အခန်း ၈၈၄
Vol. 59 Ch. 884
အခန်း ( ၈၈၄ ) ကူတိကျစ်၏ နောက်ဆုံးဝှက်ဖဲ၊ ဒုစရိုက်အတွေးခုနစ်ခု တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း၊ မိစ္ဆာအတွေး နောက်ဆုံးမှာတော့ ထွက်ပေါ်လာပြီ။
ကူတိကျစ်၏ နောက်ကွယ်တွင် ဟင်းလင်းပြင်က ပွင့်လာသည်။
ကြာနီကမ္မမီးက တဟုန်းဟုန်း တောက်လောင်လာ၏။
ကြာနီပန်းပေါ်မှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်ကို ဖိနှိပ်ထားပုံရသည့် ပုံသဏ္ဍာန်တစ်ခု ရပ်နေသေးသည်။
ဒုစရိုက်ခုနစ်ပါးအနက် ဒေါသကို ကိုယ်စားပြုသော ကြာနီပန်း ဖြစ်သည်။
"ဒါက နတ်ဘုရားရဲ့ ဒုစရိုက်ခုနစ်ပါးက တစ်ခုပဲ၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"ကူတိကျစ်က အဇူရာဧကရာဇ်ရဲ့ ဒုစရိုက်အတွေးကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ"
အရပ်ရပ်မှ လူတိုင်း နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးသွားကြသည်။
ယင်းမှာ ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး၏ ဒုစရိုက်အတွေး ဖြစ်၏။
ယင်းက ဒုစရိုက်ခုနစ်ခုအနက်မှ တစ်ခုသာဖြစ်သော်လည်း ရှန်းရွှီကမ္ဘာတွင် အလွန်ကြောက်စရာကောင်းနေသေးသည်။
ထို့အပြင် ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်နှင့် ဒုစရိုက်အတွေးကို ခုခံခဲ့ရခြင်း ဖြစ်သည်။
ယင်းက လူတိုင်းကို ပို၍ပင် တုန်လှုပ်သွားစေသည်။
"ကူတိကျစ်၊ မင်း တကယ်ကို တတ်နိုင်သမျှ လုပ်ခဲ့တာပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။
ကူတိကျစ်တွင် လျှို့ဝှက်လှည့်ကွက်များ ရှိကောင်းရှိနိုင်သည်ဟုတော့ သူ တွေးပြီးသားပင်။
နောက်ဆုံးတွင် ကူတိကျစ်က သူ့ကိုသတ်ပြီး ကောင်းကင်သရဖူကို ရယူရန် စိတ်အားထက်သန်နေသူ ဖြစ်သည်။
သို့သော်လည်း ရိုးရိုးသားသားပြောရလျှင် ကျွင်းရှောင်ယောက်သည် ကူတိကျစ်ကို ဤနည်းလမ်းမျိုးကး တွေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“မင်း မသေသေးဘူးလား”
ကူတိကျစ် အံ့အားသင့်သွားသည်။
သူမျှော်လင့်ထားသည့်အတိုင်းဆိုလျှင်၊ ဒုစရိုက်အတွေးက ကျွင်းရှောင်ယောက်ကို တစ်ချက်တည်းဖြင့် သတ်နိုင်သင့်သည်။
ကျွင်းရှောင်ယောက်က မကောင်းဆိုးရွားဖြစ်လျှင်ပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရလိမ့်မည်။
ယခုမူ၊ ကျွင်းရှောင်ယောက်က ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ခုခံပြီး အနည်းငယ်သာ ဒဏ်ရာရခဲ့သည်။
ဤခန္ဓာကိုယ်က ဘယ်လောက်တောင် တရားလွန်ဖြစ်နေပါသနည်း။
"ထပ်လာမယ်"
ကူတိကျစ်၏ မျက်လုံးများက အေးစက်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူ အကောင်းဆုံးကြိုးစားထား၏။
သူ့အတွက် အနိုင်သာရှိမည်။ ရှုံးနိမ့်၍မရပေ။
ကူတိကျစ်က မန္တာန်များကို နောက်တစ်ဖန် တီးတိုးရွတ်ဆိုလိုက်သည်။
ကြာနီပန်းမှ လူရိပ်က ကျွင်းရှောင်ယောက်ကို နောက်တစ်ဖန် ဖိနှိပ်လိုက်၏။
သူ့အရှေ့မှ ဟင်းလင်းပြင်က အက်ကွဲသွားကာ ကမ္မမီးကြောင့် အရာအားလုံး လောင်ကျွမ်းသွားတော့သည်။
ရှန်းရွှီကမ္ဘာတွင် ဒုစရိုက်ခုနစ်ပါးက အခိုင်မာဆုံးတည်ရှိမှုဟု ဆိုနိုင်သည်။
"ဝုန်း"
ကမ္မမီးက ကျွင်းရှောင်ယောက်ကို လွှမ်းခြုံသွားသည်။
စွမ်းအင်ခုခံကာကွယ်ခြင်းပင်လျှင် ဤကြောက်စရာကောင်းသော စွမ်းအားကို ခံနိုင်ရည်မရှိပါ။
ကျွင်းရှောင်ယောက်၏ ကြည်လင်သော အသားရေက အနည်းငယ် မည်းလာသည်။
"နောက်ဆုံးတော့ ပြီးသွားပြီ။ ကျွင်းရှောင်ယောက်... မင်းရဲ့ဒဏ္ဍာရီတွေ ဒီနေ့ ပြီးဆုံးသွားလိမ့်မယ်"
"ကမ္ဘာကြီးက အောင်နိုင်သူတွေကိုပဲ မှတ်မိဝာ၊ အရှုံးသမားကိုတော့ ဂရုမစိုက်ဘူး"
ကူတိကျစ် ပြုံးလိုက်သည်။
နှစ်နှင့်ချီကာ ကြံစည်ခဲ့သမျှ၊ စီစဉ်ခဲ့ရသမျှက...
ဤအခိုက်အတန့်အတွက် မဟုတ်လော။
ထိုအချိန်က၊ သူ့မင်္ဂလာပွဲ၌ ကျွင်းရှောင်ယောက်သည် နတ်သမီးယွမ်ကို ခေါ်ဆောင်သွားခဲ့သည်။
ထို့ကြောင့် သူ့ဦးခေါင်းစိမ်းလန်းပြီး ဖူရှီအင်မော်တယ်မျိုးရိုး၏ ဂုဏ်သိက္ခာရှိသော သားတော်ဖြစ်ပါလျက်နှင့် မရေမတွက်နိုင်သော လူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရပေသည်။
သို့သော်၊ ကူတိကျစ် သည်းခံခဲ့သည်။
ကျွင်းရှောင်ယောက် ကျဆုံးမည့် ဤအချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။
ဤအခိုက်တွင် စိတ်လှုပ်ရှားလွန်းသဖြင့် ကူတိကျစ် တုန်တုန်ယင်ယင် ဖြစ်သွားသည်။
မိန်းကလေးနှစ်ယောက်ဖြစ်သော လင်ယွမ်နှင့် ရွယ်ယွဲ့ကမူ အနည်းငယ် တုန်လှုပ်သွား၏။
သူတို့နှစ်ဦးစလုံး ဝမ်းနည်းကြေကွဲသလို ခံစားကြရသည်။
အထူးသဖြင့်၊ လင်ယွမ်မှာ သူမ၏ နှလုံးသားထဲတွင် အပ်နှင့်ထိုးနေသလို တဆစ်ဆစ် နာကျင်လာတော့သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ"
ဖူယောင် အသက်ပြင်းပြင်းရှူလိုက်သည်။
အမှန်အတိုင်းပြောရလျှင် ကျွင်းရှောင်ယောက်ကို သူ အမှန်တကယ် ကြောက်သည်။
ကျွင်းရှောင်ယောက်သည် သတ်ရန်ခက်ခဲလွန်း၏။
သာမန်အသိတရားဖြင့် အကဲမဖြတ်နိုင်သော ဤဘီလူး ကြီးပြင်းလာပါက...
တိုင်းတစ်ပါးမှာ ကပ်ဆိုးကြီးတစ်ခု ကြုံလာမည် ဖြစ်သည်။
လေထုက တိတ်ဆိတ်နေပြီး စက္ကန့်တိုင်းက နှစ်များကဲ့သို့ ကြာမြင်နေသကဲ့သို့ပင်။
ဤတစ်ခါတော့ ကျွင်းရှောင်ယောက် ပြန်ထနိုင်မည်ဟု မည်သူမျှမထင်တော့ပါ။
နောက်ဆုံးတွင်၊ နတ်ဘုရား၏ ဒုစရိုက်အတွေးက အစွမ်းထက်လွန်းလှသည်။
ရှန်းရွှီကမ္ဘာတွင် သူက ပြိုင်ဘက်ကင်းသလောက် ဖြစ်၏။
ကျွင်းရှောင်ယောက်က မည်မျှသန်မာနေပါစေ၊ နတ်ဘုရား၏ ဒုစရိုက်အတွေးကဲ့သို့ စစ်နတ်ဘုရားကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
တခြားသူများကို မဆိုထားနှင့်၊ ကျွင်းရှောင်ယောက်ကိုယ်တိုင်တောင် သေခြင်းတရားကို ခံစားလိုက်ရသည်။
ဤခံစားချက်ကို နောက်ဆုံး ခံစားခဲ့ရသည့်အချိန်က ကြေးအင်မော်တယ်နန်းတော်အတွင်းရှိ အရာအားလုံး၏မိခင်ချီထဲတွင် နစ်မြုပ်နေချိန်တွင် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးက အရောင်လက်သွားပြီး အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးဖြင့် ချေဖျက်ရန် ကြံစည်လိုက်ချိန်တွင်...
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာရှိ အသက်စမ်းရေအတွင်းမှ တိတ်ဆိတ်နေသော ရှေးဦးကြာမျိုးစေ့က ပြင်းထန်စွာ တုန်လှုပ်လာသည်။
တစ်ခုခု မွေးဖွားတော့မည်ကဲ့သို့...
ကြာစေ့မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပိုများလာ၏။
အက်ကွဲကြောင်းများ ပျံ့နှံ့လာသည်နှင့်အမျှ ကစဉ့်ကလျား အငွေ့အသက်များလည်း ထွက်ပေါ်လာတော့သည်။
ရှေးဦး မူလစွမ်းအားက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
ကမ္မမီး၏ စွမ်းအားက ကျွင်းရှောင်ယောက်ကို မထိခိုက်စေနိုင်တော့ပါ။
"ဟမ်..."
ကြာနီပန်းပေါ်တွင် ရပ်နေသော မှုန်ဝါးဝါးရုပ်သွင်က ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ကြယ်ကောင်းကင်ထက်မှာ ရပ်နေသော ဒုစရိုက်အတွေး ငါးပါးသည်လည်း ကျွင်းရှောင်ယောက်ကို အာရုံစိုက်လာခဲ့၏။
"ဝုန်း"
တစ်စုံတစ်ခု၏ လှုံ့ဆော်ခံရသကဲ့သို့ ဒုစရိုက်အတွေး ခြောက်ခုစလုံးက အရှိန်အဝါများကို ရုတ်တရက် ထုတ်လွှတ်လာတော့သည်။
"ဘာဖြစ်တာလဲ"
လူတိုင်းက အံ့ဩပြီး စိတ်ရှုပ်ထွေးသွားကြသည်။
ကူတိကျစ်လည်း နားမလည်နိုင်သော စိတ်မသက်မသာဖြစ်ခြင်းကို ခံစားလိုက်ရ၏။
ဤခံစားချက်မျိုး ယခင်ကလည်း ဖြစ်ခဲ့ဖူးသည်။
'ဟင့်အင်း...မဖြစ်နိုင်ဘူး၊ ကျွင်းရှောင်ယောက်မှာ တခြား ဝှက်ဖဲ မရှိနိုင်တော့ဘူး'
ကူတိကျစ်က ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
ထိုစဉ်...
ဝေးကွာသောအရပ် ကြယ်ကောင်းကင်မှ ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်း၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။
ဤအငွေ့အသက်ကြောင့် မုန့်ကျန်းနှင့် အင်မော်တယ်နယ်မြေကြီး၏ စစ်သူရဲများ မျက်စိမျက်နှာပျက်သွားသည်။
"မကောင်းတော့ဘူး၊ အဲ့ဒါက ဒုစရိုက်အတွေးရဲ့ နောက်ဆုံးတစ်ခုပဲ"
မုန့်ကျန်း အော်ဟစ်လိုက်သည်။
ဝေးကွာသော ကောင်းကင်မှ ပျက်စီးခြင်းဒီရေက တဟုန်ထိုး တက်လာသည်။
အဖျက်စွမ်းအား အပြည့်ရှိသော ကြာပန်းနက်က လျင်မြန်စွာ ဖြတ်သန်းလာ၏။
၎င်းမှာ ဒုစရိုက်ခုနစ်ပါးအနက် ကောက်ကျစ်ခြင်းကို ကိုယ်စားပြုသော ကြာပန်းနက် ဖြစ်တော့သည်။
နောက်ဆုံး ဒုစိရိုက်အတွေး ရောက်လာခြင်းနှင့်အတူ...
ဒုစရိုက်အတွေး ခုနစ်ခုက နောက်ဆုံးတွင် တစ်နေရာတည်းမှာ လုံးလုံးလျားလျား စုစည်းသွားခဲ့သည်။
လောဘကို ကိုယ်စားပြုသော ငှက်မွှေးပြာကြာပန်း။
တပ်မက်ခြင်းနှင့် ဆန္ဒကို ကိုယ်စားပြုသော ပန်းနုရောင်ကြာပန်း။
မနာလိုခြင်းကို ကိုယ်စားပြုသော ခရမ်းရောင်ကြာပန်း။
ဒေါသကို ကိုယ်စားပြုသော ကြာနီပန်း။
ပျင်းရိခြင်းကို ကိုယ်စားပြုသော အဖြူရောင် ကြာပန်း။
မောက်မာမှုကို ကိုယ်စားပြုသော ရွှေကြာပန်း။
ကောက်ကျစ်ခြင်းကို ကိုယ်စားပြုသော ကမ္ဘာဖျက် ကြာပန်းနက်။
နောက်ဆုံးတွင် ဒုစရိုက်အတွေးခုနစ်ခုက ပေါင်းစည်းသွားကြပြီ။
"မဟုတ်ဘူး၊ ရပ်လိုက်"
အင်မော်တယ်နယ်မြေကြီး၏ စစ်သူရဲတစ်ဦး အော်ဟစ်ကာ ဒုစရိုက်အတွေးခုနစ်ခုကို တိုက်ရိုက် တိုက်ခိုက်လိုက်ကြသည်။
သို့သော်၊ ဒုစရိုက်အတွေး ခုနစ်ပါးအနီးသို့ မချဉ်းကပ်မီတွင် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွား၏။
အဓိပဓိတစ်ပိုင်း စစ်သူရဲမှာ အရှိန်အဝါကိုပင် မခံနိုင်ခဲ့ပေ။
"ပြီးသွားပြီ..."
မုန့်ကျန်း၏ မျက်လုံးများက အသက်မဲ့သွားသည်။
သူတင်မကဘဲ စစ်သူရဲများနှင့် အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူအားလုံး မျက်နှာပျက်သွားကြ၏။
အခြားတစ်ဖက်တွင်မူ တိုင်းတစ်ပါးမှ လူများက သက်ပြင်းချလိုက်ကြသည်။ သို့သော်လည်း သူတို့၏မျက်နှာများမှာ ကြည့်မကောင်းလှပေ။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က တိုင်းတပါးမှ ထိပ်တန်း ပါရမီရှင် ရာနှင့်ချီကို သတ်ဖြတ်ခဲ့သည်။
ဤဆုံးရှုံးမှုက ကြီးမားလွန်းပေသည်။
သို့သော်လည်း အနည်းဆုံးတော့၊ ရှန်းရွှီကမ္ဘာကြီး ပျက်သုဉ်းသွားတော့မည် ဖြစ်သည်။ ဤသည်မှာ တိုင်းတပါးအတွက် သတင်းကောင်းတစ်ခုပင်။
လေထဲတွင် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ်လက်ပြီး အပျက်သဘောဆောင်သော ဆန္ဒများလည်း ဖြစ်ပေါ်လာခဲ့သည်။
ဒုစရိုက်ခုနစ်ပါးကို တစ်သားတည်းမဖြစ်အောင် မည်သူမျှ မတားဆီးနိုင်တော့ပါ။
ကျွင်းရှောင်ယောက်က ပေါင်းစပ်လာနေသော ဒုစရိုက်အတွေးခုနစ်ခုကို ကြည့်လိုက်သည်။
သူ့မျက်လုံးထဲမှာတော့ နားလည်ရခက်သော အရိပ်အမြွက်တို့ ဖြစ်ပေါ်လာ၏။
ခဏချင်းမှာပင်...
ဒုစရိုက်အတွေးခုနစ်ခု ပေါင်းစည်းပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
နောက်အခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကမ္ဘာအားလုံးကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။
အနှိုင်းမဲ့ ခမ်းနားထည်ဝါသော နတ်ဆိုးအရိပ်တစ်ခု ပေါ်လာတော့သည်။
၎င်းက ရှေးဒဏ္ဍာရီလာခေတ်မှ ဆင်းသက်လာပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ချေမှုန်း ကြောက်မက်ဖွယ်အကောင်းဆုံး ဖျက်ဆီးခြင်း နတ်ဆိုးဘုရင်ကဲ့သို့ပင် ဖြစ်သည်။
နောက်ဆုံးတွင် မိစ္ဆာအတွေးက ဤကမ္ဘာမှာ ပေါ်လာခဲ့၏။