← Chapters

အခန်း ၈၉၃

Vol. 60 Ch. 893

အခန်း ၈၉၃

Vol. 60 Ch. 893

အခန်း ( ၈၉၃ ) ငါ့ကျွင်းမိသားစုကို ဒေါသထွက်စေရင် ကောင်းကင်ကြီးတောင် ဖြိုချခံရလိမ့်မယ်။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ၊ ဧကရာဇ်စီရင်စု၊ ကျွင်းမိသားစု...

ကျွင်းရှောင်ယောက် ကျဆုံးသွားသော သတင်းများ ပျံ့နှံ့သွားပြီးနောက် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးရှိ သက်ရှိတို့အားလုံး ခံစားလိုက်ရသည်။

အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး တုန်ခါသွားပုံရ၏။

တုန်ခါမှု၏ အရင်းအမြစ်က ဧကရာဇ်စီရင်စုရှိ ကျွင်းမိသားစု ဖြစ်တော့သည်။

ထိုအချိန်တွင် ကျွင်းမိသားစုမှ ကျယ်လောင်သော အော်ဟစ်သံ၊ ငိုကြွေးသံများ ထွက်ပေါ်လာခဲ့သည်။

ကျွင်းမိသားစုမှ လူငယ်များစွာတို့ မယုံကြည်နိုင်ဘဲ အော်ဟစ် ငိုကြွေးခဲ့ကြ၏။

ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစု၏ မျိုးဆက်သစ်မဏ္ဍိုင်၏ မဏ္ဍိုင်ဟု ဆိုနိုင်သည်။

ကျွင်းမိသားစုရှိ အကြီးအကဲတချို့ကတောင် သူတို့၏ မျိုးဆက်များကို ကျွင်းရှောင်ယောက်ကဲ့သို့ ဖြစ်လာစေရန် ဆုံးမသွန်သင်ကြလိမ့်မည်။

ဤမှ ကျွင်းမိသားစုတွင် ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာက လူအများ၏ နှလုံးသားကို သိမ်းပိုက်ထားသည်ကို အထင်အရှား တွေ့မြင်နိုင်သည်။

ကျွင်းရှောင်ယောက် ဆန္ဒရှိသရွေ့ ကျွင်းမိသားစု၏ အကြီးအကဲတစ်ဦးပင်လျှင် ချက်ချင်း ဖြစ်လာနိုင်သည်။

ကျွင်းမိသားစုက လုံးဝ ကန့်ကွက်ကြမည် မဟုတ်ပေ။

သို့သော်လည်း ယခုတော့ ဤယုံကြည်ချက်များ ပျက်သွားလေပြီ။

လူအတော်များများမှာ မယုံကြည်ချင်ဘဲ သတင်းအတုဟု ထင်နေခဲ့ကြသည်။

ကျန်းရို့ကတော့ သတင်းကြားရသည်နှင့် မူးလဲသွားတော့သည်။

ပထမဦးစွာ၊ တိုင်းတပါး၏ ဇီးကွက်နီ ချီရှောင်းဘုရင်နှင့် တိုက်ပွဲအတွင်း၌ ကျွင်းဝူဟွေ့၏ ကိုယ်ပွားများထဲမှ တစ်ဦး ပျောက်ဆုံးသွားကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

ယခုဆိုလျှင် ကျွင်းရှောင်ယောက် ကွယ်လွန်သွားသည့် သတင်းများပင် ထွက်လာပြီ။

မိန်းမသားတစ်ယောက်အနေဖြင့် ကျန်းရို့ မည်သို့မျှ ခံနိုင်ရည်မရှိတော့ပါ။

ကျွင်းလင်းလုံ၊ ကျွင်းရင်အာ၊ နာလန်လော်ရှီးနှင့် စုဇီချုံတို့လည်း ရှိသည်။

သူတို့က ဧကရာဇ်လမ်းကို မလျှောက်လှမ်းဘဲ ကျွင်းမိသားစုမှာပဲ လေ့ကျင့်နေခဲ့ကြ၏။

ယခုတော့ ကျွင်းရှောင်ယောက် ကွယ်လွန်သွားသော သတင်းကြားလိုက်ရသောကြောင့် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာတော့သည်။

ဤသို့ ကမောက်ကမ ဖြစ်သွားခြင်းက ကျွင်းမိသားစုတစ်ခုတည်း မဟုတ်ပါ။

ကျန်းမိသားစုမှာလည်း လှုပ်ခတ်မှုများ ရှိလာခဲ့သည်။

ကျွင်းရှောင်ယောက်၏အဖိုး ကျန်းတောက်ရွှီသည်လည်း စိတ်မတည်ငြိမ်နိုင်တော့ပေ။

သူ၏မြေးမှာ သူ့ကျန်းမာရေးအတွက် အန္တရာယ်များသော ထာဝရသင်္ချိုင်းသို့ပင်သွားကာ အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်း အင်မော်တယ်မြက်ကို ရှာဖွေပေးခဲ့သည်။

ယခုတော့ ဤရလဒ်မျိုး ထွက်ပေါ်လာခဲ့ရာ သူ လုံးဝ လက်မခံနိုင်တော့ပေ။

အကယ်၍ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခဲ့သူသာ ကျွင်းမိသား၏ လျှို့ဝှက်သွေးကြောမှ မဟုတ်ဘဲ...

အခြားအင်အားစုသာ ဖြစ်ခဲ့လျှင်၊ ထိုအင်အားစုကို ဖျက်ဆီးရန် ရှေးဟောင်းကျန်းမိသားစုတစ်ခုလုံးကို အမှန်တကယ် ဦးဆောင်သွားမည် ဖြစ်သည်။

"တောက်ရွှီ၊ ခဏလောက် စိတ်အေးအေးထားပါ၊ ကျွင်းမိသားစုက ဘာမှ လှုပ်ရှားမှု မရှိသေးဘူး"

"နောက်ဆုံးတော့ ဒါက ကျွင်းမိသားစုရဲ့ လျှို့ဝှက်သွေးကြောတွေနဲ့ သက်ဆိုင်တယ်။ ငါတို့က တိုက်ရိုက်ဝင်ရောက်စွက်ဖက်လို့ မဖြစ်သေးဘူး"

ကျွင်းမိသားစု၏ ဘိုးဘေးတစ်ယောက်က အကြံပေးလိုက်သည်။

"ဟမ့်၊ ဒီကိစ္စကို အတည်ပြုပြီးရင်တော့ ငါ့မြေးကို တိုက်ခိုက်ခဲ့သူတွေကို အလွတ်မပေးဘူး"

ကျန်းတောက်ရွှီထံမှ‌ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။

"သေချာ‌တာပေါ့၊ ရှောင်ယောက်က ငါတို့ ကျန်းမိသားစုရဲ့ သခင်လေးဖြစ်တဲ့အပြင် သူ့သွေးကြောထဲမှာ ကျန်းမိသားစုရဲ့သွေးတစ်ဝက် စီးဆင်းနေတယ်"

ကျန်းမိသားစု၏ ဘိုးဘေးများအားလုံး ခေါင်းညိတ်လိုက်ကြသည်။

လောကကြီးတွင် လူအများစုက ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဟု ခေါ်ကြ၏။

သို့သော်လည်း သူ့တွင် ကျန်းမိသားစု၏ သခင်လေးဟူသော အထောက်အထားတစ်ခု ရှိသေးသည်။

ကျန်းမိသားစုက နှိမ့်ချနေသော်လည်း ရှေးဟောင်းမိသားစုကြီးတစ်ခုဖြစ်ကာ လျှော့တွက်၍မရပေ။

ယခုအချိန်တွင် ဧကရာဇ်စီရင်စုရှိ ကျွင်းမိသားစု၏ ဘိုးဘွားခန်းမတွင်...

ကျွင်းမိသားစု၏ ဘိုးဘေးများအားလုံး ဤနေရာတွင် ထိုင်နေကြသည်။

ခေါင်းဆောင်မှာ ကျွင်းမိသားစု၏ အဋ္ဌမဘိုးဘေး ကျွင်းထျန်းမင် ဖြစ်၏။

ထို့အပြင် ကျွင်းရှောင်ယောက်၏ အဖိုးဖြစ်သူ ကျွင်းကျန်းထျန်းလည်း ဤနေရာတွင် ရှိ‌သေးသည်။

သူ့စိတ်အခြေအနေကတော့ ကောင်းပုံမရဘဲ မျက်လုံးများ နီရဲနေသည်။

"အတည်ပြုပြီးပါပြီ။ ရှောင်ယောက်ရဲပ အသက်ကတ်က ကွဲကြေသွားပြီ၊ သူတကယ်ပဲ ကျဆုံးသွားသင့်တယ်"

ဘိုးဘေးဆယ့်ခြောက်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"သေစမ်း၊ လျှို့ဝှက်သွေးကြောရဲ့ ကျွင်းပေါင်လီကများ ဘယ်လိုတောင် လုပ်ဝံ့တာလဲ"

ဘိုးဘေးဆယ့်ရှစ် ဣန္ဒြေပျက်သွားပြီး ချက်ချင်း အော်ဟစ်လိုက်၏။

ကျွင်းရှောင်ယောက် မွေးဖွားလာသောအခါ သူက ပထမဆုံး မြေကြီးထဲမှ ထွက်လာသူ ဖြစ်သည်။

သူ့မျက်စိရှေ့မှာပင် ကျွင်းရှောင်ယောက် ကြီးပြင်းလာခဲ့တာ ဖြစ်သည်။ ထို့အတွက် သူ့ခံစားချက်က အနက်ရှိုင်းဆုံးဖြစ်ကာ အဖိုးအရင်းနှင့် မခြားပေ။

"ဆယ့်ရှစ်၊ ဆန္ဒမစောပါနဲ့။ ငါတို့ တိကျတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ လိုသေးတယ်"

ဘိုးဘေးဆယ့်ခုနစ်က ပြောလိုက်သည်။

"ဟုတ်တယ်၊ တခြား အင်အားစုတွေဆိုရင် သူတို့ကို တိုက်ရိုက် ဖျက်ဆီးလိုက်လို့ရတယ်။ ဒါပေမဲ့ လျှို့ဝှက်သွေးကြောကိုတော့ သေချာစဉ်းစားဖို့ လိုတယ်"

ဘိုးဘေးဆယ့်ငါကလည်း ပြော၏။

လျှို့ဝှက်သွေးကြော၏ အင်အားက ပင်မသွေးကြောထက် အနည်းငယ် အားနည်းသော်လည်း သိသိသာသာ အားနည်းခြင်းမျိုး မဟုတ်ပါ။

လျှို့ဝှက်သွေးကြောနှင့် အမှန်တကယ် စစ်ဖြစ်ချင်ပါက တန်ကြေးကြီးမားမည် ဖြစ်သည်။

အချိန်တန်သောအခါ၊ အင်မော်တယ်ခုံရုံးပင်လျှင် မလှုပ်ရှားရဘဲ ကျွင်းမိသားစု အားနည်းသွားလိမ့်မည်။

ထို့အပြင် ယခုအချိန်မှာ တိုင်းတပါးက စိတ်အားထက်သန်သော မျက်လုံးများနှင့် စောင့်ကြည့်နေပြီး စစ်ပွဲကြီး အချိန်မရွေး ဖြစ်ပွားသွားနိုင်သည်။

ဤအချိန်မျိုးတွင် ကျွင်းမိသားစုက ပြည်တွင်းစစ်မဖြစ်နိုင်ပေ။

"ဒါဆိုရင် ရှောင်ယောက်ရဲ့ကိစ္စကို မေ့လိုက်ရတော့မှာလား"

ဘိုးဘေးဆယ့်ရှစ်က အံကြိတ်လိုက်သည်။

"သဘာဝအတိုင်း ဘယ်ဟုတ်မလဲ၊ ဒါပေမဲ့ လျှို့ဝှက်သွေးကြောနဲ့ စစ်ဖြစ်ချင်ရင် ဘိုးဘေးအားလုံးရဲ့ သဘောတူညီမှုကို လိုအပ်တယ်"

ဘိုးဘေးဆယ့်လေးက ပြောလိုက်၏။

ဧကရာဇ်စီရင်စုရှိ ကျွင်းမိသားစု၏ ဘိုးဘွားခန်းမတွင်ရှိသော ဤဘိုးဘွားများမှာ အဓိပဓိ နယ်ပယ်ခုနစ်တွင်သာ ရှိကြသည်။ ၎င်းတို့၏ အသက်အရွယ်က ကြီးနေပြီဖြစ်သော်လည်း အမြင့်ဆုံး မဟုတ်ကြသေးပေ။

ဧကရာဇ်တစ်ပိုင်းနှင့် အထက်ရှိသော ကျွင်းမိသားစု၏ ရှေးဘိုးဘေးများက ဘိုးဘွားခန်းမတွင် မရှိပါ။

၎င်းတို့က အပြင်ဘက် ကြယ်ကောင်းကင်တွင်၊ အမည်မသိ အန္တရာယ်နေရာများတွင် သို့မဟုတ် ရှေးဟောင်းနယ်မြေများတွင် အိပ်စက်နေကြသည်။

ထိုရှေးဘိုးဘွားများကမှ ကျွင်းမိသားစု၏ မဟာပုဂ္ဂိုလ်ကြီးများ ဖြစ်ချေသည်။

ထို့အပြင် လျှို့ဝှက်သွေးကြောနှင့် တိုက်ခိုက်ခြင်းက အခြား အင်အားစုများနှင့် ခြားနားသည်။

အခြား အင်မော်တယ်အင်အားစုဖြစ်ပါက တိုက်ရိုက် ဖျက်ဆီးလိုက်ရုံဖြစ်ပြီး ကျွင်းမိသားစုအတွက် ကြီးကြီးမားမား မဟုတ်ပေ။

သို့ရာတွင် လျှို့ဝှက်သွေးကြောက နက်နဲသော အခြေခံအုတ်မြစ် ရှိသည်။ ထို့အပြင် မျိုးနွယ်တူများအနေဖြင့် သူတို့ကြားတွင် ဆွေမျိုးဟူသော ရင်းနှီးမှုမျိုး ရှိ၏။

ဘိုးဘေးဆယ့်ရှစ်သည်ပင် လျှို့ဝှက်သွေးကြောကို ပြန်လာစေနိုင်လျှင် အကောင်းဆုံးဖြစ်မည်ဟု ကျွင်းရှောင်ယောက်အား ပြောခဲ့ဖူးသည်။

သို့သော်လည်း ဤအခြေအနေမျိုး ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

"ဘိုးဘေးထျန်းမင်ကို မေးချင်ပါတယ်၊ ရှေးဘိုးဘေးတွေ က အမိန့်ပြန်တမ်း ထုတ်ပြီလား"

ဘိုးဘေးဆယ့်ခြောက်က မေးလိုက်သည်။

ပထမခုံပေါ်တွင် အဋ္ဌမဘိုးဘေး ကျွင်းထျန်းမင်က အစမှအဆုံးထိ ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်နေကာ စကားမပြောပေ။

ထိုအချိန်တွင်၊ ကျွင်းထျန်းမင်က မျက်လုံးဖွင့်လာကာ ဝေ့ကြည့်လိုက်သည်။

"ရှေးဘိုးဘေးတို့ အမိန့်မထုတ်သေးဘူး"

"ဒါက ရှောင်ယောက် မသေသေးလို့များလား၊ ဒါပေမဲ့ မဖြစ်နိုင်ဘူး၊ ကောင်းကင်သရဖူတောင် ကျရောက်လာပြီ"

ဘိုးဘေးအချို့မှာ သံသယဖြစ်သွားခဲ့ကြသည်။

ကောင်းကင်ကို မည်သူမျှ မလှည့်ဖြားနိုင်ပါ။

"လူတိုင်းပဲ စိတ်မပူပါနဲ့။ ရှေးဘိုးဘေးတွေမှာ သဘာဝအတိုင်း အစီအစဉ်တွေ ရှိတယ်။ ကျွင်းမိသားစု ဒေါသဖြစ်မယ်ဆိုရင် ကောင်းကင်ကိုတောင် ဖြိုချပစ်နိုင်တယ်"

ကျွင်းထျန်းမင်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူ့စကားများမှာ တုန်လှုပ်စရာဖြစ်၏။

အမှန်အတိုင်းပြောရလျှင် ကောင်းကင်နှင့်ကစားပွဲက ကျွင်းရှောင်ယောက်အတွက် စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။

ကျွင်းမိသားစုသာ အမှန်တကယ် အနိုင်ကျင့်လိုပါက ဧကရာဇ်ခုနစ်ပါးကို အစကတည်းက တစ်ယောက်ပြီးတစ်ယောက် ရှာဖွေပြီး လုပ်စရာများ လုပ်ခဲ့မိလိမ့်မည်။

ကျွင်းမိသားစုက ကျွင်းရှောင်ယောက်ကို အခက်အခဲနှင့် စမ်းသပ်မှုများအား တွေ့ကြုံခံစားစေချင်ရုံ ဖြစ်သည်။

“ရှေးဘိုးဘေးတွေက ဘာကိုဆိုလိုတာလဲ…”

ဘိုးဘေးဆယ့်ရှစ်က လေးလေးနက်နက် စဉ်းစားလိုက်သည်။

"စိတ်မပူပါနဲ့၊ သူတို့ကို ခဏလောက် ပျံသန်းနေပါစေ..."

"ဒါပေမဲ့... အချို့ အင်အားစုတွေကိုတော့ နှိမ်နင်းဖို့ အချိန်တန်ပြီ"

ကျွင်းထျန်းမင်၏ မျက်လုံးများက အဓိပ္ပါယ်ရှိသော အရိပ်အမြွက်တို့ ပေါ်လာခဲ့၏။

ယခုအချိန်တွင် ကျွင်းမိသားစု၏ ဘိုးဘေးအားလုံး ဒေါသဖြစ်နေသည်။

ဒေါသထွက်ပါက သဘာဝအတိုင်း ထုတ်ဖော်ပစ်သင့်၏။

ယခု သဲအိတ်ရှာရန် အချိန်တန်ပြီ။

တစ်ဖက်တွင်၊ ရှေးဦးအင်ပါယာမြို့တော်အပြင်မှာ...

ကျွင်းပေါင်လီနှင့် အခြားသူများက လျှို့ဝှက်သွေးကြောသို့ပြန်ရန် ပြင်ဆင်နေကြသည်။

ထိုအချိန်တွင်၊ မမြင်နိုင်သော လှိုင်းလုံးကြီးသည် စကြဝဠာအတွင်း မိုင်ပေါင်း သန်းရာနှင့်ချီ ဝေးကွာသော အရပ်မှ ထွက်လာပုံရ၏။

သူတို့က အလွန် ဝေးကွာသော်လည်း ဖိအားများမှာ ကြောက်စရာကောင်းလွန်းသည်။

ဧကရာဇ်တစ်ပိုင်း။

ဤသည်မှာ ဧကရာဇ်တစ်ပိုင်း၏ ဖိအား ဖြစ်သည်။

"ကျွင်းပေါင်လီ၊ ပင်မသွေးကြောရဲ့ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်"

ကျွင်းပေါင်လီက လေဟာပြင်ကို မျက်နှာမူကာ လက်ယှက်ပြီး အနည်းငယ် ဦးညွတ်လိုက်သည်။

"မင်းမှာ‌ ပြောစရာရှိလား"

အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။

ကျွင်းပေါင်လီ၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွားပြီး လက်ယှက်ကာ ပြောလိုက်သည်။

"နောင်မှာ ဆူးပုံကိုထမ်းပြီး ကျွင်းမိသားစုရဲ့ ပင်မသွေးကြောကို တောင်းပန်ဖို့ သွားမှာပါ"

"ဟမ့်၊ ဒါက ခွင့်လွှတ်ဖို့ တောင်းပန်ရုံနဲ့ ဖြေရှင်းလို့ ရတာလား"

"ဒါက..."

ကျွင်းပေါင်လီ စကားမဆက်ဖြစ်ဘဲ တိတ်ဆိတ်သွား၏။

ဤအခိုက်အတန့်တွင် ဝေးကွာသောစကြာဝဠာမှ နောက်ထပ်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

"ကျွင်းထိုက်၊ နင်က ဒေါသကြီးနေသေးတုန်းကို၊ မျိုးဆက်သစ်လေးတွေကို ဒီလောက်ခက်ခဲအောင်တော့ မလုပ်ပါနဲ့လေ"

ဤအတက်အကျမှ အဘွားအိုတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

"မင်း ကျွင်းစွေ့ဟွာပဲ။ မင်း အဖွားကြီး အသက်ရှင်နေသေးတယ်"

ကျွင်းစွေ့ဟွာဟူသော နာမည်က ကျေးတောဆန်ပြီး ရယ်စရာတောင်ကောင်းသည်။

သို့ရာတွင် သူမက လျှို့ဝှက်သွေးကြောမှ ရှေးဘိုးဘေးတစ်ဦး ဖြစ်၏။ သူဟာ ဧကရာဇ်တစ်ပိုင်း နယ်ပယ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး သူ၏ခွန်အားကလည်း နားမလည်နိုင်လောက်အောင် ဖြစ်သည်။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောနှင့် ပင်မသွေးကြောများက အတက်အကျများကို ခံစားမိတော့...

ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသော မျက်လုံးများအားလုံး တုန်လှုပ်မှုတို့ ပြည့်နှက်သွားခဲ့သည်။

ကျွင်းမိသားစုက အမှန်တကယ် ပြည်တွင်းစစ် ဖြစ်တော့ပါမည်လော။

All Chapters