← Chapters

အခန်း ၃၇၁

Vol. 26 Ch. 371

အခန်း ၃၇၁

Vol. 26 Ch. 371

အပိုင်း(၃၇၁) ကောင်းကင်တက်လှေကားထစ်၊ တံခါးရှေ့ဦးညွှတ်ခြင်း

ကြည်လင်နေသော ကောင်းကင်ယံက ရေဆေးချထားသကဲ့သို့ ပြာလဲ့နေပြီး မျက်စိကျိန်းမတတ် ကြည်လင်နေကာ ကောင်းကင်ယံအလွှာများ တစ်ထပ်ပြီးတစ်ထပ် ထပ်နေပြီး ကောင်းကင်ဘုံကိုးထပ်အဖြစ် တည်ဆောက်ထားသည်။

ကောင်းကင်အဆုံးသို့သွားရာလမ်း ကိုးလွှာမြောက်ကောင်းကင်ဘုံတွင် နန်းတော်များ တောအုပ်သဖွယ် တည်ရှိနေပြီး ကြီးမားခမ်းနားလှသော တောင်ဘက်ကောင်းကင်တံခါးကြီးက တိတ်ဆိတ်စွာ မားမားမတ်မတ် ရပ်တည်နေကာ ရှေးပဝေသဏီကတည်းက ပြောင်းလဲခြင်းမရှိဘဲ အမြဲတမ်းပင် တည်ရှိနေခဲ့သည်။

မုန့်ချင်ကျိုး လေထဲတွင်ရပ်နေပြီး သူ၏မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေကာ တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

ကောင်းကင်နယ်ပယ်သို့ ရောက်လာသောကျင့်ကြံသူများသာ လျှို့ဝှက်နက်နဲသော ကောင်းကင်တာအို၏ ပြန်လည်နိုးထလာမှုကို သတိပြုမိနိုင်မည် ဖြစ်သည်။ သူက တာအိုသက်သေပြနေသည့် အချိန်အခါတွင် ရှိနေသဖြင့် ကောင်းကင်နယ်ပယ်တစ်ပိုင်းဟု သတ်မှတ်၍ရနိုင်ကာ သဘာဝကျကျပင် အာရုံခံနိုင်နေသည်။

"ကောင်းကင်တာအိုမှာ တကယ်ပဲ ပြဿနာကြီးကြီးမားမား ရှိနေတာပဲ။ သူက နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေမှာ ရုန်းကန်နေရသလိုပဲ။ ကနဦးအနေနဲ့ နိုးလာပေမယ့် အပြည့်အဝတော့ မနိုးသေးဘူး။"

"အဲဒါကြောင့် အခုလက်ရှိ ကောင်းကင်တာအိုက ငါ့လို အပြောင်းအလဲကို တိုက်ရိုက်ဖယ်ရှားပစ်ဖို့ နည်းလမ်းမရှိလို့ တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခကို ဝင်ရောက်စွက်ဖက်တာပေါ့"

"တာအိုသက်သေပြကောင်းကင်ဘုံအတိဒုက္ခရဲ့ အခက်အခဲကို မြှင့်တင်ပြီးတော့ ငါ့ကို သတ်ပစ်ဖို့ မျှော်လင့်နေတာပဲ။"

အတွေးများ လည်ပတ်နေစဉ်မှာပင် ကိုးလွှာမြောက်ကောင်းကင်ဘုံအဆုံးရှိ တောင်ဘက် ကောင်းကင်တံခါးထဲမှ ကျောက်စိမ်းဖြူ လှေကားထစ်တစ်ခု ဆန့်ထွက်လာ၏။ လှေကားထစ်ပေါင်း (၉၉၉၉)ထစ် အတိအကျရှိပြီး မုန့်ချင်ကျိုး၏အရှေ့ တစ်မီတာပင်မပြည့်သော နေရာသို့ ကွက်တိရောက်ရှိလာသည်။ သေချာ ဂရုတစိုက် ကြည့်မည်ဆိုလျှင် ထိုတစ်မီတာမပြည့်သော အကွာအဝေးမှာ ၉၉စင်တီမီတာ အတိအကျဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။

(၉)ဆိုသည်မှာ အဆုံးစွန်ပင် ဖြစ်သည်။ မဟာတာအို(၅၀)တွင် တစ်ခုက လွတ်မြောက်သွားရာ ကောင်းကင်ဆင့်ကဲဖြစ်စဉ် (၄၉)ခေါ်ပြီး ကောင်းကင်တာအို၏ အခြေခံအကျဆုံးအုတ်မြစ်ကို လွှမ်းခြုံထား၏။

"ခေတ်အဆက်ဆက်မှာ ကောင်းကင်တာအိုကိုယ်တိုင်က ဆင်းသက်လာပြီးတော့ တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခကို ကြီးကြပ်ပေးရတဲ့ ပထမဆုံးကျင့်ကြံသူက ငါပဲ ဖြစ်လိမ့်မယ်။"

မုန့်ချင်ကျိုးက အခက်အခဲကြားမှ ပျော်ရွှင်မှုကို ရှာဖွေသည့်ဟန်ဖြင့် တွေးလိုက်ပြီး၊ ချက်ချင်းပင် တွေဝေမနေတော့ဘဲ ကျောက်စိမ်းဖြူလှေကားထစ်ပေါ်သို့ ခြေတစ်လှမ်း ချလိုက်သည်။

ဝုန်း။

သူက လှေကားထစ်ပေါ်သို့တက်လှမ်းလိုက်သည့် ထိုအခိုက်အတန့်မှာပင် ဟာလာဟင်းလင်းဖြစ်နေသော ကိုးလွှာမြောက်ကောင်းကင်ဘုံတွင် ရုတ်တရက် အလွန်အားကောင်းလှသော အရိပ်သဏ္ဌာန်များ တစ်ပါးပြီး တစ်ပါး ထွက်ပေါ်လာသည်။ သူတို့က ကြီးမားခမ်းနားပြီး မြင့်မြတ်လှသော်လည်း မည်သူမျှ လူပုံစံ မဟုတ်ကြဘဲ ထူးဆန်းသော ပုံပန်းသဏ္ဌာန်များ ရှိကြပြီး အရောင်အသွေး စုံလင်လှ၏။

မုန့်ချင်ကျိုး မမြင်ရသော်လည်း နတ်ဘုရားအာရုံ၏ စူးစမ်းရှာဖွေမှုအပေါ်တွင် အားကိုး၍ ထိုအထဲမှ အရိပ်အမြွက်အချို့ကို သုံးသပ်နိုင်ခဲ့သည်။

"လောကကြီး စတင်ဖြစ်တည်တဲ့ခေတ်က နတ်ဘုရားသုံးထောင်လား။"

"ပြောကြတာတော့ လောကကြီး စတင်ဖြစ်တည်တဲ့ခေတ်ကြီး နိဂုံးချုပ်သွားရတာ ကောင်းကင်တာအိုက ဝင်ပါခဲ့လို့ပဲတဲ့။ ကောင်းကင်ခုံရုံး ပြိုလဲပျက်စီးသွားပြီး နတ်ဘုရားသုံးထောင်လုံး သေဆုံးသွားခဲ့ရတယ်။ သူတို့သေဆုံးသွားပြီးနောက်မှာ ကောင်းကင်တာအိုက နတ်ဘုရားသုံးထောင်ရဲ့ မွေးရာပါ အာဏာတွေကို ရုပ်သိမ်းသွားခဲ့တယ်လို့ဆိုတယ်။"

"နတ်ဘုရားခေတ်က နတ်ဘုရားတွေဆိုတာ တကယ်တော့ အရည်အသွေးညံ့တဲ့ ပုံတူကူးပွားမှုတွေ သက်သက်ပါပဲ။ ကောင်းကင်တာအိုရဲ့အမိန့်ကိုနာခံဖို့၊ ကောင်းကင်တာအိုအပေါ် သစ္စာစောင့်သိဖို့အတွက်ပဲ ဖန်ဆင်းခံခဲ့ရတာ။ နတ်ဘုရားသုံးထောင်လို မောက်မာရိုင်းစိုင်းပြီး ကောင်းကင်တာအိုကို မထီမဲ့မြင်ပြုလို့ လုံးဝ မရဘူး။"

"ဒါပေမဲ့ အခု ငါ ရင်ဆိုင်ရမှာက လောကကြီး စတင်ဖြစ်တည်တဲ့ခေတ်က မဟာတာအို နတ်ဘုရား သုံးထောင်ပဲ။"

ကောင်းကင်တက်လှေကားပေါ်တွင် နင်းထားစဉ် မုန့်ချင်ကျိုး၏အရိုးအဆစ်များက တကျွတ်ကျွတ် မြည်နေပြီး ကြီးမားလှသောဖိအားကို ခံစားနေရသည်။

ပထမအဆင့် လှေကားထစ်က လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်း ကျင့်ကြံသူတစ်ယောက် အစွမ်းကုန် ပေါက်ကွဲထွက်လာသည့် ဖိအားနှင့် ညီမျှသည်။

ဒုတိယအဆင့်က နှစ်ယောက်စာနှင့် ညီမျှပြီး ထိုအတိုင်း ဆက်တိုက်တိုးလာသည်။

မည်သည့်စွမ်းရည်များကိုမှအသုံးပြု၍ ကိုယ်ခန္ဓာကို ကာကွယ်ရန်မလိုအပ်ဘဲ ရုပ်ခန္ဓာသက်သက်ဖြင့်ပင် သူသည် လှေကားထစ်ရာပေါင်းများစွာကို တစ်ဟုန်ထိုး လျင်မြန်စွာ တက်လှမ်းသွားခဲ့သည်။

...

...

"စစ်သည်တော်တွေက ခေါင်းမှာ ပိတ်ဖြူစည်းပြီးတော့ နယ်စပ်ကို လှမ်းကြည့်တဲ့အခါ အရှေ့မှာ လှံတွေ ဓားတွေက တောအုပ်လိုပဲ။ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေက တိမ်တိုက်ကြီးတစ်ခုလို ဖြစ်နေတယ်။ ငါ့ရဲ့ (၃)ပေရှည်တဲ့ဓားကို သွေးပြီးတော့ ကမ္ဘာတစ်သောင်းစာ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မယ်။"

အနက်ရောင်ဝတ်ရုံနှင့်လူငယ်က ရေဆန်ကိုဆန်တက်သွားကာ ပါးစပ်မှ မဟာကျင်းစစ်တပ်၏ စစ်သီချင်းကို သီဆိုနေသည်။ သံစဉ်က သာယာငြိမ့်ညောင်းပြီး ရဲရင့်ပြတ်သားကာ စည်းချက်က တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်လာသည်။

ဒေသကြီးနှစ်ခုလုံးရှိ သက်ရှိအားလုံးက ကောင်းကင်ကို မော့ကြည့်နေကြသည်။

ထိုကောင်းကင်ထိရောက်နေသော လှေကားထစ်ပေါ်တွင် အမည်းစက်လေးတစ်ခုက သီချင်းဆိုရင်း တဟုန်ထိုး တက်လှမ်းသွားနေသည်ကို ဝေဝါးဝါး မြင်တွေ့နေရသည်။

အမြင့်သို့ရောက်လေလေ လေပြင်းများက ပို၍တိုက်ခတ်လေလေဖြစ်ပြီး သူ၏ဝတ်ရုံအောက်နားစကို အနောက်ဘက်သို့ အလွန်ရှည်လျားစွာ လွင့်ခါသွားစေရာ မြေပြင်ပေါ်တွင် ဆွဲတိုက်နေသော ခြုံလွှာတစ်ခုနှင့် တူနေသည်။

ဤသို့ ပေါ့ပေါ့ပါးပါးလမ်းလျှောက်နေပုံ အနက်ရောင်ဝတ်ရုံက နဂါးဝတ်ရုံကဲ့သို့ အနောက်ဘက်သို့ မီတာအတော်များများ လွင့်နေပုံမှာ ရှင်ဘုရင်တစ်ပါး နန်းတက်နေသည်နှင့် တူလှ၏။

ဤမြင်ကွင်းက ရေတွက်မရနိုင်သော လူအများ၏ စိတ်နှလုံးကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေသည်။

"စစ်မီးခိုးငွေ့တွေ ထွက်ပေါ်လာပြီ။ ရှေးဟောင်းလမ်းမကြီးမှာ လူသူကင်းမဲ့သွားပြီ။ ဒါပေမဲ့ ပြိုကွဲနေတဲ့ တောင်တန်းနဲ့ မြစ်တွေကို ကြည့်လိုက်ဦး။ ပန်းတွေ ညှိုးနွမ်းသွားပြီ၊ သီချင်းလည်း အဆုံးသတ်သွားပြီ။"

သူက ရပ်တန့်မသွားဘဲ ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် သီဆိုန၏။

ပထမဆုံး (၁၁၁၁)ခုမြောက် လှေကားထစ်သို့ ရောက်ရှိချိန် လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်း ကျင့်ကြံသူထောင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာသော ဖိအားများ ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းဖိအားက အစားထိုး ဝင်ရောက်လာသည်။

ဆိုလိုသည်မှာ လှေကားထစ် (၁၁၁၁)ခုတိုင်းက အဆင့်တစ်ဆင့်ဖြစ်ပြီး စုစုပေါင်း အဆင့်(၉)ဆင့် ခွဲခြားထားကာ အတိအကျပင် (၉၉၉၉)ထစ် ဖြစ်သည်။

ပထမအဆင့်က လရောင်ထွန်းလင်းနယ်ပယ်၊ ဒုတိယအဆင့်က နံနက်ခင်းအလင်းနယ်ပယ်...

ဒါဆိုရင် (၄)ထစ်မြောက်၊ (၅)ထစ်မြောက်ကို ရောက်တဲ့အခါ ကောင်းကင်ထောက်တိုင်နယ်ပယ် ဒါမှမဟုတ် ကောင်းကင်နယ်ပယ် စွမ်းအားရှင်ထောင်ပေါင်းများစွာရဲ့ ဖိအားကို ရင်ဆိုင်ရတော့မှာလား။

မုန့်ချင်ကျိုး၏ရုပ်ခန္ဓာက ဝန်ထုပ်ဝန်ပိုးကို မခံနိုင်တော့သည့်အလား ကျွတ်ကျွတ်သံများ ထွက်ပေါ်လာပြီး အရိုးများက တစ်လက်မချင်းစီ ကွဲအက်သွားကာ အသားနှင့်သွေးများက အကြိမ်ကြိမ် ကြိတ်ချေခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသည်။

"ဒါက ငါ့ကို အသေသတ်ဖို့ သံမဏိလို ခိုင်မာတဲ့ဆုံးဖြတ်ချက် ချထားတာပဲ"

"အသိစိတ် နည်းနည်းလေးပဲ နိုးလာသေးတဲ့ ကောင်းကင်တာအိုက ငါ့ရဲ့သွေးတွေကို ကောင်းကင်တက် လှေကားထစ်ပေါ်မှာ စွန်းထင်းသွားအောင် လုပ်နိုင်မယ်ဆိုတာ ငါ မယုံဘူး။"

"လာစမ်ပါ။။"

ကောင်းကင်သို့ တက်လှမ်းရာ လမ်းခရီးတွင်။

မုန့်ချင်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် လှေကားထစ်များကို တက်လှမ်းနေရင်း တစ်ဖက်မှလည်း အချိန်-နေရာလွတ် မဟာတာအိုကို အသုံးပြု၍ ညစ်ရန် ကြိုးစားနေသည်။

ထို့နောက်တွင်တော့ ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။

သူက လှေကားတစ်ထစ်ကို ကျော်ဖြတ်သွားတိုင်း သမိုင်းဝင် ပုံရိပ်ယောင်တစ်ခု ကျန်ရစ်ခဲ့သည်။ ထိုပုံရိပ်ယောင်က ခြေလှမ်းလှမ်းနေသည့် ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားသော်လည်း ထိုနေရာမှာပင် ရပ်တန့်နေပြီး အချိန်-နေရာလွတ် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။

(၂၂၂၂)ထစ်မြောက် လှေကားထစ်သို့ ရောက်သောအခါ၊ သူ ရပ်တန့်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်လေးမျှပင် မရှိဘဲ ပေါ့ပေါ့ပါးပါးနှင့် သက်သောင့်သက်သာဖြစ်နေကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"တကယ် ဟာကွက် ရှိနေတာပဲ"

"ဖိအားတွေ စုပုံလာရတဲ့ အကြောင်းရင်းက ခြေအောက်က ကျောက်စိမ်းဖြူလှေကားထစ်ဆီက လာတာ။ ငါ လှေကားတစ် တစ်ထစ်ကို ကျော်သွားလိုက်တိုင်း အဲဒီဖိအားတွေက ငါ့ကို ဆက်ပြီး ပစ်မှတ်ထားနေတာပဲ။ ငါ ကျော်ဖြတ်သွားတဲ့နေရာမှာ ပုံရိပ်ယောင်လေးချန်ထားခဲ့ဖို့ပဲ လိုတယ်။ လှေကားထစ်ပေါ်က ဖိအားတွေက အဲဒီပုံရိပ်ယောင်ကိုပဲ အမြဲတမ်း ပစ်မှတ်ထားနေတော့မှာ။ ဒါက သတ်မှတ်ချက် အမှားအယွင်း ဖြစ်သွားတာပဲ။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ် ထွက်သွားပြီဆိုတာကို လုံးဝ မသိဘူး။"

ရိုးရိုးလေးပြောရလျှင်။

ဤကောင်းကင်တက်လှေကားထစ်ရှိ လှေကားထစ်ပေါင်း (၉၀၀၀)ကျော်ဆိုသည်မှာ ဆော့ကစားရသော သစ်သားတုံးလေး (၉၀၀၀)ကျော်နှင့် ညီမျှသည်။ တစ်ကြိမ် ဖြတ်လျှောက်သွားသည်နှင့် ထိုသစ်သားတုံးများက သင့်အပေါ်တွင် အလိုအလျောက် စုပုံလာပြီး ရွှေတုံးငွေတုံးများ ထပ်ထားသကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။

ပုံရိပ်ယောင် ချန်ထားခဲ့ခြင်းက ကောင်းကင်တက်လှေကားထစ်၏ သတ်မှတ်ချက်ကို အနှောင့်အယှက် ပေးရန် ဖြစ်သည်။ အဆင့်တိုင်းရှိ သစ်သားတုံးများက ဖြတ်သန်းသူသည် မူလနေရာတွင် ရှိနေဆဲဟု မှားယွင်းစွာ ထင်မှတ်သွားပြီး「သစ်သားတုံး」များသည် ပုံရိပ်ယောင်၏အပေါ်တွင်သာ အမြဲတမ်ပင် ဖိထားမည်ဖြစ်ကာ မုန့်ချင်ကျိုး၏ ခန္ဓာကိုယ်အစစ်ပေါ်တွင် လုံးဝစုပုံလာခြင်း မရှိပေ။

(၃၃၃၄)ခုမြောက် လှေကားထစ်သို့ ရောက်သောအခါ ဖိအားက ကောင်းကင်ထောက်တိုင်နယ်ပယ် အစောပိုင်းသို့ အဆင့်တက်သွားသည်။

ထိုနောက်ပိုင်းတွင်တော့ အဆင့်က ထပ်မံတက်တော့မည် မဟုတ်ပေ။

အနောက်ဘက်သို့ ဆက်သွားလျှင် အဆက်မပြတ် စုပုံလာရုံသာ ရှိတော့မည်။ အကယ်၍ ရိုးရိုးသားသား ခေါင်းငုံ့ပြီး တစ်လျှောက်လုံး အကြမ်းပတမ်း တက်သွားမည်ဆိုလျှင် ကောင်းကင်ထောက်တိုင်နယ်ပယ်ဖိအား (၆၀၀၀)ကျော်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြမည့် ကျင့်ကြံသူကို အသာထား။ ကောင်းကင်နယ်ပယ် အစစ်အမှန် ကျင့်ကြံသူတစ်ယောက် လာလျှောက်မည်ဆိုလျှင်ပင် မသေသည့်တိုင် အရေခွံတစ်လွှာတော့ အခွာခံရပေလိမ့်မည်။

"မိုးဖွဲဖွဲလေး ရွာသွန်းနေတယ်။ သက်တမ်းတိုတဲ့ ပိုးကောင်လေးတချို့ ရေနစ်သေဆုံးသွားတယ်။ ဘယ်သူကမှ သေဆုံးကြောင်းကြေညာမှာ မဟုတ်သလို သင်္ချိုင်းဂူရှေ့မှာ ငိုမယ့်သူလည်း မရှိဘူး။ ဆူဖြိုးတဲ့မြင်း၊ ပေါ့ပါးတဲ့သားမွေးအင်္ကျီနဲ့လူတွေက ရှေ့ကနေ လျှောက်သွားတာကိုပဲ မြင်ရတယ်။ မြင်းခွာအောက်က မိုးရေထဲမှာ ပိုးကောင်လေး နည်းနည်း ရှိနေတယ်။ မြင်းပေါ်က လူတစ်ယောက်က ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်တော့ အရိပ်ကိုမြင်ပြီး ဟောင်တဲ့အသံတွေက ထိုင်ခုံအောက်က ခွေးဆီက ထွက်လာတယ်။"

အနက်ရောင်ဝတ်ရုံနှင့် လူငယ်က တစ်လှမ်းလှမ်းတိုင်း ပုံရိပ်တစ်ခု ချန်ထားခဲ့သည်။ လှေကားထစ် ထောင်ပေါင်းများစွာတွင် ပုံရိပ်ယောင်ထောင်ပေါင်းများစွာ ရှိနေပြီး အားလုံးက ခြေလှမ်းလှမ်းနေသည့် ကိုယ်ဟန် အနေအထားဖြင့် မူလနေရာတွင် ရပ်တန့်နေကြသည်။

(၉၉၉၉)ခုမြောက် လှေကားထစ်၏ အထွတ်အထိပ်သို့ ခြေချလိုက်သည့် အချိန်အထိပင်။

မုန့်ချင်ကျိုးက သက်သောင့်သက်သာဖြင့် ပြုံးလိုက်သည်။

သူ၏အနောက်ဘက်ရှိ ရေတွက်၍မရနိုင်သော ပုံရိပ်ယောင်များက အောက်မှနေ၍ အပေါ်သို့ တစ်ခုပြီး တစ်ခု ပျောက်ကွယ်သွားပြီး နောက်တွင် ကောင်းကင်တက် လှေကားထစ်ကြီးလည်း ပျက်စီးသွားတော့သည်။

"တာအိုသက်သေပြမယ့်သူက တောင်ဘက်ကောင်းကင်တံခါး အပြင်ဘက်မှာ သုံးကြိမ်ဦးညွှတ်မှ အစစ်အမှန်တာအိုသက်သေပြ အတိဒုက္ခကို ဖွင့်လှစ်နိုင်မယ်။"

ဟင်းလင်းပြင်မှ အသံတစ်သံ ထွက်ပေါ်လာပြီး စကြဝဠာတစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။

"ကျင့်ကြံခြင်းဆိုတာ ရေဆန်ကိုလှေလှော်ရသလိုပဲ၊ ကောင်းကင်ကြီးနဲ့အသက်ကို လုနေရတာ။ ငါ့ကို ဒူးထောက်ကန်တော့ခိုင်းဖို့ကတော့ အိပ်မက်မက်နေလိုက်။" မုန့်ချင်ကျိုးက ခါးကိုဆန့်မတ်ထားပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။

သူက တောင်ဘက်ကောင်းကင်တံခါး အပြင်ဘက်တွင် ရပ်နေပြီးနောက် ပြောပြီးသည်နှင့် ချက်ချင်း ခြေလှမ်းလှမ်းကာ အထဲသို့ ဝင်သွားလိုက်သည်။

"တာအိုသက်သေပြမယ့်သူ။ တောင်ဘက်ကောင်းကင်တံခါးအပြင်ဘက်မှာ သုံးကြိမ်ဦးညွှတ်မှသာ အစစ်အမှန်တာအိုသက်သေပြ အတိဒုက္ခကို ဖွင့်လှစ်နိုင်မယ်။"

ထိုအသံက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာသော်လည်း၊ ဤတစ်ကြိမ်တွင်တော့ အနည်းငယ်ပို၍ တင်းကျပ်ပြင်းထန်လာသကဲ့သို့ ခံစားရသည်။

"မင်းအမေကိုပဲ သွားကန်တော့လိုက်။"

မုန့်ချင်ကျိုးက ပုစဉ်းရင်ကွဲတေးသံဓားကို ထုတ်ယူကာ ကန့်လန့်ဖြတ် တစ်ချက်ခုတ်ချလိုက်ရာ တောင်ဘက်ကောင်းကင်တံခါး၏ မုခ်ဦးကြီးကို အပိုင်းနှစ်ပိုင်း တိတိကျကျ ပြတ်တောက်သွားစေသည်။

ဂွမ်း...

ဝုန်း။

တောင်ဘက်ကောင်းကင်တံခါးကြီးက ပြိုကျသွားပြီး ထိုအချိန်မှာပင် အေးစက်နေသော အသံကြီးက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။

"တာအိုသက်သေပြသူ မုန့်ချင်ကျိုး၊ စည်းကမ်းမလိုက်နာဘဲ ကောင်းကင်အာဏာကို စော်ကားမော်ကား လုပ်တဲ့အတွက် ခွင့်လွှတ်ပေးလို့မရတဲ့ ပြစ်ဒဏ်ကို ခံရမယ်။"

"နတ်ဘုရား တာအိုမုဆိုး... အပြစ်သား မုန့်ချင်ကျိုးကို ဖမ်းဆီးပြီး လင်းရှောင်နန်းတော်ဆီကို ခေါ်ဆောင်လာခဲ့။"

...

All Chapters