← Chapters

အခန်း ၃၇၇

Vol. 26 Ch. 377

အခန်း ၃၇၇

Vol. 26 Ch. 377

အပိုင်း(၃၇၇) လူသားပညာရှိ၊ တပြိုင်နက်တည်း တာအိုသက်သေပြခြင်း

ဖရိုဖရဲစကြဝဠာကြီးထဲကို ဝင်ရောက်လာသည်မှာ လေးရက်မြောက်နေ့ကို ရောက်ရှိသွားလေပြီ။

တာအိုသက်သေပြကောင်းကင်ဘုံအတိဒုက္ခက တဖြည်းဖြည်း ပုံပေါ်လာပြီ အငွေ့အသက်များက တောင်ဘက်ကောင်းကင်တံခါးနှင့် ကောင်းကင်ဘုံတစ်ခုလုံးတွင် ပြည့်နှက်သွား၏။

အရပ်မျက်နှာအသီးသီးက နတ်ဘုရားနှင့်မိစ္ဆာများက တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။

"အချိန်... ငါတို့ သူ့ကို တကယ်ပဲ ဒီအတိုင်း ထွက်သွားခွင့် ပြုလိုက်တော့မလို့လား။ ကောင်းကင်ခုံရုံးရဲ့ နည်းလမ်းတွေနဲ့ဆိုရင် သူ့ကို ဒီအချိန်-နေရာလွတ်ထဲမှာ အပြီးတိုင် နေသွားအောင်လုပ်ဖို့ အပြည့်အဝ စွမ်းဆောင်နိုင်တယ်။ ပြီးတော့ ကောင်းကင်ခုံရုံး ပျက်သုဉ်းမယ့် အန္တရာယ်ကိုလည်း သူတစ်ယောက်တည်းပဲ ဖြေရှင်းပေးနိုင်လောက်တယ်။" မှန်ပြင်ပုံစံရှိသော နေရာလွတ်နတ်ဘုရားက နတ်ဘုရားအာရုံနှင့် ဆက်သွယ် ပြောဆိုလိုက်သည်။

ဝေဝါးနေသော မြူခိုးတိမ်တိုက်ကြီးထဲမှ အချိန်နတ်ဘုရားက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

"မလိုပါဘူး။ အချိန်စီးကြောင်း သီအိုရီတွေက အငြင်းပွားစရာတွေ ရှိနေပေမယ့် ယုံမှားသံသယဖြစ်စရာ မလိုတာကတော့ ဒီခေတ်ကမဟုတ်တဲ့ သတ္တဝါတစ်ယောက်က သတ်မှတ်ထားပြီးသား သမိုင်းကြောင်းကို ဝင်ရောက်စွက်ဖက် ဖျက်ဆီးတာတွေများလာရင် အချိန်-နေရာလွတ် ပြိုလဲသွားနိုင်ခြေ အရမ်းများတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွေ အားလုံး ပျက်သုဉ်းသွားလိမ့်မယ်။ အသိုက်ပျက်သွားရင် ဥလည်း ကွဲမှာပဲ၊ ကောင်းကင်ခုံရုံးလည်း အတူတူ ပျက်သုဉ်းသွားမှာပဲ။"

"တကယ်လို့ ကောင်းကင်ခုံရုံး ပျက်သုဉ်းရမယ်ဆိုတာ ကံကြမ္မာရဲ့သတ်မှတ်ချက်သာ ဖြစ်နေမယ်ဆိုရင် သမိုင်းကြောင်းအတိုင်းပဲ သွားပါစေတော့။ ကောင်းကင်ခုံရုံးရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လောဘကြောင့် ဒီအချိန်-နေရာလွတ်ကြီးကို အနစ်နာခံခိုင်းလို့ မဖြစ်ဘူး။"

ထိုစကားကို ကြားသောအခါ နေရာလွတ်နတ်ဘုရာာက ရယ်မောလျက် နတ်ဘုရားအာရုံ လွှင့်လိုက်ပြီး ပြောသည်။

"အချိန် ... မင်းကတော့ အရင်လိုပဲ ခေါင်းမာပြီးရှေးရိုးဆန်တုန်းပဲ။"

"ဒါပေမဲ့လည်း ဟုတ်ပါတယ်။ မဟာတာအိုနတ်ဘုရားတွေဆိုတာ ဖရိုဖရဲစကြဝဠာကြီးနဲ့ အတူယှဉ်တွဲ မွေးဖွားလာကြတဲ့ မဟာတာအိုရဲ့သားသမီးတွေပဲ။ ငါတို့ကြောင့် ဖရိုဖရဲစကြဝဠာကြီး ပျက်စီးသွားပြီးတော့ ဒီအချိန်-နေရာလွတ်ကြီး ပျောက်ကွယ်သွားမယ်၊ မဟာတာအိုလည်း မရှိတော့ဘူး ဆိုရင်၊ ငါတို့တွေက မိဘကို သတ်တဲ့ အောက်တန်းစားသတ္တဝါတွေနဲ့ ဘာကွာတော့မှာလဲ။"

"ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ။ ဒီလူသားက ကောက်ကျစ်စဉ်းလဲပေမယ့် ခံစားချက်နတ်ဘုရား ပြောသလို သူ့စိတ်ထားကတော့ မဆိုးပါဘူး။ သူ့ရဲ့အောင်မြင်မှုက နှောင်းခေတ်အတွက် ကောင်းကျိုးတွေ ယူဆောင်လာပေးနိုင်လိမ့်မယ်။"

"သူ ဒီအချိန်-နေရာလွတ်ထဲကို မှားယွင်းဝင်ရောက်လာတာကလည်း နှောင်းခေတ်မှာ ကြီးမားတဲ့ အကျပ်အတည်းကြီးနဲ့ ကြုံတွေ့နေရလို့ ဖြစ်မှာ။ အဲဒီကောင်းကင်တာအိုဆိုတာနဲ့ ပတ်သက်နေလောက်တယ်။ မဟုတ်ရင် ဘယ်သူကများ အချိန်-နေရာလွတ်မဟာတာအို ကျင့်ကြံသူကို ဒီလောက်တောင် ဒုက္ခရောက်အောင် လုပ်နိုင်မှာလဲ။"

အချိန်နတ်ဘုရားက ခပ်အေးအေး ပြောလိုက်သည်။ "ကောင်းကင်ခုံရုံး အရှင်သခင်ကလည်း ဒီအချက်ကို မြင်လို့ပဲ ဖရိုဖရဲစကြဝဠာကြီးထဲမှာ လက်ချိုးရေလို့ရတဲ့ ဖရိုဖရဲချီစွမ်းအင် တစ်မျှင်ကိုတောင် နှမြောတွန့်တိုမှုမရှိဘဲ သူ့ကို လက်ဆောင်ပေးလိုက်တာ ဖြစ်မယ်။"

သူတို့နှစ်ပါးက တစ်ခွန်းတစ်ပါဒပြောဆိုရင်း စကားဆက်ပြောနေကြပြီး ကမ္ဘာပျက်မည့်အနာဂတ္တိစကား ကိုလည်း တဖြည်းဖြည်း လွှတ်ချနိုင်သွားကြသည်။

ကောင်းကင်တာအို ဆိုသည်မှာ တကယ်တမ်း မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍မူ... နတ်ဘုရားများ၏စိတ်ထဲမှာ အစောကြီးကတည်းက အဖြေရှိနေပြီးသားပင်။ ပွင့်ပွင့်လင်းလင်း ထုတ်မပြော ကြရုံသာ ရှိလေသည် ။

ဖရိုဖရဲစကြဝဠာကြီးမှ အသိစိတ်တစ်ခု ပေါ်ပေါက်လာပြီး အာဏာကို ပြန်ယူချင်လို့ ကောင်းကင်ခုံရုံးကို မြှုပ်နှံချင်နေခြင်းကလွဲပြီး တခြားမရှိနိုင်ပေ။

ကောင်းကင်ခုံရုံးက မဟာတာအို ဆင့်ကဲဖြစ်စဉ် (၄၉)ခုလုံးကို နေရာယူထားပြီး စည်းမျဉ်းများကိုလည်း နတ်ဘုရားများကသာ ရေးဆွဲကြရာ ဖရိုဖရဲစကြဝဠာကြီး၏အသိစိတ်က ရှိလည်း အတူတူ၊ မရှိလည်း အတူတူ ဖြစ်နေသလိုပင်။

ကောင်းကင်ဘုံ၏အာဏာကို ပြန်သိမ်းပြီး ကမ္ဘာသစ်တစ်ခုကို ပြန်လည်သတ်မှတ်ရန်။

ထိုအရာကမှ ကောင်းကင်တာအိုအသစ် လုပ်ချင်နေသော ကိစ္စပင်။

နတ်ဘုရားများက ဖရိုဖရဲစကြဝဠာကြီးရဲ့ဉာဏ်ပညာ ၉၉%ကို ပိုင်ဆိုင်ထားသည်ဆိုသည်မှာ ဤအတိုင်း ရမ်းပြောနေခြင်း မဟုတ်ပေ။

ထိုအချိန်မှာပင်။

အရှေ့ဘက် ကောင်းကင်တံခါးတွင် တာဝန်ကျနေတဲ့ နတ်ဘုရားတစ်ပါးက နတ်ဘုရားအာရုံဖြင့် သတင်းပို့လာသည်။ "「ယွဲ့」က တာအိုသက်သေပြချင်လို့တဲ့။ ကောင်းကင်ဘုံကို အထူး ဂါရဝလာပြုပါတယ်။"

အချိန်နတ်ဘုရား၏ နတ်ဘုရားအာရုံက အနည်းငယ် ရပ်တန့်သွားပြီးမှ ဆက်ပြောလိုက်သည်။

"「ယွဲ့」ဟုတ်လား။"

"လူသားပညာရှိလာ။ အနာဂတ်ကလာတဲ့ နောက်ထပ်ကျင့်ကြံသူတစ်ယောက်နဲ့ တာအိုသက်သေပြတဲ့ အချိန် လာတိုက်နေတာပဲ။"

"သူ့ကို ဝင်ခွင့်ပြုလိုက်။"

သိပ်မကြာလိုက်ခင်မှာပင် မတ်မတ်ရပ်နေပြီး ခန့်ညားထည်ဝါသော လူငယ်တစ်ယောက်က တိရစ္ဆာန်သားရေကို ရိုးရိုးလေး ပတ်ထားပြီး ကျောတွင် အရိုးဓားတစ်လက် လွယ်ထားကာ ကျယ်ဝန်းသော ခြေလှမ်းများနှင့် လျှောက်လှမ်းလာသည်။ အချိန်နှင့်နေရာလွတ်ဆိုသည့် အမြင့်မြတ်ဆုံး နတ်ဘုရားနှစ်ပါးကို မြင်လိုက်သည်နှင့် ချက်ချင်းပင် တဟားဟား ရယ်လိုက်သည်။

"မတွေ့ရတာကြာပြီနော်။ အရှင်နှစ်ပါး။ ကျုပ် တာအိုသက်သေပြတော့မယ်။ လူသားတွေရဲ့ ကျင့်ကြံခြင်း လမ်းစဉ်အစကို ဖွင့်လှစ်တော့မှာမို့ ဒီသတင်းကောင်းကို လာရောက်တင်ပြတာပါ။"

သို့သော်လည်း။

အချိန်နှင့် နေရာလွတ် နတ်ဘုရားနှစ်ပါးလုံးက ချက်ချင်း ပြန်မဖြေကြပေ။

ယွဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ နတ်ဘုရားများနှင့် နှစ်ပေါင်းများစွာ နေလာခဲ့ရာ သူတို့၏ နတ်ဘုရားအာရုံ လှိုင်းဂယက်များကို အကြမ်းဖျင်း ခံစားသိရှိနိုင်သည်။ ထိုအမြင့်မြတ်ဆုံး နတ်ဘုရားနှစ်ပါးက စိတ်ဝင်စားမှု ကင်းမဲ့နေကြောင်းကို သတိပြုမိသွားပြီး သူက မေးလိုက်၏။

"အရှင်နှစ်ပါး။ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခု ရှိနေလို့လား။"

အချိန်နတ်ဘုရားက လူသားတို့၏စကားသံကို တုပပြီး ပြောလိုက်သည်။

"「ယွဲ့」 ... ကောင်းကင်ခုံရုံး ပျက်သုဉ်းတော့မယ်။ မင်း အသက်ရှင်ချင်တယ်ဆိုရင် ကောင်းကင်ခုံရုံးနဲ့ အစောကြီးကတည်းက ခွဲခြားထားလိုက်ပါ။ မင်းကိုယ်ပေါ်မှာ ရှိနေတဲ့ ကောင်းကင်ခုံရုံးရဲ့ ကံကြမ္မာတွေကို ဖယ်ရှားပစ်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ဒီကပ်ဘေးက မင်းဆီကိုပါ ကူးစက်လာလိမ့်မယ်။"

ထိုစကားကို ကြားလိုက်ရသောအခါ ယွဲ့က မျက်လုံးပြူးကျယ်သွားပြီး လန့်ဖျပ်စွာအော်ဟစ်လိုက်သည်။

"ဘယ်လို။"

"ကောင်းကင်ခုံရုံးက ပျက်သုဉ်းမယ့်အန္တရာယ် ရှိနေတယ် ဟုတ်လား။ ဖရိုဖရဲစကြဝဠာကြီးထဲမှာ ဘယ်သူက အဲဒီလောက် စွမ်းဆောင်နိုင်လို့လဲ။"

နေရာလွတ် နတ်ဘုရားက ဖြေလိုက်သည်။

"ဖရိုဖရဲစကြဝဠာကြီးကနေ အသိစိတ်တစ်ခု ပေါ်ပေါက်လာပြီးတော့ အာဏာကို ပြန်သိမ်းချင်နေတယ်။ သမိုင်းဖြစ်စဉ်ကို ရှေ့ဆက်တွန်းအားပေးပြီး ကောင်းကင်ခုံရုံးရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ချင်နေတာပဲ။"

ယွဲ့မှာ မယုံနိုင်ဖြစ်နေရာမှ တဖြည်းဖြည်း စိုးရိမ်ပူပန်မှုများအဖြစ် ပြောင်းလဲသွား၏။ အသက်ရှူရ ခက်ခဲလာပြီး လည်ချောင်းထဲတွင် ဓားသွားနှင့်ခြစ်ခံနေရသလို ခံစားလိုက်ရသည်။

ကောင်းကင်ခုံရုံး ပျက်သုဉ်းမယ်ဆိုရင် နတ်ဘုရားတွေအကုန်လုံး သေရမှာပဲ။ တစ်ယောက်မှ လွတ်မြောက်မှာ မဟုတ်ဘူး။

ဒါဆိုရင်...

「စစ်မင်」ကကော ဘယ်လိုလုပ်မလ။ သူကလည်း နတ်ဘုရားတစ်ပါးပဲလေ။

"မဟုတ်ဘူး။ ဒီလိုကိစ္စမျိုး အဖြစ်ခံလို့မရဘူး။ ကျုပ်က ကောင်းကင်ခုံရုံးနဲ့အတူ အသေခံမယ်လို့ သစ္စာဆိုထားတ။။"

"ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို သက်သေပြတဲ့အနေနဲ့ အခုချက်ချင်း တာအိုသက်သေပြမယ်။"

ယွဲ့က သတင်းဆိုးကို ရုတ်တရက် ကြားလိုက်ရသော်လည်း စိတ်နေသဘောထား ပြောင်းလဲသွားသည်မှာ အလွန်မြန်ဆန်လှသည်။ သူက ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "ကောင်းကင်တာအိုအသစ် ဆိုရင်ကော ဘာဖြစ်လဲ။ မတိုက်ရသေးဘဲ ကြောက်နေမယ်ဆိုရင် နတ်ဘုရားဆိုတဲ့နာမည်နဲ့ ဘယ်တန်တော့မလဲ။"

ချက်ချင်းပင်။

ယွဲ့က အဆုံးအစမရှိသော ဖရိုဖရဲစကြဝဠာကြီးထဲကို ခြေတစ်လှမ်း လှမ်းဝင်သွားပြီး လက်နှစ်ဖက်ကို ကန့်လန့်ဖြတ်တွန်းထုတ်လိုက်ကာ ရှုပ်ထွေးနေသော စည်းမျဉ်းများကို ဖယ်ရှားပြီးနောက် တာအိုသက်သေပြမည့် အတိဒုက္ခအငွေ့အသက်တွေကို စုစည်းလိုက်သည်။

ဝုန်း...

တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခများ စုရုံးလာပြီး လူသားမျိုးနွယ်၏ ပထမဆုံးသော ကောင်းကင်နယ်ပယ် တန်ခိုးရှင်က ထိုအချိန်လေးမှာပင် မွေးဖွားလာတော့ပေမည်။

အချိန်နှင့် နေရာလွတ် နတ်ဘုရား နှစ်ပါးလုံးက ဝင်ရောက်တားဆီးခြင်း မပြုကြပေ။

"အဲဒီလူသားက ပြောခဲ့တယ်။ စစ်မင်က ကောင်းကင်ခုံရုံး ပျက်သုဉ်းတဲ့ဘေးကနေ လွတ်မြောက်ပြီး နှောင်းခေတ်အထိ ရှင်ခဲ့နိုင်တယ်တဲ။ ရာခိုင်နှုန်းတော်တော်များများက 「ယွဲ့」ကြောင့်ပဲ ဖြစ်ဖို့များတယ်။"

"မင်းဆိုလိုတာက၊ 「ယွဲ့」က စစ်မင်ကိုခေါ်ပြီး ကပ်ဘေးကနေလွတ်အောင် ပြေးနိုင်လို့ အသက်ရှင် သွားတာလို့ ပြောချင်တာလား။"

"ဟုတ်တယ်။ ဘာဖြစ်လို့လဲဆို နှောင်းခေတ်မှာ လူသားတွေ ရှိနေတယ်ဆိုတာက ဒီကပ်ဘေးကြီးထဲမှာ 「ယွဲ့」 မသေခဲ့ဘူး ဆိုတာကို သက်သေပြနေတာပဲ။ မဟုတ်ရင် လူသားတွေရဲ့ ကျင့်ကြံခြင်းအတတ်က ဆက်လက် လက်ဆင့်ကမ်းနိုင်မှာ မဟုတ်ဘူးလေ။"

"သမိုင်းလမ်းကြောင်းအတိုင်းပဲ သွားပါစေတော့။ အနည်းဆုံးတော့ နတ်ဘုရားတစ်ပါးတော့ အသက်ရှင်နိုင်တာပေါ့။"

...

ရုတ်တရက်။

ကောင်းကင်နှင့်မြေကြီး၏ အခြားတစ်ဖက်၌လည်း တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခတစ်ခု စုစည်းလာနေသည်။ အတိုင်းအတာနှင့် အရွယ်အစားက 「ယွဲ့」၏ အတိဒုက္ခထက်ပင် အဆပေါင်းများစွာ ပိုမို ကြီးမားကျယ်ပြန့်နေသေးသည်။

ထိုအတိဒုက္ခတိမ်တိုက်ကြီးအောက်တွင် အနက်ရောင်အရိပ်သဏ္ဌာန်တစ်ခုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်မတ်ရပ်နေပြီး သူ၏ရပ်တည်နေပုံက ထက်မြက်လွန်းသော နတ်ဓားတစ်လက်နဲ့ပင် တူနေသေးသည်။

"အဲဒါက... လူသားလား။" ယွဲ့၏အငွေ့အသက် ရပ်တန့်သွားပြီး ကြောင်တောင်တောင်နှင့် မျက်တောင် တဖျပ်ဖျပ် ခတ်သွား၏။

"ဟမ်။"

"ဘာကြီးလဲ။ ငါက ဖရိုဖရဲစကြဝဠာကြီးမှာ အသိဉာဏ်ပွင့်တဲ့ ပထမဆုံးလူသား မဟုတ်ဘူးလား။ ဘယ်လိုလုပ် ငါနဲ့ တစ်ချိန်တည်း တာအိုသက်သေပြမယ့်သူ ရှိနေရတာလဲ။"

သူ့စိတ်နှလုံးက အပြင်းအထန် တုန်လှုပ်သွားပြီး စိတ်ကိုမထိန်းနိုင်တော့လုနီးပါး ဖြစ်သွား၍ တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခကပင် ပြိုကွဲလုနီးပါး ဖြစ်သွား၏။

ယွဲ့၏မျက်လုံးများက အဝိုင်းသား ပြူးကျယ်သွားပြီး ဦးနှောက်က လုံးဝအလုပ်မလုပ်တော့သလို ဖြစ်သွားသည်။ သူ့ဘဝသူပင် သံသယ ဝင်လာမိသည်။

"ငါကမှ လူသားပညာရှိ။ လူသားတွေရဲ့ ကျင့်စဉ်ကို စတင်ဖွင့်လှစ်ပေးခဲ့တဲ့ သူလေ။ သူက... ဘယ်ကနေ ရောက်လာတာလဲ။" ယွဲ့ က အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။

တစ်ဖက်လူ၏ ခမ်းနားထည်ဝါပြီး သပ်ရပ်သော အဝတ်အစားများကို အကဲခတ်ကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်ရာ တိရစ္ဆာန်သားရေကို ပတ်ထားပြီး ယောက်ျားများ၏ အရေးကြီးသော နေရာလောက်ကိုသာ ဖုံးကွယ်ထားနိုင်ကာ ကျန်သောနေရာများအကုန်လုံးက ဟင်းလင်းပွင့်နေသည်။

ဘယ်လိုပဲ ကြည့်ကြည့် တစ်ဖက်လူကမှ လူသားပညာရှိနဲ့ ပိုတူနေပြီး ငါကိုယ်တိုင်ကတော့ ယဉ်ကျေးမှု မရှိသေးတဲ့ တောရိုင်းလူနဲ့ တူနေတယ်။

ရွှမ်း။

အနက်ရောင်ဝတ်ရုံနှင့်လူငယ်က အလွန်ခန့်ညားပြီး ကြီးမြတ်သော ဓားတစ်လက်ကို ဆင့်ခေါ်လိုက်၏။ ဓားမြည်သံက ကောင်းကင်ယံအထိ ထိုးဖောက်သွားပြီးနောက် အတိုင်းအတာမရှိသော နတ်အလင်းရောင်များ ဖြာထွက်လာသည်။

"အမ်..." ယွဲ့က သူ့လက်ထဲကိုင်ထားသော အရိုးဓားကို အနောက်တွင် တိတ်တဆိတ် ဖွက်ထားလိုက်ပြီး သူ့ဘဝသူ ပို၍ပင် သံသယ ဝင်လာတော့သည်။

လခွမ်းတဲ့မှ။

တကယ်တမ်း ဘယ်သူက လူသားပညာရှိလဲကွာ။

"အချိန်-နေရာလွတ်ဓားတာအို - သမုဒ္ဒရာစီးကြောင်း။"

နက်ရောင်ဝတ်ရုံနှင့်လူငယ်က တောင်တန်းကြီးလို ကြီးမားလှသော ကောင်းကင်ဘုံအတိဒုက္ခကို မျက်နှာချင်းဆိုင်လိုက်ပြီး ဓားတစ်ချက်တည်း ကန့်လန့်ဖြတ် ခုတ်ချလိုက်ရာ ကောင်းကင်ဘုံအတိဒုက္ခကို ဖြတ်တောက်လိုက်ပြီး ထိုနေရာမှာတင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေသည်။

ယွဲ့က ယိမ်းယိုင်ပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်သွားမိကာ ပါးစပ်ကြီးဟလျက် အသံပင် မထွက်နိုင်တော့ပေ။

ငါ အမြင်မမှားဘူးဆိုရင် အဲဒါက အချိန်-နေရာလွတ် မဟာတာအိုပဲ မဟုတ်လား။

သာမန်လူသားတစ်ယောက်က နတ်ဘုရားတွေတောင် မလှမ်းမီနိုင်တဲ့ မဟာတာအိုပေါ်ကို ဘယ်လိုလုပ်ပြီး ရောက်သွားတာလဲ။

"လခွမ်းတဲ့မှ။ တစ်ယောက်ယောက်၊ ငါ့ကို လာရှင်းပြပေးကြပါဦ။။"

ယွဲ့မှာ စိတ်လွတ်သွားသည့်အတွက်၊ကောင်းကင်ဘုံအတိဒုက္ခ တစ်ချက်အပစ်ခံလိုက်ရပြီး အပြင်ဘက် တူးခြစ်ကာ အတွင်းပိုင်းကျက်သွားသည်အထိ ဓာတ်လိုက်ခံလိုက်ရမှ သတိပြန်ဝင်လာတော့သည်။

...

All Chapters