← Chapters

အခန်း ၈၉၂

Vol. 60 Ch. 892

အခန်း ၈၉၂

Vol. 60 Ch. 892

အခန်း ( ၈၉၂ ) အရပ်ရပ်မှ ကွဲပြားခြားနားသော တုံ့ပြန်မှုများ။

"ကျုပ် ဘာလုပ်လိုက်တာလဲ၊ ကျုပ်က ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း လိုက်နေတာ"

ကျွင်းပေါင်လီက တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း..."

အမာရွတ်‌လေးခု သခင်ကြီး ဒေါသ‌ထွက်နေသော ခြင်္သေ့တစ်ကောင်ပမာ ဟိန်းဟောက်လိုက်၏။

သူ၏ ကျင့်ကြံခြင်းအဆင့်၊ စရိုက်လက္ခဏာဖြင့်ပင် ဤအချိန်တွင် စိတ်တည်ငြိမ်စေရန် ခက်ခဲနေပြီ ဖြစ်သည်။

"အကြီးအကဲ၊ ကျုပ်က ဓမ္မခန္ဓာတစ်ခုပါပဲ။ ခင်ဗျား ကျုပ်ကို တိုက်ခိုက်တာက အသုံးမဝင်ဘူး"

ကျွင်းပေါင်လီက အေးဆေးတည်ငြိမ်စွာ ပြောသည်။

သူ့အသွင်အပြင်က ရိုးရိုးရှင်းရှင်းဖြစ်ပြီး ဘာမျှ မထူးခြားပေ။

သို့ရာတွင်၊ ပျက်စီးခြင်းတာအိုသခင်ဖြစ်သော အမာရွတ်လေးခု သခင်ကြီးနှင့် ရင်ဆိုင်နေချိန်မှာပင် အလွန်တည်ငြိမ်နေပြီး ကြောက်ရွံ့မှုလက္ခဏာမပြပါ။

"ဘာကြောင့်လဲ..."

အမာရွတ်လေးခု သခင်ကြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။

ကျွင်းပေါင်လီ၏ အထောက်အထားက သာမန်မဟုတ်ပေ။

သူဟာ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကောင်းကင်သားတော်ဖြစ်သလို မျိုးစေ့အဆင့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

သူ့ကို တိုက်ခိုက်ဝံ့သူက များများမရှိပေ။

"မင်းဘာသာလုပ်တော့"

အမာရွတ်လေးခု သခင်ကြီးက သူ့အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

သူ့အပြင် အခြား နယ်ခြားစောင့် ပုဂ္ဂိုလ်များ၏ မျက်နှာများလည်း အေးစက်နေခဲ့၏။

ယခုအချိန်တွင် ကျွင်းပေါင်လီကို လူထောင်ပေါင်းများစွာက ဝေဖန်ကြပြီး မထီမဲ့မြင်ပြုနေပြီဟု ဆိုနိုင်သည်။

သို့သော်၊ ကျွင်းပေါင်လီက ဂရုမစိုက်ဘဲ သူ့အမူအရာကလည်း ရေကဲ့သို့ ငြိမ်သက်နေဆဲပင်။

သူ့မှာလည်း ကိုယ်ပိုင် စွဲလမ်းမှုများ ရှိသည်။

ဤအစွဲအလမ်းအတွက်ပဲ ကောင်းကင်သရဖူကို ရ‌အောင်ယူရမည်။

ဤအခိုက်တွင် ပစ်မှတ်ထားခံရသူက ကျွင်းပေါင်လီ တစ်ဦးတည်း မဟုတ်ပါ။

ကူတိကျစ်လည်း ရှိသည်။

အစကတည်းက သူဟာ ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားခဲ့သူ ဖြစ်သည်။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က နတ်ဘုရား၏မိစ္ဆာအတွေးကို သူ့ခန္ဓာဖြင့် ဖိနှိပ်ရန် ကြိုးစားနေချိန်မှာတောင် ကူတိကျစ်က ခိုးဝင်တိုက်ခိုက်ခဲ့၏။

သို့သော်လည်း ကျွင်းပေါင်လီက ကြားဝင် ရိတ်သိမ်းခဲ့ပေသည်။

လူများစွာ၏ အထင်မြင်သေး၊ စက်ဆုပ်သော အကြည့်များကို ခံစားလိုက်ရတော့ ကူတိကျစ်၏မျက်နှာက မည်းမှောင်သွားသည်။ ဒေါသထွက်လွန်းသဖြင့် သူ့အဆုတ်ပင် ပေါက်ကွဲထွက်တော့မည်။

ဝေဖန်‌ပြစ်တင်ခံရသူချင်းတူသော်လည်း အနည်းဆုံးတော့ ကျွင်းပေါင်လီမှာ ကောင်းကင်သရဖူကို ရရှိခဲ့သည်။

သူ ကူတိကျစ်ကတော့...

အခြားသူများ၏ မထီမဲ့မြင်ပြုခြင်းကို ခံရပြီး ကောင်းကင်သရဖူကို မရရှိခဲ့ပေ။

ဧကရာဇ်ငယ်ရာထူးကိုပင် လင်ယွမ်ထံသို့ ပေးအပ်ခဲ့သည်။

ဤအဖြစ်အပျက်များအပြီးတွင် ကူတိကျစ်က အနစ်နာဆုံး အရှုံးနှင့်လူ ဖြစ်ခဲ့ရပေသည်။

သူ့အဖြစ်က ရွှေကျီးကန်းဒသမမင်းသား၏ အရိုက်အရာကိုပင် ဆက်ခံကာ 'သနားစရာ'ဟူသော စကားလုံး၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သလိုပင်။

ဤအခိုက်တွင် ကူတိကျစ်တစ်ယောက် မြွေပါလည်းဆုံး သားလည်းဆုံး၍ ရင်ထဲမချိအောင် ခံစားနေရတော့သည်။

လူတိုင်းက ရှန်းရွှီကမ္ဘာမှ တစ်ဦးပြီးတစ်ဦး ပြန်ဆုတ်လာခဲ့ကြသည်။

ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်တို့လည်း ကျွင်းပေါင်လီဆီကို ရောက်လာကြ၏။

ဤမြင်ကွင်းကိုမြင်တော့ ပတ်ဝန်းကျင်မှ ကျင့်ကြံသူ တော်တော်များများက ကြည့်လိုက်ကြသည်။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကောင်းကင်သားတောက်က ပင်မသွေးကြောမှ နတ်ဘုရားသားတော်ကို သတ်ခဲ့သည်။

အနာဂတ်တွင် သူတို့ မည်သို့ပေါင်းစပ်ကြမည်နည်း။

ကျွင်းမိသားစုထဲမှာ အတွင်းတိုက်ပွဲများ ဖြစ်နိုင်ပါမည်လော။

"ကျွင်းပေါင်လီ၊ ငါတို့ ပင်မသွေးကြောက မင်းကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး"

ကျွင်းလုံခန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

သူ အမှန်တကယ် လှုပ်ရှားချင်မိ၏။

သို့သော်လည်း သူတို့ရှေ့မှာ ကျွင်းပေါင်လီမှာ ဓမ္မခန္ဓာတစ်ခုမျှသာဖြစ်သောကြောင့် တိုက်ခိုက်ရန် အကြောင်းမရှိတော့ပါ။

"အကျိုးဆက်အားလုံးကို ငါ တစ်ယောက်တည်း ခံယူမယ်"

ကျွင်းပေါင်လီက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

အားလုံး ပြီးဆုံးသောအခါ...

အမာရွတ်လေးခုသခင်ကြီးက ပါရမီရှင်များကို နယ်စပ်မှ ရှေးဦးအင်ပါယာမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

ကျွင်းရှောင်ယောက်အကြောင်း သတင်းများကလည်း ရှေးဦးအင်ပါယာမြို့တော်မှ အဆုံးစွန်ရှေးဟောင်းလမ်းနှင့် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို လေပြင်းမုန်တိုင်း တိုက်ခတ်သည့်ပမာ ဖြတ်သန်းသွားလေသည်။

အဆုံးစွန်ရှေးဟောင်းလမ်း၊ သေခြင်းနယ်မြေတစ်ခုတွင်...

အေစက်သော ရေခဲနတ်သမီးကဲ့သို့ အနက်ရောင်ဝတ်စုံဖြင့် မိန်းကလေးတစ်ဦး ရှိခဲ့သည်။ ဤအခိုက်တွင်၊ သူ့ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွား၏။

"ဘယ်လိုဖြစ်ရတာလဲ၊ သခင်လေး..."

မိန်းကလေးက ရန်ချင်းယင် ဖြစ်သည်။

အခြားနေရာတစ်ခုတွင်...

ပြန်လည်ဝင်စားခြင်း အငွေ့အသက်တို့ လွမ်းခြုံနေသော အမျိုးသားတစ်ဦးလည်း ကျွင်းရှောင်ယောက်၏သတင်းဆိုးကို ကြားရပြီးနောက် တုန်လှုပ်သွားခဲ့သည်။

"သခင်လေး ကျဆုံးသွားပြီ၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဝမ့်ချွမ် မယုံနိုင်တော့ပေ။

ရီယုနှင့် ထာဝရဆင်းရဲဒုက္ခနတ်ဘုရားမကဲ့သို့ ကျွင်းရှောင်ယောက်၏ နောက်လိုက်များလည်း ဤသတင်းကိုကြားတော့ မယုံကြည်နိုင် ဖြစ်ခဲ့ကြသည်။

ဧကရာဇ်သင်္ချိုင်းကြယ်မှ လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်၏ အမွေခံနေရာတွင်...

"ဝုန်း"

ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သော နဂါးအရှိန်အဝါက နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ကောင်းကင်တွင် ရှေးနဂါးပုံရိပ်ကြီးတစ်ခု ပေါ်လာခဲ့၏။

သွယ်လျပြီး လှပသော ရုပ်သွင်တစ်ခုလည်း ပေါ်လာတော့သည်။

မင်းသမီးလုံကျီ။

ယခုအချိန်တွင် လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်၏ အမွေကို လက်ခံခဲ့ရသော မင်းသမီးလုံကျိက စွမ်းရည်နှင့် ခွန်အားများ များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

အဓိပဓိ တားမြစ်ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် အားမနည်းတော့ပေ။

"အကြီးအကဲ နဂါးဧကရာဇ်က သူ့မှာ နောက်ဆုံးဆန္ဒတစ်ခုပဲရှိတယ်၊ ဒါက သူ့သားမြေးတွေ သူ့ငယ်ဘဝက‌ နောင်တအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ပဲ"

မင်းသမီးလုံကျိက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

သူတော်စင်နဂါးဧကရာဇ်ပြောသော နောင်တက သူငယ်ဘဝတွင် သူ့ကိုအနိုင်ယူခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ပါရမီရှင် ဖြစ်သည်။

"သခင်လေး ဘယ်ကိုရောက်နေပြီလဲ မသိဘူး"

မင်းသမီးလုံကျိ၏ လှပသော မျက်လုံးများတွင် ပျောရွှင်မှုနှင့် မျှော်လင့်ချက်များ ပေါ်လာခဲ့သည်။

ယခင်က သူဟာ ကျွင်းရှောင်ယောက်၏ စီးတော်ဖြစ်ရန် အရည်အချင်းမပြည့်မီခဲ့ပေ။

ယခုမူ လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ထံမှ အမွေကို ရရှိပြီးနောက် ကျွင်းရှောင်ယောက်၏နောက်သို့ လိုက်ရန် အရည်အချင်းပြည့်မီနေပြီ ဖြစ်သည်။

သို့သော်လည်း မင်းသမီး တံခါးပိတ်လေ့ကျင့်ရာမှ ထွက်လာပြီးနောက် မကြာမီတွင် ကျွင်းရှောင်ယောက် သေဆုံးသည့်သတင်းကို ကြားလိုက်ရသည်။

မယုံကြည်နိုင်သကဲ့သို့ သူ့ခန္ဓာကိုယ်ကလေး တုန်ယင်သွား၏။

ထို့ထက် ပို၍ မမျှော်လင့်ထားသောအရာမှာ...

ကျွင်းရှောင်ယောက် သေဆုံးခြင်း၏ နောက်ကွယ်မှ တရားခံ ကျွင်းပေါင်လီက လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်ကို အနိုင်ယူခဲ့သူလည်း ဖြစ်နေခြင်း ဖြစ်သည်။

ရန်ငြိုးအဟောင်းနှင့် မုန်းတီးမှုအသစ်များ ပေါင်းလိုက်သောအခါ မင်းသမီးလုံကျိ၏ လှပသော မျက်လုံးများက ဒေါသများ ပြည့်နှက်သွားတော့သည်။

အမှန်တော့ ကျွင်းရှောင်ယောက် ကျဆုံးခြင်းကြောင့် တုန်လှုပ်သွားသူများမှာ ဤလူများချည်း မဟုတ်ပါ။

အားကျိုး၊ ရန်ယုမန်၊ ရှောင်မိုရှန်း၊ ထိုက်ယင်ကျောက်စိမ်းယုန်၊ ရှပင်းယွင်၊ ကျွင်းမူလန်...

ကျွင်းရှောင်ယောက်နှင့် ပတ်သက်သူတိုင်း ဤသတင်းကို မယုံချင်ခဲ့ကြပါ။

တစ်ယောက်တည်း လေ့ကျင့်နေသော ကျန်းလော့လီလည်း ဤသတင်းကိုကြားတော့ အသိစိတ်လွတ်သွားသည်။

သို့သော် သူ မငိုပေ၊ ဤသတင်းက ကောလဟာလ အတုအယောင်ဟု သူ ခံစားခဲ့ရသည်။

အဖြူရောင်ဝတ်စုံဖြင့် ရှေ့မှာရပ်ပြီး သူမကို အမြဲကာကွယ်ပေးတတ်သော ထိုလူကို ကျဆုံးသွားပြီဟု အားလုံးက ဆိုကြလျှင်ပင် သူယုံမည်မဟုတ်ပေ။

ကိုယ့်ကိုယ်ကိုယ် လှည့်စားနေမိမှန်း သိထားလျှင်ပင် လက်ခံမည် မဟုတ်ပါ။

တစ်ဖက်တွင်၊ ကျန်းစန်းယီက ယောက်ချီမြင့်မြတ်မြေတွင် တိတ်တဆိတ် လေ့ကျင့်နေသည်။ သူမက သူ၏ သန္ဓောစွမ်းအင်တာအိုသန္ဓေအပြင် ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကိုပါ သန့်စင်နေ၏။

ဤအခိုက်မှာပင် သူမ၏ နှလုံးသားက အပ်နှင့် ထိုးစိုက်လိုက်သလို နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရတော့သည်။

"ဆရာ၊ အပြင်မှာ ဘာဖြစ်တာလဲ"

ကျန်းစန်းယီ ချက်ချင်း လှမ်းမေးလိုက်သည်။

"မဖြစ်ဘူး၊ အားလုံး အဆင်ပြေပါတယ်စန်းယီ။ မင်း စိတ်အေးအေးထားပြီး လေ့ကျင့်လို့ရပါတယ်"

ယွှီချင်းနင်က အသံပို့လွှတ်ပြီး ပြောလိုက်၏။ ယခုအခါ သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ထားပြီးပြီ ဖြစ်သည်။

"တကယ်ပဲလား..."

ကျန်းစန်းယီလည်း သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်လေသည်။ သူမ၏ လှပသော မျက်လုံးများက နားမလည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အပြင်ဘက်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ယောက်က ယွှီချင်းနင်အား စိုးရိမ်ပူပန်မှု အရိပ်အမြွက်တို့ဖြင့် ပြောလိုက်သည်။

"အကြီးအကဲချင်းနင်၊ ကျွင်းရှောင်ယောက် သေဆုံးတဲ့အကြောင်း စန်းယီကို တကယ် မပြောတော့ဘူးလား"

ဤလှပသောအမျိုးသမီးက ယောက်ချီမြင့်မြတ်မြေ၏ လက်ရှိခေါင်းဆောင် ဖြစ်သည်။

"စန်းယီက အဲဒါကို သတိမထားမိဘူးထင်လို့လား"

ယွီချင်းနင်က ပြောသည်။

"အကြီးအကဲပြောချင်တာက ကျွင်းရှောင်ယောက် တစ်ခုခုဖြစ်သွားတာကို စန်းယီ သိနေပြီလို့ ဆိုလိုတာလား"

‌ယောက်ချီမြင့်မြတ်မြေ ခေါင်းဆောင်က တအံ့တဩ ပြောလိုက်၏။

ယွီချင်းနင်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"သူ ဒါကို သတိပြုမိသင့်ပါတယ်၊ ဒါပေမဲ့ သူက ကျွင်းရှောင်ယောက်အပေါ် အပြည့်အဝ ယုံကြည်မှုရှိတယ်"

"အကြီးအကဲကော ကျွင်းရှောင်ယောက် တကယ်ကျဆုံးသွားပြီလို့ထင်လား"

ယောက်ချီမြင့်မြတ်မြေ၏ ခေါင်းဆောင်က‌ မေးသည်။

အမှန်အတိုင်းပြောရလျှင်...

သူတို့ ယောက်ချီမြင့်မြတ်မြေက ကျန်းစန်းယီကို ပျိုးထောင်ပေးကာ မြင့်မြတ်ခေါင်းဆောင် ဖြစ်လာစေရန် ဆန္ဒရှိနေသည်။

ယင်းက ကျန်းစန်းယီ၏ ကိုယ်ပိုင်အစွမ်းသတ္တိနှင့် အရည်အချင်းကြောင့်ဖြစ်သော်လည်း...

တစ်ဖက်တွင် သူမက ကျွင်းရှောင်ယောက်နှင့် ပိုရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ဖြစ်၏။

လူတစ်ဦး အောင်မြင်ပါက အနီးနားရှိ ကြက်၊ ငှက်များပင် ဉာဏ်အလင်းပွင့်နိုင်သည်။ ဤကဲ့သို့ ယောက်ချီမြင့်မြတ်မြေလည်း ထိပ်တန်း အင်မော်တယ်အင်အားစု ဖြစ်လာလိမ့်မည်။

ကျွင်းရှောင်ယောက် အမှန်တကယ် ကျဆုံးလျှင်တော့ သက်ရောက်မှုက ကြီးကြီးမားမား ကွာခြားသွားမည် ဖြစ်သည်။

"ငါလည်း မသေချာဘူး၊ ဒါပေမဲ့ ဒီတစ်ခါ ကျွင်းရှောင်ယောက်ရဲ့ပြိုင်ဘက်က ကောင်းကင်ပဲ"

ယွီချင်းနင် သက်ပြင်းချလိုက်၏။

ကောင်းကင်သရဖူတောင် ကျလာပြီ။

ဤသည်မှာ ကျွင်းရှောင်ယောက် အမှန်တကယ် ကျဆုံးသွားပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။

မဟုတ်ပါက...

ကျွင်းရှောင်ယောက်မှာ ကောင်းကင်ကိုတောင် လှည့်ဖြားနိုင်စွမ်း ရှိနေဦးမည်လော။

All Chapters