အခန်း ၈၈၆
Vol. 60 Ch. 886
အခန်း ( ၈၈၆ ) အဇူရာဧကရာဇ်၏ ဝိညာဉ်၊ မိစ္ဆာအတွေး ဖြစ်လာရခြင်း၏ အကြောင်းရင်းနှင့် တံဆိပ်ခတ်ရန် နည်းလမ်း။
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာတွင် ကစဉ့်ကလျားစွမ်းအင်များက တဟုန်ထိုးတက်လာသည်။
သုံးဆယ့်ခြောက်ဆင့် ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းပေါ်တွင် နတ်အလင်းများ လွှမ်းခြုံထားသော ရုပ်သွင်တစ်ခု ရှိ၏။
သူက ရိုးရှင်းသော မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း မြင့်မြတ်သည့် အငွေ့အသက်တို့ ထွက်ပေါ်နေပေသည်။
သူ၏ ဆံပင်ရှည်များကလည်း တဖျတ်ဖျတ် လှုပ်ရှားနေကာ အင်မော်တယ်တစ်ပါးအလား ထင်မှတ်ရပေသည်။
သူ့မျက်နှာကတော့ နတ်အလင်းတို့ ဖုံးကွယ်ထားပြီး မှုန်ဝါးနေသည်။
သို့သော်လည်း တစ်စွန်းတစ မြင်နေရသည့် သူ့မျက်နှာက ရင်သပ်ရှုမောဖွယ် ဖြစ်နေသေးသည်။
ထိုကဲ့သို့ အပြစ်ကင်းစင်သော ချောမောလှပမှုမျိုးက ယောက်ျားနှင့် မိန်းမတို့၏ လိင်လက္ခဏာကို ကျော်လွန်သွားခဲ့သည်။
ယင်းက ပြီးပြည့်စုံခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကဲ့သို့ပင်။
အဇူရာဧကရာဇ်မှာ ကစဉ့်ကလျား ကြာပန်းဖြစ်သောကြောင့် အမျိုးသားနှင့် အမျိုးသမီးကြားတွင် ကွဲပြားမှုမရှိပေ။
ဤအခိုက်တွင်၊ အတွင်းစကြာဝဠာအတွင်း၌ ကျွင်းရှောင်ယောက်၏ ဝိညာဉ်က ရုပ်ပုံသဏ္ဍာန်အဖြစ် စုစည်းလာကာ အဇူရာဧကရာဇ် အရိပ်တု၏ ရှေ့တွင် ရပ်လိုက်သည်။
သူ့ရှေ့မှ ကြီးကျယ်ခမ်းနားသော ရုပ်သွင်ကို စိုက်ကြည့်လိုက်၏။
သူက တကယ်ပဲ အဇူရာဧကရာဇ်လား။
ကျွင်းရှောင်ယောက်လည်း သူ့ဘာသာသူ တွေးလိုက်မိသည်။
အကယ်၍၊ အခြားသူများသာ အဇူရာဧကရာဇ်ကို မြင်လိုက်ရပါက၊ ဝိညာဉ် သို့မဟုတ် အရိပ်တစ်ခုမျှသာ ဖြစ်လျှင်ပင် သူတို့ အလွန်စိတ်လှုပ်ရှားပြိး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်အောင် ဖြစ်ကြနိုင်သည်။
နောက်ဆုံးတွင်၊ ဤသည်က ရှေးသမိုင်းတွင် မှတ်တမ်းတင်ထားသော ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးပင်။
၎င်းက ဒဏ္ဍာရီဆန်ဆန် တည်ရှိမှုတစ်ခုလည်း ဖြစ်သည်။
သို့သော်၊ ကျွင်းရှောင်ယောက်ကတော့ အလွန်တည်ငြိမ်ပြီး အပြောင်းအလဲ မရှိပါ။
အဇူရာဧကရာဇ်၏ အရိပ်နှင့် ရင်ဆိုင်နေရသော်လည်း သူ၏ အရှိန်အဝါကို မဆုံးရှုံးခဲ့ပေ။
ရှေးခေတ်နှင့် ခေတ်သစ် ထာဝရတားမြစ်ချက်နှစ်ဦး ရင်ဆိုင်တွေ့နေသကဲ့သို့ ဖြစ်သည်။
"ဒီကမ္ဘာမှာ ကိုယ်ပိုင်နိယာမတွေရှိတာပဲ"
အဇူရာဧကရာဇ်အရိပ်က နောက်ဆုံးတွင် စကားစလိုက်သည်။ သူ့အသံကတော့ ကြည်လင်နေပြီး ယောက်ျား၊ မိန်းမ ခွဲခြားမရပေ။
သူသည် ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးဖြစ်သော်လည်း အလွန်အေးချမ်းကာ မည်သူ့ကိုမျှ ဖိအားမပေးခဲ့ပါ။
နွေဦးစမ်းရေတွင် ရေချိုးရသကဲ့သို့ သက်တောင့်သက်သာဖြစ်ခြင်းကိုပင် ခံစားရနိုင်သည်။
အဇူရာဧကရာဇ်၏ဘေးမှာ ရပ်နေရုံမျှဖြင့် ကျွင်းရှောင်ယောက်ဟာ ဉာဏ်အလင်းပွင့်တော့မလို ခံစားလိုက်ရလေသည်။ မဟာတာအိုကို နားလည်နိုင်တော့မည်ဟု ခံစားရသည်။
သာမန်လူတစ်ဦးသည်ပင် အဇူရာဧကရာဇ်ဘေးတွင် အချိန်တစ်ခုကြာ ရှိနေနိုင်သရွေ့ အကန့်အသတ်မဲ့ အလားအလာရှိသော ပါရမီရှင်တစ်ဦးအဖြစ် ပြောင်းလဲနိုင်လိမ့်မည်။
"ကျွင်းမိသားစုက ကျွင်းရှောင်ယောက်၊ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်"
ကျွင်းရှောင်ယောက်က လက်ယှက်ပြီး ပြောလိုက်သည်။ သူ့လေသံက နှိမ့်ချမှု၊ မောက်မာမှုမရှိဘဲ တည်ငြိမ်မှုရှိ၏။
"ကျွင်းမိသားစုရဲ့ မျိုးဆက်လား။ အရင်တုန်းက ငါလည်း ကျွင်းမိသားစုရဲ့ ရှေးဧကရာဇ် ယွမ်ရှစ်နဲ့ တာအိုအကြောင်း ဆွေးနွေးဖူးပါတယ်။ အခု သူ အသက်ရှင်နေသေးလားလို့ တွေးမိတယ်"
အဇူရာဧကရာဇ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဧကရာဇ် ယွမ်ရှစ်လား"
ကျွင်းရှောင်ယောက် အံ့သြသွား၏။
ရိုးရိုးသားသားပြောရလျှင်၊ ရှေးဧကရာဇ် ကျွင်းယွမ်ရှစ်အကြောင်းကို သူ တစ်ခါမှ မကြားဖူးပေ။
သို့သော်လည်း အဇူရာဧကရာဇ်နှင့် တာအိုတရား ဆွေးနွေးနိုင်သောကြောင့် သာမန်မဟုတ်တာတော့ သေချာသည်။
'ငါ့မိသားစုရဲ့ ရေက အရမ်းနက်နေပုံရတယ်'
ကျွင်းရှောင်ယောက်လည်း အနည်းငယ် ဆွံ့အသွားမိသည်။
သူသည် ကျွင်းမိသားစု၏ ဂုဏ်သိက္ခာမြင့်မားသည့် နတ်ဘုရားသားတော်ဖြစ်သော်လည်း၊ ကျွင်းမိသားစု၏ ရေဘယ်လောက်နက်မှန်း မသိနိုင်သေးပါ။
ကျွင်းမိသားစုတွင် သြဇာကြီးသူ မည်မျှ ပုန်းအောင်းနေကြသည်ကို ရှင်းရှင်းလင်းလင်း မသိရပါချေ။
"ဒီကမ္ဘာကို မင်းဖန်တီးခဲ့တာလား"
"မှန်ပါတယ်"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။
ရုတ်တရက်၊ သူ့ကို ထွင်းဖောက်မြင်နေပုံရသော အကြည့်တစ်ချက်ကို ခံစားလိုက်ရ၏။
ဤအကြည့်ရှေ့မှာ လျှို့ဝှက်ချက်ဆိုတာက လျှို့ဝှက်ချက်မဟုတ်တော့သလိုပင်။
"ထူးဆန်းတယ်၊ မင်းက မိုးနဲ့မြေကြားကနေ ခုန်ထွက်လာသလို ကွဲလွဲမှုတစ်ခုပဲ"
"ဒီကမ္ဘာကြီးကို မင်းဖန်တီးနိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး"
အဇူရာဧကရာဇ်၏ လေသံက အံ့အားသင့်မှု အရိပ်မြွက်တို့ကို သယ်ဆောင်လာခဲ့သည်။
ကျွင်းရှောင်ယောက်ကတော့ အမူအရာ မပြောင်းပေ။
သူဟာ ကမ္ဘာကူးပြောင်းလာသူဖြစ်သောကြောင့် ဤလောက၏ အကြောင်းနှင့်အကျိုးတို့ မထိခိုက်ဘဲ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်ပါးသို့ မကျရောက်စေပေ။
"မင်းမှာ မျှော်လင့်ချက်တွေ ရှိကောင်းရှိနိုင်တယ်..."
အဇူရာဧကရာဇ်က တစ်ခုခုကို တွေးနေသလို ခပ်တိုးတိုး ပြောလိုက်သည်။
"အကြီးအကဲ၊ အခု မိစ္ဆာအတွေးက ရှန်းရွှီကမ္ဘာကို ဖောက်ထွက်သွားတော့မယ်။ အဲဒီအခါကျရင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး ကပ်ဆိုးကြီးတစ်ခု ဖြစ်လာလိမ့်မယ်"
ကျွင်းရှောင်ယောက်က လက်ယှက်ပြကာ လေးလေးနက်နက် ပြောလိုက်သည်။
ယခုအချိန်တွင် စကားများများပြောရန် အချိန်မရှိပါ။
"ငါ့နတ်ဘုရားရဲ့ မိစ္ဆာအတွေး ဖြစ်လာပုံကို မင်းသိလား"
အဇူရာဧကရာဇ်က မေးသည်။
"မသိပါဘူး"
ကျွင်းရှောင်ယောက် တုံ့ဆိုင်းသွားပြီး ပြန်ဖြေလိုက်၏။
အမှန်တော့၊ မဟာဧကရာဇ်များ သေဆုံးတိုင်း နတ်ဘုရား၏မိစ္ဆာအတွေးများ မွေးဖွားလာမည် မဟုတ်ပါ။
သို့ရာတွင် လွန်ကဲသော စွဲလမ်းမှုများဖြင့် ဧကရာဇ်များ ကျဆုံးလျှင်တော့ မိစ္ဆာအတွေး မွေးဖွားခြင်းများ ဖြစ်နိုင်သည်။
သို့ရာတွင် အဇူရာဧကရာဇ်က အဘယ်အရာကို စွဲလမ်းခဲ့သနည်း။
"ငါ မသေမချင်း ပျောက်ကွယ်သွားမှာမဟုတ်တဲ့ စွဲလမ်းမှုတွေ ငါ့မှာရှိခဲ့တယ်"
အဇူရာဧကရာဇ်က ပြောလိုက်သည်။
"အကြီးအကဲရဲ့ အစွဲအလမ်းက ဘာလဲဆိုတာ မေးပါရစေ"
ကျွင်းရှောင်ယောက်က မေးသည်။
အဇူရာဧကရာဇ်၏ မိစ္ဆာအတွေးများ မွေးဖွားရခြင်း၏ လျှို့ဝှက်ချက်ကို သူ သိလိုပေသည်။
"ငါက ကမ္ဘာပေါ်မှာ ထာဝရနယ်မြေတစ်ခု တည်ဆောက်ချင်ခဲ့တာ။ ရှန်းရွှီကမ္ဘာက ငါ့ရဲ့ စမ်းသပ်မှုတစ်ခုပဲ"
အဇူရာဧကရာဇ်က ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ကမ္ဘာပေါ်တွင် ထာဝရနယ်မြေတစ်ခု တည်ဆောက်ရန်...
ယင်းက မည်မျှ သတ္တိကောင်းလိုက်ပါသနည်း။
"လူတိုင်း မသေတော့ဘဲ အေးအေးချန်းချမ်းနဲ့ ထာဝရနေထိုင်နိုင်တဲ့ အင်မော်တယ်ကမ္ဘာကို ငါလိုချင်ခဲ့တာ"
အဇူရာဧကရာဇ်က ဆက်ပြောသည်။
ကျွင်းရှောင်ယောက် အံ့သြသွား၏။
ဤလေသံက တကယ်ကို မြင့်မားလွန်းသည်။
ကျွင်းရှောင်ယောက်ဆိုလျှင်လည်း သူ့ဘာသာသူ အင်မော်တယ်ဖြစ်လာရန်သာ တွေးသည်။
အလွန်ဆုံး၊ သူနှင့် ရင်းနှီးသူများနှင့် ကျွင်းမိသားစုကိုသာ အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်စေမည်။
အင်မော်တယ်နယ်မြေတစ်ခုလုံးဆိုပါက သက်ရှိသတ္တဝါပေါင်း သန်းရာနှင့်ချီရှိသည်။
ကျွင်းရှောင်ယောက်တွင် ဤမျှကြီးမားသော ကရုဏာနှင့် ကြီးမားသောနှလုံးသား မရှိပေ။
"ဒါပေမဲ့... ငါမအောင်မြင်ဘူး။ ရှန်းရွှီကမ္ဘာဟာ ကျရှုံးခြင်းရဲ့ရလဒ်ပဲ"
"ဒါပေမဲ့လည်း ငါ လက်မလျှော့ချင်ခဲ့ဘူး။ အဲဒါကြောင့် ငါ့မှာ စွဲလမ်းမှုတွေ ကျန်ရစ်ခဲ့ရတာ"
"ဒါက အနာဂတ်မှာ ဖုံးကွယ်ထားတဲ့ အန္တရာယ်တစ်ခု ဖြစ်လာတော့မယ်ဆိုတာ ငါသိပါတယ်။ ဒါကြောင့် အဲဒါကို ခုနစ်ပိုင်းခွဲပြီး သီးခြား ဖိနှိပ်ထားခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ထွက်ပေါ်လာခဲ့သေးတာပါပဲ"
အဇူရာဧကရာဇ်က သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်လည်း တိတ်ဆိတ်နေခဲ့လေသည်။
အဇူရာဧကရာဇ်၏ မူလ ရည်ရွယ်ချက်က မမှားပါ။ သူဟာ လွန်စွာ သနားကြင်နာတတ်ပြီး လူတိုင်းကို နဂါးများ ဖြစ်စေလိုသည်။
သို့ရာတွင်၊ ဤသည်က အဇူရာဧကရာဇ်တစ်ဦးတည်း လုပ်နိုင်သောအရာ မဟုတ်ပါ။
စစ်မှန်သော အင်မော်တယ်များပင်လျှင် မလုပ်နိုင်ပေ။
သို့သော်လည်း ဤအကြောင်းကြောင့် နတ်ဘုရား၏မိစ္ဆာအတွေးများ နောက်ဆုံးတွင် မွေးဖွားလာခဲ့ရသည်။
အရာရာတိုင်းမှာ ကိုယ်ပိုင် အကြောင်းနှင့်အကျိုး ရှိကြပေသည်။
"ဒါဆို အကြီးအကဲ အဇူရာဧကရာဇ်၊ နတ်ဘုရားရဲ့ မိစ္ဆာအတွေးတွေကို တားလို့ မရဘူးလား"
ကျွင်းရှောင်ယောက် လက်မခံချင်သေးပေ။
ဤလောင်းကြေးကို သူ မရှုံးနိမ့်ချင်ပါ။
အဇူရာဧကရာဇ်၏ မျက်လုံးအကြည့်က ကျွင်းရှောင်ယောက်အပေါ်သို့ ကျရောက်လာပြီးနောက် ခဏအကြာတွင် သက်ပြင်းချလိုက်သည်။
"ပုံမှန်ဆိုရင်တော့ အမှန်တကယ် မျှော်လင့်ချက်မရှိတော့ပါဘူး။ ဒါပေမဲ့ မင်းလို ကွဲလွဲမှုတစ်ခုက အရာအားလုံးကို ပြောင်းလဲသွားစေနိုင်တယ်"
"အကြီးအကဲ၊ ဒီဂျူနီယာ လုပ်နိုင်သရွေ့ သေချာပေါက်လုပ်မှာပါ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
"မင်းရဲ့ အတွင်းစကြာဝဠာထဲမှာ နတ်ဘုရားရဲ့ မိစ္ဆာအတွေးတွေကို အထူးနည်းလမ်းနဲ့ ငါ တံဆိပ်ခတ်နိုင်တယ်"
"ဒါပေမဲ့ မင်းရဲ့အတွင်းစကြာဝဠာက ဒါကို မခံနိုင်ရင်... တိုက်ရိုက် ဖျက်ဆီးခံရပြီး မင်းကိုယ်တိုင်လည်း သေဆုံးရလိမ့်မယ်"
"ဒီအန္တရာယ်နဲ့ တန်ရာတန်ကြေးကို ခံနိုင်ရည်ရှိရဲ့လား"
အဇူရာဧကရာဇ်က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
ယင်းက မည်သူ့အတွက်မဆို ကြီးမားသော အကျပ်အတည်းတစ်ခုပင်။
နောက်ဆုံးတွင်၊ ဤသည်က မိမိ၏ သေရေးရှင်ရေးနှင့် ပတ်သက်နေသည်။
နတ်ဘုရား၏မိစ္ဆာအတွေးက ရှန်းရွှီကမ္ဘာကို ဖြတ်သွားလျှင်ပင် ကျွင်းရှောင်ယောက်ကတော့ သေချာပေါက် အသက်အန္တရာယ်ရှိမှာ မဟုတ်ပါ။
သို့ရာတွင်... နတ်ဘုရား၏မိစ္ဆာအတွေးကို သူ့အတွင်းစကြာဝဠာသို့ ဆွဲထည့်လိုက်ပါက အနည်းငယ် သတိမထားမိရုံဖြင့် သေဆုံးရမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။
"အကြီးအကဲ၊ ကျေးဇူးပြုပြီး လှုပ်ရှားပါ။ ဒီဂျူနီယာက လက်ခံနိုင်ပါတယ်"
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်သည်။
ကျားရဲဂူအတွင်းသို့ မဝင်ရဲပါက ကျားသားပေါက်ကို ရမည် မဟုတ်ချေ။
အရင်းမရှိဘဲ အမြတ်ရှိမည် မဟုတ်ပါ။
အတိုင်းအတာတစ်ခုအထိ၊ ကျွင်းရှောင်ယောက်ကို လောင်းကစားသမားဟု ဆိုနိုင်သည်။
ထိုသို့မဟုတ်လျှင် ဤမျှ အန္တရာယ်ရှိသောနည်းလမ်းကို အစကတည်းက သူ သုံးခဲ့မည် မဟုတ်ပါ။
"ကောင်းပြီ"
အဇူရာဧကရာဇ် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ပြင်ပကမ္ဘာမှာ...
ကျွင်းရှောင်ယောက်က ကြည်လင်သော မျက်လုံးများနှင့် ကြယ်ရောင်ကောင်းကင်ထက်မှ နတ်ဘုရား၏မိစ္ဆာအတွေးကို ကြည့်နေသည်။
ယခုအချိန်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများကလည်း ရှန်းရွှီကမ္ဘာတစ်ခုလုံး ပျံ့နှံ့သွား၏။
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး စိတ်ပျက်အားငယ်ခဲ့ကြသည်။ သူတို့၏ မျက်လုံးများမှ မျှော်လင့်ချက်တို့ ကွယ်ပျောက်သွားခဲ့ပြီ။
မိစ္ဆာအတွေးကလည်း ရှန်းရွှီကမ္ဘာကို ဖြတ်ကျော်သွားတော့မည်။
"ငါတို့ အင်မော်တယ်နယ်မြေကြီးကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလား"
နယ်ခြားစောင့် စစ်သူရဲတစ်ဦးက မျက်ရည်များဝဲရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဤအချိန်တွင်...
ကျွင်းရှောင်ယောက်၏ မျက်လုံးများက မိုးပြာရောင်အလင်းများ လက်သွားသည်။ သူ့ထံမှ ကစဉ့်ကလျား အငွေ့အသက်များ တဟုန်ထိုး ထွက်ပေါ်လာ၏။
အမျိုးမျိုးသော ရှေးဦးကစဉ့်ကလျား နိယာမများလည်း ထွက်ပေါ်လာတော့သည်။
"ဝုန်း"
ချက်ချင်းပင်၊ ကြီးမားသော ဖိအားတစ်ခုက ရှန်းရွှီကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွား၏။
အားလုံး၏ တုန်လှုပ်နေသော အကြည့်များက ကျွင်းရှောင်ယောက်အပေါ် ကျရောက်လာတော့သည်။