← Chapters

အခန်း ၃၇၃

Vol. 26 Ch. 373

အခန်း ၃၇၃

Vol. 26 Ch. 373

အပိုင်း(၃၇၃) အချိန်-နေရာလွတ်စင်္ကြံ၊ ဘေးအန္တရာယ်က ဘယ်ကနေလာတာလဲ

မျက်မှောက်လောက။

နယ်မြေနှစ်ခုမှ သတ္တဝါအပေါင်းတို့သည် ကောင်းကင်ကို ကြောင်တောင်တောင်ဖြင့် မော့ကြည့်နေကြပြီး အနက်ရောင်ဝတ်ရုံနှင့်လူငယ် တောင်ဘက်ကောင်းကင်တံခါးထဲသို့ ဝင်ရောက်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေခဲ့ကြသည်။ ထို့နောက်တွင်တော့ ကောင်းကင်ဘုံကိုးထပ်သည် လေထဲတွင် ပျောက်ကွယ်သွားပြီး ကောင်းကင်ခုံရုံး အဆောက်အအုံများကလည်း အချိန်-နေရာလွတ် စင်္ကြံတစ်ခု၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခသည်လည်း ဤအတိုင်း ပျောက်ကွယ်သွားပြီးနောက် မဟာကျင်းဧကရာဇ်လည်း ကောင်းကင်ဘုံကြီးနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

"ဧကရာဇ်ကော ဘယ်ရောက်သွားလဲ။ သူ တာအိုသက်သေပြတာ ကျရှုံးသွားတာများလား။"

"ခေတ်သစ်သမိုင်းရဲ့ ပထမဆုံးသော တာအိုသက်သေပြသူ။ ခေတ်အဆက်ဆက်မှာ တစ်ဦးတည်းသော အချိန်-နေရာလွတ် တာအိုနိယာမကျင့်ကြံသူ၊ သူကလည်း တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခ အောက်မှာပဲ ကျဆုံးသွားရတာလား။"

နက္ခတ်ဗေဒင်ဆရာများ တွက်ချက်ကြည့်ရှုသောအခါ ဧကရာဇ်၏ကံကြမ္မာကြယ်က မှေးမှိန်နေကြောင်းး တွေ့လိုက်ရသည်။ ထွက်လာသောအဖြေက စကားစုတစ်စုတည်းပင်။

သူ မျက်မှောက်လောကမှာ မရှိတော့ဘူး။

"ဒီစကားက ဘာအဓိပ္ပာယ်လဲ။ မျက်မှောက်လောကမှာ မရှိတော့ဘူးဆိုတာက သေဆုံးသွားပြီလို့ ပြောတာလား။"

ဒေသကြီးနှစ်ခုလုံးတွင် ဂယက်ကြီးစွာ ရိုက်ခတ်သွားသည်။ ဤသို့အရေးကြီးသော အချိန်အခါမျိုးတွင်မှ ခေတ်သစ်သမိုင်းတစ်လျှောက် မနည်းပေါ်ထွက်လာရသည့် ပထမဆုံးသော တာအိုသက်သေပြသူက ဤကဲ့သို့ အလွယ်တကူ ပျောက်ကွယ်သွားရသည်ကို ရန်သူရော မိတ်ဆွေပါ မည်သူကမျှ လက်မခံနိုင်ကြပေ။

မဟာကျင်းဧကရာဇ်နန်းတော်။

ပစ္စုပ္ပန်ကျေးရွာ။

တုန်းဖန်လျူလီက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဝန်ကြီးများ၏ တားဆီးမှုများကို ဂရုမစိုက်တော့ဘဲ ကောင်းကင်သို့တက်လှမ်းကာ ယခုလေးတင် အတိဒုက္ခဖြတ်ကျော်သွားသည့် နေရာဆီသို့ လိုက်လံစုံစမ်းရန် ထွက်ခွာသွားသည်။

နောက်ပိုင်း ရက်အနည်းငယ်အတွင်း ဧကရီသည် ထိုဟင်းလင်းပြင်နေရာတစ်ဝိုက်တွင် အဆက်မပြတ် လှည့်လည်နေခဲ့သော်လည်း ဧကရာဇ်၏အရိပ်အယောင်လေးကိုမျှ ရှာမတွေ့ခဲ့ပေ။ သူ ချန်ထားရစ်ခဲ့သည့် ဓားအဆောင်လေးကို ချေမွလိုက်သည့်တိုင် မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာခဲ့ချေ။

သတ္တမမြောက်နေ့သို့ ရောက်သောအခါတွင် နတ်ဘုရားများက ဘာအကြောင်းကြောင့်မှန်းမသိဘဲ ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမသို့ တိတ်တဆိတ် ဆုတ်ခွာသွားကြပြီး ထွက်ခွာသွားချိန်တွင် ဤသို့ ရှင်းလင်းစွာ ပြောကြားခဲ့သည်။

"ဒီတာအိုသက်သေပြကောင်းကင်ဘုံအတိဒုက္ခကို ကောင်းကင်တာအိုကိုယ်တိုင်က ဆင်းသက်ပြီးတော့ ဝင်ရောက်စွက်ဖက်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကောင်းကင်တာအိုရဲ့ နိုးထလာတဲ့အသိစိတ်လေးတစ်ခုဟာ ပြင်ပစွမ်းအားတစ်ခုခုကြောင့် ပြန်အိပ်မောကျသွားတဲ့ အခြေအနေကို ဆွဲခေါ်ခံလိုက်ရပြန်ပြီ။"

ဤစကားများက အဓိကသတင်းတစ်ခုကို ထုတ်ဖော်ပြသနေသည်။

တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခမှာ အဆုံးသတ်သွားပြီဖြစ်ပြီး မဟာကျင်းဧကရာဇ် သေဆုံးသွားရန် ရာခိုင်နှုန်း အလွန်များနေပြီ ဖြစ်သည်။

...

...

အမည်မသိ နေရာတစ်နေရာတွင်။

ဟင်းလင်းပြင်မျက်နှာက အဘိုးအိုတစ်ဦးနှင့် တွေ့ဆုံနေ၏။ ထိုအဘိုးအိုမှာ ကောင်းကင်ကြည့်ဆောင်၏ ဒုတိယနန်းဆောင်သခင်ပင်။

"ဂိုဏ်းချုပ်၊ အချိန်-နေရာလွတ်ဓားသူတော်စင် သေဆုံးသွားပြီလို့ ယူဆရတယ်။ မဟာကျင်းတိုင်းပြည်ကို ဖျက်ဆီးပြီးတော့ လူသားဧကရာဇ်ရာထူးနေရာအတွက် လူသစ်ပြန်ရွေးဖို့ လိုအပ်ပါလား။" အဘိုးအိုက ရိုသေလေးစားစွာဖြင့် မေးလိုက်သည်။

ဟင်းလင်းပြင်မျက်နှာက အနည်းငယ် မတည်မငြိမ်ဖြစ်နေပုံရပြီး ခံစားချက်ကို အကဲခတ်၍ မရနိုင်သော လေသံဖြင့် ပြောလိုက်သည် ။

"အစီအစဉ်တွေ အားလုံးကို ခဏရပ်ထားပြီး ဆက်စောင့်နေ။ အချိန်-နေရာလွတ် ဓားသူတော်စင်က ဒီလောက်လွယ်လွယ်နဲ့ သေသွားမယ်ဆိုတာကို ငါမယုံဘူး။ သူ ပြန်ပေါ်လာတဲ့အချိန်အထိ စောင့်နေမှပဲ အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်လို့ရမယ်။"

ထိုစကားကို ကြားသောအခါ အဘိုးအိုက မျက်မှောင်ကြုတ်ကာ သံသယဖြင့် မေးလိုက်သည်။

"တကယ်လို့ အချိန်-နေရာလွတ် ဓားသူတော်စင် ပြန်မလာနိုင်တော့ဘူးဆိုရင်ကော။"

ဟင်းလင်းပြင်မျက်နှာ၏ မျက်ဝန်းများက အေးစက်သွားပြီး ပြောလိုက်သည်။ "ဒါဆိုရင်လည်း ဆက်ပြီး ပုန်းအောင်းနေပြီးတော့ နောက်ထပ် ရွှေရောင်လွှမ်းမယ့်ခေတ်တစ်ခုကို စောင့်ရမှာပေါ။။"

ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးအို၏မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်များကို ချက်ချင်း တွေးမိသွားကာ အသံထွက်၍ပင် ပြောလိုက်မိသည်။

"ဒါဆို အချိန်-နေရာလွတ် ဓားသူတော်စင်က ကောင်းကင်ကြည့်ဆောင်က အစီအစဉ်တွေအားလုံးရဲ့ အဓိကအသက်သွေးကြောလား။"

အဘိုးအို၏အမေးကို ဟင်းလင်းပြင်မျက်နှာက မည်သည့်အဖြေမျှမပေးဘဲ အလိုလို ပျောက်ကွယ်၍ သွားတော့သည်။

...

...

ကောင်းကင်ယံတွင်။

တုန်းဖန်လျူလီ၏ မျက်ဝန်းများက တဖြည်းဖြည်းနှင့် အစွဲအလမ်းကြီးပြီး ရူးသွပ်လာကာ တစ်ချိန်က အာဏာရှင်ဆန်ပြီး ရက်စက်ကြမ်းကြုတ်လှသော ဧကရီ ပြန်လည်ရောက်ရှိလာသကဲ့သို့ ဖြစ်နေသည်။ သူ၏ မျက်လုံးများက နီရဲနေပြီး ကောင်းကင်ကြီးကို စိုက်ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်နေသည်။

"ကောင်းကင်တာအိုက တကယ်တမ်း ဝင်ရောက်စွက်ဖက်ခဲ့တာပဲ..."

"ကောင်းကင်တာအို..."

"ကျွန်မက ရှင့်ရဲ့ရွေးချယ်မှုနဲ့ လူသားဧကရာဇ် ဆက်ခံသူ ဖြစ်လာရတယ်။ ဒါပေမဲ့ ရှင်က ကျွန်မကို ဒုက္ခပေး..."

"မဟုတ်ဘူး။ ဧကရာဇ် မသေသေးဘူး။ သူ သေချာပေါက် ပြန်လာဦးမှာ။"

တုန်းဖန်လျူလီက အတွင်းစကြဝဠာအုတ်မြစ်ကို ဖျက်ဆီးပြီး တောရိုင်းမြေ၏ကံကြမ္မာကို ဆွဲထုတ်ပစ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ထိုသို့ကြိုးစားတိုင်း တဖြည်းဖြည်း ဖောင်းမို့လာသော ဝမ်းဗိုက်ကလေးက မိခင်မေတ္တာကို ပြန်လည်နိုးကြားလာစေပြီး သူ၏အကြည့်များက ပြန်လည်နူးညံ့သွားရသည်။

ဤအချိန်တွင် အတွင်းစကြဝဠာအုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်ပါက လူသားဧကရာဇ်ဆက်ခံသူ အဆင့်ကို ဖျက်သိမ်းနိုင်ပြီး ကောင်းကင်တာအို၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း၊ ဝမ်းဗိုက်ထဲမှ ကလေးလေးကိုတော့ ကယ်တင်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

"ချင်ကျိုး၊ ရှင် ပြန်လာမယ့်အချိန်ကို ကျွန်မစောင့်နေမယ်။"

"ဘယ်လောက်ပဲကြာကြာ၊ ကျွန်မနဲ့အန်းအန်းက အိမ်ကနေ ရှင် ပြန်လာမယ့်အချိန်ကို စောင့်နေမယ်။"

...

...

ရှေးဟောင်း ကောင်းကင်ခုံရုံး။

မုန့်ချင်ကျိုးက ဝေဝေဝါးဝါး ဖြစ်နေဆဲဖြစ်ပြီးနောက် စကားပြောရန်ပင် ဆွံ့အလျက် အတွေးများက အခြေအနေကို လိုက်မမီနိုင်အောင် ဖြစ်နေသည်။

တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခကော ဘယ်ရောက်သွားပြီလဲ။

လင်းရှောင်နန်းတော်ထဲသို့ ဝင်ရောက်လာပြီးကတည်းက ကောင်းကင်နှင့်မြေကြီးအနှံ့ ဖုံးလွှမ်းနေသော ပျက်စီးခြင်းအတိဒုက္ခအငွေ့အသက်များက ချက်ချင်းဆိုသလို လုံးဝပျောက်ကွယ်သွားခဲ့သည်။

တိုးတက်မှုအတန်းက အစောကြီးကတည်းက ပြည့်နေပြီးတော့ ၆၀၀%အထိတောင် ရောက်နေပြီလေ။ ဒါပေမဲ့ တာအိုသက်သေပြကောင်းကင်ဘုံအတိဒုက္ခကြီးက ဒီလိုလွယ်လွယ်နဲ့ ပျောက်ကွယ်သွားတယ်ပေါ့။

နောက်ထပ် ဘာဆက်လုပ်ရမလဲ။

မသိတော့ဘူး...

[တွီ။ လက်ခံသူ ပိုင်ဆိုင်ထားသော အချိန်-နေရာလွတ်စင်္ကြံ အလိုအလျောက် ပွင့်သွားသည်ကို ထောက်လှမ်းတွေ့ရှိရပါသည်။ သေစေနိုင်သောတိုက်ခိုက်မှုတစ်ခုကို ကာကွယ်ပေးလိုက်ပြီးဖြစ်၍ ၎င်းကို အသုံးပြုပြီးသွားပါပြီ]

[လက်ရှိမြင်တွေ့နေရသော အချိန်-နေရာလွတ်မှာ လောကကြီးစတင်ဖြစ်တည်သောခေတ် ဖြစ်သည်]

ရုတ်တရက် စနစ်၏သတိပေးသံက နားထဲတွင် ထွက်ပေါ်လာသည်။

မုန့်ချင်ကျိုးက မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။

အချိန်-နေရာလွတ်စင်္ကြံတဲ့လား…

တော်တော်လေးကို ကြာမြင့်နေပြီဖြစ်တဲ့ မှတ်ဉာဏ်ပဲ။ ကံကြမ္မာရွေးချယ်ခံ အဓိကဇာတ်ဆောင် ကျောက်ကော်ဆီကနေ အလကားရလာတဲ့ ပစ္စည်းလေးပဲ။ ဒီလောက်တောင် အရေးကြီးတဲ့အချိန်မျိုးကျမှ အသုံးပြုလိုက်ရလိမ့်မယ်လို့ မထင်ထားမိဘူး။

ဒါဆို ဒီနေရာက ကောင်းကင်တာအို ဖန်ဆင်းထားတဲ့ တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခ မဟုတ်ဘဲနဲ့ တကယ့် ရှေးဟောင်းကောင်းကင်ခုံရုံးကြီး ဖြစ်နေတာပေါ့။

စက္ကန့်အနည်းငယ်အတွင်းမှာပင် မုန့်ချင်ကျိုး၏စိတ်ထဲတွင် အတွေးပေါင်းများစွာသည် လျင်မြန်စွာ ပြောင်းလဲသွားပြီးနောက် မည်သည့်အချိန်က သေစေနိုင်လောက်သော တိုက်ခိုက်မှုကို ခံလိုက်ရသနည်း ဆိုသည်ကို ပြန်လည် စဉ်းစားကြည့်တော့သည်။

တဖြည်းဖြည်းနှင့်။

နောက်ဆုံးတွင်တော့ သူ သဲလွန်စတစ်ခုကို ရှာတွေ့သွား၏။

တောင်ဘက်ကောင်းကင်တံခါးရှေ့တွင် သုံးကြိမ်ကန်တော့ရန် အမိန့်ပေးခံရစဉ်က ပထမအကြိမ် အမိန့်ပေးခြင်းနှင့် ဒုတိယအကြိမ် ထပ်မံပြောဆိုခြင်းတို့ကြားတွင် လေသံက သိသိသာသာ ကွဲပြားသွားခဲ့သည်။ ပထမအကြိမ်က စက်ရုပ်တစ်ရုပ်လို အေးစက်စက်နှင့် မည်သည့်ခံစားချက်မျှ မပါဝင်သော်လည်း ဒုတိယအကြိမ် တွင်တော့ ထင်ရှားသောခံစားချက်တစ်ခု ပါဝင်နေခဲ့သည်။

ဤအချက်အရ ပထမအကြိမ် တောင်ဘက်ကောင်းကင်တံခါးအပြင်ဘက်တွင် သုံးကြိမ်ဦးညွှတ်ရန် အမိန့်ပေးစဉ်က သူသည် စည်းမျဉ်းအရ မဖြစ်မနေ ဒူးထောက်ကန်တော့ခဲ့ရမည် ဖြစ်သည်။ သို့မဟုတ်ပါက အဆုံးသတ်မှာ သေခြင်းတရားသာ။ ကောင်းကင်တာအိုက ဤဟာကွက်ကို အသုံးချကာ တာအိုသက်သေပြသူမှာ အတိဒုက္ခဖြတ်ကျော်ခြင်းကျရှုံးသွားသည်ဟု သတ်မှတ်ပြီးနောက် ထိုအကြောင်းပြချက်ဖြင့် တိုက်ရိုက်ပင် သတ်ဖြတ်ပစ်နိုင်လေသည်။

အကြောင်းတိုက်ဆိုင်စွာပင် ထိုအချိန်က အထူးအခြေအနေတစ်ခုတွင် ရှိနေခဲ့ပြီး ကောင်းကင်တာအိုက ရှေးဟောင်းကောင်းကင်ခုံရုံး၏ အငွေ့အသက်အချို့ကို ပုံတူကူးချထားခဲ့၍ပင်။ အချိန်-နေရာလွတ်စင်္ကြံကို သွားရောက် နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားကာ သေလုမျောပါးအခြေအနေတွင် သူ့ကို လောကကြီး စတင်ဖြစ်တည်သောခေတ်ဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ်ထပ်မံ၍ သူ့ကို ကန်တော့ခိုင်းခြင်းကသာ တကယ့်ကောင်းကင်ခုံရုံး၏ အမိန့်အစစ်အမှန် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် မုန့်ချင်ကျိုးက အခြေအနေကို နားမလည်လိုက်ဘဲ တိုက်ရိုက်ပင် အမိန့်ကို ဖီဆန်ခဲ့ပြီး ဓားတစ်ချက်တည်းဖြင့် တောင်ဘက်ကောင်းကင်တံခါးကို ခုတ်ဖြတ်ပစ်လိုက်သည်။

"လခွမ်းတဲ့မှ။ တော်သေးတာပေါ့။"

"ရှေးဟောင်းနတ်ဘုရားသုံးထောင်က သဘောထားသေးသိမ်တဲ့သူတွေ၊ လုံအောက်ထျန်း ဇာတ်လမ်းတွေထဲကလို ဦးနှောက်မရှိတဲ့လူဆိုးတွေမဟုတ်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ပြဿနာပဲ။"

သူက စိတ်ထဲ တိတ်တဆိတ်လန့်သွားသော်လည်း မျက်နှာပေါ်တွင်တော့ မည်သည့်အမူအရာမျှ မပြပေ။

"အဲဒီအခွင့်အရေးကောင်းဆိုတာက ဘာလဲဆိုတာ ပြောပြလို့ရမလား။" မုန့်ချင်ကျိုးက မောက်မာခြင်းမရှိ၊ နှိမ့်ချခြင်းမရှိသော သဘောထားဖြင့် မေးလိုက်သည်။

မဟာတာအိုနတ်ဘုရားသုံးထောင်သည် သူ၏သဘောထားကို ဂရုမစိုက်ကြသလို လေးစားမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပုရွက်ဆိတ်တစ်ကောင်က နတ်ဘုရားကို ဘာကြောင့် ဈေးဆစ်ရဲသနည်း ဆိုသည်ကိုလည်း ဂရုမစိုက်ကြပေ။ သူတို့က အမြင့်မြတ်ဆုံး အရှင်သခင်များကဲ့သို့ဖြစ်ပြီး တစ်ဖက်လူက တောင်ဘက်ကောင်းကင်တံခါးကို ချိုးဖျက်လိုက်လျှင်တောင်မှ မည်သူမျှ ဒေါသမထွက်ကြပေ။

သူတို့ရှေ့ရှိ ဤလူသား၏ကျင့်ကြံမှုအဆင့် မည်မျှပင် ရှိနေပါစေ အဆုံးတွင်တော့ နိမ့်ကျလှသော လူသားတစ်ဦးသာ ဖြစ်သည်။ သူတို့က မဟာတာအိုနှင့်အတူ ယှဉ်တွဲမွေးဖွားလာသော မွေးရာပါနတ်ဘုရားနှင့် မိစ္ဆာများ ဖြစ်ကြသည်။ မဟာတာအိုသုံးထောင်၏အာဏာကို ချုပ်ကိုင်ထားပြီး မည်သည့်ရှုထောင့်မှကြည့်ကြည့် နဂါးကြီးနှင့် ပုရွက်ဆိတ်လေးလို ကွာခြားလွန်းလှ၏။

ထို့အပြင်။

ကောင်းကင်ဘုံရှိ နတ်ဘုရားသုံးထောင်၏ မူလအမြင်တွင် သတ္တဝါများ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ကောင်းကင်ခုံရုံးသို့ ဝင်ရောက်ခွင့်ရရှိပြီး ကောင်းကင်ဘုံ၏လက်အောက်ခံဖြစ်လာရန်သာ ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ဤလူသည် မည်သို့ပင် ဖြစ်နေပါစေ သူတို့၏ ပိုင်ဆိုင်မှုတစ်ခုသာ ဖြစ်လာမည် ဖြစ်သည်။

လက်ရှိတွင် မဟာတာအို နတ်ဘုရားသုံးထောင်က မည်သည့်အမြင်မှ ထုတ်ဖော်၍ မပြောသော်လည်း၊ အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို ကောင်းကင်ဘုံ၏ ပိုင်ဆိုင်မှုအဖြစ် အလိုအလျောက် သတ်မှတ်လိုက်ပြီး ဖြစ်သည်။

ရာဇပလ္လင်ပေါ်ရှိ မျက်လုံးက အသံထွက်လာသည်။

"ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြတဲ့ အမှန်ကန်ဆုံးနည်းလမ်း။"

ဤသည်မှာ သူ အရင်ကပြောခဲ့သော အခွင့်အရေးကောင်းပင်။

မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "ကျုပ်လျှောက်ခဲ့တဲ့လမ်းက မှားနေလို့လား။"

မျက်လုံးက ပြောသည်။ "ဒါပေါ့။"

"ပြီးတော့လည်း တော်တော်လေးကို မှားယွင်းနေတာ။ သေစေနိုင်တဲ့ အပြစ်အနာအဆာတစ်ခုတောင် ရှိနေတယ်။ ငါ့ရဲ့ မေးခွန်းကိုသာ ဖြေပါ။ မင်းရဲ့ အမှားကို ပြင်ဆင်ပေးပြီးတော့ အစစ်အမှန် ကောင်းကင်တာအို ဆိုတာ ဘာလဲဆိုတာကို ပြောပြမယ်။"

ဤနေရာသို့ ရောက်သောအခါ မျက်လုံးက စကားလမ်းကြောင်း လွှဲလိုက်သည်။

"ကြည့်ရတာ နှောင်းခေတ်မှာ ကောင်းကင်ခုံရုံး မရှိတော့တဲ့အပြင် တန်ခိုးရှင်အစစ်အမှန်တွေလည်း သနားစရာကောင်းလောက်အောင် နည်းပါးနေပုံပဲ။ အဲဒါကြောင့် အမွေအနှစ် လက်ဆင့်ကမ်းမှုတွေ ပြတ်တောက်သွားတာ ဖြစ်မယ်။ မဟုတ်ရင် အချိန်-နေရာလွတ် မဟာတာအို ကျင့်ကြံတဲ့သူတစ်ယောက်ကို အကန်းတစ်ယောက်လို စမ်းတဝါးဝါး လျှောက်ခိုင်းပြီးတော့ မှားယွင်းတဲ့နည်းလမ်းနဲ့ တာအိုသက်သေပြလုနီးပါး ဖြစ်တဲ့အထိ လွှတ်ထားမှာ မဟုတ်ဘူး။"

"မင်း တောင်ဘက်ကောင်းကင်တံခါးကို ဖျက်ဆီးလိုက်ပြီးတော့ တာအိုသက်သေပြ ကောင်းကင်ဘုံ အတိဒုက္ခကို ရပ်တန့်သွားအောင် လုပ်လိုက်တာ ကောင်းပါတယ်။ မင်းအတွက်တော့ အကောင်းရော အဆိုးရော ဖြစ်သွားတာပေါ့။"

မုန့်ချင်ကျိုးက ခေါင်းကို ကုတ်ကာ မေးလိုက်သည်။ "ဘေးအန္တရာယ်က ဘယ်ကလာမှာမို့လို့လဲ။"

နေရာလွတ် နတ်ဘုရားမှာ ကန့်လန့်ကာကဲ့သို့ ပွင့်လင်းမြင်သာသော အရာတစ်ခုဖြစ်ပြီး လူသားတို့၏ စကားကိုတုပကာ ပြောလိုက်သည်။

"ကောင်းကင်ခုံရုံးရဲ့ ဥပဒေစည်းမျဉ်းတွေအရ ကြီးမြတ်တဲ့ ကောင်းကင်တံခါးကြီး လေးပေါက်ကို ဖျက်ဆီးမယ်ဆိုရင် ဘယ်လောက်ပဲ ဖျက်ဆီးဖျက်ဆီး ဖျက်ဆီးခံရတဲ့ဧရိယာ ဘယ်လောက်ပဲကြီးကြီး သေဒဏ်ပေးရမှာပဲ။"

"ဒါဆိုရင် မင်း ပြောပါဦး။ ဘေးအန္တရာယ်က ဘယ်ကလာမလဲ။”

...

All Chapters