← Chapters

အခန်း ၈၉၁

Vol. 60 Ch. 891

အခန်း ၈၉၁

Vol. 60 Ch. 891

အခန်း ( ၈၉၁ ) ဧကရာဇ်ခုနစ်ပါးအနက် နောက်ထပ် စစ်မှန်သော ဧကရာဇ်တစ်ပါး။

နောက်ဆုံးတွင် ရှန်းရွှီကမ္ဘာကို ကယ်တင်နိုင်ခဲ့သည်။

သို့သော်လည်း လူအများစုကတော့ မပျော်ကြပေ။

ကျွင်းရှောင်ယောက်၏ မဟာရန်ဘက်များဖြစ်သော ကူတိကျစ်၊ ကျိတောက်ရီနှင့် အခြားသူများပင်လျှင် လွန်စွာမပျော်မရွှင်ဖြစ်ခဲ့ရသည်။

သူတို့မှာ အစွမ်းကုန် ကြိုးစားစိုက်ပျိုးခဲ့ရသော်လည်း နောက်ဆုံး အသီးအနှံကိုတော့ ကျွင်းပေါင်လီက ရရှိခဲ့ပေသည်။

ရှန်းရွှီကမ္ဘာ၏ ကြယ်ကောင်းကင်တစ်နေရာတွင်...

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက လေထဲမှ ဖြတ်သန်းသွားနေသည်။

ကျိတောက်ရီနှင့် ကျိချင်းရီ ဖြစ်၏။

"အဟွတ်... အဟွတ် ၊ ကျွင်းရှောင်ယောက်က တကယ်ကို နတ်ဆိုးတစ်ကောင်ပဲ။ သူ့ကိုယ်သူ စတေးပြီး နတ်ဘုရားရဲ့မိစ္ဆာအတွေးကို တံဆိပ်ခတ်မထားဘူးဆိုရင် ကျွင်းပေါင်လီတောင်မှ သူ့ကို အနိုင်မယူနိုင်မှာ ကြောက်ရတယ်"

ကျိတောက်ရီက ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် အုပ်ကာ ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပြောလိုက်သည်။ ချောင်းဆိုးလိုက်တိုင်း သွေးစများလည်း ပါလာခဲ့၏။

ဧကရာဇ်ခုနစ်ပါးနှင့် ကျွင်းရှောင်ယောက်အကြား နောက်ဆုံးတိုက်ပွဲတွင်...

သူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး တန်ဖိုးကြီးဆေးဝါးများ သောက်ခဲ့လျှင်ပင် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာရန် ခက်ခဲပေလိမ့်မည်။

"ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး၊ ကျွင်းရှောင်ယောက် သေသွားပြီ။ နောက်တစ်ခုက လူသားအင်မော်တယ်ဂိုဏ်းရဲ့ အရင်းအမြစ်အားလုံးကို ငါလိုတယ်"

"ဒါ့အပြင် အနာဂတ်မှာ၊ အဲဒီမျိုးစေ့အဆင့် တည်ရှိမှုတွေကို အမီလိုက်နိုင်ဖို့ ကောင်းကင်ကိုးခုအထက်က မိသားစုကိုပြန်ပြီး အသွင်ကူးပြောင်းမှုကို ခံယူရလိမ့်မယ်"

ကျိတောက်ရီက သူ၏ အနာဂတ်အတွက် အစီအစဉ်များကို စတင်ချမှတ်လိုက်သည်။

ကျွင်းရှောင်ယောက်၏ ထက်မြက်မှုက ကမ္ဘာကြီးအပေါ် အသိအမြင်ကို ပြောင်းလဲစေခဲ့ပေသည်။

ယခုတော့ ကျွင်းရှောင်ယောက် သေဆုံးသွားပြီမို့ ပါရမီရှင်တိုင်းက တောက်ပလာစေရန် ယှဉ်ပြိုင်တိုက်ခိုက်ကြတော့မည် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏နေရာကို ဝင်ယူပြီး အင်မော်တယ်နယ်မြေကြီး၏ ခေါင်းဆောင်အသစ်ဖြစ်လိုပါက အခွင့်အရေးများကို မည်သူက ဆုပ်ကိုင်နိုင်မလဲအပေါ် မူတည်သည်။

"ချင်းရီ၊ အဲဒါပြီးရင် ငါတို့ လူသားအင်မော်တယ်ဂိုဏ်းရဲ့ အပျက်အယွင်းကို အတူတူ သွားကြည့်လို့ရတယ်။ မင်းဆန္ဒရှိမယ်ဆိုရင် ငါမင်းကို ကောင်းကင်ကိုးခုအထက်က မိသားစုဆီ ခေါ်ဆောင်သွားနိုင်တယ်"

"ငါ မင်းကို ဆိုးဆိုးရွားရွား မဆက်...."

သို့သော်လည်း ကျိတောက်ရီ စကားမဆုံးလိုက်။

"ဝုန်း"

နောက်ကွယ်မှ ဖော်မပြနိုင်သော စွမ်းအားတစ်ခု ထွက်လာပြီး ကျိတောက်ရီ၏ ခန္ဓာကိုယ်မှာ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

မူလ ကျိတောက်ရီ၏ လူသားအင်မော်တယ်ခန္ဓာမှာ အလွန်အစွမ်းထက်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် တိုက်ပွဲအပြီးတွင် သူ၏ ခန္ဓာကိုယ်က ကွဲအက်နေသော ကြွေထည်များကဲ့သို့ လွန်စွာ အားနည်းနေခဲ့ပြီ။

"ကျိချင်းရီ၊ မင်း..."

ရှေးဦးဝိညာဉ်သာ ကျန်ရှိတော့သော ကျိတောက်ရီက မယုံနိုင်စွာဖြင့် ကျိချင်းရီကို ကြည့်လိုက်သည်။

"ကျိတောက်ရီ၊ နင်က ချင်းရီထင်ထားတာထက် အားနည်းနေပုံရတယ်"

ကျိချင်းရီသည် ကြာပန်းပေါ်တွင် ထိုင်နေပြီး နတ်အလင်းများ ဖုံးကွယ်ထားသည့် နတ်သမီးတစ်ပါးကဲ့သို့ ဖြူစင်သည်။

သူမ၏ မျက်နှာတစ်ဝက်ကိုလည်း ပုဝါဖြင့် ကွယ်ထား၏။ ကြယ်ရောင်မျက်လုံးတစ်စုံကတော့ ကြည်လင်ပြီး ကြယ်များကဲ့သို့ တောက်ပနေကာ ဆောင်းဦးရေကဲ့သို့ အေးချမ်းနက်နဲလှပေသည်။

သူ့တကိုယ်လုံးက နတ်ဘုံနတ်နန်းမှ ရောက်လာသကဲ့သို့ ဖုန်မှုန့်များ ကင်းစင်ပြီး သေမျိုးလောကနှင့် လွတ်ကင်းသည်။

သို့သော်... သူမ ပြုလုပ်ခဲ့သော အရာများကတော့ သူမ၏ စိတ်နေစိတ်ထားနှင့် မတူပေ။

"ဘာကြောင့်လဲ"

ကျိတောက်ရီ လုံးဝ အံ့အားသင့်သွားပြီး မတုံ့ပြန်‌နိုင်တော့ပါ။

ကျိချင်းရီက သူ၏ တာအိုလက်တွဲဖော်မဟုတ်သော်လည်း သူ့လက်ထောက် ဖြစ်သည်။

"ဘာကြောင့်လဲဆိုတော့..."

ကျိချင်းရီက တည်ငြိမ်သော အမူအရာဖြင့် သူမ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ကျိတောက်ရီ၏ အသွေးအသားများမှ အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သူမ၏ ကျောက်စိမ်းလက်ထဲသို့ ကျသွား၏။

ယင်းက တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ပင် ဖြစ်တော့သည်။

"ချင်းရီက ဧကရာဇ် ခုနစ်ပါးထဲက တစ်ယောက်မို့ပါ"

ကျိချင်းရီက စမ်းရေကဲ့သို့ ကြည်လင်အေးမြသော အသံဖြင့် ပြောလိုက်သည်။

သို့သော်လည်း သူမ၏စကားက ကျိတောက်ရီ၏ နှလုံးသားကို အေးစက်သွားစေခဲ့သည်။

ယခုမှ သူ သတိရလာခဲ့၏။ တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ကို သူရရှိတော့ ကပ်လျက်လှိုဏ်ဂူတွင် ကျိချင်းရီရှိနေခဲ့သည်။

ဖြစ်ကောင်းဖြစ်နိုင်တာက...

တာအိုသက်သေပြခြင်း ဤဧကရာဇ်တံဆိပ်က ကျိချင်းရီကို အစကတည်းက ရည်ရွယ်ခဲ့ခြင်းပင်။

သို့သော်လည်း သူမက အလွန်စီမံတတ်ကာ သူ့ဘာသာသူ မသန့်စင်ခဲ့ပေ။

ထိုအစား ကျိတောက်ရီကို ရှေ့သို့ တွန်းပို့ခဲ့သည်။

ယခုတော့ တာအိုသက်သေပြခြင်း ဤဧကရာဇ်တံဆိပ်ကို သူ မပေါင်းစပ်နိုင်ခဲ့တာ အံ့သြစရာမဟုတ်တော့ပါ။

သူဟာ အစကတည်းက ဧကရာဇ်ခုနစ်ပါးအနက် တစ်ဦး လုံးဝမဟုတ်ကြောင်း ထင်ရှားလာခဲ့ပြီ ဖြစ်သည်။

ကျိချင်းရီက တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ်ကို ကျိတောက်ရီထံသို့ တမင် တွန်းပို့ခဲ့ခြင်းပင်။

အကယ်၍ ကျိတောက်ရီသာ အမှန်တကယ် ခြိမ်းခြောက်နိုင်ပြီး ကျွင်းရှောင်ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပါက...

ကျိချင်းရီဟာ သူ့ကိုယ်သူ တိုက်ရိုက်ဖော်ပြပြီး တိုက်ပွဲ၏ရလဒ်များကို ရိတ်သိမ်းနိုင်သည်။

ကျိတောက်ရီ မလုပ်နိုင်လျှင်တော့ ကျိချင်းရီဟာ ပတ်သက်မှုအားလုံးကို လုံးဝ ဘေးဖယ်ထားလိုက်ရုံပင်။

သူမမှာ ဆုံးရှုံးစရာဘာမှမရှိပါ။

ဤအစီအစဥ်က ကူတိကျစ်ထက် ပို၍ နက်နဲသည်။

သူ့ကို ကိရိယာတစ်ခုအနေဖြင့် လုံးဝ ဆက်ဆံခဲ့ပေသည်။

"ကျိချင်းရီ... ခွေးမ၊ မင်း ငါ့ကိုစောင့်နေ"

ကျိတောက်ရီ၏ ရှေးဦးဝိညာဉ်က ဒေါသတကြီး ကြိမ်းမောင်းပြီး နောက်လှည့်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

သူမကို ထိုသို့ ကြိမ်းမောင်းသံကြားရသော်လည်း ကျိချင်းရီ၏ မျက်နှာအမူအရာက မပြောင်းလဲပေ။

"ချင်းရီက တကယ်တော့ ဘယ်သူ့ရဲ့လက်ထောက်မှ မဖြစ်ချင်ခဲ့ပါဘူး။ ဒီကမ္ဘာကြီးမှာ ချင်းရီမှာလည်း ကိုယ်ပိုင်ဂုဏ်ကျက်သရေရှိလိမ့်မယ်"

ကျိချင်းရီက သူမလက်ကို မြှောက်လိုက်သည်နှင့် နတ်အလင်းရောင်များဖြင့် တောက်ပသော နတ်ပန်းပွင့်များ တဖျပ်ဖျပ်ခတ်လာခဲ့သည်။

သူ၏ အထွတ်အထိပ်ကာလမှာဆိုရင်တော့ ကျိတောက်ရီဟာ ကျိချင်းရီကို ဂရုမစိုက်ပေ။

သို့သော်လည်း ယခုအဖြစ်အပျက်က ကျိတောက်ရီ လုံးဝ မမျှော်လင့်ထားအောင် ရုတ်တရက် ဖြစ်သွားသည်။

ကျိချင်းရီ၏ တွက်ချက်မှုများက နက်နဲလွန်းပေသည်။

သူမ၏ အသွင်အပြင်ကလည်း သိမ်မွေ့ပြီး အလှအပဖြင့် လှည့်စားလွန်းသည်။

"ဝုန်း"

တစ်ချက်တည်းဖြင့် ကျိတောက်ရီ သေဆုံးသွားတော့သည်။

ကောင်းကင်ကိုးခုအထက် တားမြစ်မိသားစု၏သားတော်၊ လူသားအင်မော်တယ်ဂိုဏ်းစ အမွေဆက်ခံသူ။

သူလိုလူက ဤမျှ စိတ်ပျက်စရာကောင်းသောနည်းဖြင့် သေဆုံးခဲ့ရသည်ဟုဆိုလျှင် မည်သူမျှယုံနိုင်မှာ မဟုတ်ပါ။

ဟုတ်သည်၊ ဤသတင်းက ပျံ့နှံ့မှာတော့ မဟုတ်ပေ။

လူအများ သိကြရမည်က ဒဏ်ရာ ပြင်းထန်စွာရထားသော ကျိတောက်ရီဟာ ကျန်တိုင်းတပါးသားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ ချင်းရီ တကယ်ကို မလိုအပ်ဘဲ နင့်ရဲ့ရန်သူ မဖြစ်ချင်ပါဘူး"

"ချင်းရီရဲ့ ရွေးချယ်မှုက မှန်ကန်ကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပြီ။ နင့်ရဲ့ ရန်သူဖြစ်ခြင်းက ဘာအကျိုးမှမရှိဘူး "

"ဒါပေမဲ့... နင် တကယ်ကျဆုံးသွားပြီလား"

ကျိချင်းရီ၏ ကြည်လင်သော မျက်လုံးများက အလွန်နက်နဲနေသည်။

ကျိချင်းရီသည် ကျွင်းရှောင်ယောက်ကို ဤမျှ ကိုယ်ကျိုးမဖက်သောလူဖြစ်မည်ဟု မထင်ပေ။

ကျွင်းရှောင်ယောက်ကို သူမနှင့် အတူတူပဲဟုပင် ထင်မြင်မိသည်။

သူတို့အားလုံးက အဆင့်မြင့် အတ္တသမားများ ဖြစ်၏။

ထိုသို့သောလူက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးအတွက် ဖြောင့်မတ်စွာ မိမိကိုယ်ကို စတေးခံမည်လော။

အနည်းဆုံးတော့ ကျိချင်းရီ မယုံကြည်ခဲ့ပေ။

"မဟုတ်သေးဘူး၊ ကျွင်းရှောင်ယောက်ရဲ့ သေဆုံးမှုက အတုအယောင်ဖြစ်ရင် ကောင်းကင်က ကောင်းကင်သရဖူကိုချပေးဖို့ မဖြစ်နိုင်ဘူး"

"ကျွင်းရှောင်ယောက်မှာ အကြံအစည်တွေ ဘယ်လောက်နက်နဲပါစေ၊ ကောင်းကင်ကိုတော့ လိမ်ညာနိုင်မှာ မဟုတ်ဘူး"

တွေးရင်း၊ ကျိချင်းရီ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ကျွင်းရှောင်ယောက်ကို နက်နဲသော အကြံအစည်များ ရှိနေသူဟု သူမ ဝန်ခံနိုင်သော်လည်း...

ကောင်းကင်ထက် သာလွန်မည်ဟုတော့ မထင်ပေ။

ကျိချင်းရီ၏ ကျောက်စိမ်းလက်က တုန်ခါသွားပြီး တာအိုသက်သေပြခြင်း ဧကရာဇ်တံဆိပ် ပျောက်ကွယ်သွားသည်။

သူမက ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သည်ကို မည်သူမျှ မသိနိုင်တော့ပေ။

"စိတ်မကောင်းစရာပဲ၊ အစတုန်းက ကျွင်းရှောင်ယောက်ကို အဖော်ကောင်းတစ်ယောက်လို့ ထင်ခဲ့တာ"

"သူ့ရဲ့ အကြွင်းမဲ့ ခွန်အား၊ ငါ့အစီအစဉ်နဲ့ တွဲဖက်လိုက်ရင် ငါတို့နှစ်ယောက်က ဒီကမ္ဘာကြီးကို စိုးမိုးဖို့ လုံလောက်ပြီ"

ကျိ‌ချင်းရီက အနည်းငယ် စိတ်မကောင်းဖြစ်နေသေးသည်။

"မေ့လိုက်ပါ၊ ကျွင်းရှောင်ယောက်ရဲ့ ဒဏ္ဍာရီတွေက ပြီးဆုံးသွားပြီ။ နောက်ထပ်က မျိုးစေ့တွေ မွေးဖွားပြီး တောရိုင်းပန်းတွေ ပွင့်တဲ့ခေတ် ဖြစ်လာလိမ့်မယ်"

"ကျွင်းရှောင်ယောက်ရဲ့ အဆင့်အတန်းနဲ့ ကံကောင်းမှုက ဘယ်သူက ရယူနိုင်မလဲဆိုတာ သိရဖို့လိုတယ်"

"ငါနဲ့ ပူးပေါင်းဆောင်ရွက်ရမဲ့ မျိုးစေ့အဆင့်ရှိသူကို ရှာဖို့ အချိန်ရောက်ပြီ"

ကျိတောက်ရီ၏ မျက်လုံးများက ပင်လယ်ရေကဲ့သို့ နက်နဲလာခဲ့သည်။

ကျိတောက်ရီ ပြီးနောက်...

ကျိချင်းရီ၏ နောက်ထပ် ပစ်မှတ်မှာ မည်သူဖြစ်မည်နည်း။

အဖြစ်အပျက်များ ပြီးသွားသောအခါ အသက်ရှင်ကျန်ရစ်သော အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူအားလုံး ပြန်လာခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် အင်မော်တယ်နယ်မြေကြီး၏ နယ်ခြားစောင့် တပ်သားအများအပြား ကျဆုံးခဲ့ရသည်။

စစ်သူရဲများစွာလည်း ကျဆုံးသွား၏။

ယာမဧကရာဇ်ကဲ့သို့ ထိပ်တန်း တားမြစ်ပါရမီရှင်များပင် ရှိသေးသည်။

ထိုအထဲတွင် ကျွင်းရှောင်ယောက်၏ ကျဆုံးခြင်းက အဆိုးရွားဆုံး ဖြစ်သည်။

ကျွင်းပေါင်လီက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး တည်ငြိမ်သော အမူအရာဖြင့် ရှန်းရွှီကမ္ဘာမှ ထွက်လာခဲ့သည်။

သူပေါ်လာသည်နှင့် တပြိုင်နက် အရပ်ရပ်မှ အာရုံစူးစိုက်မှုကို ချက်ချင်းရရှိခဲ့၏။

"ကျွင်းပေါင်လီ၊ မင်း ဘာလုပ်ခဲ့တယ်ဆိုတာ မင်းသိရဲ့လား"

အမာရွတ်လေးခုသခင်ကြီးလည်း အမျက်ဒေါသကို အတင်းအကြပ် ဖိနှိပ်ထားရသော အမူအရာဖြင့် ကျွင်းပေါင်လီကို အေးစက်စက် စိုက်ကြည့်လိုက်တော့သည်။

All Chapters