← Chapters

အခန်း ၈၉၄

Vol. 60 Ch. 894

အခန်း ၈၉၄

Vol. 60 Ch. 894

အခန်း ( ၈၉၄ ) ကျွင်းရှန့် ထွက်ခွာသွားပါတော့။

"နင်တောင် အသက်ရှင်နေသေးတာ ငါက ဘယ်လိုသေရမှာလဲ"

ကျွင်းစွေ့ဟွာ၏ ဝိညာဉ်အသိက ပြန်ပြောလိုက်၏။

ကျွင်းမိသားစု၏ ရှေးဘိုးဘေးနှစ်ယောက်ဟာ ယခင်က တစ်ယောက်နှင့်တစ်ယောက် သိပုံရသည်။

"မင်းက ဒီကောင်လေးကို ကာကွယ်ချင်ပုံရတယ်"

"သေခြင်းရှင်ခြင်းမှာ ကံကြမ္မာရှိတယ်၊ စည်းစိမ်နဲ့ ဂုဏ်အရှိန်အဝါက ကောင်းကင်မှာရှိတယ်၊ အရာအားလုံးက ဆုံးဖြတ်ထားပြီးသားပါပဲ"

"အကြောင်းရှိရင် အကျိုးရှိရမယ်၊ ငါတို့‌ နောက်နေ့မှ တွေ့ကြရအောင်..."

ကျွင်းထိုက်အ၏ ဝိညာဉ်အသိက ပြောလိုက်သည်။

ကျွင်းပေါင်လီ၏ မျက်နှာအမူအရာကတော့ အစမှအဆုံးထိ ထူးထူးခြားခြား လှုပ်ခတ်မှုများ မရှိပါ။

ပင်မသွေးကြောက သူ့ကို တိုက်ခိုက်မည်အား လုံးဝ စိုးရိမ်ပုံမရပေ။

"မကြာခင် အရာအားလုံး ပြီးသွားလိမ့်မယ်"

ကျွင်းပေါင်လီ အနည်းငယ် ပြုံးလိုက်သည်။

ကျွင်းမိသားစု၏ ဧကရာဇ်တစ်ပိုင်း နှစ်ယောက်က တွေ့ကြသော်လည်း တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပုံမရပေ။

လျှို့ဝှက်စွာ စောင့်ကြည့်နေသော ပုဂ္ဂိုလ်အများအပြား အံ့အားသင့်သွားခဲ့ကြသည်။

ကျွင်းမိသားစု၏ တုံ့ပြန်မှုက သူတို့၏ မောက်မာသောပုံစံနှင့် မကိုက်ညီပေ။

သို့သော်လည်း ယင်းက လျှို့ဝှက်သွေးကြောဖြစ်သောကြောင့် လှုပ်ရှားရန်ခက်ခဲသည်ဟု တချို့က နားလည်ကြသည်။

အခြားအင်အားစုသာဖြစ်လျှင် ကျွင်းမိသားစုက တစ်ခါတည်း ဖျက်ဆီးခဲ့လိမ့်မည်။

ထို့နောက်တွင် ကျွင်းပေါင်လီလည်း လျှို့ဝှက်သွေးကြောသို့ ပြန်လာခဲ့သည်။

အင်မော်တယ်စွမ်းအင်များ အလွန်ကြွယ်ဝသော လှိုဏ်ဂူတစ်ခုအတွင်သို့ သူ ရောက်လာ၏။

ကျွင်းချင်းရန်နှင့် ကျွင်းရင်ဟွမ်တို့လည်း သူ့နောက်သို့ လိုက်လာကြလေသည်။

ဤနိဗ္ဗာန်မြေအလယ်တွင် ဝိညာဉ်ရေးစမ်းချောင်းတစ်ခု ရှိသည်။

ဝိညာဉ်စမ်းထဲတွင် သုံးပေမြင့်သော အင်မော်တယ်အရင်းအမြစ်တစ်ခု လွင့်မျောနေ၏။

ထိုအင်မော်တယ်အရင်းအမြစ် အတွင်းမှာလည်း အဘွားအိုတစ်ဦးကို တံဆိပ်ခတ်ထားပေသည်။

သူ့ဆံပင်များက ဆွတ်ဆွတ်ဖြူပြီး မျက်နှာမှာလည်း အရေးအကြောင်းများ ပြည့်နေသည်။

သို့သော်လည်း သူငယ်စဉ်က ထူးထူးကဲကဲ လှပခဲ့သူဖြစ်ကြောင်း ယောင်ဝါးဝါး တွေ့မြင်နိုင်ပေသည်။

"ဒါက……"

ကျွင်းချင်းရန်နှင့် ကျွင်းရင်ဟွမ်တို့ နှစ်ယောက်စလုံး အနည်းငယ် စိတ်ရှုပ်သွားသည်။

ကျွင်းပေါင်လီ၏ မျိုးရိုးမှ အကြီးအကဲတစ်ယောက် ဖြစ်မည်လော။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့နှစ်ယောက်စလုံးကို အံ့ဩစေသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

ကျွင်းပေါင်လီက ရှေ့သို့လျှောက်သွားပြီး အဘွားအို၏လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်လေသည်။

"ချင်းအာ၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာတော့ မင်းကို အသက်ပြန်ရှင်စေပြီး ငါနဲ့အတူ ထာဝရနေထိုင်နိုင်ဖို့ နည်းလမ်းကို ရှာတွေ့ခဲ့ပြီ"

"ဒါနဲ့ဆိုရင် မင်းလည်း ဧကရာဇ်ဖြစ်ဖို့ အရည်အချင်းရှိတယ်"

ကျွင်းပေါင်လီ၏ စကားက ကျွင်းချင်းရန်နှင့် ကျွင်းရင်ဟွမ်တို့ကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။

"မင်းတို့ သိချင်နေမှာ‌ပေါ့၊ ငါ နာမည်ပျက်ပြီး သွေးရင်းရရင်တောင် ကောင်းကင်သရဖူကို ဘာကြောင့် ယူချင်ရတာလဲဆိုတာ"

"ဘာကြောင့်လဲဆိုတော့ သူ့ကို ငါ လက်မလွှတ်နိုင်လို့ပဲ"

"ဒါက တစ်ကိုယ်ကောင်းဆန်တာဖြစ်နိုင်တယ်၊ ဒါပေမဲ့ အခြားနည်းလမ်းမရှိဘူးလေ။ လူတိုင်းမှာ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်စိတ် ရှိနိုင်တယ်"

"နောက်ပိုင်းကျရင် လျှို့ဝှက်သွေးကြောကို ပင်မသွေးပြန်ကြောတွေဆီ ပြန်ခွင့်ပြုလိုက်မယ်။ ဒါက ငါလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ"

ကျွင်းပေါင်လီ၏ စကားကြောင့် သူတို့နှစ်ယောက်လုံး အံ့သြသွားခဲ့သည်။

အထူးသဖြင့် ကျွင်းချင်းရန်...

အမှန်အတိုင်းပြောရလျှင် အစပိုင်းမှာတော့ သူဟာ ကျွင်းပေါင်လီကို ရွံရှာစက်ဆုပ်ခဲ့သည်။

သူက သူ့ကိုယ်သူသာ ဂရုစိုက်ပြီး သွေးသားခံစားချက်မရှိသော လူယုတ်မာတစ်ယောက်ဟု ထင်မြင်ခဲ့ပေသည်။

သို့သော်လည်း ယခုတော့ သူတို့မသိသော လျှို့ဝှက်ချက်တစ်ခု ရှိနေပုံရသည်။

"မင်းတို့ ပုံပြင်လေးတစ်ပုဒ်လောက် ကြားချင်ကြလား။ ငါ ဘယ်သူ့ကိုမှ မပြောတာတော့ ကြာပါပြီ"

ကျွင်းပေါင်လီ ပြုံးလိုက်သည်။

နှစ်ယောက်စလုံး ဘာမျှ ပြန်မပြောကြပေ။

သို့သော်လည်း ကျွင်းပေါင်လီက စတင်ပြောလိုက်သည်။

ကျွင်းပေါင်လီက သူ့ခေတ်တွင် စကြာဝဠာ တစ်ခုလုံးကို လှုပ်ခတ်စေခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကောင်းကင်သားတော်အနေဖြင့် လူအားလုံး၏ အထက်တွင်ရပ်ပြီး သာလွန်မြင့်မြတ်သူတစ်ဦး ဖြစ်၏။

ချောမောလှပပြီး အရည်အချင်းမြင့်မားသော ပါရမီရှင် မိန်းကလေးများစွာရှိသော်လည်း သူ ဂရုမစိုက်ခဲ့ပေ။

ကျွင်းပေါင်လီက ကိုယ်ပိုင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သည်။

သူကိုယ်တိုင်ပင် တစ်ယောက်ယောက်ကို ချစ်မိခဲ့မည်ဟု မထင်ခဲ့ပေ။

တစ်ရက်မှာ...

ရှေးဟောင်းဂြိုလ်တစ်ခုကို ရောက်ခဲ့သည်။

ဆေးဖော်စပ်ရန် ဆေးပင်များကို ရှာဖွေနေစဉ်...

သာမန်အဝတ်အစားနှင့် ရိုးသားသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

"ဝေ့၊ နင် လမ်းပျောက်နေတာလား"

"ငါ့အိမ်ကို လိုက်ခဲ့လေ၊ ငါနင့်အတွက် လက်ဖက်ရည်ဖျော်ပေးမယ်"

"ဝေ့၊ နင်က ဘာဖြစ်လို့မပြုံးတာလဲ။ ရုပ်ကြီးကလည်း သုန်မှုန်နေတာပဲနော်"

ကံကြမ္မာက ဆန်းကျယ်လွန်းပေသည်။

တစ်ယောက်က ကြယ်ကောင်းကင်ကြီးကို စိုးမိုးပြီး လူအားလုံး မော်ကြည့်ရသည့် ကျွင်းမိသားစု လျှို့ဝှက်သွေးကြောမှ ကောင်းကင်သားတော် ဖြစ်သည်။

ကျန်တစ်ယောက်ကတော့ သေမျိုးလောကမှ ကျင့်ကြံခြင်း လုံးဝမရှိသော သာမန် မိန်းကလေးတစ်ယောက်ပင်။

တစ်ခါတလေ ကံကြမ္မာက ထိုကဲ့သို့ ယုတ္တိမတန်ပေ။

ကျွင်းပေါင်လီဟာ အလွန်တည်ငြိမ်ပြီး အားလုံးကို လျစ်လျူရှုခဲ့သူ ဖြစ်သည်။ အဆင့်အတန်းမြင့်မားပြီး ပါရမီရှင်မိန်းကလေးများကိုပင် ဂရုမစိုက်ခဲ့ပေ။

ထိုအစား၊ သေမျိုးကမ္ဘာမှ သေမျိုးကမ္ဘာမှ မိန်းကလေးကိုသာ ချစ်မြတ်နိုးခဲ့သည်။

ကျွင်းပေါင်လီက ချက်ချင်းကြီး ကြိုက်ခဲ့ခြင်းတော့ မဟုတ်ပေ။

ဤလက်ဖက်ရည်သောက်နေသော မိန်းကလေး လီချင်းအာကို သူ့ဘဝအတွက် ဖြတ်လျှောက်တစ်ဦးဟုသာ ထင်ခဲ့သည်။

သက်တမ်းက ကျွင်းပေါင်လီအတွက် ဘာမှမဟုတ်ပါ။

သို့ရာတွင် လီချင်းအာက သေမျိုးတစ်ဦးဖြစ်ပြီး သူမ၏ အသက်က နှစ်တစ်ရာသာ ရှိနိုင်သည်။

ခဏလောက်နေပြီးနောက် သူ ထွက်သွားရန် ပြင်ခဲ့သည်။

သို့သော်လည်း သူထွက်သွားမည်ကို တုံ့ဆိုင်းနေပုံရသော လီချင်းအာကိုကြည့်ပြီး ခဏတာ တိတ်ဆိတ်သွား၍ ကျင့်ကြံခြင်း နည်းလမ်းများကို ချန်ထားပေးခဲ့သည်။

"မင်း လေ့ကျင့်နိုင်တဲ့အခါ ငါ့ဆီကို လာခဲ့ပါ"

ပြောဆိုပြီးနောက် ကျွင်းပေါင်လီ တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။

လီချင်းအာကိုလည်း သူ့ဘဝမှ အစိတ်အပိုင်းလေး တစ်ခုမျှသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့ပေသည်။

သို့သော်လည်း မည်သူက ထင်ထားခဲ့မည်နည်း။

လီချင်းအာက အမှန်တကယ် လေ့ကျင့်နိုင်ကာ သူ့ကိုရှာဖွေရန် ကြယ်ကောင်းကင်သို့ ထွက်ခွာခဲ့သည်။

ထိုအချိန်မှ လီချင်းအာဟာ သူက သာမန်လူတစ်ဦးဖြစ်ပြီး တစ်ဖက်လူက မည်မျှ အရေးကြီးသော လူတစ်ယောက်ဖြစ်သည်ကို သိခဲ့ရသည်။

သို့သော်လည်း လီချင်းအာဟာ လိုက်ရှာနေဆဲပင်။

နောက်ဆုံးတွင် သူတို့တွေ့ခဲ့သည်။

ကျွင်းပေါင်လီလည်း လက်ဖက်ရည်သောက်နေသည့် သေမျိုး မိန်းကလေးက သူ့ထံသို့ အမှန်တကယ် ရောက်လာမည်မှန်း မသိခဲ့ပေ။ ယင်းက သူ့နှလုံးသားကို လှုပ်ရှားစေခဲ့သည်။

နောက်ဆုံးတွင် တစ်ယောက်နှင့်တစ်ယောက် ချစ်ခဲ့ကြပေသည်။

သို့သော်လည်း လီချင်းအာ၏ အရည်အချင်းက နိမ့်ပါးလွန်းပြီး ကျင့်ကြံခြင်းမှာလည်း ညံ့ဖျင်းလွန်းလှသည်။

ကျွင်းပေါင်လီက နည်းလမ်းပေါင်းစုံနှင့် ကြိုးစားခဲ့သော်လည်း များစွာ အကျိုးမထူးခဲ့ပါ။

လီချင်းအာက တစ်နေ့တခြား အရွယ်ကျလာသည်။

တစ်ဖက်မှာတော့ ကျွင်းပေါင်လီက ငယ်ရွယ်နုပျိုနေ‌သေးသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမ၏အသက်မီးက မှေးမှိန်လာသည်။

နောက်ဆုံးမှာတော့ လီချင်းအာ အဘွားကြီးတစ်ယောက် ဖြစ်သွားတော့သည်။

သူမက ကျွင်းပေါင်လီ၏ မျက်နှာကို ညင်သာစွာကိုင်ပြီး မျက်ရည်စများနှင့် ပြောလိုက်သည်။

"နင်က ငယ်ရွယ်နုပျိုသေးပေမဲ့ ငါက အရမ်း အိုမင်းနေပါပြီ"

"မဟုတ်ဘူး ချင်းအာ၊ ငါ့စိတ်ထဲမှာ မင်းကိုစတွေ့တုန်းကနဲ့ အတူတူဖြစ်ပြီး ဘာမှမပြောင်းလဲသွားပါဘူး"

"ငါသိပါတယ်၊ ဒီတစ်ခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီးရင် ပြန်နိုးထဖို့ ခက်လိမ့်မယ်..."

"မဟုတ်ဘူး၊ ငါ မင်းကို အသက်ပြန်ရှင်အောင် အစွမ်းကုန်ကြိုးစားမှာပါ"

လီချင်းအာလည်း ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်။

နောက်ဆုံး တံဆိပ်ခတ်ခြင်းမခံရမီတွင် သူမက တစ်စုံတစ်ခုကို မြည်တမ်းခဲ့လေသည်။

"သွား၊ သွား၊ ထပ်ပြီးသွားပါ။ ကျွင်းရှန် (ပေါင်လီ)ထွက်ခွာသွားပါတော့"

ထိုစကားကြောင့် သူ့နာမည်ကို ကျွင်းပေါင်လီဟု ပြောင်းခဲ့ခြင်း ဖြစ်သည်။

ယခင်က သူ့နာမည်မှာ ကျွင်းကွေ့ချန် ဖြစ်၏။

သို့သော်လည်း လီချင်းအာ၏ စကားကြောင့် ကျွင်းပေါင်လီဟု ပြောင်းလဲခဲ့ပေသည်။

သူ့ဘဝ၏ တစ်ဦးတည်းသော ချစ်ရသူကို မမေ့ရန် ဖြစ်သည်။

ဘဝ အစိတ်အပိုင်းတစ်ခု၊ ဇာတ်လမ်းတစ်ခု ပြီးသွားပြီ။

ကျွင်းရင်ဟွမ် တိတ်ဆိတ်နေသည်။

ကျွင်းချင်းရန်လည်း ဤအချစ်ဇာတ်လမ်းကြောင့် စိတ်လှုပ်ရှားသွားကာ မျက်လုံးများ အနည်းငယ်နီရဲသွားလေသည်။

ယခင်ကတော့ ကောင်းကင်သရဖူကို ရရှိပြီးသည့်တိုင် သူ့ခန္ဓာကိုယ်သို့ မပေါင်းစည်းခဲ့သောကြောင့် ကျွင်းပေါင်လီကို နားမလည်နိုင်ခဲ့ပါ။

ကျွင်းပေါင်လီ၏ အရည်အချင်းက အလွန်ကြောက်စရာကောင်းသောကြောင့် ဧကရာဇ်အဖြစ် တာအိုကိုသက်သေပြရန် ကောင်းကင်သရဖူကို မလိုအပ်ပေ။

သို့သော်လည်း အနည်းဆုံးတော့ ကောင်းကင်သရဖူနှင့် ပေါင်းစည်းခြင်းဖြင့် အားသာချက်များသာ ရှိသည်။

ထို့ကြောင့် ပဟေဋိဖြစ်ခဲ့သော်လည်း ယခု သူတို့ နားလည်သွားပြီ။

ကျွင်းပေါင်လီက သူ့ချစ်သူ လီချင်းအာအတွက် လုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုမိန်းကလေးက ဤအင်မော်တယ်ကျောက်ထဲမှ အဘွားအိုပင်။

"ဘယ်သူ့ကိုမှ ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး။ လူအားလုံးက ရှုတ်ချနေရင်တောင် အရေးမကြီးဘူး"

"ဒါ့အပြင် ဒါက လျှို့ဝှက်သွေးကြောတွေ ပြန်လာဖို့အတွက် အခြေအနေပဲ"

ကျွင်းပေါင်လီက ပြောလိုက်သည်။

သူ့စကားကြောင့် ကျွင်းချင်းရန်၏ ခန္ဓာကိုယ်ကလေးက တစ်ချက် တုန်ခါသွား၏။ သူမ၏ လှပသော မျက်လုံးများ ပြူးကျယ်လာပြီး မယုံနိုင်သော အကြည့်များ ပေါ်လာတော့သည်။

ရှေးဦးအင်ပါယာမြို့တော်တွင် ရှိစဉ်အခါက ကျွင်းရှောင်ယောက်ကိုပေးခဲ့သော ကျောက်စိမ်းစလစ်ကို သတိရလိုက်မိသည်။

ယင်းက လျှို့ဝှက်သွေးကြောများ ပြန်လာရန် အခြေအနေ ဖြစ်၏။

ဘာမှန်းမသိရသော်လည်း ကျွင်းရှောင်ယောက်က အခြေအနေကို လက်ခံသည်ဟု ပြောခဲ့သည်။

"ကောင်းကင်သားတော်၊ လျှို့ဝှက်သွေးကြောတွေပြန်လာဖို့ အခြေအနေက..."

ကျွင်းချင်းရန် အံ့ဩသွားသည်။

"ဟုတ်ပါတယ်၊ လျှို့ဝှက်သွေးကြော ပြန်လာဖို့ အခြေအနေက ငါ ကောင်းကင်သရဖူကို ရယူနိုင်ဖို့ပဲ"

"အခုတော့ ဒီမဖြစ်နိုင်တဲ့အခြေအနေကို ကျွင်းရှောင်ယောက်က ပြီးမြောက်စေခဲ့ပြီ"

ကျွင်းပေါင်လီလည်း သက်ပြင်းချလိုက်သည်။

ဤတောင်းဆိုချက်နှင့် မဖြစ်နိုင်လောက်သော အခြေအနေများကို ကျွင်းရှောင်ယောက်က အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့ရာတွင်၊ မေးစရာရှိသည်က...

ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်သွေးကြောများ ပြန်လာခွင့်ပြုရန် သူ့အသက်ကို အမှန်တကယ် စတေးခဲ့တာလား။

All Chapters