← Chapters

အခန်း (၉၁၁-၉၁၂)

Vol. 48 Ch. 911-912

အခန်း (၉၁၁-၉၁၂)

Vol. 48 Ch. 911-912

အပိုင်း (၉၁၁) ကျုပ်တို့လည်း ရထား လိုချင်တယ်

ဖါးပါး စကားပြောအပြီးတွင် သူ၏ မျက်နှာပေါ်၌ ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။

ရွှေနှင့် တာ့ကျင်း နှစ်နိုင်ငံတို့သည် ကြီးမားသော စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့ကြပြီး ရွှေဘက်မှ အရှုံးပေါ်ခဲ့သော်လည်း အခြားတစ်ဖက်မှ ကြည့်လျှင် ပေါင်းစည်းမှုကို အထောက်အကူ ဖြစ်စေခဲ့သည်။

လူမျိုးစုအသီးသီးသည် တစ်ခါမှမရှိခဲ့ဖူးသော စည်းလုံးညီညွတ်မှုကို ရရှိခဲ့ပြီး တာ့ကျင်းနှင့် ကျင်းတိုင်းပြည်တို့၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း တစ်နေ့တခြား ပိုမိုနီးကပ်လာခဲ့သည်။

တိုးတက်မှု အခြေအနေ အားလုံး ကောင်းမွန်နေပြီး လူအများစု၏ ရင်ထဲတွင်လည်း ဤအခွင့်အရေးကို အသုံးချကာ အမြင့်ဆုံးသို့ တက်လှမ်း၍ ဂုဏ်ကျက်သရေကို ပြန်လည်ရယူလိုစိတ်များ ပြည့်နှက်နေကြ၏။

သို့သော်ငြား ယခု တာ့ကျင်းသို့ လာရောက်လည်ပတ်ပြီးနောက် သူတို့သည် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံယူလိုက်ရသည်။

နှစ်နိုင်ငံကြားရှိ ကွာဟချက်မှာ ကျဉ်းမြောင်းသွားခြင်း မရှိဘဲ တစ်နေ့တခြား ပိုမိုကြီးမားလာနေ၏။

ရထားကို ပထမဆုံးအကြိမ် စီးဖူးစဉ်က သူသည် အလွန်အံ့သြသွားသဖြင့် ခြေထောက်များပင် တုန်ယင်ကာ မတ်တတ်ရပ်နိုင်ရန်ပင် ခက်ခဲခဲ့သည်။ အထူးသဖြင့် လိုက်ပါလာသော တာ့ကျင်းအရာရှိများ၏ မျက်နှာပေါ်ရှိ ဖုံးကွယ်ထား၍မရသော ဂုဏ်ယူဝင့်ကြွားသည့် အမူအရာကို မြင်လိုက်ရသောအခါ အလွန်ပင် ရှက်ရွံ့သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် စက်ရုံတည်ဆောက်ရေးနှင့် လည်ပတ်ရေးလုပ်ငန်းများမှာ အလွန်ပင် အံ့အားသင့်စရာကောင်းပြီး အရာရာတိုင်းသည် တိုးတက်ဖွံ့ဖြိုးနေသော မြင်ကွင်းများသာ ဖြစ်၏။

နှစ်နိုင်ငံကြားရှိ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေပြီဖြစ်ပြီး ဤအတိုင်း ဆက်လက် တိုးတက်နေမည်ဆိုပါက တာ့ကျင်းကို မီအောင် လိုက်နိုင်တော့မည် မဟုတ်ချေ။

သို့သော်ငြား ဖါးပါးသည်လည်း လောကဓံကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးသော အင်အားကြီးသူတစ်ဦး ဖြစ်သဖြင့် ရက်အနည်းငယ်ခန့် စိတ်ဓာတ်ကျပြီးနောက် ချက်ချင်းပင် စိတ်ကို ပြန်လည်စုစည်းကာ အပြောင်းအလဲအတွက် နည်းလမ်းရှာဖွေခဲ့၏။

မူလက မြို့တော်သို့ လာရောက်ရာတွင် ဖန်ကျန်းရီနှင့် လုံးဝ မဆက်ဆံချင်ခဲ့ချေ။

စိတ်အနှောင့်အယှက်ဖြစ်၍ သို့မဟုတ် အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဤလူသည် ရွှေတိုင်းပြည်၏ အတုအယောင် ဧကရာဇ်အဖြစ် နှစ်ရက်တာ နေခဲ့ဖူးသောကြောင့် တွေ့ဆုံရသည့်အခါ ရင်ထဲတွင် ပြောပြ၍မရနိုင်သော နေရခက်မှုမျိုး ရှိနေခြင်းကြောင့် ဖြစ်သည်။

သို့ပေမည့် နိုင်ငံတော်နှင့် ပြည်သူများအတွက် သူ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာကို လုံးဝ စွန့်လွှတ်နိုင်ပြီး ဤတစ်ကြိမ်တွင် မဖြစ်မနေ တွေ့ဆုံရပေမည်။

မည်သို့ပင်ဆိုစေကာမူ တာ့ကျင်း၏ အံ့ဖွယ်တိုးတက်မှုများ အားလုံးသည် ဖန်ကျန်းရီနှင့် ခွဲခြား၍ မရနိုင်ချေ။

"ညီလေးဖန်က တကယ်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ အခု တာ့ကျင်းမှာ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတာ အားလုံးက ညီလေးဖန်ရဲ့ ကျေးဇူးတွေချည်းပါပဲ။ ရှေးခေတ်ကနေ အခုအချိန်အထိ သစ္စာရှိတဲ့ အမတ်၊ ပညာတတ်၊ စစ်ရေးကျွမ်းကျင်သူ၊ နိုင်ငံရေးသမား၊ သံတမန် ... ဒီအရည်အချင်း ငါးရပ်စလုံး ပြည့်စုံတဲ့သူဆိုတာ လက်ချိုးရေတွက်လို့ ရပါတယ်။ ကျုပ် အမြင်တော့ လက်ရှိခေတ်မှာ ညီလေးဖန် တစ်ယောက်တည်းပဲ ရှိမယ်ထင်တယ်။" ဖါးပါးက လက်သီးဆုပ်ကာ ချီးကျူးစကား ဆိုလိုက်၏။

ဒီလူ ငါ့ကို မြှောက်ပေးနေတာပဲ။ ကြည့်ရတာ တစ်ခုခုတော့ အကူအညီတောင်းစရာ ရှိနေပြီ ထင်တယ်။

ဒါပေမဲ့ အရည်အချင်း ငါးရပ်စလုံး ပြည့်စုံတယ်ဆိုတာကတော့ နည်းနည်း သေးသိမ်ရာကျလွန်းတယ်။ ငါ့မှာ ဂီတပညာရှင်၊ ပညာရေးမှူး၊ စီးပွားရေးလုပ်ငန်းရှင်၊ တီထွင်သူ ... ဆိုတဲ့ အရည်အချင်းတွေလည်း ရှိသေးတာကို။ သူ မမြင်ဘူးလား။

ဖန်ကျန်းရီသည် မျက်လုံးများကို ကစားလိုက်ပြီး ရယ်မောကာ ပြောလိုက်၏။ "နိုင်ငံတော်ဆရာကြီး ... ခင်ဗျား အရမ်း မြှောက်ပြောလွန်းနေပါပြီ။ နောက်ထပ် နှစ်ချက်လောက် ထပ်ပြောလိုက်ရင် ဒီလောက်ကျယ်တဲ့ မင်းသမီး အိမ်တော်ကြီးတောင် ကျုပ်တစ်ယောက်တည်း နေဖို့ မလောက်တော့ဘူး ဖြစ်သွားလိမ့်မယ်။"

ဖါးပါးသည် ခဏတာ ကြက်သေ, သေသွားပြီးနောက်မှသာ အဓိပ္ပာယ်ကို နားလည်သွားကာ ရယ်မောလိုက်သည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "နိုင်ငံတော်ဆရာကြီး ... ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။ ကျုပ်တို့တွေ စကားကို လှည့်ပတ်ပြောနေစရာ မလိုပါဘူး။ တွေ့ရခဲတဲ့ အခွင့်အရေးပဲ၊ ပြောချင်တာရှိရင် တစ်ခါတည်းသာ ပြောချလိုက်ပါ။"

"ညီလေးဖန်က ရှင်းရှင်းလင်းလင်း ရှိလှချည်လား။ ဒါဆိုလည်း ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။"

ဖါးပါးက သူ၏ အတွေးများကို စုစည်းလိုက်ပြီး ပြောလိုက်သည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ရထားနဲ့ ရေနွေးငွေ့စက်တွေကို ရွှေတိုင်းပြည်ကို တင်သွင်းချင်လို့ပါ။"

ဖန်ကျန်းရီက မျက်ခုံးပင့်လိုက်၏။ "ခင်ဗျားလည်း သိလောက်မှာပါ။ နာမည်အရတော့ ဒီနှစ်ခုစလုံးက ကျုပ် လက်အောက်မှာ ရှိနေပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ နန်းတော်နဲ့ အရှင်မင်းကြီးအပေါ်မှာပဲ မူတည်နေတာလေ။"

"ဒါကို ကျုပ် သိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ခင်ဗျားတို့ နိုင်ငံက အမတ်တွေကို ကျုပ် စမ်းသပ် မေးမြန်းကြည့်ခဲ့တယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ စကားတွေက ဝေဝါးနေပြီး ရေရာမှု မရှိဘူး။ အဲဒီတော့ သိပ်မျှော်လင့်ချက် မရှိတော့ဘူးလို့ ကျုပ် ထင်တယ်။ ညီလေးဖန်မှာများ ကျုပ်ကို ကူညီနိုင်မယ့် နည်းလမ်း ရှိမလားလို့ပါ။ စိတ်ချပါ ... ရွှေတိုင်းပြည်ဘက်က ပေးရမယ့် အဖိုးအခကို တစ်ပြားမှ လျှော့မှာ မဟုတ်ပါဘူး။"

ဖါးပါးသည် ဖန်ကျန်းရီအား စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေ၏။

ဖန်ကျန်းရီက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ "နိုင်ငံတော်ဆရာကြီး ... ဒီကိစ္စကိုတော့ ကျုပ် မကူညီနိုင်ဘူး။ ရထားနဲ့ ရေနွေးငွေ့စက်တွေဆိုတာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ လက်နက်တွေလေ။ နန်းတော်အနေနဲ့ လျှို့ဝှက်ထားဖို့ စဉ်းစားမှာ သေချာတယ်။ လက်တွေ့ကျကျ ပြောရရင်လည်း ကျုပ် ခင်ဗျားကို တကယ်ကို မကူညီနိုင်ပါဘူး။ ဒီပစ္စည်းတွေက ကျုပ်တို့ တာ့ကျင်းမှာတောင် လိုအပ်ချက် အများဆုံး ဖြစ်နေတာပါ။

ရထားနဲ့ ရေနွေးငွေ့စက်တွေ ရှိရုံနဲ့ မလုံလောက်ဘူးလေ။ ထုတ်လုပ်ရေးနဲ့ လည်ပတ်ရေး လုပ်ငန်းစဉ် တစ်ခုလုံးအတွက် လိုအပ်တဲ့ အလုပ်သမားတွေကလည်း အများကြီး လိုအပ်တယ်။ ဒါတွေ အားလုံးကို လေ့ကျင့် သင်ကြားပေးနေဆဲပဲ ရှိသေးတယ်။ ကျုပ်တို့တောင် လိုအပ်နေတာကို ခင်ဗျားတို့ နိုင်ငံကို ဘယ်လိုလုပ် ထောက်ပံ့ပေးနိုင်မှာလဲ။

ကျုပ်ထင်တာတော့ ... အနည်းဆုံး နောက်ထပ် နှစ်အနည်းငယ်၊ ဒါမှမဟုတ် ဆယ်နှစ်ကျော်လောက် ကြာမှပဲ ကျုပ်တို့မှာ ခင်ဗျားတို့ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံလောက်တဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ လူသားအရင်းအမြစ်တွေ ရှိလာမှာပါ။"

ဖါးပါးသည် အလွန်ပင် စိတ်ပျက်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွား၏။

သူထင်ထားသည့်အတိုင်းပင် တာ့ကျင်းသည် အလွယ်တကူ လက်လွှတ်မည်မဟုတ်ချေ။ ရထားရှိနေပါက တာ့ကျင်းသည် နောက်ထပ် ဆယ်နှစ်ကျော်အကြာတွင် မည်မျှအထိ တိုးတက်သွားမည်ကို စဉ်းစားကြည့်ရန်ပင် မဝံ့ရဲတော့ချေ။ ကွာဟချက်မှာ ပို၍သာ ကြီးမားလာပေလိမ့်မည်။

သို့ပေမည့် မထင်မှတ်ထားဘဲ ဖန်ကျန်းရီက စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်သည်။ "နိုင်ငံတော်ဆရာကြီး စိတ်ထဲမှာ တစ်မျိုးဖြစ်နေတာကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက လုံးဝ ဖြေရှင်းလို့ မရတဲ့ကိစ္စတော့ မဟုတ်ပါဘူး။"

"ဘယ်လိုလုပ်ရမလဲ။" ဖါးပါး၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြန်လည်တောက်ပလာ၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ "တကယ်တော့ ရထားနဲ့ ရေနွေးငွေ့စက်တွေက အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကနေ ဆင်းသက်လာတာလေ။ ဒီပစ္စည်းနှစ်ခုရဲ့ နည်းပညာအသေးစိတ်ကို လျှို့ဝှက်ထားပေမဲ့သူတို့ကို တည်ဆောက်တဲ့ အခြေခံသဘောတရားတွေကိုတော့ အများပြည်သူကို ဖွင့်ချထားပါတယ်။ ခင်ဗျားတို့ ဒါတွေကို သင်ယူတတ်မြောက်သွားရင် ကိုယ်ပိုင် သုတေသနနဲ့ တီထွင်ထုတ်လုပ်နိုင်မှာပါ။ တာ့ကျင်းထက်တောင် ပိုကောင်းတဲ့ စက်တွေကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပါလိမ့်မယ်။

ပြီးတော့ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်က ကျုပ် နာမည်အောက်မှာ ရှိပြီး ကျုပ်မှာ အပြည့်အဝ ထိန်းချုပ်ခွင့် ရှိတယ်။ ခင်ဗျား ရွှေတိုင်းပြည်ကနေ ဉာဏ်ကောင်းတဲ့သူတွေ၊ ဒါမှမဟုတ် မှူးမတ်မျိုးနွယ်တွေကို ရွေးချယ်ပြီး ဒီကိုလေ့လာဖို့ လွှတ်လိုက်လို့ ရတယ်။ အားလုံးကို ကျုပ် စီစဉ်ပေးပါ့မယ်။"

ဖါးပါး၏ မျက်နှာသည် လေးနက်သွားပြီး အတွေးထဲ နစ်မြုပ်သွား၏။

ဟုတ်သားပဲ ... ရထားနည်းပညာဆိုတာ အပြင်ပန်းပဲ ရှိသေးတယ်။ အဓိက အခြေခံက တာ့ကျင်းရဲ့ သိပ္ပံပညာအသစ်ပဲ။

အဲဒါတွေကို အကုန်လုံး ကူးယူနိုင်ခဲ့မယ်ဆိုရင် ...

"ညီလေးက တကယ်ကို သဘောထားကြီးတာပဲ။ ကျုပ် ရွှေတိုင်းပြည်မှာ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်တစ်ခု ဆောက်ဖို့ ငွေထုတ်ပေးပါ့မယ်။ အစ်ကိုဖန်ဆီကနေ ဆရာလုပ်ဖို့ လူတချို့လောက် ငှားလို့ရမလား။ စျေးနှုန်းက ပြဿနာမရှိပါဘူး။"

ဖန်ကျန်းရီက ခေါင်းခါကာ ပြန်ပြောလိုက်သည်။ "မရဘူး။ ခင်ဗျားတို့ဘက်ကပဲ လူလွှတ်ပြီး လာသင်ယူရမယ်။ နိုင်ငံတော်ဆရာကြီး ... ကျုပ် ခင်ဗျားကို အခက်တွေ့အောင် လုပ်ချင်လို့ မဟုတ်ပါဘူး။ တကယ်ကို လူအင်အား မလုံလောက်လို့ပါ။"

"လွန်ခဲ့တဲ့ နှစ်လလောက်က တာ့ကျင်းတစ်နိုင်ငံလုံးမှာ အရှေ့ပိုင်း ဆင်ခြေဖုံးတက္ကသိုလ်ရဲ့ ခွဲတမ်းကျောင်း သုံးကျောင်း ဖွင့်လှစ်ခဲ့တယ်။ အခု သင်တန်းဆင်းသွားတဲ့ ကျောင်းသားတွေရဲ့ အများစုကို အဲဒီကျောင်းတွေမှာ ဆရာအဖြစ် ခန့်ထားရတယ်။ ဒါတောင် ဆရာအင်အားက အများကြီး လိုအပ်နေသေးတယ်။

နောက်တစ်ချက်က လွန်ခဲ့တဲ့ နှစ်လလောက်က ကျုပ် နန်းတော်ကို စာရေးပြီး 'သိပ္ပံပါရဂူ' ဆိုတဲ့ ရာထူးအသစ် တစ်ခု ဖန်တီးဖို့ တောင်းဆိုထားတယ်။ အဲဒီရာထူးက အဆင့်ရှစ် (ခ) ဖြစ်ပြီး ဌာနကြီး ခြောက်ခုနဲ့ နန်းတွင်းရေးရာဌာနမှာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ရမှာပါ။ ဌာနတစ်ခုစီအတွက် လူနှစ်ယောက်ကနေ ငါးယောက်အထိ ခွဲဝေပေးပြီး အရှေ့ဆင်ခြေဖုံးတက္ကသိုလ်ရဲ့ နောက်ဆုံးပေါ် နည်းပညာတိုးတက်မှုတွေကို နန်းတွင်းအမတ်တွေ နားလည်အောင် ကူညီရှင်းပြပေးဖို့နဲ့ စာတမ်းတွေကို ဘာသာပြန်ပေးဖို့ တာဝန်ယူရမှာပါ။ အဲဒါကြောင့် ကျုပ်မှာ နိုင်ငံခြားမှာ ကျောင်းခွဲဖွင့်ဖို့ လူလုံးဝမရှိတော့ပါဘူး။"

ဖါးပါး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။ "စာမေးပွဲကို ကျော်လွန်ပြီး ဌာနကြီး ခြောက်ခုနဲ့ နန်းတော်ထဲမှာ သိပ္ပံပါရဂူရာထူးကို တိုက်ရိုက်ခန့်ထားမယ်ဆိုတာလား။ ခင်ဗျားတို့ရဲ့ နန်းတော်က သဘောတူပါ့မလား။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "အချိန်အတော်ကြာ ဆွဲထားတာတောင် ငြင်းပယ်တာလည်း မရှိဘူး၊ သဘောတူတာလည်း မရှိသေးဘူး။ ဒါပေမဲ့ ပြဿနာသိပ်မကြီးလောက်ဘူးလို့ ကျုပ် ထင်ပါတယ်။ အရေးကြီးဆုံးက နန်းတွင်းအမတ်တွေက ဘာက မှန်ကန်တယ်ဆိုတာ သိပြီး သူတို့ရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် သူတို့ သဘောပေါက်သွားနိုင်ပါတယ်။

တကယ်တော့ ဒီအထဲမှာ ပြဿနာတချို့ ရှိသေးတယ်။ ဒါပေမဲ့ 'မိုးရေစက်လေးတွေက အသံမမြည်ဘဲ အရာရာကို စိုစွတ်စေတယ်' ဆိုတဲ့ နည်းလမ်းလိုမျိုး အေးအေးဆေးဆေး ဖြေရှင်းလို့ ရပါတယ်။ ဥပမာ ... "

ဖန်ကျန်းရီက ဖြည်းညင်းစွာ ရှင်းပြလိုက်၏။

လွန်ခဲ့သော တစ်နှစ်တာကာလကို ပြန်လည်တွေးတောကြည့်လျှင် သူ၏ အလုပ်အားလုံးကို ဤအရာပေါ်တွင်သာ အဓိကထား လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပညာရေးစနစ်နှင့် လူရွေးချယ်မှုစနစ်သည် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်၏ တိုးတက်မှုကို အဟန့်အတာ ဖြစ်စေမည်မှာ သေချာ၏။

ပဋိပက္ခအားလုံးသည် သတင်းအချက်အလက် ဆက်သွယ်မှုနှင့် အကျိုးအမြတ် ခွဲဝေမှု မညီမျှခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နန်းတွင်းအမတ်များ၏ အတွေးအခေါ်များကို ပြောင်းလဲရန် သူသည် အစောပိုင်းတည်းက အမတ်များအား အားလပ်ချိန်တွင် အရှေ့ပိုင်းတက္ကသိုလ်သို့ သွားရောက်လေ့လာရန် စီစဉ်ပေးခဲ့၏။

သို့သော်လည်း မသွားချင်သူများ ရှိနေသေးသဖြင့် သူသည် တစ်ဦးချင်းစီထံသို့ ကိုယ်တိုင် စာရေး၍ ဖိတ်ကြားခဲ့ရ၏။

အမတ်ကြီးများအနေဖြင့် ဘုရင့်သားမက်ဆိုသော သူ၏ဂုဏ်ကြောင့် အားလပ်ချိန်တွင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်သို့ သွားရောက်၍ စာသင်ကြားခြင်းနှင့် ထမင်းစားခြင်းလောက်ကိုတော့ မျက်နှာပျက်ခံပြီး ငြင်းဆန်ကြမည် မဟုတ်ချေ။

အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ကလည်း ယာယီအပြောင်းအလဲအချို့ ပြုလုပ်ထားပြီး အမတ်များကို ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးကာ ကြိုဆိုရေးဆိုင်းဘုတ်များကို ချိတ်ဆွဲ၍ အကြီးအကျယ် ကြိုဆိုခဲ့ကြသည်။

အတန်းထဲတွင်လည်း အမတ်များအတွက် သီးသန့်နေရာများ စီစဉ်ပေးထားပြီး အမတ်များ လာရောက် နားထောင်ခြင်းကို ကြိုဆိုကြောင်း ပြသထား၏။

ဆရာများသည် အမတ်များ လာရောက်နားထောင်သည့် အချိန်တိုင်းတွင် သခင်လေးဖန်၏ စကားလုံးများကို ထုတ်သုံးကာ အမွှမ်းတင်ပြီး ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားကြိုးဖြင့် ချည်နှောင်တတ်ကြသည်။

အမတ်ကြီးများ လာရောက်နားထောင်သဖြင့် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်မှ ကျောင်းသားများ၏ ဉာဏ်ရည်များ ပိုမို ထက်မြက်လာကာ သင်ကြားရေးအဆင့်အတန်းများလည်း သိသိသာသာ တိုးတက်လာကြောင်း လူပုံအလယ်တွင် ကြေညာတတ်ကြ၏။

နောက်တစ်ကြိမ် မဖြစ်မနေ ထပ်လာရမည်ဖြစ်ပြီး အားလုံးသည် ကျောင်းသားများအတွက် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုတတ်ကြသည်။

ထိုအခါ နန်းတွင်းအမတ်များမှာလည်း မျက်နှာပွင့်လန်းသွားပြီး အတန်းပြီးသောအခါ ဆရာကျောင်းသား အားလုံးက နွေးထွေးစွာ ဖက်လှဲတကင်း နှုတ်ဆက်၍ နောက်တစ်ကြိမ် လာရောက်ရန် အချိန်ချိန်းဆိုလိုက်ကြ၏။

အကယ်၍ မလာပါက ရရှိမည့်စာမှာ ဖန်ကျန်းရီ၏ ကိုယ်တိုင်ရေး ဖိတ်စာမဟုတ်တော့ဘဲ ကျောင်းသားဆရာ အားလုံး၏ သွေးစွန်းနေသော လက်မှတ်ရေးထိုးထားသည့် တောင်းဆိုစာ ဖြစ်လာပေလိမ့်မည်။

မလာဘူးလား ... ခင်ဗျား မလာတာက ကျောင်းသားတွေရဲ့ ပညာရေးကို နှောင့်နှေးစေတာ မဟုတ်ဘူးလား။ သူတစ်ပါးရဲ့ အနာဂတ်ကို ဖျက်ဆီးပြီးတော့ ခင်ဗျား မျက်နှာပြောင်တိုက် မလာဘဲ နေရဲလား။

အပိုင်း (၉၁၂) ခက်ခဲလှသော ကျောင်းသင်ခန်းစာ။

နန်းတွင်းအမတ်ကြီးများကြားတွင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ် သို့ သွားရောက်၍ သိပ္ပံပညာလေ့လာခြင်းမှာ ရေပန်းစားသော အလေ့အထတစ်ခု ဖြစ်လာခဲ့သည်။ စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံခြင်း၊ စိတ်ဝင်စားဖွယ် မျက်လှည့်ကဲ့သို့သော လက်တွေ့ပြကွက်များအပြင်၊ အလွယ်ကူဆုံးမေးခွန်းများကို ဖြေဆိုခိုင်း၍ အမတ်ကြီးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်းတို့ကြောင့် အားလုံးမှာ သဘောကျနေကြသည်။

အထူးသဖြင့် ရေနွေးငွေ့စက်သုံး သတ္တုတူးဖော်ရေးစက် ပုံစံများကို မြင်တွေ့လိုက်ရချိန်တွင် အလွန်အမင်း အံ့အားသင့်ကုန်ကြသည်။ စီးပွားရေးနှင့် စတော့ရှယ်ယာ အကျိုးအမြတ်များကြောင့် အမတ်တိုင်းက သိပ္ပံပညာကို အလေးအနက် ထားလာကြ၏။

ထို့အပြင် ဖန်ကျန်းရီက ရုံးဌာနများ၏ အိမ်သာများအတွင်း သိပ္ပံဂျာနယ်များ ထားရှိပေးရာ အမတ်များမှာ အိမ်သာထဲတွင် အချိန်ကြာမြင့်စွာ စာဖတ်ကြသဖြင့် ညီလာခံ၌ ပွင့်လင်းစွာ ဆွေးနွေးလာနိုင်ကြသော်လည်း လိပ်ခေါင်းရောဂါ ဖြစ်သူများ ပိုများလာခဲ့သည်။

ဖန်ကျန်းရီက သာမန်ပြည်သူများအတွက် စာမေးပွဲလမ်းကြောင်းအပြင် အခြားလမ်းကြောင်းသစ် ဖွင့်ပေးရန် ရည်ရွယ်ကာ သိပ္ပံအကြံပေးရာထူး သတ်မှတ်ရန် နန်းတော်သို့ အဆိုပြုထားခဲ့၏။

အခြားတစ်ဖက်တွင် အမတ်ကြီး လီယန်စုန့်နှင့် ကျန်းတုန်ရှန်းတို့ စကားစပ်မိကြရာမှ၊ သိပ္ပံပါရဂူရာထူး (အဆင့် ၈-ခ) အသစ်သတ်မှတ်မည့် အမိန့်စာကို ကျန်းတုန်ရှန်းက အရှင်မင်းကြီးထံ တင်ပြပြီးသွားကြောင်း သိလိုက်ရသဖြင့် လီယန်စုန့်မှာ အကြီးအကျယ် ထိတ်လန့်သွားသည်။

ယခုအချိန်သည် နိုင်ငံတော်စာမေးပွဲ ဖြေဆိုရန် တစ်နိုင်ငံလုံးမှ ကျောင်းသားထောင်ပေါင်းများစွာ မြို့တော်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ ဆယ်စုနှစ်ချီ၍ ပင်ပန်းဆင်းရဲစွာ စာကျက်ခဲ့ရသော ပညာတတ်များသာ အရှေ့ဆင်ခြေဖုံး တက္ကသိုလ် မှ ကျောင်းသားများကို စာမေးပွဲမလိုဘဲ အရာရှိခန့်မည်ဟူသော အမိန့်ကို သိသွားပါက အကြီးအကျယ် ဆူပူအုံကြွကြမည်မှာ သေချာ၏။

လီယန်စုန့်က အရှင်မင်းကြီးထံ အလျင်စလို သွားရောက်လျှောက်တင်ရာ အရှင်မင်းကြီးလည်း အမှားကို သဘောပေါက်သွားသော်လည်း ပြဿနာပေါ်လာပါက အဆိုပြုသူ ဖန်ကျန်းရီကိုသာ ဖြေရှင်းခိုင်းရန် တာဝန်လွှဲချလိုက်သည်။

ထို့အပြင် ဖန်ကျန်းရီ၏ လုပ်ရည်ကိုင်ရည်၊ အရည်အချင်းနှင့် ကြီးမားသည့်အကျိုးပြုမှုတို့ကြောင့် မြို့စားဖန် ဆိုသော ရာထူးအား ပေးအပ်ထားပြီးဖြစ်၏။

……

စာမေးပွဲအောင်စာရင်း ထွက်ပေါ်လာသောနေ့တွင် အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးသော အထက်တန်းလွှာမှ ကျောင်းသားကြီး ကျိုးမောက်ရွှယ်သည် ယခုတစ်ကြိမ်လည်း ထပ်မံကျရှုံးသွားပြန်သဖြင့် စိတ်ပျက်လက်ပျက် ဖြစ်လို့နေသည်။

ထို့ကြောင့် ကောင်းကင်ကြီးအား အပြစ်တင်နေခဲ့၏။

ထိုစဉ် အရှေ့ဆင်ခြေဖုံး တက္ကသိုလ် မှ ကျောင်းသားများကို အရာရှိခန့်မည့်ကိစ္စကို လူအုပ်ကြီးက ကြားသိသွားကြပြီး မကျေမနပ်ဖြစ်ကာ တရားမျှတမှုမရှိကြောင်း အော်ဟစ်ဆန္ဒပြလာကြသည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ကျိုးမောက်ရွှယ်၏ ခေါင်းထဲတွင် အကြံတစ်ခု ဖြတ်ပြေးသွား၏။ သူသည် ပြည်သူများ၏ ဒေါသကို အခွင့်ကောင်းယူကာ စာမေးပွဲကျသော ကျောင်းသားများကို စားသောက်ဆိုင်တွင် စုစည်းကျွေးမွေးပြီး ဖန်ကျန်းရီအား ဆန့်ကျင်တိုက်ခိုက်ရန် ကြံစည်လိုက်၏။ ဤနည်းဖြင့် မိမိကိုယ်ကို ပညာတတ်များ၏ ခေါင်းဆောင်အဖြစ် နာမည်ကောင်းယူကာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖန်တီးရန် စိတ်အားထက်သန်စွာ ဆုံးဖြတ်လိုက်တော့၏။

…….

မင်းသမီးအိမ်တော်၏ စာကြည့်ခန်းအတွင်းတွင် ….

" ... မင်းသားလေးက ငါးခူနတ်ဆိုးကို သတ်ပစ်လိုက်ပြီး နောက်ဆုံးမှာတော့ ရေသူမလေးနဲ့ ထာဝရ ပျော်ရွှင်စွာ နေထိုင်သွားကြပါတော့တယ်။"

ဖန်ကျန်းရီသည် ချစ်စရာကောင်းသော ကလေးမလေးတစ်ဦးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး ပုံပြင်စာအုပ်ကို ပိတ်ကာ သူမ၏ ပါးပြင်ပေါ်သို့ ညင်သာစွာ နမ်းလိုက်၏။

"ပုံပြင်ပြောလို့ ပြီးသွားပြီ။ သူ့ကို ပြန်ခေါ်သွားပြီး အိပ်ခိုင်းလိုက်တော့။"

ဘေးနားတွင် ရပ်နေသော ရွှေယီပိုင်သည် ပြုံးရွှင်စွာဖြင့် သမီးလေးကို ပွေ့ချီကာ အခန်းထဲသို့ ပြန်သွားသည်။

သူတို့ သားအမိနှစ်ယောက် စာကြည့်ခန်းထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဖန်ချန်ယွီသည် အိမ်စာစာအုပ်ကို ကိုင်ကာ ဝင်လာပြီး မျက်လုံးများကို ပွတ်ရင်း ပြောလိုက်၏။ "ဖေဖေ ... ဒီပုစ္ဆာကို သား မတွက်တတ်ဘူး။ သားကို ကူညီပြီး တွက်ပေးပါ။"

ဖန်ကျန်းရီသည် မျက်လွှာချကာ အထက်စီးမှနေ၍ မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တကယ်ကို အသုံးမကျတာပဲ။ ယူလာခဲ့။"

ဖန်ချန်ယွီက နှုတ်ခမ်းဆူကာ ပြောလိုက်၏။ "ဆရာ အသစ်သင်ပေးတဲ့ ညီမျှခြင်းလေ ... သား နားမလည်လိုက်ဘူး ... "

ဖန်ကျန်းရီက တစ်ချက်ကြည့်လိုက်ပြီး အိမ်စာစာအုပ်ကို ကောက်ကိုင်ကာ မျက်နှာရှေ့တွင် ကာထားလိုက်သည်။ အတန်ကြာ စစ်ဆေးပြီးနောက် ဖန်ချန်ယွီထံသို့ ပြန်ပစ်ပေးလိုက်၏။

နားမလည်ဘူး ... ချီးတဲ့မှ … ကျောင်းအိမ်စာတွေက ဒီလောက်တောင် ခက်နေပြီလား။

"ဒီလောက် လွယ်တဲ့ပုစ္ဆာလေးတောင် မင်း မတွက်တတ်ဘူးလား။ ကျောင်းမှာ ဘာတွေ သွားသင်နေတာလဲ။ ဒီည မအိပ်နဲ့တော့။ သေချာ နားမလည်မချင်း ကြိုးစား။ မနက်ဖြန် အတန်းထဲမှာ မတ်တတ်ရပ်ပြီး စာသင်။ ကြားလား။"

ဖန်ချန်ယွီမှာ စိုးရိမ်သွား၏။ "ဒါပေမဲ့ မနက်ဖြန် အိမ်စာပေးရတော့မှာလေ။"

ဖန်ကျန်းရီက လေးနက်သော လေသံဖြင့် ဆုံးမလိုက်သည်။ "သား ... လူဆိုတာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်ရမယ်။ ကြီးပြင်းလာတဲ့ လမ်းခရီးမှာ မင်းကို ကူညီမယ့်သူ အများကြီး မရှိဘူး။ အိမ်မှာ ပြဋ္ဌာန်းစာအုပ် ရှိတယ် မဟုတ်လား။ အိမ်ပြန်ပြီး သေချာလေ့လာကြည့်။ တခြားလူက ပြောပြတာက မင်းရဲ့ ကိုယ်ပိုင်ပညာ မဟုတ်ဘူး။ မင်းကိုယ်တိုင် နားလည်အောင် သင်ယူနိုင်မှ မင်းရဲ့ ပညာဖြစ်မှာ။ ပင်ပန်းဆင်းရဲမှုကို မကြောက်နဲ့။ ပင်ပန်းဆင်းရဲမှုကို ကြောက်ရင် တစ်သက်လုံး ပင်ပန်းရလိမ့်မယ်။ ပင်ပန်းဆင်းရဲမှုကို မကြောက်ရင်တော့ တစ်ဝက်ပဲ ပင်ပန်းရလိမ့်မယ်။"

ဖန်ချန်ယွီက ပါးစပ်ဟသွားသော်လည်း ဘာမှမပြောနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် အိမ်စာစာအုပ်ကို ပြန်ယူလိုက်၏။

သူ လှည့်ထွက်သွားရန် ပြင်လိုက်စဉ် ကျင်းယီဝေတစ်ဦးသည် အပြင်ဘက်မှ တံခါးကို တွန်းဖွင့်ကာ အလျင်စလို ဝင်ရောက်လာပြီး မောကြီးပန်းကြီးဖြင့် ပြောလိုက်သည်။ "သခင်လေး .. ပြဿနာကြီး တက်ပါပြီ။ မြို့စားအိမ်တော်ကို လူတွေ လာဝိုင်းထားကြတယ်။"

ဟင် …. စိတ်ဝင်စားစရာ ကောင်းတဲ့ကိစ္စ ပေါ်လာပြီ ထင်တယ်။

ဖန်ချန်ယွီ၏ မျက်လုံးလေးများ လည်ထွက်သွားပြီး မူလက ထွက်သွားရန် ပြင်နေသော်လည်း ကျင်းယီဝေ၏ စကားကို ကြားသောအခါ ဖန်ကျန်းရီ၏ စာရေးစားပွဲဘေးသို့ တိတ်တဆိတ် သွားရပ်လိုက်၏။

ဖန်ကျန်းရီသည် အံ့အားသင့်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။ "သေချာ ရှင်းပြစမ်း။ မြို့စားအိမ်တော်ကို ဘယ်သူတွေက ဝိုင်းထားတာလဲ။"

သရဲတစ္ဆေတွေပဲ။ မြို့စားအိမ်တော်က မင်းသမီးအိမ်တော်နဲ့ သိပ်မဝေးဘူးလေ။ အရှင်မင်းကြီးရဲ့ ခြေရင်းမှာ အကြမ်းဖက်ရဲတဲ့သူ ရှိသေးတယ်လား။

ငါ ဒီရက်ပိုင်း ဘယ်လူမိုက်ကိုမှ မသွားရှုပ်မိပါဘူး။

ကျင်းယီဝေက အသက်နှစ်ခါလောက် ရှူပြီးနောက် ပြောလိုက်၏။ "ကျုပ်ပြောတာ သိပ်မတိကျပါဘူး။ ဝိုင်းထားတယ်လို့တော့ ခေါ်လို့မရဘူး။ ဒေါသထွက်နေတဲ့ ပညာတတ်တစ်စုက အိမ်တော်အပြင်ဘက်မှာ အော်ဟစ် ဆန္ဒပြနေကြတာပါ။ သူတို့အားလုံးက စာမေးပွဲကျတဲ့ ကျောင်းသားတွေချည်းပဲ။ ရာနဲ့ချီရှိတယ်။ အခုကြည့်ရတာ လူတွေ ပိုတောင် များလာသေးတယ်။"

အဲဒီ စာမေးပွဲကျတဲ့ ကျောင်းသားတွေက နန်းတော်က သိပ္ပံပါရဂူရာထူး အသစ်သတ်မှတ်တာကို အရမ်းမကျေမနပ် ဖြစ်နေကြတယ်။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ် က ပညာတတ်တွေရဲ့ အရာရှိနေရာကို လုယူသွားတယ်လို့ ပြောပြီး သိပ္ပံပါရဂူရာထူးကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြတယ်။ အခု အိမ်တော်ရှေ့မှာ သခင်လေးကို အပြင်ထွက်ပြီး တောင်းပန်ဖို့ အော်နေကြတယ်။ ပြီးရင် အရှင်မင်းကြီးဆီ အမိန့်စာ ပြန်ပြင်ပေးဖို့ အတူတူ တောင်းဆိုကြမယ်တဲ့။"

ဖန်ချန်ယွီသည် သေချာနားမလည်သော်လည်း စူးစမ်းချင်စိတ်များ အပြည့်ဖြင့် မေးလိုက်၏။ "ဖေဖေ ... သားတို့လည်း အဲဒီမှာ မနေဘဲနဲ့ သူတို့က အဲဒီမှာ ဘာသွားအော်နေကြတာလဲ။"

ဖန်ကျန်းရီက သူ့ကို ဂရုမစိုက်ဘဲ လေးနက်သော လေသံဖြင့် မေးလိုက်သည်။ "ဘယ်သူက ဦးဆောင်ပြီး လုပ်တာလဲ။"

သိပ္ပံပညာ ထွန်းကားလာခြင်းနှင့် ပြန့်ပွားလာခြင်းသည် ရှိရင်းစွဲ အခြေအနေများကို ကြီးမားစွာ ထိခိုက်စေမည်မှာ သေချာပေသည်။

ဤအချက်ကို သူ အစောတည်းက ကြိုတင်ခန့်မှန်းထားခဲ့ပြီး နန်းတွင်းတွင် အမြဲတမ်း လှုပ်ရှားနေကာ နက်ရှိုင်းသော ပဋိပက္ခများကို အမြဲတမ်း ဖြေရှင်းနေခဲ့၏။ အနည်းဆုံးတော့ အထက်ပိုင်းရှိ ပဋိပက္ခများကို သူသည် ညင်သာသော နည်းလမ်းများဖြင့် အကြမ်းဖျင်း ဖြေရှင်းထားပြီး ဖြစ်သည်။ သိပ္ပံပါရဂူရာထူး အသစ်သတ်မှတ်သည့် အမိန့်စာကို စာမေးပွဲကာလတွင် ထုတ်ပြန်လိုက်ခြင်းကတော့ သူ့ရင်ထဲတွင် အနည်းငယ် မကောင်းသလို ခံစားရစေ၏။

သို့သော် ပြည်သူလူထုကြားတွင် … အနည်းဆုံး မြို့တော်အတွင်းတွင် ပန်းရှန်းသတင်းစာမှတစ်ဆင့် ကြီးမားသော ကြော်ငြာမှုများ ပြုလုပ်ကာ လူများ၏ အတွေးအခေါ်များကို ပြောင်းလဲပေးခဲ့သည်။

ထို့ကြောင့် ကြီးမားသော ပြဿနာများ ဖြစ်လာမည် မဟုတ်ဟု သူ ထင်ထားခဲ့၏။

သို့ပေမည့် မထင်မှတ်ထားဘဲ ဤပဋိပက္ခသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်လာခဲ့ပြီ ... ထိုမျှမက အလွန် ပြင်းထန်စွာ ရောက်ရှိလာခဲ့သည်။

နေရာအနှံ့မှ လာရောက်သော ကျောင်းသားများ အရမ်းများလွန်းနေသောကြောင့် ဖြစ်နိုင်၏။

ကျင်းယီဝေက ပြန်ဖြေလိုက်၏။ "နေရာမှာ အရမ်းရှုပ်ယှက်ခတ်နေပြီး ရုတ်တရက် ဖြစ်သွားတာဆိုတော့ စုံစမ်းနေဆဲပါပဲ။ ဒါပေမဲ့ ကျုပ် ကြည့်ရသလောက်ဆိုရင် လူတချို့က အလှည့်ကျ စကားပြောပြီး သွေးထိုးနေကြတယ်။ သေချာတဲ့ ခေါင်းဆောင်ကိုတော့ မတွေ့ရသေးပါဘူး။"

"ဒီကိစ္စကို နန်းတော်ကို သတင်းပို့ပြီးပြီလား။"

"ဖြစ်ဖြစ်ချင်းမှာပဲ နန်းတော်ကို လူလွှတ်ပြီး အကြောင်းကြားလိုက်ပါပြီ။"

"ကောင်းတယ်။"

ဖန်ကျန်းရီသည် အတန်ကြာ စဉ်းစားပြီးနောက် လက်ဝှေ့ယမ်းလိုက်၏။ "လူအင်အား ထပ်တိုးပြီး နေရာကို ထိန်းသိမ်းထားလိုက်။ ပြည်သူတွေကို အနှောင့်အယှက် မဖြစ်စေနဲ့။ ပြီးတော့ မြို့စားအိမ်တော် ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားလိုက်။ ကျန်တဲ့လူတွေ အဝင်အထွက် လုံးဝ မလုပ်ခိုင်းနဲ့။ ပြဿနာ ထပ်မကြီးသွားစေနဲ့။ မင်း အရင်သွားပြီး စီစဉ်လိုက်အုံး။ ခဏနေရင် ငါကိုယ်တိုင် လာကြည့်မယ်။"

ကျင်းယီဝေ ထွက်သွားပြီးနောက် ဖန်ကျန်းရီသည် စာကြည့်ခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်လျက် ဖြေရှင်းမည့် နည်းလမ်းများကို စဉ်းစားနေ၏။

ဖန်ချန်ယွီက မေးလိုက်သည်။ "ဖေဖေ ... သူတို့က ဘာလို့ အဖေ့ကို တောင်းပန်ခိုင်းနေတာလဲ။"

ဖန်ကျန်းရီက ခေါင်းလှည့်ကာ သားဖြစ်သူကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်၏။ "အိမ်စာ မလုပ်နဲ့တော့။ ဖေဖေ မင်းကို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းကြီးတစ်ခု ပြမယ်။ ဘယ်လိုလဲ။"

"မြို့စားအိမ်တော်ကို သွားမှာလား။" ဖန်ချန်ယွီ၏ ရင်ထဲတွင် ပျော်ရွှင်သွား၏။

"ဟုတ်တယ်။ အခွင့်အရေးက ရှားတယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်။ အခုပဲ သွားကြစို့။"

All Chapters