← Chapters

အခန်း ၈၉၇

Vol. 60 Ch. 897

အခန်း ၈၉၇

Vol. 60 Ch. 897

အခန်း ( ၈၉၇ ) တောရိုင်းပန်းများ ပွင့်ကြသည့် ခေတ်။

ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေကြီးတွင် ရှေးဟောင်းမင်းမျိုးနွယ်မိသားစုများ၊ နတ်ဘုရားမင်းဆက်များ၊ ထိပ်တန်း မြင့်မြတ်မြေများနှင့် ဂိုဏ်းများအပြင်...

ကျောင်းတော်များနှင့် အကယ်ဒမီများလည်း အများကြီးရှိသည်။

ဤကျောင်းတော်များနှင့် အကယ်ဒမီများက ခိုင်မာသော အခြေခံအုတ်မြစ်နှင့် သမိုင်းကြောင်းများ ရှိ၏။ သူတို့ထဲတွင် အများစုက အင်မော်တယ်အင်အားစုများထက် အားမနည်းကြပေ။

ဥပမာအားဖြင့်၊ ကျွင်းရှောင်ယောက်တွင် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရှိ မြင့်မြတ်ဝိညာဉ်အကယ်ဒမီ၏ မြင့်မြတ်သားတော် ဝိသေသလက္ခဏာ ရှိသည်။

အခြား အင်မော်တယ်နယ်မြေကြီးများမှာလည်း ကိုယ်ပိုင်ကျောင်းတော်များ ရှိ၏။

သားရဲမျိုးနွယ်၏ သားရဲဘုရင် အကယ်ဒမီ။

အင်မော်တယ်ဧကရာဇ်မိသားစု၏ ကျော်ကြားသော အင်မော်တယ်ဧကရာဇ်အကယ်ဒမီ။

သို့သော်လည်း ထိုအကယ်ဒမီများက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီထက် များစွာ နိမ့်ကျကြပေသည်။

ကောင်းကင်ကိုးခု အင်မော်တယ် အကယ်ဒမီက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် အမြင့်ဆုံး အကယ်ဒမီတစ်ခု ဖြစ်၏။ ၎င်းတို့က အကောင်းဆုံး အရင်းအမြစ်များနှင့် အမွေအနှစ်များရှိသော အဖွဲ့အစည်းလည်း ဖြစ်ချေသည်။

ဤအကယ်ဒမီက အင်မော်တယ်နယ်မြေကြီးရှိ မျိုးဆက်သစ် လူငယ်အားလုံး မျှော်လင့်နေခဲ့ရသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ထို့အပြင်၊ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီက လူအားလုံးအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ လုံလောက်သော အင်အား၊ အရည်အချင်းနှင့် အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ပွဲဝင်လိုစိတ်ရှိသရွေ့ ပါဝင်ခွင့် ရရှိနိုင်လိမ့်မည်။

ရှေ့တွင် အမာရွတ်လေးခု သခင်ကြီးကလည်း ပြောဖူးသည်။

ရှန်းရွှီကမ္ဘာမှာ ကောင်းကျိုးဆောင်နိုင်သူတိုင်း အင်မော်တယ်အဆင့် ကံကောင်းခြင်းများကို ရရှိနိုင်လိမ့်မည်။

ထိုအင်မော်တယ်အဆင့် ကံကောင်းခြင်းက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီတွင် ဖြစ်သည်။

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီက ခေတ်တစ်ခုစီတွင် တစ်ကြိမ်သာ ဖွင့်၏။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်‌မြေကြီး အခက်ကြုံရသော အချိန်မျိုးမှာပင် ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို ဖွင့်လှစ်မည် ဖြစ်သည်။

ယင်းကို အင်မော်တယ်နယ်မြေကြီး၏ စစ်မှန်သော အထက်တန်းစားများနှင့် အနာဂတ် မဏ္ဍိုင်များအတွက်သာ လေ့ကျင့်စေလိမ့်မည်။

ဤတစ်ကြိမ်မှာတော့ ရှန်းရွှီကမ္ဘာတိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသော ပါရမီရှင်များသာ ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။

ထိပ်သီး ပါရမီရှင်များလည်း လေ့ကျင့်ရန် အခွင့်အလမ်း ရှိ၏။

ဟုတ်သည်၊ လူအတော်များများကတော့ ဤအတွက် မကျေနပ်ကြပေ။

ကူတိကျစ်နှင့် အခြားသူများက ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို ဝင်ရောက်ပြီး အင်မော်တယ်အဆင့် ကံကောင်းခြင်းကို ရရှိရန် ဘယ်လိုအရည်အချင်း ပြည်မီသနည်း။

အင်မော်တယ်နယ်မြေကြီးရှိ လူငယ်အများစုက ကူတိကျစ်နှင့် အခြားလူတချို့အပေါ်တွင် မကျေမနပ်ဖြစ်နေဆဲ ဖြစ်သည်။

စစ်မှန်သော သူရဲကောင်း ကျွင်းရှောင်ယောက်က ရှန်းရွှီကမ္ဘာတွင် ဝမ်းနည်းစရာ နိဂုံးချုပ်ခဲ့ရသော်လည်း ကူတိကျစ်ကဲ့သို့ လူဆိုးများကတော့ အင်မော်တယ်အဆင့် ကံကောင်းခြင်းများကို ရရှိနေကြသည်။

ဤသို့ဖြင့် ကူတိကျစ်နှင့် ဖူရှီအင်မော်တယ်မျိုးရိုး၏ နာမည်ဂုဏ်သတင်းမှာ ကောင်းမွန်ခြင်း မရှိတော့ပေ။

ဟုတ်သည်၊ အဆုံးမှာတော့ ကူတိကျစ်နှင့် အခြားသူများဟာ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို ဝင်‌ရောက်နိုင်ခဲ့ကြဆဲပင်။

‌နောက်ဆုံးတွင်၊ အင်မော်တယ်ခုံရုံး၏ ဩဇာအာဏာက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှာ ခိုင်မာနေဆဲ ဖြစ်သည်။

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်အကြာတွင်...

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ပုံရိပ်ကို လှုပ်ရှားစေသော နောက်ထပ် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ခဲ့သည်။

ရှေးသမိုင်းတွင် မြှုပ်နှံထားခဲ့သော မျိုးစေ့များ တစ်ခုပြီးတစ်ခု အညှောက်ပေါက်၍ ပြန်လည် ရှင်သန်လာကြ၏။

ကျွင်းပေါင်လီက ပထမဆုံးဖြစ်သော်လည်း နောက်ဆုံးတစ်ခုတော့ မဖြစ်နိုင်ပေ။

ကျွင်းရှောင်ယောက်၏ ကျဆုံးခြင်းက အပြိုင်ကမ္ဘာကြီးကို မီးမောင်းထိုးပြခဲ့သလို ဖြစ်သည်။

မင်း သီဆိုပြီးရင် ငါ ကခုန်မယ်။

..........

တွင်းနက်ကြီးတစ်ခုတွင်၊ မိုးနှင့်မြေကို တုန်ခါစေလောက်အောင် ကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေသည်။

အဓိပဓိအငွေ့အသက်များကလည်း ဖြာထွက်လာ၏။

တွင်းနက်ကြီးမှ နတ်ဆိုးနတ်ဘုရားကဲ့သို့ နတ်ဆိုးအငွေ့အသက်ရှိသော လူငယ်တစ်ဦး ထွက်ပေါ်လာတော့သည်။

"နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ နောက်ဆုံးတော့ တောက်ပတဲ့ ရွှေရောင်ခေတ်ကို ရောက်လာခဲ့ပြီ"

"ယာမသူတော်စင်ကို နှုတ်ခွန်းဆက်ပါတယ်"

ထိုအချိန်တွင် အရပ်ရပ်မှ အမှောင်ဘုရင်မျိုးနွယ်၏ ကျွမ်းကျင်သူများ ပေါ်လာသည်။

အမှောင်ဘုရင်မျိုးရိုး၏ မျိုးစေ့အဆင့် တည်ရှိမှု ယာမသူတော်စင် ပေါ်လာပြီ။

.........

အခြား ရှေးဟောင်းနယ်မြေတစ်ခုတွင် ကောင်းကင်ထိ တိုးထွက်နေသည့် မြင့်မားသော ကျောက်စာချပ်ကြီးတစ်ခု ရှိနေသည်။

၎င်းတွင် မရေမတွက်နိုင်သော အမှန်တရားဆိုင်ရာ ကမ္ပည်းများ ရေးထိုးထားပုံရ၏။

အတွင်းအပြင် သုံးခုကို စက်ဝိုင်းသုံးခုဖြင့် ဝန်းရံထားပြီး ကုရ်အာန်ကို ယုံကြည်သူများစွာလည်း ရှိနေကြသေးသည်။

"ဝုန်း"

ဤအခိုက်တွင် အမှန်တရား၏ ကျောက်စာချပ်ကြီးတစ်ခုလုံး တုန်လှုပ်စပြုလာသည်။

အမျိုးမျိုးသော နိယာမများနှင့် သမ္မာတရား စကားများလည်း ယောင်ဝါးဝါး ထွက်ပေါ်လာပုံရ၏။

မြေပြင်က အက်ကွဲသွားပြီး နတ်အလင်းများလည်း ကောင်းကင်ကို ထိုးတက်သွားတော့သည်။

အဆုံးမဲ့ သန့်စင်သော အလင်းရောင်များ ဖုံးလွှမ်းထားသော ရုပ်ပုံလွှာတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။

"နတ်ဘုရားတွေရဲ့ ဆည်းဆာဟာ ကမ္ဘာသစ်ကို ဖန်ဆင်းတော့မယ်"

“ကမ္ဘာကြီး အတိဒုက္ခ ကျရောက်လေလေ၊ အမှန်တရားနဲ့ ယုံကြည်ခြင်းတွေ ပိုလိုအပ်လေလေ”

လူငယ်က ပြောလိုက်သည်။

"ငါ့ရဲ့ ကုရ်အာန်သူတော်စင်ဂိုဏ်းကို ယုံကြည်ပါ၊ သင်တို့အားလုံး ထာဝရအသက်ကို ရရှိပါလိမ့်မယ်"

ဤအသံက အလွန်အောင်မြင်ပြီး ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွား၏။

"အမှန်တရားသားတော်နဲ့ အလ္လာဟ်အရှင်ရဲ့ ဘုန်းတော်မြတ်နောက်ကို လိုက်ပါကြပါစို့"

အောက်ဘက်မှ ကျွမ်းကျင်သူများနှင့် ကုရ်အာန်သူတော်စင်ဂိုဏ်း၏ ယုံကြည်သူများက ရိုသေစွာ အော်ပြောလိုက်ကြလေသည်။

ကုရ်အာန်သူတော်စင်ဂိုဏ်း၏ မျိုးစေ့အဆင့် တည်ရှိမှုတစ်ခု၊ အမှန်တရား၏သားတော် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

..........

နဂါးဘုရင်ခန်းမ၊ နဂါး‌အရိုးတောင်ကုန်းပေါ်တွင်...

နဂါးစွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ရွှေရောင် လှံတစ်စင်းက ကျယ်ပြောသော ကောင်းကင်ကို ထိုးခွင်းသွား၏။

ကြီးကျယ်ခမ်းနားသေယ အရှိန်အဝါမျိုးဖြင့် ရုပ်သွင်တစ်ခု နိုးထလာတော့သည်။

နဂါးဘုရင်ခန်းမ၏ မျိုးစေ့ ရွယ်ဟောက်ချုံး နိုးထလာခဲ့ပြီ။

အချိန်ကြာလာသည်နှင့်အမျှ မျိုးစေ့များ နိုးထလာခဲ့သည်။

အင်မော်တယ်နယ်မြေကြီးတွင် တောရိုင်းပန်းများပွင့်သည့်ခေတ်သို့ တရားဝင်ဝင်ရောက်လာပြီ ဖြစ်သည်။

ထာဝရ မြှုပ်ထားသော မျိုးစေ့များလည်း တစ်ခုပြီးတစ်ခု ပြန်လည်ရှင်သန်လာကြပြီ။

အဓိပဓိအဆင့် အငွေ့အသက်များနှင့် မျိုးစေ့များက ကမ္ဘာကြီးကို တုန်ခါစေခဲ့သည်။

လူတိုင်းသည် ခေတ်တစ်ခု၏ ဒဏ္ဍာရီများ ဖြစ်ခဲ့၏။

ယခုတော့ ခေတ်အဆက်ဆက်မှ သူရဲကောင်းများ၏ ပြိုင်ဆိုင်မှုအချိန်ကို ရောက်လာပြီ။

ဟုတ်သည်၊ မျိုးစေ့အားလုံး တပြိုင်နက်တည်း ပေါက်လာမည်တော့ မဟုတ်ပါ။

ဥပမာအားဖြင့်၊ ရှေးဟောင်းတော်ဝင်မိသားစု၏ တိုက်ရိုက်သားမြေးအချို့...

ဥပမာအားဖြင့်၊ အင်မော်တယ်နယ်မြေကြီး၏ လျှို့ဝှက် ရှေးဟောင်းအင်အားစုများ၏ မျိုးစေ့များ...

ဥပမာအားဖြင့်၊ ရှေးဦးကစဉ့်ကလျားဂိတ်၏ နက်နဲရာတွင် အိပ်မောကျနေသော ရှေးဦးကစဉ့်ကလျားခန္ဓာ...

ဥပမာအားဖြင့်၊ အင်မော်တယ်ခုံရုံး၏ အိပ်စက်နေသော ရှေးဧကရာဇ်ငယ်... စသည်ဖြင့် ရှိသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေ၊ အပြိုင်ကမ္ဘာကြီး၏ ကန့်လန့်ကာကိုတော့ ဖွင့်လိုက်ပြီ။

ဇာတ်ခုံပေါ်မှာ ဇာတ်ကောင်များ စတင်ပေါ်လာပြီ ဖြစ်သည်။

စင်ပေါ်တွင် မည်သူက အချိန်အကြာကြီး ရပ်တည်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမည်။

ဤခေတ်က အချမ်းသာဆုံးခေတ်ဖြစ်ပြီး အရက်စက်ဆုံးခေတ်လည်း ဖြစ်သည်။

ကျွင်းရှောင်ယောက် လဲကျသွားသော်လည်း ကြယ်များ ထပ်မံတက်လာပြီ။

............

မျက်စိတစ်မှိတ်အတွင်းမှာ သုံးနှစ်ကြာသွားသည်။

သုံးနှစ်ဆိုသည်မှာ တကယ်တော့ မကြာပေ။

ကျင့်ကြံသူများ၏ ခဏတာ တံခါးပိတ်ကျင့်ကြံခြင်းသည်ပင် သုံးနှစ်ထက် ပို၍ကြာနိုင်သည်။

သို့သော်လည်း ဤသုံးနှစ်ဟာ တစ်ချိန်က ဘုန်းကြီးခဲ့သည့် နာမည်တစ်ခုကို လူတိုင်း မေ့သွားစေရန် လုံလောက်ခဲ့သည်။

ယင်းက ကျွင်းရှောင်ယောက်။

ကျွင်းမိသားစုက သန်မာဆဲဖြစ်ပြီး အင်မော်တယ်နယ်မြေကြီးတွင် အချမ်းသာဆုံးနှင့် မထိပါးနိုင်ဆုံးသော ရှေးဟောင်းမိသားစုအဖြစ် ရှိနေဆဲဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက် မရှိတော့သည့်နောက်မှာတော့ တစ်ခုခု လစ်ဟာနေသလို ခံစားရလိမ့်မည်။

ကျွင်းပေါင်လီသည်လည်း အလွန်ထူးခွန်ပြီး လူငယ်မျိုးဆက်များကြားတွင် အလွန်ကျော်ကြားသူတစ်ဦး ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင်တော့ တစ်ခုခု လိုနေသေးသည်။

ဤသုံးနှစ်အတွင်းမှာ အဖြစ်အပျက်များ အများကြီးဖြစ်ခဲ့သည်။

တိုင်းတစ်ပါးပြည်နှင့် အင်မော်တယ် နယ်မြေကြီးကြား စစ်ပွဲများလည်း ပို၍ ပြင်းထန်လာကာ အသေအပျောက်များ ပိုများလာ၏။

ကမ္ဘာနှစ်ခုကြား ပွတ်တိုက်မှုများက ပိုပူလာကာ တကယ့်စစ်ပွဲနှင့် မဝေးတော့ပေ။

လက်ကိုးချောင်းသူတော်စင်နဂါးဧကရာဇ်၏ အမွေကိုရရှိခဲ့သော မင်းသမီးလုံကျိသည်လည်း ကျွင်းပေါင်လီကို တိုက်ခိုက်ခဲ့ဖူးသည်။

သို့ရာတွင် နောက်ဆုံးတော့ မအောင်မြင်ခဲ့ပါ။

ထို့အပြင်၊ မျိုးနွယ်စုတစ်ထောင် ကုန်သည်ကြီးများ မဟာမိတ်အဖွဲ့ကို ကျွင်းဧကရာဇ်ခုံရုံးက လုံးလုံးလျားလျား ပေါင်းစည်းခဲ့သည်။

မြွေလူသားမျိုးနွယ်စု၊ ပျက်စီးခြင်းရှေးနန်းတော်နှင့် ရှေးဟောင်းလမ်းပေါ်ရှိ အခြားမျိုးနွယ်များ...

ဘုရင်မမီဒူဇာ၏ ဦးဆောင်မှုအောက်တွင် သူတို့အားလုံးလည်း ကျွင်းဧကရာဇ်ခုံရုံးနှင့် ပူးပေါင်းခဲ့ပေသည်။

ကျွင်းရှောင်ယောက် တည်ထောင်ခဲ့သော ကျွင်းဧကရာဇ်ခုံရုံးက ယခုအခါ ယခင်ကထက် များစွာအားကောင်းလာခဲ့ပြီ ဖြစ်သည်။

နောက်ခံသမိုင်းကြောင်းမှတပါး... အခြားမည်သည့်ရှုထောင့်တွင်မဆို၊ ကျွင်းဧကရာဇ်ခုံရုံးက မျိုးဆက်ပေါင်းများစွာ အမွေဆက်ခံခဲ့သော အင်မော်တယ်အင်အားစုများထက် မနိမ့်ကျတော့ပေ။

စိတ်မကောင်းစရာဟူ၍ ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင်ကို ဆုံးရှုံးခဲ့ရသည်။

သူတို့ ဧကရာဇ်ခုံရုံး၏အရှင်သခင် ပြန်ရောက်လာမည်ကို...

ကျွင်းဧကရာဇ်ခုံရုံးရှိ လူတိုင်းက တစ်ချိန်လုံး ဆုတောင်းနေခဲ့ကြပေသည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် လှိုင်းလုံးများ မြင့်တက်လာသည်နှင့်အမျှ...

ကျွင်းရှောင်ယောက်ကိုလည်း လူအများက မေ့လျော့လာခဲ့ကြပေသည်။

.........

ဟင်းလင်းပြင် အက်ကြောင်းထဲတွင် သုံးနှစ်ကြာအောင် မျောပါသွားပြီးနောက်...

သူ့ကို ဟင်းလင်းပြင် အက်ကြောင်းတစ်ခုက ထပ်မံ စုပ်ယူသွားခဲ့သည်။

ဤအချိန်တွင် ကျွင်းရှောင်ယောက်၏အသိစိတ်က မိုးနှင့်မြေ၏ နိယာမများကို တစ်ဖန် ပြန်လည် ခံစားလိုက်ရ၏။

သို့သော်လည်း ဤအငွေ့အသက်ကြောင့် အနည်းငယ် အံ့အားသင့်သွားတော့သည်။

"ဒါ... ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး မဟုတ်ဘူးလား"

All Chapters