အခန်း ၈၈၈
Vol. 60 Ch. 888
အခန်း ( ၈၈၈ ) ဧကရာဇ်ခုနစ်ပါးထဲမှ စစ်မှန်သော ဧကရာဇ်။
ကူတိကျစ် အလွန်စိတ်လှုပ်ရှားသွားသည်။
သူ့တိုက်ခိုက်မှုအောက်တွင် ကျွင်းရှောင်ယောက် သေဆုံးပြီး သူ့စိတ်ဝိညာဉ် ကြေကွဲသွားသည်ကိုပင် မြင်နေရပုံရှိ၏။
ကောင်းကင်သရဖူကို ပေးတော့မည်။
ဒဏ္ဍာရီဟောင်းလည်း အဆုံးသတ်တော့မည်။
ဒဏ္ဍာရီအသစ်တစ်ခု တက်လာပေလိမ့်မည်။
"ပြီးသွားပြီ……"
ကူတိကျစ်က ကျွင်းရှောင်ယောက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဤအခိုက်အတန့်တွင်၊ နတ်ဘုရား၏မိစ္ဆာအတွေးကို အစွမ်းကုန်ဖိနှိပ်ရန် ကြိုးစားနေရသော ကျွင်းရှောင်ယောက်က အားအနည်းဆုံးနှင့် ခုခံနိုင်စွမ်းမရှိသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ကူတိကျစ်၏ တိုက်ခိုက်မှုကို ခုခံရန် အပိုစွမ်းအင်မရှိတော့ပါ။
ဤအခိုက်မှာ အချိန်စီးဆင်းမှုက အဆပေါင်းများစွာ နှေးကွေးသွားပုံရသည်။
လူတိုင်း၏ အမူအရာများကတော့ မတူပေ။
ဒေါသ၊ တုန်လှုပ်မှု၊ နာကြည်းမှု၊ မလိုလားမှုအပြင် ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုများလည်း ရှိသေးသည်။
မတူညီသော ရပ်တည်မှုများက အမျိုးမျိုးသော ခံစားချက်များ ရှိခဲ့သည်။
ကျွင်းရှောင်ယောက်ကတော့ လှောင်ပြောင်သရော်ဟန်ဖြင့် ကူတိကျစ်ကို ကြည့်လိုက်၏။
အစမှအဆုံးထိ ကူတိကျစ်နှင့် အခြားသူများဟာ သူ့လက်ထဲမှ အပေါင်သက်သက်သာ ဖြစ်ခဲ့သည်။
ဤအခိုက်တွင် အချိန်က ရပ်တန့်သွားပုံရသည်။
ကူတိကျစ်၏နောက်မှ ဟင်းလင်းပြင်က အက်ကွဲသွားပြီး လူရိပ်တစ်ခု လှစ်ခနဲ ထွက်ပေါ်လာ၏။
သူ့အရှိန်အဝါတစ်ခုတည်းက ကူတိကျစ်ကို တွန်းထုတ်ပစ်ခဲ့သည်။
နောက်တော့ သူက ကူတိကျစ်နေရာ အစားထိုးကာ ကျွင်းရှောင်ယောက်အား လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
"ဝုန်း"
ကျွင်းရှောင်ယောက် ဒယီးဒယိုင်ဖြင့် ဆုတ်သွားခဲ့ရသည်။ သူ့မျက်လုံးများကတော့ ထိုလူကို မမှိန်မသုန် စိုက်ကြည့်လိုက်၏။
တိတ်ဆိတ်ခြင်း။
အံ့အားသင့်ခြင်း။
တုန်လှုပ်ချေက်ချားမှု။
ဤအခိုက်တွင် လူတိုင်း၏ အမူအရာများက အမျိုးမျိုး ပြောင်းသွားသည်။
ဤသို့ဖြစ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားပါ။
ကူတိကျစ်လည်း သွေးတစ်ပွက်အန်ရင်း ထိုလူရိပ်ကို တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်သည်။
လူတိုင်း၏ မျက်လုံးများသည်လည်း သူ့ကို အာရုံစိုက်နေကြ၏။
၎င်းက တစ်ကိုယ်လုံးကို နတ်ဘုန်းအသရေဖြင့် ဖုံးလွှမ်းထားပြီး အချိန်၏ အငွေ့အသက်တို့ ရစ်ပတ်နေသော လူငယ်တစ်ယောက်ဖြစ်သည်။
ယင်းမှာ အတိတ်မှ ပစ္စုပ္ပန်ကို ပြန်ရောက်လာသကဲ့သို့ပင်။
သူက အလွန်ရိုးရှင်းသော ၀တ်စုံကိုသာ ၀တ်ဆင်ထားသည်။
သူ့ရုပ်ရည်ကလည်း သာမန်ဖြစ်ပြီး ထူးခြားမှု လုံးဝမရှိပေ။
လူအုပ်ထဲကို ပစ်ချလိုက်ပါက ရှာရခက်နိုင်သော အမျိုးအစား ဖြစ်သည်။
တစ်ခါမြင်ဖူးပါက တစ်သက် မမေ့နိုင်လောက်သော ကျွင်းရှောင်ယောက်နှင့် မတူဘဲ သူ့မှာ အထင်ကြီးစရာ လုံးဝ မရှိပါ။
သို့ရာတွင် ထိုကဲ့သို့ ရိုးရှင်းသော သာမန်လူငယ်လေးက မြင့်မြတ်သည့် အငွေ့အသက်တို့ ရှိခဲ့သည်။
သူ့အရှိန်အဝါကို ခံစားမိတော့ လူများမှာ ပိုမို တုန်လှုပ်သွား၏။
ယင်းက ဓမ္မခန္ဓာတစ်ခုသာ ဖြစ်ပုံရသည်။
ကြောက်စရာကောင်းလွန်းလှပေသည်။
လူတိုင်း၏ စိတ်ထဲမှာ စကားတစ်ခွန်း ပေါ်လာခဲ့သည်။
မျိုးစေ့အဆင့် ပုဂ္ဂိုလ်။
ဤလူက မျိုးစေ့အဆင့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ထိုလူရိပ် ပေါ်လာသောအခါ ကျွင်းရင်ဟွမ်က ချက်ချင်း ရှေ့သို့လှမ်းပြီး လေးလေးစားစား ဦးညွတ်လိုက်သည်။
"ကောင်းကင်သားတော်ကို နှုတ်ခွန်းဆက်ပါတယ်"
ကျွင်းရင်ဟွမ်က ထိုလူငယ်ကို နှုတ်ဆက်လိုက်၏။
"ကောင်းကင်သားတော်လား"
ဤမြင်ကွင်းကို မြင်သူတိုင်း အနည်းငယ် တုန်လှုပ်သွားကြသည်။
ထိုလူငယ်က ကျွင်းမိသားစုမှ ဖြစ်၏။
မဟုတ်သေး။
အတိအကျပြောရလျှင် သူက ကျွင်းသားစု၏ လျှို့ဝှက်သွေးကြောမှ မြှုပ်နှံထားသော မျိုးစေ့အဆင့် တည်ရှိမှု ဖြစ်သည်။
"ကောင်းကင်သားတော်၊ အဲဒီလူက... ဖြစ်နိုင်မလား"
အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်ဟောင်း စစ်သူရဲတချို့မှာ တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
လူတစ်ယောက်ကို တွေးလိုက်မိ၏။
ကောင်းကင်သားတော်၊ ကျွင်းပေါင်လီ။
"ကောင်းကင်သားတော်..."
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရနေပြီဖြစ်သော်လည်း သူ့အမူအရာက အလွန်တည်ငြိမ်ကာ မျက်လုံးများကလည်း နက်နဲနေဆဲပင်။
"နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်"
ကျွင်းရှောင်ယောက်၏ အမူအရာက ခံစားချက်မရှိသလို အပြောင်းအလဲမရှိပါ။
ယခင်က လျှို့ဝှက်ဆန်းကြယ်သော မျိုးစေ့အဆင့်ရုပ်သွင်မှာ အမှန်တကယ် သူ ဖြစ်သည်။
တစ်ဦးက ကျွင်းမိသားစု၏ မူလသွေးကြောမှ နတ်ဘုရားသားတော်ဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကောင်းကင်သားတော်ပင်။
သူတို့နှစ်ဦးက ကျွင်းသားစု၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းအဆင့်ကို ကိုယ်စားပြုလုနီးပါး ဖြစ်သည်။
ပုံမှန်အားဖြင့် တစ်ဖက်တည်းတွင်ရှိသင့်သော တည်ရှိမှုများမှာ ယခုတော့ ရင်ဆိုင်နေကြပြီ။
"သေစမ်း၊ မင်းက ဧကရာဇ်ခုနစ်ပါးထဲက တစ်ယောက်လား"
ကူတိကျစ်လည်း ခဏတာ အံ့အားသင့်သွားပြီးနောက် ကျွင်းရင်ဟွမ်ကို ရုတ်တရက် ကြည့်လိုက်သည်။
ကျွင်းရင်ဟွမ်၏ လေးစားမှုအပြည့်ရှိသော အမူအရာကိုကြည့်ပြီး ကူတိကျစ် နားလည်လိုက်၏။
ကျွင်းရင်ဟွမ်က ဧကရာဇ်ခုနစ်ပါးတွင် လုံးဝ မပါဝင်ပေ။
ကျွင်းပေါင်လီကမှ စစ်မှန်သော ဧကရာဇ် ဖြစ်သည်။
သူ လှည့်စားခံခဲ့ရပြီ။
"ချီးပဲ"
ကူတိကျစ်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။
ဉာဏ်ပညာကို ဉာဏ်ပညာဖြင့် လှည့်စားသည်။
ကျွင်းပေါင်လီ၏ အစီအစဥ်က နက်နဲလွန်းသဖြင့် သူကိုယ်တိုင် ပါဝင်ခဲ့ရလေသည်။
ငါးနှစ်ကောင် ကိုက်ကြသောအခါ တံငါသည်က အကျိုးအမြတ် ရခဲ့သည်။
ဤအခိုက်တွင် ကမ္ဘာကြီးက တိတ်ဆိတ်နေခဲ့သည်။
လူအများ သက်ပြင်းချမိခဲ့လေသည်။ အင်မော်တယ်နယ်မြေကြီး၏ အလိုတော်က အလွန်ရက်စက်ကြမ်းကြုတ်သည်။
ကျွင်းမိသားစု၏ အသန်မာဆုံးနှင့် ပါရမီအမြင့်မားဆုံး မျိုးဆက်သစ် နှစ်ယောက်ကို အချင်းချင်း တိုက်ခိုက်စေသည်။
ဤနည်းလမ်းက တကယ်ကို အံ့ဩစရာပင်။
ကောင်းကင်ကို မည်သူမျှ အနိုင်ယူနိုင်မည်မဟုတ်သည်မှာ အံ့ဩစရာမဟုတ်တော့ပါ။
"မင်းကမှ တကယ့် ဧကရာဇ် ခုနစ်ပါးထဲက တစ်ယောက် ဖြစ်ပုံရတယ်"
ကျွင်းရှောင်ယောက်၏ အမူအရာသည် အလွန်တည်ငြိမ်သည်။
ကျွင်းပေါင်လီ ပြုံးလိုက်၏။
သူဟာ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ မျိုးစေ့အဆင့်ရှိသူဖြစ်သည်။
ခေတ်ပေါင်းများစွာ အိပ်မောကျနေခဲ့ပြီး နောက်ဆုံးတွင် သူ နိုးထလာခဲ့၏။ သူ၏ စွမ်းပကားနှင့် စရိုက်လက္ခဏာများမှာ ဤမျိုးဆက်၏ ပါရမီရှင်များ နှိုင်းယှဉ်နိုင်ရန် ဝေးကွာသည်။
သို့တိုင် သူ့မျက်လုံးထဲမှာ ကျွင်းရှောင်ယောက်က အံ့မခန်း ဖြစ်နေသေးသည်။
သူ၏ ခေတ်မှာပင် ဤသို့သော မကောင်းဆိုးရွားမျိုး မရှိခဲ့ပါ။
သို့ပေသော်ငြား...
ယနေ့မှာတော့ ဒဏ္ဍာရီတစ်ခု ကျဆုံးခြင်းကို ရှောင်လွှဲ၍မရတော့ပေ။
"ကျွင်းရှောင်ယောက်၊ မင်းက ကောင်းကင်ဘုံရဲ့ ပစ်မှတ်ပဲ။ မင်းမှာ နောက်ဆုံးစကားရှိလား"
ကျွင်းပေါင်လီက တည်ငြိမ်စွာ ပြောသည်။
ကျွင်းရှောင်ယောက်ကိုပင် နောက်ဆုံးစကား ပြောစေလောက်အောင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိ၏။
"အိုး၊ မင်းငါ့ကိုသတ်နိုင်မယ်လို့ ယုံလား"
ကျွင်းရှောင်ယောက်က အနည်းငယ် မျက်ခုံးလေးပင့်လိုက်သည်။
ကျွင်းပေါင်လီက ထပ်မံပြုံးလိုက်၏။
သူ့အသွင်အပြင်က မထူးခြားသော်လည်း သူ့အပြုံးကတော့ လူများကို နူးညံ့ပြေပြစ်သော ခံစားချက်မျိုး ပေးစွမ်းသည်။
"လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်ကို မင်းသိလား"
ကျွင်းပေါင်လီက ရုတ်တရက် မေးလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားပြီး ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်၊ ငါ သိတယ်။ သူက ထာဝရတောက်ပနေပြီး ခေတ်တစ်ခုလုံးကို လွှမ်းမိုးခဲ့သူပဲ"
ဧကရာဇ်သင်္ချိုင်းကြယ်တွင်လည်း လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်၏ အမွေများ ရှိသည်။
"ဒါဆို လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ရဲ့ လက်ချောင်းကို ဘယ်သူက ဖြတ်သွားလဲဆိုတာ မင်းသိလား"
ကျွင်းပေါင်လီက ထပ်မေးသည်။
"ဖြစ်နိုင်တာက..."
ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွား၏။
"ငါ့ကြောင့် သူ့ လက်တစ်ချောင်း ပြတ်သွားတာ"
ကျွင်းပေါင်လီ၏ တည်ငြိမ်သော စကားသံက ကြယ်ရောင်ကောင်းကင်တခွင်တွင် ပဲ့တင်ထပ်သွားသည်။
တိုင်းတပါးမှ လူများကတော့ လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်အကြောင်း မသိကြ၍ သိပ်မထူးခြားပေ။
သို့ရာတွင် အင်မော်တယ်နယ်မြေကြီးဘက်မှ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။
လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်အကြောင်း ကောလာဟလများကို လူတော်တော်များများ သိကြ၏။
မွေးကတည်းက သူဟာ မျိုးဆက်တစ်ခုလုံးကို ဖြတ်ကျော်ခဲ့ပြီး သူ့ခေတ်၏ ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။
သို့သော်လည်း သူငယ်စဉ်က လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။
သူရှုံးနိမ့်ပါက သူ့လက်ချောင်းတစ်ချောင်းကို ဖြတ်ပစ်မည်ဟု သဘောတူခဲ့၏။
နောက်ဆုံးတွင် လက်ကိုးချောင်း သူတော်စင် နဂါးဧကရာဇ်မှာ အမှန်တကယ် ရှုံးနိမ့်သွားခဲ့သည်။ ထို့အပြင် တိုက်ကွက် တစ်ရာအတွင်း ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်၏။
အဆုံးတွင်၊ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်က သူ့အမည်ကို မပြောဘဲ ထွက်ခွာသွားခဲ့သည်။
ယခုတော့ အမှန်တရားက ပေါ်လာပြီ။
ငယ်ရွယ်စဉ်အခါက လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ကို အနိုင်ယူခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်မှာ သူတို့ရှေ့မှ ကျွင်းပေါင်လီ ဖြစ်တော့သည်။
အင်မော်တယ်နယ်မြေကြီးမှ လူအားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။
သူဟာ ဧကရာဇ်ငယ်တစ်ပါးကို တိုက်ကွက်တစ်ရာအတွင်း အနိုင်ယူနိုင်ခဲ့၏။
တကယ့် မကောင်းဆိုးရွား ဖြစ်သည်။
သူက ယုံကြည်မှုအပြည့်ဖြင့် ဤသို့ပြောနေသည်မှာ အံ့ဩစရာမရှိတော့ပေ။
"စိတ်ဖြောင့်ဖြောင့် သွားပါ၊ ကျွင်းမိသားစုအတွက် ငါရှိနေရင် လုံလောက်ပြီ"
ကျွင်းပေါင်လီက ပေါ့ပေါ့ပါးပါး ပြောဆိုပြီး တိုက်ခိုက်လိုက်သည်။
သူ၏အသွင်အပြင်ကဲ့သို့ လက်ဝါးရိုက်ချက်ကလည်း သာမန်ဖြစ်ကာ ရိုးရှင်း၏။
သို့သော်လည်း စစ်မှန်သော ကျွမ်းကျင်သူများကတော့ ဤလက်ဝါးကို လျှော့တွက်ဝံ့မည် မဟုတ်ပါ။
ဤသည်မှာ သဘာဝသို့ ပြန်သွားခြင်း၊ မဟာတာအိုသို့ ပြန်လာခြင်း၏ ပြယုဂ်တစ်ခု ဖြစ်သည်။
ကျွင်းပေါင်လီ၏ လှုပ်ရှားမှုက ရိုးရှင်းသော်လည်း မဟာတာအို၏ အနှစ်သာရတို့ ပါဝင်ပေသည်။
ယင်းက ကြောက်စရာအကောင်းဆုံး ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
ယခုအချိန်တွင်၊ သူ၏ ရုပ်ခန္ဓာနှင့် အတွင်းစကြာဝဠာက နတ်ဘုရား၏မိစ္ဆာအတွေးများကို ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားနေရသောကြောင့် ခုခံနိုင်စွမ်း မရှိတော့ပေ။
"မင်းစကားကို ထိန်းထားဖို့ ငါမျှော်လင့်ပါတယ်..."
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။