← Chapters

အခန်း ၃၈၂

Vol. 26 Ch. 382

အခန်း ၃၈၂

Vol. 26 Ch. 382

အပိုင်း(၃၈၂) ငါက ကပ်ဘေးကို ရင်ဆိုင်ရမယ့်သူ ဖြစ်သလို ကပ်ဘေးကိုယ်တိုင်လည်း ဖြစ်နေခဲ့တယ်

ထိုနေ့တွင်။

ကောင်းကင်ဘုံမှ အမိန့်ပြန်တမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။ အကြောင်းအရာမှာ တိုတိုနှင့် လိုရင်းဖြစ်ပြီး ကောင်းကင်ခုံရုံးဖွဲ့စည်းပုံ၏ အလယ်အလတ်နှင့် အောက်ခြေအလွှာများဖြစ်သော "မျိုးနွယ်စုပေါင်းစုံ"၊ "မွေးရာပါ နတ်ဘုရားများ"နှင့် "နောင်မှဖြစ်လာသောနတ်ဘုရားများ"ကို ချက်ချင်းနှုတ်ထွက်စေပြီး ကောင်းကင်ခုံရုံး၏ ကံကြမ္မာများကို ဖယ်ရှားကာ ပြန်လည်ပေးအပ်ရန် ဖြစ်သည်။

ထို့ပြင် ကောင်းကင်ခုံရုံးက အလုပ်မရှိဘဲနေရာယူထားသူအများစုကိုလည်း ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး မဟာတာအိုနတ်ဘုရား သုံးထောင်ကိုသာ ချန်ထားခဲ့တော့သည်။

အကြောင်းပြချက်ကလည်း ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။

ကောင်းကင်ခုံရုံးက မင်းတို့လို ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဆက်ပြီးတော့ မပူးပေါင်းချင်တော့ဘူး။ မဟာတာအို နတ်ဘုရားတွေက သီးသန့်ပဲရပ်တည်တော့မယ်။ ဒီနေ့ကစပြီး ကောင်းကင်ခုံရုံးက မဟာတာအို နတ်ဘုရားတွေရဲ့ သီးသန့် ပိုင်နက်ပဲ ဖြစ်တော့မယ်။

အမိန့်ပြန်တမ်းကို အတင်းအကျပ် အကောင်အထည်ဖော်ခဲ့သည်။

ချက်ချင်းဆိုသလိုပင် မျိုးနွယ်စုပေါင်းစုံအပြင် မွေးရာပါနှင့် နောင်မှဖြစ်လာသော နတ်ဘုရားများအားလုံး အလွန်အမင်း ဒေါသထွက်သွားကြပြီး ကောင်းကင်ခုံရုံးကို သံယောဇဉ်ကင်းမဲ့ပြီး ရက်စက်သည်ဟု ရူးသွပ်မတတ် ကျိန်ဆဲကြတော့သည်။ သူတို့က ကောင်းကင်ခုံရုံးအတွက် နှစ်ထောင်ချီ အလကားအလုပ်လုပ်ပေးခဲ့ရသော်လည်း နောက်ဆုံးတွင် တံတားကိုကူးပြီးမှ ဖျက်ဆီးပစ်ခံရသည့် လုပ်ရပ်မျိုးကို ကြုံတွေ့လိုက်ရသဖြင့်၊ မဟာတာအို နတ်ဘုရားများ အားလုံးကို ကျေးဇူးကန်းသူများဟု သတ်မှတ်လိုက်ကြသည်။

၎င်းတင်မကသေးဘဲ အချို့ ကောင်းကင်နယ်ပယ်နတ်ဘုရားများက တိတ်တဆိတ် အကြံအစည်များ ကြံစည်ကာ ပုန်ကန်မှုအလံကိုလွှင့်ထူပြီး မဟာတာအိုနတ်ဘုရားများ၏ အုပ်ချုပ်မှုကို မှောက်လှန်ရန်အတွက် ပြင်ဆင်နေကြသည်။

ဤသို့ဖြင့် အမျိုးမျိုးသော ကမောက်ကမ အခြေအနေများ မကြာခဏ ဖြစ်ပေါ်လာတော့သည်။

တောင်ကမ်းပါးယံ တစ်နေရာတွင်။

မုန့်ချင်ကျိုးကလည်း ဤသတင်းကို ကြားသိသွားပြီးနောက် ထိုနေရာမှာပင် ကြက်သေသေသွားကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"ကောင်းကင်ခုံရုံးက ငါ့ရဲ့အနာဂတ္တိစကားကြောင့်မို့လို့ မျိုးနွယ်စုပေါင်းစုံနဲ့ တခြားနတ်ဘုရားတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာပဲ။ ကောင်းကင်ခုံရုံးကြီး ပျက်သုဉ်းသွားတဲ့အခါကျရင် မျိုးနွယ်စုပေါင်းစုံခေတ်နဲ့ နတ်ဘုရားခေတ်ပါ အတူတူပျောက်ကွယ်သွားမှာကို ကာကွယ်ဖို့အတွက်ပေါ့..."

"ဒါပေမဲ့..."

"တကယ်လို့များ ငါ့ရဲ့အနာဂတ္တိစကားသာ မရှိခဲ့ရင် ကောင်းကင်ခုံရုံက ဒီလိုလုပ်ရပ်မျိုးကို ကြိုတင်ပြီး လုပ်နိုင်မှာမဟုတ်ဘူး။ ဒါဆို ငါက သမိုင်းကိုဖီဆန်လိုက်တာလား။ ဒါမှမဟုတ် သမိုင်းကြောင်းအတိုင်း လိုက်လုပ်ပေးလိုက်တာလား။"

"ငါ လောကကြီးစတင်ဖြစ်တည်တဲ့ခေတ်ကို ရောက်လာတာက ကံကြမ္မာရဲ့သတ်မှတ်ချက်အရ မဖြစ်မနေ ဖြစ်လာရမယ့် အရာများလား။"

ထိုအခိုက်အတန့်တွင်။

သူက အနည်းငယ် ဝေဝါးသွားပြီး မဟာတာအိုနတ်ဘုရားများ အဘယ်ကြောင့် ထိုသို့လုပ်ခဲ့ရကြောင်း ဆိုသည်ကိုလည်း နားလည်သွားသည်။ ထို့နောက်တွင် နောက်ထပ်အတွေးတစ်ခု ထပ်ပေါ်လာသည်။

"တကယ်လို့များ ကောင်းကင်ဘုံကြီးပျက်သုဉ်းရတဲ့ အဓိကအကြောင်းရင်းက မျိုးနွယ်စုပေါင်းစုံနဲ့ အဲဒီမွေးရာပါနဲ့ နောင်မှဖြစ်လာတဲ့နတ်ဘုရားတွေရဲ့ ပုန်ကန်မှုကြောင့် ဆိုရင်ကော။ အဲဒါကြောင့် တာအိုအသစ်က အခွင့်ကောင်းယူနိုင်သွားပြီး နောက်ဆုံးမှာ ကောင်းကင်ခုံရုံးကြီး ပျက်သုဉ်းသွားရတာဆိုရင်ကော။"

"အဲဒီလိုဆိုရင၊ ဒီအရာအားလုံး ဖြစ်ပေါ်လာရတဲ့ မြစ်ဖျားခံရာ ဇာစ်မြစ်က... ငါပဲ ဖြစ်နေတာ မဟုတ်ဘူးလား။" မုန့်ချင်ကျိုးက အတွေးနက်သွားတော့သည်။

ဝေဝါးဝါးဖြင့် သူက ကောင်းကင်ခုံရုံး ပျက်သုဉ်းရခြင်း၏ အဓိကအကြောင်းရင်းကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

ရာခိုင်နှုန်းအတော်များများက ကောင်းကင်ခုံရုံး၏ အလယ်အလတ်နှင့် အောက်ခြေအလွှာ ဖွဲ့စည်းပုံ ဖျက်သိမ်းခံလိုက်ရသဖြင့် မဟာတာအိုအသစ်က အခွင့်ကောင်းဝင်ယူသွားပြီးနောက် ထို "မျိုးနွယ်စုပေါင်းစုံ"၊ "နတ်ဘုရားများ"ကို ထောက်ပံ့ပေးကာ မဟာတာအို နတ်ဘုရားများကို မှောက်လှန်ပစ်ခဲ့ခြင်းပင် ဖြစ်မည်။

ဤရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်မှာ။

ယခုလေးတင် လင်းရှောင်နန်းဆောင်သို့ သွားရောက်စဉ် သနားကြင်နာစိတ် အနည်းငယ်ကြောင့် ထိုအနာဂတ္တိစကားများကို ပြောထွက်သွားခဲ့ခြင်းကြောင့်ပင်။

မဟုတ်ပါက ကောင်းကင်ခုံရုံးသည် ဤသို့ လုပ်ဆောင်မည် မဟုတ်ပေ။

"အကြောင်းအကျိုး..."

"သံသရာလည်နေတာပဲ။"

"ငါ ရှေးဟောင်းခေတ်ကို မတော်တဆ ရောက်လာတာက အပြောင်းအလဲတစ်ခု မဟုတ်ဘဲနဲ့ သတ်မှတ်ထားပြီးသား ကိစ္စတစ်ခုပဲ။"

"ငါက..."

"ရှေးဟောင်း ကောင်းကင်ခုံရုံးကြီးကို ငါ့လက်နဲ့ ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့တာလား။"

မုန့်ချင်ကျိုး၏ လက်ဝါးများက အနည်းငယ် တုန်ယင်နေပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်ကာ တဖြည်းဖြည်းနှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏အကြည့်များက တဖြည်းဖြည်း ပြတ်သားလာသည်။

"ငါက ကပ်ဘေးကိုရင်ဆိုင်ရမယ့်သူ ဖြစ်သလို ကပ်ဘေးကိုယ်တိုင်လည်း ဖြစ်နေခဲ့တယ်။"

"ငါက ကပ်ဘေးကိုရင်ဆိုင်ရမယ့်သူ ဖြစ်သလို ကပ်ဘေးကိုယ်တိုင်လည်း ဖြစ်နေခဲ့တယ်။"

"ငါက ကပ်ဘေးကိုရင်ဆိုင်ရမယ့်သူ ဖြစ်သလို ကပ်ဘေးကိုယ်တိုင်လည်း ဖြစ်နေခဲ့တယ်။"

...

...

သူက ဤစကားကို အဆက်မပြတ် ထပ်တလဲလဲ ရေရွတ်နေပြီး ယခုအချိန် ယခုအခိုက်အတန့်တွင် ထိုစကား၏အဓိပ္ပာယ်ကို နောက်ဆုံးတွင် အနည်းငယ် နားလည်သဘောပေါက်သွားတော့သည်။

တောင်ကမ်းပါးယံတွင်။

မုန့်ချင်ကျိုးက ကမောက်ကမ အရေးအခင်းများ စတင်တော့မည့် အနံ့အသက်ကို ရနေပြီဖြစ်သည်။ ဖရိုဖရဲစကြဝဠာကြီးတစ်ခုလုံးကို လွှမ်းမိုးမည့် ကပ်ဘေးကြီးတစ်ခုက အားယူနေပြီဖြစ်သည်။

သမိုင်းကြောင်းရှိ ကောင်းကင်ခုံရုံး ပျက်သုဉ်းမှုနှင့်ပတ်သက်သော အတိတ်ကာလက မကြာခင် ပုံဖော် ကပြပေတော့မည်...

ရုတ်တရက်။

သားရဲပေါက်စလေးက သူ၏မျက်နှာကို လက်သည်းသေးသေးလေးများဖြင့် ဖိကပ်ကာ၊ နူးညံ့သော အသံလေးဖြင့် ပြောလိုက်သည်။ "ဓားသူတော်စင်... သခင်ကြီး။ ချုံးက... အမြဲတမ်း စောင့်နေပါ့မယ်။"

"အမြဲတမ်း၊ အမြဲတမ်းပါ။ နှစ်သောင်းချီကြာမယ်ဆိုရင်တောင်... ချုံးက... စောင့်ဖို့ ဆန္ဒရှိပါတယ်။"

မုန့်ချင်ကျိုး၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် သူ၏ဦးနှောက်ထဲ၌ မိုးကြိုးပေါင်းသောင်းနှင့်ချီ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားကာ နားစည်များပင် အူသွားသည်။ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်နေပြီး အသက်ရှူသံများ ကမောက်ကမဖြစ်သွားကာ ယိုစိမ့်ထွက်လာသော ဓားအသိ အနည်းငယ်မျှကပင် ဖရိုဖရဲစကြဝဠာကြီး၏ တစ်ဝက်ကို တိုက်ရိုက်မွှေနှောက်သွားစေသည်။

သူက သားရဲပေါက်စလေးကို ရင်ခွင်ထဲ ဆွဲဖက်လိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ကာ တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။

"နေဦး..."

"ခုနက မင်း... ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခေါ်လိုက်တာလဲ။"

"...ချုံးလေ။"

သားရဲပေါက်စလေးက ကြောင်တောင်တောင်ဖြင့် ခေါင်းကိုကုတ်လိုက်ပြီး အပြစ်ကင်းစင်စွာ အနည်းငယ် ရှက်သွေးဖြာစွာဖြင့် ခေါင်းကိုငုံ့လိုက်သည်။ "သခင်ကြီး ပေးထားတဲ့နာမည်က အရမ်း ရုပ်ဆိုးတာပဲ။ ငယ်ငယ်က နားမလည်ပေမယ့် အခုတော့ နားလည်နေပြီ။ ရှုံ့တဆိုတဲ့ နာမည်က အရမ်း ယောကျ်ားဆန်လွန်းတယ်။"

"ဒါကြောင့် ကျွန်မ နာမည်ပြောင်းချင်တာ။ ချုံးလို့ ပြောင်းမယ်။"

"အဓိပ္ပာယ်ကတော့ ကောင်းကင်ကြီးနဲ့အတူ သက်တမ်းရှည်ပြီး ထာဝရ အသက်ရှင်နေမယ်။ သခင်ကြီးနဲ့ ပြန်ဆုံတွေ့မယ့်နေ့ရက်အထိ အမြဲတမ်း အသက်ရှင်နေမယ်ဆိုတဲ့ သဘောပါ။"

မုန့်ချင်ကျိုးမှာ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားပြီး ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ မျက်ကွင်းများက တဖြည်းဖြည်း နီရဲကွဲအက်လာသည်။

ဦးနှောက်ထဲရှိ မှတ်ဉာဏ်များက စလိုက်ရှိုး ပြသသကဲ့သို့ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။

[ဓားသူတော်စင် သခင်ကြီး။ ကျွန်မ ရှင့်ကို နှစ်ပေါင်းသုံးသောင်း စောင့်နေခဲ့တယ်။ ဒီအစွဲအလမ်းက ကျွန်မကို ဝါးမျိုသွားခဲ့ပြီ။ ကျွန်မ ထပ်ပြီး ဆက်မစောင့်နိုင်တော့ဘူး]

[သခင်ကြီး။ ကျွန်မ သခင်ကြီးနဲ့အတူ မြို့တော်ကို လိုက်သွားလို့ ရမလား]

[သခင်ကြီး၊ သခင်ကြီးက အတိတ်ကို ခဏတာ မေ့သွားတာဆိုတာကို ကျွန်မ သိပါတယ်။ တစ်နေ့ကျရင် ကျွန်မတို့ကြားက အတိတ်ကအဖြစ်အပျက်တွေကို သခင်ကြီး ပြန်သတိရလာမှာပါ။ ချုံးက သခင်ကြီးကို စောင့်နေပါ့မယ်...]

[ဒီဓားအဆောင်လေးက သခင်ကြီး ကျွန်မအတွက် ချန်ထားခဲ့ပေးတာလေ။ ကျွန်မ အမြဲတမ်း ကိုယ်မှာ ဆွဲထားခဲ့တာ]

[သခင်ကြီး...]

[သခင်ကြီး...]

ဝုန်း။

မုန့်ချင်ကျိုး၏ဦးနှောက်ထဲတွင် ဝုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နားစည်များက အဆက်မပြတ် အူလာသည်။

"တကယ်တော့ မင်းက ချုံးကိုး။ တကယ်တော့ မင်းက ရှုံ့တပဲကိုး..."

"ငါ့ကို နှစ်ပေါင်းသုံးသောင်း စောင့်မယ်လို့ မင်းပြောခဲ့တာ... အလကား ပြောခဲ့တာ မဟုတ်ဘူးပဲ..."

"အကုန်လုံး အမှန်တွေချည်းပဲ။ ကံကြမ္မာက အစောကြီးကတည်းက သတ်မှတ်ထားပြီးသားမို့လို့။ ဒါကြောင့်မို့လို့..."

ရုတ်တရက်။

သူက ကောင်းကင်ကိုမော့ကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ ရယ်သံက ကိုးထပ်မြောက် ကောင်းကင်ယံအထိ တုန်ခါသွားစေသည်။ အသက်ရှူမဝတော့သည်အထိ ရယ်မောနေပြီး ရယ်ရင်းနှင့် မျက်ရည်များပင် လိမ့်ဆင်းလာသည်။

အတန်ကြာပြီးနောက်။

သူ၏ပါးစပ်မှ စကားတစ်ခွန်းကို တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါက ကပ်ဘေးကိုရင်ဆိုင်ရမယ့်သူ ဖြစ်သလို၊ ကပ်ဘေးကိုယ်တိုင်လည်း ဖြစ်နေခဲ့တယ်။"

"ငါ့ဆီကနေ အစပြုခဲ့သလို ငါ့ဆီမှာပဲ အဆုံးသတ်သွားတာပဲ။"

သားရဲပေါက်စလေးမှာ အလွန်ကြောက်ရွံ့တုန်လှုပ်နေပြီး ဓားသူတော်စင်သခင်ကြီး အဘယ်ကြောင့် ထိုသိို့ဖြစ်သွားရကြောင်းကို နားမလည်နိုင်ပေ။ မျက်ရည်များဝဲလျက်ဖြင့် သူ၏လည်ပင်းကို ဖက်ထားကာ နူးညံ့သောအသံလေးဖြင့် ပြောလိုက်သည်ႏ

"သခင်ကြီး မကြောက်ပါနဲ့။ ချုံးက ရဲရဲဝင့်ဝင့် ဆက်ပြီးတော့ အသက်ရှင်နေသွားမှာပါ။"

"ချုံး မသေပါဘူး။ ချုံးက သခင်ကြီးနဲ့ ထားခဲ့တဲ့ကတိကို ဖြည့်ဆည်းရဦးမယ်လေ။"

နောက်တစ်ခဏတွင်။

မုန့်ချင်ကျိုးက သားရဲပေါက်စလေးကို အောက်သို့ချပေးလိုက်ပြီ၊ သူ၏ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို သေချာစစ်ဆေးကြည့်လိုက်သည်။ အကြောင်းမှာ ချုံးက နောင်တစ်ချိန် နတ်ဘုရားကပ်ဘေးကို ခံစားရမည်ဖြစ်ပြီး ထိုရောဂါက သူ့ကို နှစ်ပေါင်းသောင်းချီ နှိပ်စက်ခဲ့ကြောင်းကို မှတ်မိနေသောကြောင့်ပင်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ထိုရောဂါဝေဒနာကို သူ ကြိုတင်၍ အမြစ်ဖြတ် ဖယ်ရှားပေးချင်သည်။ ထိုနှစ်များတစ်လျှောက် ချုံးခံစားရမည့် အထီးကျန်မှုနှင့် နာကျင်မှုများကို သူ တတ်နိုင်သမျှ ပြန်လည် ကုစားပေးချင်သည်။

"တကယ်ကြီး ရှိနေတာပဲ။"

"သက်တမ်းရှည်တဲ့မျိုးနွယ်တွေဟာ ကောင်းကင်ရဲ့အပြစ်ပေးမှုကို သေချာပေါက် ခံရမှာပဲ။ နတ်ဘုရား ကပ်ဘေးဆိုတာက မွေးရာပါနတ်ဘုရားတွေနဲ့ နောင်မှဖြစ်လာတဲ့နတ်ဘုရားတွေကို ပစ်မှတ်ထားတဲ့ နည်းလမ်း တစ်ခုပဲ။"

မုန့်ချင်ကျိုး၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သူ မျက်မှောက်လောကသို့ ပြန်ရမည့်အချိန်က ချက်ချင်း ရောက်လာတော့မည်ကို သိနေသည်။

အချိန် မမီတော့ပေ။

ဝေါခနဲနေ၍…

အချိန်-နေရာလွတ်မြစ်တစ်ခုက ရောက်ရှိလာပြီး သူ့ကို အပေါ်သို့ပင့်တင်လိုက်ကာ ခေတ်သစ်သမိုင်းသို့ ပြန်လည်ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည်။

"အပြောင်းအလဲလုပ်လို့ မရဘူးလား..."

မုန့်ချင်ကျိုးက ခါးသီးစွာဖြင့် ပြုံးရင်း မတ်တတ်ရပ်လိုက်ပြီး နောက်သို့လှည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ မူလနေရာတွင် ကျန်ရစ်ခဲ့သော သားရဲပေါက်စလေးကလည်း တစ်ခုခုကို သတိပြုမိသွားပုံရပြီး မျက်ရည်ပေါက်ကြီးများက အဆက်မပြတ် လိမ့်ဆင်းလာတော့သည်။

သူက ပူညံပူညံမလုပ်ဘဲ တိတ်တဆိတ်သာ မျက်ရည်ကျနေပြီး ပျောက်ကွယ်တော့မည့် အနက်ရောင် ဝတ်ရုံနှင့်လူငယ်၏ ကျောပြင်ကို ငေးကြည့်နေသည်။

မုန့်ချင်ကျိုးက ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး ပြောလိုက်သည်။

"နှစ်ပေါင်းသုံးသောင်း ကြာသွားတဲ့အခါ အချိန်-နေရာလွတ် ဓားသူတော်စင်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းရဲ့ နာတာရှည်ရောဂါကို ဖြေရှင်းပေးဖို့ သူ့ကို သွားရှာလိုက်ပါ။ အဟက်... အဲဒီနေ့အထိ မင်း အသက်ရှင်နိုင်ဖို့ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။ နှုတ်ဆက်ပါတယ်။ ရှုံ့တလေး။"

"သေချာမှတ်ထားနော်။ လွှမ်းမိုးထိန်းချုပ်ချင်တဲ့ဆန္ဒတွေကို အရမ်းကြီးမပြနဲ့။ သူက အဲဒါမျိုးတွေကို မကြိုက်ဘူ။ မင်းက ညီမငယ်လေးတစ်ယောက်လိုမျိုး၊ သူ့ဘေးနားမှာ တိတ်တဆိတ်လေး အဖော်ပြုပေး နေလိုက်ပါ။ တစ်နေ့ကျရင် သူ ပြန်သတိရလာလိမ့်မယ်။"

"ချုံး... သေချာပေါက် အားတင်ထားရမယ်နော်။"

သို့သော်လည်း။

အချိန်-နေရာလွတ်မြစ်ကြီး သူ့ကို တင်ဆောင်ပြီး ထွက်ခွာသွားပြီဖြစ်ရာ နောက်ပိုင်း စကားနှစ်ခွန်းက အပြင်သို့ မရောက်ရှိခဲ့ပေ။ ချုံးကြားလိုက်ရသည်မှာလည်း နှစ်ပေါင်းသုံးသောင်း ကြာသွားသည့်အခါတွင် အချိန်-နေရာလွတ် ဓားသူတော်စင်တစ်ယောက် ပေါ်ထွက်လာလိမ့်မည် ဆိုသည်ကိုသာ ဖြစ်သည်...

သားရဲပေါက်စလေးက နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးသံများ ထွက်ပေါ်၍ လာတော့သည်။

မြေကြီးပေါ်တွင် ကွေးကွေးလေး လဲလျောင်းနေပြီး မျက်ရည်များက မြေပြင်ကိုပင် စိုရွှဲသွားစေသည်။ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ ပျော့ခွေနေပြီး အမွေးစုတ်ဖွား လက်ဖဝါးလေးကို ဆန့်ထုတ်ကာ ဆွဲထားချင်သည့်ဟန်ဖြင့် ဆိုလိုက်သည်။

"သခင်ကြီး၊ ကျေးဇူးပြုပြီး မသွားပါနဲ့။ ချုံးကိုပါ ခေါ်သွားပါလား။"

"ချုံးက သခင်ကြီးမရှိဘဲ မနေနိုင်ဘူး။”

..

All Chapters