အခန်း ၈၉၅
Vol. 60 Ch. 895
အခန်း ( ၈၉၅ ) ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက်။
ယခင်က ရှေးဦးအင်ပါယာမြို့တော်တွင် ကျွင်းချင်းရန်နှင့် ကျွင်းရင်ဟွမ်က ကျွင်းရှောင်ယောက်ကို ကျောက်စိမ်းစလစ် ပေးခဲ့သည်။
ထိုကျောက်စိမ်းစလစ်တွင် လျှို့ဝှက်သွေးကြောများ ပြန်ရရန် အခြေအနေများကို မှတ်တမ်းတင်ထား၏။
ထိုအခြေအနေက အလွန်ခက်ခဲပြီး ပြီးမြောက်ရန် မဖြစ်နိုင်လုနီးပါး အခြေအနေတစ်ခုဟုပင် ဆိုရမည် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ပြီးမြောက်စေခဲ့ပြီ။
သို့ရာတွင် ပေးဆပ်ရသည်က သူ့အသက်ပင် ဖြစ်ချေတော့သည်။
"ဒါဆိုရင် ကောင်းကင်သားတော်မှာ နတ်ဘုရားသားတော်အပေါ် ရန်ငြိုးရန်စ မရှိဘူးပေါ့"
ကျွင်းချင်းရန်က မေးလိုက်သည်။
"ဟုတ်ပါတယ် ရိုးရိုးသားသားပြောရရင် ကမ္ဘာကြီးကို အံ့အားသင့်စေနိုင်တဲ့ ဒီတက်သစ်စကြယ်တစ်ပွင့်ကြောင့် ငါလည်း အရမ်းစိတ်လှုပ်ရှားမိတယ်"
ကျွင်းပေါင်လီ သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်၏ စွမ်းရည်က ယခင် သူမြင်ဖူးသော ဧကရာဇ်ငယ်များထက်ပင် သာလွန်ပေသည်။
"ကောင်းကင်သားတော်၊ နတ်ဘုရားသားတော်က တကယ် ကျဆုံးသွားပြီလို့ ထင်လား"
ကျွင်းချင်းရန်က မျှော်လင့်မှု အရိပ်အယောင်တို့ဖြင့် မေးလိုက်သည်။
"ငါ မပြောတတ်ဘူး၊ ဒါပေမဲ့ သူ ဒီလိုလုပ်သွားတာက ဒါဟာ သူ့ရွေးချယ်မှုဆိုတာ သက်သေပြနေခဲ့ပါပြီ"
ကျွင်းပေါင်လီက ခေါင်းခါယမ်းလိုက်သည်။
ကျွင်းရှောင်ယောက်မှ ကောင်းကင်ကို လှည့်စားနိုင်သည် ဆိုတာမျိုးက တွေးကြည့်ရန်ပင် မလွယ်ပေ။
အကြွင်းအကျန်ဝိညာဉ် အရိပ်အယောင်တစ်ခုခု ရှိနေသည်ကို ကောင်းကင် သတိပြုမိပါက ကောင်းကင်သသရဖူကို ချပေးမည် မဟုတ်ပါ။
ကျွင်းချင်းရန်၏ မျက်လုံးများက အနည်းငယ် အရောင်မှိန်ဖျော့သွားသည်။
သို့သော်လည်း သူမ၏ နှလုံးသားထဲမှာတော့ မျှော်လင့်ချက် အရိပ်အယောင်လေး ရှိနေသေးသည်။
အကယ်၍များ ...
ထို့နောက်တွင် ကျွင်းပေါင်လီက ကောင်းကင်တာအိုသရဖူကို လီချင်းအာ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်သည်။
အိုမင်းရင့်ရော်ပြီဖြစ်သော လီချင်းအာက သာမန်မျက်စိနှင့်ပင် မြင်နိုင်လောက်အောင် ပြန်လည် နုပျိုလာ၏။
အရေးအကြောင်းများ ပျောက်ကွယ်ပြီး အသားအရေက ဖြူဝင်းလာတော့သည်။
ဖြူဆွတ်နေသော ဆံပင်များကလည်း ပျော့ပျောင်းသောအနက်ရောင်ဆံပင်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ကောင်းကင်တာအိုသရဖူက မြင့်မြတ်သော စွမ်းအားရှိပြီး လူတစ်ယောက်၏ ဘဝပုံစံကို လုံးဝ ပြောင်းလဲနိုင်သည်။ သူတို့၏ ပင်ကိုယ်ပါရမီကိုပင် တိုးတက်စေပြီး ဧကရာဇ်ဖြစ်ရန် အရည်အချင်း ရှိလာပေလိမ့်မည်။
နောက်ဆုံးတွင် လီချင်အာ နိုးလာခဲ့သည်။
ယခုတော့ ပြန်လည်ကောင်းမွန်လာပြီး အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်လာပြီ။
သူ့ရှေ့မှ ကျွင်းပေါင်လီကို မြင်တော့ သူမ၏ မျက်ဝန်းအိမ်များက စိုစွတ်ပြီး ဝေဝါးလာခဲ့သည်။
"ဒါ... ဒါ အိပ်မက်မက်နေတာလား"
လီချင်းအာ မယုံနိုင်သေးပေ။
"ငါ မင်းကို ကတိပေးထားတယ်လေ၊ အခု ငါလုပ်ခဲ့ပြီ"
ကျွင်းပေါင်လီ ပြုံးလိုက်၏။
သူတို့ ချစ်သူနှစ်ဦးအတွက် နောက်ဆုံးတော့ ပျော်ရွှင်စရာများ ရောက်လာပြီ။
သို့သော်လည်း ကျွင်းပေါင်လီ၏ လုပ်ရပ်များကို သိရှိပြီးနောက် လီချင်းအာဟာ သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။
ကျွင်းပေါင်လီ သူ့ကိုယ်သူ ဤသို့ပြုလုပ်နေတာမျိုး သူမ အမှန်တကယ် မမြင်ချင်ပေ။
"စိတ်မပူပါနဲ့၊ ကျွင်းရှောင်ယောက် တကယ်မသေဘူးဆိုရင် နောင်အနာဂတ်မှာ သူ့အတွက် အနစ်နာခံပြီး ဒီကြင်နာမှုကို ပြန်ဆပ်ဖို့ ဆန္ဒရှိမှာပါ"
"တကယ်လို့ သူသေပြီး လူဝင်စားခဲ့ရင်လည်း သူ့အတွက် ငါ အကောင်းဆုံးလုပ်မယ်"
ကျွင်းပေါင်လီက လေးလေးနက်နက် ပြောလိုက်သည်။
သူက လျှို့ဝှက်သွေးကြောကို ပင်မသွေးကြောဆီ ပြန်ခွင့်ပြုရန် ဆန္ဒရှိပြီး ကျွင်းရှောင်ယောက်ကို အညံ့ခံရန်လည်း ဆန္ဒရှိခဲ့ပေသည်။
ယင်းက ကျွင်းရင်ဟွမ်ကို မယုံနိုင် ဖြစ်စေခဲ့သည်။
"ကောင်းကင်သားတော်၊ မင်း ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ"
ကျွင်းရင်ဟွမ်က မေးသည်။
"ကျွင်းရှောင်ယောက်က ချင်းအာကို ကြင်နာခဲ့တယ်၊ ငါ့ကိုလည်း ကြင်နာမှုပြခဲ့တယ်။ ဒီကြင်နာမှုက လျှို့ဝှက်သွေးကြောကို ပြန်ခွင့်ပြုလိုက်ရုံနဲ့ ဖြည့်ဆည်းပေးလို့မရဘူး"
ကျွင်းပေါင်လီက တည်ငြိမ်စွာ ပြောလိုက်သည်။
ချစ်ခြင်းမေတ္တာကို တန်ဖိုးထားသူ...
ကျေးဇူးတရားနှင့် ရန်ငြိုးကို ပြတ်ပြတ်သားသား ခွဲခြားထားသူ...
ကျွင်းပေါင်လီက ဤလူမျိုးပင်။ သူချစ်ရသူကို ကယ်တင်ရန်အတွက် လူအားလုံး၏ ဝေဖန်မှု၊ ရှုတ်ချမှုများကို ရင်ဆိုင်ရန် ဆန္ဒရှိသည်။
ကျွင်းရှောင်ယောက်၏ ကြင်နာမှုအတွက်လည်း အကောင်းဆုံး ပြန်ပေးဆပ်ရန် ဆန္ဒရှိခဲ့ပေသည်။
….........
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။
ကျွင်းမိသားစုမှာ အတွင်းရေးတိုက်ပွဲများ ဖြစ်လာမလားဆိုတာ လူတိုင်းက စောင့်မျှော်နေကြ၏။
အမျှော်လင့်ဆုံးလူများကတော့ သဘာဝအတိုင်း ဖူရှီအင်မော်တယ်မျိုးရိုးနှင့် အင်မော်တယ်ခုံရုံး၏ အခြားမျိုးနွယ်များဖြစ်တော့သည်။
သို့သော်လည်း၊ အခြေအနေမှန်က လူတိုင်း၏ မျှော်လင့်ချက်နှင့် မတူပါ။
ကျွင်းမိသားစုက ဧကရာဇ်တစ်ပိုင်း အများအပြားကို စေလွှတ်ခဲ့သည်။
ဘိုးဘေးတစ်စုလည်း လိုက်ခဲ့၏။
ယင်းက အင်မော်တယ်အင်အားစုများကို အလွန်တုန်လှုပ်စေခဲ့သည်။
ကျွင်းမိသားစုမှသာလျှင် ဧကရာဇ်တစ်ပိုင်း အများအပြားကို ပေါ့ပေါ့တန်တန် စည်းရုံးနိုင်လိမ့်မည်။
ဧကရာဇ်များနှင့် အထက်နယ်ပယ် ကျွမ်းကျင်သူများကတော့ သာမန်အခြေအနေများတွင် တွေ့ရခဲ၏။
သို့တိုင် လူတိုင်းက အင်မော်တယ်စွမ်းအင်များ မြင့်တက်လာသည်ကို ခံစားနိုင်သေးသည်။
မဟာပုဂ္ဂိုလ်ကြီးတချို့ပင် အံ့ဩသွားကြသည်။ ကျွင်းမိသားစုသည်လည်း အင်မော်တယ်တစ်ပိုင်းလက်နက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်မည်လော။
အားလုံးက ကျွင်းမိသားစု၏ မိသားစုတွင်း တိုက်ပွဲများကို စောင့်မျှော်နေကြစဉ်...
အံ့ဩစရာသတင်းတစ်ခုက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက ပင်မသွေးကြောသို့ ပြန်သွားရန် ဆန္ဒရှိနေသည်။
"ဝုန်း"
ဤသတင်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပေသည်။
ယခင် ကျွင်းမိသားစုက အပြည့်အဝမဟုတ်ကြောင်း လူတိုင်း သိကြသည်။
လျှို့ဝှက်သွေးကြောများ ခွဲထွက်ခြင်းကြောင့် ကျွင်းမိသားစု၏အင်အားက သိသိသာသာ ယုတ်လျော့ခဲ့ပေသည်။
ယခုတော့ ကျွင်းသားစု၏ လျှို့ဝှက်သွေးကြောများ ပြန်လည်ရောက်ရှိလာပြီးမို့ အင်မော်တယ်အင်အားစုအားလုံး တုန်လှုပ်သွားတော့သည်။
ကျွင်းမိသားစုအဖွဲ့တွင် ဘိုးဘေးဆယ့်ရှစ်က တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
"ဒါ... ရှောင်ယောက်ပဲ။ သူက ကတိအတိုင်း လျှို့ဝှက်သွေးကြောကို ပြန်လာစေခဲ့ပြီ"
ထိုအချိန်တွင် ဘိုးဘေးများအားလုံး ရုတ်တရက် သဘောပေါက်သွားကြသည်။
ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက လျှို့ဝှက်သွေးကြောများကို ပြန်လည်ရရှိစေရန် အစီအစဉ်တစ်ခုမျှသာ ဖြစ်မည်လော။
ယင်းက ကြံစည်လွန်းသည် မဟုတ်လော။
သို့သော်လည်း ယင်းက ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများကို မျှော်လင့်ချက် အရိပ်အယောင်လေး ပေးခဲ့သည်။
ကျွင်းရှောင်ယောက် ဘယ်တုန်းကမျှ မကျဆုံးသွားခြင်းပင် ဖြစ်နိုင်ချေ အနည်းငယ် ရှိ၏။
ဟုတ်သည်၊ ယင်းက လူတိုင်း၏ မျှော်လင့်ချက်တစ်ခုပင်။
ထို့နောက်တွင် ကျွင်းမိသားစု၏အဖွဲ့က ရည်မှန်းချက်အတိုင်း စတင် လှုပ်ရှားခဲ့ကြသည်။
သူတို့၏ ပထမဆုံး ပစ်မှတ်ကတော့ လျှို့ဝှက်သွေးကြော မဟုတ်ပေ။
ထိုအစား...
ဖူရှီ အင်မော်တယ်မျိုးရိုး ဖြစ်သည်။
အကြောင်းမှာ ကူတိကျစ်က ကျွင်းရှောင်ယောက်ကို အဓိက ပစ်မှတ်ထားခဲ့သူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
ကျွင်းမိသားစုကို ဖူရှီအင်မော်တယ်မျိုးရိုးဆီသို့ တိုက်ရိုက်သွားမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။
သူတို့က အင်မော်တယ်တစ်ပိုင်းရတနာ ကပ်ဘေးပုဆိန်ကိုပင် ထုတ်ယူခဲ့ကြသည်။
အင်မော်တယ်ရတနာက အင်မော်တယ်ရတနာပြီးလျှင် ဒုတိယ ဖြစ်သည်။
၎င်းက ဧကရာဇ်ရတနာများထက် များစွာ အားကောင်း၏ယ
ယခုတော့ ကျွင်းမိသားစုက အင်မော်တယ်ကပ်ဘေးပုဆိန်ကို ယူဆောင်ကာ ဖူရှီအင်မော်တယ်မျိုးရိုးသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီ။
"သေစမ်း၊ ကျွင်းမိသားစု... မင်းတို့ ရူးနေပြီလား"
ဖူရှီအင်မော်တယ်မျိုးရိုးမှ ကျွမ်းကျင်သူတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
တိုင်းတစ်ပါးမှ အင်အားကြီးမားသော ရန်သူများ ရှိနေချိန်မှာပင် ကျွင်းမိသားစုက ဤကဲ့သို့ လုပ်နေကြသေးသည်။
"တရားခံကို အခုထွက်လာပြီး ဒူးထောက်ခိုင်းလိုက်စမ်း"
ကျွင်းမိသားစုမှ ဘိုးဘေးတစ်ဦးက အေးစက်စက် အော်ဟစ်လိုက်သည်။
ဖူရှီအင်မော်တယ်မျိုးရိုးက ကူတိကျစ်ကို အလွယ်တကူ အသတ်ခံမည် မဟုတ်ပါ။
သို့ရာတွင် အနည်းဆုံးတော့ ဒူးထောက်စေနိုင်သည်။
"သိပ်ပြီး မထောင်လွှားနဲ့"
ဖူရှီအင်မော်တယ်မျိုးရိုးမှ ဧကရာဇ်တစ်ပိုင်း ပုဂ္ဂိုလ်တစ်ဦးက အော်ဟစ်လိုက်၏။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါနှင့် နဂါးစွမ်းအင်ရှိသော ရှေးဟောင်းကျောက်စာချပ်တစ်ခု ထွက်ပေါ်လာတော့သည်။
၎င်းက အင်မော်တယ်တစ်ပိုင်းရတနာ ဖူရှီနဂါးကျောက်စာချပ် ဖြစ်သည်။
"ဒါဆို စမ်းကြည့်ရအောင်..."
တစ်ချိန်က ကြယ်တာရာဝါးမျို သားရဲကြီးကို ငါးမျှားတံဖြင့် မျှားခဲ့ဖူးသော ကျွင်းမိသားစု၏ သတ္တမဘိုးဘေး ကျွင်းထိုက်အ အေးစက်စက်ဖြင့် အော်ပြောလိုက်၏။
"နှစ်ဖက်စလုံး၊ ကျေးဇူးပြုပြီး ခြေတစ်လှမ်းဆုတ်ကြပါဦး။ အခုချိန်မှာ ငါတို့က တိုင်းတပါးနဲ့ ရင်ဆိုင်နေရတာ၊ ပြည်တွင်းစစ်ဖြစ်ရမဲ့ အချိန်မဟုတ်သေးဘူး"
အင်မော်တယ်အင်အားစုများစွာက ဖျန်ဖြေရန် ချက်ချင်း ရောက်လာကြလေသည်။
ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် အခြားသူများလည်း ပေါ်လာကြသည်။
နောက်ဆုံးမှာတော့ ကူတိကျစ်လည်း လူအများရှေ့တွင် ဒူးထောက်ကာ ကျွင်းရှောင်ယောက်ကို တောင်းပန်လိုက်ရတော့သည်။
"ဒါက ငါ့အမှားပါ။ ငါက အပြစ်သားပါပဲ။ အင်မော်တယ်နယ်မြေကြီးရဲ့ သူရဲကောင်း ကျွင်းရှောင်ယောက်ကို မကြံစည်သင့်ပါဘူး..."
ကူတိကျစ် အံကိုတင်းတင်းကြိတ်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
စကားအဆုံးတွင် ကူတိကျစ်၏ ရင်ဘတ်က တင်းကျပ်သွားပြီး သွေးများအန်ထုတ်လိုက်မိသည်။
'ချီးပဲ၊ ဒီကျွင်းရှောင်ယောက်က သေသွားတာတောင် ငါ့ကို နှောင့်ယှက်နေသေးတယ်'
ကူတိကျစ်၏ အဆုတ်က ဒေါသဖြင့် ပေါက်ကွဲတော့မည်။
လူသေတစ်ဦးကို မည်သို့ ဒူးထောက်ရမည်နည်း။ ဒေါသထွက်လွန်းသဖြင့် သူ၏ တာအိုနှလုံးသားပင် မတည်မငြိမ် ဖြစ်သွားသည်။
ကူတိကျစ်က အမှန်တကယ်ပင် ရွှေကျီးကန်း ဒသမမင်းသား၏ အမွေကို ဆက်ခံခဲ့ကာ သနားစရာကောင်းသော မျိုးဆက်သစ်ဇာတ်ကောင်များ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပေသည်။
ဖူရှီအင်မော်တယ်မျိုးရိုးအပြင်...
လုံယောက်အာ၏ ထိုက်ရွှီရှေးနဂါးမျိုးနွယ်လည်း ရှိသည်။
ယွီဟွာဝမ်နေထိုင်သော ယွီဟွာနတ်ဘုရားမင်းဆက်လည်း ရှိ၏။
ကျွင်းမိသားစုက တစ်ဦးကိုမှ အလွတ်မပေးဘဲ လှည့်သွားခဲ့သည်။
ခြွင်းချက်မရှိပဲ အားလုံးက တောင်းပန်ခဲ့၏။
နောင်တွင် ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက ပင်မသွေးကြောများနှင့် လုံးဝ ပေါင်းစပ်သွားတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ကျွင်းမိသားစုကို နှိုးဆော်ဝံ့သည့် အင်အားစုက အနည်းငယ်သာ ရှိလိမ့်မည်။
ကျိတောက်ရီ၏ လူသားအင်မော်တယ်ဂိုဏ်းကတော့...
ကျိတောက်ရီ သေဆုံးသွားသည့်သတင်းကြောင့် ကျွင်းမိသားစုက သွားရောက်ရန် စိတ်မဝင်စားတော့ပါ။
ထိုအချိန်တွင်၊ ကျွင်းမိသားစုသည် အင်အားစုအားလုံးကို အနိုင်ယူပြီးကျွင်းမိသားစု၏ အမြင့်ဆုံးအာဏာကို ထပ်မံပြသခဲ့သည်။
ဤအရာအားလုံးက ကျွင်းရှောင်ယောက်၏ ပံ့ပိုးကူညီမှုကြောင့်ပင်။
နောက်ဆုံးတွင် သူ့ကြောင့် လျှို့ဝှက်သွေးကြောများ ပြန်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်က ကျွင်းမိသားစုကို ပြန်လည်ပေါင်းစည်းပြီး အထွတ်အထိပ်သို့ ရောက်ရှိစေရေးအတွက် အဓိက ထောက်ပံ့ပေးခဲ့သူ ဖြစ်၏။
သို့သော်လည်း တိတ်တဆိတ် လှောင်ပြောင်နေသော ရန်ဘက် အင်အားစုများစွာ ရှိသေးသည်။
ယခု ကျွင်းရှောင်ယောက် သေသွားပြီမို့ အခြား အင်အားစုများကို မည်သို့ ယှဉ်ပြိုင်မည်နည်း။