← Chapters

အခန်း ၁၄၅

Vol. 13 Ch. 145

အခန်း ၁၄၅

Vol. 13 Ch. 145

အခန်း။ ၁၄၅

ဂူချန် တစ်ယောက် တရားရုံးကနေ ရှေ့နေရုံးခန်းသို့ ပြန်လာခဲ့သည်။

ထိုရက်ပိုင်းအတွင်း သူ အတော်လေး အလုပ်ရှုပ်နေခဲ့သည်။

အမှုတစ်ခုပြီး တစ်ခု၊ နောက်ထပ် အမှုတစ်ခုနှင့် ဆက်တိုက်ပင်။

ရုံးခန်းပိုင်ရှင် ဖြစ်လာပြီးကတည်းက သူ တစ်ရက်တောင် အနားမယူရသေးကာ တကယ်ကို ပင်ပန်းလွန်းလှသည်။

အဓိက ပြဿနာမှာ ဂူချန်တစ်ယောက် တိုက်ရိုက်ထုတ်လွှင့်မှုတောင် မလွှင့်နိုင်တော့သည့်အထိ အလုပ်ရှုပ်နေခြင်းပင်။

သူ့ရှေ့နေရုံးခန်းမှာလည်း လူပေါင်း နှစ်ရာကျော်အထိ တိုးချဲ့လာနိုင်ခဲ့ပြီဖြစ်သည်။

ကုမ္ပဏီ၏ ဥပဒေဌာန၊ လုပ်ငန်းလည်ပတ်ရေးဌာနနှင့် စီးပွားရေးဌာနများမှာ စနစ်တကျ ရှိနေသည်။

တကယ်တမ်းဆိုရလျှင် ဝန်ထမ်းအများစုမှာ သူတို့၏ အကြီးအကဲ ဂူချန်နှင့်ပင် တစ်ခါမှ မတွေ့ဖူးကြပေ။

ရုံးခန်းက ကြီးထွားလာသော်လည်း လုပ်ငန်းများမှာမူ ပို၍ အလုပ်ရှုပ်လာသည်။

ဂူချန်၏ နာမည်ဂုဏ်သတင်း ကျော်ကြားလာသည်နှင့်အမျှ အမှုသည်များကလည်း ပိုမို များပြားလာသောကြောင့်ပင်။

လူ့အဖွဲ့အစည်းအတွင်း တရားစွဲဆိုရန် လိုအပ်နေသူများစွာ ရှိနေပြီး သူတို့အများစုမှာ ဂူချန်၏ ရုံးခန်းကို အကူအညီတောင်းခံလာကြသည်။

ဝမ်ကျူးအမှုမှာတော့ တရားစွဲဆိုမှု ပြီးဆုံးသွားပြီဖြစ်သည်။

အယူခံဝင်မည့် ဒုတိယအဆင့် အမှုကိုတော့ ဂူချန် ကိုယ်တိုင် သွားရောက်ဖို့ အစီအစဉ် မရှိတော့ပေ။

သူ အနားယူဖို့ အချိန်ကောင်းကောင်း လိုချင်နေသည်။

အင်တာနက်ပေါ်တွင်လည်း ပရိသတ်များအားလုံးက ဂူချန်ကို အားပေးလျက် ရှိသည်။

[ရှေ့နေဂူက တကယ်ကို အံ့သြဖို့ကောင်းတယ်]

[ပိုက်ဆံချစ်သူတွေကို ဒီလိုပဲ ဆက်ဆံရမှာ]

[ဒီအမှုကို ကိုင်တွယ်တာ တကယ့်ကို ထူးချွန်တာပဲ]

[အချစ်ကို အသုံးချပြီး လိမ်စားတဲ့သူတွေကို ဘယ်တော့မှ မသနားနဲ့]

ရွှယ်ချင်းချင်းက "အစ်ကိုဂူ အခုတော့ အနားယူလို့ ရပြီ။ ကျွန်မလည်း နှစ်ရက်လောက် နားချင်တယ်။ တစ်လကျော်ကြာအောင် တစ်ရက်မှ မနားရဘဲ အလုပ်တွေပဲ လုပ်နေခဲ့တာလေ" ဟု ပြောသည်။

ရွှယ်ချင်းချင်းမှာလည်း ဂူချန်၏ လက်ထောက်အဖြစ် အမြဲလိုလို နောက်ကလိုက်ပြီး အလုပ်ရှုပ်နေခဲ့ရသူမို့ အတော်ပင် ပင်ပန်းနေပြီဖြစ်သည်။

ဂူချန်က ခေါင်းညိတ်ပြီး "ဟုတ်ပြီ အားလုံး အနားယူကြ။ မင်းတို့ကို ခုနစ်ရက် ခွင့်ပေးတယ်။ ကောင်းကောင်း အနားယူလိုက်ကြ" ဟု ပြောသည်။

ရွှယ်ချင်းချင်းက ဝမ်းသာအားရနှင့် "ကျေးဇူးတင်ပါတယ် အစ်ကိုဂူ" ဟု ပြောသည်။

သူတို့နှစ်ဦး ရုံးခန်းအပေါက်ဝသို့ ရောက်သည့်အခါတွင်တော့ ဂူချန်တစ်ယောက် အံ့အားသင့်သွားသည်။

ရုံးခန်းအပေါက်ဝတွင် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဒူးထောက်နေပြီး ဝန်ထမ်းများက ဝိုင်းရံထားသည်။

ဝန်ထမ်းများက ဘယ်လောက်ပင် ချော့မော့ပြောပါစေ ထိုလူမှာ ဒူးထောက်နေရာမှ မထတော့ပေ။

ဂူချန်: "….."

ဘာဖြစ်လို့ ရှေ့နေရုံးခန်းရှေ့မှာ ဒူးထောက်နေရတာလဲ။

ဘာကိစ္စများ ဖြစ်နေတာလဲ ပြောစရာရှိရင် ပြောပါ ဘာလို့ လွယ်လွယ်နဲ့ ဒူးထောက်နေရတာလဲ။

ဂူချန်နှင့် ရွှယ်ချင်းချင်းနောက်ကို လိုက်ပါလာသော သတင်းထောက်များကလည်း စိတ်လှုပ်ရှားစွာဖြင့် ကင်မရာများကို ချက်ချင်း အသင့်ပြင်ကာ ရိုက်ကူးဖို့ ပြင်ဆင်လိုက်ကြသည်။

သတင်းထောက်များမှာ ဂူချန်၏ ရုံးခန်းအခြေအနေကို ရိုက်ကူးရန် လာရောက်ခဲ့ကြသော်လည်း ရုံးခန်းအပေါက်ဝသို့ ရောက်သည်နှင့် ဤကဲ့သို့သော အမှုကြီးတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ဂူချန်မှာ အလောတကြီး ရှေ့သို့တိုးကာ ထိုသတ်လတ်ပိုင်ရအရွယ် လူကြီးကို ထူမရန် ကြိုးစားသော်လည်း ထိုလူကြီးမှာ မလှုပ်မယှက်နှင့် ဒူးထောက်နေမြဲပင်။

"အစ်ကိုကြီး ဘာဖြစ်လို့လဲ။ ရုံးခန်းရှေ့မှာ ဘာလို့ ဒူးထောက်နေတာလဲ။ ဘာကိစ္စရှိရှိ ပြောပြပါ ကျွန်တော်တို့ ရုံးခန်းမှာ အရည်အချင်းရှိတဲ့ ရှေ့နေတွေ အများကြီးရှိပါတယ်"

ဂူချန်က ပြောလိုက်သည်။

ထိုသတ်လတ်ပိုင်းအရွယ် လူကြီးမှာ ရှဲ့ရီချောင်းဖြစ်သည်။

ဂူချန်မှန်း သိလိုက်ရသောအခါ "ရှေ့နေဂူ ကျေးဇူးပြုပြီး ကူညီပေးပါဗျာ။ ဒီအမှုက ရှေ့နေဂူတစ်ယောက်ပဲ ကူညီပေးနိုင်မှာပါ။ တခြားသူတွေကို ကျွန်တော် မယုံဘူး။ ရှေ့နေဂူကိုပဲ ယုံတယ်။ ကျွန်တော့်ကို ကူညီပေးမယ်ဆိုရင် ရှေ့နေဂူအတွက် တစ်သက်လုံး ကျွန်တော် ဘာမဆိုလုပ်ပေးပါ့မယ်" ဟု ပြောကာ မြေပြင်ပေါ် ဦးတိုက်၍ တောင်းပန်သည်။

ဂူချန်က သူ့ကို အမြန်ပင် ထူမလိုက်ပြီး "ကူညီပေးမှာပါ။ ဘာဖြစ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါ။ ဒီလို ဒူးထောက်နေစရာ မလိုပါဘူး" ဟု ပြောသည်။

ရှဲ့ရီချောင်းက မတ်တတ်ရပ်ကာ "ရှေ့နေဂူ အမှန်တော့ ဒါက ကျွန်တော့်ကို ကူညီတာ မဟုတ်ဘူး။ ကျွန်တော့်သမီးကို ကူညီပေးရမှာပါ။ ကျွန်တော့်သမီးက အမှုဆင်ပြီး စွပ်စွဲခံထားရတာပါ" ဟု ရှင်းပြသည်။

ဂူချန်က "အမှုဆင်တယ်" ဟု မေးသည်။

ရှဲ့ရီချောင်းက "ဟုတ်ပါတယ် လွန်ခဲ့တဲ့ တစ်လလောက်က သမီးအတွက် မားစီးဒီးကားအသစ်တစ်စီး ဝယ်ပေးလိုက်တယ်။ ကားအသစ်ဆိုတော့ သမီးက အရမ်းသဘောကျတာပေါ့။ ဒါပေမဲ့ ကားစမောင်းပြီး သိပ်မကြာခင်မှာပဲ သူ ပထမဆုံးအကြိမ် အပြင်ထွက်တဲ့နေ့မှာပဲ မတော်တဆမှု ဖြစ်သွားတယ်။ မတော်တဆမှုက မပြင်းထန်ပါဘူး။ ဘယ်သူမှ ဒဏ်ရာမရဘူး။ အနည်းငယ် ပွတ်တိုက်မိတာပဲ။ ကားမှာလည်း ထိခိုက်မှု မများဘူး။ Dashcam လေးပဲ ကွဲသွားပြီး ရှေ့မီးလုံးနဲ့ ဘမ်ဘာလောက်ပဲ ပြင်ဖို့ လိုတာပါ။ သမီးက ကားကို 4S ဆိုင်ကို မောင်းသွားပြီး ပြင်ဖို့ စီစဉ်တုန်း ကံဆိုးတာက လမ်းမှာ ဖြစ်သွားတာပါ"

"သမီးက လမ်းဘေးမှာ အဘိုးအိုတစ်ယောက် မေ့လဲနေတာကို မြင်တော့ ကားကိုရပ်ပြီး ကူညီဖို့ ဆင်းသွားတယ်။ သူ့ကို ဆေးရုံလိုက်ပို့ပေးဖို့တောင် ပြင်ဆင်နေတာ။ ဒါပေမဲ့ အဲဒီလူကြီးကို ကူညီလိုက်တာနဲ့ သူက သမီးကို တိုက်သွားတာလို့ စွပ်စွဲလိုက်တော့တယ်။ သမီးမှာ ဘာမှ သက်သေပြစရာ မရှိတော့ဘူး။ ပြီးတော့ နောက်ထပ် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကလည်း ကားရှေ့မှာ လဲကျပြီး သူပါ ကားတိုက်ခံရတာလို့ လာပြောပြန်ရော"

"သမီးက စေတနာနဲ့ ကူညီတာကို အခုတော့ ကားတိုက်သူအဖြစ် စွပ်စွဲခံနေရတယ်။ အဲဒီလူကြီးနဲ့ အမျိုးသမီးက တစ်ယောက်နဲ့တစ်ယောက်လည်း မသိကြဘူး။ ဒါပေမဲ့ ငွေညှစ်ဖို့ အခွင့်ကောင်းအဖြစ် နှစ်ယောက်လုံးက အသုံးပြုသွားတာ။ ဖြစ်တဲ့နေရာမှာလည်း CCTV တွေ ဘာမှမရှိဘူး။ သူတို့က ဆွေမျိုးတွေပါ ခေါ်လာပြီး သမီးကို ဝိုင်းအပြစ်တင်ကြတယ်။ ရဲခေါ်တော့ သမီးက ကြောက်လို့ ငိုနေရတယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံးကို ဆေးရုံပို့လိုက်ရတယ်"

"အခု သူတို့က ဆေးကုသစရိတ်တွေကို သမီးကို အရင်ပေးဖို့ တောင်းဆိုနေတယ်။ အဲဒီအမျိုးသမီးက ဘာရောဂါမှ မရှိဘူး။ ခေါင်းကိုက်တယ်လို့ပဲ ပြောပြီး ဆေးရုံတက်နေတာ။ ဟိုလူကြီးကလည်း သူ့ဘာသာ သူလဲတာကို သမီးတိုက်တယ်လို့ အခိုင်အမာ ပြောနေတယ်။ ရဲကလည်း သက်သေမရှိတော့ အမှုမရှုပ်အောင် ပုဂ္ဂလိကချင်း ညှိနှိုင်းဖို့ တိုက်တွန်းတယ်။ အခု သူတို့က တစ်ယောက်က ၂ သိန်း၊ နောက်တစ်ယောက်က ၈ သိန်း၊ စုစုပေါင်း ၁၀ သိန်းလောက် တောင်းနေတယ်။ ကျွန်တော့်သမီးက တက္ကသိုလ်ကျောင်းသူလေးလေ အဲဒီလောက် ပိုက်ဆံ ဘယ်ရှိပါ့မလဲ။ ကျွန်တော်တို့ဆီမှာ ပိုက်ဆံရှိရင်တောင် အမှန်တကယ် မတိုက်ဘဲနဲ့ ဘာလို့ ပေးရမှာလဲ။ ဒါက ခြိမ်းခြောက်ငွေတောင်းတာပဲ။ တစ်ပြားမှ မပေးနိုင်ဘူး" ဟု ဒေါသတကြီး ပြောပြသည်။

All Chapters