← Chapters

အခန်း ၈၉၈

Vol. 60 Ch. 898

အခန်း ၈၉၈

Vol. 60 Ch. 898

အခန်း ( ၈၉၈ ) တာအိုခန္ဓာသုံးထောင်၏ ဘုရင်။

ဤသည်မှာ ဖုန်းဆိုးမြေတစ်ခု ဖြသည်။

မိုးနှင့်မြေက မှောင်မိုက်နေ၏။

အမှောင်မြူများကလည်း ဤနေရာတွင် တစ်နှစ်ပတ်လုံး ဝိုင်းရံထားပေသည်။

ကောင်းကင်မှ အလင်းရောင်များ ကျရောက်နိုင်ရန် ခဲယဉ်းကာ မျက်စိတစ်ဆုံး မြင်နိုင်သမျှက အမှောင်အတိကျနေသည်။

မပြည့်စုံသော အကြွင်းအကျန်များ၊ ရှေးခေါင်းတလားများနှင့် ပြိုကျသော သင်္ချိုင်းများလည်း အများအပြား ရှိသေးသည်။

အမျိုးမျိုးသော အန္တရာယ်မြေများနှင့် သတ်ဖြတ်ခြင်း ဝင်္ကပါများ၊ အဆိပ်သင့်နွံအိုင်များလည်း ရှိသည်။

လေထဲတွင် အနက်ရောင် အမှုန်အမွှားများ ရှိနေခဲ့သည်။

ဤသည်မှာ ဖုန်းဆိုးမြေဖြစ်ပြီး၊ ထာဝရတားမြစ်နယ်မြေတစ်ခုလည်း ဖြစ်သည်။

ဤအခိုက်တွင် လေဟာပြင်အတွင်း၌ ထစ်ချုန်းသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ကြီးမားသော အက်ကြောင်းကြီးတစ်ခု ပေါ်လာပြီး မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာခဲ့၏။

အသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့သည်။

မိုင်ထောင်ချီဝေးသော ဝေးကွာသောအရပ်မှ တည်ရှိမှုတချို့လည်း တားမြစ်နယ်မြေကို အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။

"ကောင်းကင်သင်္ချိုင်းမှာ တစ်ခုခုဖြစ်ခဲ့ပြန်ပြီလား"

"အိပ်စက်နေတဲ့ နောက်ထပ် တားမြစ်တည်ရှိမှုတွေ နိုးထတော့မယ်ထင်တယ်"

"ရှုး၊ စကားတွေ အများကြီးမပြောနဲ့။ စကား စကား ပြောပါများရင် စကားထဲမှာ အမှားပါတတ်တယ်"

အချို့ကလည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အချင်းချင်း တီးတိုးပြောလိုက်ကြလေသည်။

................

"ဒီနေရာက ဘယ်မှာလဲ"

"ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရဲ့ နိယာမတွေနဲ့တော့ လုံးဝ မတူဘူး"

ကျိုးပဲ့နေ‌‌သော အရိုးအပိုင်းအစများနှင့် သွေးမြူများက ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ဤအမှောင်နယ်မြေအတွင်းကို ပြုတ်ကျလာခဲ့သည်။

ထိုအထဲတွင် အားနည်းသော ဧကရာဇ်အငွေ့အသက်တို့ ထုတ်လွှတ်နေသော ရှေးဟောင်းအဆောင်တစ်ခုလည်း ရှိ၏။

ယင်းက လွမ်ကုဧကရာဇ်အဆောင်ပင်တည်း။

ထိုအထဲတွင် ကျွင်းရှောင်ယောက်၏ ဝိညာဉ်အသိက အနည်းငယ် လှုပ်ရှားသွားသည်။

ဤလောကအကြောင်းကို သူ သိချင်မိ၏။

သို့သော်လည်း ယင်းမတိုင်မီတွင်၊ အတွင်းစကြာဝဠာရှိ အခြေအနေများကို စူးစမ်းလေ့လာရန် လိုသေးသည်။

ကျွင်းရှောင်ယောက်၏ ဝိညာဉ်က အတွင်းစကြာဝဠာထဲသို့ နစ်မြုပ်သွားခဲ့သည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ပျားအုံကဲ့သို့ အတွင်းစကြာဝဠာတစ်ခုလုံး တွင်းပေါက်ကြီးများ ပြည့်နေပြီး ပျက်စီးယိုယွင်းနေ၏။

နတ်ဘုရား၏မိစ္ဆာအတွေးကို ဖိနှိပ်ထားခြင်းက ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာကို များစွာ ထိခိုက်ပျက်စီးစေခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ကံကောင်းထောက်မစွာ၊ ဤနှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးနောက်...

နတ်ဘုရား၏မိစ္ဆာအတွေးကို အဇူရာဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်က အတွင်းစကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာတွင် ဖိနှိပ်ထားနိုင်ခဲ့သည်။

"တကယ်ပါပဲ၊ နတ်ဘုရားရဲ့မိစ္ဆာအတွေးက ငါ့ရဲ့အတွင်းစကြာဝဠာကြီးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တယ်"

"ဒါပေမဲ့ ပျက်စီးခြင်းမရှိဘဲ တည်ထောင်လို့မရဘူး။ ကမ္ဘာသစ်ပင်ရှိနေသရွေ့ ငါ့ရဲ့အတွင်းစကြာဝဠာက ရှေ့ကို ခြေလှမ်းကြီးကြီးနဲ့ လှမ်းသွားနိုင်လိမ့်မယ်"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

အတွင်းစကြာဝဠာအပြင် သူ့ကိုယ်တိုင်လည်း ပါဝင်လေသည်။

သူ့ခန္ဓာကိုယ်က ကြေမွပြီး အနှိုင်းမဲ့အရိုးသည်ပင် ကြေကွဲခဲ့ရသည်။

သို့သော်လည်း ပျက်စီးခြင်းမရှိဘဲ တည်ဆောက်၍မရဆိုသည့်အတိုင်း...

ပြီးပြည့်စုံသော အသွင်ကူးပြောင်းမှုအပြီးတွင်၊ ကျွင်းရှောင်ယောက်က ပိုမိုအားကောင်းလာလိမ့်မည်။

"မင်းတကယ်အောင်မြင်မယ်လို့ မမျှော်လင့်ထားဘူး"

အဇူရာဧကရာဇ်၏ ပုံရိပ်က ပြန်ပေါ်လာခဲ့သည်။

"ဒါက အကြီးအကဲရဲ့ အားထုတ်မှု ကျေးဇူး‌ကြောင့်ပါပဲ၊ ကျွန်တော်က နေရာတစ်ခုပဲ ပေးထားခဲ့တာပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"မင်း နှိမ့်ချနေစရာမလိုပါဘူး။ မင်းက ငါ့ရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပြီး ‌ကမ္ဘာပေါ်က ထာဝရနယ်မြေကို အမှန်တကယ် ဖန်တီးနိုင်လောက်တယ်"

"ဒါ့အပြင် မင်းမှာ ဘာရှိသေးတယ်ဆိုတာ သိရဲ့လား"

အဇူရာဧကရာဇ်က မေးသည်။

ကျွင်းရှောင်ယောက် အံ့ဩသွား၏။

"တာအိုခန္ဓာသုံးထောင်မှာ ပထမအဆင့်ဖြစ်တဲ့ ဗလာနယ်ကံကြမ္မာ"

အဇူရာဧကရာဇ်က တည်ငြိမ်စွာပြောလိုက်လေသည်။

"ဗလာနယ်ကံကြမ္မာလား"

ကျွင်းရှောင်ယောက်လည်း အံ့သြသွားမိသည်။

သူသည် အချိန်ခရီးသွားတစ်ဦးဖြစ်သည်ကို သူသိသော်လည်း ဗလာနယ်ကံကြမ္မာကိုတော့ ယခင်က မည်သူမျှ မပြောခဲ့ဖူးပေ။

ထာဝရဆင်းရဲဒုက္ခ နတ်ဘုရားမသည်လည်း ယခင်က မြင်ဖူးသည့်တိုင် သေချာ မပြောခဲ့ပါ။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က သူဟာ အချိန်ခရီးသွားဖြစ်သောကြောင့် ကောင်းကင်ကို လှည့်ဖြားနိုင်သည်ဟု ထင်ခဲ့သည်။

ဗလာနယ်ကံကြမ္မာက အမှန်တကယ် ရှိနေမည်ဟု မထင်ထားခဲ့ပေ။

"တာအိုခန္ဓာသုံးထောင်မှာ ဗလာနယ်ကံကြမ္မာက ဘုရင်ပဲ"

အဇူရာဧကရာဇ်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးကိုတောင် လေးနက်စေခြင်းက...

ဗလာနယ်ကံကြမ္မာဆိုသော တည်ရှိမှုဟာ တကယ့် တားမြစ်ချက်ဖြစ်ကြောင်း မြင်နိုင်သည်။

ကျွင်းရှောင်ယောက်လည်း တကယ်ကို မမျှော်လင့်ထားပေ။

ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အနှိုင်းမဲ့အရိုး ရှိနေသည်ကပင် ကောင်းကင်ဘုံကို အံတုရန် လုံလောက်ပြီဟု မူလက ထင်ခဲ့သည်။

ယခုတော့ သူ့တွင် တာအိုခန္ဓာသုံးခုရှိကြောင်း ထင်ရှားလာခဲ့ပြီ။

ထိုအထဲတွင် တစ်ခုက တာအိုခန္ဓာသုံးထောင်အနက် ပထမ ဖြစ်သည်။

"ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးမှာ ကိုယ်ပိုင်ကံကြမ္မာ ရှိကြတယ်"

"ဒါပေမဲ့ မင်းကတော့ ကံကြမ္မာမြစ်ရှည်ကြီးထဲက ခုန်ထွက်လာတဲ့ ဖြစ်တည်မှုတစ်ခုပဲ။ မင်းရဲ့ကံကြမ္မာကို ကောင်းကင်ကတောင် မစူးစမ်းနိုင်ဘူး"

အဇူရာဧကရာဇ်က ပြောလိုက်သည်။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က ကောင်းကင်ကို လှည့်စားနိုင်ခဲ့ခြင်း ဖြစ်ချေသည်။

"အကြီးအကဲ၊ ကျွန်တော်လို ဗလာနယ်ကံကြမ္မာကို ပိုင်ဆိုင်တဲ့သူ ရှိဖူးလား"

ကျွင်းရှောင်ယောက် မေးလိုက်သည်။

ဤအကြောင်းကိုတော့ သူ နည်းနည်း သိချင်မိ၏။

အကယ်၍ အဇူရာဧကရာဇ်၏ မြင်နိုင်စွမ်းဖြင့်ပင် မသိလျှင်တော့...

အခြား မည်သူမျှ သိတော့မည်မထင်ပေ။

အဇူရာဧကရာဇ်က ခဏတာ ငြိမ်သက်သွားပြီးမှ ပြောလိုက်သည်။

"ဗလာနယ်ကံကြမ္မာတွေက သဘာဝကို ဆန့်ကျင်နေသူတွေဖြစ်လို့ ခေတ်အဆက်ဆက် အင်မတန် တွေ့ရခဲလှတယ်"

“လူတော်တော်များများဆိုရင် ဒီလို တာအိုခန္ဓာမျိုးဆိုတာ အစကတည်းက လုံးဝ မရှိဘူး၊ ကောလဟာလတစ်ခုပဲလို့တောင် ယုံကြည်ကြတယ်"

"ဒါပေမဲ့... ရှေးသမိုင်းစာအုပ်တွေမှာ သဲလွန်စတစ်ချို့ကို ငါတွေ့ခဲ့တယ်"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

အခြား ဗလာနယ်ကံကြမ္မာများ ရှိနေပါသလော။

"သူ့နာမည်၊ သူ့ရဲ့ဇာစ်မြစ်၊ ဒါမှမဟုတ် တကယ်ရှိမရှိဆိုတာကိုတောင် ငါ မသိပါဘူး"

"ဒါပေမဲ့ သူ့မှာ ကုဒ်နာမည်တစ်ခုတော့ရှိတယ်။ ဗေဒင်ဆရာတဲ့"

"ဗေဒင်ဆရာလား"

ကျွင်းရှောင်ယောက် အတော်အံ့ဩသွားသည်။

သူ့အရင်ဘဝက သူ့ကိုမွေးစားခဲ့သော မျက်မမြင် ဗေဒင်ဆရာကိုတောင် သတိရသွား၏။

ကျွင်းရှောင်ယောက်ကို ဤဘဝတွင် အထွတ်အထိပ်သို့ သေချာပေါက်ရောကမည်ဟု ပြောခဲ့သည်။

ယခု မမှားပေ။

"မေ့လိုက်ပါ၊ ဒါက မင်းအခုစဉ်းစားသင့်တဲ့အရာက မဟုတ်ဘူး၊ တိုင်းတစ်ပါးမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာကို အရင်စဉ်းစားချေ"

အဇူရာဧကရာဇ်က ပြောလိုက်သည်။

"ဒါက တိုင်းတစ်ပါးမြေလား"

ကျွင်းရှောင်ယောက် ရုတ်တရက် သဘောပေါက်သွား၏။

ဤနေရာက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ နိယာမများနှင့် လုံးဝကွဲပြားနေသည်မှာ အံ့သြစရာမဟုတ်တော့ပါ။

မမျှော်လင့်ဘဲ တိုင်းတစ်ပါးကို ရောက်လာခဲ့သည်။

"နတ်ဘုရားရဲ့မိစ္ဆာအတွေးကိုတော့ တံဆိပ်ခတ်ထားပြီးပါပြီ။ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်က ထိခိုက်မှု ပြင်းထန်လွန်းလို့ အချိန်တိုအတွင်း ပြန်ကောင်းလာဖို့ ခက်ခဲလိမ့်မယ်"

"ဒါပေမဲ့ ငါချန်ခဲ့တဲ့ မိုးပြာရောင်ကြာပန်းက မင်းရဲ့ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်နိုင်အောင် ကူညီပေးတဲ့အပြင် ကစဉ့်ကလျား စွမ်းအားကိုလည်း ပိုင်ဆိုင်နိုင်စေတယ်"

အဇူရာဧကရာဇ်၏ စကားက ကျွင်းရှောင်ယောက်ကဲ့သို့ တည်ငြိမ်သူတစ်ယောက်ကိုပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။

သုံးဆယ့်ခြောက်ဆင့် ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းသည် ကောင်းကင်ကိုပင် အံတုနိုင်သော ဖန်တီးမှုတစ်ခု ဖြစ်သည်။

ယင်းကို ကြယ်ပွင့် အဆင့်သတ်မှတ်ပါက ထိပ်တန်း ကြယ်ဆယ်ပွင့်ဆုနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ပြန်လည်ပုံဖော်ပြီးနောက် ကျွင်းရှောင်ယောက်က ရှေးဦးကစဉ့်ကလျားစွမ်းအား ရရှိမည်ဟူသောအချက်ကို ဘေးဖယ်ထားလျှင်ပင်...

အဇူရာဧကရာဇ်၏ ခန္ဓာကိုယ်က ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းဖြစ်သောကြောင့်၊ သူ့တွင် ကစဉ့်ကလျားခန္ဓာမရှိသော်လည်း ကစဉ့်ကလျားခန္ဓာနှင့် တူညီသောစွမ်းရည်များကို ပိုင်ဆိုင်ထားနိုင်သည်။

ထို့ကြောင့် ဤနည်းဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ခဲ့လျှင်...

ကျွင်းရှောင်ယောက်၏ စွမ်းအားက မကောင်းဆိုးရွား၊ နတ်ဆိုးဟူ‌သော စကားလုံးများဖြင့် လုံးဝ ဖော်ပြနိုင်မည် မဟုတ်တော့ပါ။

ကျွင်းရှောင်ယောက်က ဗလာနယ်ကံကြမ္မာ၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၊ အနှိုင်းမဲ့အရိုးနှင့် ရှေးဦးကစဉ့်ကလျားခန္ဓာတို့ ပေါင်းစပ်ထားသော တည်ရှိမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ဤအချိန်တွင် ကျွင်းရှောင်ယောက်က ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း ရှိ၊မရှိ မေးခွန်းထုတ်စရာမလိုတော့ပါ။

ကျွင်းရှောင်ယောက်က သာမန်လူများ၏ တွေး

ခေါ်မှုနှင့် နားလည်မှု အတိုင်းအတာကို လုံးဝ ကျော်လွန်သွားမည် ဖြစ်သည်။

"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျွင်းရှောင်ယောက်က ကျေးဇူးတင်စကားဆိုလိုက်သည်။

"မလိုပါဘူး၊ ဒါက နတ်ဘုရားရဲ့မိစ္ဆာအတွေးကို ကူညီဖြေရှင်းပေးတဲ့အတွက် ဆုလာဘ်လို့ပဲ မှတ်လိုက်ပါ"

အဇူရာဧကရာဇ်က ပြုံးပြလိုက်သည်။

"ဝမ်"

အဇူရာဧကရာဇ်၏ ကျန်ရှိသော စွမ်းအင်များက ရှေးဦးကစဉ့်ကလျား မိုးပြာရောင်ကြာပန်းအတွင်းသို့ စိမ့်ဝင်သွား၏။

ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းက ကစဉ့်ကလျားချီနှင့် အမျိုးမျိုးသော ကစဉ့်ကလျားနိယာမများ ထွက်ပေါ်လာတော့သည်။

သို့သော်လည်း ဤအချိန်တွင်မှ ကျွင်းရှောင်ယောက် သတိပြန်ဝင်လာခဲ့သည်။

သူ၏ ဆယ်ကြိမ်ဆက်တိုက် လက်မှတ်ထိုးဝင်ခြင်း ဆုလာဘ်ကို သေသေချာချာ မစူးစမ်းရသေးပါ။

ဤဆုလာဘ်ဖြင့် သူဟာ ထာဝရ တုနှိုင်းမဲ့သော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

All Chapters