူ့တစ်ကိုယ်လုံး သွေးများဖြင့် စွန်းထင်းနေပြီး ရင်ဘတ်မှလည်း သွေးများ ယိုစီးကျနေသည်။
သူကိုင်ထားသော ဧကရာဇ်တစ်ပိုင်းလက်နက် မဟာပျက်စီးခြင်းလှံပုဆိန်မှာလည်း အက်ကြောင်းများ အမှန်တကယ် ရှိနေခဲ့၏။
လှံပုဆိန်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ကလည်း သွေးများစီးကျနေခဲ့ပေသည်။
ခြုံကြည့်ရလျှင်...
သူက ဒဏ်ရာရရှိခဲ့သော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။
ဒဏ်ရာ ပြင်းပြင်းထန်ထန် မဆိုထားနှင့်၊ အနည်းငယ်ဆိုးရွားသော အခြေအနေပင် မရှိပေ။
အကယ်၍ မေယုကမ္ဘာ နှစ်ရာခြောက်ဆယ်သာ ကွဲကြေမသွားပါက...
ကျွင်းရှောင်ယောက် ဒဏ်ရာအနည်းငယ်မျှပင် မရဘူးဟု ဆိုနိုင်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ကူတိကျစ်လည်း သူ့ဒေါသကို မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
ယင်းက သူမျှော်လင့်ထားတာကို လုံးဝ ကျော်လွန်သွားပြီ။
သူ့မျှော်လင့်ထားသည့်အတိုင်းဆိုလျှင် ကျွင်းရှောင်ယောက် မသေခဲ့ရင်တောင် ပြင်းထန်စွာ ဒဏ်ရာရပြီး ခုခံနိုင်တော့မည် မဟုတ်ပါ။
ဤသို့ဖြင့် ကျွင်းရှောင်ယောက်ကို အလွယ်တူ ရိုက်သတ်လိုက်နိုင်မည် ဖြစ်သည်။
သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက်မှာ ပြဿနာကြီးကြီးမားမား မရှိပါ။
သူက သူ၏ တိုက်ခိုက်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ကျွင်းရှောင်ယောက်က တကယ်ကဲ မရှုံးနိုင်တာလား"
ကျိတောက်ရီလည်း တုန်လှုပ်သွားမိသည်။
ဤမျှ ယုတ္တိမတန်သူမျိုးကို သူ့ဘဝတွင် ပထမဆုံး ကြုံခဲ့ရခြင်း ဖြစ်၏။
ဧကရာဇ်ခုနစ်ပါးတွင် လင်ယွမ်နှင့် ရွယ်ယွဲ့တို့ကတော့ တိတ်တဆိတ် စိတ်သက်သာရာ ရသွားကြတော့သည်။
"နတ်ဘုရားသားတော်က မျှော်လင့်ထားတဲ့အတိုင်းပဲ"
မုန့်ကျန်းလည်း ယင်းကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒါက ကောင်းကင်ဘုံ ပေးအပ်ထားတဲ့ ဝှက်ဖဲလား။ တကယ်ကို ကြောက်စရာကောင်းတာပဲ။ အဲဒါက ငါ့ကိုတောင် တကယ်နာကျင်စေနိုင်တယ်"
ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး စွန်းထင်းနေသော သွေးများကို ကြည့်လိုက်သည်။
ဤခံစားချက်က အံ့သြစရာကောင်း၏။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က ထိခိုက်ဒဏ်ရာရခြင်း မရှိသလောက် ဖြစ်သည်။
ထို့ကြောင့် သူ့အတွက်တော့ ဒဏ်ရာရခြင်းမှာ အသစ်အဆန်း ဖြစ်လာတော့သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တစ်ချက်တုန်သွားသည်။
သူ့ခန္ဓာကိုယ်ထဲမှာ သုတ္တန်ကျမ်းများ ရွတ်ဆိုနေသံများကို ကြားလာရ၏။
ထို့နောက်တော့ လူတိုင်း၏ တုန်လှုပ်နေသော မျက်လုံးများအောက်တွင်...
ကျွင်းရှောင်ယောက်၏ ရင်ဘတ်ရှိ ဒဏ်ရာက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာတော့သည်။
၎င်းက ရှင်သန်ခြင်းကျမ်း၏ မှော်ဆန်သော နည်းလမ်းဖြစ်သည်။
"တိုက်ခိုက်ကြ၊ ငါတို့ သူ့ကို ပြန်ကောင်းလာဖို့ အချိန်မပေးနိုင်ဘူး"
ကူတိကျစ် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ဖူယောင်နှင့် တခြားသူများကို လှည့်ကြည့်လိုက်၏။
"ကျွင်းရှောင်ယောက်က မင်းတို့ တိုင်းတပါးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်သင့်တယ်။ မင်း မလှုပ်ရှားဘူးလား"
ကူတိကျစ်၏ စကားကြောင့် ဖူယောင်၏မျက်လုံးများ အရောင်လက်သွားသည်။
အမှန်လည်း တိုင်းတပါးအတွက် ကျွင်းရှောင်ယောက်သည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်၏။
ယခုနေ မရှင်းထားပါက၊ အနာဂတ်မှာ ကျွင်းရှောင်ယောက်ကို မည်မျှ အားကောင်းလာမည်မှန်း မခန့်မှန်းနိုင်ပေ။
"တိုက်ခိုက်ကြ"
ဖူယောင်က အော်ဟစ်ပြီး တိုင်းတပါးမှ အခြား ပါရမီရှင်များနှင့် လှုပ်ရှားရန်ပြင်လိုက်သည်။
တုရှန်ရှောင်ရှောင်း၏ လှပသော မျက်လုံးများက အရောင်လက်လာပြီးနောက် ပြုံးကာ ပြောလိုက်၏။
"ကျွင်းသခင်လေး၊ နင်ကာကွယ်ချင်နေတဲ့ အင်မော်တယ်နယ်မြေကြီးရဲ့ လူတွေကတောင် အခု နင့်ကိုသတ်ချင်နေပြီ။ နင် ဘာဖြစ်လို့ ငါတို့ တုရှန်ဧကရာဇ်မျိုးနွယ်ကိုဝင်ပြီး ဒီကောင်မလေးရဲ့ ခင်ပွန်း မဖြစ်ရမှာလဲ"
ဤစကားများက ကူတိကျစ်နှင့် အခြားသူများကို အမူအရာ ပြောင်းလဲစေခဲ့သည်။
တိုင်းတစ်ပါးမှ ဧကရာဇ်မျိုးနွယ်၏ ပါရမီရှင် မင်းသမီးလေးသည်ပင် ကျွင်းရှောင်ယောက်၏ ဆွဲဆောင်မှုကို မခံနိုင်ပေ။
ယင်းက စိတ်တိုစရာကောင်းသည်။
တုရှန်ရှောင်ရှောင်းသာ ကျွင်းရှောင်ယောက်ကို အမှန်တကယ် ကူညီချင်ပါက သူတို့ နည်းနည်းတော့ ဒုက္ခရောက်လိမ့်မည်။
ထို့အပြင် ဖူယောင်သည်လည်း အမူအရာ ပြောင်းသွားသည်။
တုရှန်ဧကရာဇ်မျိုးနွယ်မှ မင်းသမီးငါးပါး၏ အမြင်မှာ အလွန်မြင့်မားကြောင်း သူနားလည်သည်။
မျိုးဆက်သစ် ထိပ်တန်း ဘုရင်ဆယ်ပါးထဲမှ တစ်ဦးဖြစ်သော ချီလင်ခုန်း၏အစ်ကို ချီဟုန်ယွိကိုပင် သူတို့က လုံးဝ အလေးမထားခဲ့ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ မင်းသမီးများထဲမှ တစ်ယောက်၏ နှစ်သက်မှုကို ရယူနိုင်ခဲ့သည်။
ဤအရာက သူအပါအဝင် တိုင်းတစ်ပါးမှ လူငယ်အားလုံးကို မနာလိုစိတ်ကြောင့် သေဆုံးစေနိုင်ပေသည်။
ဤသည်မှာ တရားလွန်လွန်းသည်။ တိုင်းတပါးမှ ပါရမီရှင်ယောက်ျားအားလုံးက အင်မော်တယ်နယ်မြေကြီးမှ လူနှင့် အမှန်တကယ် မနှိုင်းယှဉ်နိုင်ပေ။
"အပိုတွေ ပြောနေစရာ မလိုပါဘူး။ လာချင်ရင် အတူတူ လာခဲ့ကြ"
ကျွင်းရှောင်ယောက်က အက်ကွဲနေသော မဟာပျက်စီးခြင်းလှံပုဆိန်ကိုကိုင်ထားပြီး တုရှန်ရှောင်ရှောင်းကို လုံးဝလျစ်လျူရှုခဲ့သည်။
တုရှန်ရှောင်ရှောင်း၏ တွက်ချက်မှုများက အလွန်နက်နဲ၏။
လူဘုံအလယ်တွင် ကျွင်းရှောင်ယောက်ကို သူ၏ခင်ပွန်း ဖြစ်လာစေချင်သည်။
ကျွင်းရှောင်ယောက်က သဘောမတူလျှင်ပင် အနည်းငယ် တုံ့ဆိုင်းသွားရုံဖြင့် ဝေဖန်မှုများ ရှိလာလိမ့်မည်။
ကျွင်းရှောင်ယောက်ကို တိုင်းတပါးနှင့် ပူးပေါင်းလိုသည်ဟု ထင်ကြမည် ဖြစ်သည်။
တုရှန်ရှောင်ရှောင်း၏ လှုပ်ရှားမှုက ကျွင်းရှောင်ယောက်နှင့် တုရှန်မျိုးနွယ် တစ်ခုလုံးကိုပင် ပတ်သက်လာစေနိုင်ပေသည်။
ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က မတုံ့ဆိုင်းဘဲ ချက်ချင်းငြင်းလိုက်သည်။
"ဟင်း၊ စိတ်မကောင်းစရာပဲ။ ကံကြမ္မာရှိသူက ရှာရခက်တယ်"
တုရှန်ရှောင်ရှောင်းက တိုးတိုးလေး သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်ကို သူမ အလွန်နှစ်သက်၏။
ဤသည်မှာ ပြီးပြည့်စုံလုနီးပါးရှိသော အမျိုးသားတစ်ဦးဖြစ်သည်။
သူမတင်မကဘဲ တခြားညီအစ်မ လေးယောက်လည်း သဘောကျနိုင်လိမ့်မည်။
"သတ်"
ဤအခိုက်တွင် အင်မော်တယ်နယ်မြေကြီးမှ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးအပြင် တိုင်းတစ်ပါးမှ ဖူယောင်၊ မျက်လုံးကိုးလုံး မိစ္ဆာနဂါး၊ ဟွမ်နျဲ့ထျန်းနှင့် အခြားသူများအားလုံးက တိုက်ခိုက်ရန် ထွက်လာကြတော့သည်။
ကျွင်းရှောင်ယောက်ဘက်မှ ကျွင်းလုံခန်း၊ ကျွင်းမိုရှောင်၊ ယွိချန်ကျွမ့်နှင့် အခြား ပါရမီရှင်များကိုလည်း...
စန်းလီ၊ ယောင်ချင်းနှင့် အင်မော်တယ်ခုံရုံး၏ အခြားသားမြေးများက ပိတ်ဆို့ထားခဲ့သည်။
"ဟားဟားဟား၊ ဒီနတ်ဘုရားသားတော်က အင်မော်တယ်နယ်မြေကြီးနဲ့ တိုင်းတပါးက ပါရမီရှင်တွေကိုတောင် အတူတူ ပူးပေါင်းတိုက်ခိုက်စေနိုင်တာပဲ။ ဘယ်လောက်တောင် ခံစားလို့ကောင်းလိုက်လဲ"
ကျွင်းရှောင်ယောက်က ရယ်မောလိုက်သည်။ မဟာပျက်စီးခြင်းလှံပုဆိန်ဖြင့် အရပ်ရပ်သို့ လွှဲခုတ်ရင်း အနက်ရောင် သူ့ဆံပင်များက လူးလွန့်လှုပ်ရှားနေ၏။
နယ်မြေကြီးနှစ်ခုမှ ပါရမီရှင်များက ပူးပေါင်းပြီး လူတစ်ယောက်တည်းကို တိုက်ခိုက်နေရသည်။
သူ့အပြင်၊ အခြား ဘယ်သူတတ်နိုင်ဦးမည်နည်း။