← Chapters

အခန်း ၉၀၀

Vol. 60 Ch. 900

အခန်း ၉၀၀

Vol. 60 Ch. 900

အခန်း ( ၉၀၀ ) ခွန်အားများ တားဆီးမရအောင် တဟုန်ထိုး တိုးတက်လာပြီ။

'တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့က အကောင်းဆုံး သာသနာပြုကျမ်းစာ မဟုတ်လား'

ကျွင်းရှောင်ယောက် တွေးလိုက်သည်။

တိုင်းတပါးသတ္တဝါများကို လှည့်စားပြီး တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့ကို ဖြန့်ကျက်မည်။

ထို့နောက် ယင်းကိုပင် ဘုရားပေးသော လက်ဆောင် သို့တည်းမဟုတ် တစ်စုံတစ်ခုသော လက်ဆောင်ဟု ပြောလိုက်ပါက...

ယုံကြည်ခြင်း စွမ်းအားများ တဟုန်ထိုး ဝင်လာတော့မည် မဟုတ်လော။

လှည့်စားခြင်းနှင့်ပတ်သက်ပါက ကျွင်းရှောင်ယောက်၏ စရိုက်၊ နက်နဲသော အကြံဥာဏ်များဖြင့်...

တစ်စုံတစ်ယောက်ကို မလှည့်စားနိုင်မှာ ကြောက်နေရဦးမည်လော။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုတောင် အရူးလုပ်ခဲ့သူ ဖြစ်သည်။

ဤတိုင်းတပါးသား သတ္တဝါများလောက်ကတော့ စာမဖွဲ့လောက်ပေ။

သူသတိထားရမည့် တစ်ခုတည်းသောအရာက အဆင့်မြင့် ကျွမ်းကျင်သူများကို လောလောဆယ်တွင် မနှောင့်ယှက်ရန် ဖြစ်သည်။

အင်မော်တယ်ဘုရင်တစ်ပါးသာ ရှာတွေ့ခဲ့ပါက မကောင်းပေ။

ဤနည်းလမ်းက အမှန်တကယ် အလုပ် ဖြစ်နိုင်ချေရှိသည်။

ကျွင်းရှောင်ယောက်က အစီအစဉ်တစ်ခုကို စဉ်းစားနေပြီ။

နောက်ဆုံးတွင်၊ ကြယ်ဆယ်ပွင့်ဆုလာဘ် ကောင်းကင်အနက်ရောင်သွေး ဖြစ်သည်။

စနစ်၏ အချက်ပြချက်များအရ ဤသည်မှာ ကောင်းကင်မှ ကျဆင်းလာသော အနက်‌ရောင် သွေးတစ်စက်ဖြစ်သည်။

ဤသွေးကို ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲသို့ပေါင်းစပ်ပြီး အမှောင်အခြေအနေကို ဖွင့်နိုင်သည်။

ထိုအခါ အဘက်ဘက်မှ တိုးတက်ပြီး သူ့ခွန်အားများ တဟုန်ထိုး တိုးတက်လာလိမ့်မည်။

ဟုတ်သည်၊ ရူးသွပ်သွားပြီး ဘယ်တော့မှ ပြန်မကောင်းနိုင်တာလည်း ဖြစ်နိုင်သေးသည်။

သို့သော်လည်း ဤအရာမှာ ကောင်းကင်အနက်ရောင်သွေး၏ သက်ရောက်မှုများထဲမှ တစ်ခုသာဖြစ်သည်။

အခြားလျှို့ဝှက်ချက်များအတွက်တော့ ကျွင်းရှောင်ယောက်ကိုယ်တိုင် ရှာဖွေရလိမ့်မည်။

'ဒီအရာက တိုင်းတပါး အမှောင်ထုနဲ့ ဆက်စပ်နေပုံရတယ်။ အဲဒါက အရင်းအမြစ်တွေထဲက တစ်ခု ဖြစ်နိုင်မလား'

'နောက်ပြီး ကောင်းကင်အထက်က ဘာလဲ၊ ဘယ်မှာလဲ'

'ဒီအနက်ရောင်သွေးတစ်စက်ပိုင်ရှင်က ဘယ်သူလဲ'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် သံသယများ ပိုများလာသည်။

သို့သော်လည်း စနစ်၏ ဆုလာဘ်ဖြစ်သောကြောင့် သူသတိထားလျှင် ပြဿနာကြီးကြီးမားမား မဖြစ်သင့်ပေ။

ဤအနက်ရောင်သွေးတစ်စက်နှင့်ဆိုလျှင် ကျွင်းရှောင်ယောက်ဟာ တိုင်းတစ်ပါးမှာ အပြည့်အ၀ ပေါင်းစည်းနိုင်မည် ဖြစ်သည်။

‌အကြောင်းမူ၊ တိုင်းတပါး သတ္တဝါများ၏ ခန္ဓာကိုယ်တွင် အမှောင်ထု အနည်းနှင့်အများ ရှိကြသောကြောင့်ပင်။

ထို့အပြင် ကောင်းကင်အနက်ရောင်သွေးက အမှောင်ထု၏ အရင်းအမြစ် ဖြစ်သည်။

အတိအကျပြောရလျှင်၊ ကျွင်းရှောင်ယောက်က တိုင်းတပါး သတ္တဝါများထက်ပင် တိုင်းတပါးသတ္တဝါနှင့် ပို၍တူဦးမည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက် စတင်ပြင်ဆင်လိုက်သည်။

သူက တာအို၏မူလကို သွေးအခိုးအငွေ့နှင့် ကျိုးပဲ့နေသော အရိုးများထဲသို့ ပေါင်းစပ်လိုက်သည်။

ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းလည်း ပါဝင်၏။

ကျွင်းရှောင်ယောက်က ခန္ဓာနှစ်ခုကို တပြိုင်နက်တည်း ပြုပြင်ရန် စီစဉ်ခဲ့သည်။

ဤခန္ဓာနှစ်ခုလုံးက တစ်ခုတည်းကဲ့သို့ဖြစ်ကြပြီး ၎င်းတို့ကြားတွင် ကွဲပြားခြင်းရှိတော့မည် မဟုတ်ပေ။

အနာဂတ်တွင် တစ်ခုနှင့်တစ်ခုလည်း တိုက်ရိုက်ပေါင်းစပ်နိုင်မည် ဖြစ်သည်။

တစ်ခုတည်းသော ခြားနားချက်ဟူ၍...

သူ၏ ခန္ဓာတစ်ခုတွင် အဇူရာဧကရာဇ်ကဲ့သို့ ကစဉ့်ကလျားတာအိုခန္ဓာ ရှိသည်။

အခြားခန္ဓာကတော့ တာအို၏မူလအစနှင့် ပေါင်းစပ်ထားပြီး မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း တာအိုခန္ဓာအဖြစ် ပြောင်းလဲရန် အရည်အချင်း ပြည့်မီ၏။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က အင်မော်တယ်ကိုးပါး အသက်ဆန့်ကျင်ခြင်းဆေးလုံးနှင့် သုံးဘဝ နတ်ဆေးတို့ကို ထပ်မံ ထည့်သွင်းခဲ့သည်။

"ဝုန်း"

ကစဉ့်ကလျားစွမ်းအင်များ လှိုင်းထလာသည်။

စွမ်းအင်အမျိုးမျိုး တဟုန်ထိုး တက်လာ၏။

ဤအတက်အကျလှိုင်းများက နတ်ဘုရားတစ်ပါး မွေးဖွားလာသကဲ့သို့ပင်။

ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်သည်လည်း လျင်မြန်စွာ ပြန်‌လည်ကောင်းမွန်လာခဲ့သည်။

အသက်ကျမ်းမှ အင်မော်တယ်ဝိညာဉ်နတ်ဘုရားနည်းလမ်းက ရုပ်ခန္ဓာကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေနိုင်သည့်အပြင် စိတ်ဝိညာဉ်ကိုလည်း လျင်မြန်စွာပြန်လည်ထူထောင်နိုင်ပေသည်။

ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်တွင် တင်ပျဉ်ခွေထိုင်ပြီး ကျမ်းစာရွတ်ဖတ်နေသော နတ်တစ်ပါး ရှိနေပုံရသည်။

မကြာမီ သူ့ဝိညာဉ်က မှိန်ဖျော့ဖျော့ ဝိညာဉ်အသိမှ ဝိညာဉ်မီးအဖြစ်သို့ ပြောင်းလဲသွား၏။

မကြာမီ တာအိုပန်းသုံးပွင့်တွင် အတိတ်နှင့် ပစ္စုပ္ပန် ရှေးဦးဝိညာဉ်တို့လည်း ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာသည်လည်း ရူးသွပ်သော အသွင်ကူးပြောင်းမှု ဖြစ်နေသည်။

ကျွင်းရှောင်ယောက်က အရာခပ်သိမ်း၏မြေဆီလွှာကို ကမ္ဘာ့သစ်ပင်အောက်တွင် ထားလိုက်၏။

ကမ္ဘာ့သစ်ပင်၏စွမ်းအားနှင့်...

ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာသည်လည်း အရူးအမူး ကျယ်ပြန့်လာတော့သည်။

ထို့အတူ ကျွင်းရှောင်ယောက်၏ ခွန်အားသည်လည်း သဘာဝအတိုင်း ဒီရေအလား မြင့်တက်လာသည်။

ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာထဲမှာ နေနှင့်လ ပေါ်လာသည်။

နေမင်း သန့်စင်သောစွမ်းအားနှင့် လမင်း သန့်စင်သောစွမ်းအားတို့ ပေါင်းစပ်ခြင်းဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။

ထိုအချိန်မှစ၍ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာတွင် ယင်နှင့်ယန်၊ နေနှင့်လ ပြောင်းလဲလာတော့သည်။

ယခုအခါ သူ၏ အတွင်းစကြာဝဠာတွင် နိယာမများက ပို၍ ပြီးပြည့်စုံလာခဲ့သည်။

အလင်းနှစ် သုံးနှစ်။

အလင်းနှစ် လေးနှစ်။

အလင်းနှစ် ငါးနှစ်။

ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာ အချင်းက ကျယ်ပြန့်လာပြီး တဟုန်ထိုး တိုးလာခဲ့သည်။

ပိုကြီးလာ၏။

ပိုရှည်လာတော့သည်။

တချိန်တည်းမှာပင် ကျွင်းရှောင်ယောက်၏ နယ်ပယ်ကလည်း မြင့်တက်လာခဲ့သည်။

သူတော်စင်သခင် အစောပိုင်းအဆင့်။

သူတော်စင်သခင် အလယ်အဆင့်။

သူတော်စင်သခင် နှောင်းပိုင်းအဆင့်။

သူတော်စင်သခင် သေးငယ်သော အောင်မြင်ခြင်း။

သူတော်စင်သခင် ကြီးမားသော ပြီးပြည့်စုံခြင်း။

အဓိပဓိတစ်ပိုင်းနယ်ပယ်။

သူ့ခွန်အားများက တဟုန်ထိုးတက်လာပြီး လုံးဝ ရပ်တန့်မရတော့ပေ။

..............

ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းက ပတ်ဝန်းကျင်ကိုပင် ရိုက်ခတ်ခဲ့သည်။

မိုးနှင့်မြေကြားတွင် တိမ်မည်းများ ဖြစ်ပေါ်လာပြီး မိုးကြိုးထစ်ချုန်းသံများ မြည်ဟီးလာ၏။

သူရောက်နေသောနေရာက တကယ်တော့ တိုင်းတစ်ပါး၏ တားမြစ်မြေ...

ကောင်းကင်ဂူသင်္ချိုင်း ဖြစ်သည်။

ဤသင်္ချိုင်းသည် လူများစွာကို မြှုပ်နှံထားသည့် ထူးဆန်းသော သင်္ချိုင်းတစ်ခု ဖြစ်၏။

အထဲတွင် ထူးဆန်းသော၊ တားမြစ်အရာများစွာ ရှိသည်။

အဓိပဓိများပင်လျှင် ပေါ့ပေါ့တတ်တန်‌ ခြေမချဝံ့ပေ။

သို့သော်လည်း အန္တရာယ်များသလောက် ရှားပါးပြီး ကြီးကျယ်သော အခွင့်အလမ်းများလည်း များစွာ ရှိသည်။

အနှိမ်ခံဘဝမှ ကျွမ်းကျင်သူကြီးများ၏ အမွေကိုရရှိပြီး နိုးထလာခဲ့ကြသူများ ရှိ၏။

သို့မဟုတ် နတ်ဆေးပင်များကို စားသောက်မိပြီး ရိုးတွင်းခြင်ဆီသန့်စင်၍ နဂါးတစ်ကောင်ကဲ့သို့ ကြံ့ခိုင်လာသူများလည်း ရှိပေသည်။

ထိုအကြောင်းများကြောင့် အချိန်ကြာလာသည်နှင့်အမျှ၊ ကောင်းကင်သင်္ချိုင်းသည် ပတ်ဝန်းကျင်ရှိ တိုင်းတပါးသတ္တဝါများ၏ လေးစားကြောက်ရွံ့မှုရှိရသော ထာဝရတားမြစ်‌မြေတစ်ခု ဖြစ်လာခဲ့ရသည်။

ဤအချိန်တွင်၊ ကောင်းကင်သင်္ချိုင်းနှင့် မိုင်ထောင်ချီဝေးသောအရပ်မှာ...

ဤအရပ်မှာ မျိုးနွယ်စုလေးတစ်ခု ရှိသည်။

ဤမျိုးနွယ်ကို ရေနက်မျိုးနွယ်ဟု ခေါ်ဝေါ်ကြ၏။

ပုံပန်းသဏ္ဍာန်အားဖြင့် သူတို့က လူသားများနှင့် မခြားပေ။

သူတို့၏ အသားအရည်က မည်းလွန်းသောကြောင့် အရေခွံနက်သော ရေနက်မျိုးနွယ်ဟု ခေါ်ကြခြင်း ဖြစ်သည်။

ရေနက်မျိုးနွယ်က တိုင်းတစ်ပါးတွင် အနိမ့်ဆုံးကျွန်မျိုးနွယ်တစ်ခုပင်။

တိုင်းတစ်ပါးတွင် အားနည်းသူကို အားကြီးသူက စားသုံးသော တောရိုင်းနိယာမက ပို၍ ထင်ရှားသည်။

ထို့ကြောင့်ပင် အဆင့်အတန်း သတ်မှတ်ချက်များက အလွန်တင်းကျပ်ပေသည်။

ကျွန်မျိုးနွယ်၊ စစ်သူကြီးမျိုးနွယ်၊ တော်ဝင်မျိုးနွယ်၊ ထိပ်တန်း တော်ဝင်မျိုးနွယ်၊ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်။

ပိရမစ်များကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်သွားသည်။

၎င်းတို့အနက် အနိမ့်ဆုံး ကျွန်မျိုးနွယ်များက အရေအတွက် အများဆုံး မျိုးနွယ် ဖြစ်ချေသည်။

ရေနက်မျိုးနွယ်ကတော့ ကျွန်မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည်။

ဤမျိုးနွယ်စု၏ ဘိုးဘေးများသည် တစ်ချိန်က ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေကြီးမှ လူသားများနှင့် ထိမ်းမြားလက်ထပ်ခဲ့ကြသောကြောင့် ၎င်းတို့တွင် အင်မော်တယ်နယ်မြေကြီးမှ လူသားမျိုးနွယ်၏ သွေးအချို့ ရှိသည်။

ထိုအတွက်ကြောင့်လည်း တိုင်းတစ်ပါးတွင် သူတို့က သဘာဝအတိုင်း အနိမ့်ဆုံးကျွန်မျိုးနွယ်များ ဖြစ်လာခဲ့ကြရပေသည်။

ယခုအချိန်တွင်၊ ရေနက်မျိုးနွယ်၏ ရွာအပြင်ဘက်မှာ...

အရပ်သုံးမီတာခန့်ရှိသော ဆိုက်ကလော့များ ရောက်လာကြသည်။ (ဂရိဒဏ္ဍာရီထဲမှ မျက်ခုံးနှစ်ခုကြားတွင် မျက်လုံးတစ်လုံးတည်းသာရှိသော ဘီလူးကြီးတစ်မျိုး)

တိုင်းတပါး၏ စစ်သူကြီးမျိုးနွယ်ဖြစ်သော ဆိုက်ကလော့မျိုးနွယ်ဝင်များ ဖြစ်၏။

စစ်သူကြီးမျိုးနွယ်က တိုင်းပြည်တစ်ခု၏ သာမန်ပြည်သူများနှင့် ညီမျှသည်။

သာမန်ပြည်သူနှင့် ကျွန်မျိုးနွယ်က လုံးဝ တူညီသော အနေအထားမျိုး မဟုတ်ပေ။

"နိမ့်ကျတဲ့ အသားမည်းတွေ၊ ယဇ်ပူဇော်ရမဲ့နေ့ကို ရောက်လာပြီ"

မျက်လုံးတစ်လုံးသာရှိသော ဆိုက်ကလော့တစ်ကောင်က ဘာမျှ မထူးခြားသောလေသံဖြင့် ပြောလိုက်သည်။

"ဆရာ၊ မကြာသေးခင်ကပဲ ယဇ်ပူဇော်ထားခဲ့တယ် မဟုတ်ဘူးလား။ အခု ဘာကြောင့် ထပ်ဖြစ်ပြန်တာပါလဲ"

ရေနက်မျိုးနွယ်မှ ကောင်းကင်နတ်ဘုရားနယ်ပယ် အင်အားရှိသော ရေနက်မျိုးနွယ်စုခေါင်းဆောင်က လူတစ်စုကို ဦးဆောင်ကာ ထွက်လာခဲ့၏။

သို့သော်လည်း ဤအင်အားက ဆိုက်ကလော့များရှေ့မှာတော့ ဘာမျှမဟုတ်ပေ။

"မင်း ငါ့ကို မေးခွန်းထုတ်နေတာလား"

ဆိုက်ကလော့က လျစ်လျူရှုစွာ ပြောလိုက်၏။

“မဝံ့ရဲပါဘူး"

ရေနက်မျိုးနွယ်စုခေါင်းဆောင်က ခေါင်းငုံ့ပြီး ပြောလိုက်လေသည်။

"ဟမ့်၊ အခု ငါတို့ကမ္ဘာနဲ့ အင်မော်တယ်နယ်မြေကြားမှာ စစ်ပွဲတွေက ပိုပိုပြီး အဖြစ်များလာတယ်။ ဒါကြောင့် သဘာဝအတိုင်း အရင်းအမြစ်တွေကို ပိုသုံးစွဲဖို့ လိုတယ်"

"အရင်းအမြစ်ကျောက်တွေ၊ ဆေးပင်တွေနဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေကို လွှဲပေးကြပါ"

ဆိုက်ကလော့က အေးစက်စက် ပြောလိုက်သည်။

"မင်းတို့ တရားလွန်သွားပြီ"

ရုတ်တရက်၊ လူငယ်လေးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

ထိုလူငယ်မှာ အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်ရှိပြီး အသားမည်းသော်လည်း ပြတ်သားသော မျက်နှာအမူအရာရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။

သူ့ခန္ဓာကိုယ်က အချိုးအစားကျပြီး သန်မာပုံရ၏။

သူ့နာမည်က ထိုပါ့ယွိ ဖြစ်သည်။

ဤအခိုက်တွင် သူက ဆိုက်ကလော့များကို စိုက်ကြည့်နေသည်။

"ဟမ်"

ထိုဆိုက်ကလော့၏ မျက်လုံးများက အေးစက်စက် အလင်းရောင်များ လင်းလက်သွားခဲ့သည်။

"ရှောင်ယွိ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

လူငယ်ဘေးမှ အသက်နှစ်ဆယ်ခန့်ရှိသော မိန်း‌ကလေး၏ အမူအရာက ပြောင်းလဲသွားသည်။ သူမက သူ့ကို အမြန်တားဆီးရန် ကြိုးစားလိုက်၏။

သူမက အမို့အမောက်၊ အဖောင်းအကြွများဖြင့် ချောမောလှပသော အသွင်အပြင် ရှိသည်။

သူမ၏ အသားအရည်က အနည်းငယ်ကြမ်းတမ်းသော်လည်း... ကျားသစ်မလေးကဲ့သို့ ဆွဲဆောင်မှုရှိပေသည်။

သူမက ထိုပါ့ယွိ၏အစ်မ ထိုပါ့လန် ဖြစ်သည်။

"အိုး၊ ဟုတ်သားပဲ။ မင်းတို့မျိုးနွယ်မှာ မိန်းမလှတွေလည်းရှိတယ်။ ငါ့မျိုးရိုးက စစ်သားတွေကို ဖျော်ဖြေဖို့ သူတို့ကိုလည်း လိုချင်တယ်"

"မင်းတို့၊ ခွေးတွေ"

ထိုပါ့ယွိ၏ မျက်လုံးများက နီရဲသွားပြီး ဒေါသတကြီး ကျိန်ဆဲလိုက်တော့သည်။

All Chapters