← Chapters

အခန်း ၃၇၈

Vol. 26 Ch. 378

အခန်း ၃၇၈

Vol. 26 Ch. 378

အပိုင်း(၃၇၈) ကျုပ်နဲ့အတူတူ ကောင်းကင်ဘုံအတိဒုက္ခကို ပြန်တိုက်ကြစို့

ယနေ့တွင်တော့။

လူသားမျိုးနွယ်၏ ပထမဆုံးသော ကျင့်ကြံသူနှင့် ခေတ်သစ်သမိုင်း၏ ပထမဆုံးသော တာအိုသက်သေပြသူတို့က ကောင်းကင်နယ်ပယ်ကို တစ်ပြိုင်နက်တည်း တက်လှမ်းနေကြလေပြီ။

ထို့အပြင် ကောင်းကင်နယ်ပယ်သို့ တာအိုသက်သေပြခြင်းကိုပါ တစ်ချိန်တည်းမှာပင် စတင်ခဲ့ကြသည်။ သမိုင်း၏ဆုံတွေ့မှုသည် ဤအခိုက်အတန့်တွင် ဖြစ်ပေါ်နေပြီး ဤကဲ့သို့သော ဒဏ္ဍာရီလာမြင်ကွင်းမျိုးကြောင့် ကောင်းကင်ခုံရုံးမှ နတ်ဘုရားများပင်လျှင် မှင်သက်သွားကြကာ အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားကြသည်။

သို့သော်လည်း သူတို့နှစ်ဦး၏ တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခ ပုံစံများကတော့ လုံးဝကို ကွဲပြားခြားနားနေသည်။

「ယွဲ့」က ကောင်းကင်ခုံရုံးနှင့် ပူးပေါင်းရန် ဆုံးဖြတ်ထားသဖြင့် သဘာဝကျကျပင် အမြင့်မြတ်ဆုံး နတ်ဘုရားများက ကြီးကြပ်စစ်ဆေးပေးပြီး 「ယွဲ့」အတိဒုက္ခဖြတ်ကျော်ရန် အမျိုးမျိုးသော ကပ်ဘေးများကို ဖြန့်ကြက်ချထားပေးသည်။

မုန့်ချင်ကျိုးက အစဉ်အလာအကျဆုံး အတိဒုက္ခဖြတ်ကျော်နည်း ဖြစ်သည်။ ဖရိုဖရဲစကြဝဠာကြီးက ဦးဆောင်သော ကောင်းကင်ဘုံအတိဒုက္ခ မိုးကြိုးများသည် ခေတ်အဆက်ဆက်မှ တန်ခိုးရှင်များအသွင် ဖန်ဆင်းပေါ်ထွက်လာပြီး အတိဒုက္ခဖြတ်ကျော်သူကို မဖြစ်မနေ သတ်ဖြတ်ပစ်မည့်ဟန်ပန်မျိုး ရှိနေသည်။

"သူက အရမ်းသန်မာတာပဲ။ သူ့ရဲ့ ကောင်းကင်ဘုံအတိဒုက္ခက ငါ့ထက် ပိုခက်ခဲပြီး ပိုပြီးတော့ ကြီးမားနေတာတောင် ငါ့ထက်ပိုပြီး သက်သောင့်သက်သာ ဖြစ်နေတယ်။ တာအိုသက်သေပြတဲ့ လုပ်ငန်းစဉ်က ဆယ်ပုံတစ်ပုံလောက် ပြီးသွားတာတောင်မှ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတစ်ချက်လေးမှ မရှိသေးဘူး..."

"ဘယ်ချောင်ကနေ ထွက်လာတဲ့ မကောင်းဆိုးဝါးကြီးလဲ။"

ယွဲ့မှာ အတိဒုက္ခကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေရင်း သူနှင့်တစ်ချိန်တည်း တာအိုသက်သေပြနေသည့် အရိပ်သဏ္ဌာန်ကို မျက်ထောင့်ကပ် ကြည့်လိုက်ရာ ရင်ထဲတွင် အလွန်တုန်လှုပ်သွားရသည်။ တစ်ဖက်လူ လှုပ်ရှားတိုက်ခိုက်လိုက်တိုင်း ထိုသူ၏သန်မာမှုကို သူ ခံစားနေရသည်။

နတ်ဘုရားစွမ်းအား၊ ဓားတာအိုကို ထိန်းချုပ်နိုင်စွမ်း၊ ကျင့်ကြံခြင်း အုတ်မြစ် စသည်တို့ မည်သည့် ရှုထောင့်မှကြည့်ကြည့်၊ ရေတွက်မရနိုင်သောခေတ်ကာလများ၏ ဆင့်ကဲပြောင်းလဲမှုများကို ဖြတ်သန်းလာခဲ့သည့် မျိုးဆက်သစ် လူသားကျင့်ကြံသူတစ်ဦးနှင့် တူနေသည်။

၎င်းက အဆင့်အတန်းချင်းမတူသော ဖိနှိပ်တိုက်ခိုက်မှုကြီး တစ်ခုပင်။

「ယွဲ့」လိုမျိုး ရှေးဟောင်း လူသားမျိုးနွယ် ဘိုးဘေးတစ်ယောက်ကိုပင်၊ ပထမဆုံးအကြိမ်အဖြစ် နက်ရှိုင်းသော ရှုံးနိမ့်မှုခံစားချက်ကို ရရှိသွားစေသည်။

လူသားတွေရဲ့ ကျင့်ကြံခြင်းအတတ်ကို ဖော်ထုတ်နိုင်ခဲ့လို့ ဘိုးဘေးတစ်ယောက်လို့ ဂုဏ်ယူဝင့်ကြွားပြီး ခေတ်အဆက်ဆက်ကို လွှမ်းမိုးနိုင်ပြီလို့ ထင်မှတ်ထားခဲ့ပေမယ့် အခုတော့ ရုတ်တရက် သိလိုက်ရတာက လူတစ်ယောက်ထက်သာတဲ့သူ နောက်တစ်ယောက် ရှိသေးသလို ကောင်းကင်တစ်ခုရဲ့အထက်မှာ နောက်ထပ် ကောင်းကင်တစ်ခု ရှိနေသေးတယ် ဆိုတာကိုပဲ။

"ထပ်လာခဲ့စမ်း။"

"အားမရသေးဘူး။"

အနက်ရောင်ဝတ်ရုံနှင့်လူငယ်က စိတ်တိုင်းကျ ဓားရေးပြနေပြီး ကောင်းကင်ကြီးကို အသံကျယ်ကျယ် အော်ဟစ်စိန်ခေါ်လိုက်သည်။ ကြယ်စင်စုပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်လောက်သော ဧရာမမိုးကြိုးကြီးများကို မျက်နှာချင်းဆိုင်လိုက်ပြီး မိုးကြိုးအတိဒုက္ခ သမုဒ္ဒရာကြီးထဲတွင် ရေချိုးနေသကဲ့သို့ ရှိနေသည်။

[နောက်ဆုံးနာရီ]

[အရုဏ်တက်ချိန်]

ဧရာမ နာရီအဝိုင်းကြီးတစ်ခု ဟင်းလင်းပြင်မှ ပေါ်ထွက်လာပြီး လက်တံလည်ပတ်သွားကာ အရုဏ်တက်ချိန်တွင် ရပ်တန့်သွားသည်။ အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏ အခြေအနေမှာ ချက်ချင်းပင် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားပြီး ကဏ္ဍပေါင်းစုံရှိ စွမ်းရည်များအားလုံး အမြင့်ဆုံးအခြေအနေသို့ ရောက်သွားတော့သည်။

သူ၏ဓားခုတ်ချက်များက ပိုမို၍ လွတ်လပ်ရိုင်းစိုင်းလာပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် စုတ်တံဖြင့် မင်ရည်များ ပက်ဖျန်းကာ ကဗျာစပ်ဆိုနေသည့် ကဗျာနတ်မင်း တစ်ပါးနှင့်ပင် တူနေသည်။

၎င်းတင် မကသေးပေ။။

တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခ တစ်ဝက်လောက် ရောက်လာသောအချိန်တွင် သူက ရေဆန်ကိုပင် ဆန်တက်လာပြီး ကောင်းကင်ယံဆီသို့ တစ်ဟုန်ထိုး တက်သွားကာ ကောင်းကင်ဘုံအတိဒုက္ခကို ပြန်လည် တိုက်ခိုက်ရန် ကြိုးစားနေသည်။

"ကောင်းကင်ဘုံအတိဒုက္ခက ငါ့ကို ဖြတ်ကျော်စေတာလား။ ငါကလည်း ကောင်းကင်ကြီးကို ဖြတ်ကျော်ပစ်မယ်။"

[နောက်ဆုံးနာရီ]

[အရုဏ်တက်ချိန်]

နံနက်ခင်း၏ ပထမဆုံးအလင်းတန်းလေးက နေ့သစ်တစ်ခုကို ကိုယ်စားပြုသလို အသစ်တဖန် ပြန်လည် မွေးဖွားခြင်း အခိုက်အတန့်ကိုလည်း ရည်ညွှန်းနေသည်။

ထိုဟာကွက်လေးက အမှောင်ထုကို ဖယ်ရှားလိုက်ပြီး၊ နေထွက်လာချိန်တွင် အလုပ်လုပ်ကြကာ ကမ္ဘာမြေကြီးမှာ သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

ထိုအခိုက်အတန့်က မျှော်လင့်ချက်ကို ဖော်ပြနေ၏။

မျှော်လင့်ချက် အရုဏ်ဦး အလင်းတန်း၏ အခိုက်အတန့်ပင်။

မွေးကင်းစကလေးငယ်၏ ငိုကြွေးသံကဲ့သို့ ကျယ်လောင်စူးရှသော အသံကြီးက ဖရိုဖရဲစကြဝဠာကြီး တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

ထိုအခိုက်အတန့်မှာပင်။

အချိန်-နေရာလွတ် အမှတ်အသားအသီးသီးမှ မရေမတွက်နိုင်သော မုန့်ချင်ကျိုးများ တစ်ပြိုင်နက်တည်း လှည့်ကြည့်လာပြီး တစ်ပြိုင်နက်တည်း ဓားထုတ်လိုက်ကြသည်။။ အချိန်-နေရာလွတ် အသီးသီးမှ ဓားအသိ သောင်းချီကို ဆွဲယူလာခဲ့သည်။

ဓားသောင်းချီ ပြိုင်တူမြည်ဟည်းသွားပြီးနောက် ကောင်းကင်ယံကို ထိုးဖောက်ကာ တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခကို ဖဖောက်ထွင်းသွား၏။

တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခတပင် ထိုဓားချက်ကြောင့် အတော်လန့်ဖျပ်သွားသလိုပင်။ ဘေးဒဏ်တိမ်တိုက်များပင် နည်းနည်းလောက် ပြိုကွဲသွားခဲ့သည်။

သူပြောခဲ့သလိုပင်။ ကောင်းကင်ဘုံအတိဒုက္ခက သူ့ကို ဖြတ်ကျော်ခိုင်းနေခြင်း မဟုတ်ဘဲ သူက ကောင်းကင်ဘုံအတိဒုက္ခကို ဖြတ်ကျော်ခိုင်းနေခြင်းပင်။

ကောင်းကင်ဘုံအတိဒုက္ခက ဒေါသထွက်သွား၏။

ယခင်က မရှိဖူးလောက်တဲ့ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဖရိုဖရဲစကြဝဠာကြီးတစ်ခုလုံးတွင် ဒေါသအငွေ့အသက်များ ဖြစ်တည်လာကာ အဆုံးအစမဲ့ ရန်လိုမှုများက စုစည်းလာတော့သည်။

ဖရိုဖရဲစကြဝဠာ ဦးဆောင်သော ကောင်းကင်ဘုံအတိဒုက္ခကို ရန်စခြင်းက ကောင်းကင်တာအိုအသစ်၏ ဆန္ဒကို ရန်စနေခြင်းနှင့် အတူတူပင်။

မည်သူဖြစ်စေ သေချာပေါက် သေရပေမည်။

ကောင်းကင်ဘုံအတိဒုက္ခက ရွှေရောင်နတ်လှံတံကြီး တစ်လက်အဖြစ်သို့ စုစည်းသွားပြီး အလျားက ကောင်းကင်ဘုံ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ကောင်းကင်ကြီးကိုယ်တိုင်က လှံတံကို ကိုင်ဆောင်ပြီး ဒေါသတကြီး ဝှေ့ယမ်းလိုက်သလိုပင်။

"ကောင်းကင်တာအိုအသစ်။ မင်းကြောင့် ငါ သေလုမျောပါး ဖြစ်ခဲ့ရတယ်။ ငါ့ကိုရင်ဆိုင်ဖို့ အထူးတလည် နိုးထလာမှတော့ ငါကလည်း ပေါ့ဆနေလို့ မဖြစ်ဘူးလေ။ ဧည့်သည် ရောက်လာမှတော့ ဧည့်ခံရမှာပေါ့။"

"လာခဲ့စမ်းပါ။ မင်းနဲ့ငါရဲ့ အားပြိုင်မှုက အခုကစပြီ။"

ဝုန်း။

လှံတံကြီးတစ်ချက် ကျဆင်းလာရာ အနက်ရောင်ဝတ်ရုံနှင့်လူငယ်က အသတ်ခံလိုက်ရပြီး ကောင်းကင်ယံတွင် သွေးများ စွန်းထင်းသွား၏။

ကောင်းကင်ဘုံမှ နတ်ဘုရာများအားလုံး လန့်ဖျပ်သွားကြသည်။

သို့သော်လည်း အရိပ်သဏ္ဌာန်တစ်ခုက ဘေးဒဏ်ပြာမှုန့်များထဲမှ ပြန်လည်ထွက်ပေါ်လာပြီး ဓားကို ကိုင်ဆောင်ကာ မတ်မတ်ရပ်လျက် ကောင်းကင်ဘုံအတိဒုက္ခဆီသို့ ဆက်လက်ချီတက်ကာ မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်။

သူက ကတိကို တည်နေတာပဲ။ ကောင်းကင်ဘုံအတိဒုက္ခကို လူတစ်ယောက်က ပြန်ဖြတ်ကျော်ခိုင်းတဲ့ အရသာကို မြည်းစမ်းခိုင်းဖို့ သန္နိဋ္ဌာန်ချထားတာ။

"အရမ်းကြမ်းလွန်းတယ်။ ဒါက လခွမ်းတဲ့မှ။ လူကော ဟုတ်သေးရဲ့လား။" ယွဲ့မှာ ပါးစပ်ကြီးဟလျက် ကြက်သေသေနေပြီး ကောင်းကင်ခုံရုံးက ဦးဆောင်ပေးနေသော သူရင်ဆိုင်ရမည့် ကောင်းကင်ဘုံအတိဒုက္ခကို ပြန်ကြည့်လိုက်ရာ ကလေးများ တူတူပုန်းတမ်း ကစားနေသလို ဖြစ်နေသည်။

နတ်ဘုရားများပင် တုန်လှုပ်လွန်း၍ အသံမထွက်နိုင်တော့ပေ။

တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခကို တန်ပြန်တိုက်ခိုက်ပြီး ဖရိုဖရဲစကြဝဠာကြီး၏ ဆန္ဒကိုပင် ဖြတ်ကျော်စေချင်သည့် ဤကဲ့သို့ကြမ်းတမ်းသော လူမိုက်မျိုးက ခေတ်အဆက်ဆက်၌ ဤတစ်ယောက်တည်းသာ ရှိလောက်သည်။ နတ်ဘုရားများပင် ထိုမျှလောက် မမောက်မာမရိုင်းစိုင်းရဲကြပေ။

"သန်မာလွန်းလို့ အဓိပ္ပာယ်တောင် မရှိတော့ဘူး၊ ကြောက်စရာကောင်းလောက်အောင် သန်မာတယ်။ ဒီခေတ်ကြီးထဲမှာ ဘယ်လိုလုပ် ဒီလိုလူမျိုး ရှိနေရတာလဲ။ သာမန်ရုပ်ခန္ဓာသက်သက်နဲ့ မဟာတာအို နတ်ဘုရားတွေကို ယှဉ်နိုင်နေပြီ။"

"သူ့ရဲ့ နတ်ဘုရားစွမ်းအားနဲ့ တာအိုနိယာမတွေကလည်း ငါ့ထက် အများကြီးသာလွန်တယ်။ လမင်းကြီးနဲ့ ဖုန်မှုန့်လေးလောက်ကို ကွာခြားနေတာ။"

"လူသားတွေရဲ့လမ်းစဉ်ကို ဖွင့်လှစ်ပေးတဲ့ပညာရှိဆိုတဲ့ နာမည်နဲ့ ငါ ဘယ်လိုလုပ်ထိုက်တန်မှာလဲ။"

ယွဲ့၏ပါးစပ်ထဲ ခါးသီးမှုများ ပြည့်နှက်နေ၏။ အဘက်ဘက်မှ လူတစ်ယောက်၏ အပြတ်အသတ် ဖိနှိပ်ခံရခြင်းမျိုးကို မွေးကတည်းက အခုချိန်ထိ ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။

...

...

[အချိန်-နေရာလွတ် - တာအိုအလုံးစုံ အစနှင့်အဆုံး]

[အချိန်-နေရာလွတ် - ပုံရိပ်ယောင်]

သူ၏အနောက်ဘက်တွင် အရိပ်သဏ္ဌာန်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ ဓားကိုင်ဆောင် ထားသော စိတ်ဓာတ်ကျနေသည့် အမျိုးသား၊ အေးစက်သောမျက်ဝန်းနှင့် မျက်နှာထားရှိသောဓားအရှင်သခင်၊ သင်္ကန်းရုံထားသောဘုန်းကြီးအို၊ အရပ်ဘက် ဝန်ကြီးဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို၊ ချပ်ကာဝတ်စုံနှင့် လက်နက်ကိုင်ဆောင်ထားသော စစ်သူကြီးအို စသည်ဖြင့်...

"အကုန်လုံး နိုးထလာကြ။ ခင်ဗျားတို့က အမြဲတမ်း ကျုပ်နဲ့အတူ ရှိနေတာပဲ။"

"ခေတ်သစ်သမိုင်းရဲ့ အကြီးမားဆုံးရန်သူက မျက်စိရှေ့မှာ ရောက်နေပြီ။ ခင်ဗျားတို့ကို သေဆုံးစေခဲ့တဲ့ တရားခံအစစ်အမှန်က ပေါ်လာပြီ။"

"အဲဒါပဲ။ အဲဒါကမှ ကျုပ်တို့အားလုံးရဲ့ ရန်သူ။"

"လူကြီးမင်းတိ့။ ကျုပ်နဲ့အတူတူ..."

"ကောင်းကင်တာအိုကို တိုက်ခိုက်ကြစို့။"

မုန့်ချင်ကျိုးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ယှဉ်ပြိုင်ဘက်ကင်းသော အရှိန်အဝါများဖြင့် အချိန်-နေရာလွတ်အသီးသီးမှ မိမိကိုယ်ကိုယ်များနှင့်အတူ တစ်ပြိုင်နက်တည်း ဓားထုတ်လိုက်သည်။

အနောက်ဘက်ရှိ အရိပ်သဏ္ဌာန်များကလည်း လှုပ်ရှားလာကြသည်။

သူတို့အထဲတွင် အချို့က အသိဉာဏ်အနည်းငယ် ပြန်လည်ရရှိလာကြပြီး အချို့ကတော့ ထုံထိုင်းသော အမူအရာ ရှိနေကြသော်လည်း အားလုံးက ရဲရဲဝံ့ဝံ့ ပေါက်ကွဲထွက်လာကာ ရေဆန်ကို ဆန်တက်ပြီး မျက်နှာချင်းဆိုင် တိုက်ခိုက်လိုက်ကြသည်။

ထိုမှတ်ဉာဏ်များက ဦးနှောက်ထဲတွင် ပေါ်လာ၏။

ဤလူများထဲတွင် အချို့မှာ ဝိညာဉ် လုံးဝလွင့်စင်ပျောက်ကွယ်သွားခဲ့သူများ၊ အချို့မှာ ပြန့်ကျဲနေသော ဝိညာဉ်အချို့ ကျန်ရှိနေသေးသူများ၊ အချို့မှာ သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသူများ ဖြစ်ပြီး အချို့မှာတော့ ရန်သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။

ဤကဲ့သို့ ကြေကွဲဖွယ်ရာ အဖြစ်အပျက်များကို ဖြစ်ပေါ်စေခဲ့သည်မှာ မည်သည့်အင်အားစုကြောင့်မှ မဟုတ်ဘဲ ဖရိုဖရဲစကြဝဠာကြီး၏ဆန္ဒဖြစ်သော ကောင်းကင်တာအိုအသစ်ကြောင့်ပင်။

အတ္တကင်းမဲ့ဗုဒ္ဓ၊ လျို့ဝှက်ဓား တားမြစ်နယ်မြေအရှင်သခင်၊ လီရွှမ်ကျင်း၊ မဟာကျင်း စစ်သည်တော်များနှင့် သေဆုံးသွားသော ဝန်ကြီးများ၊ ချူမိသားစု၏ ဘိုးဘေးသုံးပါး စသည်ဖြင့်...

သူတို့အားလုံးက မုန့်ချင်ကျိုး၏ဘေးနားတွင် ပေါ်လာကြပြီး ထိုအရိပ်သဏ္ဌာန်နောက်သို့ လိုက်ကာ ကောင်းကင်ဘုံအတိဒုက္ခကို အတူတကွ တန်ပြန်တိုက်ခိုက်ကြသည်။

တာအိုသက်သေပြကောင်းကင်ဘုံအတိဒုက္ခက တဖြည်းဖြည်းနှင့် ပြိုကွဲသွားခဲ့ပြီး ဤလူအုပ်ကြီး၏ တစ်လက်မချင်း ဖျက်ဆီးမှုကြောင့် အတိဒုက္ခအငွေ့အသက်များပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေလုနီးပါး ဖြစ်သွားသည်။

ကောင်းကင်ဘုံအတိဒုက္ခက ပို၍ပို၍ အားနည်းလာပြီးနောက် ခေါင်းပြူထွက်လာသည်နှင့် ချက်ချင်း ညှစ်သတ်ခံလိုက်ရသည်။

ထိုလူအုပ်ကြီးက ကောင်းကင်ဘုံအတိဒုက္ခ မြစ်ဖျားခံရာနေရာကို ပိတ်ဆို့ပြီးနောက် အကြီးအကျယ် တိုက်ခိုက်နေကြခြင်းပင်။

...

...

"ကောင်းကင်ဘုံအတိဒုက္ခက တကယ်ကြီး အရိုက်ခံရတော့မယ်။ ဒီလိုပုံစံနဲ့တောင် တာအိုသက်သေပြလို့ ရတာလား။"

"ကောင်းကင်ဘုံအတိဒုက္ခတောင်မှ အသံမထွက်ရဲလောက်အောင် အရိုက်ခံနေရတာ..."

"ဖရိုဖရဲစကြဝဠာကြီးရဲ့ဆန္ဒက အရမ်းကို အစွမ်းထက်တယ်။ ကောင်းကင်ခုံရုံးကိုတောင် ဖျက်ဆီးနိုင်တယ်ဆို၊ ဒီလောက်လေးပဲလား။" ယွဲ့မှာ မျက်လုံးကြီးပြူးကျယ်လျက် ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို စိုက်ကြည့်နေမိပြီး ဦးရေပြားကိုလျှပ်စစ်စီးသွားသလို ကျင်တက်သွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထလာတော့သည်။

သူ၏မျက်နှာက နီရဲလာပြီး ခန္ဓာကိုယ်ထဲမှ ပူနွေးသောသွေးများ နိုးကြားလာကာ ထိုအရိပ်နောက်ကို လိုက်ပြီး ကောင်းကင်ဘုံအတိဒုက္ခကို သွားရောက်တိုက်ခိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။

ယွဲ့သည် ကိုယ့်ဘက်မှ ကောင်းကင်ဘုံအတိဒုက္ခကို ခက်ခက်ခဲခဲ တောင့်ခံနေရင်းနှင့် မျက်ထောင့်ကပ် ကြည့်လိုက်ရာ သူ၏မျက်စိထဲတွင် အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏ ယှဉ်ပြိုင်ဘက်ကင်းသော ရဲရင့်သည့် ကိုယ်ဟန်ကိုသာ ပြည့်နှက်နေတော့သည်။

"ဒါကမှ စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းပဲ။ လူသားမျိုးနွယ်ကို ငါက ဦးဆောင်ရမှာ မဟုတ်ဘူး။ ဒီလူကမှ လူသားခေါင်းဆောင်ဆိုတဲ့ ရာထူးနဲ့ ထိုက်တန်တာ။"

"သူ့နောက်ကိုသာ လိုက်ခွင့်ရမယ်ဆိုရင် ငါ နောက်လိုက်တပည့်တစ်ယောက်အဖြစ် နေရရင်တောင် ကျေနပ်တယ်။"

...

All Chapters