← Chapters

အခန်း ၃၇၀

Vol. 26 Ch. 370

အခန်း ၃၇၀

Vol. 26 Ch. 370

အပိုင်း(၃၇၀) ကောင်းးကင်တာအို ကိုယ်တိုင်ဆင်းသက်လာခြင်း၊ တာအိုသက်သေပြ မိုးကြိုးအတိဒုက္ခ

ဝုန်း။

တာအိုသက်သေပြ မိုးကြိုးအတိဒုက္ခ၏ မည်းမှောင်သော တိမ်တိုက်များသည် ဒေသကြီးနှစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ၎င်း၏ဖိအားက လောကစကြဝဠာတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ကောင်းကင်ယံတွင် တစ်ကိုယ်တည်း မတ်တတ်ရပ်နေပြီး သူ၏ ဝတ်ရုံစွန်းများက လေထဲတွင် တဖျပ်ဖျပ် လွင့်ခါနေသည်။

ထိုခဏ၌...

တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ် ကမ္ဘာနှစ်ခုလုံးမှ ရေတွက်မရနိုင်သော လူအများအပြားသည် မော့ကြည့်နေကြသည်။ ကျင့်ကြံခြင်းလောက၏ သတင်းစီးဆင်းမှုအရှိန်မှာ အလွန်လျင်မြန်လှရာ အဆင့်မြင့် ကျင့်ကြံသူများသည် အတွေးတစ်ချက်ဖြင့် မိုင်သောင်းချီ၍ လှုပ်ရှားနိုင်ကြသဖြင့် သတင်းတစ်ခု ပေးပို့လိုပါက ဒေသကြီးနှစ်ခုလုံးကို အလွယ်တကူ လွှမ်းခြုံသွားနိုင်ပေသည်။

မဟာကျင်းဧကရာဇ်သည် လူသားဧကရာဇ်ခေတ် ကုန်ဆုံးသွားပြီးနောက်ပိုင်းတွင် ခေတ်သစ်သမိုင်းတွင် ကောင်းကင်နယ်ပယ်သို့ တာအိုသက်သေပြနိုင်မည့် ပထမဆုံးသော ကျင့်ကြံသူ ဖြစ်လာတော့မည်။

အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။

ဒေသကြီးနှစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကောင်းကင်သို့ထိုးတက်နေသော လှိုင်းလုံးကြီးများ ကဲ့သို့ပင် လူပေါင်းများစွာ၏ စိတ်နှလုံးကို ကိုင်လှုပ်သွားလေသည်။

ကောင်းကင်ပြည်နယ်၊ ကောင်းကင်မဟာမိတ်အဖွဲ့တွင်။

မျိုးနွယ်စုကြီး(၅)ခုမှ ထိပ်ပိုင်းခေါင်းဆောင်များ အားလုံးက စုဝေးနေကြပြီး ဤသတင်းကို ကြားလိုက်ရသောအခါ ရှိနေသူအားလုံးမှာ အထူးပင် တိတ်ဆိတ်သွားကြကာ တစ်ခန်းလုံး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

"တာအို... သက်သေပြတယ် ဟုတ်လား။" လုံမိသားစုမှ ညီအစ်မနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာများတွင် မယုံနိုင်ခြင်းများ အပြည့်ဖြစ်နေသည်။

"မဖြစ်နိုင်တာ။ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်မြန်ရတာလဲ။ သူ့ကို ပထမဆုံး စတွေ့ခဲ့တုန်းက သူက ကောင်းကင်ထောက်တိုင်နယ်ပယ်ကိုရောက်ခါစပဲ ရှိသေး တအခုမှ တစ်နှစ်ပဲ ရှိသေးတယ်၊ ဘယ်လိုလုပ်ပြီး..."

ဂျိန်း။

မည်းမှောင်သော တိမ်တိုက်ကြီးများက ကောင်းကင်ပြည်နယ်အထိ ပျံ့နှံ့လာပြီး ကောင်းကင်ဘုံ အတိဒုက္ခ၏ မိုးခြိမ်းသံကြီးက ကောင်းကင်ယံအထိ ထိုးဖောက်တုန်ဟည်းသွားကာ လောကကြီးရှိ ဆူညံသံ အားလုံးကို ဖိနှိပ်ပစ်လိုက်သည်။

မိုးကြိုးသံများက နားထဲသို့ ဝင်ရောက်လာပြီး လူတို့၏ ဦးနှောက်များကို ထူပူသွားစေသည်။ လင်းမိသားစု၏ မျိုးဆက်သစ် ခေါင်းဆောင်သည် တုန်ယင်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး နံရံကိုကိုင်ကာ ခန်းမ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ မြို့တော်ကို ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေသော ကောင်းကင်အပြည့်မှ မည်းမှောင်နေသည့် တိမ်တိုက်ကြီးများကို ကြည့်ရင်း သူ၏ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်များ အကုန်လုံး ပြိုကျသွားတော့သည်။ သူက ဖင်ထိုင်လျက် ဖုတ်ကနဲ လဲကျသွားပြီး မဟာကျင်းဧကရာဇ်အပေါ် ထားရှိသည့် အမုန်းတရားများသည် တဖြည်းဖြည်း ကြောက်ရွံ့ခြင်းအဖြစ်သို့ ပြောင်းသွားကာ ဘောင်းဘီခွကြားမှ စူးရှသော အနံ့အသက်များ စိမ့်ထွက်လာပြီး ငိုတစ်လှည့် ရယ်တစ်လှည့်ဖြင့် ပြောလိုက်သည်။

"ကောင်းကင်မဟာမိတ်အဖွဲ့ဆိုတာ... ဟာသတစ်ခုသက်သက်ပဲ။"

"တစ်ကျော့ပြန်လာမယ်။ တောရိုင်းမြေကို မှောက်လှန်ပစ်မယ်။ မဟာကျင်းဧကရာဇ်ကို ခြေအောက်မှာ နင်းချေပြီး ဘိုးဘေးတွေအတွက် ကလဲ့စားချေမယ် ဆိုတာတွေက... အဓိပ္ပာယ်မရှိတဲ့ ဟာသတွေချည်းပဲ။"

လုံမိသားစု ညီအစ်မနှစ်ဦးမှာလည်း ကုလားထိုင်ပေါ်တွင် အားလျော့စွာ ထိုင်ချလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်ကြသည်။

"ဒီနေ့ကစပြီး၊ ကောင်းကင်မဟာမိတ်အဖွဲ့ကို ဖျက်သိမ်းလိုက်ကြတာပေါ့။"

"မျိုးနွယ်စုကြီး(၅)ခုရဲ့ ခေတ်ဆိုတာ အပြီးတိုင် ကုန်ဆုံးသွားပြီ။"

ခန်းမထဲတွင်။

ကောင်းကင်မဟာမိတ်အဖွဲ့၏ခေါင်းဆောင်များ တိတ်ဆိတ်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်ကာ ခါးတွင်ချိတ်ဆွဲထားသော မဟာမိတ်အဖွဲ့၏ ဆိပ်ပြားများကို ဖြုတ်ယူလိုက်ကြသည်။ ထို့နောက် စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု ပစ်ချလိုက်ကြပြီး တိတ်တဆိတ် တံခါးကိုတွန်းဖွင့်ကာ ထွက်ခွာသွားကြတော့သည်။

ကောင်းကင်မဟာမိတ်အဖွဲ့၏ နောက်ဆုံးကျန်ရစ်သော မဏ္ဍိုင်များဖြစ်သည့် လုံမိသားစုနှင့် လင်းမိသားစုတို့က ထိုသူများ ထွက်ခွာသွားသည်ကို ငြိမ်သက်စွာဖြင့် မျက်စိတစ်ဆုံး လိုက်ကြည့်နေကြသည်။

ဤသည်မှာ ကောင်းကင်ပြည်နယ်ကို နှစ်သောင်းချီ အုပ်စိုးခဲ့သော မညှိုးနွမ်းသည့် မျိုးနွယ်စုကြီး(၄)ခု၊ ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုဖြစ်သော မိသားစုများသည် ခေတ်ရေစီးကြောင်းနှင့်အတူ အပြီးတိုင် ပျက်သုဉ်းသွားပြီဖြစ်ကြောင်းကို ကိုယ်စားပြုနေလေသည်။

ကောင်းကင်မဟာမိတ်အဖွဲ့၏ နောက်ဆုံးကျန်ရှိနေသော ရုန်းကန်ချင်စိတ် အနည်းငယ်သည်လည်း ဤနံနက်ခင်း၏ ပထမဆုံးသော မိုးကြိုးအတိဒုက္ခအသံကြီးနှင့်အတူ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

...

...

တောရိုင်းမြေတွင်။

ကမ်းရိုးတန်းဒေသတစ်နေရာ၊ ပင်လယ်ပြင်ကို ဖြတ်ကျော်၍ ထွက်ခွာသွားရန် ပြင်နေသော လှပသည့် အရိပ်သဏ္ဌာန်တစ်ခုသည် ရုတ်တရက် နေရာမှာပင် တောင့်တင်းသွားပြီး ဘာလုပ်ရမှန်းမသိဘဲ ကောင်းကင်ယံကို မော့ကြည့်နေမိသည်။

လီတိုင်ယွမ်၏ နီရဲနေသောနှုတ်ခမ်းများမှာ သွေးရောင်ကင်းမဲ့သွားပြီး နိမိတ်မကောင်းသော ခံစားချက် တစ်ခုက ရင်ထဲသို့ ဆောင့်တက်လာသည်။ ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ၏အကြည့်က မိုင်သောင်းချီ ကျယ်ဝန်းသော တောင်တန်းနှင့် မြစ်များကို ဖောက်ထွင်းသွားပြီး လေထဲတွင် ရပ်နေသည့် ထိုအရိပ် သဏ္ဌာန်ကို မြင်လိုက်ရချိန်တွင်တော့ နောက်ဆုံး၌ သွေးတစ်လုတ် အန်ချလိုက်ရလေသည်။ ဒုတိယမြောက် နန်းဆောင်သခင် ကုသပေးထားသော သူ၏ဒဏ်ရာများမှာ တစ်ခဏချင်းမှာပင် ပြန်လည်ဆိုးရွားလာတော့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြသွားပြီ။ ဘာလို့ ဒီလောက် မြန်ရတာလဲ။"

"ဒီလောကကြီးက ဘာလိုု့ ဒီလောက်တောင် တရားမျှတမှု မရှိတာလဲ။ ငါ့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါလား။ နောက်ထပ် သုံးနှစ်လောက် အချိန်ရရင် ဒီအရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မှာပဲ။"

"ငါ့ရဲ့စီမံကိန်းက ပထမအဆင့်ပဲ ရှိသေးတာ။ အကြံအစည်တွေ အကုန်လုံးက အခုမှ စတင်ရုံပဲ ရှိသေးတာလေ။"

လီတိုင်ယွမ်က သွေးများကို ဆက်တိုက်အန်ထုတ်နေပြီး မြေပြင်ပေါ်သို့ အားပျော့စွာ ဒူးထောက်၍ ကျသွားသည်။ သူ၏မျက်ဝန်းများမှာ သွေးများပြည့်နှက်ကာ နီရဲနေပြီး မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေသည့် ကောင်းကင်ကြီးကို စူးစိုက်ကြည့်ရင်း စူးရှစွာ အော်ဟစ်လိုက်သည်။

"ငါ မရှုံးသေးဘူး။"

ထိုသို့ပြောရင်း...

လီတိုင်ယွမ်သည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ ဒူးကိုကိုင်ကာ ခါးကို ဖြည်းဖြည်းချင်း ဆန့်မတ်လိုက်ပြီး သူ၏အကြည့်များက တဖြည်းဖြည်း ပြတ်သားလာသည်။

သူက အခက်အခဲများနှင့် ကြုံတွေ့ရတိုင်း လေပြင်းကြားတွင် မလဲကျအောင် တောင့်ခံနိုင်သူဖြစ်သည်။

လှိုင်းလုံးကြီးများနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူသည် အရှုံးနှင့် ရင်ဆိုင်ရလေလေ ပိုမိုရဲရင့်လာလေလေ ဖြစ်တတ်သည်။

"အဟက်..."

"ငါ့မှာ အကွက်တွေ ကျန်ပါသေးတယ်။ ဟုတ်တယ်၊။အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မယ့် အခွင့်အရေး တစ်စက်လေး ရှိနေသေးသရွေ့ ငါအရှုံးပေးမှာ မဟုတ်ဘူး။"

"ငါ လီတိုင်ယွမ်က ဒီစစ်တုရင်ပွဲကို သေချာပေါက် မှောက်လှန်ပစ်မယ်။ အမြင့်မှာထိုင်ပြီး စစ်တုရင် ကစားနေတဲ့ သူတွေကိုလည်း တွင်းနက်ထဲ ဆွဲချပြီးတော့ ခြယ်လှယ်ခံရတဲ့ အရသာကို သူတို့လည်း တစ်ခေါက်လောက် ခံစားကြည့်ရအောင် လုပ်ပစ်မယ်။"

"ဘိုးဘေးရွှမ်ကျင်း။ ဘိုးဘေးက ကျွန်မအသက်ရှင်ဖို့အတွက် ကိုယ့်အသက်ကို စတေးသွားခဲ့တယ်။ ဒါဆိုရင် တိုင်ယွမ်ကလည်း ဒီလိုမျိုး အလကား အသက်မရှင်နေဘူး။ ဘိုးဘေးရဲ့ ကျေးဇူးကို လုံးဝအလဟဿ မဖြစ်စေရဘူး။"

လီတိုင်ယွမ်၏ လှပချောမောသော မျက်နှာလေး ပို၍ပို၍ အေးစက်လာပြီး သူ၏ မျက်လုံးအောက်ခြေရှိ လူသားဆန်မှု အရိပ်အယောင်လေးက နောက်ဆုံးတွင် အပြီးတိုင် ငြိမ်းသတ်သွားတော့သည်။

ခဏကြာပြီးနောက်...

သူက လေထဲမှနေ၍ အမွှေးတိုင်အချို့ကို ဆွဲယူကာ မီးညှိလိုက်ပြီးနောက် မီးတောက်ကို ငြိမ်းလိုက်သည်။ အမွှေးတိုင်မှ ထွက်ပေါ်လာသော အခိုးအငွေ့များကိုကြည့်ရင်း ကောင်းကင်ပြည်နယ်ရှိ လီမိသားစုရှိရာ အရပ်ဆီသို့ အဝေးမှနေ၍ ပူဇော်ကန်တော့လိုက်သည်။

ခါးကိုင်း၍ သုံးကြိမ် အရိုအသေပေးပြီးနောက် အမွှေးတိုင်သုံးတိုင်ကို မြေပြင်ပေါ်တွင် စိုက်လိုက်သည်။

ရုတ်တရက်...

ဟင်းလင်းပြင်မျက်နှာတစ်ခုသည် သူ၏အနောက်ဘက်တွင် အသံတိတ် ပေါ်လာပြီး ဖန်သားကဲ့သို့ ထောင့်ချိုးကျကျ ထင်ရှားနေသော မျက်ဝန်းများဖြင့် သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

"ရောက်လာပြီလား။" လီတိုင်ယွမ်က ခါးကို ဆန့်မတ်လိုက်ပြီး ခေါင်းလှည့်မကြည့်ဘဲ ပြောလိုက်သည်။

"တွေးကြည့်တော့လည်း ရယ်စရာပဲ။ ရှင်နဲ့ကျွန်မက တစ်ယောက်ကိုတစ်ယောက် အသုံးချနေကြတာ။ တစ်ဖက်လူရဲ့ စိတ်ထဲက အကြံအစည်တွေကို ကိုယ်စီ သိနေကြတယ်။ ရှင်က ကျွန်မရဲ့ မိုက်မဲမှု၊ အသိဉာဏ်မဲ့မှုနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုတွေကို အသုံးချပြီးတော့ ကံကြမ္မာသစ်တစ်ခု ဖြစ်လာအောင် လုပ်ခဲ့တယ်။ တောရိုင်းမြေကို အန္တရာယ်တွင်းထဲရောက်အောင် ဖိအားပေးခဲ့သလို မုန့်ချင်ကျိုးကိုလည်း ကောင်းကင်နယ်ပယ် မဖြစ်မနေ အဆင့်တက်လာအောင် ဖိအားပေးခဲ့တယ်။"

"ကျွန်မကလည်း ရှင့်ကို အသုံးချပြီးတော့ ဒီခေတ်ကို လှုပ်ခတ်မယ့်သူတွေနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ အခွင့်အရေးတွေ လုံလုံလောက်လောက် ရရှိခဲ့တယ်။"

"ပြီးတော့..."

"အဲဒီတုန်းက အချိန်-နေရာလွတ် ဓားသူတော်စင် ကောင်းကင်ပြည်နယ်ကို တစ်ယောက်တည်း ဝင်လာပြီး ကောင်းကင်မဟာမိတ်အဖွဲ့တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တယ်။ မဟာမိတ်အဖွဲ့က ကောင်းကင်ထောက်တိုင်နယ်ပယ် အကုန်လုံးကို သတ်ပစ်ခဲ့တာလည်း ရှင် ကျေကျေနပ်နပ်ကြီး ကြည့်ချင်နေတဲ့ ကိစ္စပဲ မဟုတ်လား။"

"ရှင်က ဒေသကြီးနှစ်ခုကို အမြန်ဆုံး ပေါင်းစည်းစေချင်နေတာ။ ဒီပေါင်းစည်းမှုကို အကောင်အထည် ဖော်မယ့်သူက မုန့်ချင်ကျိုး ဖြစ်တာ အကောင်းဆုံးပဲလေ..."

"ဒါကြောင့်ပဲ တတိယမြောက် နန်းဆောင်သခင် သေခါနီးမှာ ရှင့်ကို အကူအညီလှမ်းတောင်းတော့လည်း ရှင်က ဘာမှမတုံ့ပြန်ခဲ့ဘူး။ ရှင့်ရဲ့ဇာတ်ညွှန်းထဲမှာ ကောင်းကင်ကြည့်ဆောင်က နန်းဆောင်သခင် (၁၀)ယောက် စလုံးဟာ စစ်တုရင်ရုပ်တွေပဲ ဖြစ်ပြီးတော့ ရှိရှိမရှိရှိ အရေးမပါဘူးလေ။ ဒါပေမဲ့ နှမြောစရာကောင်းတာက မုန့်ချင်ကျိုးက ရှင့်ရဲ့ဇာတ်ညွှန်းအတိုင်း ရိုးရိုးသားသား လိုက်မကစားခဲ့ဘူ။ ကောင်းကင်ပြည်နယ်ကို လွှတ်ပေးဖို့ ရွေးချယ်လိုက်ပြီး လက်တစ်ကမ်းမှာတင်ရနေတဲ့ လူသားဧကရာဇ်ရာထူးကို လက်လွှတ်လိုက်တယ်။"

"အဲဒါကြောင့် ရှင်က ကျွန်မကိုရွေးချယ်ပြီး သူ့ကို ဆက်ပြီးဖိအားပေးနေတာပေါ့။"

"ကောင်းကင်စောင့်ကြည့်သူ... ကျွန်မပြောတာ မှန်တယ်မလား။"

ဟင်းလင်းပြင်မျက်နှာက ဘာမှပြန်မဖြေ။ အေးစက်နေသော မျက်ဝန်းများကလည်း မည်သည့်ခံစားချက် အပြောင်းအလဲမျှ မရှိပေ။

သက်မဲ့အရာတစ်ခုကဲ့သို့ပင်။

လီတိုင်ယွမ်က သက်ပြင်းရှိုက်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်ကာ ကမ်းရိုးတန်းမှ လှိုင်းပုတ်သံများကို နားထောင်ရင်း ပင်လယ်ရေငန်နံ့ကို ရှူရှိုက်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်သည်။

"ဒါကြောင့်ပြောတာ..."

"ကျွန်မက ရှင်တို့လို စစ်တုရင်ကစားတဲ့သူတွေကို မုန်းတာ။ အရမ်းကို အရမ်းမုန်းတာ"

"ရှင်တို့မျက်လုံးထဲမှာ သတ္တဝါတွေအားလုံးက ရယ်တတ်ပြောတတ်ပြီး လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ ရုပ်သေးရုပ်တွေ၊ အဖြူအမည်း စစ်တုရင်ရုပ်တွေ သက်သက်ပဲ။"

နောက်ဆုံးတွင်တော့... ဟင်းလင်းပြင်မျက်နှာက စကားစပြောလာသည်။ "မင်း ဘာလုပ်ချင်တာလဲ။"

ယခုအချိန် လီတိုင်ယွမ်က အသစ်တဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ နောက်ထပ် အသွင်ပြောင်းလဲမှု တစ်ခုကို ပြီးမြောက်သွားပြီဖြစ်ကြောင်း သူ မြင်နေရသည်။ ပါရမီ၊ အဆင့် သို့မဟုတ် ကျင့်ကြံမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုမဟုတ်ဘဲ စိတ်အခြေအနေ ပြောင်းလဲသွားခြင်းပင်။

"ဘာလုပ်ချင်တာလဲ ဟုတ်လား..." လီတိုင်ယွမ်က ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီးနောက် မျက်ထောင့်ကပ်ကြည့်ကာ လှောင်ပြောင်သရော်လိုက်သည်။

"စစ်တုရင်ကစားတဲ့သူတွေက အကြံအစည်တွေအပြည့်နဲ့ လူတွေကို အသုံးချကစားရတာ အတော်ဆုံး မဟုတ်ဘူးလား။ ကျွန်မ ဘာလုပ်ချင်လဲဆိုတာကို ခန့်မှန်းကြည့်ပါလား။"

"ပြောရရင်တော့ ရှင် အခုချက်ချင်း ကျွန်မကို သတ်ပစ်လိုက်။ ဒါမှမဟုတ်ရင်တော့..."

"ရှင် နောင်တရလို့မဆုံး ဖြစ်သွားလိမ့်မယ်။"

ဟင်းလင်းပြင်မျက်နှာသည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ပြောလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် မင်းကို ငါအသိအမှတ်ပြုတယ်လို့ ပြောခဲ့တာ အတုအယောင်ပါ။ ဒီတစ်ကြိမ်တော့..."

"မင်းက တကယ်ပဲ ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ခံစားချက် နည်းနည်း ပေးစွမ်းနိုင်သွားပြီ။"

စကားပြောနေစဉ်မှာပင် သတ်ဖြတ်ချင်စိတ်တစ်ခုက လီတိုင်ယွမ်ကို ပစ်မှတ်ထားလိုက်ပြီး အချိန်မရွေး ပေါက်ကွဲနိုင်သည့် ဤအပြောင်းအလဲကို ဖျက်ဆီးပစ်ရန် ပြင်လိုက်သည်။

ရုတ်တရက်။

ဟင်းလင်းပြင်မျက်နှာ၏ မျက်လုံးများ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကောင်းကင်ယံသို့ ရုတ်တရက် မော့ကြည့်ကာ အသံထွက်ပေါ်သွားသည်။ "ကောင်းကင်တာအို ပြန်လည်နိုးထလာပြီလား။"

ဝုန်း...

ပုံသဏ္ဌာန်မဲ့သော လှိုင်းဂယက်တစ်ခု ပျံ့နှံ့သွားပြီး တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခက ရုတ်တရက် ပြောင်းပြန်လှည့်သွားသည်။

ထိုတာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခသည်…

ကောင်းကင်တာအို ကိုယ်တိုင်ဆင်းသက်လာကာ စီမံကြီးကြပ်သော မိုးကြိုးအတိဒုက္ခအဖြစ် ပြောင်းလဲသွားတော့သည်။

ဟင်းလင်းပြင်မျက်နှာက ထိုနေရာမှာတင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သတ်ဖြတ်ချင်စိတ်ကလည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

လီတိုင်ယွမ်က ထိုနေရာမှာတင် ကြက်သေသေသွားပြီး ခဏကြာပြီးနောက် ရုတ်တရက် တဟားဟား ရယ်မောလိုက်သည်။

"ငါ... လောင်းကြေးနိုင်သွားပြီ။"

...

...

ပင်လယ်ရပ်ခြား။

တောရိုင်းမြေနှင့် မိုင်တစ်ရာခန့်အကွာ ပင်လယ်ပြင်တွင် ကောင်းကင်နှင့်နေကိုပင် ဖုံးကွယ်ထားနိုင်သော နတ်ဘုရား(၁၀)ပါးကျော်ခန့်သည် ခန္ဓာကိုယ်တစ်ဝက်ကို ပင်လယ်ရေပြင်ပေါ်သို့ ထုတ်ဖော်ထားလျက် တောရိုင်းမြေဘက်သို့ဦးတည်ကာ ခြေလှမ်းလှမ်း၍ လျှောက်လှမ်းလာသည်။ ၎င်းတို့ဘေးမှ ဖြတ်သန်းသွားသော လှေပျံတစ်စင်းမှာ တောင်ပံခတ်နေသည့် ပိုးကောင်လေး တစ်ကောင်အလား ဖြစ်နေပြီး နတ်ဘုရားများက အကြည့်တစ်ချက်မျှပင် မပေးကြပေ။ ဖြတ်သွားချိန်တွင် ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ပျံသန်းရေးလှေကို တိုက်ရိုက်ပင် ဝင်တိုက်ကာ ချေမွပစ်လိုက်သည်။

ကမ္ဘာပျက်မည့်မြင်ကွင်းနှင့် တူနေသော ဤအခြေအနေကြီးတွင် အရိပ်သဏ္ဌာန်နှစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ခွေးဝါကြီးတစ်ကောင်က နတ်ဘုရားတစ်ပါး၏ ခေါင်းပေါ်တွင် မှောက်လျက်နေကာ ပျင်းရိပျင်းတွဲ သမ်းဝေနေပြီး ဘေးတွင်တော့ ရဟန်းငယ်တစ်ပါး တရားထိုင်ကာ ကျမ်းစာများ ရွတ်ဖတ်နေသည်။

ရုတ်တရက်။

ရဟန်းငယ်က မျက်လုံးကို ဖွင့်လိုက်ပြီး ခွေးဝါကြီးကို ကြည့်ကာ မေးလိုက်သည်။ "တောရိုင်းမြေကို မကြာခင် ရောက်တော့မယ်။ သင်က ဧကရာဇ်တို့ကို နည်းနည်းလေးမှ စိတ်မပူဘူးလား။"

"ဒီတစ်ခါ နတ်ဘုရားတွေက တကယ်ကို ဒေါသထွက်နေကြတာ။ ကောင်းကင်ထောက်တိုင်နယ်ပယ် နတ်ဘုရား အပါး(၂၀) အပြည့်ကို ထုတ်သုံးထားတယ်။ ပြီးတော့..."

ထိုသို့ပြောရင်း...

ရဟန်းငယ်က ပါးစပ်ပိတ်လိုက်ပြီး အရှေ့မှ လေထဲလွင့်မျောနေသော ရာဇပလ္လင်ကို လက်ညှိုးထိုးလိုက်သည်။ နတ်သားတစ်ပါးအလား ချောမောလှပသော လူငယ်တစ်ဦးက ပလ္လင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသည်။

"ဝုတ် ဝုတ် ဝုတ်..." နေမင်းအရှင်သခင်က အသံအနည်းငယ်ပြုလိုက်ပြီး အလွန်ပင် အလေးအနက် မထားသည့်ဟန်ပေါက်နေသည်။

"မျက်မမြင်က လောကမှာ ယှဉ်ပြိုင်ဘက်ကင်းတယ်လို့ သင်ပြောပေမယ့် ဒီတစ်ခါ အခြေအနေက လုံးဝကို ကွာခြားတယ်လေ..." ရဟန်းငယ်က အနည်းငယ် တွေဝေနေသည်။

နေမင်းအရှင်သခင်က သူ၏ခြေသည်းများကို ဝှေ့ယမ်းပြလိုက်ပြီး ရဟန်းငယ်ကို စိတ်အေးအေးထားရန် အမူအရာပြလိုက်သည်။

ထိုမျက်မမြင်အတွက် စိတ်ပူနေရခြ်ငးက တကယ်ကို အချိန်ကုန်လူပန်းသက်သက်သာ ဖြစ်သည်။

ယခင်တုန်းက အကြပ်အတည်းများနှင့် ကြုံတွေ့ရတိုင်း နေမင်းအရှင်သခင်လည်း မျက်မမြင်အတွက် စိတ်ပူပေးခဲ့ဖူးသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နေမင်းအရှင်သခင်သည် မျက်မမြင်အပေါ် လောကကြီးတစ်ခုလုံးတွင် အယုံကြည်ရဆုံး ခွေးတစ်ကောင် ဖြစ်လာခဲ့တော့သည်။

ဟွေ့နန်းက စိုးရိမ်ပူပန်မှုများကို အမြဲတမ်း ရင်ဝယ်ပိုက်ထားဆဲဖြစ်သည်။

ရှေးခေတ်ကာလက 「ယွီထန်」၏ကျော်ကြားမှုကို သူ သိထားသဖြင့် စိတ်ထဲ သိပ်ပြီးအကောင်းမြင် မနေဘဲ မဟာကျင်း၏အခြေအနေအပေါ် အကောင်းမမြင်နိုင်အောင် ဖြစ်နေသည်။

ထိုအချိန်မှာပင်။

မိုးကြိုးတိမ်တိုက်များက မည်သည့် ကြိုတင်လက္ခဏာမျှမရှိဘဲ ဖုံးလွှမ်းလာသည်။ လူတစ်ယောက်နှင့် ခွေးတစ်ကောင်မှာ နတ်ဘုရား ခေါင်းပေါ်တွင် ရှိနေသဖြင့် မူလကတည်းက ကောင်းကင်နှင့် အလွန်နီးကပ်နေပြီး ဤမိုးကြိုးတိမ်တိုက်ကလည်း ထူးထူးခြားခြား ထူထပ်ကာ ကျယ်ပြန့်လွန်းလှသဖြင့် သူတို့နှစ်ဦးမှာ ချက်ချင်းပင် မိုးကြိုးတိမ်တိုက်ထဲသို့ တိုးဝင်သွားမိသကဲ့သို့ ဖြစ်သွားပြီး လွတ်ကျလာသော မိုးကြိုးလျှပ်စီးများကြောင့် အပြင်ဘက် တူးခြစ်ပြီး အတွင်းပိုင်း ကျက်သွားသည့်အထိ ဓာတ်လိုက်ခံလိုက်ရတော့သည်။

ခွေးဝါကြီးက အူသံပေးကာ အော်ဟစ်နေပြီး ရဟန်းငယ်မှာ တင်ပါးကိုဖုံးကာ နတ်ဘုရား၏ခေါင်းပေါ်မှ လိမ့်ဆင်းပြေးလာရတော့သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် စွမ်းအားရှင်နှစ်ပါးစလုံး မိုးကြိုးတိမ်တိုက်ထဲ အသက်တစ်ဝက်ခန့် ဆုံးရှုံးလုနီးပါး ဖြစ်သွားရသည်။

"အော်မီတော်ဖော်... အဲဒါက ဘာကြီးလဲ။" ဟွေ့နန်းမှာ လန့်ဖြတ်နေဆဲဖြစ်ပြီး ကြက်သီးမွှေးညင်းများပင် ထသွားကာ ခုနကအခိုက်အတန့်လေးတွင် သူ သေခြင်းတရားနှင့် လက်တစ်ကမ်းအလိုရောက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။

အရေးအကြီးဆုံးက ဤမိုးကြိုးတိမ်တိုက်သည် အားယူနေဆဲ အခြေအနေမှာသာ ရှိနေပြီး တကယ်တမ်း ပေါက်ကွဲထွက်လာခြင်း မရှိသေးကြောင်း၊ လွတ်ကျလာသည့်မိုးကြိုးလျှပ်စီးများမှာ ကောင်းကင်ဘုံအတိဒုက္ခ အားယူနေစဉ် ထွက်ပေါ်လာသည့် အနည်းငယ်မျှသော ယိုစိမ့်မှုသာ ဖြစ်ကြောင်းကို ဟွေ့နန်းက ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ဒီလောက်လေးနဲ့တင် ကောင်းကင်ထောက်တိုင်နယ်ပယ် အသက်နှစ်ချောင်းကို အဆုံးသတ်လုနီးပါး ဖြစ်သွားရတာ။ ဒါက ဘယ်လိုအဆင့် ကောင်းကင်ဘုံအတိဒုက္ခကြီးလဲ။

ဒေသကြီးနှစ်ခုလုံးကို ဖုံးလွှမ်းထားပြီး၊ ကြောက်မက်ဖွယ်ကောင်းလှတဲ့ စွမ်းအား...

ဟွေ့နန်း၏နှုတ်ခမ်းများ တုန်ယင်သွားပြီး ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ကောင်းကင်နယ်ပယ်ရဲ့ တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခများ ဖြစ်နေမလား။"

"ဒီခေတ်မှာ တာအိုကိုသက်သေပြတာဆိုတော့ ခေတ်သစ်သမိုင်းမှာ ပထမဆုံးတာအိုသက်သေပြနိုင်တဲ့ ကျင့်ကြံသူများ ဖြစ်မလား။ ဒီလူက ဘယ်သူလဲ။"

"ဒါမှမဟုတ် လောကကနေ ပုန်းကွယ်နေတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်များလား။ ဒါမှမဟုတ် မွေးရာပါသက်တမ်းရှည်တဲ့မျိုးနွယ်စုကနေ အသက်ရှင်ကျန်ရစ်ပြီး ဒီခေတ်မှ တာအိုသက်သေပြတာများလား။"

ဟွေ့နန်းက တံတွေးဝါးမျိုလိုက်ပြီး၊ ဦးနှောက်ကို အစွမ်းကုန်ညှစ်ကာ ရူးသွပ်စွာ ခန့်မှန်းနေတော့သည်။

နေမင်းအရှင်သခင်က တဝုတ်ဝုတ်ဝုတ်နှင့် အော်ဟစ်လိုက်ရာ ဟွေ့နန်းက နားစွင့်လိုက်ပြီး ချက်ချင်းပင် မျက်လုံးလန်ပြလိုက်သည်။

"သင်ပြောတာ အဲဒါက မျက်မမြင်ဧကရာဇ်လား။"

"မဖြစ်နိုင်ပါဘူး။ ဒါက တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခလေ။ ကောင်းကင်နယ်ပယ်ရဲ့ တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခဆိုတာ သင် နားလည်ရဲ့လား။ သင်က ရှေးခေတ်ကာလကတည်းက အသက်ရှင်ကျန်ရစ်လာတဲ့ မိစ္ဆာကြီးဖြစ်ပြီးတော့ အခြေခံအသိလေးတောင် မရှိဘူးလား။ ဟူး။"

"ကျုပ်တို့ မဟာကျင်းကနေ ထွက်လာတုန်းက ဧကရာဇ်က ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဝင်ရောက်တာ မကြာသေးဘူးလေ။ အချိန်တိုလေးတွင်းမှာ ဧကရာဇ်က ကောင်းကင်နယ်ပယ်ကို တာအိုသက်သေ ပြနိုင်သွားပြီလို့ လာပြောနေတာလား။ ပထမဆုံး လူသားဧကရာဇ်တောင် ဒီလောက်ချဲ့ကားပြောလို့ မရဘူးနော်။"

ရဟန်းငယ်က မရပ်မနား ဆက်တိုက် ပြောဆိုနေတော့သည်။

ရုတ်တရက်။

အရှေ့ဘက် ရာဇပလ္လင်ပေါ်မှ 「ယွီထန်」က အသံထွက်လာသည်။ "အကုန်ရပ်လိုက်ကြ။"

ထိုသို့ပြောရင်း လူငယ် 「ယွီထန်」က မတ်တတ်ရပ်ကာ အဝေးသို့ မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်ပြီး သူ၏လေသံက တည်ကြည်လေးနက်သွားသည်။ "သူလား။"

"မဟာကျင်းဧကရာဇ်..."

"မင်းက တကယ့်ကို ဒီလောကကြီးရဲ့ အကြီးမားဆုံး အပြောင်းအလဲပါပဲ။ ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်က နတ်ဘုရားတွေကိုပါ နှိုးပြီးတော့ မင်းကို ပစ်မှတ်ထားပြီး အကြံအစည်တွေ ဖော်ဆောင်ချင်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ကောင်းကင်နယ်ပယ်ကို တရားဝင် တက်ရောက်နိုင်သွားတယ်ဆိုတာ... မယုံနိုင်စရာပဲ..."

"အဲဒီတုန်းက 「ရှီး」က အောက်ခြေကနေ စတင်တက်လှမ်းလာပြီးတော့ သယံဇာတတွေကြွယ်ဝ၊ တာအိုနိယာမတွေကျယ်ပြန့်၊ ကျင့်ကြံခြင်းလမ်းကြောင်းမှာ စူးစမ်းစရာအများကြီးရှိတဲ့ အခြေအနေမျိုးမှာတောင် ကောင်းကင်နယ်ပယ်ကိုခြေချနိုင်ဖို့ အနှစ်(၂၀)ဆယ်ကျော် အချိန်ယူခဲ့ရပြီးတော့ နတ်ဘုရားတွေရဲ့ အုပ်စိုးမှုကို မှောက်လှန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာခဲ့တာ။"

"ဒီအချိန်-နေရာလွတ် ဓားသူတော်စင်ကျတော့ အချိန်တိုလေး (၂)နှစ်အတွင်းမှာ ဘာမှမရှိတဲ့ဘဝကနေ အခုလို လောကကြီးကို အုပ်စိုးနိုင်တဲ့အထိ..."

...

...

နေမင်းအရှင်သခင်က အလွန်ဂုဏ်ယူဝင့်ကြွားစွာဖြင့် အမြီးကိုထောင်လိုက်ပြီး တင်ပါးဖြင့် ရဟန်းငယ်ကို တစ်ချက်တိုက်ကာ ဂုဏ်ယူစွာရယ်မောနေသည့်အလား ခွေးပါးစပ်ကြီးဟလျက် တဝုတ်ဝုတ် အသံပေးလိုက်သည်။

သူ့အမူအရာက "တွေ့လား၊ ငါ ဘာပြောလဲ။ မျက်မမြင်က ကောင်းကင်ကို အန်တုနိုင်တဲ့ကောင်ပဲ။ သူ့အတွက် စိတ်ပူနေစရာ မလိုပါဘူးလို့။ ဒီလောက်အားရှိနေရင် တစ်ရေးလောက် အိပ်လိုက်တာကမှ ကောင်းဦးမယ်" ဟူ၍ ပြောနေသကဲ့သို့ပင်။

ဟွေ့နန်းမှာ ပါးစပ်ကြီးဟသွားပြီး မေးရိုးပင်ပြုတ်ထွက်လုနီးပါး ဖြစ်သွားကာ ဖြူဖွေး၍ တုံးအအ ပုံစံလေးဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

"တကယ်ပဲ ဧကရာဇ်လုပ်လိုက်တဲ့ ကောင်းကင်ဘုံအတိဒုက္ခလား။"

"ဒါ ဒါ ဒါက..."

"ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြသွားရတာလဲ။"

ပြောရင်းဆိုရင်းနှင့် ဟွေ့နန်းမှာ နေမင်းအရှင်သခင်ကို ကြည့်လိုက်မိပြီး အကြောင်းပြချက်မရှိဘဲ စိတ်ထဲတွင် ရှုံးနိမ့်သွားသလို ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

အသက်(၁၅)နှစ်အရွယ်သာ ရှိသေးသော ကောင်းကင်ထောက်တိုင်နယ်ပယ်။ ဤပါရမီက ခေတ်အဆက်ဆက်ကို လွှမ်းမိုးနိုင်ပြီး ဟွေ့နန်းက တစ်ခါတစ်ရံ ဤအတွက်ကြောင့် ဂုဏ်ယူဝင့်ကြွားမိသည်။

အသွေးအသားဆူဖြိုးဆုံးအရွယ်တွင် အထူးချွန်ဆုံးအောင်မြင်မှုကို ရရှိထားသဖြင့် ဇင်ဗုဒ္ဓဂိုဏ်း၏ မြင့်မြတ်သားတော် ဖြစ်နေလျှင်ပင် လူသားတစ်ယောက်အနေဖြင့် လောကီသဘာဝကို မလွန်ဆန်နိုင်ပေ။

သို့သော် ယခုအခါတွင်တော့ ဆောင်းတွင်းအအေးဆုံးအချိန်တွင် ဝတ်လစ်စလစ် ခန္ဓာကိုယ်ပေါ်သို့ ရေအေးတစ်ဇလုံ လောင်းချလိုက်သကဲ့သို့ ဖြစ်သွားပြီး ကိုယ်ရောစိတ်ပါ အေးစက်သွားကာ တစ်စက်လေးမျှပင် ဂုဏ်ယူချင်စိတ် မရှိတော့ပေ။

ဧကရာဇ်က လွန်ခဲ့သည့် (၂)နှစ်ကမှ သာမန်ပင်လယ်လွှမ်းနယ်ပယ်သာ ရှိသေးရာမှ (၂)နှစ်အကြာတွင် ကောင်းကင်နယ်ပယ်သို့ ရောက်ရှိသွားလေပြီ။

သူကျတော့ကော…

အမိဝမ်းဗိုက်ထဲကတည်းက ဉာဏ်ပညာအမြစ်တွယ်ကာ ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး၊ မွေးလာကတည်းက တိမ်တက်နယ်ပယ် ရှိနေပြီးတော့ အဲဒီအတွက်ကြောင့် မိခင်ဖြစ်သူမှာ မီးဖွားရခက်ပြီး သေဆုံးခဲ့ရတယ်။ အသက် (၅)နှစ်တွင် ပင်လယ်လွှမ်းနယ်ပယ်ကို ခြေချနိုင်ခဲ့ပြီးတော့ အသက်(၁၀)နှစ်ကျမှ လရောင်ထွန်းလင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တာ။ အသက် (၁၄)နှစ်ကျမှ လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ်ကို မနည်းရောက်ခဲ့တာ။

ဧကရာဇ်နှင့်နှိုင်းယှဉ်လိုက်လျှင် တကယ်ကို ဂုဏ်ယူစရာ ဘာမှမရှိတော့ပေ။ တောက်တီးနှင့် ဇာမဏီငှက် သွေးမျိုးဆက်ပိုင်ရှင်ဖြစ်သော နေမင်းအရှင်သခင် ဒီလောက်တောင် ပျင်းရိနေတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။

"တကယ်ကို စိတ်မဝင်စားစရာပဲ။" ဟွေ့နန်းက ခေါင်းယမ်းလိုက်သည်။

ထိုအချိန်မှာပင်။

ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များက ရုတ်တရက် ပြောင်းလဲသွား၏။

မည်းမှောင်နေသော တိမ်တိုက်များ အကုန်လုံး ပျောက်ကွယ်သွားပြီး မိုင်သောင်းချီ ကြည်လင်နေသော ကောင်းကင်ကြီးအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံမှာ ပြာလဲ့ကြည်လင်နေပြီး၊ ကောင်းကင်ဘုံ အတိဒုက္ခ၏ အရိပ်အယောင် တစ်စက်လေးမျှပင် မရှိတော့ပေ။

"ဟမ်။" ရဟန်းငယ်က ခေါင်းကိုပွတ်ကာ တွေဝေစွာဖြင့် ပြောလိုက်သည်။ "ဒါက ဘာဖြစ်တာလဲ။"

နောက်တစ်ခဏတွင်တော့။

ကြည်လင်နေသော ကောင်းကင်ယံကြီးထဲတွင် အဆောက်အအုံပေါင်း မြောက်မြားစွာ ပေါ်လာပြီးနောက် အဆုံးအစမရှိ ကျယ်ပြောကာ ခံ့ညားထည်ဝါစွာ ရပ်တည်နေကြသည်။

၎င်းတို့အထဲတွင် အထင်ရှားဆုံးမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တံခါးကြီး လေးပေါက်ဖြစ်ပြီး ၎င်းတို့မှာ တောင်ဘက်ကောင်းကင်တံခါး၊ မြောက်ဘက်ကောင်းကင်တံခါး၊ အနောက်ဘက်ကောင်းကင်တံခါး၊ အရှေ့ဘက်ကောင်းကင်တံခါးတို့ပင် ဖြစ်ကြသည်။

ဟွေ့နန်း၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး တုန်လှုပ်စွာဖြင့် အသံထွက်သွားသည်။ "ရှေးဟောင်း ကောင်းကင်ခုံရုံးလား။"

လောကကြီး စတင်ဖြစ်တည်လာချိန်က နတ်ဘုရားသုံးထောင်အပြင် ရှေးဦးနတ်ဘုရားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ကောင်းကင်ခုံရုံးဟုခေါ်ပြီး အကျယ်ပြန့်ဆုံး ပျံ့နှံ့နေသည့်အရာမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကောင်းကင်တံခါးကြီး လေးပေါက်ပင်။

ယွီထန်က မျက်လုံးများကိုကျဉ်းကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"ကောင်းကင်တာအို..."

"ပြန်နိုးထလာပြီ။"

ဤစကားတစ်ခွန်းကို နတ်ဘုရားများနှင့် ရဟန်းငယ်၊ နေမင်းအရှင်သခင်တို့က ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ချက်ချင်းပင် တစ်နေရာလုံး သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

မျက်မမြင်ဓားသူတော်စင်၏အကြောင်းများကို အမြဲတမ်း ရိုးအီနေပြီဖြစ်သော နေမင်းအရှင်သခင်ပင် လန့်ဖျပ်ပြီး မတ်မတ်ရပ်သွားကာ ခြေထောက်နှစ်ဖက် တုန်ယင်သွားတော့သည်။

ဘာပြောတယ်။

ကောင်းကင်တာအို ပြန်နိုးထလာပြီ ဟုတ်လား။

မျက်မမြင်ဓားသူတော်စင် ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြလိုက်လို့ ကောင်းကင်တာအိုကိုပါ နှိုးလိုက်မိပြီလား။

လခွမ်းတဲ့မှ။

ငါက မျက်မမြင်ကို ကောင်းကင်ကိုအန်တုနိုင်တဲ့ကောင်လို့ပြောတာက စကားအရ ပြောရုံသက်သက်ပါ။ မင်းက တကယ်ကြီး ကောင်းကင်ကို အန်တုလိုက်တာလား။

...

All Chapters