← Chapters

အခန်း ၃၇၅

Vol. 26 Ch. 375

အခန်း ၃၇၅

Vol. 26 Ch. 375

အပိုင်း(၃၇၅) စစ်မင်နတ်ဘုရား။ သမိုင်းကြောင်း အမှန်တရားများ

(၃၃)ထပ်မြောက် ကောင်းကင်ဘုံ။

လင်းရှောင်နန်းတော်။

သွေးစွန်းနေသောမျက်လုံးကြီးက လူသားတို့၏ဘာသာစကားကို တုပကာ ကောင်းကင်နယ်ပယ်သို့ တာအိုသက်သေပြမည့် အမှန်ကန်ဆုံးလမ်းကြောင်းကို ဖြည်းညင်းစွာ ရှင်းပြလေသည်။

"ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ မဟာတာအို နတ်ဘုရားသုံးထောင်ကနေ မြစ်ဖျားခံလာတာပဲ။ သူတို့က မဟာတာအိုနဲ့အတူ ယှဉ်တွဲမွေးဖွားလာပြီး မွေးကတည်းက ကောင်းကင်နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေကြတယ်။ အစတုန်းက ကျင့်ကြံခြင်းအဆင့်တွေ၊ ကျင့်စဉ်တွေ၊ တန်ခိုးတွေ မရှိသေးဘူး။ လူသားပညာရှိ တစ်ယောက်က နတ်ဘုရားတစ်ပါးနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့ပြီး အဲဒီနတ်ဘုရားဆီကနေ ပြီးပြည့်စုံလုနီးပါး ဖြစ်တဲ့ ကျင့်ကြံခြင်းအတတ်တစ်ခုကို စုစည်းဖော်ထုတ်နိုင်ခဲ့တယ်။"

"ကောင်းကင်နယ်ပယ်ရဲ့ အထွတ်အထိပ်က နတ်ဘုရားတွေရဲ့ အဆုံးစွန် ကန့်သတ်ချက် ဖြစ်နေတော့ ဒီကျင့်ကြံခြင်းကလည်း အလွန်ဆုံး ကောင်းကင်နယ်ပယ် အထွတ်အထိပ်အထိပဲ ရောက်နိုင်တယ်။ အဲဒီနောက်ပိုင်း ဆက်သွားစရာ လမ်းမရှိတော့ဘူး။"

"ဒါတွေကို နားလည်သဘောပေါက်ပြီးရင် မဟာတာအို နတ်ဘုရားတွေကို လေ့လာရမယ်။ သူတို့ရဲ့ တာအိုအဆုံးသတ်က ဘယ်လိုပုံစံလဲဆိုတာကိုပေါ့။"

ထိုနေရာအရောက်တွင် သွေးစွန်းနေသော မျက်လုံးကြီးက အနည်းငယ် ရပ်တန့်သွား၏။ မုန့်ချင်ကျိုး၏ စိတ်ထဲတွင် သံသယ အများအပြား ရှိနေသည်ကို မြင်သွားပုံရပြီး သူကိုယ်တိုင် မေးလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

ထင်ထားသည့်အတိုင်းပင်။

မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဒီခေတ်က လူသားတွေဟာ အမွေးအမျှင်တွေ၊ သွေးစိမ်းသားစိမ်းတွေကို စားသောက်နေကြတုန်းပဲဆို။ အသိဉာဏ်တောင် မပွင့်ကြသေးဘူးလေ။ လူသားပညာရှိ ဆိုတာက ဘယ်ကရောက်လာတာလဲ။"

"အဲဒီလူသားပညာရှိနဲ့ ဆက်ဆံရေးကောင်းတဲ့ မဟာတာအို နတ်ဘုရားကကော ဘယ်သူလဲ။ နည်းနည်းလောက် ထုတ်ပြောပြလို့ ရမလား။"

သွေးစွန်းနေသောမျက်လုံးကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ "ရပါတယ်။ လူသားပညာရှိဆိုတာ ဒီခေတ်ရဲ့ သေးငယ်တဲ့အပြောင်းအလဲလေးတစ်ခုပဲ။ သူ ငယ်ငယ်တုန်းက စွန့်ပစ်ခံထားရတဲ့ နတ်ဘုရား နန်းတော်တစ်ခုထဲကို မှားယွင်းဝင်ရောက်သွားပြီး မဟာတာအိုသစ်သီးတစ်လုံးကို စားမိသွားတယ်။ အဲဒါကြောင့် အသိဉာဏ်တွေ ပွင့်လင်းလာပြီးတော့ အတော်လေးကို မြင့်မားတဲ့ ကျင့်ကြံခြင်းပါရမီတွေ ရရှိလာတယ်။ သူ့ရဲ့ပါရမီက မင်းနဲ့တောင် သိပ်မကွာဘူးလို့ ပြောလို့ရတယ်။"

"အဲဒီမဟာတာအို နတ်ဘုရားရဲ့နာမည်ကတော့ စစ်မင်ပဲ။"

စကားသံ ဆုံးသွားသည့် ထိုအခိုက်အတန့်မှာပင်။

မုန့်ချင်ကျိုး၏ခန္ဓာကိုယ် အပြင်းအထန် တုန်ယင်သွားပြီး နောက်သို့ယိမ်းယိုင်ကာ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ သူက အလွန်အမင်း ထိတ်လန့်သွားသော မျက်နှာဖြင့် ရေရွေတ်လိုက်သည်။

"စစ်မင် ဟုတ်လား။"

နတ်ဘုရားအားလုံးက လူသားကို ပြိုင်တူ စူးစိုက်ကြည့်လိုက်ကြသည်။ သူ အဘယ်ကြောင့် ဤမျှလောက် ကြီးမားသောတုံ့ပြန်မှု ဖြစ်သွားရကြောင်းကို နားမလည်နိုင်ကြပေ။

သွေးစွန်းနေသောမျက်လုံးကြီးက သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "မင်းရဲ့ တုံ့ပြန်မှုကိုကြည့်ရတာ နှောင်းခေတ်မှာ စစ်မင် နတ်ဘုရားရဲ့နာမည်ကို ကြားဖူးမြင်ဖူးခဲ့တဲ့ပုံပဲ။ ပြီးတော့လည်း နှောင်းခေတ်ရဲ့ သမိုင်းကြောင်းနဲ့လည်း အနီးကပ်ဆက်စပ်နေလောက်တယ်မလား။ ကဲ ပြောပြစမ်းပါ။"

မုန့်ချင်ကျိုးက တံတွေးဝါးမျိုလိုက်ရာ လည်စေ့က လှုပ်ရှားသွားသည်။

စစ်မင်…

နားရည်ဝနေရုံတင် ဘယ်ကမလဲ။၊ မိုးကြိုးပစ်ချလိုက်သလိုကို ထင်ရှားနေတာ။

လူသားဧကရာဇ်ရဲ့ မိဖုရားခေါင်ကြီး ကျိရှီးယွဲ့ဆိုတာက စစ်မင်နတ်ဘုရား မဟုတ်ဘူးလား။

နတ်ဘုရားခေတ်က နတ်ဘုရားတွေဆိုတာ ကောင်းကင်တာအိုက ဖန်ဆင်းထားတဲ့ အရာတွေပဲ။ ဒီစစ်မင် နတ်ဘုရားနဲ့ ရှေးဟောင်း ကောင်းကင်ခုံရုံးက 「စစ်မင်နတ်ဘုရား」၊ကြားမှာ တကယ်တမ်း ဘယ်လိုမျိုး ပတ်သက်မှုတွေ ရှိနေတာလဲ။

တစ်ခဏချင်းမှာပင် ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးသွားပြီး မရေတွက်နိုင်သော အချက်အလက်များက စုပြုံဝင်ရောက်လာသဖြင့် အတွေးများမှာ ဝေဝါးနှေးကွေးသွားတော့သည်။

အချိန်အတော်ကြာပြီးနောက်။

သူက သက်ပြင်းရှိုက်လိုက်ပြီး သိထားပြီးသော အချက်အလက်များကို အစမှအဆုံး တစ်ခေါက် ပြန်လည် စဉ်းစားသုံးသပ်ကြည့်လိုက်သည်။

[လူသားဧကရာဇ်နဲ့မိဖုရားခေါင်ဟာ ငယ်စဉ်ဘဝကတည်းက သိကျွမ်းခဲ့ကြတာ။ အဲဒီအချိန်တုန်းက လူသားဧကရာဇ်ရဲ့ အငွေ့အသက်တွေ မပေါ်ထွက်သေးပေမယ့် ကျိရှီးယွဲ့ကတော့ မူလနတ်ဘုရားမတစ်ပါး ဖြစ်နေခဲ့ပြီ။ နတ်ဘုရားတွေရဲ့ သေခြင်းရှင်ခြင်းကိုအုပ်စိုးတဲ့ အထွတ်အထိပ်နတ်ဘုရားမ ဖြစ်ပေမယ့် သူ့ကိုယ်သူ ဖုံးကွယ်ထားပြီး လူသားဧကရာဇ်နဲ့အတူ အခက်အခဲပေါင်းစုံကို ဖြတ်ကျော်ပြီး လူသားဧကရာဇ် ရာထူးနေရာကို ရောက်တဲ့အထိ အတူတူ ရှိနေပေးခဲ့တယ်]

[လူသားဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးတို့ စတင်တန်ခိုးထွားလာတဲ့အချိန်မှာ ကောင်းကင်တာအိုက အမြဲတမ်းနိုးကြားနေတဲ့အခြေအနေမှာ ရှိနေခဲ့တယ်။ ဒါပေမဲ့ လူသားဧကရာဇ်ရဲ့ နောက်ဆုံးရည်မှန်းချက်က နတ်ဘုရားတွေကိုမောင်းထုတ်ပြီး မျိုးနွယ်စုပေါင်းစုံကို ဖိနှိပ်ဖို့ပဲ။ ဒါက ကောင်းကင်တာအိုကို ဆန့်ကျင်နေတာနဲ့ အတူတူပဲ]

[နတ်ဘုရားတွေဆိုတာ ကောင်းကင်တာအိုရဲ့ကလေးတွေပဲလေ။ ကောင်းကင်တာအိုရဲ့ ကလေးတွေကို သတ်ပစ်ချင်နေတာကို ဘယ်သူက ခွင့်ပြုမှာလဲ]

[မိဖုရားခေါင်ကြီး ကျိရှီးယွဲ့ရဲ့သဘောထားက ဝေဝါးနေတယ်။ သူကိုယ်တိုင်လည်း ကောင်းကင်တာအိုရဲ့ ဖန်ဆင်းခံဖြစ်နေရက်နဲ့ ဘာဖြစ်လို့ အပြင်လူတစ်ယောက်ကို ကူညီဖို့ ဆန္ဒရှိခဲ့တာလဲ။ ဘာလို့ အပြင်လူဘက်ကို ပါသွားရတာလဲ]

[တကယ်လို့သာ မိဖုရားခေါင်ကြီး ကျိရှီးယွဲ့က ကောင်းကင်တာအို ဖန်ဆင်းထားတဲ့အရာ မဟုတ်ခဲ့ဘူး ဆိုရင်ကော။ တကယ်လို့များ သူက လောကကြီး စတင်ဖြစ်တည်တဲ့ခေတ်က မဟာတာအို နတ်ဘုရား သုံးထောင်ထဲက တစ်ပါးဖြစ်နေခဲ့မယ် ဆိုရင်ကော]

[ဒါဆိုရင်တော့ အရာအားလုံးက ရှင်းလင်းသွားပြီ]

[ဘာဖြစ်လို့ လူသားဧကရာဇ်ကို ကောင်းကင်ကြီး ဆန့်ကျင်ဖို့ ကူညီပေးခဲ့တာလဲ။ ကလဲ့စားချေချင်လို့ပဲ။ ရှေးဟောင်း ကောင်းကင်ခုံရုံးကြီးဟာ ကောင်းကင်တာအိုရဲ့လက်ချက်နဲ့ ပျက်သုဉ်းသွားခဲ့ရတာ။ ဒီရန်ငြိုးက ကောင်းကင်နဲ့မြေကြီးမဆံ့အောင် ကြီးမားတယ်။ ဘာဖြစ်လို့ သူက နတ်ဘုရားတွေ သေတာ ရှင်တာကို ဂရုမစိုက်ခဲ့တာလဲဆိုတော့ သူကိုယ်တိုင်က ကောင်းကင်တာအိုရဲ့ဖန်ဆင်းခံ မဟုတ်လို့ပဲ]

[ဒါဆိုရင် မေးခွန်းအသစ်တစ်ခု ထပ်ပေါ်လာပြီ။ မိဖုရားခေါင်ကြီးက ကောင်းကင်တာအို ဖန်ဆင်းထားတာ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ ကောင်းကင်တာအိုက မိဖုရားခေါင်ကြီးကို အတင်းအကျပ် သတ်ဖြတ်ချင်ခဲ့တာလဲ။ ပြီးတော့ ကျိရှီးယွဲ့ သေဆုံးသွားတဲ့ဒုတိယနှစ်မှာပဲ လူသားဧကရာဇ်က ဒေါသတကြီးနဲ့ ကောင်းကင်ကို စစ်ချီခဲ့တယ်။ အဲဒီနောက်မှာတော့ ခေတ်အဆက်ဆက် မဖြေရှင်းနိုင်တဲ့ ပဟေဠိကြီးဖြစ်တဲ့ လူသားဧကရာဇ် ပျောက်ဆုံးမှုဆိုတာ ဖြစ်ပေါ်လာတော့တာပဲ]

...

...

"လူသား၊ မင်း စဉ်းစားလို့ ပြီးပြီလား။" နတ်ဘုရားတစ်ပါးက အလျင်စလို မေးလိုက်သည်။

မုန့်ချင်ကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။ "စစ်မင် နတ်ဘုရားက အခု ဘယ်မှာလဲဆိုတာကို အရင်ပြောပြပါ။ ပြီးတော့ အဲဒီလူသားပညာရှိကကော ဘယ်မှာလဲ။"

ဤတစ်ကြိမ်တွင်တော့ သွေးစွန်းနေသောမျက်လုံးကြီးက ဖြေကြားရန် အလှည့်ကျလာပြီး မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"လူသားပညာရှိက လွန်ခဲ့တဲ့ နှစ်(၁၀၀)ကတည်းက ကျင့်ကြံခြင်းအတတ်ကို စုစည်းပြီးသွားတဲ့အခါ ဖရိုဖရဲစကြဝဠာကြီးထဲမှာ လှည့်လည်သွားလာရင်း သူ့ဘာသာသူ ကျင့်ကြံနေခဲ့တယ်။ စစ်မင်နတ်ဘုရားနဲ့ မိစ္ဆာကလည်း သူ့နောက်ကို လိုက်သွားခဲ့ပြီးတော့ သူတို့ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိကြတော့ဘူး။"

"စစ်မင်က ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ အတင်းအကျပ် တွက်ချက်စစ်ဆေးမှပဲ ရနိုင်မယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက ဒီလိုမျိုး အလွယ်တကူ လုပ်မှာမဟုတ်ဘူး။"

"「ယွဲ့」ရဲ့ပါရမီအရဆိုရင်၊ နှစ်(၁၀၀)အချိန်ဆိုတာက ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင် လုနီးပါး ဖြစ်နေလောက်ပြီ။ မင်းရဲ့အခြေအနေနဲ့ သိပ်မကွာဘူး။"

"ပြောမရဘူးလေ။ မင်းတို့နှစ်ယောက် အတူတူ တာအိုသက်သေပြနိုင်လောက်တယ်။"

ယွဲ့ ဟုတ်လား။

လူသားပညာရှိရဲ့ နာမည်လား။

မုန့်ချင်ကျိုးက ထိုအခါမှသာ ပြန်ပြောလိုက်သည်။ "ခင်ဗျား ခန့်မှန်းတာ မမှားပါဘူး၊ စစ်မင်က နှောင်းခေတ်ရောက်တဲ့အထိ အသက်ရှင်နေခဲ့ဖို့ ရာခိုင်နှုန်းအရမ်းများတယ်။ ပြီးတော့လည်း ကြီးမြတ်တဲ့ ဂုဏ်သတင်းတွေကိုတောင် တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက်ကို လွှမ်းမိုးနိုင်ခဲ့တယ်။"

နတ်ဘုရားများက နောက်တစ်ကြိမ် ထပ်မံ၍ ဆွေးနွေးပြောဆိုကြပြန်သည်။

စစ်မင်က နှောင်းခေတ်မှာ နာမည်ကျန်ရစ်ခဲ့တယ်တဲ့လား။ သူက ကောင်းကင်ခုံရုးကြီး ပျက်သုဉ်းတဲ့ အန္တရာယ်ကနေ ရှောင်တိမ်းနိုင်ခဲ့တာပဲ။

ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်းက စစ်မင်ဆီမှာ ရှိနေနိုင်တယ်။ စစ်မင်ကို ကောင်းကင်ခုံရုံးဆီ အမြန်ဆုံး ပြန်ခေါ်ဖို့ လိုအပ်တယ်။

သွေးစွန်းနေသောမျက်လုံးကြီးက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် တာအိုသက်သေပြမည့် နည်းလမ်းကို ဆက်လက် ရှင်းပြသည်။

"ကျင့်ကြံသူက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဝင်ရောက်ပြီး အတွင်းစကြဝဠာ ကမ္ဘာတစ်ခုကို ဖန်တီးလိုက်တာဟာ ပြင်ပကမ္ဘာကြီးနဲ့ လုံးဝကို အဆက်အသွယ်ဖြတ်တောက်လိုက်ပြီးတော့ လုံးဝလွတ်လပ်တဲ့ သီးခြားဖြစ်တည်မှုတစ်ခု ဖြစ်လာတာနဲ့ အတူတူပဲ။"

"ဒီစကားကို မှတ်ထား။ [ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြဖို့ အရေးကြီးဆုံးခြေလှမ်းက လုံးဝလွတ်လပ်တဲ့ သီးခြားဖြစ်တည်မှုတစ်ခု ဖြစ်လာဖို့ပဲ]။"

"ငါကသာ စကြဝဠာ၊ ငါကသာ ကိုယ့်ကိုယ်ကိုယ်အုပ်စိုးသူ၊ ငါကသာ ကမ္ဘာတစ်ခုပဲ။"

"ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်မှာ ပြင်ပရဲ့ကံကြမ္မာတွေ ကပ်ငြိနေတယ်။ မင်းက တိုင်းပြည်တစ်ခုလုံးရဲ့ ကံကြမ္မာကိုတောင် သယ်ဆောင်ထားသေးတယ်။ ဒါက မင်းကို လုံးဝလွတ်လပ်တဲ့ သီးခြားဖြစ်တည်မှုတစ်ခု မဖြစ်လာနိုင်အောင် တားဆီးနေတာပဲ။ အဲဒါကြောင့် မင်းရဲ့ တာအိုသက်သေပြမယ့်လမ်းကြောင်း ကြီးကြီးမားမား မှားယွင်းနေခဲ့တာ။"

"ဒီကံကြမ္မာတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းကိုရှာပြီးမှ ဆက်ပြီးတော့ တာအိုသက်သေပြ။"

ထိုစကားကို ကြားလိုက်ရသောအခါ။

မုန့်ချင်ကျိုး၏အသက်ရှူသံ ရပ်တန့်သွားပြီး သူ၏ဦးနှောက်ထဲ ဘီလူးကြီးတစ်ကောင်က ထိပ်မှနေ၍ ရေအေးဖြင့်လောင်းချခံလိုက်ရသလို ချက်ချင်းပင် အရာအားလုံးကို ရှင်းလင်းစွာ သဘောပေါက်သွားတော့သည်။

သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်များက မျက်စိဖြင့် မြင်နိုင်လောက်အောင်ပင် ပြည့်ဖြိုးလာပြီး အခြေအနေမှာ ယခင်က တစ်ခါမှမကြုံဖူးလောက်အောင် ကောင်းမွန်လာသည်။

ဒီလိုကိုး။ ဒီလိုဖြစ်နေတာပဲ။

အရင်တုန်းက တာအိုသက်သေပြတဲ့နည်းလမ်းက တစ်ခုခုလွဲမှားနေသလို အမြဲတမ်း ခံစားနေရတာ။ လိုအပ်နေတဲ့ ချို့ယွင်းချက်တစ်ခုခု ရှိနေတယ်လို့ အမြဲတမ်း ခံစားခဲ့ရတယ်။

ကောင်းကင်ခုံရုံး အရှင်သခင်ရဲ့ လမ်းညွှန်မှုကို ရလိုက်တော့မှပဲ နောက်ဆုံးတော့ တိမ်တိုက်တွေကို ဖယ်ရှားပြီး လမင်းကြီးကို မြင်လိုက်ရသလို ဖြစ်သွားတော့တယ်။

"လမ်းညွှန်မှုအတွက်ကျေးဇူးတင်ပါတယ်။ ကျုပ် သဘောပေါက်သွားပါပြီ။ အခုချက်ချင်းပဲ တံခါးပိတ် ကျင့်ကြံချင်ပါတယ်။ တာအိုသက်သေပြတာ အောင်မြင်သွားပြီဆိုရင် အနာဂတ်က ကောင်းကင်နဲ့မြေကြီးရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျုပ်သိသမျှ အကုန်လုံးကို ဖုံးကွယ်မထားဘဲ သေချာပေါက် ပြောပြပါ့မယ်။" မုန့်ချင်ကျိုးက လက်ယှက်ကာ ပြောလိုက်သည်။

တစ်ဆက်တည်းမှာပင် နတ်ဘုရားများကို မျှော်လင့်ချက်ကြီးတစ်ခု ပေးလိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် လေလုံးထွားရတာက ပိုက်ဆံကုန်တာမှ မဟုတ်တာပဲလေ။ အရင်ဆုံး သူတို့ကို လှည့်စားထားပြီးမှ ဆက်စဉ်းစားမယ်။ မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ရမှာပေါ့။

"ကောင်းပြီလေ။ သတင်းကောင်းကို စောင့်နေပါ့မယ်။" သွေးစွန်းနေသောမျက်လုံးကြီးက သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်းက ဒီခေတ်က သက်ရှိမဟုတ်ဘူး။ ဒါကြောင့် ကောင်းကင်ခုံရုံးရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ မလိုဘူး။ တကယ်လို့ ကောင်းကင်တာအိုရဲ့ ကံကြမ္မာတွေ၊ အကြောင်းအကျိုး ကံကြမ္မာနဲ့ ငြိစွန်းသွားမယ်ဆိုရင် ပြန်သွားလို့ ရတော့မှာ မဟုတ်ဘူ။ ဘယ်လိုတာအိုသက်သေပြမလဲဆိုတာကို အနာဂတ်ကမ္ဘာရဲ့ နည်းလမ်း အတိုင်းပဲ ဆက်လုပ်ပါ။"

"ကောင်းကင်ခုံရုံးက ဖရိုဖရဲစကြဝဠာကြီးရဲ့ မဟာတာအို (၄၉)ခုကို ထိန်းချုပ်ထားတယ် ဆိုပေမယ့် မဟာတာအိုဆိုတာ အမြဲတမ်း ပြောင်းလဲနေပြီး တစ်ခုကတော့ လွတ်မြောက်သွားတာပဲ။ အမှီအခိုကင်းတဲ့ ကျင့်ကြံသူတွေ တာအိုသက်သေပြတာလည်း မဖြစ်နိုင်စရာ မရှိပါဘူး။"

"ပြီးတော့လည်း ဖရိုဖရဲစကြဝဠာကြီးထဲမှာ တာအိုသက်သေပြတာဟာ ဘယ်ကျင့်ကြံသူအတွက်မဆို ကောင်းကင်လောက်ကြီးမားတဲ့ အခွင့်အရေးကြီးပဲ။ တာအိုသက်သေပြနေတဲ့လုပ်ငန်းစဉ်အတွင်းမှာ လောကကြီး စတင်ဖြစ်တည်ချိန်က ဖရိုဖရဲချီစွမ်းအင်တွေကို စုပ်ယူနိုင်ပြီးတော့ အင်အားအကြီးမားဆုံး ကောင်းကင်နယ်ပယ် အုတ်မြစ်ကို တည်ဆောက်နိုင်လိမ့်မယ်။"

...

All Chapters